Saturday, August 9, 2008

Pork curry with tamarind paste

စွဲမက်ဖွယ်ရာ ဒီဟင်းလျာ
မြေအိုးဝက်သား မန်ကျည်းနှစ်ဟင်း


ပါဝင်သောပစ္စည်းများ

ဝက်သား - ၃၀ကျပ်သား
ငရုတ်သီးအကြမ်းဖက် - လက်ဖက်ရည်ဇွန်း ၃ဇွန်း
ချင်း - အနည်းငယ်
ကြက်သွန်ဖြူ - ၂မြွှာ
ကြက်သွန်နီဥသေး - ၆လုံး
နနွင်း - အနည်းငယ်
ယိုးဒယားငါးငံပြာရည် - သင့်တော်ရုံ
ကြက်ပြုတ်ရည်(သို့မဟုတ်)ရေ -အသားနူးရန်လုံလောက်သည့်မမာဏ
မန်းကျည်းသီးအနှစ်ရည် - ဟင်းစားဇွန်း ၄ဇွန်းခန့်


ချက်ပြုတ်ပုံ
မြေအိုးဝက်သားမန်ကျည်းနှစ်ဟင်းချက်မည်ဆိုပါက ရှေးဦးစွာပါဝင်ပစ္စည်းများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းများကို နုပ်နုပ်စဉ်းထားပါ။ ထိုပစ္စည်းများ အဆင်သင့်ဖြစ်ပါက ၀က်သားအား အရွယ်တော်အတုံးလေးများတုံးကာ နုပ်နုပ်စဉ်းထားသော အစာများ၊ ငရုပ်သီးအကြမ်းဖတ်၊ နနွင်း၊ ငံပြာရည်များနှင့် နှံ့စပ်အောင်နယ်ပြီး ခေတ္တနှပ်ထားပါ။ တစ်အောင့်ကြာလျှင်ချက်မည့်မြေအိုးထဲသို့ ရေသို့မဟုတ် ကြက်ပြုတ်ရည်နှင့် ၀က် သားနယ်ထားသည်များထည့်၍ ဆူအောင်တည်ပါ။ ရေဆူလာပါက မီးလျှော့ပြီး မီးအေးအေးဖြင့် တစ်နာရီခန့်ကြာအောင် ထပ်နှပ်ထားပါ။ ၀က် သားများနူး၍ ရေခန်းခါနီးအချိန်တွင်ဖျော်ထားသော မန်ကျည်းနှစ်များရော၍ ငါးမိနစ်ခန့် တည်ထားပါ။ ရေခန်း၍ခပ်ခြောက်ခြောက်အနေအထားရောက်လာပါက မီးဖိုပေါ်မှ ချနိုင်ပြီဖြစ်သည်။


No comments: