Sunday, April 24, 2022

သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

 သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ




စာရေးသူ Aye Thi Mon မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


#သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ


နွေရာသီက လူအများစုအတွက်ပျော်ရွှင်စရာကောင်းသလို အပန်းဖြေလို့လည်းကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမယ့် လူကြီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။နွေရာသီရဲ့ အပူရှိန်က အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေတွေတောင်ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းထန်တာကြောင့် ဖျားနာတာတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ လူကြီးတွေကနွေရာသီရဲ့ အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ အပူရှိန်အရမ်းပြင်းတာက အရွယ်သုံးပါးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။


#လူကြီးတွေဘာလို့ အပူဒဏ်ကိုမခံနိုင်ကြတာလဲ


အသက်အရွယ်ရလာတာနဲ့အမျှ ခန်ဓါကိုယျရဲ့ စနစ်တွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းချင်းနှေးလာနေပါတယ်။ချွေးဂလင်းတွေနဲ့ကိုယ်တွင်းသွေးလည်ပတ်မှုတွေကနေတဆင့် ခန်ဓါကိုယျအပူခြိနျကို ထိန်းညှိပေးနိုင်စွမ်းကျဆင်းသွားတာက လူကြီးတွေ အပူဒဏ်ကိုမခံနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ခန်ဓါကိုယျမှာ ကိုယ်ခံအားနည်းလာတာ၊ နှလုံးရောဂါခံစားနေရတာ၊သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် အပူဒဏ်ကိုခံနိုင်စွမ်းနည်းရတာမျိုးလည်းရှိပါတယ်။


#သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ


သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ . ပူပြင်းတဲ့နွေရာသီမှာ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာစေဖို့အတွက် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတွေကိုပြောပြပေးပါရစေ။


#အိမ်ထဲမှာအေးနေအောင်ထားပါ  

တကယ်လို့ အိမ်မှာ လေအေးပေးစက်ရှိတယ်ဆိုရင်နွေရာသီရက်တွေမှာလေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ။လေအေးပေးစက်မရှိဘူးဆိုရင်နေ့ခင်းဘက် အိမ်ထဲကိုနေရောင်တိုက်ရိုက်မဝင်နိုင်အောင်ပြတင်းပေါက်မှန်တွေကို ကာထားပေးပြီး အိမ်ထဲမှာအေးနေအောင်ထားပေးပါ။ ညဘက်မှပြတင်းတံခါးကိုဖွင့်ပြီးလေကောင်းလေသန့်ရအောင်လုပ်ပါ။ မျက်နှာကျက်မှာ ပန်ကာတပ်ထားတယ်ဆိုရင် ပန်ကာဖွင့်ပေးလိုက်ပါ။


#သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေ ဝတ်ပေးပါ 

နွေရာသီမှာ အနက်ရောင်အထည်တွေ နဲ့ ထူထဲတဲ့အဝတ်အစားတွေကို မဝတ်ပေးပါနဲ့။ချောင်ချောင်ချိချိပေါ့ပေါ့ပါးပါးဖြစ်မယ့် ချည်ထည်လေးတွေ လီနင်ထည်လေးတွေဝတ်ပေးပါ။ ချွေးစုပ်တဲ့အထည်မျိုးလေးတွေ ကိုနွေရာသီဝတ်ဖို့ပြင်ဆင်ပေးလိုက်ပါ။


#ရေဓါတ်ပြည့်နေအောင်ထားပေးပါ 

ရေ၊သစ်သီးဖျော်ရည်လိုမျိုး အရည်တွေကိုတိုက်ပေးပါ။ ကဖင်းဓါတ်နဲ့ အယ်လ်ကိုဟောပါတာတွေကို တတ်နိုင်သမျှမတိုက်ပါနဲ့။ ကဖင်းဓါတ်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခန်ဓါကိုယျရဓေါတျကို ဆုံးရှုံးစေနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဓါတ်ဆားတိုက်ပေးလို့ရပါတယ်။


#နေ့ခင်းနေပြင်းချိန်တွေ အိမ်ထဲမှာပဲနေခိုင်းပါ 

နေ့တစ်နေ့တာမှာ မနက်ခင်း ၁၀ နာရီကနေ ညနေခင်း ၃ နာရီလောက်အထိက အပူချိန်အမြင့်ဆုံးပါ။ ဒီလိုအချိန်တွေမှာ အိမ်ထဲမှာနေတာကအကောင်းဆုံးပါ။ အပြင်ထွက်မယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်သွားဖို့လိုပါမယ်။ အရိပ်ရတဲ့နေရာတွေကနေဖြတ်သန်းသွားတာကအဆင်အပြေဆုံးဖြစ်မှာပါ။နေလောင်ကာခရင်မ်လူးသွားဖို့လည်း မမေ့ပါနဲ့။


#လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ တကယ်လို့လေ့ကျင့်ခန်းကို အပြင်မှာလုပ်တတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် မနက်ခင်း စောစောပိုင်းလေး ဒါမှမဟုတ် ညနေနေအေးချိန်လောက်မှ လုပ်ပါ။ အပူရှိန်မြင့်နေချိန်မှာချွေးအရမ်းထွက်စေမယ့် လှုပ်ရှားမှုတွေမလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးပဲပေးလုပ်ပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း တဆက်တည်း မလုပ်ဘဲ အနားယူပြီးဖြည်းဖြည်းချင်းလုပ်ခိုင်းပါ။


#အစားအသောက်ဂရုစိုက်ပါ 

သွေးတိုးရှိတယ်ဆိုရင် အငန်များတဲ့ အစားအစာတွေကို မစားမိဖို့ သတိထားဖို့လိုပါမယ်။နွေအရမ်းပူတဲ့အခါသွေးတက်စေနိုင်တဲ့ အစားအစာတွေ၊ အငန်ဓါတ်နဲ့ အစပ်ကဲတဲ့အစားအစာတွေ၊ အချဉ်စူးတာမျိုးတွေ၊ အဆီများတာမျိုးတွေကို မကျွေးမိဖို့ သတိထားရပါမယ်။


#ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို သိထားပါ။ အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရနိုင်မယ့်နေရာမှာထားပါ။


#သိထားရမယ့်အချက်လေးများ

ရာသီဥတု အခြေအနေနဲ့ ကိုက်ညီအောင်ဝတ်ဆင်ပေးပါ။

အပူချိန်က အရမ်းပူနေတဲ့အခါ အပြင်မထွက်မိအောင် သတိထားပေးပါ။ အပူကြာင့် ဖျားနာတာမျိုးဖြစ်နေတဲ့ လက္ခဏာတစ်ခုခုရှိနေလားဆိုတာကိုသေချာဂရုစိုက်စောင့်ကြည့်ပါ။

ရေငတ်မှရေသောက်တာမျိုးမလုပ်ပါနဲ့။ရေငတ်ချိန်မှသောက်မယ်ဆိုရင် ခန်ဓါကိုယျမှာရဓေါတျခမျးခွောကျနလေောကျပါပွီ။

သွားလေရာကိုရေဗူးယူသွားပေးလိုက်ပါ။

ရေဓါတ်ဖြည့်ပေးနိုင်မယ့် အစားအသောက်တွေဖြစ်တဲ့ သခွားသီး၊ မုန်လာဥဖြူ၊ ဖရဲသီး၊ စတော်ဘယ်ရီသီးလိုမျိုး အသီးတွေစားပေးပါ။


#နွေရာသီမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေက


ရေဓါတ်ခမ်းခြောက်တာ ရေဓါတ်ခမ်းခြောက်တာကနွေရာသီမှာ လူကြီးတွေအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ လူကြီးတွေက အသက်ကြီးလာတာနဲ့အမျှရေသောက်နည်းသွားတာကြောင့် ပူပြင်းတဲ့အချိန်မှာ အလွယ်တကူရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။နေပြင်းတဲ့အခါ ပုံမှန်ထက်ရေပိုသောက်ဖြစ်အောင်ဂရုစိုက်ပေးပါ။


#ရာသီဥတုပူတာကြောင့်ခြေကုန်လက်ပန်းကျတာ 


 ရာသီဥတုပူပြင်းတာကြောင့်ခြေကုန်လက်ပန်းကျတာက အသက်အန္တရာယ်မရှိပေမယ့် နည်းနည်းတော့ပြင်းထန်ပါတယ်။နေ့စဉ်ရက်ဆက်နေပူဒဏ်ခံရတဲ့အခါ ခန်ဓါကိုယျက ဆားဓါတ်နဲ့ရေဓါတ်ဆုံးရှုံးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ညီးစီစီဖြစ်လာတာ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊မောပန်းနွမ်းနယ်တာ၊အားနည်းလာတာ၊အမြင်တွေဝါးလာတာ၊အော့အန်တာ၊ နှလုံးခုန်မြန်လာတာ၊ချွေးအရမ်းထွက်တာ၊ခေါင်းထဲက ရိပ်တိပ်တိပ်နဲ့မူးလာတာမျိုးတွေတွေခံစားရနိုင်ပါတယ်။


အပူလျှပ်တာ အပူလျှပ်တာက အပူဒဏ်ကြောင့်ဖြစ်တဲ့ အရမ်းပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခန်ဓါကိုယျက သူ့ဘာသာအေးမြအောင်မလုပ်နိုင်တဲ့အခါ အပူလျှပ်တာဖြစ်လာပါတော့တယ်။ အပူလျှပ်တဲ့အခါခေါင်းကိုက်တာ၊ ရိပ်တိပ်တိပ်မူးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ရှုပ်တာ၊ သတိလစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသတာ အကောင်းဆုံးဖြစ်မှာပါ။


အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး ပူပြင်းတဲ့နွေရာသီမှာချစ်ခင်ရတဲ့ လူကြီးမိဘတွေကို အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ မကြုံတွေ့အောင်လုပ်ဆောင်ပေးနိုင်ကြပါစေကြောင်း 🙏


(Zawgyi) 

သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ




စာေရးသူ Aye Thi Mon မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ


ႏြေရာသီက လူအမ်ားစုအတြက္ေပ်ာ္႐ႊင္စရာေကာင္းသလို အပန္းေျဖလို႔လည္းေကာင္းတဲ့ ရာသီတစ္ခုပါ။ ဒါေပမယ့္ လူႀကီးေတြအတြက္ေတာ့ ဒီလိုမဟုတ္ပါဘူး။ႏြေရာသီရဲ႕ အပူရွိန္က အမႈမဲ့အမွတ္မဲ့ေနလိုက္မယ္ဆိုရင္ အႏၱရာယ္မ်ားတဲ့ အေျခအေနေတြေတာင္ျဖစ္နိုင္ပါတယ္။ ႏြေရာသီမွာ အပူရွိန္ျပင္းထန္တာေၾကာင့္ ဖ်ားနာတာေတြေတာ္ေတာ္ေလးျဖစ္နိုင္ပါတယ္။ လူႀကီးေတြကႏြေရာသီရဲ႕ အပူဒဏ္ကို ခံနိုင္ရည္မရွိၾကပါဘူး။ အပူရွိန္အရမ္းျပင္းတာက အ႐ြယ္သုံးပါးစလုံးအတြက္ အႏၱရာယ္ရွိနိုင္ပါတယ္။


#လူႀကီးေတြဘာလို႔ အပူဒဏ္ကိုမခံနိုင္ၾကတာလဲ


အသက္အ႐ြယ္ရလာတာနဲ႕အမွ် ခန္ဓါကိုယ်ရဲ႕ စနစ္ေတြက ပုံမွန္အလုပ္မလုပ္နိုင္ေတာ့ပါဘူး။ တျဖည္းျဖည္းခ်င္းႏွေးလာေနပါတယ္။ေခြၽးဂလင္းေတြနဲ႕ကိုယ္တြင္းေသြးလည္ပတ္မႈေတြကေနတဆင့္ ခန္ဓါကိုယ်အပူၿခိန်ကိဳ ထိန္းညွိေပးနိုင္စြမ္းက်ဆင္းသြားတာက လူႀကီးေတြ အပူဒဏ္ကိုမခံနိုင္ရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းတစ္ခုပါ။ ခန္ဓါကိုယ်မွာ ကိုယ္ခံအားနည္းလာတာ၊ ႏွလုံးေရာဂါခံစားေနရတာ၊ေသာက္သုံးေနရတဲ့ေဆးဝါးေတြရဲ႕ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ အပူဒဏ္ကိုခံနိုင္စြမ္းနည္းရတာမ်ိဳးလည္းရွိပါတယ္။


#သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ


သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ . ပူျပင္းတဲ့ႏြေရာသီမွာ ကိုယ္ခ်စ္ရတဲ့ လူႀကီးမိဘေတြကို က်န္းမာေစဖို႔အတြက္ ဂ႐ုစိုက္ေပးလို႔ရတဲ့ နည္းလမ္းေတြကိုေျပာျပေပးပါရေစ။


#အိမ္ထဲမွာေအးေနေအာင္ထားပါ  

တကယ္လို႔ အိမ္မွာ ေလေအးေပးစက္ရွိတယ္ဆိုရင္ႏြေရာသီရက္ေတြမွာေလေအးေပးစက္ကို အခ်ိန္ျပည့္ဖြင့္ထားေပးပါ။ေလေအးေပးစက္မရွိဘူးဆိုရင္ေန႕ခင္းဘက္ အိမ္ထဲကိုေနေရာင္တိုက္ရိုက္မဝင္နိုင္ေအာင္ျပတင္းေပါက္မွန္ေတြကို ကာထားေပးၿပီး အိမ္ထဲမွာေအးေနေအာင္ထားေပးပါ။ ညဘက္မွျပတင္းတံခါးကိုဖြင့္ၿပီးေလေကာင္းေလသန႔္ရေအာင္လုပ္ပါ။ မ်က္ႏွာက်က္မွာ ပန္ကာတပ္ထားတယ္ဆိုရင္ ပန္ကာဖြင့္ေပးလိုက္ပါ။


#သက္ေတာင့္သက္သာရွိမယ့္ အဝတ္အစားေတြ ဝတ္ေပးပါ 

ႏြေရာသီမွာ အနက္ေရာင္အထည္ေတြ နဲ႕ ထူထဲတဲ့အဝတ္အစားေတြကို မဝတ္ေပးပါနဲ႕။ေခ်ာင္ေခ်ာင္ခ်ိခ်ိေပါ့ေပါ့ပါးပါးျဖစ္မယ့္ ခ်ည္ထည္ေလးေတြ လီနင္ထည္ေလးေတြဝတ္ေပးပါ။ ေခြၽးစုပ္တဲ့အထည္မ်ိဳးေလးေတြ ကိုႏြေရာသီဝတ္ဖို႔ျပင္ဆင္ေပးလိုက္ပါ။


#ေရဓါတ္ျပည့္ေနေအာင္ထားေပးပါ 

ေရ၊သစ္သီးေဖ်ာ္ရည္လိုမ်ိဳး အရည္ေတြကိုတိုက္ေပးပါ။ ကဖင္းဓါတ္နဲ႕ အယ္လ္ကိုေဟာပါတာေတြကို တတ္နိုင္သမွ်မတိုက္ပါနဲ႕။ ကဖင္းဓါတ္နဲ႕ အယ္လ္ကိုေဟာပါတဲ့ေသာက္စရာေတြက ခန္ဓါကိုယ်ရေဓါတ်ကိဳ ဆုံးရႈံးေစနိုင္ပါတယ္။ လိုအပ္ရင္ ဆရာဝန္နဲ႕တိုင္ပင္ၿပီး ဓါတ္ဆားတိုက္ေပးလို႔ရပါတယ္။


#ေန႕ခင္းေနျပင္းခ်ိန္ေတြ အိမ္ထဲမွာပဲေနခိုင္းပါ 

ေန႕တစ္ေန႕တာမွာ မနက္ခင္း ၁၀ နာရီကေန ညေနခင္း ၃ နာရီေလာက္အထိက အပူခ်ိန္အျမင့္ဆုံးပါ။ ဒီလိုအခ်ိန္ေတြမွာ အိမ္ထဲမွာေနတာကအေကာင္းဆုံးပါ။ အျပင္ထြက္မယ္ဆိုရင္လည္း ခ်ည္သားအကၤ်ီလက္ရွည္ဝတ္တာ၊ ထီးေဆာင္းတာမ်ိဳးလုပ္သြားဖို႔လိုပါမယ္။ အရိပ္ရတဲ့ေနရာေတြကေနျဖတ္သန္းသြားတာကအဆင္အေျပဆုံးျဖစ္မွာပါ။ေနေလာင္ကာခရင္မ္လူးသြားဖို႔လည္း မေမ့ပါနဲ႕။


#ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္မလုပ္ပါနဲ႕ တကယ္လို႔ေလ့က်င့္ခန္းကို အျပင္မွာလုပ္တတ္တဲ့ အေလ့အက်င့္ရွိတယ္ဆိုရင္ မနက္ခင္း ေစာေစာပိုင္းေလး ဒါမွမဟုတ္ ညေနေနေအးခ်ိန္ေလာက္မွ လုပ္ပါ။ အပူရွိန္ျမင့္ေနခ်ိန္မွာေခြၽးအရမ္းထြက္ေစမယ့္ လႈပ္ရွားမႈေတြမလုပ္ပါနဲ႕။ေပါ့ေပါ့ပါးပါးေလ့က်င့္ခန္းမ်ိဳးပဲေပးလုပ္ပါ။ေလ့က်င့္ခန္းလုပ္တဲ့အခါမွာလည္း တဆက္တည္း မလုပ္ဘဲ အနားယူၿပီးျဖည္းျဖည္းခ်င္းလုပ္ခိုင္းပါ။


#အစားအေသာက္ဂ႐ုစိုက္ပါ 

ေသြးတိုးရွိတယ္ဆိုရင္ အငန္မ်ားတဲ့ အစားအစာေတြကို မစားမိဖို႔ သတိထားဖို႔လိုပါမယ္။ႏြေအရမ္းပူတဲ့အခါေသြးတက္ေစနိုင္တဲ့ အစားအစာေတြ၊ အငန္ဓါတ္နဲ႕ အစပ္ကဲတဲ့အစားအစာေတြ၊ အခ်ဥ္စူးတာမ်ိဳးေတြ၊ အဆီမ်ားတာမ်ိဳးေတြကို မေကြၽးမိဖို႔ သတိထားရပါမယ္။


#ဆက္သြယ္ရမယ့္ဖုန္းနံပါတ္ေတြကို သိထားပါ။ အေရးေပၚအေျခအေနျဖစ္လာခဲ့ရင္ ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြကို အလြယ္တကူရနိုင္မယ့္ေနရာမွာထားပါ။


#သိထားရမယ့္အခ်က္ေလးမ်ား

ရာသီဥတု အေျခအေနနဲ႕ ကိုက္ညီေအာင္ဝတ္ဆင္ေပးပါ။

အပူခ်ိန္က အရမ္းပူေနတဲ့အခါ အျပင္မထြက္မိေအာင္ သတိထားေပးပါ။ အပူၾကာင့္ ဖ်ားနာတာမ်ိဳးျဖစ္ေနတဲ့ လကၡဏာတစ္ခုခုရွိေနလားဆိုတာကိုေသခ်ာဂ႐ုစိုက္ေစာင့္ၾကည့္ပါ။

ေရငတ္မွေရေသာက္တာမ်ိဳးမလုပ္ပါနဲ႕။ေရငတ္ခ်ိန္မွေသာက္မယ္ဆိုရင္ ခန္ဓါကိုယ်မွာရေဓါတ်ခမ်းေခြာက်နေလောက်ပါပြီ။

သြားေလရာကိုေရဗူးယူသြားေပးလိုက္ပါ။

ေရဓါတ္ျဖည့္ေပးနိုင္မယ့္ အစားအေသာက္ေတြျဖစ္တဲ့ သခြားသီး၊ မုန္လာဥျဖဴ၊ ဖရဲသီး၊ စေတာ္ဘယ္ရီသီးလိုမ်ိဳး အသီးေတြစားေပးပါ။


#ႏြေရာသီမွာ ျဖစ္နိုင္တဲ့ က်န္းမာေရးျပႆနာေတြက


ေရဓါတ္ခမ္းေျခာက္တာ ေရဓါတ္ခမ္းေျခာက္တာကႏြေရာသီမွာ လူႀကီးေတြအျဖစ္မ်ားတဲ့ က်န္းမာေရးျပႆနာတစ္ခုပါ။ လူႀကီးေတြက အသက္ႀကီးလာတာနဲ႕အမွ်ေရေသာက္နည္းသြားတာေၾကာင့္ ပူျပင္းတဲ့အခ်ိန္မွာ အလြယ္တကူေရဓါတ္ခမ္းေျခာက္နိုင္ပါတယ္။ေနျပင္းတဲ့အခါ ပုံမွန္ထက္ေရပိုေသာက္ျဖစ္ေအာင္ဂ႐ုစိုက္ေပးပါ။


#ရာသီဥတုပူတာေၾကာင့္ေျခကုန္လက္ပန္းက်တာ 


 ရာသီဥတုပူျပင္းတာေၾကာင့္ေျခကုန္လက္ပန္းက်တာက အသက္အႏၱရာယ္မရွိေပမယ့္ နည္းနည္းေတာ့ျပင္းထန္ပါတယ္။ေန႕စဥ္ရက္ဆက္ေနပူဒဏ္ခံရတဲ့အခါ ခန္ဓါကိုယ်က ဆားဓါတ္နဲ႕ေရဓါတ္ဆုံးရႈံးလာပါတယ္။ ဒီလိုျဖစ္လာတဲ့အခါ ညီးစီစီျဖစ္လာတာ၊ေခါင္းကိုက္တာ၊ ႂကြက္တက္တာ၊ေမာပန္းႏြမ္းနယ္တာ၊အားနည္းလာတာ၊အျမင္ေတြဝါးလာတာ၊ေအာ့အန္တာ၊ ႏွလုံးခုန္ျမန္လာတာ၊ေခြၽးအရမ္းထြက္တာ၊ေခါင္းထဲက ရိပ္တိပ္တိပ္နဲ႕မူးလာတာမ်ိဳးေတြေတြခံစားရနိုင္ပါတယ္။


အပူလွ်ပ္တာ အပူလွ်ပ္တာက အပူဒဏ္ေၾကာင့္ျဖစ္တဲ့ အရမ္းျပင္းထန္တဲ့ က်န္းမာေရးျပႆနာတစ္ခုပါ။ ခန္ဓါကိုယ်က သူ႕ဘာသာေအးျမေအာင္မလုပ္နိုင္တဲ့အခါ အပူလွ်ပ္တာျဖစ္လာပါေတာ့တယ္။ အပူလွ်ပ္တဲ့အခါေခါင္းကိုက္တာ၊ ရိပ္တိပ္တိပ္မူးတာ၊ စိတ္ရႈပ္ေထြးတာ၊ စိတ္ရႈပ္တာ၊ သတိလစ္တာမ်ိဳးေတြခံစားရနိုင္ပါတယ္။ ဒီလိုအေျခအေနေတြျဖစ္လာရင္ေတာ့ နီးစပ္ရာေဆးခန္းကိုသြားေရာက္ျပသတာ အေကာင္းဆုံးျဖစ္မွာပါ။


အခုေျပာျပခဲ့တဲ့ နည္းလမ္းေလးေတြကို လိုက္လုပ္ၾကည့္ၿပီး ပူျပင္းတဲ့ႏြေရာသီမွာခ်စ္ခင္ရတဲ့ လူႀကီးမိဘေတြကို အပူဒဏ္ေၾကာင့္ က်န္းမာေရးျပႆနာေတြ မႀကဳံေတြ႕ေအာင္လုပ္ေဆာင္ေပးနိုင္ၾကပါေစေၾကာင္း 🙏

No comments: