Monday, September 8, 2008

I have a toothache mom!

သွားကိုက်တယ်မေမေ
ကလေးတွေဟာအချိုကြိုက်လေ့ရှိတာကြောင့်လည်းကောင်း၊ စားပြီး သွားတိုက်ရမှာ ပျင်းရိတာကြောင့်လည်း ကောင်းပါးစပ်နဲ့ခံတွင်း သွားကြားတွေ ထဲမှာကပ်နေတဲ့စားကြွင်းစားကျန်များကတစ်ဆင့်ဗတီးရီးယားပိုးတွေပေါက်ဖွားပြီးသွားရဲ့အပေါ်ယံကြွေလွှာတွေကိုဆွေးမြည့်လာစေပါတယ်။သွားများရဲ့ကြွေလွှာ(အပေါ်ယံလွှာ) ဆွေးမြည့်တဲ့ဖြစ်စဉ်ဟာသွားရဲ့အပြင်လွှာတွေမှာတင်ရပ်တန့်မနေဘဲ သွားတွေရဲ့ နူးညံ့ပျော့ပျောင်းတဲ့အလယ်ဗဟိုထဲရှိ အာရုံခံနာဗ်ကြောများ တစ်လျှောက်ထွင်း ဖောက်ဝင်ရောက်လာကာနာကျင်ကိုက်ခဲလာ တက်ပါတယ်။ အထူးသဖြင့်အအေးစာတွေဖြစ်တဲ့ရေခဲ၊နို့အေးချောင်း၊အိုက်စ်ခရင်းမ်စသည့်တို့ဒါမှမဟုတ်ကော်ဖီ၊လက်ဖက်ရည်၊စွပ်ပြုတ်ပူပူ စသည်တို့ကိုစားသောက်ရင်း သွားနဲ့ ထိမိပြီးတော့ ပိုဆိုးပိုနာကျင်တတ်ပါတယ်။သွားပိုးစားတာနဲ့သွားဖုံးရောဂါ
တွေဟာစားကြွင်းစားကျန်များနဲ့တံတွေးပေါ်မှာဗက်တီးရီးယားပိုးစတင်ပေါက်ပွားလာပြီးဖြစ်ပွားခြင်းဖြစ်ပါတယ်။
သွားကိုက်တာနာလွန်းလို့ကလေးဟာငိုရတဲ့အထိပြသနာတက်တတ်ပါတယ်။


ကလေးသွားကိုက်ရင်ဘာလုပ်ပေးရမလဲ
သင့်ကလေးကသွားကိုက်တယ်၊နာတယ်လို့ပြောရင်စတီးဇွန်းငယ်လေးတစ်ချောင်းနဲ့လျှာကိုညင်သာစွာဖိထားပြီးနာတဲ့သွားကိုသေချာစွာစစ်ဆေးကြည်ပါ။သွားပိုးစားတာလား၊သွားဖုံးရောင်ရမ်းတာလားဆိုတာခွဲခြားနိုင်ပါတယ်။
- ပြီးရင်ကလေးကို ပါရာစီတမောအရည်ကဲ့သို့အကိုက်အခဲ ပျောက်ဆေးရည်ကို သွားဆရာဝန်ထံမသွားမီ တိုက်ထားပါ။
- သွားကိုက်သက်သာအောင်ပုလင်းငယ်တစ်လုံးမှာရေးနွေးထည့်ပြီးတဘက်အုပ်ကာကလေးပါးပေါ်တင် လှိမ့်ပေးရင်အကိုက်အခဲသက်သာပါလိမ့်မယ်။
- သွားပေါက်ထဲကိုလေးညှင်းဆီလိုအပူတွေ၊ အစပ်တွေရမ်းထည့်မပေးပါနှင့်။ ကလေးရဲ့သွားဖုံးတွေပျက်စီး စေတတ်ပါတယ်။
ဖလူအိုရိုဒ်ပါတဲ့သွားတိုက်ဆေးနဲ့မနက်တခါ၊ညတစ်ခါသွားမှန်မှန်တိုက်ပါစေ။ထိုအလေ့အကျင့်ကိုငယ်စဉ်သွားစပေါက်ကတည်းကမှန်မှန်သွားတိုက်တတ်အောင်လေ့ကျင့်သင်ကြားပေးထားပါကသွားပိုးစားတာကို ကာကွယ်နိုင်ပါတယ်။
- ဘာမှမဖြစ်သော်လည်းပုံမှန်သွားနဲ့ခံတွင်ကျန်းမာရေးကို၆လတခါသွားဆရာဝန်နှင့်မှန်မှန်ပြသပေးပါ။ ဒါမှမိမိကလေးဟာ သွားဆရာဝန်နှင့် ရင်းနှီးလာပြီး ယုံကြည်မှုရရှိစေနိုင်ပါတယ်။ သွားဆရာဝန်၏ ကျန်းမာရေးပညာပေး အလေ့အကျင့်၊ အပြုအမူကောင်းများကို ငယ်စဉ်ကတည်းက ပုံမှန်ရရှိစေပြီး သူ့ကိုယ်သူယုံကြည်မှုပိုမိုရရှိစေနိုင်ပါတယ်။
- ကလေးများအား သကြားလုံး၊ချောကလက်၊ဆနွင်းမကင်း၊ကျောက်ကျောကဲ့သို့ ချိုလွန်းသောမုန့်အချိုများနှင့် အချိုရည် အအေးများကြိုက်တတ်အောင် မိဘများက မပြုလုပ်သင့်ပါ။ သင့်တင့်မျှတစွာ ကျွေးမွေးသင့်ပါ တယ်။ အချိုစာတွေကျွေးဖြစ်ရင်လည်း အစာစားပြီးတာနဲ့ ပလုတ်ကျင်းခိုင်းပါ။ ပလုတ်ကျင်းမကျင်း စောင့်ကြည့်နေပါ။

No comments: