Monday, May 7, 2007

That's Easy

မ၀အောင်လုပ်ဖို့က လွယ်ပါတယ်
အားကစားရုံကို ခေါက်ထားလိုက်ပါ။ရက်သတ္တပတ်ခြောက်ပတ် လမ်းလျှောက်လိုက်ရုံဖြင့် ပိုကြံ့ခိုင်လာနိုင် တယ်၊ ပိုကျစ်လစ်လာနိုင်တယ်၊ ပိုသန်မာလာနိုင်တယ်။ သည် လွယ်ကူရိုးရှင်းတဲ့ အစီအစဉ်ကို စမ်းကြည့်ပါ။
တကယ်လို့ သင်ဟာသင့်ရဲ့ ကြံ့ခိုင်မှုအဆင့်တွေကို မသေချာရင် လမ်းပိုလျှောက်ဖို့ ကြိုးစားပါ။ ဒါဟာ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု စံစည်းစနစ်တစ်ခုဖြစ်ပါတယ်။တစ်နာရီ စွမ်းအားရှိတဲ့ လမ်း လျှောက်ခြင်းက ကယ်လိုရီ ၃၅၀ကို လောင်ကျွမ်းစေနိုင်တယ်။သင့်ခန္ဓာကိုယ်ကို အရည်အသွေးမြင့်မားစေ ပြီး စွမ်းအင်အဆင့်တွေကိုမြှင့်တင်ပေးတယ်။
အချိန်မှတ် Pedometer ခြေလှမ်းမှတ်စက်ကို ခုနှစ်ရက်ပတ်ပြီး စတင်လျှောက်ပါ။တစ်နေ့တစ်နေ့ သင်ခြေ ဘယ်နှလမ်းလျှောက်နိုင်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါ။အများဆုံးခြေလှမ်းဟာ သင့်ရဲ့ အခြေခံမျဉ်း ဖြစ်တယ်။သည်အခြေခံမျဉ်းကို အခြေပြုပြီး အပတ်တိုင်း တိုးတက်အောင်လုပ်ဖို့လိုတယ်။
အမြဲတမ်း သွက်လက်ဖျတ်လတ်စွာလျှောက်ပါ။ဒါပေမဲ့ စကားပြောနိုင်ဖို့လည်း ဂရုစိုက်ပါ။သင့်ခြေလှမ်းအရေ အတွက်တွေ တိုးတက်လာမယ့် လမ်းကြောင်းတစ်ခုကို ရှာပါ။ မိတ်ဆွေတစ်ယောက်နဲ့အတူ သင့်အိမ်နားက လမ်းတွေပေါ်မှာလည်း လျှောက်နိုင်တယ်။ဒါမှမဟုတ် ပန်းခြံတစ်ခုထဲမှာလည်း လျှောက်နိုင်တာပေါ့။
လမ်းမလျှောက်ခင် သင့်ရဲ့တစ်မိနစ်သွေးခုန်နှုန်းကိုမှတ်သားခြင်းဖြင့် သင့်ကြံ့ခိုင်မှုကို တစ်ပတ်တစ်ခါ စစ်ဆေးပါ။လမ်းလျှောက်ပြီးတဲ့အခါမှာလည်း သွေးခုန်နှုန်းကိုထပ်ယူပါ။တစ်မိနစ် အနားယူပြီးတဲ့ နောက်မှာ လည်း ထပ်ယူပါ။သင့်ရဲ့နှလုံးခုန်နှုန်းက သင်လမ်းမလျှောက်ခင်က နှလုံးခုန်နှုန်းသို့ မြန်မြန်ပြန်ရောက်လေ သင်ပိုကြံ့ခိုင်လာလေလေပဲ။
လမ်းလျှောက်ခြင်းမှ ဖြစ်ထွန်းလာတဲ့ အကျိုးကျေးဇူး အချို့ကတော့ သွေးပေါင်ကျခြင်း၊ အရိုးတွေသန်မာခြင်း နဲ့ ကောင်းစွာအိပ်ပျော်ခြင်းတို့ ဖြစ်ပါတယ်။အဲသည်တော့ အပြင်ထွက်ပြီး လမ်းစလျှောက်ကြပါစို့။
ရက်သတ္တတစ်ပတ် - ကွာလတီကောင်းပြီးသက်သောင့်သက်သာရှိတဲ့ လမ်းလျှောက်ဖိနပ်တစ်ရန်ဝယ်ပါ။ နေ့တိုင်းသင့်ရဲ့ အခြေခံမျဉ်း ခြေလှမ်းအရေအတွက်နဲ့ တူညီတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင် ရည်ရွယ်ပြီး လမ်းလျှောက်ပါ။
ရက်သတ္တနှစ်ပတ်-သည်အပတ်အတွင်း ငါးရက်မှာ သင့်ရဲ့အခြေခံမျဉ်းကို ခြေလှမ်း၁၀၀၀ပေါင်းပေးပါ။ အဆက်မပြတ် ပြင်းပြင်းထန်ထန် သုံးမိနစ်လျှောက်ပါ။(မရပ်မနားဘဲ သွက်လက်တဲ့ခြေလှမ်းနဲ့ လျှောက် ရပါမယ်)သည်လို သုံးရက်လျှောက်ပါ။
ရက်သတ္တသုံးပတ် - သည်သီတင်းပတ်ရဲ့ငါးရက်မှာ သင့်ရဲ့အခြေခံမျဉ်းကို ခြေလှမ်း၂၀၀၀ပေါင်းပေးပါ။ သင်ကောင်းစွာ အိပ်ပျော်လာကြောင်း သတိပြုမိလာလိမ့်မယ်။
ရက်သတ္တလေးပတ် - ရက်သတ္တပတ် သုံးပတ်က လေ့ကျင့်ခန်းကို ထပ်လုပ်ပါ။
ရက်သတ္တငါးပတ- သည်သီတင်းပတ်ရဲ့ ငါးရက်မှာ သင့်ရဲ့ အခြေခံမျဉ်းကို ခြေလှမ်း၃၀၀၀ပေါင်းပေးပါ။ သည်သီတင်းပတ်အတွင်း အဆက်မပြတ် ပြင်းပြင်းထန်ထန်လေးမိနစ်သုံးရက် လျှောက်ပေးပါ။
ရက်သတ္တခြောက်ပတ် - သည်သီတင်းပတ်ရဲ့ ငါးရက်မှာ သင့်ရဲ့အခြေခံမျဉ်းကို ခြေလှမ်း၅၀၀၀ပေါင်းပေးပါ။ (ခြေလှမ်း၅၀၀၀တိုးလျှောက်ပေးပါ)သည်သီတင်းပတ်အတွင်း အဆက်မပြတ် ပြင်းပြင်းထန်ထန် ငါးမိနစ် သုံးရက်လျှောက်ပေးပါ။
ရက်သတ္တပတ်တိုင်းရဲ့ နောက်ဆုံးနေ့မှာ ကြံ့ခိုင်ရေးစစ်ဆေးမှုလုပ်ပါ။ အခြေအနေတွေ ဘယ်လောက်အလျင် အမြန်ပြောင်းလဲသွားသလဲဆိုတာ သင်အံ့သြစွာတွေ့ရှိပါလိမ့်မယ်။

No comments: