Monday, February 17, 2025

ကျော်မသွားသင့်တဲ့ Websites (8) ခု

စာဖတ်တဲ့အ​လေ့အကျင့်ရလာပြီး Reading ဆိုမ​ကြောက်ရ​အောင် ကျော်မသွားသင့်တဲ့ Websites (8) ခု




• စာအုပ်ဆိုရင် ပြီးအောင်မဖတ်နိုင်ဘူး

• တစ်နေ့ နည်းနည်းချင်းစီနဲ့ စာဖတ်တဲ့အလေ့အကျင့်လုပ်ချင်တယ်

• ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်အလိုက် ဖတ်နိုင်ပြီး

• Vocabulary, Comprehension Skills တွေအပြင် General Knowledge ပါတိုးလာစေမဲ့ Website ‌တွေကိုမျှဝေပေးချင်ပါတယ်။


👉 ဒီ Websites တွေက Beginner - Advanced Level အလိုက် ရွေးဖတ်နိုင်ပါတယ်။


𝗔𝗹𝗹 𝗶𝗻 𝗼𝗻𝗲


All in one ဆိုတဲ့အတိုင်း Science, Personal Development, Psychology, Entertainment, Technology, Business အပြင် အခြား Topics တွေစုံစုံလင်လင်ကို တစ်နေရာထဲမှာဖတ်နိုင်မဲ့ Websites (3) ခုဖြစ်ပါတယ်။


Scholarship လျောက်ဖို့ပြင်နေတဲ့သူတွေအတွက်

https://www.facebook.com/share/p/1F5NHg5mvy/?mibextid=wwXIfr


🔺️ Medium 

https://medium.com/?tag=productivity


နိုင်ငံတကာက စာရေးဝါသနာပါသူတွေစုနေတဲ့ Website တစ်ခုဖြစ်ပြီး Self improvement ကစ Programming အထိ စိတ်ဝင်စားတဲ့ Topic ကိုရွေးဖတ်နိုင်ပါတယ်။

Facebook မှာလို ဖတ်ပြီးသဘောကျရင် Like & Comment ပေးနိုင်ပြီး ဝါသနာပါရင် ကိုယ့်အကောင့်မှာပါ စာရေးပြီးတင်လို့ရတဲ့အတွက် Writing ပါ တစ်ခါတည်းလေ့ကျင့်နိုင်ပါသေးတယ် 🙌


🔺️ Interesting Articles To Read

https://www.interestingarticlestoread.com/


စိတ်ဝင်စား‌စရာကောင်းတဲ့ Blog တွေနဲ့ အရေးအသားတွေကလည်း ရှင်းလင်းတာကြောင့် Beginner တွေအတွက်လည်း သင့်တော်ပါတယ်။


🔺️ The Guardian

https://www.theguardian.com/international


Global က သတင်းတွေကို မျက်ခြေမပြတ်‌သိချင်တယ်၊ Informative ဖြစ်တဲ့ Articles တွေကို ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီ Website ထဲသာ ဝင်ကြည့်လိုက်ပါ။ ဆောင်းပါးဆန်တဲ့ အရေးအသားတွေဖြစ်တဲ့အတွက် Beginner တွေအတွက်တော့ ဖတ်ရတာ Challenge ဖြစ်နိုင်ပါတယ်။


အပေါ်ကလို အစုံသုပ်ရောနေတာမကြိုက်ဘဲ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်တစ်ခုကိုပဲ ဖတ်ချင်တဲ့သူတွေအတွက်ကတော့...


𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁


🌿 Tiny Buddha - https://tinybuddha.com/


Website ထဲဝင်လိုက်ရုံနဲ့ Positive energy ကိုခံစားရစေမှာပါ။ Mindfulness, Self-improvement, Relationship, Passion စတဲ့ Article တွေရှိပြီး Vocabulary အသစ်တွေလေ့လာဖို့လည်း အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။


𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗘𝗻𝘃𝗶𝗿𝗼𝗻𝗺𝗲𝗻𝘁


🪐 National Geographic - nationalgeographic.com


🪐 Scientific American - scientificamerican.com


Physics, Biology, Technology ကိုစိတ်ဝင်စားတယ်၊ ကမ္ဘာကြီးအကြောင်း၊ သိပ္ပံပညာရပ်အကြောင်း၊ အာကာသအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်းကို Fact ကျကျ Research လုပ်ထားတာတွေဖတ်ချင်ရင် ဒီ Websites တွေက သင့်အတွက်ပါပဲ။


နောက် GED Science အတွက်လည်း ဒါတွေက အထောက်အကူပြုနိုင်ပါသေးတယ် 💯


𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝘆 


🪴 Psychology Today - psychologytoday.com


Trauma, PTSD, ADHD စတဲ့ Mental Health Issues တွေ၊ Mental Well-being နဲ့ပတ်သက်တာတွေကို Professionals တွေကိုယ်တိုင်ရေးသားမျှဝေထားတာဖြစ်တဲ့အတွက် Psychology ပိုင်းကိုစိတ်ဝင်စားရင် Reading တင်သာမက Learning ပါလုပ်နိုင်မဲ့ Website တစ်ခုဖြစ်ပါတယ်။


𝗧𝗿𝗮𝘃𝗲𝗹𝗹𝗶𝗻𝗴


🏖️ Lonely Planet - lonelyplanet.com


ဖုန်းတစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားသလို ခံစားဖူးချင်ရင် ဒီ Website ထဲသာဝင်ကြည့်လိုက်ပါ။ ကိုယ်သွားချင်တဲ့ နိုင်ငံ၊ မြို့ကိုရွေးပြီး ဒီကိုမသွားခင် ဘာတွေပြင်ထားရမလဲ၊ နာမည်ကြီးတဲ့နေရာတွေကဘာလဲ စတာတွေကို Tips and Tricks, Destination guides တွေပါ Detail ကျကျရေးပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။


ကမ္ဘာအနှံ့ကို အရေးအသားတွေထဲကနေတစ်ဆင့် လည်ပတ်ချင်သူတွေအတွက်ကတော့ အသင့်တော်ဆုံးပါပဲ 😉


ဒီ Websites တွေက Beginner - Advanced Level အလိုက် ရွေးဖတ်နိုင်တာမို့ စိတ်ဝင်စားတာကိုဖတ်ရင်း Reading Skill မြှင့်ကြရအောင်ပါ။


ကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင် အခြားသူတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့နော် 🤗


#ctrllist #Sharingwithyouths

No comments: