Monday, January 3, 2022

လုပ်ငန်းခွင်ဖိအား (working stress) တွေကိုဘယ်လိုကျော်လွှားကြမလဲ?

လုပ်ငန်းခွင်ဖိအား (working stress) တွေကိုဘယ်လိုကျော်လွှားကြမလဲ?




#Stress_Problems

#လုပ်ငန်းခွင်ပြဿနာ

#psychology


(မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလုပ်တာပဲဖြစ်ဖြစ်၊ အခြားသူရဲ့ စီးပွားရေးလုပ်ငန်းမှာ ၀န်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် အျမဲတေစ စိတ္ဖိအား၊ လုပ်ငန်းခွင်ဖိအားကို တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံဆုံရပါတယ်။ သည်အခါ အဆင်ပြေပြေဖြေရှင်းကျော်လွှားနိုင် ဖို့ ဘယ်လိုအချက်အလက်လေးတွေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖတ်ရှုသိမြင်နိုင်အောင် စာတစ်ဆောင်ေ၀ငှလိုက်ပါတယ်။)


အလုပ်မှာမပျော်မရွှင်ဖြစ်နေလား? အလုပ်ထွက်ဖို့(ဝါ) အလုပ်ပြောင်းဖို့စဉ်းစားနေပြီလား? ဒီဆောင်းပါးလေးကိုအဆုံးထိဖတ်ကြည့်စေ ချင်တယ်။.


ဟုတ်ကဲ့ပါ အလုပ်အကိုင်ရှိသူတိုင်းဟာ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုဖိအားတွေတော့ တစ်ချိန်မဟုတ်တစ်ချိန်ကြုံကြရပါတယ်။ ဘယ်လိုအလုပ်မျိုးပင်ဖြစ်စေစိတ်ဖိစီးစေတဲ့အစိတ်အပိုင်းလေးတွေတော့ရှိနေတာပါပဲ။သင်ကြိုက်တဲ့သင်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရသည့်တိုင် လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေကတော့ရှိတာပါပဲ။ ပုံမှန်အားဖြင့်တော့ လုပ်ရမယ့်အလုပ်ပြီးမြောက်အောင်သတ်မှတ်ချိန် အတွင်း မလုပ်နိုင်တဲ့အခါ၊စိန်ခေါ်မှုများတဲ့တာဝန်တွေထမ်းဆောင်ရတဲ့အခါစိတ်ဖိစီးမှုတွေကြုံရတတ်ပါတယ်။ဒါကတော့ရေတိုဖြစ်တဲ့ဖိစီးမှုပါပဲ။ ဒါပေမယ့်လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေဟာကြာရှည်ဖြစ်လာရင်တော့ ကျော်လွားရန်ခက်ခဲလာနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။အမေရိကန်စိတ်ပညာအသင်းကြီး(APA)ရဲ့အဆိုအရတော့ လုပ်ငန်းခွင့်စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကယေဘူယျအားဖြင့်တူကြပါတယ်။သင်ဟာအလုပ်မှာတွေ့ရတဲ့ဖိစိမှုးတွေ pressureတွေ tension တွေကို အမြဲတမ်းရှောင်ရှားလို့တော့မရပါဘူးတစ်ကြိမ်မဟုတ်တစ်ကြိမ်ကြုံရမှာပါပဲ။ဒါပေမယ့်အလုပ်မှာကြုံရတဲ့ဖိအားတွေကို စနစ္တက် စီမံပေးခြင်းဖြင့် ရေရှည်လုပ်ငန်းခွင်စိတ်ဖိစီးမှုကိုတားဆီးနိုင်ပါတယ်။


ဘယ်အရာတွေကလုပ်ငန်းခွင်စိတ်ဖိစီးမှုတွေဖြစ်စေသလဲ?


၁။ လစာနည်းပါးမှု

၂။ လုပ်ငန်းခွင်မှာဝန်ထုပ်ဝန်ပိုးများတဲ့အလုပ်တွေကိုလုပ်ရခြင်း(ဝန်ပိခြင်း)

၃။ ရာထူးတက်ဖို့အခွင့်အလမ်းနည်းပါးခြင်း။တိုးတက်ရာတိုးတက်ကြောင်းမရှိခြင်း။

၄။ နွေးထွေးတဲ့ပတ်ဝန်းကျင်မရှိခြင်း၊social support မရခြင်း။

၅။ အလုပ်နဲ့ပါတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာအကန့်အသတ်တွေများနေခြင်း၊ဆုံးဖြတ်ချက်ချဖို့ခက်ခဲခြင်း။

၆။ လုပ်ငန်းခွင်ရဲ့လိုအပ်ချက်တွေအပေါ်ပြည့်ဝစွာမဆောင်ရွက်နိုင်ခြင်း။အထက်ဌာနရဲ့လိုလားချက်ကဘာဆိုတာကိုမရှင်းလင်းခြင်း။


ဒါတွေကတော့လုပ်ငန်းခွင်ဖိအားတွေကိုဖြစ်စေတဲ့အရာတွေပါ။ဒီလုပ်ငန်းခွင်ဖိအားတွေကိုသင်မထိန်းချုပ်နိုင်ဘူးဆိုဘာတွေဖြစ်လာမလဲ?


လုပ်ငန်းခွင်ဖိအားတွေတွေကိုမထိန်းချုပ်နိုင်တဲ့အခါ 


အလုပ်နဲ့သက်ဆိုင်တဲ့ဖိအားတွေကြောင့်ရလာတဲ့စိတ်ဖိစီးမှုတွေကချက်ခြင်းကြီးသင့်ဦးနှောက်ထဲပေါ်လာပြီးခံစားရတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမယ့်လုပ်ငန်းခွင်ဖိအားတွေကနေစိတ်ဖိစီးမှုတွေအမြဲမပြတ်ဖြစ်နေမယ်ဆိုရင်တော့မကျန်းမာခြင်းနဲ့သက်တောင့်သက်သာမဖြစ်ခြင်းတွေကိုဖြစ်စေပါလိမ့်မယ်။စိတ်ဖိစီးမှုတွေကိုဖြစ်စေတဲ့အလုပ်ပတ်ဝန်းကျင်(work environment) တစ်ခုဟာခေါင်းတစ်ခြမ်းကိုက်ခြင်း ၊အစာအိမ်ရောဂါဖြစ်ခြင်း၊အိပ်ရေးမဝသလိုခံစားရခြင်း၊ဒေါသထွက်လွယ်ခြင်း၊နဲ့အာရုံစူးစိုက်ဖို့ခက်ခြင်းစတဲ့ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒါ့အပြင်စိတ်ဖိစီးမှုတွေကရေရှည်ဖြစ်လာမယ်ဆိုရင်တော့စိုးရိမ်စိတ်တွေမြင့်လားတာ၊insomnia ဖြစ်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ကိုယ်ခံအားနည်းခြင်းစတာတွေကိုဖြစ်စေပါတယ်။အဲဒီအရာတွေကနေတစ်ဆင့်စိတ်ကျခြင်း၊နှလုံးရောဂါဖြစ်ခြင်း၊အဝလွန်ခြင်းစတဲ့ကျန်းမာရေးနဲ့ဆိုင်တဲ့ရောဂါတွေထိပါဦးတည်စေနိုင်ပါတယ်။ပိုဆိုးတာကတော့လုပ်ငန်းခွင်ဖိစိးမှုကြုံရတဲ့သူတွေဟာ ပိုဆိုးတဲ့အလေ့အကျင့်တွေ ထပ်ပေါင်းထည့်လိုက်တာပါပဲ။ ဘယ်လိုအရာတွေလဲဆိုတော့ စိတ်ညစ်တိုင်းစားတာ၊ ကျန်းမာရေးနဲ့မညီ တဲ့အစားအစာတွေစားတာ၊ စီးကရက်သောက်တာ၊မူးယစ်ဆေးဝါးသုံးတာ၊ အရက်သောက်တာ စတဲ့နည်းလမ်းတွေနဲ့ ဖိစီးမှုတွေကို မကြာခဏရင်ဆိုင်ဖြေးရှင်းကြတာပါပဲ။


ဒီလိုဖိစီးမှုတွေကိုဘယ်လိုကျော်လွားမလဲ?

.စိတ်ဖိစီးမှုဖြေစ်စေမယ့် အကြောင်းအရာတွေကိုစနစ်တကျစီမံကျော်လွှားမယ်ဆိုရင် စိတ်ဖိစီးမှုတွေလျော့ပါးစေမှာပါ။ 


ဘယ်လိုကျော်လွှားကြမလဲ?

၁။သင့်ကိုဖိစီးစေတဲ့အရာတွေကိုထောင်ချောက်ပြန်ဆင်ပါ။

ဘယ်လိုအခြေအနေတွေက သင့်ကို ဖိစီးမှုအများဆုံးဖြစ်စေသလဲဆိုတာနှင့် အဲဒီအရာတွေအပေါ် သင်ဘယ်လိုတုန့်ပြန်သလဲဆိုတာကို တစ်ပတ် ဒါမှမဟုတ်နှစ်ပတ်လောက်နေ့စဉ်မှတ်တမ်းရေးသွင်းထားပါ။သင့်ရဲ့အတွေးတွေ၊ခံစားချက်တွေ၊ အလုပ်ပတ်ဝန်းကျင်အကြောင်း တွေ၊အလုပ်ထဲကလူတွေအကြောင်း၊အလုပ်အခြေအနေ၊သင်ရဲ့ပြုမှုဆောင်ရွက်ပုံတွေ၊ physical setting ခေါ်တဲ့သင့်ရဲ့ရုံးစားပွဲအပြင် အဆင်တွေစတာတွေအားလုံးကို မှတ်တမ်းယူထားပါ။ ဥပမာသင်ဟာအလုပ်ထဲမှာအမြဲတမ်းအသံကိုအော်ပြောနေရသလား? အအော်ခံ နေရသလား?စက်သံကားသံတွေဆူညံနေသလား?လမ်းအများကြီးလျောက်နေရသလား?ထိုင်ခုံကသက်တောင့်သက်သာမဖြစ်တာလား?ဒီလိုမှတ်တမ်းယူခြင်းက ဖိစီးစေတဲ့အရာတွေနဲ့ အဲဒီအရာတွေအပေါ်သင်ဘယ်လိုပြုမူနေသလဲဆိုတဲ့ ပုံစံတစ်ခါကိုရှာဖွေတွေ့ရှိဖို့သင့် ကိုကူညီမွာပါ။


၂။ကောင်းမွန်တဲ့တုန့်ပြန်မှုပုံစံတည်ဆောက်ပါ။


စိတ်ဖိစီးစေတဲ့အရာတွေဖြေဖျောက်ဖို့သင်အာရုံစိုက်တဲ့အခါ အရက်သောက်ခြင်း စီးကရက်သောက်ခြင်းတွေလုပ်မယ့်အစား တစ်ခြားပို ကောင်းတဲ့ရွေးချယ်မှုကိုလုပ်ပါ။ ဥပမာ exercise လုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်ခြင်းလမ်းလျောက်ခြင်းတွေက ရုပ်ပိုင်းဆိုင်ကာကျန်းမာရေး သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါတကယ်အသုံးဝင်ပါတယ်။ဒါတွေအပြင် တရားထိုင်ခြင်း ယောဂကျင့်ခြင်းစတဲ့အပြုအမူကောင်းတွေ ပြုမူပါ။


၃။မိမိကိုယ်ကိုစည်းကမ်းဘောင်အတွင်းဝင်အောင်တည်ဆောက်ပါ


  ဒီနေ့လို နည်းပညာခေတ်ကြီးမှာ သင့်အပေါ်ဖိအားတွေတစ်နေ့လုံးသက်ရောက်နေဖို့သိပ်လွယ်ပါတယ်။အနားယူရမယ့်အချိန်မှာ အလုပ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေ electronic device တွေကိုသုံးစွဲတာလျော့ပါ။အိမ်ရောက်တဲ့အခါအလုပ်နဲ့ဆိုင်တဲ့ emails မစစ်တာမျိူး။ညစာစားချိန်အတွင်း ဖုန်းလက်ခံမပြောတာမျိုး စတဲ့စည်းကမ်းတွေသတ်မှတ်နေထိုင်ပါ။


၄။အနားယူဖို့အချိန်လုံလုံလောက်လောက်ယူပါ


အလုပ်ကြိုးစားတာကကောင်းတဲ့အပြုအမူပါ။ ဒါပေမယ့်အလုပ်ကြိုးစားရာကနေ လုပ်ငန်းခွင်ဖိအားတွေရရှိလာမယ်ဆိုရင်တော့ ရေရှည်အောင်မြင်ဖို့မလွယ်ပါဘူး။ဒီတော့အလုပ်ကိုကြိုးစားပါ။အဲဒါနဲ့အတူအနားယူဖို့အချိန်လဲလုံလုံလောက်လောက်ပေးပါ။

အနားယူနေတဲ့အချိန်မှာဖုန်းကိုပိန်ထားပြီးတစ်နေ့ကိုတစ်နာရီဖြစ်စေနာရီဝက်ဖြစ်စေ အလုပ်နဲ့အဆက်အသွယ်ဖြတ်ထားပါ။ အလုပ်အကြောင်းတွေးတောင်မတွေးပါနဲ့။


၅။။နားယူဖို့အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပါ


ရေရေကူးခြင်း၊တရားထိုခြင်း၊ အသက်ရှုလေ့ကျင့်ခန်းစတာတွေက သင့်စိတ်အတွက်သက်တောင့်သက်သာဖြစ်စေပါတယ်။ မနက်စောစောဖြစ်စေညနေဘက်ဖြစ်စေ လမ်းလျောက်ခြင်းကိုပြုပါ။သင့်စိတ်မှာကြုံနေရတဲ့ဖိအားတွေကိုလျော့လာစေပါတယ်။


၆။အထက်လူကြီးနဲ့ပွင့်ပွင့်လင်းပြောပါ


ကိုယ်လုပ်နေတဲ့အလုပ်ပါတ်ဝန်းကျင်ကအဆင်မပြေကြောင်းပွင့်ပွင့်လင်းလင်းပြောပြပါ။ စည်ပင်မှာအမှိုက်ရှင်းလင်းရေးမှာ အလုပ်လုပ်နေ သူအတွက်အနံ့ဆိုးတွေရနေတဲ့ပါတ်ဝန်းကျင်ကပြဿနာမဟုတ်ပေမယ့် ရုံးစာရေးတစ်ယောက်အတွက် အနံအသက်မကောင်းတဲ့ ပါတ်ဝန်းကျင်ကအလုပ်မှာအာရုံစိုက်ဖို့ခက်ခဲ့ပါတယ်။

အလုပ်ပါတ်ဝန်းကျင်ကောင်းဆိုတာ အလုပ်ပြီးမြောက်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ ရုံးသုံးကိရိယာတွေ ထိုင်ခုံတွေ လေဝင်လေထွက်တွေ ပါတ်ဝန်းကျင်ကလာတဲ့အသံတွေ စတာတွေဟာအလုပ်ပါတ်ဝန်းကျင်ကောင်းတစ်ခုအတွက်သေချာပြင်ဆင် ရပါတယ်။

Batterfly effect theory လိုပါပဲ လူတစ်ယောက်စိတ်ကြည်နေရင် ကျန်လူတစ်ယောက်ကိုပါစိတ်ကြည်လင်မှူတွေကူးစက်ပြီး ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာပြီး အလုပ်တွေအများကြီးပြီးမြောက်နိုင်ပါတယ်။


၇။ မိတ်ဆွေတွေဆီကအကူအညီတွေရယူပါ


အလုပ်မှာမပျော်မရွင်ဖြစ်နေပြီ လုပ်ငန်းခွင်ဖိအားတွေကြုံလာရပြီဆိုရင် ယုံကြည်ရတဲ့သူငယ်ချင်းတွေ မိသားစုဝင်တွေဆီကနေ အကူအညီတွေရယူပါ။ ပွင့်ပွင့်လင်းလင်းဆွေးနွေးတာမျိုး၊gymသွားဖို့အဖော်ခေါ်တာမျိုး၊မနက်ခင်းလမ်းလျောက်ဖို့အဖော်ခေါ်တာမျိုး စတဲ့မိသားစုတွေဆီကနေ အထောက်အပံရယူတာမျိုးတွေလုပ်ပါ။


ဒီဆောင်းပါးကတော့ဒီလောက်ပါပဲအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ အမေရိကန်စိတ်ပညာအသင်းကြီး၏ Coping with stress at work. ဆောင်းပါးအားဆီလျော်သလိုဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။မှားယွင်းမှုရှိက ကျွန်တော်၏ညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သောသူအတွက်ပင်အကျိုးတစ်ခုဖြစ်ထွန်းစေကာမူ ကြိုးစားရကြိုးနပ်ပေပြီ။


ကျေးဇူးတင်လျှက်

     သိန်းကြွယ်


(Zawgyi) 

လုပ္ငန္းခြင္ဖိအား (working stress) ေတြကိုဘယ္လိုေက်ာ္လႊားၾကမလဲ?




#Stress_Problems

#လုပ္ငန္းခြင္ျပႆနာ

#psychology

(မိမိကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကိုလုပ္တာပဲျဖစ္ျဖစ္၊ အျခားသူရဲ႕ စီးပြားေရးလုပ္ငန္းမွာ ၀န္ထမ္းတစ္ဦးအျဖစ္ အလုပ္လုပ္တာပဲျဖစ္ျဖစ္ အျမဲတေစ စိတ္ဖိအား၊ လုပ္ငန္းခြင္ဖိအားကို တစ္ၾကိမ္မဟုတ္ တစ္ၾကိမ္ၾကံဳဆံုရပါတယ္။ သည္အခါ အဆင္ေျပေျပေျဖရွင္းေက်ာ္လႊားႏိုင္ ဖို႔ ဘယ္လိုအခ်က္အလက္ေလးေတြကို ထည့္သြင္းစဥ္းစားသင့္ေၾကာင္း ဖတ္ရႈသိျမင္ႏိုင္ေအာင္ စာတစ္ေဆာင္ေ၀ငွလိုက္ပါတယ္။)


အလုပ္မွာမေပ်ာ္မ႐ႊင္ျဖစ္ေနလား? အလုပ္ထြက္ဖို႔(ဝါ) အလုပ္ေျပာင္းဖို႔စဥ္းစားေနၿပီလား? ဒီေဆာင္းပါးေလးကိုအဆုံးထိဖတ္ၾကည့္ေစ ခ်င္တယ္။.


ဟုတ္ကဲ့ပါ… အလုပ္အကိုင္ရွိသူတိုင္းဟာ အလုပ္နဲ႕ပတ္သက္တဲ့စိတ္ဖိစီးမႈဖိအားေတြေတာ့ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ႀကဳံၾကရပါတယ္။ ဘယ္လိုအလုပ္မ်ိဳးပင္ျဖစ္ေစစိတ္ဖိစီးေစတဲ့အစိတ္အပိုင္းေလးေတြေတာ့ရွိေနတာပါပဲ။သင္ႀကိဳက္တဲ့သင္ဝါသနာပါတဲ့အလုပ္ကိုလုပ္ေနရသည့္တိုင္ လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြကေတာ့ရွိတာပါပဲ။ ပုံမွန္အားျဖင့္ေတာ့ လုပ္ရမယ့္အလုပ္ၿပီးေျမာက္ေအာင္သတ္မွတ္ခ်ိန္ အတြင္း မလုပ္နိုင္တဲ့အခါ၊စိန္ေခၚမႈမ်ားတဲ့တာဝန္ေတြထမ္းေဆာင္ရတဲ့အခါစိတ္ဖိစီးမႈေတြႀကဳံရတတ္ပါတယ္။ဒါကေတာ့ေရတိုျဖစ္တဲ့ဖိစီးမႈပါပဲ။ ဒါေပမယ့္လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြဟာၾကာရွည္ျဖစ္လာရင္ေတာ့ ေက်ာ္လြားရန္ခက္ခဲလာနိုင္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာေရာစိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကိုထိခိုက္နိုင္ပါတယ္။အေမရိကန္စိတ္ပညာအသင္းႀကီး(APA)ရဲ႕အဆိုအရေတာ့ လုပ္ငန္းခြင့္စိတ္ဖိစီးမႈျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကေယဘူယ်အားျဖင့္တူၾကပါတယ္။သင္ဟာအလုပ္မွာေတြ႕ရတဲ့ဖိစိမႈးေတြ pressureေတြ tension ေတြကို အၿမဲတမ္းေရွာင္ရွားလို႔ေတာ့မရပါဘူးတစ္ႀကိမ္မဟုတ္တစ္ႀကိမ္ႀကဳံရမွာပါပဲ။ဒါေပမယ့္အလုပ္မွာႀကဳံရတဲ့ဖိအားေတြကို စနစ္တက် စီမံေပးျခင္းျဖင့္ ေရရွည္လုပ္ငန္းခြင္စိတ္ဖိစီးမႈကိုတားဆီးနိုင္ပါတယ္။


ဘယ္အရာေတြကလုပ္ငန္းခြင္စိတ္ဖိစီးမႈေတြျဖစ္ေစသလဲ?


၁။ လစာနည္းပါးမႈ

၂။ လုပ္ငန္းခြင္မွာဝန္ထုပ္ဝန္ပိုးမ်ားတဲ့အလုပ္ေတြကိုလုပ္ရျခင္း(ဝန္ပိျခင္း)

၃။ ရာထူးတက္ဖို႔အခြင့္အလမ္းနည္းပါးျခင္း။တိုးတက္ရာတိုးတက္ေၾကာင္းမရွိျခင္း။

၄။ ေႏြးေထြးတဲ့ပတ္ဝန္းက်င္မရွိျခင္း၊social support မရျခင္း။

၅။ အလုပ္နဲ႕ပါတ္သက္တဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ရာမွာအကန့္အသတ္ေတြမ်ားေနျခင္း၊ဆုံးျဖတ္ခ်က္ခ်ဖို႔ခက္ခဲျခင္း။

၆။ လုပ္ငန္းခြင္ရဲ႕လိုအပ္ခ်က္ေတြအေပၚျပည့္ဝစြာမေဆာင္႐ြက္နိုင္ျခင္း။အထက္ဌာနရဲ႕လိုလားခ်က္ကဘာဆိုတာကိုမရွင္းလင္းျခင္း။


ဒါေတြကေတာ့လုပ္ငန္းခြင္ဖိအားေတြကိုျဖစ္ေစတဲ့အရာေတြပါ။ဒီလုပ္ငန္းခြင္ဖိအားေတြကိုသင္မထိန္းခ်ဳပ္နိုင္ဘူးဆိုဘာေတြျဖစ္လာမလဲ?


လုပ္ငန္းခြင္ဖိအားေတြေတြကိုမထိန္းခ်ဳပ္နိုင္တဲ့အခါ 


အလုပ္နဲ႕သက္ဆိုင္တဲ့ဖိအားေတြေၾကာင့္ရလာတဲ့စိတ္ဖိစီးမႈေတြကခ်က္ျခင္းႀကီးသင့္ဦးေႏွာက္ထဲေပၚလာၿပီးခံစားရတာမ်ိဳးေတာ့မဟုတ္ပါဘူး။ဒါေပမယ့္လုပ္ငန္းခြင္ဖိအားေတြကေနစိတ္ဖိစီးမႈေတြအၿမဲမျပတ္ျဖစ္ေနမယ္ဆိုရင္ေတာ့မက်န္းမာျခင္းနဲ႕သက္ေတာင့္သက္သာမျဖစ္ျခင္းေတြကိုျဖစ္ေစပါလိမ့္မယ္။စိတ္ဖိစီးမႈေတြကိုျဖစ္ေစတဲ့အလုပ္ပတ္ဝန္းက်င္(work environment) တစ္ခုဟာေခါင္းတစ္ျခမ္းကိုက္ျခင္း ၊အစာအိမ္ေရာဂါျဖစ္ျခင္း၊အိပ္ေရးမဝသလိုခံစားရျခင္း၊ေဒါသထြက္လြယ္ျခင္း၊နဲ႕အာ႐ုံစူးစိုက္ဖို႔ခက္ျခင္းစတဲ့ျပႆနာေတြကိုျဖစ္ေစနိုင္ပါတယ္။ဒါ့အျပင္စိတ္ဖိစီးမႈေတြကေရရွည္ျဖစ္လာမယ္ဆိုရင္ေတာ့စိုးရိမ္စိတ္ေတြျမင့္လားတာ၊insomnia ျဖစ္ျခင္း၊ ေသြးေပါင္ခ်ိန္တက္ျခင္း၊ ကိုယ္ခံအားနည္းျခင္းစတာေတြကိုျဖစ္ေစပါတယ္။အဲဒီအရာေတြကေနတစ္ဆင့္စိတ္က်ျခင္း၊ႏွလုံးေရာဂါျဖစ္ျခင္း၊အဝလြန္ျခင္းစတဲ့က်န္းမာေရးနဲ႕ဆိုင္တဲ့ေရာဂါေတြထိပါဦးတည္ေစနိုင္ပါတယ္။ပိုဆိုးတာကေတာ့လုပ္ငန္းခြင္ဖိစိးမႈႀကဳံရတဲ့သူေတြဟာ ပိုဆိုးတဲ့အေလ့အက်င့္ေတြ ထပ္ေပါင္းထည့္လိုက္တာပါပဲ။ ဘယ္လိုအရာေတြလဲဆိုေတာ့ စိတ္ညစ္တိုင္းစားတာ၊ က်န္းမာေရးနဲ႕မညီ တဲ့အစားအစာေတြစားတာ၊ စီးကရက္ေသာက္တာ၊မူးယစ္ေဆးဝါးသုံးတာ၊ အရက္ေသာက္တာ စတဲ့နည္းလမ္းေတြနဲ႕ ဖိစီးမႈေတြကို မၾကာခဏရင္ဆိုင္ေျဖးရွင္းၾကတာပါပဲ။


ဒီလိုဖိစီးမႈေတြကိုဘယ္လိုေက်ာ္လြားမလဲ?

.စိတ္ဖိစီးမႈေျဖစ္ေစမယ့္ အေၾကာင္းအရာေတြကိုစနစ္တက်စီမံေက်ာ္လႊားမယ္ဆိုရင္ စိတ္ဖိစီးမႈေတြေလ်ာ့ပါးေစမွာပါ။ 


ဘယ္လိုေက်ာ္လႊားၾကမလဲ?

၁။သင့္ကိုဖိစီးေစတဲ့အရာေတြကိုေထာင္ေခ်ာက္ျပန္ဆင္ပါ။

ဘယ္လိုအေျခအေနေတြက သင့္ကို ဖိစီးမႈအမ်ားဆံုးျဖစ္ေစသလဲဆိုတာႏွင့္ အဲဒီအရာေတြအေပၚ သင္ဘယ္လိုတုန္႔ျပန္သလဲဆိုတာကို တစ္ပတ္ ဒါမွမဟုတ္ႏွစ္ပတ္ေလာက္ေန႕စဥ္မွတ္တမ္းေရးသြင္းထားပါ။သင့္ရဲ႕အေတြးေတြ၊ခံစားခ်က္ေတြ၊ အလုပ္ပတ္ဝန္းက်င္အေၾကာင္း ေတြ၊အလုပ္ထဲကလူေတြအေၾကာင္း၊အလုပ္အေျခအေန၊သင္ရဲ႕ျပဳမႈေဆာင္႐ြက္ပုံေတြ၊ physical setting ေခၚတဲ့သင့္ရဲ႕႐ုံးစားပြဲအျပင္ အဆင္ေတြစတာေတြအားလုံးကို မွတ္တမ္းယူထားပါ။ ဥပမာသင္ဟာအလုပ္ထဲမွာအၿမဲတမ္းအသံကိုေအာ္ေျပာေနရသလား? အေအာ္ခံ ေနရသလား?စက္သံကားသံေတြဆူညံေနသလား?လမ္းအမ်ားႀကီးေလ်ာက္ေနရသလား?ထိုင္ခုံကသက္ေတာင့္သက္သာမျဖစ္တာလား?ဒီလိုမွတ္တမ္းယူျခင္းက ဖိစီးေစတဲ့အရာေတြနဲ႕ အဲဒီအရာေတြအေပၚသင္ဘယ္လိုျပဳမူေနသလဲဆိုတဲ့ ပုံစံတစ္ခါကိုရွာေဖြေတြ႕ရွိဖို႔သင့္ ကိုကူညီမွာပါ။


၂။ေကာင္းမြန္တဲ့တုန့္ျပန္မႈပုံစံတည္ေဆာက္ပါ။


စိတ္ဖိစီးေစတဲ့အရာေတြေျဖေဖ်ာက္ဖို႔သင္အာ႐ုံစိုက္တဲ့အခါ အရက္ေသာက္ျခင္း စီးကရက္ေသာက္ျခင္းေတြလုပ္မယ့္အစား တစ္ျခားပို ေကာင္းတဲ့ေ႐ြးခ်ယ္မႈကိုလုပ္ပါ။ ဥပမာ exercise လုပ္ျခင္း။ ေလ့က်င့္ခန္းလုပ္ျခင္းလမ္းေလ်ာက္ျခင္းေတြက ႐ုပ္ပိုင္းဆိုင္ကာက်န္းမာေရး သာမက စိတ္ပိုင္းဆိုင္ရာအတြက္ပါတကယ္အသုံးဝင္ပါတယ္။ဒါေတြအျပင္ တရားထိုင္ျခင္း ေယာဂက်င့္ျခင္းစတဲ့အျပဳအမူေကာင္းေတြ ျပဳမူပါ။


၃။မိမိကိုယ္ကိုစည္းကမ္းေဘာင္အတြင္းဝင္ေအာင္တည္ေဆာက္ပါ


  ဒီေန႕လို နည္းပညာေခတ္ႀကီးမွာ သင့္အေပၚဖိအားေတြတစ္ေန႕လုံးသက္ေရာက္ေနဖို႔သိပ္လြယ္ပါတယ္။အနားယူရမယ့္အခ်ိန္မွာ အလုပ္နဲ႕ဆိုင္သည္ျဖစ္ေစမဆိုင္သည္ျဖစ္ေစ electronic device ေတြကိုသုံးစြဲတာေလ်ာ့ပါ။အိမ္ေရာက္တဲ့အခါအလုပ္နဲ႕ဆိုင္တဲ့ emails မစစ္တာမ်ိဴး။ညစာစားခ်ိန္အတြင္း ဖုန္းလက္ခံမေျပာတာမ်ိဳး စတဲ့စည္းကမ္းေတြသတ္မွတ္ေနထိုင္ပါ။


၄။အနားယူဖို႔အခ်ိန္လုံလုံေလာက္ေလာက္ယူပါ


အလုပ္ႀကိဳးစားတာကေကာင္းတဲ့အျပဳအမူပါ။ ဒါေပမယ့္အလုပ္ႀကိဳးစားရာကေန လုပ္ငန္းခြင္ဖိအားေတြရရွိလာမယ္ဆိုရင္ေတာ့ ေရရွည္ေအာင္ျမင္ဖို႔မလြယ္ပါဘူး။ဒီေတာ့အလုပ္ကိုႀကိဳးစားပါ။အဲဒါနဲ႕အတူအနားယူဖို႔အခ်ိန္လဲလုံလုံေလာက္ေလာက္ေပးပါ။

အနားယူေနတဲ့အခ်ိန္မွာဖုန္းကိုပိန္ထားၿပီးတစ္ေန႕ကိုတစ္နာရီျဖစ္ေစနာရီဝက္ျဖစ္ေစ အလုပ္နဲ႕အဆက္အသြယ္ျဖတ္ထားပါ။ အလုပ္အေၾကာင္းေတြးေတာင္မေတြးပါနဲ႕။


၅။။နားယူဖို႔အေကာင္းဆုံးနည္းလမ္းကိုေ႐ြးခ်ယ္ပါ


ေရေရကူးျခင္း၊တရားထိုျခင္း၊ အသက္ရႈေလ့က်င့္ခန္းစတာေတြက သင့္စိတ္အတြက္သက္ေတာင့္သက္သာျဖစ္ေစပါတယ္။ မနက္ေစာေစာျဖစ္ေစညေနဘက္ျဖစ္ေစ လမ္းေလ်ာက္ျခင္းကိုျပဳပါ။သင့္စိတ္မွာႀကဳံေနရတဲ့ဖိအားေတြကိုေလ်ာ့လာေစပါတယ္။


၆။အထက္လူႀကီးနဲ႕ပြင့္ပြင့္လင္းေျပာပါ


ကိုယ္လုပ္ေနတဲ့အလုပ္ပါတ္ဝန္းက်င္ကအဆင္မေျပေၾကာင္းပြင့္ပြင့္လင္းလင္းေျပာျပပါ။ စည္ပင္မွာအမွိုက္ရွင္းလင္းေရးမွာ အလုပ္လုပ္ေန သူအတြက္အနံ႕ဆိုးေတြရေနတဲ့ပါတ္ဝန္းက်င္ကျပႆနာမဟုတ္ေပမယ့္ ႐ုံးစာေရးတစ္ေယာက္အတြက္ အနံအသက္မေကာင္းတဲ့ ပါတ္ဝန္းက်င္ကအလုပ္မွာအာ႐ုံစိုက္ဖို႔ခက္ခဲ့ပါတယ္။

အလုပ္ပါတ္ဝန္းက်င္ေကာင္းဆိုတာ အလုပ္ၿပီးေျမာက္ဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါတယ္။ ႐ုံးသုံးကိရိယာေတြ ထိုင္ခုံေတြ ေလဝင္ေလထြက္ေတြ ပါတ္ဝန္းက်င္ကလာတဲ့အသံေတြ စတာေတြဟာအလုပ္ပါတ္ဝန္းက်င္ေကာင္းတစ္ခုအတြက္ေသခ်ာျပင္ဆင္ ရပါတယ္။

Batterfly effect theory လိုပါပဲ လူတစ္ေယာက္စိတ္ၾကည္ေနရင္ က်န္လူတစ္ေယာက္ကိုပါစိတ္ၾကည္လင္မႉေတြကူးစက္ၿပီး ေပ်ာ္႐ႊင္တဲ့လုပ္ငန္းခြင္တစ္ခုျဖစ္လာၿပီး အလုပ္ေတြအမ်ားႀကီးၿပီးေျမာက္နိုင္ပါတယ္။


၇။ မိတ္ေဆြေတြဆီကအကူအညီေတြရယူပါ


အလုပ္မွာမေပ်ာ္မ႐ြင္ျဖစ္ေနၿပီ လုပ္ငန္းခြင္ဖိအားေတြႀကဳံလာရၿပီဆိုရင္ ယုံၾကည္ရတဲ့သူငယ္ခ်င္းေတြ မိသားစုဝင္ေတြဆီကေန အကူအညီေတြရယူပါ။ ပြင့္ပြင့္လင္းလင္းေဆြးႏြေးတာမ်ိဳး၊gymသြားဖို႔အေဖာ္ေခၚတာမ်ိဳး၊မနက္ခင္းလမ္းေလ်ာက္ဖို႔အေဖာ္ေခၚတာမ်ိဳး စတဲ့မိသားစုေတြဆီကေန အေထာက္အပံရယူတာမ်ိဳးေတြလုပ္ပါ။


ဒီေဆာင္းပါးကေတာ့ဒီေလာက္ပါပဲအဆုံးထိဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္။ အေမရိကန္စိတ္ပညာအသင္းႀကီး၏ Coping with stress at work. ေဆာင္းပါးအားဆီေလ်ာ္သလိုဘာသာျပန္ေပးထားျခင္းျဖစ္ပါသည္။မွားယြင္းမႈရွိက ကြၽန္ေတာ္၏ညံ့ဖ်င္းမႈေၾကာင့္ျဖစ္ပါသည္။ တစ္စုံတစ္ေယာက္ေသာသူအတြက္ပင္အက်ိဳးတစ္ခုျဖစ္ထြန္းေစကာမူ ႀကိဳးစားရႀကိဳးနပ္ေပၿပီ။


ေက်းဇူးတင္လွ်က္

     သိန္းႂကြယ္

Sunday, January 2, 2022

မင်းတရားကြီး ခွေးဘီလူး

  မင်းတရားကြီး ခွေးဘီလူး 




နာမည်က ခွေးဘီလူး။

ညောင်ခြေထောက်ရွာကတဲ့။

၁ဝ တန်းအောင်လား မအောင်လားတောင် ဘယ်သူမှ သိပ်မသိဘူး။ တချို့ကလည်း သူ့ပညာအရည်အချင်းက လေးတန်းလို့ပြောကြတယ်။သူ့ ငယ်ဘဝအကြောင်း စုံစမ်းရတာ အတော်ခက်တယ်။


သူကိုယ်တိုင်ကိုက နှုတ်ပိတ်ထားတာ။




ခွေးဘီလူးက ကျောက်ဆည်က လယ်သမားရဲ့ သား။


ဆင်းဆင်းရဲရဲ အညတရ စာတိုက်စာရေးနဲ့ သူ့ ဘဝက စခဲ့တာပါ။

အဲဒီတုန်းက မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေချိန်ပေါ့။


စစ်သားတွေလိုနေတဲ့ အချိန်ဆိုတော့ စာပို့တဲ့ အလုပ် တစ်နှစ်လောက်ပဲလုပ်ပြီး ထွက်လိုက်တယ်။


၁၉၅၃ မှာ စစ်ထဲဝင်တယ်။

တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉)ပေါ့။ ခွေးဘီလူး ဒုဗိုလ်ဖြစ်တယ်။




ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ ခွေးဘီလူး နဲ့ ရှုမောင် ၁၉၈၅ ခုနှစ်မှာတွေ့ကြပါလေရော။


ရှုမောင် ဆိုတာ မြန်မာပြည်ကို ၁၉၆၂ မှာ စစ်အာဏာသိမ်းလိုက်တဲ့ စစ်အာအာဏာရှင် တဏှာရူး ဗိုလ်ချုပ် နေဝင်းပေါ့။


အဲဒီတုန်းက ရှုမောင်က သူ့ စစ်တပ်အတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် အသစ် ရွေးဖို့ရှာနေတာတဲ့။


ရှုမောင်က အရည်အချင်းပြည့်ဝတဲ့ စစ်ဘက်အရာရှိကြီးတွေကို အလိုမရှိဘူး။ အလုပ်ဖြုတ်ပစ်လိုက်ပြီ။ 


ပြီးတော့ ၁၀ တန်း မအောင်၊ သူ့စကားနားထောင်မယ့် လူပိန်း တွေကို လိုက်ရှာနေတဲ့ အချိန်ပေါ့..။

ငပိန်း ခွေးဘီလူးနဲ့တွေ့တာ..။


ရှုမောင် ရှာတဲ့လူတွေက မထက်မြက်တဲ့ ခပ်ညံ့ညံ့လူဖြစ်ရမယ်။ 

လူကောင်း မဖြစ်ရဘူး။ သူ့အပေါ် ခွေးတစ်ကောင်လို သစ္စာရှိရမယ်။ စစ်တပ်ထဲက အခြားဂိုဏ်းဂဏတွေနဲ့ကင်းရှင်းရမယ်..။


ဒီအရည်အချင်းတွေ ခွေးဘီလူးမှာ အကုန်ရှိတော့ သူတို့ငြိပြီ..။




အဲ့ဒီနေ့က ဒီလို..။


တိုင်းမှူးတွေ ဆွေးနွေးနေကြတဲ့ အခန်းထဲကို ရှုမောင်က ဝင်လာတာ။


ဟေ့..မင်းတို့တွေထဲမှာ ဘယ်သူ အသက် အငယ်ဆုံးလဲ တဲ့။ 


အားလုံးက ခွေးဘီလူး လို့ ဖြေတယ်။


(ခွေးဘီလူးဆိုတာ နောင်ဖြစ်လာမယ့် ဗိုလ်မှူးချုပ် သန်းရွှေကို သူငယ်ချင်းတွေ ခေါ်ကြတဲ့ နာမည်ပြောင်ဖြစ်ပါတယ်။)




ရှုမောင်ဟာ ၁၀ တန်းအထိပဲ အရည်အချင်းရှိတဲ့ ခွေးဘီလူးကို သဘောကျတယ်။ ရှုမောင်နောက်ထပ် သဘောကျတဲ့သူက ခပ်အေးအေးသမား စောမောင်..။




စောမောင်နဲ့ ခွေးဘီလူးက တက္ကသိုလ်လည်း မတက်ခဲ့ဖူးဘူးတဲ့သူတွေမို့ ရှုမောင် နည်းနည်းတော့ စိတ်ပူတယ်။


သူ့လက်အောက်က လူတွေကို


မင်းတို့ သူ့ကို ခက်ရင်း ဘယ်လိုကိုင်ရမယ်၊ ဓားကို ဘယ်လိုကိုင် ရတယ်ဆိုတာ သင်ပေးရင်ကောင်းမယ်။ မျက်စိပွင့် နားပွင့် ဖြစ်လာအောင် သံတမန် ဧည့်ခံပွဲတွေလည်း ခေါ်သွားပြီး သင်ခန်းစာ တစ်ခုမဟုတ်တစ်ခု ရအောင်လုပ်ပေးကြ လို့ သင်ခိုင်းတယ်။


စောမောင်နဲ့ ခွေးဘီလူးလည်း အဲ့ကျမှ ဇွန်းတွေ ခက်ရင်းတွေ ဒါးတွေ ကိုင်ပြီးစားသောက်ဖူးတာ။


ရှုမောင်က သူတို့နှစ်ယောက်ကို အဲဒီလို လက်သပ်မွေးခဲ့တာပါ။




ဒါဟာ လောင်းကစားသမား ရှုမောင် မြင်းမှားပြီး လောင်းကြေးထပ်မိတာပဲ။


ခွေးဘီလူးက နောင်တစ်ချိန်မှာ သူ့ကို နေအိမ်အကျယ်ချုပ်ထဲပြန်ချထားပြီး သွေးအန်ပြီးသေအောင် လုပ်မယ့်သူဖြစ်လာခဲ့တယ်..။


ခွေးဘီးလူးက ငယ်ငယ်ကတည်းက သိပ်ပြီးလူတောမတိုးဘူး။ ဟိုချောင်ကပ် ဒီချောင်ကပ်ပဲ။ လူအမြင်မှာ မှုန်ကုတ်ကုတ်နဲ့ ရှေ့တန်းလည်းထွက်လေ့မရှိဘူး။ ရှုမောင်နဲ့ စတွေ့တော့လည်း ရှုမောင်နားမှာ ဟိုကုတ်ကုတ် ဒီကုတ်ကုတ်ပေါ့..။




၁၉၈၈ မှာ ရှုမောင်တို့ မတရားခိုးတာ လက်လွန်ကုန်တော့ မြန်မာပြည်သူတွေက မခံနိုင်တော့ဘူး။ အရေးတော်ပုံကြီးဖြစ်ပါလေရော။


ရှုမောင်က ခွေးဘီလူးတို့ကို ပြည်သူတွေ သတ်ခိုင်းတယ်။


ဒါပေမဲ့ ၈၈ ပြဿနာက စစ်အာဏာရှင်တွေထင်ခဲ့သလို မသေးကွေးခဲ့ဘူး။


သမ္မတစန်းယုနဲ့ ရှုမောင်တို့ ရာထူးက နှုတ်ထွက်ရတယ်။


သူတို့ စိန်လွင်ကို သမ္မတတင်တယ်။ဒါလည်းမရ ပြည်သူက စိန်လွင်ကို ထပ်ဖြုတ်ချတယ်။


ဒေါက်တာမောင်မောင်ကို သမ္မတထပ်တင်တယ်။ ဒါလည်းမရ။ ပြည်သူတွေက ဒေါက်တာ မောင်မောင်ကို ထပ်ဖြုတ်ချတယ်။


ပြည်သူတွေက သူတို့သဘောကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင် မြှောက်တယ်။


သူတို့သဘောကျတဲ့ ကိုမင်းကိုနိုင်ကို ကျောင်းသားဥက္ကဋ္ဌ မြှောက်တယ်။


ဦးနုကလည်း သူက တရားဝင်ယှဉ်ပြိုင်အစိုးရပါလို့ ကမ္ဘာကိုကြေညာတယ်။


ရှုမောင်တို့ အခက်တွေ့ပြီ။




အဲဒီမှာ ရှုမောင်က သူ့တပည့်ကျော်ကြီး စောမောင်ကို စစ်အာဏာသိမ်းခိုင်းလိုက်တယ်။


ပြီးတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ဖွဲ့တယ်။ စောမောင်ကို ဥက္ကဋ္ဌပေးပြီး ခွေးဘီလူးကို ဒုတိယဥက္ကဋ္ဌ နေရာပေးလိုက်တယ်။


ခွေးဘီလူး နေရာရသွားတယ်။




ရှုမောင်က သူ့ တပည့်ရင်း မြေခွေးခင်ညွန့်ကိုတော့ န-ဝ-တ အဖွဲ့ရဲ့ အတွင်းရေးမှူး(၁)ပေးလိုက်တယ်။


မိုက်ရူးရဲ မောင်အေးဆိုတဲ့သူကို နိုင်ငံတော် ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင် (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)ပေးလိုက်တယ်။


ရှုမောင်၊ စောမောင်၊ ခွေးဘီလူး၊ မြေခွေး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်တယ်။




ကာကွယ်ရေးဘက်မှာဆို စောမောင်က ကာကွယ်ရေးဦးစီးချုပ်။


ခွေးဘီလူးက စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးရလာတယ်။


ခွေးဘီလူး နေရာရသွားတယ်။




စောမောင်က ရှုမောင်သင်ပေးတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပပြီးရင် အနိုင်ရပါတီကို အာဏာလွှဲမယ်၊ သူ စစ်တန်းလျှားပြန်မယ် ဘာညာနဲ့ ပြည်သူတွေကို ကတိပေး နှစ်သိမ့်တယ်။


မကြာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်။


ဒါပေမဲ့ အာဏာလွှဲပြောင်းပေးဖို့ အခြားဗိုလ်ချုပ်တွေက သဘောမတူခဲ့ပါ။ စောမောင် ကြားထဲက ဗျာများလာတယ်။


ဒီကြားထဲ စောမောင်ကို ခွေးဘီလူးနဲ့ အပေါင်းအပါက လုပ်ကြံတယ်။ စောမောင်ရဲ့ စိတ်ကျန်းမာရေးကမကောင်းတော့ဘူး။ သူတို့ စောမောင်ကို ရူးအောင်လုပ်တယ်။




စောမောင် ရူးနေပြီဆိုပြီး စောမောင် လက်ထဲကနေ ခွေးဘီလူးက စောမောင်ရဲ့ရာထူးကို လွှဲယူလိုက်တယ်။


စောမောင်တကယ်ပဲရူးတာလား၊ ခွေးဘီလူးပဲ အရူးဆေးထိုးပေးလိုက်သလား ခွေးဘီလူးပဲ အသိဆုံးဖြစ်မှာပါ။




၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်။


ခွေးဘီလူးက စောမောင် နေရာကိုယူလိုက်ပြီဖြစ်တဲ့အကြောင်း အသံလွှင့်ဌာနက ကြေညာခဲ့တယ်။ ဒါကို စောမောင်တို့ မိသားစုက နားထောင်လိုက်ရပုံ မရဘူး။


ဒါကြောင့် စောမောင် နောက်တနေ့နံနက်မှာ ဘာမှမသိဘဲ ရုံးသွားဖို့ ပြင်နေတာပေါ့။


စောမောင် အပြင်ကိုထွက်လိုက်တော့သူ့ အိမ်ပတ်ပတ်လည်မှာ စစ်သားတွေ ပတ်လည်ဝိုင်းထားပြီ။


အဲ့ကျမှ စောမောင် သဘောပေါက်တယ်။ သူ့ကို နေအိမ် အကျယ်ချုပ် ဖမ်းထားပြီဆိုတာ..။


စောမောင် ဒေါသအကြီးအကျယ် ထွက်သွားတယ်။


သူ့ရဲ့ ကိုယ်ရေးအရာရှိတွေနဲ့ အိမ်သားတွေကို အော်ဟစ်ခေါ်ပြီး မိန်းမကို အလံပြဘုရားလမ်းမှာရှိတဲ့ စစ်ရုံးချုပ်ကို အမြန်ဆုံးသွားပြောကြဖို့ လွှတ်လိုက်တယ်။


စောမောင်ရဲ့ မိန်းမ ဒေါ်အေးရီကလည်း အတော့်ကို ဆွေ့ဆွေ့ခုန်သွားတယ်။


ဒေါ်အေးရီ စစ်ရုံးပေါ်သို့ တက်လာပြီး ကျမ လုံးဝမကျေနပ်ဘူး၊ ရှင်တို့ မတရား လုပ်တာ၊ ဗိုလ်ချုပ်ကြီးနေဝင်းကို သွားတိုင်မယ် လို့အော်ဟစ်တယ်။


ဒေါ်အေးရီ ရုံးပေါ်က ဆင်းသွား တော့ စစ်ရုံးကလူတွေ တယောက်တပေါက်နဲ့ ပြေးရမလိုလို..ကြောက်ကုန်ကြပါလေရော..။


 ဗိုလ်ချုပ်မှူးကြီး စောမောင် သေနတ်ကိုင်ပြီးတက်လာရင် ဘယ်လို လုပ်ကြမလဲ


အဲဒီအချိန်မှာ ရှုမောင်ရဲ့ အားအကိုးရဆုံး မြေခွေး ခင်ညွန့်က ဘာမှမပူပါနဲ့၊ ဗိုလ်ချုပ်မှူး ကြီးစောမောင်ရဲ့ သေနတ်ထဲမှာ ကျုပ် ယမ်းနှုတ်ထားတယ်။ ယမ်းမပါတဲ့ ကျည်ဆံတွေပဲထည့်ထားတာ ။ စိတ်အေးအေးထားကြ တဲ့။




ဒေါ်အေးအေးရီသွားတိုင်လည်း အလကားပဲ။ ခွေးဘီလူး၊ရှုမောင်၊ မြေခွေးတို့က တိုင်ပင်ပြီးသား။

စောမောင်ကို ဝိုင်းကျဉ်လိုက်ကြပြီ။


ရှုမောင်၊ ခွေးဘီလူး၊ မြေခွေး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်လုပ်ကြတယ်။




ဒီလိုနဲ့ ၁၉၉၂ မှာ ခွေးဘီလူးဟာ စောမောင်ကိုဖြုတ်ချပြီး န.ဝ.တ ဥက္ကဋ္ဌရာထူးယူ ၊ရှိပြီးသား ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဆက်ယူတယ်။


ခွေးဘီလူးက အကွက်စေ့တယ်။


နောက်ပိုင်း ဗိုလ်ချုပ်မှုးကြီး ဆိုလား.. ကမ္ဘာမှာရော မြန်မာပြည်မှာရော တစ်ခါမှ မရှိဘူးတဲ့ ရာထူးကိုထပ်ယူသေးတယ်။


ရာထူး၊ အာဏာ၊ ငွေတွေနဲ့ ခွေးဘီလူး. ရူးပြီ။


ဒါနဲ့သူ မင်းတရားကြီး ခွေးဘီလူး ဖြစ်သွားတယ်။




မင်းတရားကြီး ခွေးဘီလူး က သူအာဏာစရပြီးနောက်ပိုင်း ၁၉၉၂ ကတည်းက တပ်မတော်အင်းအားရှိမှ တိုင်းပြည်အင်းအားရှိမယ်ဆိုပြီးတော့ ကြွေးကြော်ပြီး တပ်မတော်အင်အားကို တိုးချဲ့တော့တယ်။


စစ်တပ်ဆိုတာက ထောင်လိုပဲ..၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင် ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ တိုင်းတာကြတာမဟုတ်လား။


မင်းတရားကြီး ခွေးဘီလူးက တိုက်ရေးခိုက်ရေးသမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။


ခွေးဘီလူးက သိတာပေါ့။ မောင်အေးကို ခေါ်ထားတယ်လေ။ မောင်အေးက အရက်သာ အမြဲသောက်ပြီးမူးနေတတ်တာ၊ ဒါပေမယ့် မိုက်ဂုဏ်ရှိတယ်။ နောက်ပြီး မြေခွေးကိုခေါ်ထားတယ်။ မြေခွေးက ရက်စက်တယ်။


မင်းတရားကြီး ခွေးဘီလူးဟာ မာစတာဘရိမ်းသမားပါ..။




လက်ရုံးအားကိုးနဲ့ တိုင်းရင်းသားတွေအပေါ်ဆို အလွန်တရာ ရက်စက် အနိုင်ကျင့်တဲ့ ဒုချုပ် မောင်အေးကလည်း ခွေးဘီလူးနဲ့ တွေ့ရင်တော့ သူ့နာမည်နဲ့လိုက်အောင် အေးဆေး ငြိမ်သက်..။


အမိုက်ခံရမယ့် ကိစ္စတွေကို ခွေးဘီးလူးက မောင်အေးကို ခိုင်းတယ်။


အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းဘူး။


ခွေးဘီလူးအတွက်တော့ မောင်အေးဟာ အဆိပ်မရှိတဲ့ ရေမြွေလို့ သူတွက်ထားခဲ့...။




မင်းတရားကြီး ခွေးဘီလူးဟာ တပ်မတော်ကို စည်းမျဉ်း နည်းဥပဒေတွေနဲ့ မသွားတော့ဘဲ သူကြိုက်တဲ့သူတွေ ရာထူးတိုးပေးတယ်၊ သူမကြိုက်ရင် နယ်ပြောင်းပစ်တာတို့ ထုတ်တာတို့ စိတ်ကြိုက်လုပ်တာပဲ။


စီနီယာဗိုလ်ချုပ်တွေကို ဖြုတ်ပစ်တယ်။ ပြီးတော့ သူကြိုက်တဲ့ 

မင်းအောင်လှိုင်ကို ဦးစီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့တယ်။


မင်းတရားကြီး ခွေးဘီလူးဟာ တပ်ကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သူ လုပ်ချင်သလို လုပ်ခဲ့တာပါ။




ခွေးဘီလူးဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီကို ခေတ်နဲ့ အမှီလိုက်တယ်။ အပြိုင်အဆိုင် ရက်စက် ယုတ်မာတာပေါ့။


၈၈ ပြီးသွားတော့လည်း သူ ရက်ရက်စက်စက်သတ်ခဲ့တဲ့ ပြည်သူတွေ နည်းတာမဟုတ်ဘူး။ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့်ပေးခဲ့တာတွေရော..။




မင်းတရားကြီး ခွေးဘီလူး တိုက်ရိုက် အမိန့်ပေးခဲ့တာ သက်သေ လက်ဆုပ်လက်ကိုင်ပြနိုင်တာတွေရှိတယ်။


၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာပေါ့။ 


အဲဒီတုန်းက မှာ ရိုဟင်ဂျာသူပုန်ဆိုပြီးအရပ်သား စုစုပေါင်း လူ ၄၀၀ ကျော်ကို အရှင်ဖမ်းမိတယ်။


ခွေးဘီလူးကို သတင်းပို့တော့ သူက ကုလားတွေ၊ လူမှမဟုတ်တာ၊ ရှင်းပစ် တဲ့။


သူ အဲ့ဒီလို အမိန့်ပေး သတ်ခိုင်းတဲ့သူက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ဖြစ်ပါတယ်။




နောက်တစ်ကြိမ်က ၁၉၉၆ ခုနှစ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာပေါ့။


ခွေးဘီလူးက စစ်တပ်အင်အားတွေကိုသုံးပြီး ရွာတွေရွှေ့ခိုင်းတယ်။


ရွာသားတွေ စကားနားမထောင်ရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင်မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။




၁၉၉၈ ခုနှစ် မေလ။


ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ ခွေးဘီလူးက အမိန့်ပေးခဲ့တယ်။


သူ အမိန့်ပေးခဲ့သူက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ဖြစ်ပါတယ်။


အဲဒီခရစ္စတီးကျွန်းလူသတ်ပွဲမှာ ဒီအကြောင်းရေးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကိုယ်တိုင် ရှိနေတာကြောင့် သူက သက်သေထွက်ဆိုနိုင်ပါတယ်။




ဘယ်သူ ဘယ်ဝါ မသေချာပေမဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးဟာလည်း ၂၀ဝ၁ ခုနှစ်ထဲမှာ ရဟတ်ယာဉ် ပျက်ကျအောင်လုပ်ပြီး လုပ်ကြံခံလိုက်ရတယ်။




ခွေးဘီလူးကတော့ သူ့ကို လုပ်ကြံပြီး အာဏာပြန်ယူ ဖို့ကြိုးစားတဲ့ ရှုမောင်တို့မိသားစုကို ကြိုးတိုက်ထဲထည့်ပြီး ရှုမောင်ကို အကျယ်ချုပ်ထားလိုက်တယ်။ ၂၀၀၂ မှာ ရှုမောင်သေတယ်။


ခွေးဘီလူး၊ မြေခွေး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်လုပ်ကြတယ်။




၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ခွေးဘီလူး ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း (စက်မှု ၁ ဝန်ကြီး) တို့ကို ခိုင်းခဲ့တယ်။


ဒီကိစ္စနဲ့ ပတ်သက်လို့ ထောက်လှမ်းရေးဟောင်းတွေ၊ တပ်မတော်အရာရှိတွေ၊ ရဲအရာရှိတွေက သက်သေ ထွက်ဆိုနိုင်ပါတယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ကပြောပြတယ်။




မောင်အေးကလည်း ခွေးဘီလူး သူ့ကို ရှင်းပစ်ခံရမှာကို အမြဲကြောက်နေခဲ့တယ်။ ဒါပေမဲ့ ခွေးဘီလူးဟာ သူနဲ့ ပြိုင်ဘက်လို နာမည်ကြီးလာတဲ့ မြေခွေးခင်ညွန့် ကိုပဲ ရှင်းပစ်ဖို့ စဉ်းစားတာပါ။


လူသတ်လုပ်ကြံတဲ့နေရာမှာ အရမ်းတော်လာတဲ့ မြေခွေးဟာ သူ့ဘက်လှည့်လာနိုင်တယ်ဆိုတာ သူသိတယ်။




ခွေးဘီလူးဟာ သူ့ဆရာရှုမောင်လိုပဲ ဗေဒင်တွေ ယတြာတွေကိုလည်း အရမ်းယုံကြည်တဲ့သူတစ်ယောက်ပေါ..။


တစ်ခါကဆို ယတြာချေဖို့အတွက်ကို သူကိုယ်တိုင်ချိတ်ထမီကြီးဝတ်လို့ တခြားဗိုလ်ချုပ်တွေအားလုံးကိုပါ ချိတ်ထမီဝတ်ခိုင်းပြီး အခမ်းအနားတက်ခိုင်းခဲ့တာလည်း တိုင်းသိပြည်သိကြီးပါ။ 


သူသမ္မတရာထူးပေးခဲ့တဲ့ သိန်းစိန်အပါအဝင် ဗိုလ်ချုပ်အတော်များများ ချိတ်ထမီကြီးဝတ်လို့ အဲ့ဒီအခမ်းအနားမှာ ပါဝင်ခဲ့ကြရပါတယ်။




စစ်အာဏာရှင် မိန်းမတွေရဲ့ ကဏ္ဍလည်းရှိပါသေးတယ်။


၁၉၅၆ တုန်းက ခွေးဘီလူးက မကြိုင်ဆိုတဲ့ မုဆိုးမနဲ့ တရားဝင် အိမ်ထောင်ကျတယ်။


သူ့မိန်းမနာမည် ဒေါ်မကြိုင်ကနေ ဒေါ်ကြိုင်ကြိုင်ပါဆိုပြီးပြောင်းခေါ်စေခဲ့တယ်။


ဒေါ်မကြိုင်ဖက်က အရင်အိမ်ထောင်နဲ့ပါလာတဲ့သားက ဘိုးတော်လို့နာမည်ကျော်နေသူ ကိုမောင်မောင်ဆိုသူဖြစ်ပါတယ်။




ခွေးဘီလူးရဲ့ မိန်းမ ဒေါ်မကြိုင်နဲ့ မောင်အေးရဲ့ မိန်းမ ဒေါ်မြမြစန်းတို့က မြေခွေးရဲ့မိန်းမ ဒေါ်ခင်ဝင်းရွှေကို သိပ်မုန်းတာ။


မြေခွေး ရဲ့ မိန်းမကဆရာဝန်လေ။ လူမှုရေးအဖွဲ့အစည်း တော်တော်များများရဲ့ ဥက္ကဋ္ဌ..။ ပွဲဝင်နိုင်တဲ့မိန်းမ။


မြေခွေးတို့ လင်မယားက ခွေးဘီလူးတို့ လင်မယားကို အနှစ်မရှိသူတွေ၊ ငြီးငွေ့ဖွယ်ကောင်းပြီး ပညာမတတ်တဲ့ သူတွေလို့ အထင်သေးတယ်။


မောင်အေးရဲ့ မိန်းမ ဒေါ်မြမြစန်းက မြေခွေးတို့ လင်မယားနဲ့ ပတ်သက်တဲ့ အတင်းအဖျင်းတွေကို ခွေးဘီလူးတို့လင်မယားကို သွားပြော ရန်တိုက်ပေး အလုပ်တွေရှုပ်တော့တာပေါ့။


သူတို့ မြေခွေးရဲ့ မိန်းမကို တိုက်ခိုက်ဖို့အတွက် လောကီပညာ အောက်လမ်းနည်းတွေကိုတောင် သုံးသတဲ့။


ယောက်ျား ယောက်ျားချင်း၊ မိန်းမ မိန်းမချင်း ရန်စောင်နေကြတဲ့ပွဲ..။




အမှန်တော့ ခွေးဘီလူးနဲ့ မောင်အေးက ၂ ယောက်ပေါင်းရင်တောင် နိုင်ငံတကာ ရေးရာတွေမှာ မြေခွေးလောက် ပညာသင်ကြားခွင့် မရခဲ့သလို နိုင်ငံခြား ခရီးစဉ်တွေလည်း အများကြီး မသွားခဲ့ဖူးဘူး။


ဒါပေမဲ့ ခွေးဘီလူးနဲ့မောင်အေးက တိုက်ခိုက်ရေး တပ်မှူးတွေနဲ့ တိုင်းမှူးတွေ အားလုံးကို စည်းရုံးထားနိုင်တဲ့ အချက်ကသာတယ်။


နောက်ဆုံးတော့ ခွေးဘီလူးရဲ့ စစ်တပ်နဲ့ မြေခွေးရဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ကြားက တင်းမာမှုကလည်း ညှိနှိုင်းစေ့စပ်လို့ မရနိုင်တဲ့ အခြေအနေအထိ ရောက်လာတယ်။




စစ်တပ်ထဲမှာရှိသူ အားလုံးဟာ မြေခွေးတို့ ထောက်လှမ်းရေးအဖွဲ့ ဖယ်ရှားခံလိုက်ရတာနဲ့ ရှန်ပိန်ပုလင်းဖောက်ပြီး အောင်ပွဲခံရမယ့် အချိန်ကို စောင့်မျှော်နေကြပါတယ်။




ဒါကို မြေခွေးရဲ့ လူယုံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ကလည်း ရိပ်မိတယ်။ သူတို့ဟာ အန္တရာယ်ကြားထဲ ရောက်နေပြီဆိုတာ..။


တိုင်းပြည်ကနေ ထွက်ပြေးဖို့ လိုနေပြီလို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အကူအညီတောင်းခဲ့တယ်။


ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဓားခုတ်ရာ လက်ဝင်မလျှိုဘူး..။ 


သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားမှာစိုးလို့တဲ့။


မြေခွေးတို့အဖွဲ့ဟာ သေနေ့ကို ထိုင်စောင့်နေရသလိုဖြစ်နေခဲ့..။




၂၀ဝ၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့။


ခွေးဘီလူးက မောင်အေးကိုလွှတ်ပြီး မြေခွေးကို ဖမ်းဆီးထောင်ချခိုင်းလိုက်တယ်။


ခွေးဘီလူး နဲ့ မောင်အေးဟာ နောက်နာရီ အနည်းငယ်အတွင်းမှာပဲ မြေခွေးရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေ အားလုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖျက်သိမ်းပစ်လိုက်တယ်။ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့လို့ အမည်ပြောင်းတယ်။


ရှုမောင်လည်း မရှိတော့ အားကိုးရာမဲ့ မြေခွေးတို့ဟာ ပြန်လည်ခုခံနိုင်မှု လုံးဝ မရှိခဲ့ပါ။


အဲ့ဒီနည်းနဲ့ ခွေးဘီလူးရဲ့ လက်အောက်ကို စစ်တပ်ရော၊ ထောက်လှမ်းရေးရော ၂ ခုလုံး အပြည့်အဝရောက်သွားတာပေါ့။




မြေခွေးကို အမိန့်မနာခံမှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ဘာညာတွေနဲ့ အရေးယူပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူးပေါ့။


မြေခွေးဟာ လူတွေအများကြီးကို သူကိုယ်တိုင်ထိုးထည့်ခဲ့တဲ့ အင်းစိန်ထောင် ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းဖို့အတွက် သူ့ရဲ့အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဘန်ဂလိုလေးမှာ သူပြန်နေခဲ့ရတယ်။ ဝဋ်တွေလည်ကြတာ..။




နောက်တော့ မြေခွေးကို ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ် ချမှတ်လိုက်ပြီး နေအိမ်မှာ အကျယ်ချုပ်နဲ့ ထားခဲ့တယ်။


ခွေးဘီလူး၊ မောင်အေး နဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်လုပ်ကြတယ်။




၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဘုရားသားတော်တွေကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ညှင်းဆဲတဲ့ ကိစ္စကလည်း ကမ္ဘာကျော်ပဲ။


မင်းတရားကြီး ခွေးဘီလူးဟာ အာဏာနဲ့ပတ်သက်ရင် သံဃာလည်းမရှောင်ဘူး။




၂၀၀၈ ခုနှစ် မေလ၊ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးစေတဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးဖြစ်ခဲ့တယ်။


အဲဒီတုန်းက မုန်တိုင်းသင့်ဒေသ တစ်ဝိုက်ဟာ `စစ်မြေပြင် တစ်ခုလို..။ မိလ္လာပိုက်လိုင်းတွေ ပေါက်ထွက်လာတာမို့ မြေပြင်တစ်ခုလုံးမှာ အညစ်အကြေးမစင်တွေ၊ အလောင်းတွေ..။


ခွေးဘီလူးဟာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခဲ့တယ်။


သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ သေကြေ ငတ်ပြတ်နေတုန်း(၂၀၀၈ ခုနှစ် မေလ ၁၀ ရက်) မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတင်းလုပ်ခဲ့တဲ့ မိစ္ဆာကြီး..။


မင်းတရားကြီး ခွေးဘီလူးဟာ ပြည်သူ့ အလောင်းတွေပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ၂၀၀၈ ခြေ/ဥ ကိုအတည်ပြုခဲ့..။




ခွေးဘီလူးက သူ မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့အတွက်ကြောင့် နိုင်ငံတကာတရားရုံးကို အရမ်းကြောက်တယ်။


ဒါကြောင့် ခွေးဘီလူးဟာ ခိုးကြောင်ခိုးဝှက်နဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ထည့်ခဲ့တယ်။




ခွေးဘီလူးတို့ အာဏာရှင်တစ်သိုက်ရဲ့ အရှုပ်တော်ပုံကို မြန်မာနိုင်ငံသားတွေက တိုင်းပြည်အုပ်ချုပ် နေသူတွေဟာ လူသတ်သမားတွေ တောင်မကဘူး သူခိုးတွေ၊ ဓားပြတွေအထိ ဖြစ်နေပြီဟာသလုပ်ကြတယ် ။


ခွေးဘီလူးဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ပြိုင်ဘက်တွေအားလုံး သေတဲ့သူသေ၊ ဘေးရောက်တဲ့သူရောက် ဖြစ်သွားလို့ စိတ်အေးသွားတယ်။


ကျန်တာတာ သူ့ ရာထူးတည်မြဲရေးအတွက် နိုင်ငံရေးဘက် နဲ့ တိုင်းပြည်ကငွေတွေ အိတ်ထဲကြုံးထည့်ဖို့ကို အားစိုက်တော့တယ်။




ခွေးဘီလူးဟာ သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ဝါဒဖြန့်ခိုင်းတယ်။ အဲဒီဝါဒထဲက တစ်ခုက သူကိုယ်တိုင် သာလွန်မင်းတရားကြီးဝင်စားတာတဲ့ ..။


အဲဒီမှာ ခွေးဘီလူးရဲ့ ဘုရင်ရူးတဲ့ ရောဂါကို ပြည်သူတွေသိလာတာပဲ။




စစ်အာဏာရှင်အသိုင်းအဝိုင်းက 

'အာဏာတည်စေ'၊ 'ပလ္လင်မြဲစေ' စေတီတွေကို နေပြည်တော်ပျဉ်းမနားအနီး မင်းဝင်တောင်က စိန္တာမုနိကျောင်းတိုက်ထဲမှာရှိနေတယ်။


ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မျက်နှာစာမှာတော့ ခွေးဘီလူးဟာ သူ့ မျက်နှာနဲ့ ဆင်တူသော ကျောက်စိမ်းဘုရားဆင်းတုတော်ကို ယတြာသဘောနဲ့ ထုထားတယ်။


အဲဒီရုပ်တုကို ကုလအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီလည်း ရှိခိုးမိသွားပြီ။ တရုတ်သမ္မတ ရှီကျင့်ဖျင် လည်း ကန်တော့ပြီးသွားပြီ။


မင်းတရားကြီး ခွေးဘီလူးပါဆိုမှ..ဘုရင်ရူးလေ..။ လူကန်တော့အောင် ယတြာချေတာပေါ့။




ခွေးဘီလူးဟာ မြောက်ကိုရီးယားခေါင်းဆောင်တွေလို သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတယ်။


မြန်မာပြည် မြို့တော်ကို ကြပ်ပြေးဘက်ရွှေ့ပြီး နေပြည်တော်လို့ သမုတ်ခဲ့တယ်။


ဆိုလိုချင်တာ မင်းနေပြည်တော်ပေါ့လေ..။ သူကတော့ ပြည့်ရှင်မင်းတရားကြီးပေါ့။




မင်းတရားကြီး ခွေးဘီလူး ကတော် ဒေါ်မကြိုင်ကလည်း မယ်တော်ကြီးကြိုင် ဖြစ်ပါလေရော..။


၂၀၀၂ ခုက စပြီးအဓိပတိခေတ်က ဘုရင်မကြီးလိုနေပစ်လိုက်။


ကလေးတွေကို သမီးတော် မြေးတော် စတဲ့ ဘာဘာညာညာ အသုံးအနှုန်းတွေ လျှောက်သုံးပြီး စိတ်တိုင်းကျ ရူးတော့တာပဲ။




ခွေးဘီလူးမှာ သားသမီး ၈ ယောက်ရှိတယ်။ ကိုနိုင်စံရွှေ၊ ကိုထွန်းနိုင်ရွှေ၊ မဒေဝါရွှေ၊ မခင်ပြုံးရွှေ၊ မကြည်ကြည်ရွှေ၊ ကိုသန့်ဇော်ရွှေ၊ မအေးအေးသစ်ရွှေ၊ မသန္တာရွှေ..ရွှေ ရွှေ ရွှေ ရွှေ။


အဲဒီသားသမီးတွေက ခွေးဘီလူးရာထူးငယ်စဉ်ဘဝမှာ စစ်ကားနဲ့ ကျောင်းတက်တယ်၊ မာန်မာနထောင်လွှားခြင်းလည်းမရှိခဲ့ကြပါ။ခွေးဘီလူးငယ်ငယ်ကလိုပဲ။


ခွေးဘီလူးအာဏာရလာတော့ တိုင်းပြည်က ခိုးထားတဲ့ငွေတွေနဲ့ မိသားစုကို စိန်နဲ့စီပစ်လိုက်တာ..။




မင်းတရားကြီးခွေးဘီလူးရဲ့ မိသားစုဟာလည်းပြောင်းလဲသွားတော့တယ်။ လူတွေကိုဗိုလ်ကျတယ်၊ တနိုင်ငံလုံးက ပစ္စည်းကိုလည်း ကိုယ်ပိုင်ပစ္စည်းလို ထင်တိုင်းကျဲပြုမူတော့တယ်။


တချိန်က ရိုးရိုးကုတ်ကုတ်နေခဲ့တဲ့ သူ့ရဲ့သားသမီးတွေဟာ လောဘ အတောမသတ် ဖြစ်လာကြတယ်။


မင်းတရားကြီးခွေးဘီလူးနှင့် သူ၏ ခိုးသားမိသားစုပေါ့။




တစ်ခါတော့ ခွေးဘီလူးတို့ မိသားစု မေမြို့ (ပြင်ဦးလွင်) ကို သွားလည်ရင်း ကုန်တိုက်တခုကို ရောက်တော့ ကြိုက်ရာပစ္စည်းတွေ လက်ညှိုးထိုးယူခဲ့ကြတယ်။ ငွေတကျပ်မပြားမှ မပေးခဲ့ပါဘူး။


မယ်တော်ကြီးကြိုင်ဟာ သူတို့အဝတ်တွေကို စက်နဲ့ မလျှော်ဘဲ အောက်ခြေတပ်မှူးကတော်တွေ ကို ဆန်းလိုက်ဆပ်ပြာသုံးပြီ လက်နဲ့လျှော်ခိုင်းပြီး အနိုင်ကျင့်တယ်။




ခွေးဘီလူးရဲ့ အချစ်ဆုံးမြေးက ဖိုးလပြည့် ဆိုတဲ့ နေရွှေသွေးအောင်တဲ့။


၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင်အတွက် တပ်မတော်ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အဝယ်ခိုင်းခဲ့တာမျိုး..။ စင်ကာပူကို ဂျက်လေယာဉ်နဲ့ နေ့ချင်းပြန်ကျောင်းထားခဲ့တာမျိုး။


နေရွှေသွေးအောင်ရဲ့ ၁၆-နှစ်မြောက် မွေးနေ့ကလည်း ဆီဒိုးနား ဟိုတယ်မှာ တကယ့်ကို အကြီးအကျယ် ကျင်းပခဲ့သေး။


ဒီလို တိုင်းပြည်ရဲ့ငွေတွေကို ပလွှားသုံးဖြုန်းရင်း သူကလည်း အဆိုတော်တွေ၊ ရုပ်ရှင် မင်းသားတွေလို မြန််မာပြည်မှာ နာမည်ကိုကျော်လို့


ပြည်သူတွေကတော့ သူခိုးကြီး မင်းတရားကြီးရဲ့ မြေးကို စိန်မျောက်မျောက် လို့ခေါ်ကြတယ်။




ခွေးဘီလူးရဲ့ သမီး စိန်တွေညွှတ်နေအောင် ဆင်ထားတဲ့ သန္တာရွှေရဲ့ ၂ဝဝ၆ က မင်္ဂလာဆောင် ဗီဒီယိုခွေ က ပြည်သူတွေဆီ ပေါက်ကြားတဲ့ အခါ ပြည်သူတွေ သိသွားတယ်။


ဘာတဲ့စိန်စီသောည ဆိုလား။


ဒေသတွင်း နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကဆိုရင် ဗိုလ်ချုပ်မှူးကြီးရဲ့သမီးကိုကြည့်ရတာ ခရစ်စမတ်သစ်ပင်ကျနေတာပဲလို့ အရွှန်းဖောက်ပြီးပြောရလောက်တဲ့အထိပါ။


နေပူပူအောက်မှာ ထမင်းတစ်လုတ်မငတ်အောင် မနည်းကြိုးစားနေတဲ့ ပြည်သူတွေ၊ ငတ်ပြတ်လို့ လမ်းပေါ်ရောက်နေတဲ့ ကလေးတွေ ဗိုက်ဆာနေချိန်မှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြတဲ့ စစ်အစိုးရနဲ့ နီးစပ်သူ လူကုန်ထံတွေ၊ စီးပွါးရေးသမားတွေဟာ စိန်ရောင်၊ရွှေရောင်၊ ပတ္တမြားရောင် တလက်လက်..။


သူတို့က မင်းတရားကြီးခွေးဘီလူးနဲ့ မယ်တော်ကြီးကြိုင်ကို မျက်နှာလို မျက်နှာရ လက်ဖွဲ့ပစ္စည်း အမြောက်အများနဲ့ ဖားကြတယ်။


ဇိမ်ခံကားတွေ၊ အိမ်တွေ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတယ်။


လူတွေက စားရ သောက်ရမဲ့ ဖြစ်နေချိန်မှာ ဒေါ်လာတသန်း လောက် အကုန်အကျခံပြီး အခုလိုကျင်းပနိုင်တာကို မြန်မာပြည်သားတွေဟာ မခံမရပ်နိုင် ဒေါသထွက်ကြတယ်။


ဒါပေမဲ့ မြန်မာတွေ ပါးစပ်ပိတ်နေခဲ့ကြရတယ်။




ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်က မခွါ ဆက်တိုက်ရှိနေတော့ ခွေးဘီလူးအကြံတစ်မျိုးထပ်ထုတ်တယ်။


ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ဆိုတဲ့သူကို စစ်တပ်က အငြိမ်းစားယူခိုင်းထားလိုက်တယ်။


၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှာ ခွေးဘီလူးက သူ့ရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရာထူးကို နှုတ်ထွက်ပြီး သူ စီစဉ်ထားတဲ့အတိုင်း သိန်းစိန်ကို သမ္မတတင်တယ်။ 


အသက် ၆၀ ပြည့်လည်း အငြိမ်းစားမယူခဲ့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ရာထူးနဲ့ ၁၉ နှစ်တောင် နေသွားတာ။ 


ပြီးမှ စီနီယာ ဗိုလ်ချုပ်တွေကိုကျော်ပြီး ချစ်သော မင်းအောင်လှိုင်ကို အဲ့ဒီ ရာထူးပေးခဲ့။




အဘိုးကြီး ခွေးဘီလူးက အာဏာကိုစွန့်တာမဟုတ်ဘူး။ 


အနောက်နားမှာ ခဏဆုတ်နေလိုက်ပြီး မောင်အေး အားကိုးနဲ့ အပေါင်းအပါတို့ အာဏာရှင်ကစားပွဲတွေ ဆက်ဖို့ကြိုးစားတယ်။


အတိုင်ပင်ခံကောင်စီဆိုပြီး နေပြည်တော်မှာ ထပ်ဖွဲ့ပြီး သူဥက္ကဋ္ဌဆက်လုပ်မယ်ပေါ့။


ဒီတစ်ခါတော့ မောင်အေး ခွေးဘီလူး စကားနားမထောင်တော့ဘူး။


ဗိုလ်ချုပ် အောင်ဆန်းကိုပဲ အားကျသလိုလို .. ၊ ဒါမှမဟုတ် ကိုယ်မြို့ ကိုယ်ရွာမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဘ၀ နေဝင်ချိန်ကို ဖြတ်သန်းကြတဲ့ အမေရိကန် သမ္မတဟောင်းတွေကိုပဲ အားကျသလိုလို.. ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အလုပ်ကနားပြီး ဘုန်းကြီးဝတ်လိုက်တယ်။


သူက ဘိန်းဘုရင်တွေနဲ့ အလုပ်ဖြစ်ခဲ့သူဆိုတော့ ငွေကြေးကလည်း ပြည့်စုံနေပြီလေ။




အဲ့မှာ ခွေးဘီလူး တစ်ယောက်ဆည်းကျန်ခဲ့တာ။ 


ခွေးဘီလူး လက်မလျှော့သေးဘူး။ သိန်းစိန်၊မင်းအောင်လှိုင်နဲ့ ဇာတ်လမ်းဆက်တယ်။




သိန်းစိန်က ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတတက်လုပ်တယ်။ ပြီးတော့မှ တကယ့် အရပ်သား သမ္မတတွေ တက်လာတာပါ။


ခွေးဘီလူးမှာ မင်းအောင်လှိုင်ပဲကျန်ရစ်တယ်။




မင်းတရားကြီးခွေးဘီလူးဟာ မြန်မာပြည်ရဲ့ အမြင့်ဆုံးတစ်နေရာက ဖယ်ပေးလိုက်ရပြီး ၁၀ နှစ်အကြာ

10 years later


၂၀၂၁ ဖေဖေါ်ဝါရီမှာ မင်းအောင်လှိုင်ကို အများပြည်သူ မြင်ကွင်းကို ထွက်ပြီး အာဏာသိမ်းလိုက်တယ်။




အခုတော့ ခွေးဘီလူးနဲ့ သိန်းစိန် အဘိုးကြီး နှစ်ယောက်က မင်းအောင်လှိုင် အဘကြီးရဲ့ အနောက်နားမှာ ပြုံးပြုံး ပြုံးပြုံးနဲ့။


မြေခွေးခင်ညွန့်ကတော့ သူငယ်ပြန်သလိုလို.. အတိတ်မေ့သလိုလို ရူးချင်ယောင် ဟိုပြော ဒီပြောပေါ့..။




ဘာပဲဖြစ်ဖြစ် မင်းတရားကြီးခွေးဘီလူး ပျော်ပါတယ်။


၁၉၆၂ က ရှုမောင်ရဲ့ အီးနံ့ကိုရှုပြီး သူပါတဲ့ ချီးကို လတ်လတ်ဆပ်ဆပ် စားလိုက်တဲ့ မင်းအောင်လှိုင်ရဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေအတွက် သူ အမြဲ ဂုဏ်ယူနေမှာဖြစ်ပါတယ်။




ဒါပေမဲ့ သူ ရှုမောင်လို ဝဋ်တွေလည်မှာတော့ အမြဲစိုးရိမ်ပြီး အသက်ရှင်နေတယ်။


မြန်မာစစ်အာဏာရှင်တွရဲ့နှစ်ဟောင်းက အကြောင်းတွေပါ..။ 


၂၀၂၂ အထိ မလိုက်ခဲ့နဲ့။ 

နေရစ်ခဲ့ကြတော့..။


  


မရွှေမိုး-ကိုရီးယား

December 30th,2021. 


ကိုးကား-

ဦးသန်းရွှေ ( သို့မဟုတ်) နေပြည်တော်မင်းသားကြီးသန်းဝင်းလှိုင်

အောင်ဇော်- အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၅ - ဗိုလ်သန်းရွှေကို ဗိုလ်နေဝင်း ရာထူးတိုးပေးခြင်း

 မြန်မာပြည်က ပထမလေဒီ၊ ဦးသျှောင်တို့ရဲ့ မဟေသီများ

ဘိုဘို

ဘီဘီစီမြန်မာပိုင်း

၂၂ နိုဝင်ဘာ ၂၀၂၀

 ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ- အောင်လင်းထွဋ် ( ဆောင်းပါး )

သတင်းရင်းမြစ် _ ဧရာဝတီ

 ယောဟန်အောင်-ဗိုလ်ချုပ်သန်းရွှေအကြောင်း (ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

 အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၁၀ - ဗိုလ်သန်းရွှေ အာဏာရှင်ဖြစ်လာခြင်း- 

အောင်ဇော်

ဧရာဝတီ

11 March 2014

 မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၅)

gen-maung-aye-march-10-11-2 ဧရာဝတီ

 တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါနိုင်ခေတ်

16 August 2021

တပ်မတော်ကာကွယ်ကွယ်ရေး ဦးစီးချုပ်တဦး


(Zawgyi)


 မင္းတရားႀကီး ေခြးဘီလူး 




နာမည္က ေခြးဘီလူး။

ေညာင္ေျခေထာက္႐ြာကတဲ့။

၁ဝ တန္းေအာင္လား မေအာင္လားေတာင္ ဘယ္သူမွ သိပ္မသိဘူး။ တခ်ိဳ႕ကလည္း သူ႕ပညာအရည္အခ်င္းက ေလးတန္းလို႔ေျပာၾကတယ္။သူ႕ ငယ္ဘဝအေၾကာင္း စုံစမ္းရတာ အေတာ္ခက္တယ္။


သူကိုယ္တိုင္ကိုက ႏႈတ္ပိတ္ထားတာ။




ေခြးဘီလူးက ေက်ာက္ဆည္က လယ္သမားရဲ႕ သား။


ဆင္းဆင္းရဲရဲ အညတရ စာတိုက္စာေရးနဲ႕ သူ႕ ဘဝက စခဲ့တာပါ။

အဲဒီတုန္းက ျမန္မာနိုင္ငံလြတ္လပ္ေရးရၿပီး ျပည္တြင္းစစ္ေတြ ဆက္ျဖစ္ေနခ်ိန္ေပါ့။


စစ္သားေတြလိုေနတဲ့ အခ်ိန္ဆိုေတာ့ စာပို႔တဲ့ အလုပ္ တစ္ႏွစ္ေလာက္ပဲလုပ္ၿပီး ထြက္လိုက္တယ္။


၁၉၅၃ မွာ စစ္ထဲဝင္တယ္။

တပ္မေတာ္ အရာရွိ ေလ့က်င့္ေရးေက်ာင္း O.T.S အပတ္စဥ္ (၉)ေပါ့။ ေခြးဘီလူး ဒုဗိုလ္ျဖစ္တယ္။




ကံေကာင္းတာလား ကံဆိုးတာလား မသိဘူး။ ေခြးဘီလူး နဲ႕ ရႈေမာင္ ၁၉၈၅ ခုႏွစ္မွာေတြ႕ၾကပါေလေရာ။


ရႈေမာင္ ဆိုတာ ျမန္မာျပည္ကို ၁၉၆၂ မွာ စစ္အာဏာသိမ္းလိုက္တဲ့ စစ္အာအာဏာရွင္ တဏွာ႐ူး ဗိုလ္ခ်ဳပ္ ေနဝင္းေပါ့။


အဲဒီတုန္းက ရႈေမာင္က သူ႕ စစ္တပ္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႕ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ အသစ္ ေ႐ြးဖို႔ရွာေနတာတဲ့။


ရႈေမာင္က အရည္အခ်င္းျပည့္ဝတဲ့ စစ္ဘက္အရာရွိႀကီးေတြကို အလိုမရွိဘူး။ အလုပ္ျဖဳတ္ပစ္လိုက္ၿပီ။ 


ၿပီးေတာ့ ၁၀ တန္း မေအာင္၊ သူ႕စကားနားေထာင္မယ့္ လူပိန္း ေတြကို လိုက္ရွာေနတဲ့ အခ်ိန္ေပါ့..။

ငပိန္း ေခြးဘီလူးနဲ႕ေတြ႕တာ..။


ရႈေမာင္ ရွာတဲ့လူေတြက မထက္ျမက္တဲ့ ခပ္ညံ့ညံ့လူျဖစ္ရမယ္။ 

လူေကာင္း မျဖစ္ရဘူး။ သူ႕အေပၚ ေခြးတစ္ေကာင္လို သစၥာရွိရမယ္။ စစ္တပ္ထဲက အျခားဂိုဏ္းဂဏေတြနဲ႕ကင္းရွင္းရမယ္..။


ဒီအရည္အခ်င္းေတြ ေခြးဘီလူးမွာ အကုန္ရွိေတာ့ သူတို႔ၿငိၿပီ..။




အဲ့ဒီေန႕က ဒီလို..။


တိုင္းမႉးေတြ ေဆြးႏြေးေနၾကတဲ့ အခန္းထဲကို ရႈေမာင္က ဝင္လာတာ။


ေဟ့..မင္းတို႔ေတြထဲမွာ ဘယ္သူ အသက္ အငယ္ဆုံးလဲ တဲ့။ 


အားလုံးက ေခြးဘီလူး လို႔ ေျဖတယ္။


(ေခြးဘီလူးဆိုတာ ေနာင္ျဖစ္လာမယ့္ ဗိုလ္မႉးခ်ဳပ္ သန္းေ႐ႊကို သူငယ္ခ်င္းေတြ ေခၚၾကတဲ့ နာမည္ေျပာင္ျဖစ္ပါတယ္။)




ရႈေမာင္ဟာ ၁၀ တန္းအထိပဲ အရည္အခ်င္းရွိတဲ့ ေခြးဘီလူးကို သေဘာက်တယ္။ ရႈေမာင္ေနာက္ထပ္ သေဘာက်တဲ့သူက ခပ္ေအးေအးသမား ေစာေမာင္..။




ေစာေမာင္နဲ႕ ေခြးဘီလူးက တကၠသိုလ္လည္း မတက္ခဲ့ဖူးဘူးတဲ့သူေတြမို႔ ရႈေမာင္ နည္းနည္းေတာ့ စိတ္ပူတယ္။


သူ႕လက္ေအာက္က လူေတြကို


မင္းတို႔ သူ႕ကို ခက္ရင္း ဘယ္လိုကိုင္ရမယ္၊ ဓားကို ဘယ္လိုကိုင္ ရတယ္ဆိုတာ သင္ေပးရင္ေကာင္းမယ္။ မ်က္စိပြင့္ နားပြင့္ ျဖစ္လာေအာင္ သံတမန္ ဧည့္ခံပြဲေတြလည္း ေခၚသြားၿပီး သင္ခန္းစာ တစ္ခုမဟုတ္တစ္ခု ရေအာင္လုပ္ေပးၾက လို႔ သင္ခိုင္းတယ္။


ေစာေမာင္နဲ႕ ေခြးဘီလူးလည္း အဲ့က်မွ ဇြန္းေတြ ခက္ရင္းေတြ ဒါးေတြ ကိုင္ၿပီးစားေသာက္ဖူးတာ။


ရႈေမာင္က သူတို႔ႏွစ္ေယာက္ကို အဲဒီလို လက္သပ္ေမြးခဲ့တာပါ။




ဒါဟာ ေလာင္းကစားသမား ရႈေမာင္ ျမင္းမွားၿပီး ေလာင္းေၾကးထပ္မိတာပဲ။


ေခြးဘီလူးက ေနာင္တစ္ခ်ိန္မွာ သူ႕ကို ေနအိမ္အက်ယ္ခ်ဳပ္ထဲျပန္ခ်ထားၿပီး ေသြးအန္ၿပီးေသေအာင္ လုပ္မယ့္သူျဖစ္လာခဲ့တယ္..။


ေခြးဘီးလူးက ငယ္ငယ္ကတည္းက သိပ္ၿပီးလူေတာမတိုးဘူး။ ဟိုေခ်ာင္ကပ္ ဒီေခ်ာင္ကပ္ပဲ။ လူအျမင္မွာ မႈန္ကုတ္ကုတ္နဲ႕ ေရွ႕တန္းလည္းထြက္ေလ့မရွိဘူး။ ရႈေမာင္နဲ႕ စေတြ႕ေတာ့လည္း ရႈေမာင္နားမွာ ဟိုကုတ္ကုတ္ ဒီကုတ္ကုတ္ေပါ့..။




၁၉၈၈ မွာ ရႈေမာင္တို႔ မတရားခိုးတာ လက္လြန္ကုန္ေတာ့ ျမန္မာျပည္သူေတြက မခံနိုင္ေတာ့ဘူး။ အေရးေတာ္ပုံႀကီးျဖစ္ပါေလေရာ။


ရႈေမာင္က ေခြးဘီလူးတို႔ကို ျပည္သူေတြ သတ္ခိုင္းတယ္။


ဒါေပမဲ့ ၈၈ ျပႆနာက စစ္အာဏာရွင္ေတြထင္ခဲ့သလို မေသးေကြးခဲ့ဘူး။


သမၼတစန္းယုနဲ႕ ရႈေမာင္တို႔ ရာထူးက ႏႈတ္ထြက္ရတယ္။


သူတို႔ စိန္လြင္ကို သမၼတတင္တယ္။ဒါလည္းမရ ျပည္သူက စိန္လြင္ကို ထပ္ျဖဳတ္ခ်တယ္။


ေဒါက္တာေမာင္ေမာင္ကို သမၼတထပ္တင္တယ္။ ဒါလည္းမရ။ ျပည္သူေတြက ေဒါက္တာ ေမာင္ေမာင္ကို ထပ္ျဖဳတ္ခ်တယ္။


ျပည္သူေတြက သူတို႔သေဘာက်တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို လူထုေခါင္းေဆာင္ ျမႇောက္တယ္။


သူတို႔သေဘာက်တဲ့ ကိုမင္းကိုနိုင္ကို ေက်ာင္းသားဥကၠ႒ ျမႇောက္တယ္။


ဦးႏုကလည္း သူက တရားဝင္ယွဥ္ၿပိဳင္အစိုးရပါလို႔ ကမၻာကိုေၾကညာတယ္။


ရႈေမာင္တို႔ အခက္ေတြ႕ၿပီ။




အဲဒီမွာ ရႈေမာင္က သူ႕တပည့္ေက်ာ္ႀကီး ေစာေမာင္ကို စစ္အာဏာသိမ္းခိုင္းလိုက္တယ္။


ၿပီးေတာ့ နိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ (န-ဝ-တ) ဖြဲ႕တယ္။ ေစာေမာင္ကို ဥကၠ႒ေပးၿပီး ေခြးဘီလူးကို ဒုတိယဥကၠ႒ ေနရာေပးလိုက္တယ္။


ေခြးဘီလူး ေနရာရသြားတယ္။




ရႈေမာင္က သူ႕ တပည့္ရင္း ေျမေခြးခင္ၫြန႔္ကိုေတာ့ န-ဝ-တ အဖြဲ႕ရဲ႕ အတြင္းေရးမႉး(၁)ေပးလိုက္တယ္။


မိုက္႐ူးရဲ ေမာင္ေအးဆိုတဲ့သူကို နိုင္ငံေတာ္ ၿငိပ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ဝင္ (အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး)ေပးလိုက္တယ္။


ရႈေမာင္၊ ေစာေမာင္၊ ေခြးဘီလူး၊ ေျမေခြး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္တယ္။




ကာကြယ္ေရးဘက္မွာဆို ေစာေမာင္က ကာကြယ္ေရးဦးစီးခ်ဳပ္။


ေခြးဘီလူးက စစ္ဘုရင္ေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ ထြန္းၾကည္၊ ဗိုလ္ခ်ဳပ္ ေက်ာ္ဘ၊ ဗိုလ္ခ်ဳပ္ စိန္ေအာင္၊ ဗိုလ္ခ်ဳပ္ ျမင့္ေအာင္တို႔လို စစ္သားၾကမ္းႀကီးေတြကို ျဖတ္တက္ၿပီး ဒု ကာကြယ္ေရး ဦးစီးခ်ဳပ္ရာထူးရလာတယ္။


ေခြးဘီလူး ေနရာရသြားတယ္။




ေစာေမာင္က ရႈေမာင္သင္ေပးတဲ့အတိုင္း ေ႐ြးေကာက္ပြဲက်င္းပၿပီးရင္ အနိုင္ရပါတီကို အာဏာလႊဲမယ္၊ သူ စစ္တန္းလွ်ားျပန္မယ္ ဘာညာနဲ႕ ျပည္သူေတြကို ကတိေပး ႏွစ္သိမ့္တယ္။


မၾကာပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အနိုင္ရတယ္။


ဒါေပမဲ့ အာဏာလႊဲေျပာင္းေပးဖို႔ အျခားဗိုလ္ခ်ဳပ္ေတြက သေဘာမတူခဲ့ပါ။ ေစာေမာင္ ၾကားထဲက ဗ်ာမ်ားလာတယ္။


ဒီၾကားထဲ ေစာေမာင္ကို ေခြးဘီလူးနဲ႕ အေပါင္းအပါက လုပ္ႀကံတယ္။ ေစာေမာင္ရဲ႕ စိတ္က်န္းမာေရးကမေကာင္းေတာ့ဘူး။ သူတို႔ ေစာေမာင္ကို ႐ူးေအာင္လုပ္တယ္။




ေစာေမာင္ ႐ူးေနၿပီဆိုၿပီး ေစာေမာင္ လက္ထဲကေန ေခြးဘီလူးက ေစာေမာင္ရဲ႕ရာထူးကို လႊဲယူလိုက္တယ္။


ေစာေမာင္တကယ္ပဲ႐ူးတာလား၊ ေခြးဘီလူးပဲ အ႐ူးေဆးထိုးေပးလိုက္သလား ေခြးဘီလူးပဲ အသိဆုံးျဖစ္မွာပါ။




၁၉၉၂-ခုႏွစ္၊ ဧၿပီလ ၂၃ ရက္။


ေခြးဘီလူးက ေစာေမာင္ ေနရာကိုယူလိုက္ၿပီျဖစ္တဲ့အေၾကာင္း အသံလႊင့္ဌာနက ေၾကညာခဲ့တယ္။ ဒါကို ေစာေမာင္တို႔ မိသားစုက နားေထာင္လိုက္ရပုံ မရဘူး။


ဒါေၾကာင့္ ေစာေမာင္ ေနာက္တေန႕နံနက္မွာ ဘာမွမသိဘဲ ႐ုံးသြားဖို႔ ျပင္ေနတာေပါ့။


ေစာေမာင္ အျပင္ကိုထြက္လိုက္ေတာ့သူ႕ အိမ္ပတ္ပတ္လည္မွာ စစ္သားေတြ ပတ္လည္ဝိုင္းထားၿပီ။


အဲ့က်မွ ေစာေမာင္ သေဘာေပါက္တယ္။ သူ႕ကို ေနအိမ္ အက်ယ္ခ်ဳပ္ ဖမ္းထားၿပီဆိုတာ..။


ေစာေမာင္ ေဒါသအႀကီးအက်ယ္ ထြက္သြားတယ္။


သူ႕ရဲ႕ ကိုယ္ေရးအရာရွိေတြနဲ႕ အိမ္သားေတြကို ေအာ္ဟစ္ေခၚၿပီး မိန္းမကို အလံျပဘုရားလမ္းမွာရွိတဲ့ စစ္႐ုံးခ်ဳပ္ကို အျမန္ဆုံးသြားေျပာၾကဖို႔ လႊတ္လိုက္တယ္။


ေစာေမာင္ရဲ႕ မိန္းမ ေဒၚေအးရီကလည္း အေတာ့္ကို ေဆြ႕ေဆြ႕ခုန္သြားတယ္။


ေဒၚေအးရီ စစ္႐ုံးေပၚသို႔ တက္လာၿပီး  က်မ လုံးဝမေက်နပ္ဘူး၊ ရွင္တို႔ မတရား လုပ္တာ၊ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းကို သြားတိုင္မယ္ လို႔ေအာ္ဟစ္တယ္။


ေဒၚေအးရီ ႐ုံးေပၚက ဆင္းသြား ေတာ့ စစ္႐ုံးကလူေတြ တေယာက္တေပါက္နဲ႕ ေျပးရမလိုလို..ေၾကာက္ကုန္ၾကပါေလေရာ..။


 ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္ ေသနတ္ကိုင္ၿပီးတက္လာရင္ ဘယ္လို လုပ္ၾကမလဲ


အဲဒီအခ်ိန္မွာ ရႈေမာင္ရဲ႕ အားအကိုးရဆုံး ေျမေခြး ခင္ၫြန႔္က  ဘာမွမပူပါနဲ႕၊ ဗိုလ္ခ်ဳပ္မႉး ႀကီးေစာေမာင္ရဲ႕ ေသနတ္ထဲမွာ က်ဳပ္ ယမ္းႏႈတ္ထားတယ္။ ယမ္းမပါတဲ့ က်ည္ဆံေတြပဲထည့္ထားတာ ။ စိတ္ေအးေအးထားၾက တဲ့။




ေဒၚေအးေအးရီသြားတိုင္လည္း အလကားပဲ။ ေခြးဘီလူး၊ရႈေမာင္၊ ေျမေခြးတို႔က တိုင္ပင္ၿပီးသား။

ေစာေမာင္ကို ဝိုင္းက်ဥ္လိုက္ၾကၿပီ။


ရႈေမာင္၊ ေခြးဘီလူး၊ ေျမေခြး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္လုပ္ၾကတယ္။




ဒီလိုနဲ႕ ၁၉၉၂ မွာ ေခြးဘီလူးဟာ ေစာေမာင္ကိုျဖဳတ္ခ်ၿပီး န.ဝ.တ ဥကၠ႒ရာထူးယူ ၊ရွိၿပီးသား ကာကြယ္ေရးဦးစီးခ်ဳပ္ရာထူးကိုလည္း ဆက္ယူတယ္။


ေခြးဘီလူးက အကြက္ေစ့တယ္။


ေနာက္ပိုင္း ဗိုလ္ခ်ဳပ္မႈးႀကီး ဆိုလား.. ကမၻာမွာေရာ ျမန္မာျပည္မွာေရာ တစ္ခါမွ မရွိဘူးတဲ့ ရာထူးကိုထပ္ယူေသးတယ္။


ရာထူး၊ အာဏာ၊ ေငြေတြနဲ႕ ေခြးဘီလူး. ႐ူးၿပီ။


ဒါနဲ႕သူ မင္းတရားႀကီး ေခြးဘီလူး ျဖစ္သြားတယ္။




မင္းတရားႀကီး ေခြးဘီလူး က သူအာဏာစရၿပီးေနာက္ပိုင္း ၁၉၉၂ ကတည္းက တပ္မေတာ္အင္းအားရွိမွ တိုင္းျပည္အင္းအားရွိမယ္ဆိုၿပီးေတာ့ ေႂကြးေၾကာ္ၿပီး တပ္မေတာ္အင္အားကို တိုးခ်ဲ့ေတာ့တယ္။


စစ္တပ္ဆိုတာက ေထာင္လိုပဲ..၊ တေယာက္အရည္အေသြး တေယာက္ အကဲခတ္ ဆုံးျဖတ္ရင္ ဘယ္ေလာက္မိုက္ခဲ့သလဲ၊ လူဘယ္ေလာက္ သတ္ခဲ့သလဲဆိုတဲ့ မိုက္ဂုဏ္နဲ႕သာ တိုင္းတာၾကတာမဟုတ္လား။


မင္းတရားႀကီး ေခြးဘီလူးက တိုက္ေရးခိုက္ေရးသမိုင္းမရွိေတာ့ တခ်ိဳ႕တိုင္းမႉး၊ တပ္မမႉးေတြက အထင္မႀကီးဘူးေပါ့။


ေခြးဘီလူးက သိတာေပါ့။ ေမာင္ေအးကို ေခၚထားတယ္ေလ။ ေမာင္ေအးက အရက္သာ အၿမဲေသာက္ၿပီးမူးေနတတ္တာ၊ ဒါေပမယ့္ မိုက္ဂုဏ္ရွိတယ္။ ေနာက္ၿပီး ေျမေခြးကိုေခၚထားတယ္။ ေျမေခြးက ရက္စက္တယ္။


မင္းတရားႀကီး ေခြးဘီလူးဟာ မာစတာဘရိမ္းသမားပါ..။




လက္႐ုံးအားကိုးနဲ႕ တိုင္းရင္းသားေတြအေပၚဆို အလြန္တရာ ရက္စက္ အနိုင္က်င့္တဲ့ ဒုခ်ဳပ္ ေမာင္ေအးကလည္း ေခြးဘီလူးနဲ႕ ေတြ႕ရင္ေတာ့ သူ႕နာမည္နဲ႕လိုက္ေအာင္ ေအးေဆး ၿငိမ္သက္..။


အမိုက္ခံရမယ့္ ကိစၥေတြကို ေခြးဘီးလူးက ေမာင္ေအးကို ခိုင္းတယ္။


အေရးႀကီးတဲ့ ကိစၥေတြမွာေတာ့ ဒုခ်ဳပ္ ေမာင္ေအးကို လူစာရင္းေတာင္ မသြင္းဘူး။


ေခြးဘီလူးအတြက္ေတာ့ ေမာင္ေအးဟာ အဆိပ္မရွိတဲ့ ေရေႁမြလို႔ သူတြက္ထားခဲ့...။




မင္းတရားႀကီး ေခြးဘီလူးဟာ တပ္မေတာ္ကို စည္းမ်ဥ္း နည္းဥပေဒေတြနဲ႕ မသြားေတာ့ဘဲ သူႀကိဳက္တဲ့သူေတြ ရာထူးတိုးေပးတယ္၊ သူမႀကိဳက္ရင္ နယ္ေျပာင္းပစ္တာတို႔ ထုတ္တာတို႔ စိတ္ႀကိဳက္လုပ္တာပဲ။


စီနီယာဗိုလ္ခ်ဳပ္ေတြကို ျဖဳတ္ပစ္တယ္။ ၿပီးေတာ့ သူႀကိဳက္တဲ့ 

မင္းေအာင္လွိုင္ကို ဦးစီးခ်ဳပ္ရာထူး လႊဲေျပာင္းေပးခဲ့တယ္။


မင္းတရားႀကီး ေခြးဘီလူးဟာ တပ္ကို ကိုယ္ပိုင္ပစၥည္းတစ္ခုလို သူ လုပ္ခ်င္သလို လုပ္ခဲ့တာပါ။




ေခြးဘီလူးဟာ လစ္ဗ်ားေခါင္းေဆာင္ ကဒါဖီကို ေခတ္နဲ႕ အမွီလိုက္တယ္။ အၿပိဳင္အဆိုင္ ရက္စက္ ယုတ္မာတာေပါ့။


၈၈ ၿပီးသြားေတာ့လည္း သူ ရက္ရက္စက္စက္သတ္ခဲ့တဲ့ ျပည္သူေတြ နည္းတာမဟုတ္ဘူး။ တိုက္ရိုက္၊ သြယ္ဝိုက္ အမိန႔္ေပးခဲ့တာေတြေရာ..။




မင္းတရားႀကီး ေခြးဘီလူး တိုက္ရိုက္ အမိန့္ေပးခဲ့တာ သက္ေသ လက္ဆုပ္လက္ကိုင္ျပနိုင္တာေတြရွိတယ္။


၁၉၉၃ ခုႏွစ္ ဧၿပီလမွာ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ ေမာင္းေတာ နယ္ေျမမွာေပါ့။ 


အဲဒီတုန္းက မွာ ရိုဟင္ဂ်ာသူပုန္ဆိုၿပီးအရပ္သား စုစုေပါင္း လူ ၄၀၀ ေက်ာ္ကို အရွင္ဖမ္းမိတယ္။


ေခြးဘီလူးကို သတင္းပို႔ေတာ့ သူက ကုလားေတြ၊ လူမွမဟုတ္တာ၊ ရွင္းပစ္ တဲ့။


သူ အဲ့ဒီလို အမိန့္ေပး သတ္ခိုင္းတဲ့သူက အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ဝင္းျမင့္ (ေနာင္ အတြင္းေရးမႉး ၃၊ စစ္ေရးခ်ဳပ္ ဒု ဗိုလ္ခ်ဳပ္ႀကီး ဝင္းျမင့္) ျဖစ္ပါတယ္။




ေနာက္တစ္ႀကိမ္က ၁၉၉၆ ခုႏွစ္။

တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး နယ္ေျမေတြျဖစ္တဲ့ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ပဲခူးတိုင္း၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္းေတြမွာေပါ့။


ေခြးဘီလူးက စစ္တပ္အင္အားေတြကိုသုံးၿပီး ႐ြာေတြေ႐ႊ႕ခိုင္းတယ္။


႐ြာသားေတြ စကားနားမေထာင္ရင္ အစိတ္သား (၂၅ က်ပ္သား) ဝမ္းဗိုက္ထဲက ကေလးေတာင္မခ်န္နဲ႕လို႔ အျပတ္ရွင္းဖို႔ အမိန႔္ေပးခဲ့တယ္။




၁၉၉၈ ခုႏွစ္ ေမလ။


ခရစၥတီးကြၽန္းမွာ အျပစ္မဲ့အရပ္သား အမ်ိဳးသား၊ အမ်ိဳးသမီး၊ ကေလး ၈၁ ေယာက္တို႔ကို သတ္ပစ္ဖို႔ ေခြးဘီလူးက အမိန့္ေပးခဲ့တယ္။


သူ အမိန့္ေပးခဲ့သူက ဗိုလ္ခ်ဳပ္ ၾကည္မင္း (ေရတပ္ ဦးစီးခ်ဳပ္ေဟာင္း)၊ ဗိုလ္ခ်ဳပ္ ျမင့္ေဆြ (ေလတပ္ ဦးစီးခ်ဳပ္ေဟာင္း)၊ ဗိုလ္ခ်ဳပ္ သူရျမင့္ေအာင္ (စစ္ေရးခ်ဳပ္ေဟာင္း)၊ ဗိုလ္မႉးႀကီး ေဇာ္မင္း (အမွတ္ ၁ လွ်ပ္စစ္ ဝန္ႀကီး) တို႔ျဖစ္ပါတယ္။


အဲဒီခရစၥတီးကြၽန္းလူသတ္ပြဲမွာ ဒီအေၾကာင္းေရးသူ ဗိုလ္မႉးေဟာင္း ေအာင္လင္းထြဋ္ကိုယ္တိုင္ ရွိေနတာေၾကာင့္ သူက သက္ေသထြက္ဆိုနိုင္ပါတယ္။




ဘယ္သူ ဘယ္ဝါ မေသခ်ာေပမဲ့ အတြင္းေရးမႉး (၂) ဒုဗိုလ္ခ်ဳပ္ႀကီး တင္ဦးဟာလည္း ၂၀ဝ၁ ခုႏွစ္ထဲမွာ ရဟတ္ယာဥ္ ပ်က္က်ေအာင္လုပ္ၿပီး လုပ္ႀကံခံလိုက္ရတယ္။




ေခြးဘီလူးကေတာ့ သူ႕ကို လုပ္ႀကံၿပီး အာဏာျပန္ယူ ဖို႔ႀကိဳးစားတဲ့ ရႈေမာင္တို႔မိသားစုကို ႀကိဳးတိုက္ထဲထည့္ၿပီး ရႈေမာင္ကို အက်ယ္ခ်ဳပ္ထားလိုက္တယ္။ ၂၀၀၂ မွာ ရႈေမာင္ေသတယ္။


ေခြးဘီလူး၊ ေျမေခြး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္လုပ္ၾကတယ္။




၂၀၀၃ ခုႏွစ္ ဒီပဲရင္းကိစၥမွာ ေခြးဘီလူး ကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ကို လုပ္ႀကံဖို႔ ဗိုလ္ခ်ဳပ္ စိုးဝင္း (ဝန္ႀကီးခ်ဳပ္ေဟာင္း)၊ ဦးေအာင္ေသာင္း (စက္မႈ ၁ ဝန္ႀကီး) တို႔ကို ခိုင္းခဲ့တယ္။


ဒီကိစၥနဲ႕ ပတ္သက္လို႔ ေထာက္လွမ္းေရးေဟာင္းေတြ၊ တပ္မေတာ္အရာရွိေတြ၊ ရဲအရာရွိေတြက သက္ေသ ထြက္ဆိုနိုင္ပါတယ္လို႔ ဗိုလ္မႉးေဟာင္း ေအာင္လင္းထြဋ္ကေျပာျပတယ္။




ေမာင္ေအးကလည္း ေခြးဘီလူး သူ႕ကို ရွင္းပစ္ခံရမွာကို အၿမဲေၾကာက္ေနခဲ့တယ္။ ဒါေပမဲ့ ေခြးဘီလူးဟာ သူနဲ႕ ၿပိဳင္ဘက္လို နာမည္ႀကီးလာတဲ့ ေျမေခြးခင္ၫြန့္ ကိုပဲ ရွင္းပစ္ဖို႔ စဥ္းစားတာပါ။


လူသတ္လုပ္ႀကံတဲ့ေနရာမွာ အရမ္းေတာ္လာတဲ့ ေျမေခြးဟာ သူ႕ဘက္လွည့္လာနိုင္တယ္ဆိုတာ သူသိတယ္။




ေခြးဘီလူးဟာ သူ႕ဆရာရႈေမာင္လိုပဲ ေဗဒင္ေတြ ယၾတာေတြကိုလည္း အရမ္းယုံၾကည္တဲ့သူတစ္ေယာက္ေပါ..။


တစ္ခါကဆို ယၾတာေခ်ဖိဳ႕အတြက္ကို သူကိုယ္တိုင္ခ်ိတ္ထမီႀကီးဝတ္လို႔ တျခားဗိုလ္ခ်ဳပ္ေတြအားလုံးကိုပါ ခ်ိတ္ထမီဝတ္ခိုင္းၿပီး အခမ္းအနားတက္ခိုင္းခဲ့တာလည္း တိုင္းသိျပည္သိႀကီးပါ။ 


သူသမၼတရာထူးေပးခဲ့တဲ့ သိန္းစိန္အပါအဝင္ ဗိုလ္ခ်ဳပ္အေတာ္မ်ားမ်ား ခ်ိတ္ထမီႀကီးဝတ္လို႔ အဲ့ဒီအခမ္းအနားမွာ ပါဝင္ခဲ့ၾကရပါတယ္။




စစ္အာဏာရွင္ မိန္းမေတြရဲ႕ က႑လည္းရွိပါေသးတယ္။


၁၉၅၆ တုန္းက ေခြးဘီလူးက မႀကိဳင္ဆိုတဲ့ မုဆိုးမနဲ႕ တရားဝင္ အိမ္ေထာင္က်တယ္။


သူ႕မိန္းမနာမည္ ေဒၚမႀကိဳင္ကေန ေဒၚႀကိဳင္ႀကိဳင္ပါဆိုၿပီးေျပာင္းေခၚေစခဲ့တယ္။


ေဒၚမႀကိဳင္ဖက္က အရင္အိမ္ေထာင္နဲ႕ပါလာတဲ့သားက ဘိုးေတာ္လို႔နာမည္ေက်ာ္ေနသူ ကိုေမာင္ေမာင္ဆိုသူျဖစ္ပါတယ္။




ေခြးဘီလူးရဲ႕ မိန္းမ ေဒၚမႀကိဳင္နဲ႕ ေမာင္ေအးရဲ႕ မိန္းမ ေဒၚျမျမစန္းတို႔က ေျမေခြးရဲ႕မိန္းမ ေဒၚခင္ဝင္းေ႐ႊကို သိပ္မုန္းတာ။


ေျမေခြး ရဲ႕ မိန္းမကဆရာဝန္ေလ။ လူမႈေရးအဖြဲ႕အစည္း ေတာ္ေတာ္မ်ားမ်ားရဲ႕ ဥကၠ႒..။ ပြဲဝင္နိုင္တဲ့မိန္းမ။


ေျမေခြးတို႔ လင္မယားက ေခြးဘီလူးတို႔ လင္မယားကို အႏွစ္မရွိသူေတြ၊ ၿငီးေငြ႕ဖြယ္ေကာင္းၿပီး ပညာမတတ္တဲ့ သူေတြလို႔ အထင္ေသးတယ္။


ေမာင္ေအးရဲ႕ မိန္းမ ေဒၚျမျမစန္းက ေျမေခြးတို႔ လင္မယားနဲ႕ ပတ္သက္တဲ့ အတင္းအဖ်င္းေတြကို ေခြးဘီလူးတို႔လင္မယားကို သြားေျပာ ရန္တိုက္ေပး အလုပ္ေတြရႈပ္ေတာ့တာေပါ့။


သူတို႔ ေျမေခြးရဲ႕ မိန္းမကို တိုက္ခိုက္ဖို႔အတြက္ ေလာကီပညာ ေအာက္လမ္းနည္းေတြကိုေတာင္ သုံးသတဲ့။


ေယာက္်ား ေယာက္်ားခ်င္း၊ မိန္းမ မိန္းမခ်င္း ရန္ေစာင္ေနၾကတဲ့ပြဲ..။




အမွန္ေတာ့ ေခြးဘီလူးနဲ႕ ေမာင္ေအးက ၂ ေယာက္ေပါင္းရင္ေတာင္ နိုင္ငံတကာ ေရးရာေတြမွာ ေျမေခြးေလာက္ ပညာသင္ၾကားခြင့္ မရခဲ့သလို နိုင္ငံျခား ခရီးစဥ္ေတြလည္း အမ်ားႀကီး မသြားခဲ့ဖူးဘူး။


ဒါေပမဲ့ ေခြးဘီလူးနဲ႕ေမာင္ေအးက တိုက္ခိုက္ေရး တပ္မႉးေတြနဲ႕ တိုင္းမႉးေတြ အားလုံးကို စည္း႐ုံးထားနိုင္တဲ့ အခ်က္ကသာတယ္။


ေနာက္ဆုံးေတာ့ ေခြးဘီလူးရဲ႕ စစ္တပ္နဲ႕ ေျမေခြးရဲ႕ ေထာက္လွမ္းေရးအဖြဲ႕ရဲ႕ၾကားက တင္းမာမႈကလည္း ညွိႏွိုင္းေစ့စပ္လို႔ မရနိုင္တဲ့ အေျခအေနအထိ ေရာက္လာတယ္။




စစ္တပ္ထဲမွာရွိသူ အားလုံးဟာ ေျမေခြးတို႔ ေထာက္လွမ္းေရးအဖြဲ႕ ဖယ္ရွားခံလိုက္ရတာနဲ႕ ရွန္ပိန္ပုလင္းေဖာက္ၿပီး ေအာင္ပြဲခံရမယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။




ဒါကို ေျမေခြးရဲ႕ လူယုံ နိုင္ငံျခားေရးဝန္ႀကီး ဦးဝင္းေအာင္ကလည္း ရိပ္မိတယ္။ သူတို႔ဟာ အႏၱရာယ္ၾကားထဲ ေရာက္ေနၿပီဆိုတာ..။


တိုင္းျပည္ကေန ထြက္ေျပးဖို႔ လိုေနၿပီလို႔ အာဆီယံ နိုင္ငံျခားေရး ဝန္ႀကီးေတြကို အကူအညီေတာင္းခဲ့တယ္။


ဒါေပမယ့္ ျမန္မာနိုင္ငံရဲ႕ အိမ္နီးခ်င္းနိုင္ငံေတြက ဓားခုတ္ရာ လက္ဝင္မလွ်ိုဘူး..။ 


သံတမန္ဆက္ဆံေရး ထိခိုက္ပ်က္ျပားမွာစိုးလို႔တဲ့။


ေျမေခြးတို႔အဖြဲ႕ဟာ ေသေန႕ကို ထိုင္ေစာင့္ေနရသလိုျဖစ္ေနခဲ့..။




၂၀ဝ၄ ခုႏွစ္ ေအာက္တိုဘာလ ၁၉ ရက္ေန႕။


ေခြးဘီလူးက ေမာင္ေအးကိုလႊတ္ၿပီး ေျမေခြးကို ဖမ္းဆီးေထာင္ခ်ခိဳင္းလိုက္တယ္။


ေခြးဘီလူး နဲ႕ ေမာင္ေအးဟာ ေနာက္နာရီ အနည္းငယ္အတြင္းမွာပဲ ေျမေခြးရဲ႕ ေထာက္လွမ္းေရး တပ္ဖြဲ႕ေတြ အားလုံးကို ဝင္ေရာက္စီးနင္းခဲ့ၿပီး ဖ်က္သိမ္းပစ္လိုက္တယ္။ စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႕လို႔ အမည္ေျပာင္းတယ္။


ရႈေမာင္လည္း မရွိေတာ့ အားကိုးရာမဲ့ ေျမေခြးတို႔ဟာ ျပန္လည္ခုခံနိုင္မႈ လုံးဝ မရွိခဲ့ပါ။


အဲ့ဒီနည္းနဲ႕ ေခြးဘီလူးရဲ႕ လက္ေအာက္ကို စစ္တပ္ေရာ၊ ေထာက္လွမ္းေရးေရာ ၂ ခုလုံး အျပည့္အဝေရာက္သြားတာေပါ့။




ေျမေခြးကို အမိန႔္မနာခံမႈ၊ အက်င့္ပ်က္ ျခစားမႈေတြနဲ႕ ဘာညာေတြနဲ႕ အေရးယူၿပီး အင္းစိန္ေထာင္ကို ပို႔လိုက္တယ္။ ဥပေဒရဲ႕အထက္မွာ ဘယ္သူမွ မရွိဘူးေပါ့။


ေျမေခြးဟာ လူေတြအမ်ားႀကီးကို သူကိုယ္တိုင္ထိုးထည့္ခဲ့တဲ့ အင္းစိန္ေထာင္ ေရာက္တဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္ကို ထိန္းသိမ္းဖို႔အတြက္ သူ႕ရဲ႕အမိန႔္နဲ႕ ေဆာက္လုပ္ခဲ့တဲ့ ဘန္ဂလိုေလးမွာ သူျပန္ေနခဲ့ရတယ္။ ဝဋ္ေတြလည္ၾကတာ..။




ေနာက္ေတာ့ ေျမေခြးကို ဆိုင္းငံ့ေထာင္ဒဏ္ ၄၄ ႏွစ္ ခ်မွတ္လိုက္ၿပီး ေနအိမ္မွာ အက်ယ္ခ်ဳပ္နဲ႕ ထားခဲ့တယ္။


ေခြးဘီလူး၊ ေမာင္ေအး နဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္လုပ္ၾကတယ္။




၂၀၀၇ ခုႏွစ္ စက္တင္ဘာလမွာ ဘုရားသားေတာ္ေတြကို အရွင္လတ္လတ္ မီးရွို႔ သတ္ျဖတ္ညွင္းဆဲတဲ့ ကိစၥကလည္း ကမၻာေက်ာ္ပဲ။


မင္းတရားႀကီး ေခြးဘီလူးဟာ အာဏာနဲ႕ပတ္သက္ရင္ သံဃာလည္းမေရွာင္ဘူး။




၂၀၀၈ ခုႏွစ္ ေမလ၊ဧရာဝတီတိုင္းနဲ႕ ရန္ကုန္တိုင္းမွာ လူေပါင္း ၁၃၈၀၀၀ ေက်ာ္ ေသဆုံးေစတဲ့ နာဂစ္ဆိုင္ကလုံးမုန္တိုင္းႀကီးျဖစ္ခဲ့တယ္။


အဲဒီတုန္းက မုန္တိုင္းသင့္ေဒသ တစ္ဝိုက္ဟာ `စစ္ေျမျပင္ တစ္ခုလို..။ မိလႅာပိုက္လိုင္းေတြ ေပါက္ထြက္လာတာမို႔ ေျမျပင္တစ္ခုလုံးမွာ အညစ္အေၾကးမစင္ေတြ၊ အေလာင္းေတြ..။


ေခြးဘီလူးဟာ နိုင္ငံတကာ အကူအညီမ်ား ဝင္ေရာက္ခြင့္ကို ျငင္းပယ္ခဲ့တယ္။


သဘာဝေဘးအႏၱရာယ္ေၾကာင့္ ျပည္သူေတြ ေသေၾက ငတ္ျပတ္ေနတုန္း(၂၀၀၈ ခုႏွစ္ ေမလ ၁၀ ရက္) မွာ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲ အတင္းလုပ္ခဲ့တဲ့ မိစ္ဆာႀကီး..။


မင္းတရားႀကီး ေခြးဘီလူးဟာ ျပည္သူ႕ အေလာင္းေတြေပၚမွာ ငုတ္တုတ္ထိုင္ၿပီး ၂၀၀၈ ေျခ/ဥ ကိုအတည္ျပဳခဲ့..။




ေခြးဘီလူးက သူ မတရားျပစ္မႈေတြ အမ်ားႀကီး က်ဴးလြန္ထားတဲ့အတြက္ေၾကာင့္ နိုင္ငံတကာတရား႐ုံးကို အရမ္းေၾကာက္တယ္။


ဒါေၾကာင့္ ေခြးဘီလူးဟာ ခိုးေၾကာင္ခိုးဝွက္နဲ႕ ကိုယ့္ကိုယ္ကိုယ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးထားတဲ့ ဥပေဒကို ၂၀၀၈ အေျခခံဥပေဒမွာ ထည့္ခဲ့တယ္။




ေခြးဘီလူးတို႔ အာဏာရွင္တစ္သိုက္ရဲ႕ အရႈပ္ေတာ္ပုံကို ျမန္မာနိုင္ငံသားေတြက တိုင္းျပည္အုပ္ခ်ဳပ္ ေနသူေတြဟာ လူသတ္သမားေတြ ေတာင္မကဘူး သူခိုးေတြ၊ ဓားျပေတြအထိ ျဖစ္ေနၿပီဟာသလုပ္ၾကတယ္ ။


ေခြးဘီလူးဟာ သူ႕ရဲ႕ ပုဂၢိုလ္ေရး ၿပိဳင္ဘက္ေတြအားလုံး ေသတဲ့သူေသ၊ ေဘးေရာက္တဲ့သူေရာက္ ျဖစ္သြားလို႔ စိတ္ေအးသြားတယ္။


က်န္တာတာ သူ႕ ရာထူးတည္ၿမဲေရးအတြက္ နိုင္ငံေရးဘက္ နဲ႕ တိုင္းျပည္ကေငြေတြ အိတ္ထဲႀကဳံးထည့္ဖို႔ကို အားစိုက္ေတာ့တယ္။




ေခြးဘီလူးဟာ သူအာဏာယူထားတဲ့ အခ်ိန္မွာ သူ႕ကိုယ္သူ အမႊမ္းတင္ဖို႔ ဝါဒျဖန႔္ခိုင္းတယ္။ အဲဒီဝါဒထဲက တစ္ခုက သူကိုယ္တိုင္ သာလြန္မင္းတရားႀကီးဝင္စားတာတဲ့ ..။


အဲဒီမွာ ေခြးဘီလူးရဲ႕ ဘုရင္႐ူးတဲ့ ေရာဂါကို ျပည္သူေတြသိလာတာပဲ။




စစ္အာဏာရွင္အသိုင္းအဝိုင္းက 

'အာဏာတည္ေစ'၊ 'ပလႅင္ၿမဲေစ' ေစတီေတြကို ေနျပည္ေတာ္ပ်ဥ္းမနားအနီး မင္းဝင္ေတာင္က စိႏၱာမုနိေက်ာင္းတိုက္ထဲမွာရွိေနတယ္။


ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္မ်က္ႏွာစာမွာေတာ့ ေခြးဘီလူးဟာ သူ႕ မ်က္ႏွာနဲ႕ ဆင္တူေသာ ေက်ာက္စိမ္းဘုရားဆင္းတုေတာ္ကို ယၾတာသေဘာနဲ႕ ထုထားတယ္။


အဲဒီ႐ုပ္တုကို ကုလအထူးကိုယ္စားလွယ္ အီဘရာဟင္ ဂမ္ဘာရီလည္း ရွိခိုးမိသြားၿပီ။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ လည္း ကန္ေတာ့ၿပီးသြားၿပီ။


မင္းတရားႀကီး ေခြးဘီလူးပါဆိုမွ..ဘုရင္႐ူးေလ..။ လူကန္ေတာ့ေအာင္ ယၾတာေခ်တာေပါ့။




ေခြးဘီလူးဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ေတြလို သူ႕ဓာတ္ပုံကို အစိုးရ႐ုံးေတြမွာ ခ်ိတ္ခိုင္းတယ္။


ျမန္မာျပည္ ၿမိဳ႕ေတာ္ကို ၾကပ္ေျပးဘက္ေ႐ႊ႕ၿပီး ေနျပည္ေတာ္လို႔ သမုတ္ခဲ့တယ္။


ဆိုလိုခ်င္တာ မင္းေနျပည္ေတာ္ေပါ့ေလ..။ သူကေတာ့ ျပည့္ရွင္မင္းတရားႀကီးေပါ့။




မင္းတရားႀကီး ေခြးဘီလူး ကေတာ္ ေဒၚမႀကိဳင္ကလည္း မယ္ေတာ္ႀကီးႀကိဳင္ ျဖစ္ပါေလေရာ..။


၂၀၀၂ ခုက စၿပီးအဓိပတိေခတ္က ဘုရင္မႀကီးလိုေနပစ္လိုက္။


ကေလးေတြကို သမီးေတာ္ ေျမးေတာ္ စတဲ့ ဘာဘာညာညာ အသုံးအႏႈန္းေတြ ေလွ်ာက္သုံးၿပီး စိတ္တိုင္းက် ႐ူးေတာ့တာပဲ။




ေခြးဘီလူးမွာ သားသမီး ၈ ေယာက္ရွိတယ္။ ကိုနိုင္စံေ႐ႊ၊ ကိုထြန္းနိုင္ေ႐ႊ၊ မေဒဝါေ႐ႊ၊ မခင္ၿပဳံးေ႐ႊ၊ မၾကည္ၾကည္ေ႐ႊ၊ ကိုသန႔္ေဇာ္ေ႐ႊ၊ မေအးေအးသစ္ေ႐ႊ၊ မသႏၱာေ႐ႊ..ေ႐ႊ ေ႐ႊ ေ႐ႊ ေ႐ႊ။


အဲဒီသားသမီးေတြက ေခြးဘီလူးရာထူးငယ္စဥ္ဘဝမွာ စစ္ကားနဲ႕ ေက်ာင္းတက္တယ္၊ မာန္မာနေထာင္လႊားျခင္းလည္းမရွိခဲ့ၾကပါ။ေခြးဘီလူးငယ္ငယ္ကလိုပဲ။


ေခြးဘီလူးအာဏာရလာေတာ့ တိုင္းျပည္က ခိုးထားတဲ့ေငြေတြနဲ႕ မိသားစုကို စိန္နဲ႕စီပစ္လိုက္တာ..။




မင္းတရားႀကီးေခြးဘီလူးရဲ႕ မိသားစုဟာလည္းေျပာင္းလဲသြားေတာ့တယ္။ လူေတြကိုဗိုလ္က်တယ္၊ တနိုင္ငံလုံးက ပစၥည္းကိုလည္း ကိုယ္ပိုင္ပစၥည္းလို ထင္တိုင္းက်ဲျပဳမူေတာ့တယ္။


တခ်ိန္က ရိုးရိုးကုတ္ကုတ္ေနခဲ့တဲ့ သူ႕ရဲ႕သားသမီးေတြဟာ ေလာဘ အေတာမသတ္ ျဖစ္လာၾကတယ္။


မင္းတရားႀကီးေခြးဘီလူးႏွင့္ သူ၏ ခိုးသားမိသားစုေပါ့။




တစ္ခါေတာ့ ေခြးဘီလူးတို႔ မိသားစု ေမၿမိဳ႕ (ျပင္ဦးလြင္) ကို သြားလည္ရင္း ကုန္တိုက္တခုကို ေရာက္ေတာ့ ႀကိဳက္ရာပစၥည္းေတြ လက္ညွိုးထိုးယူခဲ့ၾကတယ္။ ေငြတက်ပ္မျပားမွ မေပးခဲ့ပါဘူး။


မယ္ေတာ္ႀကီးႀကိဳင္ဟာ သူတို႔အဝတ္ေတြကို စက္နဲ႕ မေလွ်ာ္ဘဲ ေအာက္ေျခတပ္မႉးကေတာ္ေတြ ကို ဆန္းလိုက္ဆပ္ျပာသုံးၿပီ လက္နဲ႕ေလွ်ာ္ခိုင္းၿပီး အနိုင္က်င့္တယ္။




ေခြးဘီလူးရဲ႕ အခ်စ္ဆုံးေျမးက ဖိုးလျပည့္ ဆိုတဲ့ ေနေ႐ႊေသြးေအာင္တဲ့။


၂၀၀၇ ခုႏွစ္၊ ဧၿပီလ ေမၿမိဳ႕ကို သြားၾကတဲ့ ခရီးစဥ္တခုမွာ သူ႕ေျမး ေနေ႐ႊေသြးေအာင္အတြက္ တပ္မေတာ္ရဟတ္ယာဥ္ကို ရန္ကုန္လႊတ္ၿပီး ဘဲကင္ အဝယ္ခိုင္းခဲ့တာမ်ိဳး..။ စင္ကာပူကို ဂ်က္ေလယာဥ္နဲ႕ ေန႕ခ်င္းျပန္ေက်ာင္းထားခဲ့တာမ်ိဳး။


ေနေ႐ႊေသြးေအာင္ရဲ႕ ၁၆-ႏွစ္ေျမာက္ ေမြးေန႕ကလည္း ဆီဒိုးနား ဟိုတယ္မွာ တကယ့္ကို အႀကီးအက်ယ္ က်င္းပခဲ့ေသး။


ဒီလို တိုင္းျပည္ရဲ႕ေငြေတြကို ပလႊားသုံးျဖဳန္းရင္း သူကလည္း အဆိုေတာ္ေတြ၊ ႐ုပ္ရွင္ မင္းသားေတြလို ျမန္္မာျပည္မွာ နာမည္ကိုေက်ာ္လို႔


ျပည္သူေတြကေတာ့ သူခိုးႀကီး မင္းတရားႀကီးရဲ႕ ေျမးကို စိန္ေမ်ာက္ေမ်ာက္ လို႔ေခၚၾကတယ္။




ေခြးဘီလူးရဲ႕ သမီး စိန္ေတြၫႊတ္ေနေအာင္ ဆင္ထားတဲ့ သႏၱာေ႐ႊရဲ႕ ၂ဝဝ၆ က မဂၤလာေဆာင္ ဗီဒီယိုေခြ က ျပည္သူေတြဆီ ေပါက္ၾကားတဲ့ အခါ ျပည္သူေတြ သိသြားတယ္။


ဘာတဲ့စိန္စီေသာည ဆိုလား။


ေဒသတြင္း နိုင္ငံတစ္ခုရဲ႕ေခါင္းေဆာင္ကဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕သမီးကိုၾကည့္ရတာ ခရစ္စမတ္သစ္ပင္က်ေနတာပဲလို႔ အ႐ႊန္းေဖာက္ၿပီးေျပာရေလာက္တဲ့အထိပါ။


ေနပူပူေအာက္မွာ ထမင္းတစ္လုတ္မငတ္ေအာင္ မနည္းႀကိဳးစားေနတဲ့ ျပည္သူေတြ၊ ငတ္ျပတ္လို႔ လမ္းေပၚေရာက္ေနတဲ့ ကေလးေတြ ဗိုက္ဆာေနခ်ိန္မွာ ဝတ္ေကာင္းစားလွ ဝတ္ဆင္ထားၾကတဲ့ စစ္အစိုးရနဲ႕ နီးစပ္သူ လူကုန္ထံေတြ၊ စီးပြါးေရးသမားေတြဟာ စိန္ေရာင္၊ေ႐ႊေရာင္၊ ပတၱျမားေရာင္ တလက္လက္..။


သူတို႔က မင္းတရားႀကီးေခြးဘီလူးနဲ႕ မယ္ေတာ္ႀကီးႀကိဳင္ကို မ်က္ႏွာလို မ်က္ႏွာရ လက္ဖြဲ႕ပစၥည္း အေျမာက္အမ်ားနဲ႕ ဖားၾကတယ္။


ဇိမ္ခံကားေတြ၊ အိမ္ေတြ အပါအဝင္ အေမရိကန္ေဒၚလာ သန္း ၅၀ ဖိုးေလာက္ရွိတယ္။


လူေတြက စားရ ေသာက္ရမဲ့ ျဖစ္ေနခ်ိန္မွာ ေဒၚလာတသန္း ေလာက္ အကုန္အက်ခံၿပီး အခုလိုက်င္းပနိုင္တာကို ျမန္မာျပည္သားေတြဟာ မခံမရပ္နိုင္ ေဒါသထြက္ၾကတယ္။


ဒါေပမဲ့ ျမန္မာေတြ ပါးစပ္ပိတ္ေနခဲ့ၾကရတယ္။




ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္က မခြါ ဆက္တိုက္ရွိေနေတာ့ ေခြးဘီလူးအႀကံတစ္မ်ိဳးထပ္ထုတ္တယ္။


ဗိုလ္ခ်ဳပ္ႀကီး ဦးသိန္းစိန္ဆိုတဲ့သူကို စစ္တပ္က အၿငိမ္းစားယူခိုင္းထားလိုက္တယ္။


၂၀၁၁ ခုႏွစ္ မတ္လ ၃၀ ရက္မွာ ေခြးဘီလူးက သူ႕ရဲ႕ နိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳးေရးေကာင္စီ ဥကၠ႒ရာထူးကို ႏႈတ္ထြက္ၿပီး သူ စီစဥ္ထားတဲ့အတိုင္း သိန္းစိန္ကို သမၼတတင္တယ္။ 


အသက္ ၆၀ ျပည့္လည္း အၿငိမ္းစားမယူခဲ့ဘဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဆိုတဲ့ရာထူးနဲ႕ ၁၉ ႏွစ္ေတာင္ ေနသြားတာ။ 


ၿပီးမွ စီနီယာ ဗိုလ္ခ်ဳပ္ေတြကိုေက်ာ္ၿပီး ခ်စ္ေသာ မင္းေအာင္လွိုင္ကို အဲ့ဒီ ရာထူးေပးခဲ့။




အဘိုးႀကီး ေခြးဘီလူးက အာဏာကိုစြန့္တာမဟုတ္ဘူး။ 


အေနာက္နားမွာ ခဏဆုတ္ေနလိုက္ၿပီး ေမာင္ေအး အားကိုးနဲ႕ အေပါင္းအပါတို႔ အာဏာရွင္ကစားပြဲေတြ ဆက္ဖို႔ႀကိဳးစားတယ္။


အတိုင္ပင္ခံေကာင္စီဆိုၿပီး ေနျပည္ေတာ္မွာ ထပ္ဖြဲ႕ၿပီး သူဥကၠ႒ဆက္လုပ္မယ္ေပါ့။


ဒီတစ္ခါေတာ့ ေမာင္ေအး ေခြးဘီလူး စကားနားမေထာင္ေတာ့ဘူး။


ဗိုလ္ခ်ဳပ္ ေအာင္ဆန္းကိုပဲ အားက်သလိုလို .. ၊ ဒါမွမဟုတ္ ကိုယ္ၿမိဳ႕ ကိုယ္႐ြာမွာပဲ ေအးေဆးတည္ၿငိမ္စြာနဲ႕ ဘ၀ ေနဝင္ခ်ိန္ကို ျဖတ္သန္းၾကတဲ့ အေမရိကန္ သမၼတေဟာင္းေတြကိုပဲ အားက်သလိုလို.. ၂၀၁၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႕မွာ အလုပ္ကနားၿပီး ဘုန္းႀကီးဝတ္လိုက္တယ္။


သူက ဘိန္းဘုရင္ေတြနဲ႕ အလုပ္ျဖစ္ခဲ့သူဆိုေတာ့ ေငြေၾကးကလည္း ျပည့္စုံေနၿပီေလ။




အဲ့မွာ ေခြးဘီလူး တစ္ေယာက္ဆည္းက်န္ခဲ့တာ။ 


ေခြးဘီလူး လက္မေလွ်ာ့ေသးဘူး။ သိန္းစိန္၊မင္းေအာင္လွိုင္နဲ႕ ဇာတ္လမ္းဆက္တယ္။




သိန္းစိန္က ၂၀၁၁ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိ သမၼတတက္လုပ္တယ္။ ၿပီးေတာ့မွ တကယ့္ အရပ္သား သမၼတေတြ တက္လာတာပါ။


ေခြးဘီလူးမွာ မင္းေအာင္လွိုင္ပဲက်န္ရစ္တယ္။




မင္းတရားႀကီးေခြးဘီလူးဟာ ျမန္မာျပည္ရဲ႕ အျမင့္ဆုံးတစ္ေနရာက ဖယ္ေပးလိုက္ရၿပီး ၁၀ ႏွစ္အၾကာ

10 years later


၂၀၂၁ ေဖေဖၚဝါရီမွာ မင္းေအာင္လွိုင္ကို အမ်ားျပည္သူ ျမင္ကြင္းကို ထြက္ၿပီး အာဏာသိမ္းလိုက္တယ္။




အခုေတာ့ ေခြးဘီလူးနဲ႕ သိန္းစိန္ အဘိုးႀကီး ႏွစ္ေယာက္က မင္းေအာင္လွိုင္ အဘႀကီးရဲ႕ အေနာက္နားမွာ ၿပဳံးၿပဳံး ၿပဳံးၿပဳံးနဲ႕။


ေျမေခြးခင္ၫြန့္ကေတာ့ သူငယ္ျပန္သလိုလို.. အတိတ္ေမ့သလိုလို ႐ူးခ်င္ေယာင္ ဟိုေျပာ ဒီေျပာေပါ့..။




ဘာပဲျဖစ္ျဖစ္ မင္းတရားႀကီးေခြးဘီလူး ေပ်ာ္ပါတယ္။


၁၉၆၂ က ရႈေမာင္ရဲ႕ အီးနံ႕ကိုရႈၿပီး သူပါတဲ့ ခ်ီးကို လတ္လတ္ဆပ္ဆပ္ စားလိုက္တဲ့ မင္းေအာင္လွိုင္ရဲ႕ အစုလိုက္အၿပဳံလိုက္ လူသတ္မႈေတြအတြက္ သူ အၿမဲ ဂုဏ္ယူေနမွာျဖစ္ပါတယ္။




ဒါေပမဲ့ သူ ရႈေမာင္လို ဝဋ္ေတြလည္မွာေတာ့ အၿမဲစိုးရိမ္ၿပီး အသက္ရွင္ေနတယ္။


ျမန္မာစစ္အာဏာရွင္တြရဲ႕ႏွစ္ေဟာင္းက အေၾကာင္းေတြပါ..။ 


၂၀၂၂ အထိ မလိုက္ခဲ့နဲ႕။ 

ေနရစ္ခဲ့ၾကေတာ့..။


  


မေ႐ႊမိုး-ကိုရီးယား

December 30th,2021. 


ကိုးကား-

ဦးသန္းေ႐ႊ ( သို႔မဟုတ္) ေနျပည္ေတာ္မင္းသားႀကီးသန္းဝင္းလွိုင္

ေအာင္ေဇာ္- အာဏာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ အပိုင္း ၅ - ဗိုလ္သန္းေ႐ႊကို ဗိုလ္ေနဝင္း ရာထူးတိုးေပးျခင္း

 ျမန္မာျပည္က ပထမေလဒီ၊ ဦးေသွ်ာင္တို႔ရဲ႕ မေဟသီမ်ား

ဘိုဘို

ဘီဘီစီျမန္မာပိုင္း

၂၂ နိုဝင္ဘာ ၂၀၂၀

 ကဒါဖီ သင္ခန္းစာႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ- ေအာင္လင္းထြဋ္ ( ေဆာင္းပါး )

သတင္းရင္းျမစ္ _ ဧရာဝတီ

 ေယာဟန္ေအာင္-ဗိုလ္ခ်ဳပ္သန္းေ႐ႊအေၾကာင္း (ယခု ေဆာင္းပါးကို လြတ္လပ္ေသာအာရွအသံ ျမန္မာပိုင္းအစီအစဥ္ RFA မွ ထုတ္လႊင့္သြားခဲ့ၿပီး ျဖစ္ပါသည္။ RFA ၏ မူပိုင္သာျဖစ္ၿပီး ျပန္လည္ေဖာ္ျပျခင္း ျဖစ္သည္။)

 အာဏာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ အပိုင္း ၁၀ - ဗိုလ္သန္းေ႐ႊ အာဏာရွင္ျဖစ္လာျခင္း- 

ေအာင္ေဇာ္

ဧရာဝတီ

11 March 2014

 မင္းၾတားႀကီးသန္းေ႐ႊႏွင့္ ေနျပည္ေတာ္ ခိုးသားမ်ား အပိုင္း (၅)

gen-maung-aye-march-10-11-2 ဧရာဝတီ

 တကိုယ္ေတာ္ အာဏာသိမ္းမႈ မဟုတ္ပါနိုင္ေခတ္

16 August 2021

တပ္မေတာ္ကာကြယ္ကြယ္ေရး ဦးစီးခ်ဳပ္တဦး

Saturday, January 1, 2022

Gym မဆော့ခင် ဆော့နေစဉ် နဲ့ ဆော့အပြီး

 Gym မဆော့ခင် ဆော့နေစဉ် နဲ့ ဆော့အပြီး

ဘယ်အချက်တွေကို ဂရုစိုက်လိုက်နာသင့်သလဲ ? 


*--*--*--*--*--*--*--*--*--*--*--*--*--*--*--*--* 




တခြား ပြောင်းပြန် ကမ္ဘာ တစ်ခုခုမှာ နေ့စဉ် Gym လုပ်နေတာက အဓိကအလုပ်ဖြစ်ပြီး အလုပ်တက် ရုံးသွားတာက အားလပ်ချိန် လုပ်ဆောင်မှုမျိုး ဖြစ်နေမယ်ဆိုပါစို့။ 

ဒါဆိုရင် ဒီနေ့ Gym ကစားမယ့် Exerciseတွေကို နောင်တစ်နေ့မှာ ကစားလဲ ဘာပြသနာမှ ဖြစ်မှာမဟုတ်။ ဒီနေ့ကစားတာ အရာမရောက်လဲ သိပ်ထွေထွေထူးထူး မရှိ။ နေ့တိုင်း အချိန်တိုင်း Gym ကစားနေမှာပဲ မလား။ 

ဒါပေမယ့် ဒါဟာ စိတ်ကူးယဉ် ကမ္ဘာသက်သက်ပါ။ တစ်ကယ် ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အလုပ်သွား၊ ရုံးတက် နေ့စဉ် ကိစ္စတွေနဲ့တင် အချိန်ကုန်နေတာမို့ ခန္ဓာကိုယ်လှအောင် ဆော့ချင်သူတွေအတွက် အချိန်ဆိုတာ များများပေးနိုင်တာမှ မဟုတ်ပဲ။ ဒါ့ကြောင့်မို့ ရနိုင်တဲ့ အချိန်ပို တစ်နာရီအတွင်းမှာ ထိရောက်မှု ရှိအောင် ဘယ်လိုလုပ်နိုင်လဲ သိဖို့ဟာ လက်တွေ့မှာ အရေးကြီးပါတယ်။ 


တစ်ခါတစ်လေ Gym ထဲမှာ (အိမ်မှာလုပ်လဲ အိမ်ပေါ့) အရင်နေ့တွေကလောက် အားမရှိ၊ အရင်နေ့တွေကလောက်တောင် မလုပ်နိုင်တာတွေကို ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ နည်းလမ်းလေးတွေ ရှိတာမို့ ဝေမျှလိုက်ပါတယ်။

   


#လေ့ကျင့်ခန်း_မလုပ်မီ


Gym ဆော့တယ်ဆိုတာ gym ရောက်မှ ကစားတာမျိုး မဟုတ်ပါဘူး။ Gym မသွားမီ ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်သွားရင် Gym လုပ်တဲ့ မိနစ် ၄၀၊ တစ်နာရီလောက် အတွင်းမှာ ပိုလုပ်နိုင်စေပါတယ်။ ပိုလုပ်နိုင်လေ၊ ကြွက်သား ပြတ်တောက်လေ၊ အစာစားရင် ပိုကြီးထွား ပိုအကျိုးရှိလေ ဆိုရမှာမလား။ အဆီကျချင်သူတွေ အတွက်လဲ ပို Cardio လုပ်နိုင်လေ၊ ပိုအဆီကျလေမို့ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ ပြင်ဆင်သင့်သလဲ ကြည့်လိုက်ရအောင်။ 


1 အစာကြေနှေးစေတဲ့ Carbohydrate အစာကို စားခြင်း 


သုတေသနတွေ အရ အစာကြေနှေးတဲ့ Carbohydrate အစားအစာတွေကို လေ့ကျင့်ခန်း မလုပ်မီအနည်းဆုံး ၂နာရီစောပြီး စားသင့်တယ်ဆိုပါတယ်။ ဒီအစားအသောက်တွေဟာ Insulin level ကိုကျစေနိုင်ပြီး တနေ့တာလုံးမှာ အဆီကျစေနိုင်တဲ့ အကျိုးတွေရှိပါတယ်။ ဥပမာအစာတွေက ကန်စွန်းဥ၊ ပေါင်မုန့်ညိုကြမ်း၊ ထမင်းညိုကြမ်း၊ Oak အုတ်ဖြူ ၊ ပန်းဂေါ်ဖီဖြူ /စိမ်း၊ ခရမ်းသီး၊ ပဲ၊ မုန်လာဥနီ၊ Cottage cheese၊ Yogurt စတာတွေ ဖြစ်ပါတယ်။ 


2 ဆီကြော်စာကို ရှောင်ခြင်း 


Workout မလုပ်မီ အကြော်အလှော်တွေ စားမိတဲ့နေ့တွေဆို လေ့ကျင့်ခန်းလုပ်ချိန်မှာ အားသိပ်မရှိတတ်တာ သတိထားမိမှာပါ။ ဆီကြော်စာတွေဟာ သွေးလည်ပတ်မှုကို နှေးစေတတ်တာမို့ လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားတွေကို သွေးရောက်မှုနည်းစေတာမို့ ထင်သလောက် အားမရှိဖြစ်စေပါတယ်။ 


3 Caffeine ဓာတ် သောက်ခြင်း 


လေ့ကျင့်ခန်း မလုပ်မီ ၂ နာရီအလိုလောက်မှာ Caffeine ဓာတ် 200-400 mg လောက်သောက်ခြင်းဟာ အဆီပိုကျစေသလို ကြွက်သားအတွက် ကောင်းတာမို့ ကြာကြာလုပ်နိုင်စေပါတယ်။ Caffeine ဓာတ်ကို Caffeine supplement တွေက ရနိုင်သလို Coffee ကလဲ ရနိုင်ပါတယ်။ 



#လေ့ကျင့်ခန်း_လုပ်နေချိန်


လေ့ကျင့်ခန်း လုပ်နေချိန်မှာလဲ သိသင့်တဲ့ အချက်လေးတွေရှိပါတယ်။ 


1 ပထမ အခေါက်တွေမှာ အားအကုန် မသုံးပါနဲ့ 


ကြွက်သားး တစ်ခုခု စဆော့ပြီ ဆိုပါစို့။ တင်ပါး ဖြစ်ဖြစ်၊ ရင်ဘတ်သားဖြစ်ဖြစ် စဆော့တဲ့အခါမှာ ပထမပုံစံ တစ်မျိုးကို ၈ကြိမ်မှ ၁၂ ကြိမ်ကြားပဲ လုပ်နိုင်အောင် ဆော့ပါ။ ( ဘယ်လောက် အလေးလဲလို့ မမေးပါနဲ့။ အလေးတုံး ပမာဏဟာ လူတစ်ယောက်နဲ့ တစ်ယောက် အားမတူလို့ ပမာဏမတူပါဘူး။ ၈ ကြိမ်လောက်ဆို လေးလာပြီး ၁၂ကြိမ်လောက်ဆို ဆက် မလုပ်နိုင်တော့မယ့် အလေးကို ရွေးပါ။ ရွေးပြီးလို့ ပထမစလုပ်ရင် အားအကုန်ထိ မသုံးပါနဲ့။ ၁၂ကြိမ်လောက် မရလဲ ၁၀ကြိမ်လောက်မှာ ရပ်လိုက်ပြီး၊ နောက် အခေါက်တွေမှ အားပိုသုံးသင့်ပါတယ်။ 


အလေးလွတ်၊ Bodyweight ဆိုလဲ ပထမအခေါက် ထိုင်ထလုပ်တဲ့အခါ၊ ဒိုက်ထိုးတဲ့အခါမှာ အားကုန်သွားတဲ့အထိ မလုပ်ပါနဲ့။ အားချန်ထားပြီး နောက်အခေါက်တွေမှ တိုးလုပ်ပါက ပိုလုပ်နိုင်ပါတယ်။ 


2 ကိုယ်လုပ်မယ့် ကြွက်သားကို စိတ်စုစည်းပြီး လုပ်ခြင်း 


တစ်ခါတစ်လေ လေ့ကျင့်ခန်းလုပ်နေရင် အကြိမ်ရေပဲ စိတ်ကတွက်နေတတ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ပုံစံမမှန်ဖြစ်တတ်သလို၊ ကြွက်သားအပေါ်လဲ အပြည့်အဝ မထိရောက်တတ်ပါဘူး။ ကိုယ်လုပ်မယ့် ကြွက်သားအပေါ် အာရုံစူးစိုက်ပါ။ ရင်ဘတ်ကြွက်သားလုပ်နေတယ် ဆိုရင်လဲ ရင်ဘတ်ကြွက်သားကို အာရုံစိုက်ပြီး အသုံးပြုပါက ပိုထိရောက်နိုင်ပါတယ်။ 


3 အကြိမ်ရေ အပြောင်းအလဲ လုပ်ခြင်း 


တစ်ခေါက်ကို ၈ကြိမ်မှ ၁၂ ကြိမ်အတွင်းလုပ်ပါ ဆိုပေမယ့်လည်း ကြားထဲမှာ အကြိမ်ရေ ပြောင်းလုပ်နိုင်ပါတယ်။ အကြိမ်ရေပြောင်းတာဟာ အလေးပမာဏ ပြောင်းပါလို့ ပြောတာနဲ့ တူတူပါပဲ။ ပိုလေးလေ အကြိမ်နည်းလေဖြစ်ပြီး၊ ပိုပေါ့သွားရင် အကြိမ်ရေပိုများသွားမှာပါပဲ။


4 သီချင်း နားထောင်ခြင်း 


Music ဟာ လေ့ကျင့်ခန်းလုပ်တာကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိတာ ငြင်းလို့ မရပါဘူး။ Upbeat music တွေဖြစ်တဲ့ တက်ကြွစေမယ့် သီချင်းတွေကို နားထောင်ရင်း လုပ်ပါက အများကြီး ပိုလုပ်နိုင်စေပါမယ်။ 


5 မဖြစ်နိုင်ပါဘူး ပြောတဲ့လူတွေကို မြင်ယောင်ခြင်း 


မယုံမရှိပါနဲ့။ ဒီလို မဖြစ်နိုင်ပါဘူး ပြောတဲ့ Haters တွေရဲ့ စကားကို ပြန်ကြားယောင်လိုက်ပါ။ ဒီလိုလူတွေ မှားကြောင်း သက်သေပြချင်တဲ့ စိတ်ဟာ ကြီးမားတဲ့ခွန်အားကို ရစေပါတယ်။ 



#လေ့ကျင့်ခန်း_လုပ်အပြီး

 


လေ့ကျင့်ခန်း လုပ်အပြီး အချိန်တွေမှာတော့ ကြွက်သားတွေ ပြတ်တောက်ချိန်၊ အစာအာဟာရလိုချိန် မလို့ ဒီအချိန်မှာ ဖြည့်တင်းမယ့် အစားအသောက် အကြောင်း သိဖို့လိုပါတယ်။ 


1 Protein ဖြည့်ခြင်း 


လေ့ကျင့်ခန်းလုပ်အပြီး အချိန်တွေမှာ Protein ဓာတ်ကို ဖြည့်ပေးရင် ကြွက်သားတည်ဆောက်မှုမှာ အကျိုးအများကြီး ရှိစေပါတယ်။ Whey protein powder အမှုန့်ကို ဖျော်သောက်နိုင်သလို Protein ကြွယ်ဝတဲ့ အသားငါး စတာတွေကိုလဲ စားနိုင်ပါတယ်။ 


အဆီကျဖို့ ကြိုးစားနေသူတွေအတွက်လဲ အစာမစားဘဲ မနေသင့်ပါဘူး။ အသီးအရွက်၊ အသားငါး စတာတွေ စားနိုင်ပြီး ဆီကြော်စာ၊ အချိုရည်တွေကိုတော့ ရှောင်ပါ။ ထမင်းစားပါက အရွက်အသား များများစားပြီး ထမင်းကို လျှော့စားပါ။ 


2 အကြောလျှော့ခြင်း 


အကြောလျှော့တာကတော့ လေ့ကျင့်ခန်း လုပ်အပြီးမှ လုပ်သင့်ပါတယ်။ အကြောလျှော့ခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေတာမို့ ပြန်လည်တည်ဆောက်နေတဲ့ ကြွက်သွားတွေဆီ အာဟာရ ပိုရစေနိုင်ပါတယ်။

လေ့ကျင့်ခန်း မလုပ်မီ အကြောလျှော့ရင်တော့ လေ့ကျင့်ခန်း အတွင်းမှာ ကြွက်သား အားကုန်သွားတတ်တာမို့ မလုပ်ပါနဲ့။ 


3 ရေနွေးဖြင့် ရေချိုးခြင်း 


ရေနွေးနဲ့ ရေချိုးသူတွေဟာ သာမန်ရေနဲ့ ချိုးသူတွေထက် ကြွက်သား 13% ပိုတတ်တယ်လို့ Japan သုတေသနအဖွဲ့ တစ်ခုကဆိုပါတယ်။ 


4 ရေနွေးကြမ်း သောက်ခြင်း 


ရေနွေးကြမ်း၊ Green tea စသဖြင့် တစ်နေ့ လေးခွက်မျှသောက်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေတာကို သိပြီးဖြစ်မှာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာလဲ ခန္ဓာကိုယ် ကြွက်သားတွေကို ဖိအားပေးတာမို့ လက်ဖက်ရည်ကြမ်း သောက်ခြင်းဟာ အကျိုးရှိစေပါတယ်။ 

မူလမျှဝေသည့် - Golden_Dreams 


(Zawgyi)


Gym မေဆာ့ခင္ ေဆာ့ေနစဥ္ နဲ႕ ေဆာ့အၿပီး

ဘယ္အခ်က္ေတြကို ဂ႐ုစိုက္လိုက္နာသင့္သလဲ ? 


*--*--*--*--*--*--*--*--*--*--*--*--*--*--*--*--* 




တျခား ေျပာင္းျပန္ ကမၻာ တစ္ခုခုမွာ ေန႕စဥ္ Gym လုပ္ေနတာက အဓိကအလုပ္ျဖစ္ၿပီး အလုပ္တက္ ႐ုံးသြားတာက အားလပ္ခ်ိန္ လုပ္ေဆာင္မႈမ်ိဳး ျဖစ္ေနမယ္ဆိုပါစို႔။ 

ဒါဆိုရင္ ဒီေန႕ Gym ကစားမယ့္ Exerciseေတြကို ေနာင္တစ္ေန႕မွာ ကစားလဲ ဘာျပသနာမွ ျဖစ္မွာမဟုတ္။ ဒီေန႕ကစားတာ အရာမေရာက္လဲ သိပ္ေထြေထြထူးထူး မရွိ။ ေန႕တိုင္း အခ်ိန္တိုင္း Gym ကစားေနမွာပဲ မလား။ 

ဒါေပမယ့္ ဒါဟာ စိတ္ကူးယဥ္ ကမၻာသက္သက္ပါ။ တစ္ကယ္ က်င္လည္ေနရတဲ့ ပတ္ဝန္းက်င္မွာ အလုပ္သြား၊ ႐ုံးတက္ ေန႕စဥ္ ကိစၥေတြနဲ႕တင္ အခ်ိန္ကုန္ေနတာမို႔ ခႏၶာကိုယ္လွေအာင္ ေဆာ့ခ်င္သူေတြအတြက္ အခ်ိန္ဆိုတာ မ်ားမ်ားေပးနိုင္တာမွ မဟုတ္ပဲ။ ဒါ့ေၾကာင့္မို႔ ရနိုင္တဲ့ အခ်ိန္ပို တစ္နာရီအတြင္းမွာ ထိေရာက္မႈ ရွိေအာင္ ဘယ္လိုလုပ္နိုင္လဲ သိဖို႔ဟာ လက္ေတြ႕မွာ အေရးႀကီးပါတယ္။ 


တစ္ခါတစ္ေလ Gym ထဲမွာ (အိမ္မွာလုပ္လဲ အိမ္ေပါ့) အရင္ေန႕ေတြကေလာက္ အားမရွိ၊ အရင္ေန႕ေတြကေလာက္ေတာင္ မလုပ္နိုင္တာေတြကို ဘယ္လို ေက်ာ္လႊားနိုင္မလဲဆိုတာ နည္းလမ္းေလးေတြ ရွိတာမို႔ ေဝမွ်လိုက္ပါတယ္။

   


#ေလ့က်င့္ခန္း_မလုပ္မီ


Gym ေဆာ့တယ္ဆိုတာ gym ေရာက္မွ ကစားတာမ်ိဳး မဟုတ္ပါဘူး။ Gym မသြားမီ ဒီအခ်က္ေလးေတြ ႀကိဳတင္ျပင္ဆင္သြားရင္ Gym လုပ္တဲ့ မိနစ္ ၄၀၊ တစ္နာရီေလာက္ အတြင္းမွာ ပိုလုပ္နိုင္ေစပါတယ္။ ပိုလုပ္နိုင္ေလ၊ ႂကြက္သား ျပတ္ေတာက္ေလ၊ အစာစားရင္ ပိုႀကီးထြား ပိုအက်ိဳးရွိေလ ဆိုရမွာမလား။ အဆီက်ခ်င္သူေတြ အတြက္လဲ ပို Cardio လုပ္နိုင္ေလ၊ ပိုအဆီက်ေလမို႔ ေလ့က်င့္ခန္းမလုပ္ခင္ ဘာေတြ ျပင္ဆင္သင့္သလဲ ၾကည့္လိုက္ရေအာင္။ 


1 အစာေၾကႏွေးေစတဲ့ Carbohydrate အစာကို စားျခင္း 


သုေတသနေတြ အရ အစာေၾကႏွေးတဲ့ Carbohydrate အစားအစာေတြကို ေလ့က်င့္ခန္း မလုပ္မီအနည္းဆုံး ၂နာရီေစာၿပီး စားသင့္တယ္ဆိုပါတယ္။ ဒီအစားအေသာက္ေတြဟာ Insulin level ကိုက်ေစနိုင္ၿပီး တေန႕တာလုံးမွာ အဆီက်ေစနိုင္တဲ့ အက်ိဳးေတြရွိပါတယ္။ ဥပမာအစာေတြက ကန္စြန္းဥ၊ ေပါင္မုန႔္ညိုၾကမ္း၊ ထမင္းညိုၾကမ္း၊ Oak အုတ္ျဖဴ ၊ ပန္းေဂၚဖီျဖဴ /စိမ္း၊ ခရမ္းသီး၊ ပဲ၊ မုန္လာဥနီ၊ Cottage cheese၊ Yogurt စတာေတြ ျဖစ္ပါတယ္။ 


2 ဆီေၾကာ္စာကို ေရွာင္ျခင္း 


Workout မလုပ္မီ အေၾကာ္အေလွာ္ေတြ စားမိတဲ့ေန႕ေတြဆို ေလ့က်င့္ခန္းလုပ္ခ်ိန္မွာ အားသိပ္မရွိတတ္တာ သတိထားမိမွာပါ။ ဆီေၾကာ္စာေတြဟာ ေသြးလည္ပတ္မႈကို ႏွေးေစတတ္တာမို႔ ေလ့က်င့္ခန္းလုပ္ခ်ိန္မွာ ႂကြက္သားေတြကို ေသြးေရာက္မႈနည္းေစတာမို႔ ထင္သေလာက္ အားမရွိျဖစ္ေစပါတယ္။ 


3 Caffeine ဓာတ္ ေသာက္ျခင္း 


ေလ့က်င့္ခန္း မလုပ္မီ ၂ နာရီအလိုေလာက္မွာ Caffeine ဓာတ္ 200-400 mg ေလာက္ေသာက္ျခင္းဟာ အဆီပိုက်ေစသလို ႂကြက္သားအတြက္ ေကာင္းတာမို႔ ၾကာၾကာလုပ္နိုင္ေစပါတယ္။ Caffeine ဓာတ္ကို Caffeine supplement ေတြက ရနိုင္သလို Coffee ကလဲ ရနိုင္ပါတယ္။ 



#ေလ့က်င့္ခန္း_လုပ္ေနခ်ိန္


ေလ့က်င့္ခန္း လုပ္ေနခ်ိန္မွာလဲ သိသင့္တဲ့ အခ်က္ေလးေတြရွိပါတယ္။ 


1 ပထမ အေခါက္ေတြမွာ အားအကုန္ မသုံးပါနဲ႕ 


ႂကြက္သားး တစ္ခုခု စေဆာ့ၿပီ ဆိုပါစို႔။ တင္ပါး ျဖစ္ျဖစ္၊ ရင္ဘတ္သားျဖစ္ျဖစ္ စေဆာ့တဲ့အခါမွာ ပထမပုံစံ တစ္မ်ိဳးကို ၈ႀကိမ္မွ ၁၂ ႀကိမ္ၾကားပဲ လုပ္နိုင္ေအာင္ ေဆာ့ပါ။ ( ဘယ္ေလာက္ အေလးလဲလို႔ မေမးပါနဲ႕။ အေလးတုံး ပမာဏဟာ လူတစ္ေယာက္နဲ႕ တစ္ေယာက္ အားမတူလို႔ ပမာဏမတူပါဘူး။ ၈ ႀကိမ္ေလာက္ဆို ေလးလာၿပီး ၁၂ႀကိမ္ေလာက္ဆို ဆက္ မလုပ္နိုင္ေတာ့မယ့္ အေလးကို ေ႐ြးပါ။ ေ႐ြးၿပီးလို႔ ပထမစလုပ္ရင္ အားအကုန္ထိ မသုံးပါနဲ႕။ ၁၂ႀကိမ္ေလာက္ မရလဲ ၁၀ႀကိမ္ေလာက္မွာ ရပ္လိုက္ၿပီး၊ ေနာက္ အေခါက္ေတြမွ အားပိုသုံးသင့္ပါတယ္။ 


အေလးလြတ္၊ Bodyweight ဆိုလဲ ပထမအေခါက္ ထိုင္ထလုပ္တဲ့အခါ၊ ဒိုက္ထိုးတဲ့အခါမွာ အားကုန္သြားတဲ့အထိ မလုပ္ပါနဲ႕။ အားခ်န္ထားၿပီး ေနာက္အေခါက္ေတြမွ တိုးလုပ္ပါက ပိုလုပ္နိုင္ပါတယ္။ 


2 ကိုယ္လုပ္မယ့္ ႂကြက္သားကို စိတ္စုစည္းၿပီး လုပ္ျခင္း 


တစ္ခါတစ္ေလ ေလ့က်င့္ခန္းလုပ္ေနရင္ အႀကိမ္ေရပဲ စိတ္ကတြက္ေနတတ္ပါတယ္။ ဒီလိုလုပ္တဲ့အခါ ပုံစံမမွန္ျဖစ္တတ္သလို၊ ႂကြက္သားအေပၚလဲ အျပည့္အဝ မထိေရာက္တတ္ပါဘူး။ ကိုယ္လုပ္မယ့္ ႂကြက္သားအေပၚ အာ႐ုံစူးစိုက္ပါ။ ရင္ဘတ္ႂကြက္သားလုပ္ေနတယ္ ဆိုရင္လဲ ရင္ဘတ္ႂကြက္သားကို အာ႐ုံစိုက္ၿပီး အသုံးျပဳပါက ပိုထိေရာက္နိုင္ပါတယ္။ 


3 အႀကိမ္ေရ အေျပာင္းအလဲ လုပ္ျခင္း 


တစ္ေခါက္ကို ၈ႀကိမ္မွ ၁၂ ႀကိမ္အတြင္းလုပ္ပါ ဆိုေပမယ့္လည္း ၾကားထဲမွာ အႀကိမ္ေရ ေျပာင္းလုပ္နိုင္ပါတယ္။ အႀကိမ္ေရေျပာင္းတာဟာ အေလးပမာဏ ေျပာင္းပါလို႔ ေျပာတာနဲ႕ တူတူပါပဲ။ ပိုေလးေလ အႀကိမ္နည္းေလျဖစ္ၿပီး၊ ပိုေပါ့သြားရင္ အႀကိမ္ေရပိုမ်ားသြားမွာပါပဲ။


4 သီခ်င္း နားေထာင္ျခင္း 


Music ဟာ ေလ့က်င့္ခန္းလုပ္တာကို တိုက္ရိုက္ အက်ိဳးသက္ေရာက္မႈရွိတာ ျငင္းလို႔ မရပါဘူး။ Upbeat music ေတြျဖစ္တဲ့ တက္ႂကြေစမယ့္ သီခ်င္းေတြကို နားေထာင္ရင္း လုပ္ပါက အမ်ားႀကီး ပိုလုပ္နိုင္ေစပါမယ္။ 


5 မျဖစ္နိုင္ပါဘူး ေျပာတဲ့လူေတြကို ျမင္ေယာင္ျခင္း 


မယုံမရွိပါနဲ႕။ ဒီလို မျဖစ္နိုင္ပါဘူး ေျပာတဲ့ Haters ေတြရဲ႕ စကားကို ျပန္ၾကားေယာင္လိုက္ပါ။ ဒီလိုလူေတြ မွားေၾကာင္း သက္ေသျပခ်င္တဲ့ စိတ္ဟာ ႀကီးမားတဲ့ခြန္အားကို ရေစပါတယ္။ 



#ေလ့က်င့္ခန္း_လုပ္အၿပီး

 


ေလ့က်င့္ခန္း လုပ္အၿပီး အခ်ိန္ေတြမွာေတာ့ ႂကြက္သားေတြ ျပတ္ေတာက္ခ်ိန္၊ အစာအာဟာရလိုခ်ိန္ မလို႔ ဒီအခ်ိန္မွာ ျဖည့္တင္းမယ့္ အစားအေသာက္ အေၾကာင္း သိဖို႔လိုပါတယ္။ 


1 Protein ျဖည့္ျခင္း 


ေလ့က်င့္ခန္းလုပ္အၿပီး အခ်ိန္ေတြမွာ Protein ဓာတ္ကို ျဖည့္ေပးရင္ ႂကြက္သားတည္ေဆာက္မႈမွာ အက်ိဳးအမ်ားႀကီး ရွိေစပါတယ္။ Whey protein powder အမႈန႔္ကို ေဖ်ာ္ေသာက္နိုင္သလို Protein ႂကြယ္ဝတဲ့ အသားငါး စတာေတြကိုလဲ စားနိုင္ပါတယ္။ 


အဆီက်ဖိဳ႕ ႀကိဳးစားေနသူေတြအတြက္လဲ အစာမစားဘဲ မေနသင့္ပါဘူး။ အသီးအ႐ြက္၊ အသားငါး စတာေတြ စားနိုင္ၿပီး ဆီေၾကာ္စာ၊ အခ်ိဳရည္ေတြကိုေတာ့ ေရွာင္ပါ။ ထမင္းစားပါက အ႐ြက္အသား မ်ားမ်ားစားၿပီး ထမင္းကို ေလွ်ာ့စားပါ။ 


2 အေၾကာေလွ်ာ့ျခင္း 


အေၾကာေလွ်ာ့တာကေတာ့ ေလ့က်င့္ခန္း လုပ္အၿပီးမွ လုပ္သင့္ပါတယ္။ အေၾကာေလွ်ာ့ျခင္းျဖင့္ ေသြးလည္ပတ္မႈ ေကာင္းေစတာမို႔ ျပန္လည္တည္ေဆာက္ေနတဲ့ ႂကြက္သြားေတြဆီ အာဟာရ ပိုရေစနိုင္ပါတယ္။

ေလ့က်င့္ခန္း မလုပ္မီ အေၾကာေလွ်ာ့ရင္ေတာ့ ေလ့က်င့္ခန္း အတြင္းမွာ ႂကြက္သား အားကုန္သြားတတ္တာမို႔ မလုပ္ပါနဲ႕။ 


3 ေရႏြေးျဖင့္ ေရခ်ိဳးျခင္း 


ေရႏြေးနဲ႕ ေရခ်ိဳးသူေတြဟာ သာမန္ေရနဲ႕ ခ်ိဳးသူေတြထက္ ႂကြက္သား 13% ပိုတတ္တယ္လို႔ Japan သုေတသနအဖြဲ႕ တစ္ခုကဆိုပါတယ္။ 


4 ေရႏြေးၾကမ္း ေသာက္ျခင္း 


ေရႏြေးၾကမ္း၊ Green tea စသျဖင့္ တစ္ေန႕ ေလးခြက္မွ်ေသာက္ျခင္းဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစတာကို သိၿပီးျဖစ္မွာပါ။ ေလ့က်င့္ခန္း လုပ္တယ္ဆိုတာလဲ ခႏၶာကိုယ္ ႂကြက္သားေတြကို ဖိအားေပးတာမို႔ လက္ဖက္ရည္ၾကမ္း ေသာက္ျခင္းဟာ အက်ိဳးရွိေစပါတယ္။ 

Credit: Golden_Dreams 

Friday, December 31, 2021

ကြက်သားဆာတေး - ကြက်ကင် - မာလာငါးကင်

ကြက်သားဆာတေး - ကြက်ကင် - မာလာငါးကင်


သည်နေ့နှစ်သစ်ကူးဖြစ်သလို Recipe ပို့စ်တင်တာလည်းနောက်ကျမှန်းသိပေမယ့် လုပ်စားချင်သူတွေလုပ်စားလို့ရအောင် ပြန်တင်ပေးခြင်းဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့ နှစ်သစ်ကူးညကို ဖြတ်သန်းနိုင်ပါစေနော်။



ကြက်သားဆာတေး




အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းနဲ့ တွဲဖက်စားရင်လည်း လိုက်ဖက်မှုရှိသလို သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရွိတဲ့ ကြက်သားဆာတေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။


ပါဝင်ပစ္စည်းများ


ကြက်ပေါင် ၆၈၀ ဂရမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ပြီး အတုံးငယ် တုံးထားပါ)

အုန်းနို့ ၆၀ မီလီလီတာ

ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း


သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း




ပြုလုပ်နည်း အဆင့်ဆင့်


၁။ အကင်တုတ်ထိုးကို တစ်နာရီခန့် ရေစိမ်ထားပေးလိုက်ပါ။ ထိုကဲ့သို့ ရေစိမ်ထားခြင်းက အကင်တုတ်ထိုးများ မီးလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။


၂။ ကြက်သားကို အုန်းနို့၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ သကြား၊ သံပုယိုရည်တို့ဖြင့် သမအောင် နယ်ဖတ်ပြီးတဲ့နောက်မှာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။ တစ်ညခန့် ထားထားမယ်ဆိုရင်တော့ ပိုမိုအရသာရှိပါတယ်။


၃။ ထိုကဲ့သို့ နှပ်ထားပြီးတဲ့နောက်မှာ ကြက်သားတုံးများကို အကင်တုတ်ထိုးထဲတွင် ထိုးထည့်ထားလိုက်ပါ။ တစ်ချောင်းကို ၄ တုံးမွ ၇ တုံးအထိ ထိုးထည့်နိုင်ပါတယ်။


၄။ ဒယ်အိုးအပြားကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုတ်ထိုးများထည့်ကာ ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ် ထပ်ကင်ပေးလိုက်ပါ။ (သင့်အနေနဲ့ ဒယ်အိုးနဲ့ မကင်ချင်ဘဲ အကင်မီးဖိုဖြင့် ကင်ပေးမယ်ဆိုလည်း ရပါသေးတယ်။)


ဒါဆိုရင်တော့ ကြက်သားဆာတေးလေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရွိရွိ တွဲဖက်စားသုံးနိုင်ပါတယ်။


Source: Thewoksoflife.com

#myfoodmyanmar


ကြက်ကင်




ဒီနေ့တော့ အိမ်မှာအလွယ်တစ်ကူပြု လုပ်ပြီးအရသာရှိစွာဖြင့် မိသားစုစားသုံးလို့ရသည့် " ကြက်ကင်နည်း..."လေးပြောပြမယ်...။


ပါဝင်ပစ္စည်းများ.. .


ကြက် - ၁ ကီလို တစ်ကောင်

နံနံပင်အမြစ် - ၄ ခု

ကြက်သွန်ဖြူ - ၈ မွှာ

စပါးလင် - ၁ ချောင်း

ငရုပ်ကောင်းစေ့ - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)

သကြားအညို - ၂ ဇွန်း(စားပွဲတင်ဇွန်း)

ငံပြာရည် Soy-sauce - ၂ ဇွန်း(စားပွဲတင်ဇွန်း)

ငါးငံပြာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပဲငံပြာရည်အပျစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)....တို့ပဲဖြစ်ကြပါတယ်။


ပထမဆုံး ရင်ဘက်မှခြမ်းကာ ရေဖြင့်အတွင်းအပြင် သန့်ရှင်းစွာဆေးပြီး ရေစစ်ထားပါ။

ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။ နံနံပင်၏အောက်ပိုင်း လက်နှစ်လုံး လောက်ကဖြတ်ထားသည့် အမြစ်ကိုသာအသုံးပြုပါမည်။ အပေါ်ကအရွက်များကို အသုံးမပြုပါဘူး။ 

ထို့နောက်....ပါဝင်ပစ္စည်းများအားလုံးကို ငရုပ်ဆုံထဲသို့ထည့်၍ ညက်နေအောင်ထောင်းပါ။ ငရုပ်ကောင်းစေ့များပါထည့်၍ထောင်းပါ။ 

အနည်းငယ်ညက်လာပါက ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး ငံပြာရည်- Soy sauce + ငါးငံပြာရည် + ပဲငံပြာရည် တို့ကိုပါဝင်အချိုး အစားအတိုင်းထည့်ပြီးရောမွှေပေးပါ။ (ပဲငံပြာရည်အပျစ်သည် အရောင်အတွက်ထည့်ခြင်းဖြစ်ပါသည် မထည့်လျှင်လည်းရပါသည်) ဆော့ အနည်းငယ်ပျစ်နေပါက ။ ရေအနည်းငယ်မျှထည့်ပြီးမွှေပေးပါ....။

ကြက်တစ်ကောင်လုံးကို ဓားဖြင့်အနည်းငယ်မွှန်းပြီး ဖျော်ထားသည့်ဆော့ဖြင့်နှံ့အောင်ရောနှယ်ပေးကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄-နာရီကြာမျှထည့်ထားရပါမည်။ ကြာကြာထားနိုင်ပါက တစ်ညသိပ်ထားလျှင်ပိုကောင်းပါသည်။ထို့နောက်....ပုံတွင်ပြထားသည့်အတိုင်း ကြက်ကို ဝါးညှပ်ဖြင့်ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ္ဖက္ဆီလွန္ကာ ဖြေးညှင်းစွာဖြင့်ကင်ပေးရပါမည်။ 

ကြက်အသားများရဲလာပြီး အနံ့မွှေးလာပါက အရသာရွိစြာ အသင့်စားသုံးနိုင်ပါသည်။ အနံ အရသာ အထူးကောင်းမွန်လှသော ကြက်သားကင်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။ 


မာလာငါးကင်နည်း




ပါ၀င်ပစ္စည်းများ

- တီလားဗီးယားငါး

- ကြက်သွန်ဖြူ

- သန့်စင်ပြီး ပူဒီနာရွက် (၂)စည်းခန့် 

- ကြက်သွန်ဖြူဥ အကြီး (၄-၅)မွှာ

- နံနံပင် အနည်းငယ်

- ငရုပ်သီးစိမ်း အနည်းငယ်

- ဂျင်းလက်နှစ်ဆစ်ခန့်

- သံပုရာသီးတစ္လုံး

- ပျားရည် / ဆီ / ထောပတ်/ နံနွင်းမှုန့် / ဆား / ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်


အချဉ်ရည်ပြုလုပ်ရန်


- မန်ကျည်းသီးမှည့်အနည်းငယ်

- ကြက်သွန်ဖြူ (၃)မွှာခန့်

- ငရုပ်သီးခြောက်/ ငရုပ်သီးစိမ်းအနည်းငယ်

- နံနံပင်အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း


၁) နံနံပင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းများကို အဆင်သင့် ရေဆေးသန့်စင်ထားပါ


၂) ငါးကိုင်ပြီးသားကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်၊ နနွင်းမုန့်အနည်းငယ်၊ ဂျင်းကိုထောင်းပြီး ရလာသော အရည်အနည်းငယ်တို့ဖြင့် အသားထဲစိမ့်၀င်အောင် နယ်ပြီးနှပ်ထားပါ။ (ငါးမကိုင်တတ်ရင် ၀ယျတဲ့ဆိုင်မှာ ကင်မှာလို့ပြောပြီး တစ်ခါတည်း ကိုင်ခိုင်းဖို့ မမေ့နဲ့နော်။ အိမ်ရောက်ရင်အဆင်သင့် ရေဆေးရုံပဲ)


၃) ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ပူဒီနာရွက်၊ နံနံပင်တို့ကိုထောင်းပါ။ ပြီးလျှင် ငရုပ်သီးအစိမ်းမှုန့်အနည်းငယ်၊ ဆီထမင်းစားဇွန်း ၂ဇွန်း-၃ဇွန်းခန့်ထည့်ပြီးနယ်ပါ။ ငါးကင်အနံသတ်ဖို့အတွက် အနှစ်ရပါပြီ


၄) ပြီးလျှင်အနှစ်အချို့ကို ငါးကိုယ်အနှံသုတ်လိမ်းပြီး ပိုသည်များကို ငါး၀မ်းဗိုက်ထည့်သို့ ထည့်သိပ်ပါ။ သံပုရာရည်အနည်းငယ် ညှစ်ထည့်လျှင် ပိုကောင်းပါသည်။


၅) ငါးကင်နေစဉ်အပေါ်မှ သုတ်လိမ်းရန် ထောပတ်အနည်းငယ်၊ ပျားရည်နှင့် ဆီ ထမင်းစားဇွန်းတစ်ဇွန်းစီ ခန့် ထည့်ပြီး မွှေထားပါ။


၆) မီးဖိုပြီးသည်နှင့် ကင်နိုင်ပါပြီ။ ထောပတ်နဲ့ ပျားရည်စပ်ထားတဲ့အဆီကို သုတ်လိမ်းပေးဖို့ မမေ့ပါနဲ့နော်.မီးဖိုဖို့အဆင်မပြေတဲ့သူတွေ ကေတာ့ Fried Pen (သို့) Microwave ထဲထည့်ပြီး ပြုလုပ်နိုင်ပါတယ်။ မီးခိုးနံ့ သင်း၊ မသင်းပဲ ကြာသြားမွာပါ။ 


(Zawgyi) 

 ၾကက္သားဆာေတး - ၾကက္ကင္ - မာလာငါးကင္


သည္ေန႕ႏွစ္သစ္ကူးျဖစ္သလို Recipe ပို႔စ္တင္တာလည္းေနာက္က်မွန္းသိေပမယ့္ လုပ္စားခ်င္သူေတြလုပ္စားလို႔ရေအာင္ ျပန္တင္ေပးျခင္းျဖစ္ပါတယ္။ အႏၱရာယ္ကင္းတဲ့ ႏွစ္သစ္ကူးညကို ျဖတ္သန္းႏိုင္ပါေစေနာ္။



ၾကက္သားဆာေတး




အားလုံးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ထမင္းနဲ႕ တြဲဖက္စားရင္လည္း လိုက္ဖက္မႈရွိသလို သူ႕ခ်ည္းပဲ စားမယ္ဆိုရင္လည္း အရသာရွိတဲ့ ၾကက္သားဆာေတး ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။


ပါဝင္ပစၥည္းမ်ား


ၾကက္ေပါင္ ၆၈၀ ဂရမ္ (အရိုးႏွင့္ အေရခြံတို႔ကို ဖယ္ၿပီး အတုံးငယ္ တုံးထားပါ)

အုန္းနို႔ ၆၀ မီလီလီတာ

ငါးငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

င႐ုတ္သီးအႏွစ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း


သၾကား လက္ဖက္ရည္ဇြန္း တစ္ဝက္

သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း


ျပဳလုပ္နည္း အဆင့္ဆင့္


၁။ အကင္တုတ္ထိုးကို တစ္နာရီခန႔္ ေရစိမ္ထားေပးလိုက္ပါ။ ထိုကဲ့သို႔ ေရစိမ္ထားျခင္းက အကင္တုတ္ထိုးမ်ား မီးေလာင္ကြၽမ္းျခင္းမွ ကာကြယ္ေပးနိုင္ပါတယ္။


၂။ ၾကက္သားကို အုန္းနို႔၊ ငါးငံျပာရည္၊ ပဲငံျပာရည္၊ င႐ုတ္သီးအႏွစ္၊ သၾကား၊ သံပုယိုရည္တို႔ျဖင့္ သမေအာင္ နယ္ဖတ္ၿပီးတဲ့ေနာက္မွာ မိနစ္ ၃၀ ခန႔္ ႏွပ္ထားလိုက္ပါ။ တစ္ညခန႔္ ထားထားမယ္ဆိုရင္ေတာ့ ပိုမိုအရသာရွိပါတယ္။


၃။ ထိုကဲ့သို႔ ႏွပ္ထားၿပီးတဲ့ေနာက္မွာ ၾကက္သားတုံးမ်ားကို အကင္တုတ္ထိုးထဲတြင္ ထိုးထည့္ထားလိုက္ပါ။ တစ္ေခ်ာင္းကို ၄ တုံးမွ ၇ တုံးအထိ ထိုးထည့္နိုင္ပါတယ္။


၄။ ဒယ္အိုးအျပားကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ပါ။ ဆီပူလာပါက ၾကက္သားတုတ္ထိုးမ်ားထည့္ကာ ၁၀ မိနစ္ခန႔္ ကင္ေပးလိုက္ပါ။ ထို႔ေနာက္ အျခားတစ္ဖက္သို႔လွန္ကာ ေနာက္ထပ္ ၁၀ မိနစ္ ထပ္ကင္ေပးလိုက္ပါ။ (သင့္အေနနဲ႕ ဒယ္အိုးနဲ႕ မကင္ခ်င္ဘဲ အကင္မီးဖိုျဖင့္ ကင္ေပးမယ္ဆိုလည္း ရပါေသးတယ္။)


ဒါဆိုရင္ေတာ့ ၾကက္သားဆာေတးေလး ရရွိသြားပါၿပီ။ မိမိႀကိဳက္ႏွစ္သက္ရာအခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိ တြဲဖက္စားသုံးနိုင္ပါတယ္။


Source: Thewoksoflife.com

#myfoodmyanmar


ၾကက္ကင္




ဒီေန႕ေတာ့ အိမ္မွာအလြယ္တစ္ကူျပဳ လုပ္ၿပီးအရသာရွိစြာျဖင့္ မိသားစုစားသုံးလို႔ရသည့္ " ၾကက္ကင္နည္း..."ေလးေျပာျပမယ္...။


ပါဝင္ပစၥည္းမ်ား.. .


ၾကက္ - ၁ ကီလို တစ္ေကာင္

နံနံပင္အျမစ္ - ၄ ခု

ၾကက္သြန္ျဖဴ - ၈ မႊာ

စပါးလင္ - ၁ ေခ်ာင္း

င႐ုပ္ေကာင္းေစ့ - ၁ ဇြန္း(လက္ဖက္ရည္ဇြန္း)

သၾကားအညို - ၂ ဇြန္း(စားပြဲတင္ဇြန္း)

ငံျပာရည္ Soy-sauce - ၂ ဇြန္း(စားပြဲတင္ဇြန္း)

ငါးငံျပာရည္ - ၁ ဇြန္း (စားပြဲတင္ဇြန္း)

ပဲငံျပာရည္အပ်စ္ - ၁ ဇြန္း (စားပြဲတင္ဇြန္း)....တို႔ပဲျဖစ္ၾကပါတယ္။


ပထမဆုံး ရင္ဘက္မွျခမ္းကာ ေရျဖင့္အတြင္းအျပင္ သန့္ရွင္းစြာေဆးၿပီး ေရစစ္ထားပါ။

ပါဝင္ပစၥည္းမ်ား ျဖစ္ၾကသည့္ (နံနံပင္အျမစ္ + ၾကက္သြန္ျဖဴ + စပါးလင္)တို႔ကို ခပ္ပါးပါးလွီးထားပါ။ နံနံပင္၏ေအာက္ပိုင္း လက္ႏွစ္လုံး ေလာက္ကျဖတ္ထားသည့္ အျမစ္ကိုသာအသုံးျပဳပါမည္။ အေပၚကအ႐ြက္မ်ားကို အသုံးမျပဳပါဘူး။ 

ထို႔ေနာက္....ပါဝင္ပစၥည္းမ်ားအားလုံးကို င႐ုပ္ဆုံထဲသို႔ထည့္၍ ညက္ေနေအာင္ေထာင္းပါ။ င႐ုပ္ေကာင္းေစ့မ်ားပါထည့္၍ေထာင္းပါ။ 

အနည္းငယ္ညက္လာပါက ပန္းကန္လုံးတစ္ခုထဲသို႔ထည့္ၿပီး ငံျပာရည္- Soy sauce + ငါးငံျပာရည္ + ပဲငံျပာရည္ တို႔ကိုပါဝင္အခ်ိဳး အစားအတိုင္းထည့္ၿပီးေရာေမႊေပးပါ။ (ပဲငံျပာရည္အပ်စ္သည္ အေရာင္အတြက္ထည့္ျခင္းျဖစ္ပါသည္ မထည့္လွ်င္လည္းရပါသည္) ေဆာ့ အနည္းငယ္ပ်စ္ေနပါက ။ ေရအနည္းငယ္မွ်ထည့္ၿပီးေမႊေပးပါ....။


ၾကက္တစ္ေကာင္လုံးကို ဓားျဖင့္အနည္းငယ္မႊန္းၿပီး ေဖ်ာ္ထားသည့္ေဆာ့ျဖင့္ႏွံ႕ေအာင္ေရာႏွယ္ေပးကာ ေရခဲေသတၱာထဲတြင္ အနည္းဆုံး ၄-နာရီၾကာမွ်ထည့္ထားရပါမည္။ ၾကာၾကာထားနိုင္ပါက တစ္ညသိပ္ထားလွ်င္ပိုေကာင္းပါသည္။ထို႔ေနာက္....ပုံတြင္ျပထားသည့္အတိုင္း ၾကက္ကို ဝါးညွပ္ျဖင့္ညွပ္ကာ မီးေသြးမီးဖို မီးေအးေအးျဖင့္ တစ္ဖက္ဆီလွန္ကာ ေျဖးညွင္းစြာျဖင့္ကင္ေပးရပါမည္။ 


ၾကက္အသားမ်ားရဲလာၿပီး အနံ႕ေမႊးလာပါက အရသာရွိစြာ အသင့္စားသုံးနိုင္ပါသည္။ အနံ အရသာ အထူးေကာင္းမြန္လွေသာ ၾကက္သားကင္ျဖစ္ပါသည္။

ေက်းဇူးတင္ပါသည္။ 


မာလာငါးကင္နည္း




ပါ၀င္ပစၥည္းမ်ား

- တီလားဗီးယားငါး

- ၾကက္သြန္ျဖဴ

- သန့္စင္ၿပီး ပူဒီနာ႐ြက္ (၂)စည္းခန့္ 

- ၾကက္သြန္ျဖဴဥ အႀကီး (၄-၅)မႊာ

- နံနံပင္ အနည္းငယ္

- င႐ုပ္သီးစိမ္း အနည္းငယ္

- ဂ်င္းလက္ႏွစ္ဆစ္ခန့္

- သံပုရာသီးတစ္လုံး

- ပ်ားရည္ / ဆီ / ေထာပတ္/ နံႏြင္းမႈန့္ / ဆား / င႐ုပ္သီးအစိမ္းမႈန့္ အနည္းငယ္


အခ်ဥ္ရည္ျပဳလုပ္ရန္


- မန္က်ည္းသီးမွည့္အနည္းငယ္

- ၾကက္သြန္ျဖဴ (၃)မႊာခန့္

- င႐ုပ္သီးေျခာက္/ င႐ုပ္သီးစိမ္းအနည္းငယ္

- နံနံပင္အနည္းငယ္


ျပင္ဆင္ျပဳလုပ္နည္း


၁) နံနံပင္၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ င႐ုပ္သီးစိမ္းမ်ားကို အဆင္သင့္ ေရေဆးသန့္စင္ထားပါ


၂) ငါးကိုင္ၿပီးသားကို ေရစင္ေအာင္ေဆးၿပီး ဆားအနည္းငယ္၊ နႏြင္းမုန့္အနည္းငယ္၊ ဂ်င္းကိုေထာင္းၿပီး ရလာေသာ အရည္အနည္းငယ္တို႔ျဖင့္ အသားထဲစိမ့္၀င္ေအာင္ နယ္ၿပီးႏွပ္ထားပါ။ (ငါးမကိုင္တတ္ရင္ ၀ယ်တဲ့ဆိုင္မွာ ကင္မွာလို႔ေျပာၿပီး တစ္ခါတည္း ကိုင္ခိုင္းဖို႔ မေမ့နဲ႕ေနာ္။ အိမ္ေရာက္ရင္အဆင္သင့္ ေရေဆး႐ုံပဲ)


၃) ဂ်င္း၊ ၾကက္သြန္ျဖဴ၊ င႐ုပ္သီးစိမ္း၊ ပူဒီနာ႐ြက္၊ နံနံပင္တို႔ကိုေထာင္းပါ။ ၿပီးလွ်င္ င႐ုပ္သီးအစိမ္းမႈန့္အနည္းငယ္၊ ဆီထမင္းစားဇြန္း ၂ဇြန္း-၃ဇြန္းခန့္ထည့္ၿပီးနယ္ပါ။ ငါးကင္အနံသတ္ဖို႔အတြက္ အႏွစ္ရပါၿပီ


၄) ၿပီးလွ်င္အႏွစ္အခ်ိဳ႕ကို ငါးကိုယ္အႏွံသုတ္လိမ္းၿပီး ပိုသည္မ်ားကို ငါး၀မ္းဗိုက္ထည့္သို႔ ထည့္သိပ္ပါ။ သံပုရာရည္အနည္းငယ္ ညွစ္ထည့္လွ်င္ ပိုေကာင္းပါသည္။


၅) ငါးကင္ေနစဥ္အေပၚမွ သုတ္လိမ္းရန္ ေထာပတ္အနည္းငယ္၊ ပ်ားရည္ႏွင့္ ဆီ ထမင္းစားဇြန္းတစ္ဇြန္းစီ ခန့္ ထည့္ၿပီး ေမႊထားပါ။


၆) မီးဖိုၿပီးသည္ႏွင့္ ကင္နိုင္ပါၿပီ။ ေထာပတ္နဲ႕ ပ်ားရည္စပ္ထားတဲ့အဆီကို သုတ္လိမ္းေပးဖို႔ မေမ့ပါနဲ႕ေနာ္.မီးဖိုဖို႔အဆင္မေျပတဲ့သူေတြ ကေတာ့ Fried Pen (သို႔) Microwave ထဲထည့္ၿပီး ျပဳလုပ္နိုင္ပါတယ္။ မီးခိုးနံ႕ သင္း၊ မသင္းပဲ ကြာသြားမွာပါ။ 


Thursday, December 30, 2021

စွန်ပလွန်သီးအပင် (ခေါ်) Date Palm စိုက်ပျိုးနည်း

 စိုက်ပျီုးရေးလုပ်ငန်းမှာစီးပွားရေးအလားအလာကောင်းမဲ့စွန်ပလွန်စိုက်ပျီုးကြစို့




စွန်ပလွန်သီးအပင် (ခေါ်) Date Palm စိုက်ပျိုးနည်း


မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သီးပွင့်နေသောစွန်ပလွန်ပင်များကို နေရာအနှံတွေ့မြင်နိုင်ပါ သည်။ အသီးများ ကို လတ်လတ်ဆတ်စားကြသလို ယိုထိုးထားသောစွန်ပလွန်သီးများကို လူတော် တော်များများ ကြိုက်နှစ်သက် ကြပါသည်။


အပူပိုင်းနှင့် အပူပိုင်းသမဒေသများတွင် အလွယ်တကူစိုက်ပျိုးကြီးထွား နိုင်ပါသည်။ စွန်ပလွန်သီးများ ကို ဒေသစျေးကွက်နှင့် နိုင်ငံတကာစျေးကွက်တို့တွင် မြင့်မားစွာ လို အပ်နေသောကြောင့် စွန်ပလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အလွန်အောင်မြင်မှုကို ရစေပါသည်။ စွန်ပလွန်စေ့ ( Date seed ) ကို ရေစိမ်ကြိတ်ခွဲ၍ တိရစ္ဆာန်အစားအစာဖြင့် အသုံးပြုနိုင်ပါသည်။ အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတို့ သည် စွန်ပလွန်ဆီကို အလှကုန်ပစ္စည်းများပြုလုပ်ရာတွင် သုံးစွဲကြသည်။


စွန်ပလွန်အပင် ( date tree ) သည် အမြင့် ပေ ၇၀ ထိမြင့်သည်။ ပင်စည်တစ်ခုတည်း သို့မဟုတ် ပင်စည်အများကြီးဖြင့် ကြီးထွားကြသော်လည်း ရေသောက်မြစ်တစ်ခုတည်းသာရှိသည်။ အရွက်များမှာ ၁၅-၂၀ ပေရှည်ပြီး ရိုးတံတွင်ဆူးများပါရှိသည်။ အရွက်ငယ်များသည် ၁ ပေခန့် ရှည်သည်။


စွန်ပလွန်သီး(date fruit) များသည် ဘဲဥလုံးရှည်ပုံရှိပြီး အရှည် ၁လက်မခွဲ ၂ လက်မ ၊ အချင်း ၁လက်မ ရှိသည်။ ကျောက်ခဲကဲ့သို့မာကျောသော အစေ့တစ်စေ့တည်းသာရှိပြီး အစေ့မှာ အရှည် ၁လက်မခန့် ရှိသည်။ စွန်ပလွန်သီး များ (Dates) သည် စိုက်ပျိုးသည့် မျိုးပေါ်မူတည်၍ အနီရောင်ရင့်ရင့်မှ အဝါရင့်ရင့် အရောင်များအထိရှိသည်။


အသီးများရင့်မှည့်သည့် အဆင့် (၄) ဆင့်ရှိသည်-

- အသီးနုချိန်

- အသီးကြီးချိန်

- အသီးရင့်မှည့်ကာစ

- အသီးရင့်မှည့်ချိန် 


ရုက္ခဗေဒအမည် - Phoenix dactylifera

မျိုးရင်းအမည် - Arecsceae

မျိုးအုပ်စု - Phoenix

အင်္ဂလိပ်အမည် - Dates


ရာသီဥတု

ရာသီဥတုလိုအပ်ချက်အနေဖြင့် နေ့တာရှည်ပြီး အပူချိန်မြင့်သော နွေရာသီ ကာလနှင့် ဆီးနှင်းမရှိသောဆောင်း အခါသည် အပင်ကြီးထွားပြီး ပန်းပွင့်ကာ အသီးသီးရန်အတွက် အကောင်းဆုံးအနေအထားဖြစ်သည်။ ပန်းပွင့်၍ အသီးသီးချိန်တွင် စိုထိုင်းမှုအနည်းငယ်ရှိတဲ့အခြေအနေနှင့် နေရောင်အများကြီး ရရှိရန်လိုအပ်ပြီး မိုးရွာခြင်းကို မကြိုက်နှစ်သက်ပါ။


မြေအမျိုးအစား

မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သော်လည်း လေ၀င်လေထွက်ကောင်းမွန်ပြီးရေစီးဆင်းမှု ကောင်း မွန်သော သဲနုံးမြေဖြစ်ရန်လိုအပ်ပြီး pH 8.0 -11 ရှိရပါမည်။ စိုက်ပျိုးမြေသည် စိုထိုင်းဆကို ကောင်းစွာ ထိန်းနိုင် ရပါမည်။ ထုံး များ မြေထဲတွင်မရှိရပါ။ သဲဆန်သော မြေများတွင်လည်း ရှင်သန်ကြီးထွားနိုင်ပါသည်။


မျိုးပွားခြင်း

မျိုးစေ့၊ ဘေးတက် (offshoots)၊ တစ်ရှုးမျိုးပွားခြင်းတို့ဖြင့် မျိုးပွားစိုက်ပျိုးနိုင်သည်။ အပင်ပေါက်နှုန်းသည် မျိုးစေ့သက်တမ်းနှင့် ပျိုးထောင်မြေပေါ်မူတည်သည်။ မျိုးစေ့များ ပျိုးထောင်သည်မှ စ၍ သတ်မှတ်ထားသော အခြေနေတခုတွင် ၂-၃ ပတ်အကြာ အပင်ပေါက်သည်။ စီးပွားဖြစ်စိုက်ပျိုး သူတို့သည် မျိုးစေ့များထက် ဘေးတက်များမှ မျိုးပွားခြင်းကို ဦးစားပေးလုပ်ဆောင်ကြသည်။ မျိုးစေ့မှ ပျိုးထောင်စိုက်အပင်များတွင် အဖိုပင် နှင့် အမပင်များရောထွေးပြီး ပန်းပွင့်သည့်အခါမှ အဖိုပင် နှင့် အမပင်ကို ခွဲခြားနိုင်သည်။ သို့ဖြစ်၍ မျိုးစေ့မှ အပင်ပျိုးထောင်စိုက်ပျိုးပင်များတွင် ပန်းပွင့်သည့် အခါနှင့် အသီးသီးသည့်အခါတို့တွင် မတူညီမှုများစွာကို တွေ့ရမည်။


မြေပြင်ခြင်း နှင့် စိုက်ပျိုးခြင်း

စိုက်ပျိုးမည့်မြေကို တောရှင်း၊ ငုတ်ထုတ်ပြီး မြေကောင်းစွာပြုပြင်ပါ။ ၂ပေ ပတ်လည် အရွယ်ရှိ စိုက်ကျင်းတူး ပါ။ ပင်ကြား x တန်းကြား ကို (6 x 6) m အကွာအဝေးထားစိုက်ပါ။ စိုက်ကျင်းထဲသို့ ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာ နွားချေးဆွေး/ တီဆွေးမြေသြဇာ (သို့) သိုးချေး (အခြောက်များ) ထည့်ပါ။


ရေလောင်းခြင်း

အသီးကောင်းကောင်းရရှိရန်အတွက် ပုံမှန်နှင့် အချိန်မှန်ရေလောင်းပေးရန် လိုအပ်ပါသည်။

-ပထမတစ်နှစ်ထိနှင့်အထက်ကို ရေ 30-35 လီတာ / အပင် နှုန်း အစက်ချရေပေးစနစ်ဖြင့်ရေပေးပါ။

-ဒုတိယနှစ်နှင့်တတိယနှစ် တွင် ရေ 50 - 55 လီတာ/ အပင်/ ၂ ပတ် နှုန်း အစက်ချရေပေး စနစ် ဖြင့် ရေပေးပါ။

-စတုတ္ထနှစ်နှင့် ပဉ္စမနှစ် တို့တွင် ရေ 100-110 လီတာ/ အပင်/ လ နှုန်း အစက်ချရေပေး စနစ် ဖြင့် ရေပေးပါ။

-အပင်သက်တမ်း ၅နှစ်မှ ၆နှစ်ရှိသောအခါ ရေပေးစနစ်အား အစက်ချစနစ်မှ ရေသွင်းစနစ် သို့ ပြောင်းလဲပါ။

-ကြီးထွားနေဆဲအပင် သို့ အရွယ်ရောက်အပင်သည် ဆောင်းအခါတွင် နှစ်ပတ်တစ်ကြိမ်ရေရရှိရန်လိုအပ်ပြီး နွေအခါတွင် တစ်ပတ်တစ်ကြိမ်ရေရှိရန် လိုအပ်ပါသည်။


ပြုစုထိန်းသိမ်းခြင်း

ခေါင်နှိမ်ခြင်း

ခေါင်နှိမ်ရာတွင် ရောဂါကျသောအရွက်များ၊ ခြောက်သွေ့ပျက်စီးနေသော အရွက်များ၊ ဆူး များဖယ်ရှားခြင်း၊ ပုံမမှန်သောပန်းခိုင်များ ဖြတ်တောက်ခြင်း၊ အသီးများခြွေခြင်းတို့ ပါဝင်ပါသည်။ အပင်ပေါ်ရှိ အရွက်အရေ အတွက်ကို ကြည့်ခြင်းဖြင့် အပင်မှရရှိလာမည့် သီးခိုင်အရေအတွက်ကို ခန့်မှန်း ဆုံးဖြတ်နိုင်သည်။ အရွက်အရေ အတွက် နည်းသောအပင်သည် အသီးအထွက်နှင့် အရည် အသွေးကို ကျဆင်းစေပါသည်။


အသီးခြွေခြင်း

အသီးအရည်အသွေး တိုးတက်စေရန်အတွက် အသီးများချွေပေးခြင်းကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အသီးခြွေခြင်းနည်း (၃)နည်း ရှိသည်။

- သီးခိုင်ရှိ အသီးကိုင်းငယ်များ၏အရှည်ကို ဖြတ်ပေးခြင်း

- သီးခိုင်ရှိ အလယ်အသီးကိုင်းငယ်ခိုင်ဘေးနားရှိ အသီးကိုင်းငယ်များကို ဖယ်ရှားခြင်း

- သီးခိုင်ရှိ အသီးကိုင်းငယ်အသီးသီးမှ အသီးအရေအတွက်များကို လျော့ချခြင်း.


ဝတ်မှုန်ကူးခြင်း

စွန်ပလွန်ပင်( Date Palms) များသည် အဖိုပင် သို့မဟုတ် အမပင်ဖြစ်နိုင်သောကြောင့် စိုက်ပျိုးရာတွင် လက်ဖြင့် ၀တျမှုနျကူးပေးရနျ လိုအပ်သည်။ အခြေခံအားဖြင့် အဖိုပွင့်များတွင် ၀တျမှုနျမြား အဆင်သင့်ဖြစ်သော အခါ အမပွင့်ပေါ်သို့ ကျရောက်အောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ အမပင် အရေအတွက် ၁၀၀ ပင်ကို ဝတ်မှုန် ကူးရန် အဖိုပင် ၄ - ၅ ပင် ရှိလျှင် လုံလောက်ပါ သည်။


မြေသြဇာကျွေးခြင်း

အပင်စိုက်တဲ့အချိန်မှာဖော်ပြခဲ့သော သဘာဝမြေသြဇာများထည့်ပါ။ N:P:K မြေသြဇာများ ကို တစ်ပင်ကို တစ်နှစ်လျှင်( 650 : 650 : 870) ဂရမ် ထည့်သွင်းသင့်ပါသည်။


ပိုးမွှားရောဂါကျရောက်မှု

Fusarium oxysporum မှိုကြောင့်ဖြစ်သော Bayoud disease ကျရောက်တတ်ပြီး အထွက်နှုန်းကို လျော့ချ စေသဖြင့် မှိုရောဂါကိုခံနိုင်ရည်ရှိသော မျိုးကိုရွေးချယ်စိုက်ပျိုးရပါမည်။ ပိုးမွှားအနေဖြင့် အနီရောင် ကျိုင်းကောင် များ ကျရောက်တတ်ပါသည်။


ရိတ်သိမ်းခြင်း

စိုက်ပျိုးပြီးသည်မှစ ၄ နှစ်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ အသီးများရင့်မှည့်ချိန် တူညီကြသဖြင့် အသီး ခူးဆွတ်ချိန်တွင် အမြောက်အမြားခူးဆွတ်ရမည်ဖြစ်သည်။ စျေးကွက်ဝင် အကောင်းဆုံးအသီးများ ရရှိရန်အ တွက် အသီးခြွေခြင်းနှင့် အိတ်စွပ်ခြင်းကို မရင့်မှည့်မီပြုလုပ်ပေးခြင်းဖြင့် အသီးများ၏ အရွယ်အစားကြီးပြီး အသီးများကို ငှက်နှင့်ရာသီဥတုဒါဏ်မှ ကာကွယ်နိုင် ပါမည်။


အထွက်နှုန်း

အသီးအထွက်သည် စိုက်ပျိုးသည့်မျိုး၊ အပင်သက်တမ်း၊ စိုက်ပျိုးမြေအမျိုးအစား၊ ရေရရှိမှု၊ အခြားသောစနစ် တကျ ပြုစုထိန်းသိမ်းမှုနည်းစနစ်များပေါ် မူတည်ပါသည်။ စနစ်တကျစိုက် ပျိုးပြုစုပါကစိုက်ပျိုးပြီး ၄ နှစ်သား တွင် အသီးစတင်ခူးဆွတ်ကာ ၇ - ၁၀ နှစ်ကြာသည်နောက် စီးပွား ရေးတွက်ခြေကိုက် အထွက်နှုန်း ရရှိမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး စွန်ပလွန်အပင်သည် နှစ် ၆၀ - ၇၀ အထိ အသီးခူးဆွတ်နိုင်ပါသည်။ အသီးခူးရသည့် အပင်တစ်ပင်မှအနည်းဆုံးပျမ်းမျှ ၁၀၀-၂၀၀ ကီလိုဂရမ် အထိ ထွက်နိုင်ပါသည်။


စျေကွက်အခြေအနေ

မိမိဒေသစျေးကွက်တွင် လတ်ဆတ်သောအသီးများရောင်းချခြင်း သို့မဟုတ် အစားသောက်ပြုပြင်ရောင်းချသည့် ကုမ္ပဏီများသို့ ရောင်းချခြင်းတို့ ပြုလုပ်ရောင်းချနိုင်ပါသည်။ ကမ္ဘာ့စျေးကွက် ရည်ရွယ်ပါက စျေးကွက်လိုအပ် ချက် ပုံစံပေါ်မူတည်၍ စနစ်ကျဂရုစိုက်ရန်လိုအပ်ပါသည်။


Credit:သုတဇုန် ထွန်းလင်း


(Zawgyi)


စိုက္ပ်ီဳးေရးလုပ္ငန္းမွာစီးပြားေရးအလားအလာေကာင္းမဲ့စြန္ပလြန္စိုက္ပ်ီဳးၾကစို႔




စြန္ပလြန္သီးအပင္ (ေခၚ) Date Palm စိုက္ပ်ိဳးနည္း


ျမန္မာနိုင္ငံတြင္ အေလ့က်ေပါက္သီးပြင့္ေနေသာစြန္ပလြန္ပင္မ်ားကို ေနရာအႏွံေတြ႕ျမင္နိုင္ပါ သည္။ အသီးမ်ား ကို လတ္လတ္ဆတ္စားၾကသလို ယိုထိုးထားေသာစြန္ပလြန္သီးမ်ားကို လူေတာ္ ေတာ္မ်ားမ်ား ႀကိဳက္ႏွစ္သက္ ၾကပါသည္။


အပူပိုင္းႏွင့္ အပူပိုင္းသမေဒသမ်ားတြင္ အလြယ္တကူစိုက္ပ်ိဳးႀကီးထြား နိုင္ပါသည္။ စြန္ပလြန္သီးမ်ား ကို ေဒသေစ်းကြက္ႏွင့္ နိုင္ငံတကာေစ်းကြက္တို႔တြင္ ျမင့္မားစြာ လို အပ္ေနေသာေၾကာင့္ စြန္ပလြန္ပင္မ်ားကို စီးပြားျဖစ္စိုက္ပ်ိဳးသူတို႔အတြက္ အလြန္ေအာင္ျမင္မႈကို ရေစပါသည္။ စြန္ပလြန္ေစ့ ( Date seed ) ကို ေရစိမ္ႀကိတ္ခြဲ၍ တိရစ္ဆာန္အစားအစာျဖင့္ အသုံးျပဳနိုင္ပါသည္။ အလွကုန္ပစၥည္းထုတ္လုပ္ေသာ ကုမၸဏီတို႔ သည္ စြန္ပလြန္ဆီကို အလွကုန္ပစၥည္းမ်ားျပဳလုပ္ရာတြင္ သုံးစြဲၾကသည္။


စြန္ပလြန္အပင္ ( date tree ) သည္ အျမင့္ ေပ ၇၀ ထိျမင့္သည္။ ပင္စည္တစ္ခုတည္း သို႔မဟုတ္ ပင္စည္အမ်ားႀကီးျဖင့္ ႀကီးထြားၾကေသာ္လည္း ေရေသာက္ျမစ္တစ္ခုတည္းသာရွိသည္။ အ႐ြက္မ်ားမွာ ၁၅-၂၀ ေပရွည္ၿပီး ရိုးတံတြင္ဆူးမ်ားပါရွိသည္။ အ႐ြက္ငယ္မ်ားသည္ ၁ ေပခန့္ ရွည္သည္။


စြန္ပလြန္သီး(date fruit) မ်ားသည္ ဘဲဥလုံးရွည္ပုံရွိၿပီး အရွည္ ၁လက္မခြဲ ၂ လက္မ ၊ အခ်င္း ၁လက္မ ရွိသည္။ ေက်ာက္ခဲကဲ့သို႔မာေက်ာေသာ အေစ့တစ္ေစ့တည္းသာရွိၿပီး အေစ့မွာ အရွည္ ၁လက္မခန့္ ရွိသည္။ စြန္ပလြန္သီး မ်ား (Dates) သည္ စိုက္ပ်ိဳးသည့္ မ်ိဳးေပၚမူတည္၍ အနီေရာင္ရင့္ရင့္မွ အဝါရင့္ရင့္ အေရာင္မ်ားအထိရွိသည္။


အသီးမ်ားရင့္မွည့္သည့္ အဆင့္ (၄) ဆင့္ရွိသည္-

- အသီးႏုခ်ိန္

- အသီးႀကီးခ်ိန္

- အသီးရင့္မွည့္ကာစ

- အသီးရင့္မွည့္ခ်ိန္ 


႐ုကၡေဗဒအမည္ - Phoenix dactylifera

မ်ိဳးရင္းအမည္ - Arecsceae

မ်ိဳးအုပ္စု - Phoenix

အဂၤလိပ္အမည္ - Dates


ရာသီဥတု

ရာသီဥတုလိုအပ္ခ်က္အေနျဖင့္ ေန႕တာရွည္ၿပီး အပူခ်ိန္ျမင့္ေသာ ႏြေရာသီ ကာလႏွင့္ ဆီးႏွင္းမရွိေသာေဆာင္း အခါသည္ အပင္ႀကီးထြားၿပီး ပန္းပြင့္ကာ အသီးသီးရန္အတြက္ အေကာင္းဆုံးအေနအထားျဖစ္သည္။ ပန္းပြင့္၍ အသီးသီးခ်ိန္တြင္ စိုထိုင္းမႈအနည္းငယ္ရွိတဲ့အေျခအေနႏွင့္ ေနေရာင္အမ်ားႀကီး ရရွိရန္လိုအပ္ၿပီး မိုး႐ြာျခင္းကို မႀကိဳက္ႏွစ္သက္ပါ။


ေျမအမ်ိဳးအစား

မည္သည့္ေျမအမ်ိဳးအစားတြင္မဆို စိုက္ပ်ိဳးနိုင္ေသာ္လည္း ေလ၀င္ေလထြက္ေကာင္းမြန္ၿပီးေရစီးဆင္းမႈ ေကာင္း မြန္ေသာ သဲႏုံးေျမျဖစ္ရန္လိုအပ္ၿပီး pH 8.0 -11 ရွိရပါမည္။ စိုက္ပ်ိဳးေျမသည္ စိုထိုင္းဆကို ေကာင္းစြာ ထိန္းနိုင္ ရပါမည္။ ထုံး မ်ား ေျမထဲတြင္မရွိရပါ။ သဲဆန္ေသာ ေျမမ်ားတြင္လည္း ရွင္သန္ႀကီးထြားနိုင္ပါသည္။


မ်ိဳးပြားျခင္း

မ်ိဳးေစ့၊ ေဘးတက္ (offshoots)၊ တစ္ရႈးမ်ိဳးပြားျခင္းတို႔ျဖင့္ မ်ိဳးပြားစိုက္ပ်ိဳးနိုင္သည္။ အပင္ေပါက္ႏႈန္းသည္ မ်ိဳးေစ့သက္တမ္းႏွင့္ ပ်ိဳးေထာင္ေျမေပၚမူတည္သည္။ မ်ိဳးေစ့မ်ား ပ်ိဳးေထာင္သည္မွ စ၍ သတ္မွတ္ထားေသာ အေျခေနတခုတြင္ ၂-၃ ပတ္အၾကာ အပင္ေပါက္သည္။ စီးပြားျဖစ္စိုက္ပ်ိဳး သူတို႔သည္ မ်ိဳးေစ့မ်ားထက္ ေဘးတက္မ်ားမွ မ်ိဳးပြားျခင္းကို ဦးစားေပးလုပ္ေဆာင္ၾကသည္။ မ်ိဳးေစ့မွ ပ်ိဳးေထာင္စိုက္အပင္မ်ားတြင္ အဖိုပင္ ႏွင့္ အမပင္မ်ားေရာေထြးၿပီး ပန္းပြင့္သည့္အခါမွ အဖိုပင္ ႏွင့္ အမပင္ကို ခြဲျခားနိုင္သည္။ သို႔ျဖစ္၍ မ်ိဳးေစ့မွ အပင္ပ်ိဳးေထာင္စိုက္ပ်ိဳးပင္မ်ားတြင္ ပန္းပြင့္သည့္ အခါႏွင့္ အသီးသီးသည့္အခါတို႔တြင္ မတူညီမႈမ်ားစြာကို ေတြ႕ရမည္။


ေျမျပင္ျခင္း ႏွင့္ စိုက္ပ်ိဳးျခင္း

စိုက္ပ်ိဳးမည့္ေျမကို ေတာရွင္း၊ ငုတ္ထုတ္ၿပီး ေျမေကာင္းစြာျပဳျပင္ပါ။ ၂ေပ ပတ္လည္ အ႐ြယ္ရွိ စိုက္က်င္းတူး ပါ။ ပင္ၾကား x တန္းၾကား ကို (6 x 6) m အကြာအေဝးထားစိုက္ပါ။ စိုက္က်င္းထဲသို႔ ေကာင္းစြာေဆြးေျမ့ေသာ သဘာဝေျမၾသဇာ ႏြားေခ်းေဆြး/ တီေဆြးေျမၾသဇာ (သို႔) သိုးေခ်း (အေျခာက္မ်ား) ထည့္ပါ။


ေရေလာင္းျခင္း

အသီးေကာင္းေကာင္းရရွိရန္အတြက္ ပုံမွန္ႏွင့္ အခ်ိန္မွန္ေရေလာင္းေပးရန္ လိုအပ္ပါသည္။

-ပထမတစ္ႏွစ္ထိႏွင့္အထက္ကို ေရ 30-35 လီတာ / အပင္ ႏႈန္း အစက္ခ်ေရေပးစနစ္ျဖင့္ေရေပးပါ။

-ဒုတိယႏွစ္ႏွင့္တတိယႏွစ္ တြင္ ေရ 50 - 55 လီတာ/ အပင္/ ၂ ပတ္ ႏႈန္း အစက္ခ်ေရေပး စနစ္ ျဖင့္ ေရေပးပါ။

-စတုတၳႏွစ္ႏွင့္ ပၪၥမႏွစ္ တို႔တြင္ ေရ 100-110 လီတာ/ အပင္/ လ ႏႈန္း အစက္ခ်ေရေပး စနစ္ ျဖင့္ ေရေပးပါ။

-အပင္သက္တမ္း ၅ႏွစ္မွ ၆ႏွစ္ရွိေသာအခါ ေရေပးစနစ္အား အစက္ခ်စနစ္မွ ေရသြင္းစနစ္ သို႔ ေျပာင္းလဲပါ။

-ႀကီးထြားေနဆဲအပင္ သို႔ အ႐ြယ္ေရာက္အပင္သည္ ေဆာင္းအခါတြင္ ႏွစ္ပတ္တစ္ႀကိမ္ေရရရွိရန္လိုအပ္ၿပီး ႏြေအခါတြင္ တစ္ပတ္တစ္ႀကိမ္ေရရွိရန္ လိုအပ္ပါသည္။


ျပဳစုထိန္းသိမ္းျခင္း

ေခါင္ႏွိမ္ျခင္း

ေခါင္ႏွိမ္ရာတြင္ ေရာဂါက်ေသာအ႐ြက္မ်ား၊ ေျခာက္ေသြ႕ပ်က္စီးေနေသာ အ႐ြက္မ်ား၊ ဆူး မ်ားဖယ္ရွားျခင္း၊ ပုံမမွန္ေသာပန္းခိုင္မ်ား ျဖတ္ေတာက္ျခင္း၊ အသီးမ်ားေႁခြျခင္းတို႔ ပါဝင္ပါသည္။ အပင္ေပၚရွိ အ႐ြက္အေရ အတြက္ကို ၾကည့္ျခင္းျဖင့္ အပင္မွရရွိလာမည့္ သီးခိုင္အေရအတြက္ကို ခန့္မွန္း ဆုံးျဖတ္နိုင္သည္။ အ႐ြက္အေရ အတြက္ နည္းေသာအပင္သည္ အသီးအထြက္ႏွင့္ အရည္ အေသြးကို က်ဆင္းေစပါသည္။


အသီးေႁခြျခင္း

အသီးအရည္အေသြး တိုးတက္ေစရန္အတြက္ အသီးမ်ားေခြၽေပးျခင္းကို ျပဳလုပ္ေပးရန္ လိုအပ္ပါသည္။ အသီးေႁခြျခင္းနည္း (၃)နည္း ရွိသည္။

- သီးခိုင္ရွိ အသီးကိုင္းငယ္မ်ား၏အရွည္ကို ျဖတ္ေပးျခင္း

- သီးခိုင္ရွိ အလယ္အသီးကိုင္းငယ္ခိုင္ေဘးနားရွိ အသီးကိုင္းငယ္မ်ားကို ဖယ္ရွားျခင္း

- သီးခိုင္ရွိ အသီးကိုင္းငယ္အသီးသီးမွ အသီးအေရအတြက္မ်ားကို ေလ်ာ့ခ်ျခင္း.


ဝတ္မႈန္ကူးျခင္း

စြန္ပလြန္ပင္( Date Palms) မ်ားသည္ အဖိုပင္ သို႔မဟုတ္ အမပင္ျဖစ္နိုင္ေသာေၾကာင့္ စိုက္ပ်ိဳးရာတြင္ လက္ျဖင့္ ၀တ်မှုန်ကူးပေးရန် လိုအပ္သည္။ အေျခခံအားျဖင့္ အဖိုပြင့္မ်ားတြင္ ၀တ်မှုန်များ အဆင္သင့္ျဖစ္ေသာ အခါ အမပြင့္ေပၚသို႔ က်ေရာက္ေအာင္ ျပဳလုပ္ေပးျခင္းျဖစ္သည္။ အမပင္ အေရအတြက္ ၁၀၀ ပင္ကို ဝတ္မႈန္ ကူးရန္ အဖိုပင္ ၄ - ၅ ပင္ ရွိလွ်င္ လုံေလာက္ပါ သည္။


ေျမၾသဇာေကြၽးျခင္း

အပင္စိုက္တဲ့အခ်ိန္မွာေဖာ္ျပခဲ့ေသာ သဘာဝေျမၾသဇာမ်ားထည့္ပါ။ N:P:K ေျမၾသဇာမ်ား ကို တစ္ပင္ကို တစ္ႏွစ္လွ်င္( 650 : 650 : 870) ဂရမ္ ထည့္သြင္းသင့္ပါသည္။


ပိုးမႊားေရာဂါက်ေရာက္မႈ

Fusarium oxysporum မွိုေၾကာင့္ျဖစ္ေသာ Bayoud disease က်ေရာက္တတ္ၿပီး အထြက္ႏႈန္းကို ေလ်ာ့ခ် ေစသျဖင့္ မွိုေရာဂါကိုခံနိုင္ရည္ရွိေသာ မ်ိဳးကိုေ႐ြးခ်ယ္စိုက္ပ်ိဳးရပါမည္။ ပိုးမႊားအေနျဖင့္ အနီေရာင္ က်ိဳင္းေကာင္ မ်ား က်ေရာက္တတ္ပါသည္။


ရိတ္သိမ္းျခင္း

စိုက္ပ်ိဳးၿပီးသည္မွစ ၄ ႏွစ္အၾကာတြင္ စတင္ခူးဆြတ္နိုင္ပါသည္။ အသီးမ်ားရင့္မွည့္ခ်ိန္ တူညီၾကသျဖင့္ အသီး ခူးဆြတ္ခ်ိန္တြင္ အေျမာက္အျမားခူးဆြတ္ရမည္ျဖစ္သည္။ ေစ်းကြက္ဝင္ အေကာင္းဆုံးအသီးမ်ား ရရွိရန္အ တြက္ အသီးေႁခြျခင္းႏွင့္ အိတ္စြပ္ျခင္းကို မရင့္မွည့္မီျပဳလုပ္ေပးျခင္းျဖင့္ အသီးမ်ား၏ အ႐ြယ္အစားႀကီးၿပီး အသီးမ်ားကို ငွက္ႏွင့္ရာသီဥတုဒါဏ္မွ ကာကြယ္နိုင္ ပါမည္။


အထြက္ႏႈန္း

အသီးအထြက္သည္ စိုက္ပ်ိဳးသည့္မ်ိဳး၊ အပင္သက္တမ္း၊ စိုက္ပ်ိဳးေျမအမ်ိဳးအစား၊ ေရရရွိမႈ၊ အျခားေသာစနစ္ တက် ျပဳစုထိန္းသိမ္းမႈနည္းစနစ္မ်ားေပၚ မူတည္ပါသည္။ စနစ္တက်စိဳက္ ပ်ိဳးျပဳစုပါကစိုက္ပ်ိဳးၿပီး ၄ ႏွစ္သား တြင္ အသီးစတင္ခူးဆြတ္ကာ ၇ - ၁၀ ႏွစ္ၾကာသည္ေနာက္ စီးပြား ေရးတြက္ေျခကိုက္ အထြက္ႏႈန္း ရရွိမည္ ျဖစ္ပါသည္။ စိုက္ပ်ိဳးၿပီး စြန္ပလြန္အပင္သည္ ႏွစ္ ၆၀ - ၇၀ အထိ အသီးခူးဆြတ္နိုင္ပါသည္။ အသီးခူးရသည့္  အပင္တစ္ပင္မွအနည္းဆုံးပ်မ္းမွ် ၁၀၀-၂၀၀ ကီလိုဂရမ္ အထိ ထြက္နိုင္ပါသည္။


ေစ်ကြက္အေျခအေန

မိမိေဒသေစ်းကြက္တြင္ လတ္ဆတ္ေသာအသီးမ်ားေရာင္းခ်ျခင္း သို႔မဟုတ္ အစားေသာက္ျပဳျပင္ေရာင္းခ်သည့္ ကုမၸဏီမ်ားသို႔ ေရာင္းခ်ျခင္းတို႔ ျပဳလုပ္ေရာင္းခ်နိဳင္ပါသည္။ ကမၻာ့ေစ်းကြက္ ရည္႐ြယ္ပါက ေစ်းကြက္လိုအပ္ ခ်က္ ပုံစံေပၚမူတည္၍ စနစ္က်ဂ႐ုစိုက္ရန္လိုအပ္ပါသည္။


Credit:သုတဇုန္ ထြန္းလင္း