Friday, April 22, 2022

ရွှေဖြူ က ပလက်တီနမ်လား?

 ရွှေဖြူ က ပလက်တီနမ်လား?




        ရွှေသည် သန့်ရှင်းစင်ကြယ်သောသတ္တုဖြစ်ပြီး ဝါ၍အနည်းငယ် နီသော အရောင်ရှိသည်။


        ရွှေကို အခြားသတ္တု များဖြစ်သည့် ငွေဖြူရောင်ရှိသော ငွေ (Silver), ငွေဖြူရောင်သတ္တု ဒြပ်စင် (Palladium), နီကယ် (Nickel), ဇင့် (Zinc), ပလက်တီနမ် (Platinum) စသည့် သတ္တု များကို စနစ်တကျပေါင်းစပ်ရောနှောကာ ရိုဒီယမ်(Rhodium) ဟု အမည်ရသော သတ္တု တစ်မျိုး ဖြင့် အရောင်တင် လိုက် သောအခါ အဖြူရောင် ရွှေ (White Gold) ကို ရရှိသည်။ 


          Rhodium ဆိုတာ ငွေဖြူရောင်ရှိသော ဒြပ်စင်တစ်မျိုးဖြစ်ပြီ ရောင်ပြန်ဟပ်မှု အလွန်ပြင်းထန်သော အစွမ်းရှိသည်။ Rhodium ကို ကမ္ဘာ့အရှားပါးဆုံးနှင့် အဖိုးတန်သတ္တုအဖြစ် သတ်မှတ်ထားသည်။ Rhodium ဟူသောအမည်သည် ဂရိ စကားလုံး ရိုဒွန် (Rhodon) မှ ဆင်းသက် လာခြင်းဖြစ်သည်။ Rhodon သည် ဆား၏နှင်းဆီအနီရောင် (The Rose-Red Color of Its Salts) ဟု အဓိပ္ပာယ်ရသည်။ Rhodium ကို 1803 ခုနှစ်တွင် အင်္ဂလိပ် ဓာတုဗေဒ ပညာရှင် ဝီ လျံဟိုက်(ဒ်)ဝေါလားစတန် (William Hyde Wallaston) က တောင်အမေရိကမှ ရရှိသော Platinum သတ္တုရိုင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရသိရသည်။     


          Rhodium ကို သံ အရောင်တင်ခြင်း၊ ငွေ အရောင်တင်ခြင်း၊ ရွှေ အရောင်တင်ခြင်း အစရှိသော သတ္တု များတွင် အသုံးပြုသည်။ တောက်ပသော စွမ်းအင်ရှိသည့် Rhodium သည် ရွှေဖြင့် အခြားသတ္တုများ ပေါင်းစပ်၍ ရွှေဖြူ (White Gold) အဖြစ်သို့ အရောင်တင်ရာတွင် အထူးပါဝင်ပစ္စည်း ဖြစ်သည်။


          ရွှေဖြူ (White Gold) ကို 14K , 18K ,22K , 24K စသည်ဖြင့် ရွှေ၏ အရည်အသွေးအလိုက် ကာရက် (Karat) ဟူသော အတိုင်းအတာဖြင့်ဖော်ပြကြသည်။ 18K သည် ရွှေပါဝင်မှူ 75% ဖြစ်ပြီး 14K သည် ရွှေပါဝင်မှူ 60% ခန့် ဖြစ်သည်။ 14K နှင့် 18Kတို့ သည်လက်စွပ်၊ ဆွဲကြိုး၊ နားကပ် အစရှိသော လက်ဝတ် ရတနာများ ပြုလုပ်ရာတွင် အသုံးပြုသည်။ တစ်ချို့သော ရွှေဖြူထည်များသည် 750 ဟု ရေးသားဖော်ပြထားလေ့ရှိသည်။750 ဆို တာ ရွှေပါဝင်မှူ 75%(18K) ကို ဆိုလိုသည်။


         မပြောမဖြစ်ပြောရဦးမည့်အရာမှာ ပလက်တီနမ် (Platinum) ပင် ဖြစ်သည်။ အကြောင်းမှာ ရွှေဖြူ (White Gold) ကို ပလက်တီနမ် (Platinum) ဟူ၍ မှားယွင်းစွာ သိနေခြင်းပဲဖြစ်သည်။ Platinum သည် အဖြူရောင်ဖြစ်ပြီး White Gold ကဲ့သို့ Rhodium ရောနှောကာ အရောင်ပြောင်း လာခြင်းမဟုတ်ပါ။ နဂို မူလသဘာဝ အဖြူရောင်ဖြစ်သည်။ Platinum ၏ သင်္ကေတမှာ PT ဖြစ်သည်။ Platinum သည် PT နှင့် အက်တမ်အမှတ် ၇၈ သင်္ကေတပါသော ဓာတုဒြပ်စင် ဖြစ်သည်။ ၄င်းသည် သိပ်သည်းပြီး ပုံသွင်းရလွယ်ကူ၍ အဖိုးတန်သော အဖြူရောင်သတ္တုဖြစ်သည်။ ၄င်း၏အမည်မှာ စပိန်စကားလုံး ပလက်တီနို (Platino) ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ Platino ကို ငွေ အနည်းငယ် ဟု အဓိပ္ပာယ်ရသည်။ Platinum တွင် သဘာဝတွင် တွေ့ရှိရသော အိုင်ဆိုတုပ် (Isotopes) ၆ခု ရှိသည်။ ၄င်းသည် ပျမ်းမျှ အားဖြင့် 5 Lg / kg နှင့်အတူ ကမ္ဘာ့အပေါ်ယံလွှာတွင် အလွန် ရှားပါးသော ဒြပ်စင်တစ်ခု ဖြစ်သည်။ အလွန်ရှားပါးသော သတ္တု ဖြစ်သောကြာင့် နှစ်စဉ် တန်ပေါင်း ရာဂဏန်းအနည်းငယ်သာ ထုတ်လုပ်နိုင်သည်။


            Platinum ကို ဓာတ်ကူပစ္စည်း အဖြစ်ပြောင်းလဲပြီး ဓာတ်ခွဲခန်း သုံးကိရိယာများ၊ လျှပ်ကူးပစ္စည်းများ၊ အပူချိန်တိုင်းကိရိယာများ၊ သွားနှင့်ပတ်သက်သော ပစ္စည်းများနှင့် လက်ဝတ်ရတနာများ တွင် အသုံးပြုကြသည်။ Platinumတွင် ပါဝင်သော ဒြပ်ပေါင်း များဖြစ်သည့် Cisplatin , Oxaliplatin နှင့် Carboplatin သည် ကင်ဆာရောဂါအချို့ ကို ဓာတုကုထုံးဖြင့် ကုသရာတွင် အသုံးပြု သည်။


         ဘီစီ 1200 အစောပိုင်းကာလက အသုံးပြုခဲ့သော ရှေးဟောင်း အီဂျစ်ဂူသင်္ချိုင်းများရှိ ရွှေများတွင် Platinum ၏ သဲလွန်စများ ရှာဖွေ တွေ့ရှိခဲ့သည်ဟု မှတ်တမ်းတင်ထားခြင်း ရှိသည်။ ပိုင်းအီဂျစ်လူ မျိုးတို့သည် Platinum နှင့် ပတ်သက်၍ သိရှိမှုမှာ နည်းပါးလှသည်။ လုံးဝမသိရှိခြင်းတောင် ဖြစ်နိုင်သည်။ ထို့ကြောင့် အီဂျစ်တို့သည် သူတို့၏ ရွှေများတွင် Platinum ပါဝင် သည်ကို မသိရှိခဲ့ကြပေ။


          Platinum သည် အဖိုးတန် ရှားပါးသတ္တုဖြစ်သောကြောင့် သူ၏ တန်ဖိုးအတိုင်း အရောင်မှိန်လွင့်စင်သွားခြင်းမရှိပါ။ Rhodium သတ္တု ဖြင့်လဲ အရောင်တင်ရန် မလိုအပ်ပါ။ လက်ဝတ်ရတနာ များပြုလုပ်ရာတွင်လည်း Platinum ကို White Gold ကဲ့သို့ အခြားသတ္တုများဖြင့် ရောစပ်စရာမလိုပါ။


        Platinumသည် ရွှေထက် သိပ်သည်းဆများပြီး ပိုမိုမာကြော သည်။ ထို့ကြောင့် Platinumသည် ရွှေထက်ပိုလေးသည်။ Platinumသည် ရှားပါးသော သတ္တု တစ်မျိုးဖြစ်သည့်အတွက် Gold၊ White Gold ထက် ပို၍ဈေးကြီးသည်။ White Gold သည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အရောင်လွင့်စင်၍ မှိန်သွားတက်သည်။ ထို့ ကြောင့် Rhodium သတ္တုဖြင့် အရောင်ပြန်တင်ပေးရသည်။ ထိုသို့ မကြာခဏအရောင်ပြန်တင်ပေးရသော ကြောင့် လူသားတို့ ဝတ်ဆင်ရာတွင် အနည်းငယ် အဆင်မပြေမှု ဖြစ်စေသည်။ သို့သော် တန်ဖိုးနည်း ရတနာပစ္စည်းမဟုတ်ပါ။ 


        White Gold နှင် Platinum သည် လူသားတို့ အတွက် ဝတ်ဆင် ရာတွင် အလွန်လှပပြီး တန်ဖိုးအားဖြင့် White Gold သည် Gold ထက် ဈေးသက်သာ၍ Platinum သည် Gold ထက် ဈေးပိုကြီး သည်။ 


        Gold ကို နောင်ရေးအတွက် ဝယ်ယူစုဆောင်းမှုများရှိ သော်လည်း Platinum နှင် White Gold ကိုတော့ ဝယ်ယူ စုဆောင်းမှု နည်းလှသည်။ ဖွံ့ဖြိုးလာသော ဆန်းသစ်တီထွင် မှု များကြောင့် Gold နှင့် Platinum ရောစပ်ဖန်တီးသော လက်ဝတ် ရတနာများသည် ဆန်းသစ်ခေတ်မှီသော ဒီဇိုင်းများဖြင့် လူသား တို့၏ တင့်တယ်လှပသော နေ့စဉ်လူနေမှုဘဝတွင် နေရာယူထား ကြပြီးဖြစ်သည်။


Credit to uhtongoldsmith.


Photo by Google


Shared by Heain Minn Zar


မူလမျှဝေသူ: https://www.facebook.com/100008386724259/posts/3231903670432492/


(Zawgyi) 

ေ႐ႊျဖဴ က ပလက္တီနမ္လား?




        ေ႐ႊသည္ သန႔္ရွင္းစင္ၾကယ္ေသာသတၱဳျဖစ္ၿပီး ဝါ၍အနည္းငယ္ နီေသာ အေရာင္ရွိသည္။


        ေ႐ႊကို အျခားသတၱဳ မ်ားျဖစ္သည့္ ေငြျဖဴေရာင္ရွိေသာ ေငြ (Silver), ေငြျဖဴေရာင္သတၱဳ ျဒပ္စင္ (Palladium), နီကယ္ (Nickel), ဇင့္ (Zinc), ပလက္တီနမ္ (Platinum) စသည့္ သတၱဳ မ်ားကို စနစ္တက်ေပါင္းစပ္ေရာေႏွာကာ ႐ိုဒီယမ္(Rhodium) ဟု အမည္ရေသာ သတၱဳ တစ္မ်ိဳး ျဖင့္ အေရာင္တင္ လိုက္ ေသာအခါ အျဖဴေရာင္ ေ႐ႊ (White Gold) ကို ရရွိသည္။ 


          Rhodium ဆိုတာ ေငြျဖဴေရာင္ရွိေသာ ျဒပ္စင္တစ္မ်ိဳးျဖစ္ၿပီ ေရာင္ျပန္ဟပ္မႈ အလြန္ျပင္းထန္ေသာ အစြမ္းရွိသည္။ Rhodium ကို ကမာၻ႔အရွားပါးဆုံးႏွင့္ အဖိုးတန္သတၱဳအျဖစ္ သတ္မွတ္ထားသည္။ Rhodium ဟူေသာအမည္သည္ ဂရိ စကားလုံး ႐ိုဒြန္ (Rhodon) မွ ဆင္းသက္ လာျခင္းျဖစ္သည္။ Rhodon သည္ ဆား၏ႏွင္းဆီအနီေရာင္ (The Rose-Red Color of Its Salts) ဟု အဓိပၸာယ္ရသည္။ Rhodium ကို 1803 ခုႏွစ္တြင္ အဂၤလိပ္ ဓာတုေဗဒ ပညာရွင္ ဝီ လ်ံဟိုက္(ဒ္)ေဝါလားစတန္ (William Hyde Wallaston) က ေတာင္အေမရိကမွ ရရွိေသာ Platinum သတၱဳ႐ိုင္းမွ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္ဟု မွတ္တမ္းမ်ားအရသိရသည္။     


          Rhodium ကို သံ အေရာင္တင္ျခင္း၊ ေငြ အေရာင္တင္ျခင္း၊ ေ႐ႊ အေရာင္တင္ျခင္း အစရွိေသာ သတၱဳ မ်ားတြင္ အသုံးျပဳသည္။ ေတာက္ပေသာ စြမ္းအင္ရွိသည့္ Rhodium သည္ ေ႐ႊျဖင့္ အျခားသတၱဳမ်ား ေပါင္းစပ္၍ ေ႐ႊျဖဴ (White Gold) အျဖစ္သို႔ အေရာင္တင္ရာတြင္ အထူးပါဝင္ပစၥည္း ျဖစ္သည္။


          ေ႐ႊျဖဴ (White Gold) ကို 14K , 18K ,22K , 24K စသည္ျဖင့္ ေ႐ႊ၏ အရည္အေသြးအလိုက္ ကာရက္ (Karat) ဟူေသာ အတိုင္းအတာျဖင့္ေဖာ္ျပၾကသည္။ 18K သည္ ေ႐ႊပါဝင္မႉ 75% ျဖစ္ၿပီး 14K သည္ ေ႐ႊပါဝင္မႉ 60% ခန႔္ ျဖစ္သည္။ 14K ႏွင့္ 18Kတို႔ သည္လက္စြပ္၊ ဆြဲႀကိဳး၊ နားကပ္ အစရွိေသာ လက္ဝတ္ ရတနာမ်ား ျပဳလုပ္ရာတြင္ အသုံးျပဳသည္။ တစ္ခ်ိဳ႕ေသာ ေ႐ႊျဖဴထည္မ်ားသည္ 750 ဟု ေရးသားေဖာ္ျပထားေလ့ရွိသည္။750 ဆို တာ ေ႐ႊပါဝင္မႉ 75%(18K) ကို ဆိုလိုသည္။


         မေျပာမျဖစ္ေျပာရဦးမည့္အရာမွာ ပလက္တီနမ္ (Platinum) ပင္ ျဖစ္သည္။ အေၾကာင္းမွာ ေ႐ႊျဖဴ (White Gold) ကို ပလက္တီနမ္ (Platinum) ဟူ၍ မွားယြင္းစြာ သိေနျခင္းပဲျဖစ္သည္။ Platinum သည္ အျဖဴေရာင္ျဖစ္ၿပီး White Gold ကဲ့သို႔ Rhodium ေရာေႏွာကာ အေရာင္ေျပာင္း လာျခင္းမဟုတ္ပါ။ နဂို မူလသဘာဝ အျဖဴေရာင္ျဖစ္သည္။ Platinum ၏ သေကၤတမွာ PT ျဖစ္သည္။ Platinum သည္ PT ႏွင့္ အက္တမ္အမွတ္ ၇၈ သေကၤတပါေသာ ဓာတုျဒပ္စင္ ျဖစ္သည္။ ၄င္းသည္ သိပ္သည္းၿပီး ပုံသြင္းရလြယ္ကူ၍ အဖိုးတန္ေသာ အျဖဴေရာင္သတၱဳျဖစ္သည္။ ၄င္း၏အမည္မွာ စပိန္စကားလုံး ပလက္တီႏို (Platino) ဟူေသာ စကားလုံးမွ ဆင္းသက္လာျခင္း ျဖစ္သည္။ Platino ကို ေငြ အနည္းငယ္ ဟု အဓိပၸာယ္ရသည္။ Platinum တြင္ သဘာဝတြင္ ေတြ႕ရွိရေသာ အိုင္ဆိုတုပ္ (Isotopes) ၆ခု ရွိသည္။ ၄င္းသည္ ပ်မ္းမွ် အားျဖင့္ 5 Lg / kg ႏွင့္အတူ ကမာၻ႔အေပၚယံလႊာတြင္ အလြန္ ရွားပါးေသာ ျဒပ္စင္တစ္ခု ျဖစ္သည္။ အလြန္ရွားပါးေသာ သတၱဳ ျဖစ္ေသာၾကာင့္ ႏွစ္စဥ္ တန္ေပါင္း ရာဂဏန္းအနည္းငယ္သာ ထုတ္လုပ္ႏိုင္သည္။


            Platinum ကို ဓာတ္ကူပစၥည္း အျဖစ္ေျပာင္းလဲၿပီး ဓာတ္ခြဲခန္း သုံးကိရိယာမ်ား၊ လွ်ပ္ကူးပစၥည္းမ်ား၊ အပူခ်ိန္တိုင္းကိရိယာမ်ား၊ သြားႏွင့္ပတ္သက္ေသာ ပစၥည္းမ်ားႏွင့္ လက္ဝတ္ရတနာမ်ား တြင္ အသုံးျပဳၾကသည္။ Platinumတြင္ ပါဝင္ေသာ ျဒပ္ေပါင္း မ်ားျဖစ္သည့္ Cisplatin , Oxaliplatin ႏွင့္ Carboplatin သည္ ကင္ဆာေရာဂါအခ်ိဳ႕ ကို ဓာတုကုထုံးျဖင့္ ကုသရာတြင္ အသုံးျပဳ သည္။


         ဘီစီ 1200 အေစာပိုင္းကာလက အသုံးျပဳခဲ့ေသာ ေရွးေဟာင္း အီဂ်စ္ဂူသခ်ႋဳင္းမ်ားရွိ ေ႐ႊမ်ားတြင္ Platinum ၏ သဲလြန္စမ်ား ရွာေဖြ ေတြ႕ရွိခဲ့သည္ဟု မွတ္တမ္းတင္ထားျခင္း ရွိသည္။ ပိုင္းအီဂ်စ္လူ မ်ိဳးတို႔သည္ Platinum ႏွင့္ ပတ္သက္၍ သိရွိမႈမွာ နည္းပါးလွသည္။ လုံးဝမသိရွိျခင္းေတာင္ ျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ အီဂ်စ္တို႔သည္ သူတို႔၏ ေ႐ႊမ်ားတြင္ Platinum ပါဝင္ သည္ကို မသိရွိခဲ့ၾကေပ။


          Platinum သည္ အဖိုးတန္ ရွားပါးသတၱဳျဖစ္ေသာေၾကာင့္ သူ၏ တန္ဖိုးအတိုင္း အေရာင္မွိန္လြင့္စင္သြားျခင္းမရွိပါ။ Rhodium သတၱဳ ျဖင့္လဲ အေရာင္တင္ရန္ မလိုအပ္ပါ။ လက္ဝတ္ရတနာ မ်ားျပဳလုပ္ရာတြင္လည္း Platinum ကို White Gold ကဲ့သို႔ အျခားသတၱဳမ်ားျဖင့္ ေရာစပ္စရာမလိုပါ။


        Platinumသည္ ေ႐ႊထက္ သိပ္သည္းဆမ်ားၿပီး ပိုမိုမာေၾကာ သည္။ ထို႔ေၾကာင့္ Platinumသည္ ေ႐ႊထက္ပိုေလးသည္။ Platinumသည္ ရွားပါးေသာ သတၱဳ တစ္မ်ိဳးျဖစ္သည့္အတြက္ Gold၊ White Gold ထက္ ပို၍ေဈးႀကီးသည္။ White Gold သည္ အခ်ိန္ကာလ ၾကာျမင့္လာသည္ႏွင့္အမွ် အေရာင္လြင့္စင္၍ မွိန္သြားတက္သည္။ ထို႔ ေၾကာင့္ Rhodium သတၱဳျဖင့္ အေရာင္ျပန္တင္ေပးရသည္။ ထိုသို႔ မၾကာခဏအေရာင္ျပန္တင္ေပးရေသာ ေၾကာင့္ လူသားတို႔ ဝတ္ဆင္ရာတြင္ အနည္းငယ္ အဆင္မေျပမႈ ျဖစ္ေစသည္။ သို႔ေသာ္ တန္ဖိုးနည္း ရတနာပစၥည္းမဟုတ္ပါ။ 


        White Gold ႏွင္ Platinum သည္ လူသားတို႔ အတြက္ ဝတ္ဆင္ ရာတြင္ အလြန္လွပၿပီး တန္ဖိုးအားျဖင့္ White Gold သည္ Gold ထက္ ေဈးသက္သာ၍ Platinum သည္ Gold ထက္ ေဈးပိုႀကီး သည္။ 


        Gold ကို ေနာင္ေရးအတြက္ ဝယ္ယူစုေဆာင္းမႈမ်ားရွိ ေသာ္လည္း Platinum ႏွင္ White Gold ကိုေတာ့ ဝယ္ယူ စုေဆာင္းမႈ နည္းလွသည္။ ဖြံ႕ၿဖိဳးလာေသာ ဆန္းသစ္တီထြင္ မႈ မ်ားေၾကာင့္ Gold ႏွင့္ Platinum ေရာစပ္ဖန္တီးေသာ လက္ဝတ္ ရတနာမ်ားသည္ ဆန္းသစ္ေခတ္မွီေသာ ဒီဇိုင္းမ်ားျဖင့္ လူသား တို႔၏ တင့္တယ္လွပေသာ ေန႔စဥ္လူေနမႈဘဝတြင္ ေနရာယူထား ၾကၿပီးျဖစ္သည္။


Credit to uhtongoldsmith.


Photo by Google


Shared by Heain Minn Zar


မူလမွ်ေဝသူ: https://www.facebook.com/100008386724259/posts/3231903670432492/

No comments: