Wednesday, January 6, 2010

Explore to Googlemail

တစ်စုံတစ်ယောက်က သင့် Gmail ကိုဖွင့်မဖွင့်
တစ်စုံတစ်ယောက်က သင့်ဂျီမေလ်းကို ဖွင့်ဖတ်ခဲ့တာ ဟုတ်မဟုတ် သင်ဘယ်လိုသိနိုင်မလဲ ။ ပြီးတော့ တကယ်လို့ သင်ကဆိုင်မှာ သုံးတာဆိုလျှင် အလျှင်တလို sign out လုပ်ဖို့ မေ့သွားပြီး တစ်ခြားသူတစ်ယောက်က သင့်ဂျီမေးလ်ကို ၀င်ခဲ့လားဆိုတာ ဘယ်လို သိနိုင်မလဲ ။
နောက်တစ်ချို့ ချစ်သူ စုံတွဲတွေက မိမိတို့ရဲ့ password ကို အပြန်အလှန်ပေးတတ်ကျတယ် ။အဲဒီအခါ သူက ဘယ်အချိန်မှာ မိမိအီးမေးလ်ကို ၀င်စစ်ခဲ့တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ ။ လွယ်လွယ်လေးပါ ။အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ ။

ပထမဦးဆုံး သင့်ဂျီမေးလ်ရဲ့ ၀င်လိုက်ပါ ။
ဝင်ပြီးရင် သင့်ရဲ့ Inbox ရှိတဲ့ စာမျက်နှာရဲ့ အောက်ဆုံးကို သွားလိုက်ပါ ။ ဒီလိုလေး တွေ့ ရပါမယ် ။


အနီရောင် ၀ိုင်းထားတာကိုကြည့်ပါ ။ ဒါဟာဆို ဒီအကောင့်ဟာ လွန်ခဲ့တဲ့ ၂ ရက်က၀င်ခဲ့တာရယ် ၊ ဘယ်နေရာက ၀င်ခဲ့တယ်ဆိုတဲ့ IP address ကို တွေ့ ရပါမယ်။ ဘေးမှာ အစိမ်းရောင်နဲ့ ပြထားတဲ့ Details ကိုနှိပ်လိုက်ရင် အရင်က ရက်ဝင်ခဲ့တဲ့ history ကိုတွေ့နိုင်ပါ တယ်။ ဒီလိုလေးပါ ။


တကယ်လို့ IP Adress ကိုကြည့်လိုက်လို့ မိမိမသိတဲ့ တစ်ခြားနေရာက IP ဆိုရင်တော့ password ကိုသာပြောင်းလိုက်ပေတော့ ။
IP Address ကိုကြည့်လို့ ဘယ်နေရာကလဲဆိုတာ အောက်ကလင့်လေးမှာ ၀င်ပြီးကြည့်နိုင်ပါတယ် ။
http://whatismyipaddress.com/
အဲဒီ IP လေးကို ထည့်ပြီးကြည့်လိုက်ရုံပါပဲ ။

From GTALK to GSM SMS ပို့နည်း
G-talk ကနေ မြန်မာနိုင်ငံကို ဖုန်း Mesge ပို့ရတာတော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာအောင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။

အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ အောက်က ပုံလေးလို ပို့ကြည့်ပါ။ အဆင်မပြေရင် ကျနော်ကိုမေးလို့ရပါတယ် ။

(1) chat box မှာ ( /help ) အဲလိုရိုက်ပြီ
ဘယ်လို လုပ်ရမယ်ဆိုတာ ဖတ်လို့ရပါတယ် ။

(2) G-talk message box ထဲမှာ( SMS 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။

SMS နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ spacebar ခံရပါတယ်။ ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

Card Phone are not available.
(ဒါပေမဲ့ ကျနော်သိသလောက်တော့ Phone က MSM ခ ပေးရမယ်ထင်တယ်)

Gtalk မှာInvisibleကိုရှာခြင်း
ကျွန်တော်ဒီအကြောင်းအရာကိုတင်ရခြင်းကတော့မသိတဲ့ သူများအတွက် ရည်ရွယ်ပြီးတင် ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လဲ
မသိပါဘူး။အခြား သိတဲ့သူတွေလည်းရှိမှာပါ။ဒီနည်းလေးကို ကျွန်တော်ဒီနေရာကနေတွေ့လို့တင် ပေးလိုက်ခြင်းဖြစ်ပါတယ်။ သိပြီးသား ဆိုရင်တော့ ဖြည့်စွက်ဆွေးနွေးပေးဖို့တောင်းဆိုချင် ပါတယ်။ကဲ စဆွေးနွေးကြ ရအောင်ဗျာ။
အလွယ်တကူမှတ်နိုင်အောင် ကျွန်တော်ပုံလေးတွေ နဲ့ရှင်း ပြပေးသွားပါ့မယ်။ပထမဆုံး G-talk ဖွင့်မယ်။ပုံအတိုင်းပေါ့ဗျာ....


gtalkမှာအခြားတစ်ယောက်ကinvisibleနဲ့သုံးနေလားဆိုတာသိချင်တယ်ပေါ့။ဥပမာ…ကိုယ့်ချစ်သူပေါ့ဗျာ(အခြားတစ်ယောက်နဲ့ခိုးချက်နေတယ်ပေါ့) ကဲဒါဆိုရင်သူ့ကို search all contactsမှာ သူ့နစ်ကို ရိုက်ပြီးရှာမယ်။ ဥပမာ-ကျွန်တော်ကလူ တစ်ယောက်ကို invisible ဖြစ်လားမဖြစ်လားကိုသိချင်တယ်ဆိုပါစို့။သူ့နစ်ကိုရှာပြီး gtalk box ဖွင့်လိုက်တယ်။ ပုံအတိုင်း ပေါ့ဗျာ….


ပြီးရင်အနီဝိုင်းထားတဲ့go off the record နေရာကိုသွားမယ်..ပြီးရင်စာရိုက်လိုက်ပေါ့" hi"လို့ရိုက်လိုက်။ အောက်ကအပြာဝိုင်းထားတဲ့စာသားအတိုင်းပေါ်နေတယ် ဆိုရင်တော့ သူတစ်ကယ် offlineဖြစ်တာ သေချာတယ်။


အကယ်လို့စာရိုက်လိုက်တဲ့အချိန်မှာ ဘာမှ responce ပြန်မလားဘူးဆိုရင်တော့ သေချာပြီ။ အဲဒီလူonline ရှိပြီး "invisible"လုပ်ထား တာ။ အောက်မှာကျွန်တော်ပြထားတဲ့ပုံအတိုင်းပေါ့ဗျာ။ဘာစာသားမှပြန်မတက်လာဘူး။


ကဲလက်တွေ့ စမ်းသပ်ကြည့်ပါ။ အားလုံးပဲအဆင်ပြေပါစေဗျာ…

Ref: www.myanmarengineer.org

No comments: