🟦”မန္တလေးမြို့ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်များ
စတင် တည်ဆောက်ခဲ့သော ခုနှစ်များနှင့်
ဗလီ့ဒကာများ "
🟢”အောင်မြေသာစံမြို့နယ် "
*️⃣စူရတီဗလီ ( 1859 )
အခွန်ဝန် အကောက်ဝန် လောကဗိမာန်လှေတော်အုပ်
ကျောက်ရဲမြို့စား မဟာဘောဂဓနသီရိရာဇာ
မင်းလှစည်သူ မူလ္လာအစ္စမန်အင်
*️⃣သူဌေးတန်းဗလီ ( 1863 )
ဘင်္ဂလားကုန်သည်တော်
မဟာသုဝဏ္ဏသေဌဘွဲ့ရ
သူဌေးမင်းဦးမောင်ကြီး - ဒေါ်မြဝတ်ရည် ( အမရပူရမြို့တော်ဝန်သမီး )
*️⃣ကျောက်ဗလီ ( 1878 )
အသုံးတော်ခံ စိန်ကုန်သည်စိန်မမချို
*️⃣မင်္ဂလာဗလီ ( 1870 )
ကုန်သည်တော်ဦးမွှတ်
*️⃣စစ်ကိုင်းတန်းဗလီ ( 1863 )
မြနန်းစကြာသဘောင်္တော်မှူး အဝယ်တော်ဦးမြနှင်း
*️⃣နှင်းဆီခြံဗလီ ( 1935 )
မီးသတ်ဗိုလ် ဗိုလ်နှင်းဆီ
*️⃣ဟင်ဒွတ်စ်စတာန်နီဗလီ ( 1905 )
ကုန်သည်တော် ရှိတ်အမာနက်ခ်
*️⃣ဧချိုင့်ဗလီ ( 1870 )
ဒုတိယကမ္ဘာစစ်တွင်ပျက်စီးခဲ့ ယခုမရှိ
သူဌေးမင်းဦးရွှေအို
*️⃣အလယ်ဘောင်ဗလီ ( 1863 )
စကြာအမြောက်တပ် တပ်မှူးဦးရာရှစ်
*️⃣ရွှေပန္နက်ဗလီ ( 1859 - မန္တလေးနန်းတွင်း ယခုမရှိ )
မင်းတုန်းမင်း
*️⃣ရွေးလကျာင်္ဗလီ ( 1859 - မန္တလေးနန်းတွင်း ယခုမရှိ )
မင်းတုန်းမင်း
*️⃣နန်းရှေ့စျေးဗလီ ( 1880 )
အိန္ဒိယကုန်သည်တော် အဗ္ဗဒူလ်အဇစ်
*️⃣ဝလီခံဗလီ ( 1863 )
ဝလီခံမြင်းတပ်ဗိုလ်
*️⃣နန်းရှေ့ရွာသာဗလီ ( 1883 )
အက္ကပတ်မြင်းဝန် ပင်လယ်မြို့စား
မင်းကြီးမဟာမင်းထင်ရာဇာ ဦးချုံ
*️⃣တောင်နွားခြံကုန်း ( မိဘစျေးဗလီ - 1880 )
သီပေါမင်းလက်ထက်ကန်ထရိုက်တာစကားပြန်ဦးဗလူး
*️⃣မြောက်နွားခြံကုန်းဗလီ
( တည်ဆောက်သည့်ခုနှစ်နှင့်မှတ်တမ်းမှတ်ရာရှာမတွေ့ရ )
*️⃣ခဝါစုဗလီ ( ယခုမရှိ )
*️⃣ဥယျာဉ်တော်ဗလီ ( ယခုမရှိ )
*️⃣ဃရာနာဗလီ ( ယခုမရှိ )
ခလီဖွာဟ်ဦးမြစ် - အပျိုတော် ဒဝါးရွာစားဒေါ်ခင်စိန်
*️⃣စိတ်ပုတီးစုဗလီ ( ယခုမရှိ )
*️⃣ဦးရွှေတောင်ဗလီ ( ယခုမရှိ )
ယင်းဗလီမှာ မန္တလေး၏ ပထမဦးဆုံးအဘိုးရိပ်သာသီးသန့်ရှိခဲ့၍ အနောက်ဥသျှစ်ကုန်းသချို င်္င်းတော်ဖျက်သိမ်းသည့်ထဲတွင်ပါသွားခဲ့သည်
🟢ချမ်းအေးသာစံမြို့နယ် "
*️⃣ဂျွန်းဗလီ ( 1863 )
မင်းတုန်းမင်းအသုံးတော်ခံ အဝယ်တော်ဦးဘိုး - ဒေါ်အိ
*️⃣တိုက်တန်းဗလီ ( 1865 )
ကုန်သည်တော်ဦးချို - ဒေါ်သော့
*️⃣အမြောက်တန်းဗလီ ( 1863 )
သွေးသောက်ကြီးဦးရန်နိုင်
*️⃣တောင်ဆင်ကျူံးဗလီ ( 1863 )
စာတော်ဖတ် သူကြွယ်မင်း
မေဏ္ဍက မဟာသာလ ဦးစံပျော်
*️⃣မြောက်ဆင်ကျုံးဗလီ ( 1863 )
သူကြွယ်မင်း ဦးစံသီး
*️⃣တောင်အိုးဘိုဗလီ ( 1870 )
ကုန်သည်တော်ဦးဖိုးမြစ် ( သား ) ဟာဂျီဦးရီစွတ်
*️⃣ရတနာပုံအိုးဘိုဗလီ ( မြောက်အိုးဘို - 1863 )
ကုန်သည်တော်ခေါင်းမင်း ဦးချိန်
*️⃣တောင်ဘလူဗလီ ( 1863 )
ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူ စာဆိုတော်ဦးနု၏ သမီး ခိုင်ရွန်နေဆာ မမြထွဋ်
တိုင်တားမင်းကြီးကတော်ဒေါ်နက်
*️⃣ကုန်းရိုးတန်းဗလီ ( 1863 )
ဘုရင့်နန္ဒဝန်ဥယျာဉ်မှူးဦးဖိုး
( 1900 တွင် ဘူတာကြီးမှ မြောက်ဘက် မန္တလေး မတ္တရာ ရထားလမ်း ဖောက်လုပ်ရာ လမ်းနှင့်မလွတ်သည့်အတွက် အင်္ဂလိပ်အစိုးရက လျော်ကြေးပေး၍ ဖျက်သိမ်းခဲ့ )
*️⃣အရှေ့ကုန်းရိုးဗလီ ( 1900 )
ကုန်းရိုးတန်းဗလီကြီးဖျက်သိမ်းခံရ၍ အရပ်သူအရပ်သားများမှ မူလနေရာ၏ အရှေ့ဘက်တွင် အသစ်ထပ်တည်ခဲ့
*️⃣အနောက်ကုန်းရိုး( ဗဟိုဗလီ 1900 )
ကုန်းရိုးတန်းဗလီကြီးဖျက်သိမ်းခံရ၍ နန္ဒဝန်ဦးဖိုး ၏ သားများမှ မူလနေရာ၏ အနောက်ဘက်တွင် အသစ်ထပ်တည်ခဲ့
*️⃣အိုးတော်ဗလီ ( 1875 )
ဘုရင့်ရာဖြတ်တော်
ကျောက်ကုန်သည် ကေတီဦးဘသက်
*️⃣ကပ်ကျေးတန်းဗလီ ( တပယ်စျေးဗလီ - 1863 )
တပယ်မြို့စားဦးဖိုးရစ်
*️⃣စကြာတောင်ဗလီ ( 1863 )
စကြာအမြောက်တပ် ဗိုလ်မှူးဦးဟာရှင်
*️⃣စကြာမြောက်ဗလီ ( 1863 )
စကြာအမြောက်တပ် ဗိုလ်မင်း ဦးနှစ်
*️⃣ဖလံဘိုဗလီ ( 1863 )
စကြာအမြောက်တပ် တပ်မှူးဦးရာဘော်
ပျဉ်ထောင်ဗလီ ( ယခုမရှိ )
*️⃣ကုလားပျိုတောင်ဗလီ ( 1858 )
ြှဗဲတိုက်သံတော်ဆင့်မင်း ဦးဘိုး
*️⃣ကုလားပျိုမြောက်ဗလီ ( 1863 )
သွေးသောက်ကြီးဦးရန်နိုင်
*️⃣ဆိုင်းတန်းဗလီ ( 1863 )
ပတ္တမြားကုန်သည်ဦးညိမ်း - ကြို့ပင်တက်မြို့စားခင်မြကြီး
*️⃣ဒေါင်းရိုးဗလီ ( 1848 )
ဒေါင်းစကြာမီးသဘောင်္မှူးဦးဖော့
( မန္တလေးမတည်ခင် အမရပူရခေတ် ပုဂံမင်းလက်ထက် အိမ်တော်ရာဘုရားတည်ရာတွင် အစ္စလာမ်အမှု့ထမ်းများအတွက်ပါ တည်ထားခဲ့သောဗလီ )
*️⃣ကိုယ်ရံတော်ဗလီ ( 1870 )
ဘုရင့်ကိုယ်ရံတော်တပ်မှူးဦးနွဲ့ကလေး
*️⃣အရှေ့အပ်ချုပ် တောင်ဗလီ ( 1863 )
ခလီဖွာဟ်ဦးဖိုးမွှား
*️⃣အရှေ့အပ်ချုပ် မြောက်ဗလီ ( 1863 )
ကုန်သည်တော်ဦးရ
*️⃣အနောက်အပ်ချုပ်ဗလီ ( 1919 )
ပိုးကုန်သည်ဦးမြ - ဒေါ်ဒေါ်ပု
*️⃣ရတနာပုံဗလီ ( 1863 )
ဘုရင့်ကိုယ်ရံတော်တပ်မှူးဦးမောင်မောင်လှိုင်
*️⃣ဒေးဝန်းဗလီ ( 1875 )
ဟာဂျီဦးဘိုးမြစ်
*️⃣မြောက်ကြယ်ခတ်ဗလီ ( 1863 )
ဒုတိယကမ္ဘာစစ်တွင်ပျက်စီးခဲ့ ယခုမရှိ
သူဌေးမင်းဦးရွှေဘေး
*️⃣သျှီအာဗလီ ( 1864 )
အခွန်ဝန် ဘရ်ကရ်အလီ
🔷”မဟာအောင်မြေမြို့နယ် "
*️⃣သံလမ်းဗလီ ( 1863 )
ပိုးကုန်သည်ဦးဖိုး - ဒေါ်ရင်
*️⃣လွှတောင်ဗလီ ( 1863 )
ပိုးကုန်သည်ဦးဝင်း
*️⃣ယပ်ထမ်းဗလီ ( 1863 )
ပိုးကုန်သည်ဦးဖေ - မိဖုရားကြီးကွမ်းတော်ဆက် ဒေါ်ကျော့
( ဘုရင်ထွက်တော်မူရာတွင်ယပ်တော်ထမ်း၍ လိုက်ပါရသူအမှု့ထမ်းများနေထိုင်ရာအရပ် )
*️⃣မြကုန်းပေါ်ဗလီ ( စံပယ်တောဗလီ - 1870 )
အပျိုတော်ဒေါ်ချို
( မူလစံပယ်တောဗလီကြီးပျက်စီးယိုယွင်းနေမှု့အား
အပျိုတော်ဒေါ်ချိုမှ ၎င်း၏ အဖိုးတန်မြကျောက်အားရောင်းချ၍ အသစ်ပြန်လည်တည်ဆောက်ခဲ့သောကြောင့် မြကုန်းပေါ်ဗလီအမည်တွင်ခဲ့
၁၉၈၄ ဦးကျားကြီးမီးတွင် အရင်ဦးဆုံး မီးသင့်ခဲ့ရသောဗလီဖြစ်ပြီး မန္တလေး၏ တစ်ခုတည်းသော ခါန်နကာဓမ္မရိပ်သာတည်ရှိရာဗလီဖြစ်ခဲ့ )
*️⃣ရွှေဘုန်းရှိန်ဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက် ကမန်တပ်မှူးဦးရွှေအိုး
( မဟာမုနိဘုရားကြီး ရခိုင်ပြည်မှပင့်ဆောင်လာစဉ် ဘုရားကြီးရွှေသော့ကိုင် ကမန်မွတ်စလင်များဝတ်ပြုရန် တည်ဆောက်ပေးခဲ့
မှတ်တမ်းတခုတွင် ဘုရားကြီး နှင့်အတူ မြောက်ဘက်မြင်းဝန်မင်းကြီးတိုက် ရွှေဘုန်းရှိန်ဗလီတို့အား တနေ့ထဲပန္နက်ချခဲ့သည်ကိုတွေ့ရ )
*️⃣စိန်ပန်းဘဂါင်္လီ ( ဂွမ်းရုံစျေးဗလီ 1905 )
သဘောင်္ကုန်သည် သူဌေးမင်းကျောက်ဒါရီး
*️⃣ပန်းဆက်ဗလီ ( 1863 )
ပန်းတော်ဆက်ခေါင်းမင်းအနွယ်တော်
ဟာဂျီမဒေါ်ဒေါ်ဖွား
*️⃣ဝေါခြံဗလီ ( 1863 )
ဒုတိယကမ္ဘာစစ်တွင်ပျက်စီးခဲ့ ယခုမရှိ
မိဖုရားခေါင်ကြီးအပျိုတော်ဒေါ်နန်းရိပ်
( ဘုရင်ထွက်တော်မူရာတွင် ဝေါတော်ထမ်းလိုက်ပါရသူအမှု့ထမ်းများနေထိုင်ရာအရပ် )
*️⃣ပန်းသေးဗလီ ( 1868 )
ပန်းသေးကုန်သည်ခေါင်းမင်း မာတူတူး
ဘုန်းအိုးဗလီ ( 1863 )
မြို့တည်မြေပုံ ပုရပိုက်ထဲတွင် ဘုန်းတန်ခိုးဗလီ
စကြာအမြောက်တပ် ဗိုလ်မင်းဦးကြယ်
*️⃣မင်္ဂလာအလယ်ဗလီ ( 1863 )
စကြာအမြောက်တပ်ဗိုလ်မင်း ဦးရောက်
*️⃣အနောက်ဗလီ ( 1863 )
ကသည်းရခိုင် အဒါသန့်
*️⃣ဆူးလေဗလီ ( 1863 )
စကြာအမြောက်တပ်ဗိုလ်မင်း ဦးမောင်
*️⃣လက်ပံဗလီ ( 1863 )
စကြာအမြောက်တပ်သွေးသောက်ကြီး ဦးပြောင်း
🔷”ချမ်းမြသာစည်မြို့နယ် "
*️⃣ဒေါနခြံတောင်ဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက်တည်ဆောက်ခဲ့၍ ဗလီ့ဒကာရှာမတွေ့ရ
*️⃣ဒေါနခြံမြောက်ဗလီ ( ယခုမရှိ )
*️⃣ဒေါနခြံဇာဝေယာဗလီ ( 1903 )
ဂိုဏ်းသခင်ဒါဒါလေး
*️⃣သိုးခြံဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက်သူဌေးမင်း ဦးအောင်သူ
( မန္တလေးမြို့မတည်ခင် အမရပူရခေတ် သိုးခြံရွာဗလီ )
*️⃣ကံရှာဗလီ ( 1785 )
ဘိုးတော်ဘုရားလက်ထက် ကမန်လေးသည်တော်တပ်မှူးဦးအောင်သာ
မဟာမုနိဘုရားကြီး ရခိုင်မှပင့်ဆောင်လာခဲ့စဉ် ဘုရားကြီး အိပ်ဖန်တော်စောင့် နွားနို့တော်ဆက်အမှု့ထမ်းများ နေထိုင်ရန်နှင့်ဝတ်ပြုရန်အတွက်တည်ပေးခဲ့
( ကံရွာ = ကံကောင်းသောရွာ ) ဘိုးတော်ဘုရားကိုယ်တော်တိုင်အမည်ပေးခဲ့
*️⃣ဆင်ဖြူကန်ဗလီ ( ယခုမရှိ )
" ပြည်ကြီးတံခွန်မြို့နယ် "
( ပြည်ကြီးတံခွန်မြို့နယ်မှဗလီဝတ်ကျောင်းတော်များမှာ ဘိုးတော်ဘုရားလက်ထက် မဟာမုနိဘုရားကြီး ရခိုင်ပြည်မှ အမရပူရသို့ပင့်ဆောင်လာခဲ့စဉ် ပါလာခဲ့သော ရခိုင်ကမန်လေးသည်တော်များ နေထိုင်ရန်မြေနေရာနှင့်တကွ ဗလီဝတ်ကျောင်းတော်များပါတည်ဆောက်ခဲ့၍ မန္တလေးပတ်ဝန်းကျင်တွင်ရှေးအကျဆုံးဗလီဝတ်ကျောင်းတော်များဖြစ်ခဲ့သည် )
*️⃣တောင်မြင့်မင်္ဂလာဗလီ ( 1785 )
*️⃣တောင်မြင့်အရှေ့ဗလီ ( 1785 )
*️⃣တောင်မြင့်အလယ်ဗလီ ( 1785 )
*️⃣တောင်မြင့်အနောက်ဗလီ ( 1785 )
*️⃣ကော့သာလီဗလီ ( ယခုမရှိ )
*️⃣ရေတွင်းပျက်ဗလီ ( ယခုမရှိ )
*️⃣တောင်ပုဏ္ဏားကုန်းဗလီ ( ယခုမရှိ )
ဟာဂျီထက်နောင်ဦး(Prince)
Ref : ရွှေဘိုဦးဘဦး ( ရွှေမန်းနှစ်တစ်ရာပြည့်မြန်မာမွတ်စလင်တို့၏ အတ္ထုပတ္တိ )
မောင်မောင်ကြီး(မန်း)
( မင်းနှင့်လွှတ်တော်မှတည်ဆောက်ခွင့်ပြုခဲ့သောပြန်တမ်းဝင်အစ္စလာမ့်သာသနာ့ဝတ်ကျောင်းတော်များ )
Htet Naung Oo’s Status မှ ကူးယူဖော်ပြသည်။



No comments:
Post a Comment