ဆေးလိပ်နှင်ယနေ့ကမ္ဘာ
““စီးကရက်တစ်လိပ်သောက်ပြီးပါကလူ့သက်တမ်း၏၂မိနစ်အသက်တိုစေသည်””
၁၉၈၀ ၀န်းကျင်ခန့်က သိပ္ပံမှူးတင် ဦးစီးထုတ်ဝေခဲ့သည့် သိပ္ပံမဂ္ဂဇင်းတွင် အ ဆိုပါ စာတမ်းလေးကို လစဉ်ဆက်တိုက် ထည့်သွင်းခဲ့ဖူးပါသည်။ ဤသို့ဆိုပါက လွန် ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ထက် စာလျှင် ယနေ့ခေတ်တွင် ဆေးလိပ်သောက်သုံးမှု လျော့ကျသွားပါပြီလား၊ မဟုတ်ပါ၊ ယခုဆို လျှင် ဆေးလိပ်ပြဿနာသည် ကမ္ဘာနှင့်အ ၀န်း ရင်ဆိုင်နေရသော ပြဿနာကြီးတစ် ရပ် ဖြစ်လာခဲ့ပါပြီ။
၁၆ ရာစုတွင် မြောက်အမေရိကတိုက် ကို စတင်တွေ့ရှိသူ ကိုလံဘတ်က ဆေး လိပ်၏အစဖြစ်သော ဆေးရွက်ကြီးဆေးကို ဥရောပသို့ ယူဆောင်ခဲ့ပြီးနောက် ကမ္ဘာအ ပျံ့နှံ့၍ သွားသည်။
ပထမတွင် ဆေးငုံ၊ ဆေးဝါးပြုကြပြီး နောင်မှဆေးတံသောက်ခြင်း၊ ဆေးပြင်း လိပ်သောက်ခြင်းများ ပေါ်ပေါက်လာ ကြောင်း၊ ၁၈၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စီးကရက်ပေါ်လာပြီး ပထမကမ္ဘာစစ်ကြီး အပြီး ၁၉၁၈ မှစ၍ ကမ္ဘာပေါ်၌စီးကရက် ထုတ်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း မှတ်တမ်းများအ ရ သိရှိရပါသည်။
စီးကရက်ဆိုသည်မှာ စီးကရက်ကုမ္ပ ဏီကြီးများက ဆေးရွက်ကြီးမှအဆင့်ဆင့် ဖန်တီးပြုလုပ်ထားသော တီထွင်မှုတစ်ခု ဖြစ်သည်။ ၎င်းင်း၌ နီကိုတင်း၊ တား(ကတ္တရာ) နှင့် အခြားသော ဓာတုပစ္စည်းများနှင့် ဖွဲ့ စည်းထားပြီး မီးညှိ၍လောင်မြိုက်စေကာ ရှူသွင်းသူအဆုတ်ထဲသို့ တိုက်ရိုက်ပို့ ဆောင်ပေးသည်။
ကတ္တရာနှင့် ဓာတုပစ္စည်းများက ကင် ဆာအားပေး(ကာစီနိုဂျင်)ဖြစ်ပြီး နီကိုတင်း သည် လူကိုစွဲစေသော သတ္တိရှိ၏။ ယင်းသို့ ဆေးလိပ်သောက်သုံးကြောင့် အဆုတ်ကင် ဆာ၊ ပါးစပ်တွင်းကင်ဆာ အပါအ၀င်ကင် ဆာ ရောဂါ ၁၀ မျိုးကျော်ကို ဖြစ်ပွားစေပြီး အဆုတ်ပြန်ရောင်၊ အဆုတ်ပွရောဂါကို လည်း ဖြစ်ပွားစေကာ နှလုံးသွေးကြော ကျဉ်းသည့် ရောဂါကိုလည်း ခံစားရစေ သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဤသို့ ဆိုးဝါးလွန်းသော ရောဂါများကို ရရှိလင့် ကစား ယနေ့ကမ္ဘာလူဦးရေ၏ ၁.၆ ဘီလျံ သည် ဆေးလိပ်သောက်သုံးလျက်ရှိကြောင်း၊ ၎င်းင်းတိုဲ့မှ သန်း ၈၀၀ ကျော်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၃.၅ သန်းသည် ဆေးလိပ် ကြောင့် သေကြရပြီး ၂၀၂၀ ခုနှစ်တွင် တစ်နှစ်လျှင် ၁၀ သန်းအထိ သေဆုံးဖွယ် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဤမျှလူ့အသက်ပေါင်းများစွာ ဆုံးရှုံး ရသည်အထိ ဆိုးဝါးသောရောဂါများကို ဖြစ်ပွားစေသည့် ဆေးလိပ်သောက်သုံးမှု သည် ကမ္ဘာပေါ်တွင် အဘယ်ကြောင့် အ မြစ်တွယ်နေရသနည်း။ အဖြေကတော့ ရှင်းပါသည်။ ဆေးလိပ်မှရရှိသည့် ၀င်ငွေ (အမြတ်ငွေ)သည် လုပ်ငန်းရှင်များသာမ က နိုင်ငံများ၏ အခွန်ဘဏ္ဍာအတွက် မက် မောလောက်သည့် ၀င်ငွေဖြစ်၏။ ထို့ ကြောင့် နိုင်ငံအများစုတွင် ဆေးလိပ်ပြဿ နာသည် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆိုသလိုပင် လိပ်ခဲတည်းလည်းရှိခဲ့ခြင်း ဖြစ် သည်။ သို့သော် ...
ကမ္ဘာကြီးနှင့်ဆေးလိပ်
ဆေးလိပ်သောက်သုံးမှုဖြင့် ရရှိလာသော ရောဂါကုသမှုစရိတ်သည် အဆိုပါ အမြတ် ငွေ၊ ၀င်ငွေခွန်များထက် ပိုမိုများပြားလျက် ရှိကြောင်း သိရှိကြသူနည်းပါသည်။ ဆေး လိပ်ကုမ္ပဏီကြီးများကလည်း သိုသိပ်စွာ ထားလေ့ရှိသည်။
ဆေးလိပ်ကြောင့် အမေရိကန်ပြည် ထောင်စု၌ ဆေးကုသမှု စရိတ်သည် တစ် နှစ်လျှင် ဒေါ်လာ ၅၃ ဘီလျံ ကုန်ကျခဲ့၏။ အင်္ဂလန်နိုင်ငံ၌ ပေါင်စတာလင် ၁.၇ ဘီ လျံ ကုန်ကျခဲ့၏။ အိန္ဒိယနိုင်ငံတွင်မူ နှစ်စဉ် ဒေါ်လာ ၆.၅ ဘီလျံကုန်ကျခဲ့ကြောင်း သိ ရသည်။ ဤသည်မှာ ဆေးလိပ်မှ ရရှိသည့် ၀င်ငွေအားလုံးထက် များပြားခဲ့ကြောင်း သုတေသနပညာရှင်များက ဆိုပါသည်။
ထို့ပြင် ဆေးလိပ်နှင့် ဆက်စပ်ပစ္စည်း များကြောင့် ရောဂါ ၂၅ မျိုးဖြစ်ပွားနေပြီး ကမ္ဘာပေါ်၌ ၁၀ စက္ကန့်လျှင် လူတစ်ဦးနှုန်း သေဆုံးရသည်အထိ ရှာဖွေဖော်ထုတ်နိုင် ခဲ့သည်။
ကမ္ဘာပေါ်တွင် ဆေးလိပ်အများဆုံး သောက်သော နိုင်ငံများမှာ တရုတ်နှင့် အမေရိကန်ဖြစ်ပြီး အမျိုးသမီးများ ဆေး လိပ်အသောက်ဆုံးနိုင်ငံမှာ ဥရောပမှ ဒိန်း မတ်နိုင်ငံ ဖြစ်သည်။
ဆေးရွက်ကြီးအဓိက ထုတ်လုပ်သော တိုင်းပြည်များအနက် တရုတ်၊ အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးလ်တို့က အမှတ်စဉ် လိုက်ရှိပြီးစီးကရက် အများဆုံးတင်သွင်း သော နိုင်ငံများမှာ အမေရိကန်၊ ဂျပန်၊ ဟောင်ကောင်နှင့် ပြင်သစ်တို့ဖြစ်ကာ ၎င်းင်း နောက်မှ ရုရှ၊ စင်ကာပူနှင့် အီတလီတို့ လိုက်လျက်ရှိ၏။
ယင်းတို့အနက် ပြင်သစ်နိုင်ငံသည် မကြာသေးမီက အဆင့် ၂ ဆင့်ပါသော စီမံကိန်းကိုချမှတ်၍ ဆေးလိပ်တိုက်ဖျက် ရေးကို ထိရောက်စွာ လုပ်ဆောင်ခဲ့သည်။ အဆိုပါ စီမံကိန်းပထမအဆင့်တွင် ၂၀၀၇ ဖေဖော်ဝါရီလမှစ၍ ကျောင်း၊ ဆေးရုံ၊ လေဆိပ်နှင့် လုပ်ငန်းခွင်များ၌ ဆေးလိပ်မ သောက်ရ တားမြစ်ခဲ့ပြီး ဒုတိယအဆင့် အရ ၂၀၀၈ ဇန်န၀ါရီမှ စတင်ကာ စား သောက်ဆိုင်၊ ကော်ဖီဆိုင်၊ အရက်ဆိုင်များ တွင် ဆေးလိပ်သောက်ခြင်း ပိတ်ပင်မည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ၁၅ နှစ်အထက်ဆေး လိပ်သောက်သုံးသူသည် သန်း ၁၁၀၀ ရှိသည်။ ယင်းအနက် တရုတ်တစ်နိုင်ငံ တည်း၌ သန်း ၃၀၀ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အမျိုးသား ၅၀ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၂၀ ရာခိုင်နှုန်းသည် ဆေး လိပ်နှင့် ဆေးရွက်ကြီး သုံးစွဲကြပြီး အများ စုမှာ ကျေးလက်နေလူတန်းစားများဖြစ် ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက နှစ်စဉ်နှစ်တိုင်းတွင် မေလ ၃၁ ရက်နေ့ကို ဆေးလိပ်မသောက်ရေးနေ့အ ဖြစ် သတ်မှတ်ပြီး ဆေးလိပ်တိုက်ဖျက်ရေး ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ smoke free Environment ဟူ၍ ဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဆေးလိပ်တိုက်ဖျက်ရေး
ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ် သော တရုတ်နှင့်အိန္ဒိယ၌ ဆေးလိပ် သောက်သုံးမှုကို အများဆုံးတွေ့ရှိရပြီး ယခုအခါ အမျိုးသားကျန်းမာရေးအသွင် တစ်ရပ်အဖြစ် တိုက်ဖျက်လာပြီ ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် ၌ ဆေးရွက်ကြီးနှင့် ကျန်းမာရေးကွန်ဖရင့် ကို ကျင်းပပြုလုပ်ခဲ့ပြီး ဆေးလိပ်နှင့်ပတ် သက်သည့် ကာကွယ်မှုများကို အစိုးရက ကြီးကြပ်ခဲ့သည်။
လေဆိပ်နှင့် လေယာဉ်ပေါ်တွင် ဆေးလိပ်သောက်ခြင်း၊ သယ်ယူပို့ဆောင် ရေး လုပ်ငန်းနေရာများ၌ ဆေးလိပ် သောက်ခြင်းများကို ပိတ်ပင်ခဲ့ပြီး ဆေးလိပ် ကြော်ငြာများကို တီဗီ၊ ရေဒီယိုနှင့် စာနယ် ဇင်းများတွင် ကြော်ငြာခြင်းကို တားမြစ် ပိတ်ပင်နိုင်ခဲ့သည်။
ဆေးငုံခြင်း၊ ဆေးလိပ်သောက်ခြင်း ဖြင့် ကမ္ဘာပေါ်တွင် ခံတွင်းကင်ဆာအများ ဆုံး ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံတွင် နိုင်ငံပိုင်မီဒီယာများ၌ ကြော်ငြာထည့်သွင်း ခြင်း ပိတ်ပင်ခဲ့သော်လည်း ပုဂ္ဂလိက မီဒီ ယာများ၌ ဆက်လက်ကြော်ငြာနေကြောင်း တွေ့ရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ အများသုံး နေရာများတွင် ဆေးလိပ်သောက်ခြင်း တားမြစ်ခဲ့သော်လည်း ပုဂ္ဂလိက မီဒီယာ အချို့၌ ဆက်လက်ကြော်ငြာနေကြောင်း သိရှိရသည်။ လာအိုနိုင်ငံတွင်မူ အများသုံး နေရာများ၌ ဆေးလိပ်သောက်ခြင်းပိတ်ပင် ခဲ့ပြီးကျောင်းသားများသာမက ဆရာပါ ဆေးလိပ်မသောက်ရန် တားမြစ်ခဲ့သည်။ ကျောင်းသားတစ်ဦး ဆေးလိပ်သောက် ခြင်း တွေ့ရှိပါက ကျောင်းမှ ထုတ်ပယ်နိုင် သည်အထိ အရေးယူဆောင်ရွက်ကြောင်း သိရသည်။
ဤနေရာတွင် အနောက်တိုင်း ယဉ် ကျေးမှု အများဆုံးသက်ရောက်သော ထိုင်း နိုင်ငံ၌ပင် ဆေးလိပ်တိုက်ဖျက်ရေးကို အ ရှိန်အဟုန်မြှင့်ဆောင်ရွက်ကာ ထိရောက် သော အောင်မြင်မှုများရရှိနေကြောင်း သိ ရှိရသည်။
ထိုင်းနိုင်ငံတွင် ၁၉၇၉ ခုတည်းက ဆေးလိပ်နှင့်ပတ်သက်သည့် ဥပဒေများ ထုတ်ပြန်ခဲ့ပြီး ၈၉ ခုနှစ်၌ အမျိုးသားဆေး ရွက်၊ ဆေးမသုံးရေးကော်မတီကို ဖွဲ့စည်းခဲ့ သည်။
ထိုနောက် ၉၂ ခုမှ စတင်၍ နိုင်ငံပိုင် မီဒီယာများ၌ ဆေးလိပ်ကြော်ငြာများကို ပိတ်ပင်ခဲ့ပြီး အလိုအလျောက်စီးကရက်အ ရောင်းစက်များကို ပိတ်ပစ်ခဲ့သည်။ ဆက် လက်၍ အငွေ့မဲ့ဆေးရွက်ဆေးပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး ၁၈ နှစ်အောက် လူငယ်များအား ဆေးလိပ်မသောက်ရဟု သတ်မှတ်ခဲ့သည်။
အခွန်အကောက်များကိုလည်း စီးက ရက်တစ်ဘူး၏ ၅၀ ရာခိုင်နှုန်းအထိ တိုး မြှင့်ကောက်ခံခြင်းဖြင့် ဆေးလိပ်ကြောင့် ဖြစ်ပွားသည့်ရောဂါ ကာကွယ်ခြင်းများကို တိကျစွာ ထိန်းချုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိ ရပါသည်။
မြန်မာနိုင်ငံနှင့် ဆေးလိပ်တိုက်ဖျက်ရေး
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက ၁၉၉၇ ခုနှစ်တည်းက တီဗီနှင့် ရေဒီယို များ၌ ဆေးလိပ်ကြော်ငြာများကို ပိတ်ပင် တားမြစ်ခဲ့သည်။ ဆက်လက်၍ ၂၀၀၂ ခု မေလမှ စကာကျောင်းနှင့် ပတ်ဝန်းကျင် နေရာများ၊ ကျန်းမာရေးနှင့်သက်ဆိုင်သော နေရာများ၊ အားကစားရုံများတွင် ဆေး လိပ်ကြော်ငြာများအား တားမြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စာနယ်ဇင်း များ၌ ကြော်ငြာခြင်းကို ပိတ်ပင်ခဲ့သည်။
ထို့နောက် ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၂ နိုင်ငံ အနက် ၁၁ နိုင်ငံမြောက်အဖြစ် အောင် မြင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။
ဥပဒေထုတ်ပြန်ပြီး တစ်နှစ်ပြည့် မြောက်သည့် နေ့မှစ၍ အာဏာတည်စေ ရမည်ဖြစ်ပြီး အဆိုပါ ဥပဒေ၌ ဆေးလိပ် ကုမ္ပဏီများက အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲ များ ကျင်းပနိုင်ရန်အဖြစ်စေ၊ အကျိုးပြု လုပ်ငန်း တစ်ခုခုပြုလုပ်နိုင်ရန်ဖြစ်စေ၊ အ ထောက်အပံ့ပေးခြင်း ၀န်ဆောင်မှုပေးခြင်း များ မပြုလုပ်ရန်ဖော်ပြထားသည်။
ထို့ပြင် အသက် ၁၈ နှစ်အောက် ကလေးများ ဆေးလိပ်သောက်သုံးမှု တား မြစ်ခြင်း၊ ဆေးလိပ်များကို တစ်လိပ်ချင်း ရောင်းချခွင့် ပိတ်ပင်ခြင်းတို့ဖြင့် နိုင်ငံအ တွင်း ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ လုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့လေသည်။ ယင်းသိုပ ဥပဒေပြဋ္ဌာန်းခြင်းဖြင့် မျိုးဆက် သစ်များ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်းမြင့်မားတိုးတက် လာမည် ဖြစ်သည်။ အဆိုပါ ဥပဒေသည် ယခုအခါ စတင်အကျုံးဝင်နေပြီ ဖြစ်သည်။
ဆေးလိပ်ဖြတ်ဆေးခန်းများ ဖွင့်လှစ်ရန်လို
ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးလိပ်ကင်း ဝေးရေး စီမံချက်များချမှတ်၍ ဆောင်ရွက် နေသော်လည်း ဆေးလိပ်ဖြတ်ဌာနများ သီးခြားဖွင့်လှစ်ရန် လိုအပ်နေသေးသည်။ အလားတူပင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း များ၌လည်း ထိရောက်စွာ ဆောင်ရွက်နိုင် ခြင်းမရှိသေးပေ။ ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ ဇီဝိတဒါနသံဃာဆေးရုံ၌သာ ၂၀၀၀ ပြည့်နှစ်ကစ၍ ယနေ့အထိ ဆေး လိပ်ဖြတ်သူ ၃၀၀ ခန့်ကို ကုသပေးလျက်ရှိ ကြောင်း သိရသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ အစိုးရ၊ ပုဂ္ဂလိကနှင့် အန်ဂျီအိုအဖွဲ့အစည်းများက ကမကထပြုလုပ်သည့် Quit Clinic(ဆေးလိပ်ဖြတ်ဆေးခန်းများ)တိုးတက်များ ပြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။

1 comment:
i don't like smoking..
i thnk this post can help alot of ppl who smoke to quite smoking.
Post a Comment