Thursday, September 11, 2008

Harmful chemicals to human body

ခန္ဓာကိုယ်အတွင်း ၀င်ရောက်နိုင်သော ဓာတုပစ္စည်းများ
သုတေသီများက လူတွေ အသုံးပြုလျက်ရှိသော အစားအစာများ ထုပ်ပိုးထားသည့် ပလတ်စတစ်ဘူးများကို လေ့လာရာ ထိုပလတ်စတစ်ဘူးများထဲမှာ ဓာတုပစ္စည်းများသည် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သွားနိုင်ကြောင်း တွေ့ရှိထားရပါတယ်။ ၄င်းတို့မှာ –
(၁) Bisphenol – a (BPA) ပလတ်စတစ်ကို တောင့်တင်းအောင်ပြုလုပ်ပေးသော ဓာတုပစ္စည်းဖြစ်သည်။
ဘာဖြစ်စေနိုင်သလဲ?
တိရစ္ဆာန်များတွင် လေ့လာချက်အရ မျိုးပွားကျန်းမာရေးစနစ်ကို ထိခိုက်စေကြောင်းတွေ့ထားရပါတယ်။
ဘယ်မှာတွေ့နိုင်သလဲ?
အစားအစာ ထုပ်ပိုးထားသော ပလတ်စတစ်ဘူးများ၊ ပလတ်စတစ်ရေပုလင်း၊ ကလေးနို့တိုက်သည့် နို့ဘူး၊ ပလတ်စတစ်ဇွန်း၊ ခက်ရင်းစသည်များ။


(၂) Phthalates - ပလတ်စတစ်ကို ပျော့ပျောင်းသွားအောင်ပြုလုပ်ပေးသော ပစ္စည်းဖြစ်သည်။
ဘာဖြစ်စေနိုင်သလဲ?
ခန္ဓာကိုယ်ထဲ အနည်းငယ်ဝင်ရောက်ရုံဖြင့် အမျိုးသားများတွင် သုတ်ပိုးကောင် အရေအတွက် လျော့နည်းစေနိုင်ကြောင်း တွေ့ထားရပါတယ်။
ဘယ်မှာတွေ့နိုင်သလဲ?
ပလတ်စတစ် ကစားစရာအရုပ်များ၊ ဗီနိုင်း(Vinyl) စများ၊ အလှကုန်ပစ္စည်းအချို့နှင့် ရေမွှေးတို့တွင် ပါဝင်သည်။

(၃) BPDE - လျှပ်စစ်ပစ္စည်းများတွင် မီးတောက် မဖြစ်အောင်ကာကွယ်ပေးရာမှာ သုံးပါတယ်။
ဘာဖြစ်စေနိုင်သလဲ?
အနည်းငယ်မျှသော BPDE များလေထဲသို့ လွတ်ထွက်လာနိုင်ပြီး တိရစ္ဆာန်များတွင် ၀င်ရောက်လွယ်မှုကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုများဖြစ်စေနိုင်ပါတယ်။
ဘယ်မှာတွေ့နိုင်သလဲ?
ဝါယာကြိုးများ၊ ကေဘယ်လ်ကြိုးများ၊ တီဗီနှင့် ကွန်ပျူတာများတွင်သုံးသည့် Plastic Casings များတွင် ပါဝင် ပါတယ်။

မောင်
Ref: Time , 21.7.2008

No comments: