Friday, August 29, 2008

Health Tips

ကလေးမျက်စိ ကျန်းမာရေး အစဉ်ဂရုစိုက်စောင့်ကြည့်ရန်လိုအပ်
မျက်စိကျန်းမာရေး သုတေသီက ကလေးသူငယ်တို့၏ မျက်စိကျန်းမာရေးကို အစဉ်အမြဲဂရုစိုက်စောင့်ကြည့်ရန် လိုအပ်သည်ဟုဆိုပါသည်။ အဘယ့်ကြောင့် ဆိုသော် ကလေးသူငယ်တို့သည် ရုပ်ပုံ၊ စာအုပ်၊ ရှုမျှော်ခင်းစသည် တို့ကိုကြည့် ရှုသောအခါ၌ ၄င်း၏မျက်စိသည်ရှေ့တည့်တည့်ကြည့်ပါသလား၊ စွေစွေစောင်း စောင်း ကြည့်ပါ သလား၊သို့မဟုတ် မျက်စိကိုမှေး၍ကြည့်ပါသလားစသည်တို့ကို အကဲခတ်လေ့လာရန်လိုပါသည်။ ယင်းသို့ မူမမှန်သော ပြုမူမှုတစ်ခုခု တွေ့ရှိရ ပါက ရောဂါကိုမွေးမထားဘဲ၊ ရောဂါကိုပစ်မထားဘဲ မျက်စိအထူးကု ဆရာဝန်နှင့် ပြသ၊ကုသမှုခံယူသင့်ပါသည်။သို့မဟုတ်ဘဲ လျစ်လျူရှုထားခဲ့လျှင် မျက်စိအခြေ အနေ ပိုမိုဆိုးဝါး သွားပြီး မျက်စိကန်းတတ်၊မျက်စိအလင်း ကွယ်တတ်သည် ဟုဆိုပါသည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)

နှာစေး၊ချောင်းဆိုးအတွက် ကောင်းတဲ့ကြက်စွပ်ပြုတ်ရည်
ကြက်စွပ်ပြုတ်ရည်က ၀မ်းကိုပူနွေးစေပြီးအာဟာရဖြစ်စေတယ်။ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ သိပ္ပံပညာကဆိုထားတာရှိပါတယ်။ နီဘရာစကာတက္ကသိုလ်ဆေးဘက်ဆိုင်ရာ ဗဟိုဌာနရဲ့လေ့လာမှုတစ်ခုက ကြက်စွပ်ပြုတ်ရည်က ချောင်းဆိုး၊နှာစေးနှင့်လည်ချောင်းရောင်ခြင်းများ အတွက် ကောင်းတဲ့ အကျိုးဆက်ရှိ ကြောင်းဖော်ညွှန်းနေပါသည်။ သင်အအေးပတ်တဲ့ အခါ Neutrophil ခေါ်သွေးဖြူဥများက လေရှူလမ်းကြောင်း သို့ရောက်ရှိ သွားပြီး ကူးစက်မှုကိုတိုက်ထုတ်ပါတယ်။ ဒီလိုနည်းနှင့်သင့်အတွက်အခံရခက်တဲ့ လည်ပင်းရောင် ရမ်းခြင်းကိုစနက်ပျိုးပေးပါတော့တယ်။ အိမ်သုံးဆေးနည်း ကိုဓာတ်ခွဲခန်းမှာအသုံးပြုစေခြင်းဖြင့်အဆုတ်အထူးကု
စတီဖင်ရင်န်နက်က ကြက်စွပ်ပြုတ်ရည်က Neutrophil ရောက်ရှိလာမှုကို ဟန့်တားပေးတားကြောင်း၊ ရောဂါ လက္ခဏာများကိုလျော့ပါးစေခြင်းနှင့်အတူ အအေးမိရောဂါကို ဆက်လက်တိုက်ထုတ်ကြောင်းတွေ့ရှိခဲ့ပါတယ်။
ဦးလှမြင့်(ဂန္ဓမာ)

ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဂေါက်ရောဂါ
အချို့သောအစားအစာများဟာGoutလို့ခေါ်တဲ့ဂေါက် အဆစ်နာရောဂါထ စေရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ နှစ်ပေါင်းများစွာကတည်းက လက်ခံထား ခဲ့ကြတာဖြစ်သော်လည်း သုတေသီများကယနေ့ယုံကြည်နေကြတာ ကတော့ ရာသီဥတုပူပြင်းခြင်းနှင့် စိုထိုင်းခြင်းသည် ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်း ခြောက်စေပြီး ဂေါက်ရောဂါ ထစေတယ်လို့ ဖြစ်ပါတယ်။
ဂေါက်ရောဂါရှိသူများအား ဂေါက်ရောဂါထပြီး အဆစ်ရောင်နာကျင် ကိုက်ခဲမှုတွေဟာ ဘယ်လိုအန္တရယ်ဖြစ်စေတဲ့ အကြောင်းအချက်တွေ ကြုံပြီးမှရောဂါထသလဲ၊ ဂေါက်ရောဂါငြိမ်နေချိန်မှာ ဘယ်လိုအခြေအနေမျိုး၌ ရှိနေခဲ့သလဲဆိုတဲ့ မေးခွန်းများကို Online မှဖြေဆိုစေခဲ့ပါတယ်။
ရလဒ်များကတော့ ၃၀.၅ဒီဂရီ စင်တီဂရိတ်အပူချိန်ထက်မြင့်သော အပူချိန်များနှင့် ၁၇ဒီဂရီစင်တီဂရိတ်ထက် အေးသောအချိန်များမှာ ရောဂါထလေ့ရှိတယ်လို့ ဆိုပါတယ်။
ဂေါက်ရောဂါရှိသူတွေကို ရောဂါမထအောင် အကောင်းဆုံးနည်းကဘာလဲလို့ မေးတဲ့အခါ ဘော်စတွန်တက္ကသိုလ် ဆေးကျောင်းမှ ပရော်ဖက်ဆာတစ်ဦးမှ "ရာသီဥတုပူပြီး စိုထိုင်းတဲ့အခါ ရေများများပို၍ သောက်ပါ"လို့ဖြေကြားခဲ့ပါတယ်။
မောင်
Ref: R.D August 08

No comments: