Sunday, July 26, 2020

လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ

လေးစားမှုဆိုတာ တမင်လုပ်ယူလို့ မရပါ



လုပ်ငန်းခွင်မှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက် အာဏာပါဝါတွေ ပြပြီး အကြောင်းသိအောင် လုပ်ပြလိုက်မယ် ဆိုတဲ့သူတွေ ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ အဲဒီလိုလုပ်လိုက်ရတဲ့ ခဏမှာတော့ သူတို့ကျေနပ်ကောင်း ကျေနပ်သွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးကောင်းလည်း ကြီးနေပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း တွေးကြည့်ရင် နစ်နာသွားရတဲ့သူက တခြားလူမဟုတ်ပါဘူး၊ အဲဒီလို အာဏာပါဝါ ပြလိုက်တဲ့သူ ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။

သေချာစဉ်းစားကြည့်ပါ၊ တကယ်တမ်းကျတော့

၁။ အဲဒီလုပ်ရပ်ဟာ မိမိကိုယ်မိမိ လေးစားမှု မရှိကြောင်း ပြသလိုက်တာပါ

Maslow’s hierarchy of needs ဆိုတာ ရှိပါတယ်။ စား၀တ်နေရေး အခြေခံလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ ချစ်ခင်ကြင်နာမှုတို့ပြီးရင် စတုတ္ထမြောက် လူတွေလိုအပ်တဲ့အရာက လေးစားမှုပါ။ အဲဒီမှာမှ ကိုယ့်ကိုယ်ကိုယ်လေးစားမှုက အရေးကြီးဆုံးလို့ မြင်ပါတယ်။ အဲဒီလေးစားမှုမျိုး မြင့်မြင့်မားမား ရှိနေတဲ့သူက တခြားသူ ကိုယ့်ကို ဘယ်လိုထင်မြင်သလဲ အထူးအထွေ ဂရုစိုက်မနေတော့ပါဘူး။ ကိုယ့်ပန်းတိုင်ပဲ ကိုယ်အာရုံစိုက်ပြီး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်နေတတ်ပါတယ်။

အဲဒါ ပျောက်ဆုံးနေတဲ့ သူကတော့ သူများဆီက လေးစားမှုကို အတင်း မရမက ရှာဖွေပါတော့တယ်။ Deficiency needs တစ်ခုလည်းဖြစ်တော့ မရဘူးဆိုရင် စိတ်က ခက်ထန်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။

၂။ အဲဒီလုပ်ရပ်ဟာ ကိုယ်ပရော်ဖက်ရှင်နယ် မပီသကြောင်း ပြသလိုက်တာပါ

ဒီနေ့ခေတ်မှာ အခွင့်အလမ်းတွေ များလာသလို တစ်ဖက်မှာလည်း ပြိုင်ရဆိုင်ရတာတွေက ပိုပြီး ပြင်းထန်လာပါတယ်။ ဒီအတွက် ကျွန်တော်တို့ အသင့်ဖြစ်ပြီလား။ မဖြစ်သေးဘူးဆိုရင် အဲဒီ မဖြစ်သေးတဲ့ အရာတွေထဲမှာ ထိပ်ဆုံးက ပါနေတာကတော့ “ပရော်ဖက်ရှင်နယ်မပီသခြင်း”ပါပဲ။

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရှေ့တန်းတင်တယ်။ အဖွဲ့အစည်း အောင်မြင်ဖို့ထက် ကိုယ် ပါဝါရှိဖို့ကို ပိုဦးစားပေးနေတယ်။ အလုပ်ကို စည်းမျဉ်းစည်းကမ်းပေါ် အခြေမခံဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအပေါ် မူတည်ပြီး ဈလုပ်ကြတယ်။ ရင်းနှီးရင် တမျိုး၊ မရင်းနှီးရင် တမျိုး။ အလုပ်မှာတော်ဖို့ထက် အထက်လူကြီးနဲ့ အဆင်ပြေဖို့ကို အရင်ကြိုးစားနေရတယ်။ ဒါဟာ မြန်မာလုပ်သားတွေ၊ မြန်မာအဖွဲ့အစည်းတွေ ပြင်ဖို့ လိုအပ်နေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

၃။ အဲဒီလုပ်ရပ်ဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြလိုက်တာပါ

လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်တဲ့ သူတွေအပေါ် သူ ဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရပါတယ်။ လူတွေဟာ ကိုယ့်အထက်အရာရှိရှေ့မှာတော့ ပြုံးရွှင်ချိုသာနေကြတတ်တယ်။ ဒါကို ကြည့်ပြီး ဒီလူ သိပ်ယဉ်ကျေးတာပဲ၊ သိပ်အဆင့်အတန်းရှိတာပဲ သတ်မှတ်လို့ မရပါဘူး။ အဲဒီမျက်နှာဖုံးတွေဟာ ကိုယ့်ထက် နိမ့်ပါးတဲ့သူရှေ့ကို ရောက်တဲ့အခါမှာတော့ ကွာကျကုန်ပါတယ်။ ကိုယ့်ထက် ရာထူးအားဖြင့်၊ လုပ်ပိုင်ခွင့်အားဖြင့်၊ ၀င်ငွေအားဖြင့် နိမ့်နေတဲ့သူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာကမှ သူ့အဆင့်အတန်းကို ဖော်ပြနေတာပါ။ ကိုယ့်ကို ဘာမှပြန်ခံမပြောနိုင်တဲ့သူကို ပြစ်တင်မာန်မဲနေတာဟာ တကယ်တော့ ကြည့်လို့လည်း မကောင်းသလို၊ ဂုဏ်ယူစရာလည်း မကောင်းပါဘူး။

၄။ အဲဒီလုပ်ရပ်ဟာ ကိုယ့်တက်လမ်းကို ကိုယ်ပိတ်ပစ်လိုက်တာပါ

လူဟာ ပညာတစ်ခုတည်း တော်နေလို့မရပါဘူး။ ပညာရှင်အနေနဲ့တော့ အမည်ခံလို့ ရပေမဲ့ ဘ၀မှာ အောင်မြင်တဲ့သူတစ်ယောက်တော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ IQ ထက် EQ ကို ပိုဇောင်းပေးပြောလာကြပါပြီ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း၊ စိတ်ဓါတ်တက်ကြွမှု၊ လူမှုဆက်ဆံရေး၊ ကိုယ်ချင်းစာတရား၊ ဒါတွေ ဘယ်လောက်အားကောင်းသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အောင်မြင်သူလား ရှုံးနိမ့်သူလားဆိုတာ အဖြေထွက်လာတာပါ။ ဒါကြောင့် လုပ်ငန်းခွင်မှာ မိမိရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး၊ လူမှုဆက်ဆံရေး ညံ့ဖျင်းမယ်၊ ကိုယ်ချင်းစာစိတ် မထားဘဲ အလုပ်လုပ်မယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း မဆန်းစစ်မိဘဲ ဆက်ကာဆက်ကာ လုပ်နေမယ်ဆိုရင်တော့ အဲဒါဟာ ကိုယ့်တက်လမ်း ကိုယ်ပိတ်ပစ်တာနဲ့ အတူတူပါပဲ။

၅။ အဲဒီလုပ်ရပ်ဟာ ကိုယ်အမြင်ကျဉ်းတာကို သွယ်ဝိုက်သောနည်းနဲ့ ၀န်ခံလိုက်တာပါ

ဒီနိုင်ငံထဲက ဒီအဖွဲ့အစည်း၊ ဒီလောက သေးသေးလေးထဲမှာ ကိုယ်က အကောင်ကြီး ဖြစ်နေဦးတော့၊ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ကိုယ်လည်း ဘာမှမဟုတ်တော့ပါဘူး။ ရထားတဲ့ နေရာလေးတစ်ခုအတွက် မာန်မာနတွေ ထောင်လွှားပြီး အာဏာပါဝါ ပြနေမဲ့အစား ကိုယ့် career မှာ မြင့်သထက် မြင့်လာအောင် အပေါ် ထပ်တက်နိုင်ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။

၆။ အဲဒီလုပ်ရပ်ဟာ တချိန် ကိုယ့်ဆီ ပြန်ရောက်လာမှာ ဖြစ်ပါတယ်

ဗုဒ္ဓဘာသာ၀င်တွေဟာ ကံကံ၏အကျိုးကို ယုံကြည်ကြပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာပါလိမ့်မယ်။ ကိုယ့်ကြောင့် လူတစ်ဖက်သား အပြစ်တစ်စုံတစ်ရာ မလုပ်ဘဲ မျက်ရည်ကျနေရမယ်၊ စိတ်ဆင်းရဲနေရမယ်၊ နောက်ဆုံး ဆက်မလုပ်နိုင်တော့လို့ အလုပ်ပါ ထွက်သွားရတယ်ဆိုရင် တစ်နေ့ ကိုယ်တိုင်လည်း အဲဒီလိုမျိုး မလွဲမသွေ ပြန်ကြုံတွေ့ရမှာပါ။ ဆင်ခြင်နိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၂၅.၁၁.၂၀၁၅

(Zawgyi) 


ေလးစားမႈဆိုတာ တမင္လုပ္ယူလို႔ မရပါ


လုပ္ငန္းခြင္မွာ ဘာမဟုတ္တဲ့ ကိစၥေလးေတြအတြက္ အာဏာပါဝါေတြ ျပၿပီး အေၾကာင္းသိေအာင္ လုပ္ျပလိုက္မယ္ ဆိုတဲ့သူေတြ ၾကဳံဖူး၊ ေတြ႕ဖူးၾကမွာပါ။ အဲဒီလိုလုပ္လိုက္ရတဲ့ ခဏမွာေတာ့ သူတို႔ေက်နပ္ေကာင္း ေက်နပ္သြားပါလိမ့္မယ္။ ကိုယ့္ကိုယ္ကို အထင္ႀကီးေကာင္းလည္း ႀကီးေနပါလိမ့္မယ္။ ဒါေပမဲ့ တကယ္တမ္း ေတြးၾကည့္ရင္ နစ္နာသြားရတဲ့သူက တျခားလူမဟုတ္ပါဘူး၊ အဲဒီလို အာဏာပါဝါ ျပလိုက္တဲ့သူ ကိုယ္တိုင္ပဲ ျဖစ္ေနပါတယ္။

ေသခ်ာစဥ္းစားၾကည့္ပါ၊ တကယ္တမ္းက်ေတာ့

၁။ အဲဒီလုပ္ရပ္ဟာ မိမိကိုယ္မိမိ ေလးစားမႈ မရွိေၾကာင္း ျပသလိုက္တာပါ

Maslow’s hierarchy of needs ဆိုတာ ရွိပါတယ္။ စား၀တ္ေနေရး အေျခခံလိုအပ္ခ်က္၊ ေဘးကင္းလုံျခဳံမႈ၊ ခ်စ္ခင္ၾကင္နာမႈတို႔ၿပီးရင္ စတုတၳေျမာက္ လူေတြလိုအပ္တဲ့အရာက ေလးစားမႈပါ။ အဲဒီမွာမွ ကိုယ့္ကိုယ္ကိုယ္ေလးစားမႈက အေရးႀကီးဆုံးလို႔ ျမင္ပါတယ္။ အဲဒီေလးစားမႈမ်ိဳး ျမင့္ျမင့္မားမား ရွိေနတဲ့သူက တျခားသူ ကိုယ့္ကို ဘယ္လိုထင္ျမင္သလဲ အထူးအေထြ ဂ႐ုစိုက္မေနေတာ့ပါဘူး။ ကိုယ့္ပန္းတိုင္ပဲ ကိုယ္အာ႐ုံစိုက္ၿပီး ကိုယ္လုပ္စရာရွိတာ ကိုယ္လုပ္ေနတတ္ပါတယ္။

အဲဒါ ေပ်ာက္ဆုံးေနတဲ့ သူကေတာ့ သူမ်ားဆီက ေလးစားမႈကို အတင္း မရမက ရွာေဖြပါေတာ့တယ္။ Deficiency needs တစ္ခုလည္းျဖစ္ေတာ့ မရဘူးဆိုရင္ စိတ္က ခက္ထန္လာတယ္၊ စိတ္ဖိစီးမႈေတြ မ်ားလာတတ္ပါတယ္။

၂။ အဲဒီလုပ္ရပ္ဟာ ကိုယ္ပေရာ္ဖက္ရွင္နယ္ မပီသေၾကာင္း ျပသလိုက္တာပါ

ဒီေန႔ေခတ္မွာ အခြင့္အလမ္းေတြ မ်ားလာသလို တစ္ဖက္မွာလည္း ၿပိဳင္ရဆိုင္ရတာေတြက ပိုၿပီး ျပင္းထန္လာပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႔ အသင့္ျဖစ္ၿပီလား။ မျဖစ္ေသးဘူးဆိုရင္ အဲဒီ မျဖစ္ေသးတဲ့ အရာေတြထဲမွာ ထိပ္ဆုံးက ပါေနတာကေတာ့ “ပေရာ္ဖက္ရွင္နယ္မပီသျခင္း”ပါပဲ။

လုပ္ငန္းခြင္မွာ ကိုယ့္ရဲ့ ပုဂၢိဳလ္ေရးခံစားခ်က္ေတြ ေရွ႕တန္းတင္တယ္။ အဖြဲ႕အစည္း ေအာင္ျမင္ဖို႔ထက္ ကိုယ္ ပါဝါရွိဖို႔ကို ပိုဦးစားေပးေနတယ္။ အလုပ္ကို စည္းမ်ဥ္းစည္းကမ္းေပၚ အေျခမခံဘဲ ပုဂၢိဳလ္ေရး ရင္းႏွီးမႈအေပၚ မူတည္ၿပီး ဈလုပ္ၾကတယ္။ ရင္းႏွီးရင္ တမ်ိဳး၊ မရင္းႏွီးရင္ တမ်ိဳး။ အလုပ္မွာေတာ္ဖို႔ထက္ အထက္လူႀကီးနဲ႔ အဆင္ေျပဖို႔ကို အရင္ႀကိဳးစားေနရတယ္။ ဒါဟာ ျမန္မာလုပ္သားေတြ၊ ျမန္မာအဖြဲ႕အစည္းေတြ ျပင္ဖို႔ လိုအပ္ေနတဲ့ အခ်က္တစ္ခ်က္လည္း ျဖစ္ပါတယ္။

၃။ အဲဒီလုပ္ရပ္ဟာ ကိုယ့္အဆင့္အတန္းကို ေဖာ္ျပလိုက္တာပါ

လူတစ္ေယာက္ရဲ့ အဆင့္အတန္းကို သိခ်င္ရင္ သူ႔ထက္နိမ့္တဲ့ သူေတြအေပၚ သူ ဘယ္လိုဆက္ဆံသလဲ ဆိုတာကို ၾကည့္ရပါတယ္။ လူေတြဟာ ကိုယ့္အထက္အရာရွိေရွ႕မွာေတာ့ ျပဳံးရႊင္ခ်ိဳသာေနၾကတတ္တယ္။ ဒါကို ၾကည့္ၿပီး ဒီလူ သိပ္ယဥ္ေက်းတာပဲ၊ သိပ္အဆင့္အတန္းရွိတာပဲ သတ္မွတ္လို႔ မရပါဘူး။ အဲဒီမ်က္ႏွာဖုံးေတြဟာ ကိုယ့္ထက္ နိမ့္ပါးတဲ့သူေရွ႕ကို ေရာက္တဲ့အခါမွာေတာ့ ကြာက်ကုန္ပါတယ္။ ကိုယ့္ထက္ ရာထူးအားျဖင့္၊ လုပ္ပိုင္ခြင့္အားျဖင့္၊ ၀င္ေငြအားျဖင့္ နိမ့္ေနတဲ့သူေတြကို ဘယ္လိုဆက္ဆံသလဲဆိုတာကမွ သူ႔အဆင့္အတန္းကို ေဖာ္ျပေနတာပါ။ ကိုယ့္ကို ဘာမွျပန္ခံမေျပာနိုင္တဲ့သူကို ျပစ္တင္မာန္မဲေနတာဟာ တကယ္ေတာ့ ၾကည့္လို႔လည္း မေကာင္းသလို၊ ဂုဏ္ယူစရာလည္း မေကာင္းပါဘူး။

၄။ အဲဒီလုပ္ရပ္ဟာ ကိုယ့္တက္လမ္းကို ကိုယ္ပိတ္ပစ္လိုက္တာပါ

လူဟာ ပညာတစ္ခုတည္း ေတာ္ေနလို႔မရပါဘူး။ ပညာရွင္အေနနဲ႔ေတာ့ အမည္ခံလို႔ ရေပမဲ့ ဘ၀မွာ ေအာင္ျမင္တဲ့သူတစ္ေယာက္ေတာ့ ျဖစ္လာဖို႔ မလြယ္ပါဘူး။ ဒီေန႔ေခတ္မွာ IQ ထက္ EQ ကို ပိုေဇာင္းေပးေျပာလာၾကပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ ဆန္းစစ္နိုင္ျခင္း၊ ထိန္းခ်ဳပ္နိုင္ျခင္း၊ စိတ္ဓါတ္တက္ႂကြမႈ၊ လူမႈဆက္ဆံေရး၊ ကိုယ္ခ်င္းစာတရား၊ ဒါေတြ ဘယ္ေလာက္အားေကာင္းသလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ေအာင္ျမင္သူလား ရႈံးနိမ့္သူလားဆိုတာ အေျဖထြက္လာတာပါ။ ဒါေၾကာင့္ လုပ္ငန္းခြင္မွာ မိမိရဲ့ စိတ္ခံစားခ်က္ကို မထိန္းခ်ဳပ္နိုင္ဘူး၊ လူမႈဆက္ဆံေရး ညံ့ဖ်င္းမယ္၊ ကိုယ္ခ်င္းစာစိတ္ မထားဘဲ အလုပ္လုပ္မယ္၊ ကိုယ့္ကိုယ္ကိုယ္လည္း မဆန္းစစ္မိဘဲ ဆက္ကာဆက္ကာ လုပ္ေနမယ္ဆိုရင္ေတာ့ အဲဒါဟာ ကိုယ့္တက္လမ္း ကိုယ္ပိတ္ပစ္တာနဲ႔ အတူတူပါပဲ။

၅။ အဲဒီလုပ္ရပ္ဟာ ကိုယ္အျမင္က်ဥ္းတာကို သြယ္ဝိုက္ေသာနည္းနဲ႔ ၀န္ခံလိုက္တာပါ

ဒီနိုင္ငံထဲက ဒီအဖြဲ႕အစည္း၊ ဒီေလာက ေသးေသးေလးထဲမွာ ကိုယ္က အေကာင္ႀကီး ျဖစ္ေနဦးေတာ့၊ ကမၻာနဲ႔ယွဥ္လိုက္ရင္ ကိုယ္လည္း ဘာမွမဟုတ္ေတာ့ပါဘူး။ ရထားတဲ့ ေနရာေလးတစ္ခုအတြက္ မာန္မာနေတြ ေထာင္လႊားၿပီး အာဏာပါဝါ ျပေနမဲ့အစား ကိုယ့္ career မွာ ျမင့္သထက္ ျမင့္လာေအာင္ အေပၚ ထပ္တက္နိုင္ဖို႔အတြက္ ႀကိဳးစားၾကမယ္ဆိုရင္ ပိုေကာင္းပါလိမ့္မယ္။

၆။ အဲဒီလုပ္ရပ္ဟာ တခ်ိန္ ကိုယ့္ဆီ ျပန္ေရာက္လာမွာ ျဖစ္ပါတယ္

ဗုဒၶဘာသာ၀င္ေတြဟာ ကံကံ၏အက်ိဳးကို ယုံၾကည္ၾကပါတယ္။ ကိုယ္ျပဳသည့္ကံ ပဲ့တင္သံ ကိုယ့္ထံ ျပန္လာပါလိမ့္မယ္။ ကိုယ့္ေၾကာင့္ လူတစ္ဖက္သား အျပစ္တစ္စုံတစ္ရာ မလုပ္ဘဲ မ်က္ရည္က်ေနရမယ္၊ စိတ္ဆင္းရဲေနရမယ္၊ ေနာက္ဆုံး ဆက္မလုပ္နိုင္ေတာ့လို႔ အလုပ္ပါ ထြက္သြားရတယ္ဆိုရင္ တစ္ေန႔ ကိုယ္တိုင္လည္း အဲဒီလိုမ်ိဳး မလြဲမေသြ ျပန္ၾကဳံေတြ႕ရမွာပါ။ ဆင္ျခင္နိုင္ၾကဖို႔ လိုပါတယ္။

ေဒါက္တာ ၿဖိဳးသီဟ

၂၅.၁၁.၂၀၁၅

Saturday, July 25, 2020

Turmeric Milk (Haldi ka Milk)

ညအိပ်ရာမဝင်ခင် နွားနို့တစ်ခွက်ထဲ နနွင်းအနည်းငယ်ထည့်သောက်ကျမယ် (Turmeric Milk)


သာမန် ရေသောက်တဲ့ဖန်ခွက်အရွယ်အစားနွားနို့တစ်ဖန်ခွက်နဲ့ နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်တို့ကို ရောနှောလိုက်မယ်ဆိုရင် ရွှေရောင်နွားနို့တစ်ခွက် ရရှိသွားမှာပါ။ ဒီရွှေရောင်နွားနို့က သင့်ရဲ့ခန္ဓာကိုယ်ကို ညဘက်မှာ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ထိုဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းအားဖြင့် ကိုယ်ခံစွမ်းအား မြင့်မားခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို သန့်စင်ပေးခြင်း၊ ကင်ဆာရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိခံစားရမှာပါ။

စာဖတ်သူတို့အနေနဲ့ နနွင်းမှုန့် နွားနို့ဖျော်ရည်ကို ဘာ့ကြောင့် သောက်သုံးသင့်သလဲဆိုတဲ့ အကြောင်းပြချက်လေးတွေကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

ဝိတ်ကျသွားခြင်း

နနွင်းမှုန့်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ ခန္ဓာကိုယ်ရှိအဆီပိုများကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျချင်သူများအနေနဲ့ နွားနို့ထဲကို နနွင်းမှုန့်လေးများ ထည့်သောက်ပေးနိုင်ပါတယ်။

နှလုံးအားကောင်းအောင် ကူညီပေးခြင်း

နနွင်းမှုန့် နွားနို့ကို ညအိပ်ရာဝင်ခါနီးတိုင်း သောက်သုံးပေးမယ်ဆိုရင် နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

ဉာဏ်ရည်ထက်မြက်လာအောင် စွမ်းဆောင်ပေးခြင်း

နနွင်းမှုန့် နွားနို့ကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကောင်းမွန်လာပြီး အယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်ဆုံးရှုံးခြင်း ဖြစ်စဉ်မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အသည်းရှိ အဆိပ်အတောက်နဲ့ အညစ်အကြေးများကို ဖယ်ရှားပေးခြင်း

နနွင်းမှုန့်က သင့် အသည်းကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်လို့ သက်သေပြထားပြီးသားဖြစ်ပါတယ်။ နနွင်းမှုန့်က အသည်းထဲမှာ စုပုံနေတဲ့ အဆီအက်ဆစ်များကို ဖယ်ရှားပေးပြီး အသည်းကို သန့်စင်ပေးမှာပါ။

ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို သက်သာစေခြင်း

နနွင်းမှုန့်နဲ့ နွားနို့ရဲ့ ပေါင်းစပ်လိုက်တဲ့အစွမ်းက ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း စတဲ့ နာကျင်မှုတို့ကို လျော့ပါးသက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း

လေ့လာတွေ့ရှိချက်များအရ နနွင်းမှုန့်က ကင်ဆာဆဲလ်များကို ဖယ်ရှားပေးပြီး ကင်ဆာဆဲလ်များပွား မလာအောင် ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။

အရိုးအဆစ်များ သန်မာလာခြင်း

နနွင်းမှုန့်က အရိုးများဆုံးရှုံးမှုကို ၅၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးပါတယ်။ နွားနို့မျာတော့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်တို့ ကြွယ်ဝတဲ့အတွက်ကြောင့် အရိုးအဆစ်များကို သန်မာစေမှာပဲဖြစ်ပါတယ်။

ခုခံစွမ်းအား မြှင့်မားလာခြင်း

နနွင်းမှုန့်ထဲမှာ ပါဝင်တဲ့ Curcumin လို့ခေါ်တဲ့ စွမ်းအားပြင်းဓာတ်တစ်မျိုးက ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကူညီပေးတာကြောင့် ဒေါင်ဒေါင်မြည် ကျန်းမာနေမှာပဲဖြစ်ပါတယ်။

Source: Brightside.me
ဖျော်စပ်နည်း (၁)
ပထမနည်းက အလွယ်လုပ်သောက်တဲ့နည်းပါ။ ကျိုချက်ထားသောနွားနို့ ဖန်ခွက်တစ်ခွက်(8 oz.) ခပ်နွေးနွေးထဲကို နနွင်းမှုန့်စစ်စစ် စားပွဲတင်ဇွန်း တစ်ဝက်စာထည့်မွှေပြီးသောက်တဲ့နည်းဖြစ်ပါတယ်။

ဖျော်စပ်နည်း (၂)

Turmeric Latte – Golden Drink Turmeric Milk (Haldi ka Milk)

ဒုတိယဖျော်စပ်နည်းကတော့ အိန္ဒိယမှ မိသားစုဝင်တိုင်းပြုလုပ်ပြင်ဆင်သောက်သုံးတတ်ကြတဲ့နည်းဖြစ်ပါတယ်။ နနွင်းမှုန့်ကိုသုံးလို့ ရပေမယ့် နနွင်းတက်လတ်လတ်ဆတ်ဆတ်ကိုသာ အသုံးပြုကြတာများတယ်ခင်ဗျ။
ပါဝင်ပစ္စည်းတွေက

နနွင်းတက် ၂၀၀ ဂရမ် (Raw Turmeric 200 gm)
ပျားရည် လက်ဖက်ရည်ဇွန်း ၂ - ၃ ဇွန်း(Honey 2 – 3tsp)
ဖာလာစေ့အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (Green cardamom powder 1 pinch)
သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (Cinnamon powder 1 pinch)
ဇာတိပ္ဖိုလ်သီး တစ်လုံး (Nutmeg 1)
နွားနို့ ၅၀၀ မီလီ (Cow milk 500 ml)

ပြင်ဆင်ပြုလုပ်ပုံ

နွားနို့ ၅၀၀ မီလီကို အိုးတစ်ခုထဲထည့်ကာ မီးဖိုပေါ်တင်ပြီးကျိုချက်ပါ။ နွားနို့ကျိုနေစဉ်မှာ နနွင်းတက်ကို အခွံခြစ်လှီးချွတ်ပြီး အနှစ်ဖြစ် အောင် ကြိတ်စက်ဖြင့် ခလုပ်အနှေးမှာထားပြီးကြိတ်ပါ။ နွားနို့ပွက်ပွက်ဆူလာပြီး အပေါ်ယံတင်းလာချိန်မှာ မီးအပူရှိန်ကိုလျော့ လိုက်ရင်း နနွင်းအနှစ် လက်ဖက်ရည်ဇွန်း ၂ဇွန်းကိုထည့်လိုက်ပါ။ ဖာလာစေ့အမှုန့်အနည်းငယ် (လက်ဖက်ရည်ဇွန်း တစ်ဝက်)ကိုလည်း ထည့်ကာ နွားနို့အိုးကို မီးဖိုပေါ်မယ် နှစ်မိနစ် သုံးမိနစ်လောက်ဆက်လက်အပူပေးရင်း အဆက်မပြတ်မွှေပေးပါ။ အသင့်ပြင်ထားသော ခွက်ထဲသို့ အိုးထဲမှ နွားနို့ကိုလောင်းထည့်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက် ထည့်မွေလိုက်ပါ။ တည်ခင်းမည့်ပန်းကန်ထဲသို့ ကော်ဖီစစ်ဇကာခံပြီး နွားနို့ကိုလောင်းထည့်ပြီးနောက် သစ်ကြမ်းပိုးမှုန့် အနည်းငယ်ကို အပေါ်ကဖြူး၊ ဇာတိပ္ဖိုလ်သီးကို ဂျစ်နဲ့ခြစ်ပြီး အနည်းငယ်ဖြူးပေးကာ တည်ခင်းပေးနိုင်ပါပြီ။

နနွင်းတက်ကိုအခွံမခွာ/မခြစ်ခင်ရယ် အနှစ်လုပ်ပြီးချိန်ရယ် တစ်ခါသုံးလက်အိပ်စွပ်ပြီးကိုင်တွယ်ပါ။ ကြိတ်ထားသောပိုလျှံ အနှစ်များ (Turmeric Paste) ကို သန့်စင်သောခွက်တစ်ခုထဲထည့်ကာ ရေခဲသေတ္တာထဲထည့်သိမ်းထားနိုင်ပါတယ်။  နနွင်းတက်က လုံးဝခြောက် သွေ့ကာ အမှုန့်ကြိတ်လို့ရတဲ့အဆင့်ရောက်နေဖို့မလိုပါဘူး။ ဂျင်းတက်လိုမျိုး ဟင်းခတ်ဖို့ အဆင်ပြေတဲ့အဆင့်ဆိုရပါပြီ။နနွင်းတက်နဲ့ ဇာတိပ္ဖိုလ်သီးတို့ကို လတ်လတ်ဆတ်ဆတ်ကြိတ်ထည့်/ခြစ်ထည့်ရင်လည်း ရသလို အမှုန့်ရှိရင်လည်း အလွယ်တကူသုံးလို့ရပါတယ်။ နွားနို့အပြင် almond milk တို့၊ အုန်းနို့တို့၊ ပဲနို့တို့ကိုလည်း အစားထိုးပြုလုပ်လို့ရပါတယ်။

#Nishamadhulika #Haldi_ka_Milk #Turmeric_Latte #TurmericMilk #Remedy #Recepie #Share

(Zawgyi)

ညအိပ္ရာမ၀င္ခင္ ႏြားနို႕တစ္ခြက္ထဲ နႏြင္းအနည္းငယ္ထည့္ေသာက္က်မယ္ (Turmeric Milk)


သာမန္ ေရေသာက္တဲ့ဖန္ခြက္အရြယ္အစားႏြားနို႔တစ္ဖန္ခြက္နဲ႔ နႏြင္းမႈန႔္ စားပြဲတင္ဇြန္း တစ္ဝက္တို႔ကို ေရာေႏွာလိုက္မယ္ဆိုရင္ ေရႊေရာင္ႏြားနို႔တစ္ခြက္ ရရွိသြားမွာပါ။ ဒီေရႊေရာင္ႏြားနို႔က သင့္ရဲ့ခႏၶာကိုယ္ကို ညဘက္မွာ ေကာင္းမြန္စြာအိပ္စက္အနားယူနိုင္ဖို႔အတြက္ ကူညီေပးနိုင္ပါတယ္။

ထိုေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္သုံးျခင္းအားျဖင့္ ကိုယ္ခံစြမ္းအား ျမင့္မားျခင္း၊ ခႏၶာကိုယ္ထဲရွိ အဆိပ္အေတာက္မ်ားကို သန႔္စင္ေပးျခင္း၊ ကင္ဆာေရာဂါမျဖစ္ပြားေအာင္ ကာကြယ္ေပးျခင္း စတဲ့ အက်ိဳးေက်းဇူးမ်ားကို ရရွိခံစားရမွာပါ။

စာဖတ္သူတို႔အေနနဲ႔ နႏြင္းမႈန႔္ ႏြားနို႔ေဖ်ာ္ရည္ကို ဘာ့ေၾကာင့္ ေသာက္သုံးသင့္သလဲဆိုတဲ့ အေၾကာင္းျပခ်က္ေလးေတြကို ဆက္လက္ေဖာ္ျပေပးခ်င္ပါတယ္။

ဝိတ္က်သြားျခင္း

နႏြင္းမႈန႔္က ခႏၶာကိုယ္ရဲ့ ဇီဝကမၼျဖစ္စဥ္ကို ျမႇင့္တင္ေပးနိုင္႐ုံသာမကဘဲ ခႏၶာကိုယ္ရွိအဆီပိုမ်ားကို ေခ်ဖ်က္ေပးနိုင္ပါတယ္။ ဒါ့ေၾကာင့္ ဝိတ္က်ခ်င္သူမ်ားအေနနဲ႔ ႏြားနို႔ထဲကို နႏြင္းမႈန႔္ေလးမ်ား ထည့္ေသာက္ေပးနိုင္ပါတယ္။

ႏွလုံးအားေကာင္းေအာင္ ကူညီေပးျခင္း

နႏြင္းမႈန႔္ ႏြားနို႔ကို ညအိပ္ရာဝင္ခါနီးတိုင္း ေသာက္သုံးေပးမယ္ဆိုရင္ ႏွလုံးေရာဂါ ျဖစ္ပြားျခင္းမွ ႀကိဳတင္ကာကြယ္ရာေရာက္ပါတယ္။

ဉာဏ္ရည္ထက္ျမက္လာေအာင္ စြမ္းေဆာင္ေပးျခင္း

နႏြင္းမႈန႔္ ႏြားနို႔ကို ေန႔စဥ္ ပုံမွန္ေသာက္သုံးျခင္းအားျဖင့္ အာ႐ုံေၾကာစနစ္ေကာင္းမြန္လာၿပီး အယ္လ္ဇိုင္းမားေရာဂါေၾကာင့္ မွတ္ဉာဏ္ဆုံးရႈံးျခင္း ျဖစ္စဥ္မခံစားရေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

အသည္းရွိ အဆိပ္အေတာက္နဲ႔ အညစ္အေၾကးမ်ားကို ဖယ္ရွားေပးျခင္း

နႏြင္းမႈန႔္က သင့္ အသည္းက်န္းမာေရးအတြက္ ေကာင္းက်ိဳးအေျမာက္အျမားေပးစြမ္းနိုင္တယ္လို႔ သက္ေသျပထားၿပီးသားျဖစ္ပါတယ္။ နႏြင္းမႈန႔္က အသည္းထဲမွာ စုပုံေနတဲ့ အဆီအက္ဆစ္မ်ားကို ဖယ္ရွားေပးၿပီး အသည္းကို သန႔္စင္ေပးမွာပါ။

ခႏၶာကိုယ္ေရာင္ရမ္းျခင္းကို သက္သာေစျခင္း

နႏြင္းမႈန႔္နဲ႔ ႏြားနို႔ရဲ့ ေပါင္းစပ္လိုက္တဲ့အစြမ္းက ခႏၶာကိုယ္ေရာင္ရမ္းျခင္း၊ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္း စတဲ့ နာက်င္မႈတို႔ကို ေလ်ာ့ပါးသက္သာသြားေအာင္ ကူညီေပးနိုင္ပါတယ္။

ကင္ဆာေရာဂါကို တိုက္ဖ်က္ေပးျခင္း

ေလ့လာေတြ႕ရွိခ်က္မ်ားအရ နႏြင္းမႈန႔္က ကင္ဆာဆဲလ္မ်ားကို ဖယ္ရွားေပးၿပီး ကင္ဆာဆဲလ္မ်ားပြား မလာေအာင္ ကာကြယ္ေပးတယ္လို႔ သိရွိရပါတယ္။

အရိုးအဆစ္မ်ား သန္မာလာျခင္း

နႏြင္းမႈန႔္က အရိုးမ်ားဆုံးရႈံးမႈကို ၅၀ ရာခိုင္ႏႈန္းခန႔္ ကာကြယ္ေပးပါတယ္။ ႏြားနို႔မ်ာေတာ့ ကယ္လ္စီယမ္နဲ႔ ဗီတာမင္ဒီဓာတ္တို႔ ႂကြယ္ဝတဲ့အတြက္ေၾကာင့္ အရိုးအဆစ္မ်ားကို သန္မာေစမွာပဲျဖစ္ပါတယ္။

ခုခံစြမ္းအား ျမႇင့္မားလာျခင္း

နႏြင္းမႈန႔္ထဲမွာ ပါဝင္တဲ့ Curcumin လို႔ေခၚတဲ့ စြမ္းအားျပင္းဓာတ္တစ္မ်ိဳးက ျပင္ပမွ ေရာဂါပိုးမႊားမ်ား ခႏၶာကိုယ္ထဲသို႔ ဝင္ေရာက္မလာေအာင္ ကူညီေပးတာေၾကာင့္ ေဒါင္ေဒါင္ျမည္ က်န္းမာေနမွာပဲျဖစ္ပါတယ္။

Source: Brightside.me

ေဖ်ာ္စပ္နည္း (၁)
ပထမနည္းက အလြယ္လုပ္ေသာက္တဲ့နည္းပါ။ က်ိဳခ်က္ထားေသာႏြားႏို႔ ဖန္ခြက္တစ္ခြက္(8 oz.) ခပ္ေႏြးေႏြးထဲကို နႏြင္းမႈန္႔စစ္စစ္ စားပြဲတင္ဇြန္း တစ္၀က္စာထည့္ေမႊျပီးေသာက္တဲ့နည္းျဖစ္ပါတယ္။

ေဖ်ာ္စပ္နည္း (၂)

Turmeric Latte – Golden Drink Turmeric Milk (Haldi ka Milk)

ဒုတိယေဖ်ာ္စပ္နည္းကေတာ့ အိႏၵိယမွ မိသားစု၀င္တိုင္းျပဳလုပ္ျပင္ဆင္ေသာက္သံုးတတ္ၾကတဲ့နည္းျဖစ္ပါတယ္။ နႏြင္းမႈန္႔ကိုသံုးလို႔ ရေပမယ့္ နႏြင္းတက္လတ္လတ္ဆတ္ဆတ္ကိုသာ အသံုးျပဳၾကတာမ်ားတယ္ခင္ဗ်။
ပါ၀င္ပစၥည္းေတြက

နႏြင္းတက္ ၂၀၀ ဂရမ္ (Raw Turmeric 200 gm)
ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ - ၃ ဇြန္း(Honey 2 – 3tsp)
ဖာလာေစ့အမႈန္႔ လက္ဖက္ရည္ဇြန္း တစ္၀က္ (Green cardamom powder 1 pinch)
သစ္ၾကံပိုးမႈန္႔ လက္ဖက္ရည္ဇြန္း တစ္၀က္ (Cinnamon powder 1 pinch)
ဇာတိပၹိဳလ္သီး တစ္လံုး (Nutmeg 1)
ႏြားႏို႔ ၅၀၀ မီလီ (Cow milk 500 ml)

ျပင္ဆင္ျပဳလုပ္ပံု

ႏြားႏို႔ ၅၀၀ မီလီကို အိုးတစ္ခုထဲထည့္ကာ မီးဖိုေပၚတင္ျပီးက်ိဳခ်က္ပါ။ ႏြားႏို႔က်ိဳေနစဥ္မွာ နႏြင္းတက္ကို အခြံျခစ္လွီးခၽြတ္ျပီး အႏွစ္ျဖစ္ ေအာင္ ၾကိတ္စက္ျဖင့္ ခလုပ္အေႏွးမွာထားျပီးၾကိတ္ပါ။ ႏြားႏို႔ပြက္ပြက္ဆူလာျပီး အေပၚယံတင္းလာခ်ိန္မွာ မီးအပူရွိန္ကိုေလ်ာ့ လိုက္ရင္း နႏြင္းအႏွစ္ လက္ဖက္ရည္ဇြန္း ၂ဇြန္းကိုထည့္လိုက္ပါ။ ဖာလာေစ့အမႈန္႔အနည္းငယ္ (လက္ဖက္ရည္ဇြန္း တစ္၀က္)ကိုလည္း ထည့္ကာ ႏြားႏို႔အိုးကို မီးဖိုေပၚမယ္ ႏွစ္မိနစ္ သံုးမိနစ္ေလာက္ဆက္လက္အပူေပးရင္း အဆက္မျပတ္ေမႊေပးပါ။ အသင့္ျပင္ထားေသာ ခြက္ထဲသို႔ အိုးထဲမွ ႏြားႏို႔ကိုေလာင္းထည့္ပါ။ ပ်ားရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းေလာက္ ထည့္ေမြလိုက္ပါ။ တည္ခင္းမည့္ပန္းကန္ထဲေကာ္ဖီစစ္ဇကာခံၿပီး ႏြားႏို႔ကိုေလာင္းထည့္ျပီးေနာက္ သစ္ၾကမ္းပိုးမႈန္႔ အနည္းငယ္ကို အေပၚကျဖဴး၊ ဇာတိပၹဳိလ္သီးကို ဂ်စ္နဲ႔ျခစ္ျပီး အနည္းငယ္ျဖဴးေပးကာ တည္ခင္းေပးႏိုင္ပါျပီ။

နႏြင္းတက္ကိုအခြံမခြာ/မျခစ္ခင္ရယ္ အႏွစ္လုပ္ျပီးခ်ိန္ရယ္ တစ္ခါသံုးလက္အိပ္စြပ္ျပီးကိုင္တြယ္ပါ။ ၾကိတ္ထားေသာပိုလွ်ံ အႏွစ္မ်ား (Turmeric Paste) ကို သန္႔စင္ေသာခြက္တစ္ခုထဲထည့္ကာ ေရခဲေသတၱာထဲထည့္သိမ္းထားႏိုင္ပါတယ္။  နႏြင္းတက္က လံုး၀ေျခာက္ ေသြ႕ကာ အမႈန္႔ၾကိတ္လို႔ရတဲ့အဆင့္ေရာက္ေနဖို႔မလိုပါဘူး။ ဂ်င္းတက္လိုမ်ိဳး ဟင္းခတ္ဖို႕ အဆင္ေျပတဲ့အဆင့္ဆိုရပါျပီ။နႏြင္းတက္နဲ႔ ဇာတိပၹိဳလ္သီးတို႔ကို လတ္လတ္ဆတ္ဆတ္ၾကိတ္ထည့္/ျခစ္ထည့္ရင္လည္း ရသလို အမႈန္႔ရွိရင္လည္း အလြယ္တကူသံုးလို႕ရပါတယ္။ ႏြားႏို႔အျပင္ almond milk တို႔၊ အုန္းႏို႔တို႔၊ ပဲႏို႔တို႔ကိုလည္း အစားထိုးျပဳလုပ္လို႕ရပါတယ္။

#Nishamadhulika #Haldi_ka_Milk #Turmeric_Latte #TurmericMilk #Remedy #Recepie #Share

Friday, July 24, 2020

ပန္းေသးေခါက္ဆြဲ - ဆန္အရက္ပုစြန္ - တူနာ မုန္႕ဟင္းခါး (Tuna Mohinga)

တူနာ မုန့်ဟင်းခါး  (Tuna Mohinga) ချက်နည်း ....


မုန့်ဟင်းခါးဆို ဘယ်လိုချက်နည်းနှင့်ပဲ ချက်ချက် ရိုးတယ်မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အားပေးတတ်ကျသော မုန့်ဟင်းခါးကို ဖန်တီးမှု အသစ်အဆန်း မဟုတ်ပေမယ့် စည့်ရဲ့ ချက်နည်းလေးဖြင့် ပြန်လည် မျှဝေထားပါတယ်။

ပါဝင်ပစ္စည်းများ
မုန့်ဖတ် ၁ ပိသာ

အနှစ်လုပ်ရန်
ကြက်သွန်နီဥကြီး ၅-၇ လုံး (အခွံခွာ၊ ထောင်းထားပါ)
ကြက်သွန်ဖြူ ၁၀ တက်  (အခွံခွာပြီး၊ ထောင်းထားပါ)
ချင်းတက် လက် ၂ ဆစ်လောက်(အခွံခွာပြီး ထောင်းထားပါ)
အရောင်တင်မှုန့် ၂ ဇွန်းစားပွဲဇွန်း
နေကြာဆီ ၁၀ ဇွန်း စားပွဲဇွန်း
တူနာငါးဗူး ၁ ဗူး ခွဲ (အသင့်စားဗူး)
ငံပြာရည် ၂ ဇွန်း ခွဲ စားပွဲဇွန်း
စပါးလင် ၂ ချောင်း (ထုပြီး ထုံးထားပါ)
နနွင်းမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
မုန့်ဟင်းခါးရည်ချက်ရန် ပါဝင်ပစ္စည်းများ
ငရုတ်ကောင်းမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း
ငံပြာရည်  ၁ ဇွန်း စားပွဲဇွန်း
ငါးပြုတ်ရည် ၃ လီတာ ခွဲ
ရေ ၃ - ၅ ခွက်

ဌက်ပျောအူ ၂ ခွက် (ခတ်ပါးပါးလှီးထားပါ၊ နနွင်းအနည်းဖြင့် ပြုတ်ထားပါ)
ကြက်သွန်ဥနီအသေး ၂၀ လုံး (အလုံးလိုက် အခွံခွာ ထည့်ပါ)
အိမ်လှော်ဆန်မှုန့် ခွက်တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်၊ ရေဖြင့်ဖျော်ထားပါ)
ကုလားပဲမှုန့် ၁ ဇွန်း ခွဲ စားပွဲဇွန်း(ရေဖြင့်ဖျော်ထားပါ)
ဆား လိုသလောက်
ကြက်ဥ ၅ လုံး (ပြုတ် အရှည်လိုက် ၈ စိတ်စိတ်ည့်ပါ)
မုန့်ဟင်းခါးနှင့် တွဲစားရန်
ကြက်ဥပြုတ် ၆ လုံး (အခွံခွာပြီး ကြက်ဥလှီးဓားဖြင့်အကွင်းလေးလှီးထားပါ)
နံနံပင် ၈ ပင် (အနေတော်လေးတွေလှီးထားပါ)
ပူစီနံ ၅ ပင် (အရွက်တွေချွေထားပါ)
ပဲသီးရှည် ၁ စီး (ပါးပါးသေးသေး လေးလှီးထားပါ)
ငရုတ်သီးအကြမ်းမှုန့်  လိုသလောက် (လှော်ပြီးသား)
ပဲကြော် ၁၀ ခု (စားခံနည်းမှ လိုသလောက် ချေစားပါ)
အိမ်လုပ်ကြက်သွန်ဖြူဆီချက် လိုသလောက် (မုန့်ဟင်းခါးထဲ ထည့်စားပါ)
ငါးဖယ်ကြော်ပြီးသား ၁၀ ခု (ခတ်ပါးပါးလေးတွေ လှီးထားပါ)
သံပုရာသီး ၃ လုံး (စိတ်ထားပါ)

ပြုလုပ်နည်း
၁။  မကပ်သော ဒယ်အိုးအကြီးထဲ ဆီထည့် ပြီး အပူပေးထားပါ။ အနှစ်လုပ်ရန် ငရုတ်ကြက်သွန်အနှစ် နှင့် နနွင်းမှုန့်ထည့် ပြီး ၅ မိနစ်လောက် ဆီသတ်ပါ။ ပြီး လျင် တူနာကလွဲလို့ ကျန်တာတွေ ထည့်ဆီသတ်ပါ။ အနံမွှေးပြီး ကြက်သွန်ကြက်လျင် တူနာငါး ထည့်ပြီး အရောင် အရသာ အားလုံးသေချာ နှံ့အောင် မွှေပါ။ ၈ မိနစ်လောက် တည်ပြီးလျင် မီးဖိုပေါ်မှချထားပါ။

၂။ စောက်နက်အိုးကြီးထဲ ငါးပြုတ်ရည်၊ ရေ ၊ ကြက်သွန်နီ နှင့် ဌက်ပျောအူ များထည့်ပြီး ဆူပွတ်အောင်တည်ပါ။ ဆူပွတ်လာလျင် မီးလျော့ပြီး ဆန်မှုန့်၊ ကုလားပဲမှုန့်များ ထည့်ပြီး ဆူရုံလေး ဆန်မှုန့်ကျက်တည့်အထိတည်ပါ။ ဆန်မှုန့်ကျက်လျင် မုန့်ဟင်းခါးရည်အတွက် ကျန်ပါဝင်ပစ္စည်းများထည့်ပြီး ကြက်သွန်နုးအိကျက်လျင်ရပါပြီး၊

၃။ ရေလိုလျင်ထပ်ထည့်ပါ (ငါးပြုတ်ရည်ကို ပဲထပ်ထည့်လို့ရပါတယ်)၊ မကြာခဏဆိုသလို မွှေပေးပါ။ အိုးအောက်ဖက် မကပ်အောင် မွှေပေးပါ။ မုန့်ဟင်းခါးရည်ချက်ရန် ကျန်ပါဝင်ပစ္စည်းများထည့်ပြီး နှံ့အောင် သေချာမွှေပါ။ ပွတ်ပွတ်ဆူ လာလျင် တူနာငါးဆီသတ်ထားသော အနှစ်များ ထည့်ပြီး အသေချာဖြည်းဖြည်းချင်းနှံ့အောင်မွေပေးပါ။  ဆားမြည်းပါ လိုတာ ကိုယ့်စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါသည်။ ပူပူလေးသုံးဆောင်ပါ။

၄။ သုံးဆောင်ရန် ပုကန်ထဲ မုန့်ဖတ်ကို လိုသလောက်ထည့်ပြီး မုန့်ဟင်းခါးဖြင့် တွဲစားရန် ပစ္စည်းများ ကိုယ့်စိတ်တိုင်းကျ ကိုယ်ကြိုက်သော ပစ္စည်းများ ထည့်ပြီး ဟင်းရည်ကို လိုသလောက် ထည့်ပြီး ပူပူလေး ချက်ချင်း သုံးဆောင်ပါ။

ချက်သူ - Syilwin Foodgarden

ဆန်အရက်ပုစွန် (Drunken-Herbal Prawns)
........................



 တရုတ်နှစ်သစ်ကူးပွဲတွေမှာဆို ပုစွန်ဟင်းက မပါမဖြစ်တဲ့ဟင်းတစ်ခွက်ပါ။ အလုပ်အားရက်တွေမှာ ပုစွန်လတ်လတ်ဆတ်ဆတ်တွေဝယ်ပြီး ဒီဟင်းလေးကိုချက်စားဖြစ်သလို သူငယ်ချင်းတွေနဲ့အတူ အမြဲသွားစားနေကျဆိုင်လေးကတော့ (Sungai Buloh) ဘက်မှာရှိတဲ့ဆိုင်လေးပါ။ ကျွန်တော်ကြိုက်တဲ့ ဒီပုစွန်ဟင်းလေးကို ဒီဆိုင်မှာ အမြဲစားဖြစ်ပါတယ်။ ရန်ကုန်ပြန်ရောက်တော့ ဒီဟင်းလေးကိုစားချင်လို့ လိုအပ်တဲ့ Chinese Herbal  တွေကို ရန်ကုန်တရုတ်တန်းမှာ သွားရှာဝယ်ရပါတယ်။ ဒီဟင်းအတွက် ပုစွန်ဆိုရင် ပုစွန်အလတ် ဆိုက်တွေကို ရွေးချယ်ရပါမယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
........................          
- ပုစွန် (Prawns) - 390 gm
- တရုတ်ဆန်အရက် (Chinese Rice Wine) - စားပွဲဇွန်း ၁ ဇွန်း
 (Chinese Cooking Wine  လို့လည်းခေါ်ပါတယ်)
- ဆား (Salt) - အနည်းငယ်
- တရုတ်ဆေးမြစ်စုံ (Yu Zhu) - ၂ ချောင်း(ရေနွေးဖြင့်စိမ်ထားပါ)
- တရုတ်ဆေးမြစ်စုံ (Wolfberries) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ချင်း (Ginger) - 25 gm  (အမြှောင်းလိုက်လှီးထားပါ)
- နံနံပင် (Coriander Leaves) - ၂ ပင် (ပါးပါးလှီးထားပါ)
- ကြက်ရိုးပြုတ်ရည် (သို့) ရေ (Chicken Stock) - 500 ml

အရသာအတွက်လိုအပ်တာတွေကတော့
..............................
- တရုတ်ဆန်အရက် (Chinese Rice Wine) - စားပွဲဇွန်း ၃ ဇွန်း
- ပဲငံပြာရည်အကြည် (Light Soya Sauce) - စားပွဲဇွန်း ၁ ဇွန်း
- ငံပြာရည် (Fish Sauce) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သားမှုန့် (Kchicken Powder) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ဆား (Salt) - အနည်းငယ်

ချက်ပြုတ်နည်း
...................
 အရင်ဆုံး ပုစွန်ကို ဆား၊ တရုတ်ဆန်အရက် ၁ ဇွန်း ထည့်ပြီး ရောနယ်ထားပါ။ ပြီးရင် ကြက်ရိုးပြုတ်ရည်ကို ဆူ အောင်တည်ထားပါ။ ပြီးရင် တရုတ်ဆေးမြစ်စုံနှစ်မျိုးနဲ့ လှီးထားတဲ့ ချင်းတစ်ဝက်ကိုထည့်ပါ။ မိနစ်အနည်းငယ်ခန့် ဆူအောင်တည်ထားပါ။ ပြီးရင် ဆားမှလွဲပြီး အရသာ အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းများအားလုံးကိုထည့်ပါ။ ပြီးရင် ပုစွန်ထည့်ပါ။ ပုစွန်အရောင်ပြောင်းပြီး ကျက်သည် နှင့် ဆား၊ ကျန်ရှိတဲ့ ချင်းတစ်ဝက်ကိုထည့်ပါ။ ပြီးရင် နံနံပင် အုပ်ပြီး စားသုံးနိုင်ပါပြီ။
......................................
Delicious Food From All Over The World By
MyintOoTha

ပန်းသေးခေါက်ဆွဲ ♡


ပန်းသေးခေါက်ဆွဲကြော်ကိုနေရာဒေသအလိုက်ပုံစံမတူကွဲပြားတာလေးတွေရှိပါတယ်ဒီပုံစံလေးကတော့ရန်ကုန်ကပန်းသေးခေါက်ဆွဲကြော်ကိုဟင်းရေရွှဲရွှဲဆမ်းစားရတဲ့နည်းလေးဖြစ်ပါတယ်။မူရင်းပန်းသေးခေါက်ဆွဲမှာချက်ဟင်းအနှစ်ပျစ်ပျစ်ဖြင့်စားပါတယ်။

ခေါက်ဆွဲအတွက်ပါဝင်ပစ္စည်း
***************
ဂျုံခေါက်ဆွဲ -၂ကီလို၊ပဲငံပြာရည် အနောက် - ၃ဇွန်း စားပွဲတင်၊ဆီ - ၃ဇွန်း

ဟင်းရည်အတွက်ပါဝင်ပစ္စည်း
********************
ကြက်သွန်နီ - ၁ကီလိုခွဲ၊ကြက်သွန်ကြော် -၂၀၀ ဂရမ်၊ဂျင်း ကြက်သွန်ဖြူ -၂ဇွန်း စားပွဲဇွန်း၊ကရဝေးရွက် - ၅ရွက်၊သစ်ဂျပိုးခေါက် -၂ချောင်း၊ ရှောက်ကော -၂လုံး၊နာနတ်ပွင့်- ၁ပွင့်၊ဖာလာ - ၃စေ့ ၊လေးညှင်း - ၃ပွင့်၊အရောင်တင်မှုန့် -၂ဇွန်း ၊ဇီယာမှုန့် - ၂ဇွန်း (မဆလာထဲ့လည်း ရသည်)၊ ငရုပ်ကောင်းမှုန့် - ၁ဇွန်း လ႓က်ဇွန်း၊အုန်းနို့ - ဘူးသေး ၂ဘူး၊ဆား - ၃ဇွန်းစားပွဲဇွန်း၊သကြား - ၄ဇွန်း၊အချိုမှုန့် -၂ဇွန်း၊ရေ - လိုသလောက် (၆လီတာခန့်)

ကြက်သားဟင်းအတွက်လိုအပ်သောပစ္စည်း
*****************************
ကြက်တစ်ကောင် - ၁ကီလိုခွဲ၊ကြက်သွန်ကြော် - ၁၀၀ ဂရမ် တပန်းလုံး၊ဆား - ၁ဇွန်း (စားပွဲတင်ဇွန်း)၊သကြား အချိုမှုန့် -၂ဇွန်း၊အရောင်တင် - ၁ဇွန်း၊ဂျင်းကြက်သွန်ဖြူ - ၁ဇွန်း၊ဇီယာမှုန့် - ၁ဇွန်း၊ရေ - အနည်းငယ်၊

ဟင်းရည်ချက်နည်း
*************
(၁)ကြက်သွန်ပါးပါးစိတ်ကို ဖာလာ ၊ လေးညှင်း ၊ ကရဝေးရွက် ၊ သစ်ဂျပိုးခေါက် ၊ ရှောက်ကော၊နာနတ်ပွင့် တို့က်ို အိုးတခုတွင် ဆီထည့်ပြီးကြော်ပါ။
(၂)ကြက်သွန်နွမ်းလာလျှင်ဂျင်းကြက်သွန်ဖြူအရောင်တင်ထည့်ပြီးအဆက်မပျက် မွေပေးပါ။ (၃)ကြက်သွန်များနွမ်းပြီးလုံးလာလျင်ကြက်သွန်ကြော်နှင့်ဇီယာတဝက်ကိုအရင်ထည့်ပါ။
(၄)ဆားသကြားအချိုမှုန့်ထည့်ပါ။
(၅)ရေထည့်ပြီးကြက်သွန်ဖတ်များအ်ိလာသည်ထိတည်ထားပါ။
(၆)အိလာပါကဆန်ကာတခုဖြင့်ကြက်သွန်ဖတ်များကိုချေပေးပါ။ (၇)ပြီးလျှင်မီးအေးအေးဖြင့်ဟင်းရည်ကျအောင်တည်ထားပါ။

ကြက်သားဟင်းချက်နည်း
***********************
(၁)ကြက်သားကိုလိုသလိုခုတ်ပြီးရေဆေးသန့်စင်ကာပါဝင်ပစ္စည်းများအားလုံးကိုထည့်ပြီးတည်ပါ။
(၂) ကြက်သားနူးပါကကြက်သားဟင်းအနှစ် ကြက်သားအားလုံးကို ချက်ပြီးသားဟင်းရည်အိုးထည်းလောင်းထည့်ပါ။(ကျေမှာစိုးပါကကြက်သားတုံးကိုသီးသန့်ဖယ်ထားပါ။)အနှစ်များကိုသာထည့်ပါ။ ဟင်းရည်တွင်ကြက်သားဟင်းအရသာ ရှိရန် ဖြစ်ပါ တယ်။
(၃)တည်ထားသောဟင်းရည်ကျပါကငရုပ်ကောင်း၊ လက်ကျန်ဇီယာတဝက်နှင့်အုန်းနို့ကိုထည့်ပြီးတည်ပါ။
(၄)ပွက်လာပါကအရသာပေါ့ငံမြည်းကာမီးပိတ်ထားပါ ။

ခေါက်ဆွဲကြော်နည်း
*************
ခေါက်ဆွဲကိုပဲငံပြာရည်အနောက်ဖြင့်နှယ်ပြီးဒယ်အိုးတခုတွင်ဆီထည့်ပြီးကြော်ပါအကြာကြီးမကြော်ရပါ။ပူလျှင်ထုတ်ယူပြီးအိုးတခုတွင်ဖုံးအုပ်ထားပါ။

ပန်းသေးခေါက်ဆွဲပြင်နည်း
******************
ခေါက်ဆွဲကြော်ပြီးသားကိုပန်းကန်တွင်ထည့့်ပြီးဟင်းရည်နှင့့်ကြက်သားတို့ကိုခေါက်ဆွဲပေါ်တွင်ဆမ်းကာဂေါ်ဖီ၊ ကြက်သွန်၊ ရှောက်သီး ၊ငရုပ်သီးမှုန့် တို့ဖြင့်တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ ။
ပန်းသေးခေါက်ဆွဲပြုတ်စားလိုပါကခေါက်ဆွဲကိုပဲငံပြာရည်အရောင်မထည့်ဘဲဟင်းရည်ပူပူလောင်းထည့်ကာဂေါ်ဖီ၊ရှောက်သီးတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။
.....................
Sofia

(Zawgyi) 

တူနာ မုန္႕ဟင္းခါး  (Tuna Mohinga) ခ်က္နည္း ....


မုန္႕ဟင္းခါးဆို ဘယ္လိုခ်က္နည္းနွင္႕ပဲ ခ်က္ခ်က္ ရုိးတယ္မရွိပါဘူး။ ဘယ္သူပဲျဖစ္ျဖစ္ အားေပးတတ္က်ေသာ မုန္႕ဟင္းခါးကို ဖန္တီးမႈ အသစ္အဆန္း မဟုတ္ေပမယ္႕ စည္႕ရဲ႕ ခ်က္နည္းေလးျဖင္႕ ျပန္လည္ မွ်ေ၀ထားပါတယ္။

ပါ၀င္ပစၥည္းမ်ား
မုန္႕ဖတ္ ၁ ပိသာ

အနွစ္လုပ္ရန္
ၾကက္သြန္နီဥၾကီး ၅-၇ လံုး (အခြံခြာ၊ ေထာင္းထားပါ)
ၾကက္သြန္ျဖဴ ၁၀ တက္  (အခြံခြာၿပီး၊ ေထာင္းထားပါ)
ခ်င္းတက္ လက္ ၂ ဆစ္ေလာက္(အခံြခြာၿပီး ေထာင္းထားပါ)
အေရာင္တင္မႈန္႕ ၂ ဇြန္းစားပြဲဇြန္း
ေနၾကာဆီ ၁၀ ဇြန္း စားပဲြဇြန္း
တူနာငါးဗူး ၁ ဗူး ခဲြ (အသင္႕စားဗူး)
ငံျပာရည္ ၂ ဇြန္း ခဲြ စားပဲြဇြန္း
စပါးလင္ ၂ ေခ်ာင္း (ထုၿပီး ထံုးထားပါ)
နႏြင္းမႈန္႕ ၁ ဇြန္း ခဲြ လက္ဖက္ဇြန္း
မုန္႕ဟင္းခါးရည္ခ်က္ရန္ ပါ၀င္ပစၥည္းမ်ား
ငရုတ္ေကာင္းမႈန္႕ ၂ ဇြန္း လက္ဖက္ဇြန္း
ငံျပာရည္  ၁ ဇြန္း စားပဲြဇြန္း
ငါးျပဳတ္ရည္ ၃ လီတာ ခဲြ
ေရ ၃ - ၅ ခြက္

ဌက္ေပ်ာအူ ၂ ခြက္ (ခတ္ပါးပါးလွီးထားပါ၊ နႏြင္းအနည္းျဖင္႕ ျပဳတ္ထားပါ)
ၾကက္သြန္ဥနီအေသး ၂၀ လံုး (အလံုးလိုက္ အခြံခြာ ထည္႕ပါ)
အိမ္ေလွာ္ဆန္မႈန္႕ ခြက္တစ္၀က္ (ဟင္းခ်က္ရန္တိုင္းေသာခြက္၊ ေရျဖင္႕ေဖ်ာ္ထားပါ)
ကုလားပဲမႈန္႕ ၁ ဇြန္း ခဲြ စားပဲြဇြန္း(ေရျဖင္႕ေဖ်ာ္ထားပါ)
ဆား လိုသေလာက္
ၾကက္ဥ ၅ လံုး (ျပဳတ္ အရွည္လိုက္ ၈ စိတ္စိတ္ည္႕ပါ)
မုန္႕ဟင္းခါးနွင္႕ တဲြစား၇န္
ၾကက္ဥျပဳတ္ ၆ လံုး (အခြံခြာၿပီး ၾကက္ဥလွီးဓားျဖင္႕အကြင္းေလးလွီးထားပါ)
နံနံပင္ ၈ ပင္ (အေနေတာ္ေလးေတြလွီးထားပါ)
ပူစီနံ ၅ ပင္ (အရြက္ေတြေခြ်ထားပါ)
ပဲသီးရွည္ ၁ စီး (ပါးပါးေသးေသး ေလးလွီးထားပါ)
ငရုတ္သီးအၾကမ္းမႈန္႕  လိုသေလာက္ (ေလွာ္ၿပီးသား)
ပဲေၾကာ္ ၁၀ ခု (စားခံနည္းမွ လိုသေလာက္ ေခ်စားပါ)
အိမ္လုပ္ၾကက္သြန္ျဖဴဆီခ်က္ လိုသေလာက္ (မုန္႕ဟင္းခါးထဲ ထည္႕စားပါ)
ငါးဖယ္ေၾကာ္ၿပီးသား ၁၀ ခု (ခတ္ပါးပါးေလးေတြ လွီးထားပါ)
သံပုရာသီး ၃ လံုး (စိတ္ထားပါ)

ျပဳလုပ္နည္း
၁။  မကပ္ေသာ ဒယ္အိုးအၾကီးထဲ ဆီထည္႕ ၿပီး အပူေပးထားပါ။ အနွစ္လုပ္ရန္ ငရုတ္ၾကက္သြန္အနွစ္ နွင္႕ နႏြင္းမႈန္႕ထည္႕ ၿပီး ၅ မိနစ္ေလာက္ ဆီသတ္ပါ။ ၿပီး လ်င္ တူနာကလဲြလို႕ က်န္တာေတြ ထည္႕ဆီသတ္ပါ။ အနံေမႊးၿပီး ၾကက္သြန္ၾကက္လ်င္ တူနာငါး ထည္႕ၿပီး အေရာင္ အရသာ အားလံုးေသခ်ာ နွံ႕ေအာင္ ေမႊပါ။ ၈ မိနစ္ေလာက္ တည္ၿပီးလ်င္ မီးဖိုေပၚမွခ်ထားပါ။

၂။ ေစာက္နက္အိုးၾကီးထဲ ငါးျပဳတ္ရည္၊ ေရ ၊ ၾကက္သြန္နီ နွင္႕ ဌက္ေပ်ာအူ မ်ားထည္႕ၿပီး ဆူပြတ္ေအာင္တည္ပါ။ ဆူပြတ္လာလ်င္ မီးေလ်ာ႕ၿပီး ဆန္မႈန္႕၊ ကုလားပဲမႈန္႕မ်ား ထည္႕ၿပီး ဆူရုံေလး ဆန္မႈန္႕က်က္တည္႕အထိတည္ပါ။ ဆန္မႈန္႕က်က္လ်င္ မုန္႕ဟင္းခါးရည္အတြက္ က်န္ပါ၀င္ပစၥည္းမ်ားထည္႕ၿပီး ၾကက္သြန္နဳးအိက်က္လ်င္ရပါၿပီး၊

၃။ ေရလိုလ်င္ထပ္ထည္႕ပါ (ငါးျပဳတ္ရည္ကို ပဲထပ္ထည္႕လို႕ရပါတယ္)၊ မၾကာခဏဆိုသလို ေမႊေပးပါ။ အိုးေအာက္ဖက္ မကပ္ေအာင္ ေမႊေပးပါ။ မုန္႕ဟင္းခါးရည္ခ်က္ရန္ က်န္ပါ၀င္ပစၥည္းမ်ားထည္႕ၿပီး နွံ႕ေအာင္ ေသခ်ာေမႊပါ။ ပြတ္ပြတ္ဆူ လာလ်င္ တူနာငါးဆီသတ္ထားေသာ အနွစ္မ်ား ထည္႕ၿပီး အေသခ်ာျဖည္းျဖည္းခ်င္းနွံ႕ေအာင္ေမြေပးပါ။  ဆားျမည္းပါ လိုတာ ကိုယ္႕စိတ္ၾကိဳက္ ထပ္ျဖည္႕နုိင္ပါသည္။ ပူပူေလးသံုးေဆာင္ပါ။

၄။ သံုးေဆာင္ရန္ ပုကန္ထဲ မုန္႕ဖတ္ကို လိုသေလာက္ထည္႕ၿပီး မုန္႕ဟင္းခါးျဖင္႕ တဲြစားရန္ ပစၥည္းမ်ား ကုိယ္႕စိတ္တိုင္းက် ကိုယ္ၾကိဳက္ေသာ ပစၥည္းမ်ား ထည္႕ၿပီး ဟင္းရည္ကို လိုသေလာက္ ထည္႕ၿပီး ပူပူေလး ခ်က္ခ်င္း သံုးေဆာင္ပါ။

ခ်က္သူ - Syilwin Foodgarden 

ဆန္အရက္ပုစြန္ (Drunken-Herbal Prawns)
........................


 တ႐ုတ္ႏွစ္သစ္ကူးပြဲေတြမွာဆို ပုစြန္ဟင္းက မပါမျဖစ္တဲ့ဟင္းတစ္ခြက္ပါ။ အလုပ္အားရက္ေတြမွာ ပုစြန္လတ္လတ္ဆတ္ဆတ္ေတြဝယ္ၿပီး ဒီဟင္းေလးကိုခ်က္စားျဖစ္သလို သူငယ္ခ်င္းေတြနဲ႔အတူ အျမဲသြားစားေနက်ဆုိင္ေလးကေတာ့ (Sungai Buloh) ဘက္မွာရွိတဲ့ဆိုင္ေလးပါ။ ကြၽန္ေတာ္ႀကိဳက္တဲ့ ဒီပုစြန္ဟင္းေလးကို ဒီဆိုင္မွာ အျမဲစားျဖစ္ပါတယ္။ ရန္ကုန္ျပန္ေရာက္ေတာ့ ဒီဟင္းေလးကိုစားခ်င္လို႔ လိုအပ္တဲ့ Chinese Herbal  ေတြကို ရန္ကုန္တ႐ုတ္တန္းမွာ သြားရွာဝယ္ရပါတယ္။ ဒီဟင္းအတြက္ ပုစြန္ဆိုရင္ ပုစြန္အလတ္ ဆိုက္ေတြကို ေရြးခ်ယ္ရပါမယ္။

လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့
........................          
- ပုစြန္ (Prawns) - 390 gm
- တ႐ုတ္ဆန္အရက္ (Chinese Rice Wine) - စားပြဲဇြန္း ၁ ဇြန္း
 (Chinese Cooking Wine  လို႔လည္းေခၚပါတယ္)
- ဆား (Salt) - အနည္းငယ္
- တ႐ုတ္ေဆးျမစ္စံု (Yu Zhu) - ၂ ေခ်ာင္း(ေရေႏြးျဖင့္စိမ္ထားပါ)
- တ႐ုတ္ေဆးျမစ္စံု (Wolfberries) - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ခ်င္း (Ginger) - 25 gm  (အေျမႇာင္းလိုက္လွီးထားပါ)
- နံနံပင္ (Coriander Leaves) - ၂ ပင္ (ပါးပါးလွီးထားပါ)
- ၾကက္႐ိုးျပဳတ္ရည္ (သို႔) ေရ (Chicken Stock) - 500 ml

အရသာအတြက္လိုအပ္တာေတြကေတာ့
..............................
- တ႐ုတ္ဆန္အရက္ (Chinese Rice Wine) - စားပြဲဇြန္း ၃ ဇြန္း
- ပဲငံျပာရည္အၾကည္ (Light Soya Sauce) - စားပြဲဇြန္း ၁ ဇြန္း
- ငံျပာရည္ (Fish Sauce) - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ၾကက္သားမႈန္႔ (Kchicken Powder) - လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ
- ဆား (Salt) - အနည္းငယ္

ခ်က္ျပဳတ္နည္း
...................
 အရင္ဆံုး ပုစြန္ကို ဆား၊ တ႐ုတ္ဆန္အရက္ ၁ ဇြန္း ထည့္ၿပီး ေရာနယ္ထားပါ။ ၿပီးရင္ ၾကက္႐ိုးျပဳတ္ရည္ကို ဆူ ေအာင္တည္ထားပါ။ ၿပီးရင္ တ႐ုတ္ေဆးျမစ္စံုႏွစ္မ်ဳိးနဲ႔ လွီးထားတဲ့ ခ်င္းတစ္ဝက္ကိုထည့္ပါ။ မိနစ္အနည္းငယ္ခန္႔ ဆူေအာင္တည္ထားပါ။ ၿပီးရင္ ဆားမွလြဲၿပီး အရသာ အတြက္လိုအပ္တဲ့ ပါဝင္ပစၥည္းမ်ားအားလံုးကိုထည့္ပါ။ ၿပီးရင္ ပုစြန္ထည့္ပါ။ ပုစြန္အေရာင္ေျပာင္းၿပီး က်က္သည္ ႏွင့္ ဆား၊ က်န္ရွိတဲ့ ခ်င္းတစ္ဝက္ကိုထည့္ပါ။ ၿပီးရင္ နံနံပင္ အုပ္ၿပီး စားသံုးႏိုင္ပါၿပီ။
......................................
Delicious Food From All Over The World By
MyintOoTha

ပန္းေသးေခါက္ဆြဲ ♡



ပန္းေသးေခါက္ဆြဲေၾကာ္ကိုေနရာေဒသအလိုက္ပံုစံမတူကြဲျပားတာေလးေတြရွိပါတယ္ဒီပံုစံေလးကေတာ့ရန္ကုန္ကပန္းေသးေခါက္ဆြဲေၾကာ္ကိုဟင္းေရ႐ႊဲ႐ႊဲဆမ္းစားရတဲ့နည္းေလးျဖစ္ပါတယ္။မူရင္းပန္းေသးေခါက္ဆြဲမွာခ်က္ဟင္းအႏွစ္ပ်စ္ပ်စ္ျဖင့္စားပါတယ္။

ေခါက္ဆြဲအတြက္ပါဝင္ပစၥည္း
***************
ဂ်ံဳေခါက္ဆြဲ -၂ကီလို၊ပဲငံျပာရည္ အေနာက္ - ၃ဇြန္း စားပြဲတင္၊ဆီ - ၃ဇြန္း

ဟင္းရည္အတြက္ပါဝင္ပစၥည္း
********************
ၾကက္သြန္နီ - ၁ကီလိုခြဲ၊ၾကက္သြန္ေၾကာ္ -၂၀၀ ဂရမ္၊ဂ်င္း ၾကက္သြန္ျဖဴ -၂ဇြန္း စားပြဲဇြန္း၊ကရေဝး႐ြက္ - ၅႐ြက္၊သစ္ဂ်ပိုးေခါက္ -၂ေခ်ာင္း၊ ေရွာက္ေကာ -၂လံုး၊နာနတ္ပြင့္- ၁ပြင့္၊ဖာလာ - ၃ေစ့ ၊ေလးညႇင္း - ၃ပြင့္၊အေရာင္တင္မႈန္႔ -၂ဇြန္း ၊ဇီယာမႈန္႔ - ၂ဇြန္း (မဆလာထဲ့လည္း ရသည္)၊ ငရုပ္ေကာင္းမႈန္႔ - ၁ဇြန္း လ႓က္ဇြန္း၊အုန္းနို႔ - ဘူးေသး ၂ဘူး၊ဆား - ၃ဇြန္းစားပြဲဇြန္း၊သၾကား - ၄ဇြန္း၊အခ်ိဳမႈန္႔ -၂ဇြန္း၊ေရ - လိုသေလာက္ (၆လီတာခန္႔)

ၾကက္သားဟင္းအတြက္လိုအပ္ေသာပစၥည္း
*****************************
ၾကက္တစ္ေကာင္ - ၁ကီလိုခြဲ၊ၾကက္သြန္ေၾကာ္ - ၁၀၀ ဂရမ္ တပန္းလံုး၊ဆား - ၁ဇြန္း (စားပြဲတင္ဇြန္း)၊သၾကား အခ်ိဳမႈန္႔ -၂ဇြန္း၊အေရာင္တင္ - ၁ဇြန္း၊ဂ်င္းၾကက္သြန္ျဖဴ - ၁ဇြန္း၊ဇီယာမႈန္႔ - ၁ဇြန္း၊ေရ - အနည္းငယ္၊

ဟင္းရည္ခ်က္နည္း
*************
(၁)ၾကက္သြန္ပါးပါးစိတ္ကို ဖာလာ ၊ ေလးညႇင္း ၊ ကရေဝး႐ြက္ ၊ သစ္ဂ်ပိုးေခါက္ ၊ ေရွာက္ေကာ၊နာနတ္ပြင့္ တို႔က္ို အိုးတခုတြင္ ဆီထည့္ၿပီးေၾကာ္ပါ။
(၂)ၾကက္သြန္ႏြမ္းလာလွ်င္ဂ်င္းၾကက္သြန္ျဖဴအေရာင္တင္ထည့္ၿပီးအဆက္မပ်က္ ေမြေပးပါ။ (၃)ၾကက္သြန္မ်ားႏြမ္းၿပီးလံုးလာလ်င္ၾကက္သြန္ေၾကာ္နွင့္ဇီယာတဝက္ကိုအရင္ထည့္ပါ။
(၄)ဆားသၾကားအခ်ိဳမႈန္႔ထည့္ပါ။
(၅)ေရထည့္ၿပီးၾကက္သြန္ဖတ္မ်ားအ္ိလာသည္ထိတည္ထားပါ။
(၆)အိလာပါကဆန္ကာတခုျဖင့္ၾကက္သြန္ဖတ္မ်ားကိုေခ်ေပးပါ။ (၇)ၿပီးလ်ွင္မီးေအးေအးျဖင့္ဟင္းရည္က်ေအာင္တည္ထားပါ။ ၾကက္သားဟင္းခ်က္နည္း
***********************
(၁)ၾကက္သားကိုလိုသလိုခုတ္ၿပီးေရေဆးသန္႔စင္ကာပါဝင္ပစၥည္းမ်ားအားလံုးကိုထည့္ၿပီးတည္ပါ။
(၂) ၾကက္သားႏူးပါကၾကက္သားဟင္းအနွစ္ ၾကက္သားအားလံုးကို ခ်က္ၿပီးသားဟင္းရည္အိုးထည္းေလာင္းထည့္ပါ။(ေက်မွာစိုးပါကၾကက္သားတုံးကိုသီးသန္႔ဖယ္ထားပါ။)အနွစ္မ်ားကိုသာထည့္ပါ။ ဟင္းရည္တြင္ၾကက္သားဟင္းအရသာ ရွိရန္ ျဖစ္ပါ တယ္။
(၃)တည္ထားေသာဟင္းရည္က်ပါကငရုပ္ေကာင္း၊ လက္က်န္ဇီယာတဝက္နွင့္အုန္းနို႔ကိုထည့္ၿပီးတည္ပါ။
(၄)ပြက္လာပါကအရသာေပါ့ငံျမည္းကာမီးပိတ္ထားပါ ။
ေခါက္ဆြဲေၾကာ္နည္း
*************
ေခါက္ဆြဲကိုပဲငံျပာရည္အေနာက္ျဖင့္နွယ္ၿပီးဒယ္အိုးတခုတြင္ဆီထည့္ၿပီးေၾကာ္ပါအၾကာႀကီးမေၾကာ္ရပါ။ပူလွ်င္ထုတ္ယူၿပီးအိုးတခုတြင္ဖုံးအုပ္ထားပါ။
ပန္းေသးေခါက္ဆြဲျပင္နည္း
******************
ေခါက္ဆြဲေၾကာ္ၿပီးသားကိုပန္းကန္တြင္ထည့့္ၿပီးဟင္းရည္နွင့့္ၾကက္သားတို႔ကိုေခါက္ဆြဲေပၚတြင္ဆမ္းကာေဂၚဖီ၊ ၾကက္သြန္၊ ေရွာက္သီး ၊ငရုပ္သီးမႈန္႔ တို႔ျဖင့္တြဲဖက္ကာသံုးေဆာင္ႏိုင္ပါၿပီ ။
ပန္းေသးေခါက္ဆြဲျပဳတ္စားလိုပါကေခါက္ဆြဲကိုပဲငံျပာရည္အေရာင္မထည့္ဘဲဟင္းရည္ပူပူေလာင္းထည့္ကာေဂၚဖီ၊ေရွာက္သီးတို႔ျဖင့္တြဲဖက္သံုးေဆာင္ႏိုင္ပါၿပီ ။
.....................
Sofia

Thursday, July 23, 2020

ဘော်ဒီထုဆစ်ခြင်းနှင့် တစိုက်မတ်မတ်လုပ်ခြင်း သို့ consistency

💢💢💢 ဘော်ဒီထုဆစ်ခြင်းနှင့် တစိုက်မတ်မတ်လုပ်ခြင်း သို့ consistency 💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻


💢 “practice makes perfect” “ကြိုးစားက ဘုရားပင်ဖြစ်နိုင်သည်” ဆိုရိုးစကားကဲ့သို့ မိမိလိုချင်၊ ဖြစ်ချင်သော body goal ကိုရရှိရန်ကျွန်တော်တို့၏ gym နယ်ပယ်တွင်လည်း တစိုက်မတ်မတ်လုပ်ဆောင်ခြင်းသည် အဓိကဖြစ်ပါသည်။ မွေးရာပါပင်ကိုစွမ်းရည်ရှိသူဖြစ်သော်ငြားလည်း လိုချင်သောပန်းတိုင်ကိုရောက်ရန် consistency လိုပါသည်။ ပင်ကိုစွမ်းရည် talent ကို တစိုက်မတ်မတ်လုပ်ဆောင်ခြင်း consistency နှင့် သေချာအသုံးချတတ်သူများ ပန်းတိုင်ကိုလွယ်ကူစွာရောက်ကြပါသည်။

💌 လုပ်သင့်သည့်အရာတခုခု သို့ ဝါသနာတခုခုကို အလေ့အကျင့်ကောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲယူနိုင်ရန် consistency လိုအပ်ပါသည်။ အထူးသဖြင့် အားကစားနယ်ပယ် ဘော်ဒီထုဆစ်ခြင်းတွင်ပိုပြီးအရေးကြီးပါသည်။ တစိုက်မတ်မတ်လုပ်ခြင်းဆိုသည်မှာ ဥပမာ။ အိပ်ချိန်ကို ည ၁၀ အိပ်ရာဝင်ရန်လုပ်ထားပါက၊ ည ၁၀ နာရီထိုးသည့်နေ့တိုင်း အိပ်ရာဝင်ခြင်းဖြစ်ပါသည်။ အလားတူ ညနေပိုင်း ၅ နာရီ gym ကစားပါက ညနေတိုင်း ၅ နာရီ gym ကစားခြင်းကိုဆိုပါသည်။ အလားတူ နံနက်တိုင်း ၇:၃၀ မနက်စာစားပါက ၇:၃၀ မနက်စာစားပေးသည်ကိုဆိုပါသည်။ သို့ပါမှ results ရလာဒ်ကောင်းကိုတွေ့ရှိလာပါမည်။

၁💌လုပ်ဆောင်နိုင်သော goal ထားပါ။
ရည်မှန်းချက်ကြီးကြီးထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သို့သော် ရည်မှန်းချက် သေးသေးလေးတစ်ခုချင်းစီကို ပြီးမြှောက်အောင် ဦးစွာလုပ်ဆောင်ပါ။ သို့ပါမှ motivation, ပျော်ရွှင်ခြင်းများနှင့်အတူ လိုချင်သည့်ပန်းတိုင်ရောက်ပါမည်။ တစ်လ ၁၀ ပေါင်ကျရန်မှာ ပန်းတိုင် အကြီးဖြစ်ပြီး workout အပြီး stretching ၅ မိနစ် လုပ်ခြင်းသည် ပန်းတိုင်အသေးလေး ဖြစ်ပါသည်။ တစ်လ ဘော်ဒီဝိတ် ၁၀ ပေါင်ကျရန် အတွက် training များ၊ nutrition များ နှင့် accountability ခေါ် တာဝန်ယူ အကောင်အထည်ဖေါ်ခြင်းများဖြစ်သည့် small goal ပြီးမှ large goal  ဖြစ်သည့် ၁၀ ပေါင် ကျခြင်းကို ရောက်ရှိပါသည်။ thousand miles begins from one single step ဆိုသည်ကိုမမေ့ပါနှင့်။ ထို့ကြောင့် step by step ဖြင့် ရည်မှန်းချက် သေးသေးမှ စတင်လုပ်ဆောင်ပါ။

၂💌စည်းကမ်းချက်များကို လိုက်နာပါ။
လေ့လာချက်အရ gym ပုံမှန်လာကစားသူများမှာ နာရီနိုးစက်ပေးထားသည့်အတိုင်း အိပ်ရာထ သို့ စည်းကမ်းလိုက်နာသူများဖြစ်သည်ဟု ဆိုပါသည်။ စည်းကမ်းလိုက်နာပြီး မပျက်မကွက် ဆက်လုပ်ပါက အလေ့အကျင့်ကောင်းတစ်ခု အလိုလိုဖြစ်လာပါမည်။ ဥပမာ။ သူငယ်ချင်းတစ်ယောက်နှင့် workout အတူတူ လုပ်ရန် ချိန်းထားခြင်း။ ကြိုတင် plan ဆွဲပြီး ရအောင် အကောင်အထည်ဖေါ်ပါ။ gym ကစားရန် စိတ်မပါသော်လည်း gym ရောက်အောင် သွားပါ။ အနည်းဆုံး ပေါ့ပေါ့ပါးပါး ကစားပါ။ ထို့သို့ ဆက်တိုက် မမျက်မကွက် လုပ်နိုင်ဆောင်နိုင်အောင် ကြိုးစားပါ။ မကြာခင် good habit ဖြစ်လာပါမည်။

၃💌မ ပြည့်စုံခြင်းကို လက်ခံပါ။
လူမှန်ရင် အမှားလုပ်မိခြင်းနှင့် ကင်းမည်မဟုတ်ပါ။ အမှားမှ သင်ခန်းစာယူပြီး ရှေ့ဆက်ရန်သာ အရေးကြီးပါသည်။ gym ကို အလုပ်နောက်ကျ၍ မသွားနိုင်သည်မှာ သင်တစ်ယောက်တည်း ဖြစ်မည်မထင်ပါ။ ထိုသို့ဖြစ်ခဲ့လျှင် အိမ်မှာ မိနစ် ၃၀ မှ ၁ နာရီ အစားထိုးပြီးကစားပါ။ သို့မဟုတ် ကျန်းမာရေးနှင့်ကိုက်ညီသော healthy food ရွေးစားပါ။ gym တွင် workout မလုပ်နိုင်သော်လည်း healthy food စားပေးသည့်အတွက် balance ဖြစ်ပါသည်။ နောက်နေ့တွင် သေချာစွာ workout လုပ်ရန် plan ထားပြီး အကောင်အထည်ဖော်ဆောင်ရန်အရေးကြီးပါသည်။

၄💌ယုံကြည်စွာ ဆက်လုပ်ပါ။
တရုတ်ပြည်မှ မဟာတံတိုင်းကို ရက်ရှည်လများ ဆောက်ခဲ့သည့်အတိုင်း ဘော်ဒီထုဆစ်ရာတွင်လည်း အလားတူဖြစ်ပါသည်။ ယခု ရေတွင်းတူးပြီး ယခုရေသောက်ရန် ဖြစ်နိုင်ချေ ရာနုန်းနည်းပါသည်။ စိတ်ရှည်ပါ။ ဇွဲရှိပါ။ ထပ်ကာတလဲလဲ ပြုလုပ်ခြင်းမှ ကောင်းသော အလေ့အကျင့်ရအောင်လုပ်ယူပါ။ ထိုအလေ့အကျင့်ဖြင့် လိုချင်သည့် ပန်းတိုင်ကို ဆက်သွားပါ။ consistency သည့် လူတိုင်းအတွက် ပန်းတိုင်ရောက်ရန် အခရာဖြစ်ပါသည်။

၅💌ပျော်ရွှင်စရာဖြစ်လာအောင် ဖန်တီးပါ။
လေ့လာချက်အရ ပေါ့ပေါ့ပါးပါး workout မှာ ကစားသူများကို ပြန်လာကစားစေသည် ဟုဆိုသည်။ ဆိုလိုသည်မှာ small goal ရောက်ရန် ပေါ့ပါးသော workout အရင်လုပ်ပါ။ small goal ပြီးမြှောက်ခြင်းမှ ရရှိသည့် ပျော်ရွှင်မှု့ဖြင့် large goal ကို ရောက်ရန် motivation အဖြစ်အသုံးပြုပါ။ နောက်ဆုံးတွင် workout လုပ်ခြင်းကို နှစ်သက်ပြီး၊ ပိုပြီးကျန်းမာလာခြင်းမှ ပျော်ရွှင်စရာများ ရရှိလာပါမည်။

၆💌workout လုပ်ခြင်း၏ပြီးမြှောက်ခြင်း အရသာကိုခံစားပါ။
workout သည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းနှစ်မျိုးလုံးဖြစ်ပါသည်။ တခါတရံ စိတ်မပါဖြစ်ပြီး ဆက်၍ workout မလုပ်ချင်ဖြစ်တတ်ပါသည်။ workout program ပြီးအောင် အစအဆုံး ကစားခဲ့သောနေ့၏ feeling ကို ပြန်သတိရပါ။ workout လုပ်ချိန် ဘော်ဒီတွင် ဟော်မုန်းတစ်မျိုး endorphins ထုတ်ပေး၍ စိတ်ကြည်လင်ခြင်း၊ စိတ်ငြိမ်ခြင်း၊ စိတ်ပျော်ရွှင်ခြင်းများကို ရရှိပါသည်။ ထိုသို့လုပ်ခြင်းမှရေရှည်တွင် ကျန်းမာသုခနှင့်ပြည့်စုံခြင်းကိုရရှိလာပါမည်။

consistency သည် ဘော်ဒီထုဆစ်ခြင်းတွင်သာမက တခြားနယ်ပယ်တွင်လည်း အလားတူအရေးကြီးပါသည်။ ရည်မှန်းချက်ပန်းတိုင် သို့ ကျွန်တော်တို့ fitness နယ်ပယ်တွင်လည်း #bodygoal ကိုရောက်ရန် #consistencyisthekey ဖြစ်ပါသည်။

🙏have a healthy & happy day🙏

အားလုံးကျန်းမာကြပါစေ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

(Zawgyi)

💢💢💢 ေဘာ္ဒီထုဆစ္ျခင္းႏွင့္ တစိုက္မတ္မတ္လုပ္ျခင္း သို့ consistency 💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻


💢 “practice makes perfect” “ႀကိဳးစားက ဘုရားပင္ျဖစ္နိုင္သည္” ဆိုရိုးစကားကဲ့သို့ မိမိလိုခ်င္၊ ျဖစ္ခ်င္ေသာ body goal ကိုရရွိရန္ကၽြန္ေတာ္တို့၏ gym နယ္ပယ္တြင္လည္း တစိုက္မတ္မတ္လုပ္ေဆာင္ျခင္းသည္ အဓိကျဖစ္ပါသည္။ ေမြးရာပါပင္ကိုစြမ္းရည္ရွိသူျဖစ္ေသာ္ျငားလည္း လိုခ်င္ေသာပန္းတိုင္ကိုေရာက္ရန္ consistency လိုပါသည္။ ပင္ကိုစြမ္းရည္ talent ကို တစိုက္မတ္မတ္လုပ္ေဆာင္ျခင္း consistency ႏွင့္ ေသခ်ာအသုံးခ်တတ္သူမ်ား ပန္းတိုင္ကိုလြယ္ကူစြာေရာက္ၾကပါသည္။

💌 လုပ္သင့္သည့္အရာတခုခု သို့ ဝါသနာတခုခုကို အေလ့အက်င့္ေကာင္းတစ္ခုအျဖစ္သို့ ေျပာင္းလဲယူနိုင္ရန္ consistency လိုအပ္ပါသည္။ အထူးသျဖင့္ အားကစားနယ္ပယ္ ေဘာ္ဒီထုဆစ္ျခင္းတြင္ပိုၿပီးအေရးႀကီးပါသည္။ တစိုက္မတ္မတ္လုပ္ျခင္းဆိုသည္မွာ ဥပမာ။ အိပ္ခ်ိန္ကို ည ၁၀ အိပ္ရာဝင္ရန္လုပ္ထားပါက၊ ည ၁၀ နာရီထိုးသည့္ေန႔တိုင္း အိပ္ရာဝင္ျခင္းျဖစ္ပါသည္။ အလားတူ ညေနပိုင္း ၅ နာရီ gym ကစားပါက ညေနတိုင္း ၅ နာရီ gym ကစားျခင္းကိုဆိုပါသည္။ အလားတူ နံနက္တိုင္း ၇:၃၀ မနက္စာစားပါက ၇:၃၀ မနက္စာစားေပးသည္ကိုဆိုပါသည္။ သို့ပါမွ results ရလာဒ္ေကာင္းကိုေတြ႕ရွိလာပါမည္။

၁💌လုပ္ေဆာင္နိုင္ေသာ goal ထားပါ။
ရည္မွန္းခ်က္ႀကီးႀကီးထားျခင္းသည္ အေကာင္းဆုံးျဖစ္ပါသည္။ သို့ေသာ္ ရည္မွန္းခ်က္ ေသးေသးေလးတစ္ခုခ်င္းစီကို ၿပီးေျမႇာက္ေအာင္ ဦးစြာလုပ္ေဆာင္ပါ။ သို့ပါမွ motivation, ေပ်ာ္ရႊင္ျခင္းမ်ားႏွင့္အတူ လိုခ်င္သည့္ပန္းတိုင္ေရာက္ပါမည္။ တစ္လ ၁၀ ေပါင္က်ရန္မွာ ပန္းတိုင္ အႀကီးျဖစ္ၿပီး workout အၿပီး stretching ၅ မိနစ္ လုပ္ျခင္းသည္ ပန္းတိုင္အေသးေလး ျဖစ္ပါသည္။ တစ္လ ေဘာ္ဒီဝိတ္ ၁၀ ေပါင္က်ရန္ အတြက္ training မ်ား၊ nutrition မ်ား ႏွင့္ accountability ေခၚ တာဝန္ယူ အေကာင္အထည္ေဖၚျခင္းမ်ားျဖစ္သည့္ small goal ၿပီးမွ large goal  ျဖစ္သည့္ ၁၀ ေပါင္ က်ျခင္းကို ေရာက္ရွိပါသည္။ thousand miles begins from one single step ဆိုသည္ကိုမေမ့ပါႏွင့္။ ထို့ေၾကာင့္ step by step ျဖင့္ ရည္မွန္းခ်က္ ေသးေသးမွ စတင္လုပ္ေဆာင္ပါ။

၂💌စည္းကမ္းခ်က္မ်ားကို လိုက္နာပါ။
ေလ့လာခ်က္အရ gym ပုံမွန္လာကစားသူမ်ားမွာ နာရီနိုးစက္ေပးထားသည့္အတိုင္း အိပ္ရာထ သို့ စည္းကမ္းလိုက္နာသူမ်ားျဖစ္သည္ဟု ဆိုပါသည္။ စည္းကမ္းလိုက္နာၿပီး မပ်က္မကြက္ ဆက္လုပ္ပါက အေလ့အက်င့္ေကာင္းတစ္ခု အလိုလိုျဖစ္လာပါမည္။ ဥပမာ။ သူငယ္ခ်င္းတစ္ေယာက္ႏွင့္ workout အတူတူ လုပ္ရန္ ခ်ိန္းထားျခင္း။ ႀကိဳတင္ plan ဆြဲၿပီး ရေအာင္ အေကာင္အထည္ေဖၚပါ။ gym ကစားရန္ စိတ္မပါေသာ္လည္း gym ေရာက္ေအာင္ သြားပါ။ အနည္းဆုံး ေပါ့ေပါ့ပါးပါး ကစားပါ။ ထို့သို့ ဆက္တိုက္ မမ်က္မကြက္ လုပ္နိုင္ေဆာင္နိုင္ေအာင္ ႀကိဳးစားပါ။ မၾကာခင္ good habit ျဖစ္လာပါမည္။

၃💌မ ျပည့္စုံျခင္းကို လက္ခံပါ။
လူမွန္ရင္ အမွားလုပ္မိျခင္းႏွင့္ ကင္းမည္မဟုတ္ပါ။ အမွားမွ သင္ခန္းစာယူၿပီး ေရွ႕ဆက္ရန္သာ အေရးႀကီးပါသည္။ gym ကို အလုပ္ေနာက္က်၍ မသြားနိုင္သည္မွာ သင္တစ္ေယာက္တည္း ျဖစ္မည္မထင္ပါ။ ထိုသို့ျဖစ္ခဲ့လၽွင္ အိမ္မွာ မိနစ္ ၃၀ မွ ၁ နာရီ အစားထိုးၿပီးကစားပါ။ သို့မဟုတ္ က်န္းမာေရးႏွင့္ကိုက္ညီေသာ healthy food ေရြးစားပါ။ gym တြင္ workout မလုပ္နိုင္ေသာ္လည္း healthy food စားေပးသည့္အတြက္ balance ျဖစ္ပါသည္။ ေနာက္ေန႔တြင္ ေသခ်ာစြာ workout လုပ္ရန္ plan ထားၿပီး အေကာင္အထည္ေဖာ္ေဆာင္ရန္အေရးႀကီးပါသည္။

၄💌ယုံၾကည္စြာ ဆက္လုပ္ပါ။
တ႐ုတ္ျပည္မွ မဟာတံတိုင္းကို ရက္ရွည္လမ်ား ေဆာက္ခဲ့သည့္အတိုင္း ေဘာ္ဒီထုဆစ္ရာတြင္လည္း အလားတူျဖစ္ပါသည္။ ယခု ေရတြင္းတူးၿပီး ယခုေရေသာက္ရန္ ျဖစ္နိုင္ေခ် ရာႏုန္းနည္းပါသည္။ စိတ္ရွည္ပါ။ ဇြဲရွိပါ။ ထပ္ကာတလဲလဲ ျပဳလုပ္ျခင္းမွ ေကာင္းေသာ အေလ့အက်င့္ရေအာင္လုပ္ယူပါ။ ထိုအေလ့အက်င့္ျဖင့္ လိုခ်င္သည့္ ပန္းတိုင္ကို ဆက္သြားပါ။ consistency သည့္ လူတိုင္းအတြက္ ပန္းတိုင္ေရာက္ရန္ အခရာျဖစ္ပါသည္။

၅💌ေပ်ာ္ရႊင္စရာျဖစ္လာေအာင္ ဖန္တီးပါ။
ေလ့လာခ်က္အရ ေပါ့ေပါ့ပါးပါး workout မွာ ကစားသူမ်ားကို ျပန္လာကစားေစသည္ ဟုဆိုသည္။ ဆိုလိုသည္မွာ small goal ေရာက္ရန္ ေပါ့ပါးေသာ workout အရင္လုပ္ပါ။ small goal ၿပီးေျမႇာက္ျခင္းမွ ရရွိသည့္ ေပ်ာ္ရႊင္မွု့ျဖင့္ large goal ကို ေရာက္ရန္ motivation အျဖစ္အသုံးျပဳပါ။ ေနာက္ဆုံးတြင္ workout လုပ္ျခင္းကို ႏွစ္သက္ၿပီး၊ ပိုၿပီးက်န္းမာလာျခင္းမွ ေပ်ာ္ရႊင္စရာမ်ား ရရွိလာပါမည္။

၆💌workout လုပ္ျခင္း၏ၿပီးေျမႇာက္ျခင္း အရသာကိုခံစားပါ။
workout သည္ ႐ုပ္ပိုင္းႏွင့္ စိတ္ပိုင္းႏွစ္မ်ိဳးလုံးျဖစ္ပါသည္။ တခါတရံ စိတ္မပါျဖစ္ၿပီး ဆက္၍ workout မလုပ္ခ်င္ျဖစ္တတ္ပါသည္။ workout program ၿပီးေအာင္ အစအဆုံး ကစားခဲ့ေသာေန႔၏ feeling ကို ျပန္သတိရပါ။ workout လုပ္ခ်ိန္ ေဘာ္ဒီတြင္ ေဟာ္မုန္းတစ္မ်ိဳး endorphins ထုတ္ေပး၍ စိတ္ၾကည္လင္ျခင္း၊ စိတ္ၿငိမ္ျခင္း၊ စိတ္ေပ်ာ္ရႊင္ျခင္းမ်ားကို ရရွိပါသည္။ ထိုသို့လုပ္ျခင္းမွေရရွည္တြင္ က်န္းမာသုခႏွင့္ျပည့္စုံျခင္းကိုရရွိလာပါမည္။

consistency သည္ ေဘာ္ဒီထုဆစ္ျခင္းတြင္သာမက တျခားနယ္ပယ္တြင္လည္း အလားတူအေရးႀကီးပါသည္။ ရည္မွန္းခ်က္ပန္းတိုင္ သို့ ကၽြန္ေတာ္တို့ fitness နယ္ပယ္တြင္လည္း #bodygoal ကိုေရာက္ရန္ #consistencyisthekey ျဖစ္ပါသည္။

🙏have a healthy & happy day🙏

အားလုံးက်န္းမာၾကပါေစ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

Wednesday, July 22, 2020

HIV ပိုးကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ

HIV ပိုးကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

HIV ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓါကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ တခြားသော ရောဂါပိုးတွေနဲ့ မတူပဲ HIV ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ဖျက်လို့ မရပါဘူး။

HIV ပိုးဟာ သွေးကနေ တစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့ မိခင်ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။ အများဆုံး ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓါထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။

HIV ပိုးကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။
ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က လိင်အပျော်အပါး လိုက်စားတတ်တဲ့သူ၊ တစ်ဦးထက်ပိုတဲ့ လိင်ဆက်ဆံဖော်တွေ ရှိတယ်ဆိုရင် ၃လ တစ်ကြိမ် သွေးစစ်ပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အကာအကွယ်ကို အမြဲသုံးပေးပါ။

HIV ပိုး ကူးစက်ခံရပြီးနောက် ပထမအဆင့် လက္ခဏာတွေက ဘာတွေလဲ။
HIV ပိုး ကူးစက်ခံရပြီး ၂ပတ်ကနေ ၄ပတ်အတွင်းမှာ အအေးမိတုပ်ကွေးနဲ့ ရောဂါလက္ခဏာချင်း ဆင်တူတဲ့ ရှေ့ပြေးလက္ခဏာတွေကို တွေ့ရပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့ ပထမအဆင့်မှာ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့

ကိုယ်ခန္ဓါမှာ အဖုအပိမ့်ထွက်တာ၊
အပြင်းဖျားတာ၊
လည်ချောင်းနာတာ၊
ပြင်းပြင်းထန်ထန် ခေါင်းမူးတာတို့ပဲ ဖြစ်ပါတယ်။
ဒီလို လက္ခဏာတွေအပြင် တွေ့နိုင်ခြေနည်းတဲ့ ရောဂါလက္ခဏာတွေကတော့

အလွန်အမင်းမောပန်းတာ၊
ခံတွင်း ဒါမှမဟုတ် လိင်အင်္ဂါပတ်လည်မှာ ulcer လို အနာပေါက်တာ၊
ကြွက်သား နာကျင်ကိုက်ခဲတာ၊
အရိုးအဆစ်ကိုက်တာ၊
မူးဝေအော့အန်တာ၊
ညအိပ်နေရင်း ချွေးထွက်တာတို့ပဲ ဖြစ်ပါတယ်။
HIV ပိုး ကူးစက်ခံရပြီး ဖြစ်ပေါ်လာတဲ့ ဒီရှေ့ပြေးလက္ခဏာတွေဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်ပါတယ်။ ပုံမှန်အားဖြင့် တုပ်ကွေး၊ အအေးမိတဲ့ ရောဂါလက္ခဏာနဲ့ ဆင်တူပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပိုးကူးစက်ခံရပြီလို့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးမှုခံယူရပါမယ်။

HIV ပိုး ကူးစက်ခံရပြီး ဒုတိယအဆင့်
ပိုးကူးစက်ခံရပြီး ပျမ်းမျှအားဖြင့် တစ်လအတွင်းမှာ ရှေ့ပြေးလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီလက္ခဏာတွေ ပျောက်ကင်းသက်သာပြီး နောက် လတွေ နှစ်တွေနဲ့ ချီပြီး တခြားသော လက္ခဏာတွေ ထပ်ပြီး မဖြစ်လာပါဘူး။ ဒီအဆင့်မှာ တခြားသော ရောဂါလက္ခဏာတွေ မပြသေးပေမဲ့ HIV ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓာထဲမှာ အလျင်အမြန် ပွားများနေပါတယ်။ ဒါ့အပြင် တခြားသော ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်လာစေနိုင်ဖို့အတွက် CD4 လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်ထဲက ဆဲလ်တွေကို တိုက်ခိုက်နေပါပြီ။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုရောဂါလက္ခဏာမှ မပြသည့်တိုင်အောင် ကျန်းမာရေးကို အမြဲစစ်ဆေးနေဖို့ လိုအပ်ပါတယ်။

HIV ပိုး ကူးစက်ခံရပြီး တတိယအဆင့်
ကုသမှုမရှိတဲ့ သူတွေမှာ HIV ပိုးက အနှေးနဲ့ အမြန် ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် ၃လတစ်ကြိမ် သွေးစစ်ဖို့ လိုအပ်ပြီး ကိုယ့်မှာ ရောဂါပိုးရှိလာရင်လည်း HIV ဗိုင်းရပ်စ်ပိုးကို မပြန့်ပွားအောင် ထိန်းပေးနိုင်မယ့် ဆေးတွေကို နေ့စဉ် အချိန်မှန် မပျက်မကွက် သောက်ပေးဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုးကုသမှုမခံယူတဲ့သူတွေမှာ တတိယအဆင့်အနေနဲ့ HIV ရဲ့ နောက်ဆုံးအဆင့် တစ်နည်းအားဖြင့် ခုခံအားကျဆင်းမှုရောဂါဖစ်တဲ့ AIDS ရောဂါအခြေအနေကို ရောက်ရှိလို့လာပါပြီ။ ဒီအဆင့်ကိုရောက်နေတဲ့ ပိုးကူးစက်ခံရသူတွေမှာ ကိုယ်ခံအားစနစ်ဟာ ဆိုးရွားစွာ ထိခိုက်နေမှာဖြစ်ပြီး တခြားသော ရောဂါတွေ ဝင်လာနိုင်ခြေ အလွန်မြင့်လာပါတယ်။ သာမန်လူတွေမှာ အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ ရောဂါပိုးတွေတောင်မှ HIV ပိုးကြောင့် ကိုယ်ခံအားနည်းနေတဲ့ သူတွေအတွက် အလွန်အန္တရာယ်ရှိပါတယ်။

ဒီအဆင့်မှာ မကြာခဏ အအေးမိ၊ ဖျားနာမယ်၊ မှိုရောဂါတွေ ဖြစ်လွယ်မယ်။ တခြားသော လက္ခဏာတွေအနေနဲ့

မူးဝေအော့အန်တာ၊
ဆက်တိုက် ဝမ်းလျှောတာ၊
နာတာရှည် ဖျားနာတာ၊
ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းတာ၊
ချောင်းမကြာခဏဆိုးတာ၊
အသက်ရှူမဝတာ၊
ဖျားနေချိန် ကိုယ်လက်ချမ်းတုန်တာ၊ ညဘက်တွေမှာ ချွေးထွက်တာ၊
ကိုယ်ခန္ဓာအနှံ့၊ ခံတွင်း၊ နှာခေါင်း၊ လိင်အင်္ဂါမှာ အဖုအပိမ့်တွေ၊ အနာတွေ ဖြစ်တာ၊
မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏမေ့တတ်တာ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်တာ အစရှိတဲ့ လက္ခဏာတွေကို HIV ရဲ့ နောက်ဆုံးအဆင့်မှာ တွေ့နိုင်ပါတယ်။
HIV နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အရာတွေ။
HIV ရောဂါပိုးဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ကူးစက်နိုင်ပါတယ်။ သွေး၊ သုက်ရည်၊ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေကို ထိတွေ့မိရာကနေ ကူးစက်နိုင်တယ်။ ကွန်ဒုံးမသုံးပဲ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို တစ်ဦးထက်ပိုပြီး ဝေမျှသုံးစွဲရာကနေ ကူးစက်နိုင်ပါတယ်။ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုပ်တာ၊ တံတွေးကနေတစ်ဆင့် HIV ပိုး မကူးစက်နိုင်ပါဘူး။

ကိုယ်ဟာ လိင်မှုကိစ္စမှာ တက်ကြွတဲ့သူဆိုရင် HIV ရောဂါပိုး ကူးစက်နိုင်ပုံ၊ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ၊ ရောဂါပိုးကို ထိန်းပေးထားနိုင်တဲ့ နည်းလမ်းတွေကို သိထားဖို့ လိုအပ်သလို ၃လတစ်ကြိမ် သွေးပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။ ပိုးကူးစက်ခံရတဲ့အခါမှာလည်း ဆရာဝန်က ပေးတဲ့ ပိုးထိန်းဆေးတွေကို နေ့စဉ်အချိန်မှန် သောက်ပေးပါ။ ကျန်းမာပြီး အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း အားကစားလုပ်ပါ။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆေးကိုသာ ဂရုတစိုက် သောက်မယ်ဆိုရင်တော့ HIV ပိုးရှိနေတဲ့သူ ဖြစ်နေရင်တောင် သာမန်လူတွေလို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်သွားနိုင်ပါတယ်။

(Zawgyi)

HIV ပိုးကူးစက္ခံရတာ သိနိုင္မယ့္ ေရွ႕ေျပးလကၡဏာေတြ


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
ေရးသားသူ Ye Myo Myat

HIV ဟာ ကိုယ္ခံအားစနစ္ကို တိုက္ခိုက္တဲ့ ဗိုင္းရပ္စ္ပိုး ျဖစ္ပါတယ္။ ခႏၶါကိုယ္ကို က်န္းမာေစဖို႔နဲ႔ ေရာဂါေတြ အလြယ္တကူ ျဖစ္မလာေအာင္ ခုခံတားဆီးေပးနိုင္တဲ့ CD4 ဆဲလ္ေတြကို အဓိက ဖ်က္ဆီးပါတယ္။ တျခားေသာ ေရာဂါပိုးေတြနဲ႔ မတူပဲ HIV ဗိုင္းရပ္စ္ပိုးကို ကိုယ္ခံအားစနစ္က တိုက္ဖ်က္လို႔ မရပါဘူး။

HIV ပိုးဟာ ေသြးကေန တစ္ဆင့္ ကူးစက္နိုင္သလို၊ ေရာဂါပိုးရွိတဲ့ မိခင္ကေနလည္း ကေလးကို ကူးစက္နိုင္ပါတယ္။ အမ်ားဆုံး ကူးစက္နိုင္တဲ့ နည္းလမ္းကေတာ့ ေရာဂါပိုးရွိသူနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံရာကေန သုက္၊ ေသြးေတြဟာ ကိုယ္ခႏၶါထဲ ဝင္ေရာက္ၿပီး ကူးစက္နိုင္ပါတယ္။

HIV ပိုးကူးစက္ခံရၿပီဆိုတာ ဘယ္လိုသိနိုင္မလဲ။
ပိုးကူးစက္ခံရတဲ့ လကၡဏာေတြဟာ လူတစ္ဦးနဲ႔ တစ္ဦး မတူညီနိုင္ပါဘူး။ တခ်ိဳ႕ေတြမွာ ေရာဂါလကၡဏာေတြ အမ်ိဳးမ်ိဳး ျပနိုင္သလို လကၡဏာလုံးဝမျပတဲ့ သူေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္က လိင္အေပ်ာ္အပါး လိုက္စားတတ္တဲ့သူ၊ တစ္ဦးထက္ပိုတဲ့ လိင္ဆက္ဆံေဖာ္ေတြ ရွိတယ္ဆိုရင္ ၃လ တစ္ႀကိမ္ ေသြးစစ္ပါ။ လိင္ဆက္ဆံတဲ့အခါမွာလည္း အကာအကြယ္ကို အျမဲသုံးေပးပါ။

HIV ပိုး ကူးစက္ခံရၿပီးေနာက္ ပထမအဆင့္ လကၡဏာေတြက ဘာေတြလဲ။
HIV ပိုး ကူးစက္ခံရၿပီး ၂ပတ္ကေန ၄ပတ္အတြင္းမွာ အေအးမိတုပ္ေကြးနဲ႔ ေရာဂါလကၡဏာခ်င္း ဆင္တူတဲ့ ေရွ႕ေျပးလကၡဏာေတြကို ေတြ႕ရပါတယ္။ HIV ပိုး ကူးစက္ခံရတဲ့ ပထမအဆင့္မွာ အမ်ားဆုံး ေတြ႕ရတဲ့ လကၡဏာေတြကေတာ့

ကိုယ္ခႏၶါမွာ အဖုအပိမ့္ထြက္တာ၊
အျပင္းဖ်ားတာ၊
လည္ေခ်ာင္းနာတာ၊
ျပင္းျပင္းထန္ထန္ ေခါင္းမူးတာတို႔ပဲ ျဖစ္ပါတယ္။
ဒီလို လကၡဏာေတြအျပင္ ေတြ႕နိုင္ေျခနည္းတဲ့ ေရာဂါလကၡဏာေတြကေတာ့

အလြန္အမင္းေမာပန္းတာ၊
ခံတြင္း ဒါမွမဟုတ္ လိင္အဂၤါပတ္လည္မွာ ulcer လို အနာေပါက္တာ၊
ႂကြက္သား နာက်င္ကိုက္ခဲတာ၊
အရိုးအဆစ္ကိုက္တာ၊
မူးေဝေအာ့အန္တာ၊
ညအိပ္ေနရင္း ေခၽြးထြက္တာတို႔ပဲ ျဖစ္ပါတယ္။
HIV ပိုး ကူးစက္ခံရၿပီး ျဖစ္ေပၚလာတဲ့ ဒီေရွ႕ေျပးလကၡဏာေတြဟာ တစ္ပတ္ကေန ၂ပတ္အထိ ၾကာနိုင္ပါတယ္။ ပုံမွန္အားျဖင့္ တုပ္ေကြး၊ အေအးမိတဲ့ ေရာဂါလကၡဏာနဲ႔ ဆင္တူပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ပိုးကူးစက္ခံရၿပီလို႔ သံသယရွိရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသၿပီး စစ္ေဆးမႈခံယူရပါမယ္။

HIV ပိုး ကူးစက္ခံရၿပီး ဒုတိယအဆင့္
ပိုးကူးစက္ခံရၿပီး ပ်မ္းမၽွအားျဖင့္ တစ္လအတြင္းမွာ ေရွ႕ေျပးလကၡဏာေတြ ေတြ႕ရတတ္ပါတယ္။ ဒီလကၡဏာေတြ ေပ်ာက္ကင္းသက္သာၿပီး ေနာက္ လေတြ ႏွစ္ေတြနဲ႔ ခ်ီၿပီး တျခားေသာ လကၡဏာေတြ ထပ္ၿပီး မျဖစ္လာပါဘူး။ ဒီအဆင့္မွာ တျခားေသာ ေရာဂါလကၡဏာေတြ မျပေသးေပမဲ့ HIV ဗိုင္းရပ္စ္ပိုးဟာ ကိုယ္ခႏၶာထဲမွာ အလ်င္အျမန္ ပြားမ်ားေနပါတယ္။ ဒါ့အျပင္ တျခားေသာ ဗိုင္းရပ္စ္ပိုးေတြ ခႏၶာကိုယ္တြင္း အလြယ္တကူ ဝင္လာေစနိုင္ဖို႔အတြက္ CD4 လို႔ ေခၚတဲ့ ကိုယ္ခံအားစနစ္ထဲက ဆဲလ္ေတြကို တိုက္ခိုက္ေနပါၿပီ။ ဒါေၾကာင့္ ကိုယ့္မွာ ဘယ္လိုေရာဂါလကၡဏာမွ မျပသည့္တိုင္ေအာင္ က်န္းမာေရးကို အျမဲစစ္ေဆးေနဖို႔ လိုအပ္ပါတယ္။

HIV ပိုး ကူးစက္ခံရၿပီး တတိယအဆင့္
ကုသမႈမရွိတဲ့ သူေတြမွာ HIV ပိုးက အေႏွးနဲ႔ အျမန္ ကိုယ္ခံအားစနစ္ကို ဖ်က္ဆီးပစ္ပါတယ္။ ဒါေၾကာင့္ ၃လတစ္ႀကိမ္ ေသြးစစ္ဖို႔ လိုအပ္ၿပီး ကိုယ့္မွာ ေရာဂါပိုးရွိလာရင္လည္း HIV ဗိုင္းရပ္စ္ပိုးကို မျပန႔္ပြားေအာင္ ထိန္းေပးနိုင္မယ့္ ေဆးေတြကို ေန႔စဥ္ အခ်ိန္မွန္ မပ်က္မကြက္ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။

ဒီလိုမ်ိဳးကုသမႈမခံယူတဲ့သူေတြမွာ တတိယအဆင့္အေနနဲ႔ HIV ရဲ့ ေနာက္ဆုံးအဆင့္ တစ္နည္းအားျဖင့္ ခုခံအားက်ဆင္းမႈေရာဂါဖစ္တဲ့ AIDS ေရာဂါအေျခအေနကို ေရာက္ရွိလို႔လာပါၿပီ။ ဒီအဆင့္ကိုေရာက္ေနတဲ့ ပိုးကူးစက္ခံရသူေတြမွာ ကိုယ္ခံအားစနစ္ဟာ ဆိုးရြားစြာ ထိခိုက္ေနမွာျဖစ္ၿပီး တျခားေသာ ေရာဂါေတြ ဝင္လာနိုင္ေၿခ အလြန္ျမင့္လာပါတယ္။ သာမန္လူေတြမွာ အလြယ္တကူ တိုက္ခိုက္နိုင္တဲ့ ေရာဂါပိုးေတြေတာင္မွ HIV ပိုးေၾကာင့္ ကိုယ္ခံအားနည္းေနတဲ့ သူေတြအတြက္ အလြန္အႏၲရာယ္ရွိပါတယ္။

ဒီအဆင့္မွာ မၾကာခဏ အေအးမိ၊ ဖ်ားနာမယ္၊ မွိုေရာဂါေတြ ျဖစ္လြယ္မယ္။ တျခားေသာ လကၡဏာေတြအေနနဲ႔

မူးေဝေအာ့အန္တာ၊
ဆက္တိုက္ ဝမ္းေလၽွာတာ၊
နာတာရွည္ ဖ်ားနာတာ၊
ကိုယ္အေလးခ်ိန္ အလ်င္အျမန္က်ဆင္းတာ၊
ေခ်ာင္းမၾကာခဏဆိုးတာ၊
အသက္ရႉမဝတာ၊
ဖ်ားေနခ်ိန္ ကိုယ္လက္ခ်မ္းတုန္တာ၊ ညဘက္ေတြမွာ ေခၽြးထြက္တာ၊
ကိုယ္ခႏၶာအႏွံ့၊ ခံတြင္း၊ ႏွာေခါင္း၊ လိင္အဂၤါမွာ အဖုအပိမ့္ေတြ၊ အနာေတြ ျဖစ္တာ၊
မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ၊ မၾကာခဏေမ့တတ္တာ၊ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ ထိခိုက္တာ အစရွိတဲ့ လကၡဏာေတြကို HIV ရဲ့ ေနာက္ဆုံးအဆင့္မွာ ေတြ႕နိုင္ပါတယ္။

HIV နဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အရာေတြ။
HIV ေရာဂါပိုးဟာ အသက္အရြယ္မေရြး၊ က်ား၊ မ မေရြး ကူးစက္နိုင္ပါတယ္။ ေသြး၊ သုက္ရည္၊ မိန္းမကိုယ္က ထြက္တဲ့ အရည္ေတြကို ထိေတြ႕မိရာကေန ကူးစက္နိုင္တယ္။ ကြန္ဒုံးမသုံးပဲ အကာအကြယ္မဲ့လိင္ဆက္ဆံျခင္း၊ ေဆးထိုးအပ္ကို တစ္ဦးထက္ပိုၿပီး ေဝမၽွသုံးစြဲရာကေန ကူးစက္နိုင္ပါတယ္။ အသားခ်င္းထိတာ၊ ေပြ႕ဖက္နမ္းရႈပ္တာ၊ တံေတြးကေနတစ္ဆင့္ HIV ပိုး မကူးစက္နိုင္ပါဘူး။

ကိုယ္ဟာ လိင္မႈကိစၥမွာ တက္ႂကြတဲ့သူဆိုရင္ HIV ေရာဂါပိုး ကူးစက္နိုင္ပုံ၊ ျဖစ္လာနိုင္တဲ့ လကၡဏာေတြ၊ ေရာဂါပိုးကို ထိန္းေပးထားနိုင္တဲ့ နည္းလမ္းေတြကို သိထားဖို႔ လိုအပ္သလို ၃လတစ္ႀကိမ္ ေသြးပုံမွန္စစ္ေပးဖို႔ လိုအပ္ပါတယ္။ ပိုးကူးစက္ခံရတဲ့အခါမွာလည္း ဆရာဝန္က ေပးတဲ့ ပိုးထိန္းေဆးေတြကို ေန႔စဥ္အခ်ိန္မွန္ ေသာက္ေပးပါ။ က်န္းမာၿပီး အာဟာရျဖစ္ေစတဲ့ အစားအစာေတြကို ေရြးခ်ယ္စားသုံးေပးပါ။ ကိုယ္လက္ေလ့က်င့္ခန္း အားကစားလုပ္ပါ။ မွန္ကန္တဲ့ စားေသာက္ေနထိုင္မႈပုံစံနဲ႔ ေဆးကိုသာ ဂ႐ုတစိုက္ ေသာက္မယ္ဆိုရင္ေတာ့ HIV ပိုးရွိေနတဲ့သူ ျဖစ္ေနရင္ေတာင္ သာမန္လူေတြလို က်န္းက်န္းမာမာနဲ႔ အသက္ရွည္ရွည္ေနထိုင္သြားနိုင္ပါတယ္။