Saturday, August 9, 2008

For your health...

ခေါင်းမကိုက်အောင် ဘယ်လိုနေထိုင်မလဲ
၁။ အချိန်မှန်မှန်အစာစားပါ။ရေနှင့်ဖျော်ရည်များများသောက်ပါ။
၂။ ဆာလာတယ်ထင်ရင် ထစားပါ။ဒါမှမဟုတ် ဖျော်ရည်သို့မဟုတ် ရေထသောက်လိုက်ပါ။
၃။ ကွန်ပျူတာရှေ့ထိုင်နေရင်း ခေါင်းတစ်မျိုးဖြစ်လာတယ် ထင်ရင်ထ လမ်းလျှောက်ပါ။ ပေကပ် မထိုင်ပါနဲ့။ ဒါမှသွေးလည်ပတ်မှု ကောင်း သွားပြီး ခေါင်းမကိုက်အောင် ကာကွယ်ဟန့်တား နိုင်တယ်။
၎။ ခေါင်းကိုက်သက်သာအောင် ခေါင်းကိုက်ပျောက်ဆေး သို့မဟုတ် သကြားလုံးတစ်လုံး သို့မဟုတ် အမြှုပ်ထတဲ့ အချိုရည် တစ်ခွက (စပါကလင်) သောက်ကြည့်ပါ။
၅။ခေါင်းကိုက်တာ တစ်ပတ်မှာ ၂ရက် သို့မဟုတ် ၃ရက်ထက်ပိုလာပြီး စိပ်လာပြီဆိုရင် ဆေးမတိုးတော့ဘဲ အကိုက်အခဲပျောက်ဆေးနဲ့တောင် ပိုဆိုးစေတတ်ပါတယ်။ဒါကြောင့် နားထင်ကြောလေးတွေမှာ ပရုပ်ဆီ လေးပွတ်ပေးနိုင်ပါတယ်။ စိုးရိမ်သောကကြောင့်ဖြစ်တဲ့ ခေါင်းကိုက် တာဆိုရင် သက်သာသွားနိုင်ပါတယ်။
Ref: GHK, Jan – 2007.


သွေးခြည်ဘာကြောင့် ဥတာလဲ
အလိုလို တစ်ကိုယ်လုံး သွေးခြည်ဥတာလား၊ထိမိခိုက်မိလို့ သွေးခြည်ဥတာလား ခွဲခြားတတ်ဖို့တော့လိုပါတယ်။ သူ့ဘာသာသူ အလိုလိုသွေးခြည်ဥတာများလာပြီး နေရာအနှံ့ဆိုရင်တော့ သွေးစစ်ဆေးပြီး သွေးရောဂါအထူးကု ဆရာဝန်နှင့် ပြသဖို့လိုပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် သွေးခြည်ဥတာဆိုရင်တော့ (၁) ရေခဲတစ်တုံး ကို တဘက်နဲ့ထုတ်ပြီး သွေးခြည်ဥတဲ့နေရာပေါ် တင်ပေးခြင်းဖြင့် အရောင်အရမ်းလျှော့ကျပြီး နာကျင်မှု သက်သာစေတယ်။ သွေးခြည်ဥ တာလည်းသက်သာသွားမှာဖြစ်တယ်။ (၂) မြန်မြန်အနာ ကျက် သွေးခြည်ဥတာ ပျောက်စေဖို့ကတော့ နံနံပင်အရွက်အုံပြီး ပလာစတာနဲ့ ကပ်ထားပေးနိုင်တယ်လို့ ဆိုပါတယ်။

နှလုံးနှိုးဆွစက် (Pace Maker)
နှလုံးနှိုးဆွစက်ဆိုတာဘာလည်း။
လူ့ခန္ဓာကိုယ်ထဲမှာ နှလုံးခုန်နေစေရန် နှလုံးကြွက်သားများအား ညှစ်ပေးပြီးလှုပ်ရှားမှုပြုလုပ်နေဖို့ နှလုံး၏တစ်နေရာမှ နှိုးဆွပေးသည့် အချက်ပြမှုများ ထုတ်လွှတ်ပေးနေရပါတယ်။ထိုနေရာက လှုံဆော်နှိုးဆွ မှုများသဘာဝအတိုင်းမလုပ်ပေးနိုင်တော့ဘူးဆိုရင် နှလုံးခုန်လျှပ်စီး ကြောင်းရပ်သွားတဲ့ Heart Block ခေါ်ပြဿနာဖြစ်လာ နိုင်ပါတယ်။ ထိုသို့နှလုံးပြဿနာရှိတဲ့ လူနာအားပြင်ပမှနေပြီး နှလုံးနှိုးဆွစက်(Pace Maker) လို့ခေါ်တဲ့ပစ္စည်းတစ်မျိုးကို တပ်ဆင်ပေးရပါတယ်။
ဒါကြောင့်နှလုံးနှိုးဆွစက်ဆိုသည်မှာ နှလုံးကိုပုံမှန်အတိုင်းခုန်နေစေရန်၊ နှလုံးခုန်တဲ့နှုန်းကိုလည်းသတ်မှတ်ထားတဲ့အကြိမ်အတိုင်းခုန်နေစေရန် ပြုလုပ်ထားတဲ့ ကိရိယာတစ်မျိုးဖြစ်ပါတယ်။ အချို့သောနှလုံးနှိုးဆွစက်တွေဟာ သတ်မှတ်ထားတဲ့နှလုံးခုန်နှုန်း အတိုင်းအတိအကျခုန်ုစေရန်နှိုးဆွပေးနိုင်သလို၊ အချို့သောကိရိယာ တွေကျတော့ သတ်မှတ်ထား တဲ့ နှလုံးခုန်နှုန်းအောက်လျော့ ကျသွား မှသာနှလုံးခုန်စေရန် နှိုးဆွပေးတဲ့ ကိရိယာလည်းရှိပါတယ်။ နှလုံးနှိုးဆွစက်ကို နှလုံးခုန်လျှပ်စီးကြောင်းရပ် Heart block နေတဲ့ လူနာရဲ့ အရေပြားအောက်မှာ မြှုပ်နှံပေးထားရပြီး အမြဲတမ်းတပ်ဆင် ထားရပါတယ်။

No comments: