🔷 ဗိသုကာဆိုင်ရာအတိုင်းအထွာများ
Various Ways of Linier measurment Scales
(က) မြန်မာနည်း
မြန်မာ အလျှားတိုင်းသောနည်းတွင်
၁၀ ဆံချည်= ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော= ၁ လက်သစ်
၈ လက်သစ် = ၁မိုက်
၃ မိုက် = ၁ တောင်
၇တောင် = ၁ တာ စသည်ဖြင့်
ဆံချည်တမျှင် ၏အတိုင်းအထွာကစ၍
နှမ်း တလုံး -မုယောစပါးတစေ့
လက်တသစ် မှစ၍ ..........
တာ-ဥဿ ဖ-ယူဇနာ အထိ
အမှတ်အသားများရှိခဲ့ပေသည်
ရှေးရိုးအစဉ်အလာရှိခဲ့သောဗိသုကာရေးပုံများတွင် စင်္ကြာဝဠာ/ တိုင်းနိုင်ငံအကျယ် အဝန်းတို့အတွက်
ယူဇနာ စကေး ကို အသုံးပြုပြီး
အဆောက်အဦ ပုံစံမျာအတွက်မူ
တောင်/ မိုက် / လက်သစ် စကေး
၃ မျိုးကိုသာ အသုံးပြုရေးဆွဲ ခဲ့ကြသည်
(ခ) အင်္ဂလိပ်နည်း
ငွေကြေးသုံးစွဲမှု့စံနစ်တွင်
ငွေတကျပ် ၏ အပိုင်းများကိုခေါ်ဝေါ်သည်အမည်များအတိုင်း
ကိုလိုနီခေတ် ဗိသုကာပိုင်းဆိုင်ရာ
(အသေးစိတ်) အတိုင်းအထွာများကို
1" =၁ကျပ် ဟုသတ်မှတ်၍
3/4" =သုံးမတ် 1/2"=ငါးမူး (၈ ပဲ)
1/4" =တမတ္ 1/8= တမူး
1/16" =တပဲ 5/8"= ၆ မူး
1/32" = တပြား စသည်ဖြင့်မှတ်သား
ရေးဆွဲတိုင်းတာ ခဲ့ကြပေသည်
ဤ နည်းတွင်
၁၂ လက်မ = ၁ ပေ
၃ ပေ =၁ ယာဒ် (ကိုက်)
၂၂ယာဒ်= ၁ သံကြိုး
၁၀သံကြိုး = ၁ ဖာလုံ
၈ ဖာလုံ = ၁ မိုင် ဟူ၍ ရှိခဲ့ပေသည်
(ဂ) မက်ထရစ်နည်း
သိပ္ပံပညာများထွန်းကားလာသောခေတ်တွင်တွက်ချက်မှု့ပိုမိုလွယ်ကူစေရန်
10 မီလီမီတာ= 1စင်တီမီတာ
10 စင်တီမီတာ =1 ဒယ်စီမီတာ
10 ဒယ်စီမီတာ = 1 မီတာ စသော ဆယ်လီစိတ်စကေးကို
တွက်ချက်မှုအသစ်အတွက် တည်ထွင်လာကြပြန်သည်
1000 မီတာ = 1 ကီလိုမီတာ ကို မိုင်ကဲ့သို့
ခရီးအကွာအဝေးတိုင်းတာရာတွင်အသုံးပြုကြသည်။
No comments:
Post a Comment