ဗုဒ္ဓဝါဒ ဘဝကူးပုံ
လောက၌ အခက်ကြီး လေးပါး ရှိပါသည်။
(၁) သစ္စာလေးပါးကို နားလည်အောင်ရှင်းပြရန် ခက်ပါသည်။
(၂) သင်္ခါရတရားများကို သတ္တဝါဟု ထင်နေသည့်အတွက်ကြောင့် သင်္ခါရတရားတို့၏ သတ္တသုညဖြစ်ပုံကို သင်္ခါရတရားတို့ကို သတ္တဝါနှင့်စပ်၍ နားလည်အောင် ရှင်းပြဖို့ ခက်ပါသည်။
(၃) တစ်ဘဝ စုတေ၍ နောင်ဘဝသို့ ရောက်ရှိခြင်း ဆိုသော ဘဝနှစ်ခု ဆက်စပ်မှု ပဋိသန္ဓကေို နားလည်အောင် ရှင်းပြရန် ခက်ပါသည်။
(၄) ပဋိစ္စသမုပ္ပာဒ်ကိုလည်း နားလည်အောင် ရှင်းပြဖို့ ခက်ပါသည်။ (ဝိသုဒ္ဓိမဂ်)
ဗုဒ္ဓဘာသာဝင်တို့သည် ကမ္မသတ္တိသဘောကို ယုံကြည်ကြပါသည်။ထို့ကြောင့် ကမ္မသတ္တိကြောင့် နောင် ဘဝသို့ရောက်ရှိခြင်း သံသရာလည်ရခြင်းကို လက်ခံ ကြပါသည်။ သို့သော် အမြင်မရှင်းကြပါ။
သာသနာပ ဗြာဟ္မဏဝါဒတွင်လည်း ကမ္မဝါဒကို ယုံကြည်မှုများ ရှိကြပါသည်။ နောင်ဘဝသံသရာကို ယုံကြည်ကြပါသည်။ သူတို့ ယုံကြည်မှုသည်ကား ]အတ္တ}ကို အခြေခံသောယုံကြည်မှုဖြစ်သည်။ ကံပြုသူ မှာ အတ္တသာဖြစ်၍ ထိုကံ၏အကျိုးကို ခံစားသူမှာ လည်း အတ္တသာ ဖြစ်သည်။ သို့ဖြစ်၍ အတ္တလေး သည် အစွမ်းအစရှိသော နိစ္စတရား ဖြစ်လေသည်။ ပုဂ္ဂိုလ်၊ သတ္တဝါဆိုသော ဤကိုယ်ကောင်သည် သေ တတ်သည်။ မမြဲ။ ထိုပုဂ္ဂိုလ်သတ္တဝါအတွင်း အမြုတေ အဖြစ်ကိန်းနေသော အတ္တသည်ကား မသေ။ မြဲ၏။ ထို့ကြောင့် ဘဝသံသရာကို ကမ္မသတ္တိအလျောက် အတ္တလေးက တစ်ဘဝပြီးတစ်ဘဝ ပြောင်း၍ ကျင်လည်နေလေ၏။
ထို အတ္တလေးသည် နှစ်မျိုးရှိ၏။ ပရမအတ္တ နှင့်ဇီဝအတ္တဟူ၍ ဖြစ်၏။ ထို ပရမအတ္တကို မဟာ ဗြဟ္မာ၊ ပဇာပတိ၊ ဣသရ၊ ပရမအတ္တ၊ မဟာတ်မ၊ မဟာအတ္တစသည်ဖြင့် ခေါ်ကြ၏။
ထိုမဟာဗြဟ္မာကြီးသည် သတ္တဝါများကို ဖန်ဆင်း ပြီး သတ္တဝါများ၏ခန္ဓာအတွင်း၌ အတ္တကလေးအသီး သီး ထည့်ပေးလိုက်၏၊ (ချမ်းမြေ့ဆရာတော်၊ ဆင်းရဲ ငြိမ်းအေးချမ်းသာရေးတရား)
ဤကား အကြမ်းဖျင်း နားလည်လွယ်အောင် ပြောခြင်းသာ ဖြစ်၏။ အချို့ဟိန္ဒူကျမ်းများတွင် အတ္တ အယူအဆမှာ ပို၍သိမ်မွေ့ပါသည်။
သတ္တဝါတို့၏ခန္ဓာကိုယ်ထဲတွင် အတ္တကလေး ရှိနေမှ သွားလာလှုပ်ရှား အသက်ရှင်နိုင်ပါသည်။ သို့ဖြစ်၍ သတ္တဝါများ သွားလာလှုပ်ရှားနိုင်အောင် အသက်ရှင် နိုင်အောင် မဟာဗြဟ္မာက ထည့်ပေးလိုက်သော အတ္တကို ဇီဝအတ္တဟု ခေါ်လေသည်။ ထို့ကြောင့် ဇီဝအတ္တသည် မဟာဗြဟ္မာ၏အစိတ်အပိုင်းလေး ဖြစ်သည်။
ဇီဝအတ္တကို အသက်၊ လိပ်ပြာ၊ ဝိညာဉ်ဟု ခေါ်ကြ၏။ ထိုဇီဝအတ္တ လိပ်ပြာ ဝိညာဉ်လေး ခန္ဓာ ကိုယ်မှ ထွက်သွားခြင်းကို သတ္တဝါသေသည်ဟု ခေါ် ၏။ သတ္တဝါ သေသော်လည်း ထိုဝိညာဉ်လေးက နောက်ခန္ဓာတစ်ခုထဲသို့ ဝင်ရောက်သွား၏။ ဤသည် ကို ပဋိသန္ဓေနေသည်ဟု ခေါ်၏။
ဝင်ကစွပ်ကောင်များကဲ့သို့ ခန္ဓာအိမ်တစ်ခုကို ထား ခဲ့ပြီး အခြားခန္ဓာအိမ်တစ်ခုထဲသို့ ပြောင်းရွှေ့နေထိုင် ၏။ အတ္တလိပ်ပြာဝိညာဉ်ကလေးသည် ခန္ဓာဟောင်း ကိုစွန့်၍ ခန္ဓာအိမ်အသစ်ကို မတွေ့သေးလျှင် ဝိညာဉ် လေးသည် ကြားကာလတစ်ခု၌ ကျင်လည်နေသေး၏။ တိဗက်တို့က ကြားကာလ (၄၉)ရက်ခန့် ကျင်လည် နေသေးသည်ဟု ယူဆ၏။
ဤကား သာသနာပ အတ္တအယူအဆ ဘဝကူး ပုံဖြစ်သည်။
ဗုဒ္ဓဝါဒတွင် အတ္တအယူအဆ မရှိပါ။ ဗုဒ္ဓက အတ္တမရှိ၊ အနတ္တဟုသာ ဟောပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင်အချို့က ပါးစပ်က အနတ္တပြောသော် လည်း အတ္တအယူအဆ မကင်းကြသေးပါ။ လူသေ သောအခါ လိပ်ပြာဖြတ်ခြင်း၊ ဘဝကူးကောင်းအောင် ကုတို့ခထည့်ပေးခြင်း၊ ဝိညာဉ်လေးသည် အိမ်နားတွင် ခုနစ်ရက်ခန့် နေခြင်း စသည့်အယူအဆများကို လက် ခံနေကြပြန်သေးသည်။ မဟာယာန ဗုဒ္ဓဘာသာ ဆို လျှင် အတ္တအယူဝါဒ လွှမ်းမိုးထားကြလေပြီ ဖြစ် သည်။
ထေရဝါဒဗုဒ္စဘာသာတွင် အတ္တအယူအဆလုံးဝ မရှိ။ သတ္တဝါ ဆိုသည်မှာ ခန္ဓာငါးပါးအစုအဝေးသာ ဖြစ်သည်။ ထိုခန္ဓာငါးပါးသည် အကြောင်းအထောက် အပံ့ကြောင့်သာ အခိုက်အတန့်ဖြစ်ပေါ်လာပြီး ပျက် သွားရသော သင်္ခတတရားများသာ ဖြစ်သည်။
ဤသို့ အကြောင်းအထောက်အပံ့များကြောင့်သာ ဖြစ်လာရသော ခန္ဓာငါးပါးသည် မည်သို့သောအစွမ်း အစမျိုး ရှိပါတော့မည်နည်း။ မည်သို့ အမြဲတည်နေ နိုင်ပါတော့မည်နည်း။ သူတို့ကိုယ်တိုင်က အခြားတစ်ခု ကို မှီခိုနေရပေသည်။ အကြောင်းတရားများသည်လည်း အခြားအကြောင်းတစ်ခုကို မှီခိုရပြန်သည်။
ဤသို့ ပတ်ချာလည်မှီခိုနေရသော အကြောင်း အကျိုးသဘာဝသာ ရှိ၍ မူလအစဆိုသော အကြောင်း အကျိုး မရှိပေ။ ဤကား ပဋိစ္စသမုပ္ပာဒ်ဖြစ်သည်။
သို့ဆိုလျှင် အတ္တမည်သို့ရှိနိုင်ပါတော့မည်နည်း။ ခန္ဓာငါးပါးသည် အကြောင်းတရားများပေါ် မှီတည် နေရသော အကျိုးတရားဖြစ်ပျက်၊ ဒုက္ခသစ္စာသာ ဖြစ် သည်။ ဖြစ်ပျက် သန္တတိ အစဉ်တန်းအနေဖြင့်သာ ရှိ နေပေသည်။ ထိုဖြစ်ချုပ်အစဉ်တန်း၏လျင်မြန်မှုကြောင့် သာမန်မျက်စိဖြင့် မမြင်ရတော့ချေ။ ထို့ကြောင့် သတ္တဝါ ဟာ အမြဲရှိနေသည်ဟု ထင်နေကြကုန်သည်။ ဤကား မှားယွင်းချွတ်ချော်စွာ မြင်နေသော ဝိပ္ပလ္လာသ တရား သာ ဖြစ်သည်။
အကယ်၍ ရုပ်တရားသည် အတ္တကဲ့သို့ အမြဲရှိ သော နိစ္စတရားသာဆိုလျှင် မွေးကင်းစရုပ်သည် ကြီး လာစရာအကြောင်း မရှိပေ။ မွေးကင်းစရုပ်များ လုံးဝ ပျက်စီးပျောက်ကွယ်မှသာ နောက်ထပ် ရုပ်သစ်များ အစားထိုးပြီး လူကောင်ကြီးလာရခြင်းဖြစ်သည်။
အမှန်တကယ်တွင် မနေ့က ရုပ်သည် ဤနေ့ မရှိတော့ပါ။ စောစောက ရုပ်သည် အခုမရှိတော့ပါ။ စာတစ်လုံးကို စ,ရေးနေသော ပညာသီရိသည် ဒုတိယ တစ်လုံးတွင် မရှိတော့ပါ။ ဒုတိယတစ်လုံးကို ဆက် ရေးနေသော ပညာသီရိသည် အသစ်ဖြစ်သော ပညာသီရိသာ ဖြစ်သည်။
ပထမပညာသီရိ၏ အကြောင်း အထောက်အပံ့ ကြောင့်သာ ဒုတိယပညာသီရိ ဖြစ်လာရပေသည်။ အကြောင်းအကျိုးသဘောသာ ဖြစ်သည်။ ဤသည်ကို တစ်ဘဝအတွင်းမှာတော့ တစ်ယောက်တည်းဟု ခေါ်နေရခြင်းဖြစ်သည်။
ဤသဘောတရားကို နားလည်လျှင် ဘဝကူး သည်ဆိုသည်ကို နားလည်နိုင်ပေးသည်။ ဒီတစ်ဘဝ တည်းမှာပင် လူတစ်ယောက်ဟာ ပရတ်သဘောအရ အကြိမ်ကြိမ် သေလိုက် မွေးလိုက်ဖြစ်နေလျှင် သေပြီး နောင်ဘဝဆိုတာကိုကော ဘာများ ကူးပြောင်းသွား နိုင်ပါမည်နည်း။
လူတစ်ယောက် သေပြီဆိုလျှင် ဤဘဝမှာတင် ရုပ်နာမ်အားလုံး ချုပ်၍ နောင်ဘဝသို့ ဘာမှမကူးပါ။ ဤနေရာ၌ သံသယဖြစ်စရာတွေနှင့် ရှုပ်ထွေးကုန်ကြ တော့သည်။ ဒီဘဝက ဘာမှမကူးလျှင် ဟိုဘဝဆိုတာ ဘယ်လိုဖြစ်လာပါသလဲ။
အချို့အရာတွေက ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုသော အခြေခံအစွဲစိတ်နှင့် စဉ်းစားလျှင် အဖြေမရဘဲ ပိုရှုပ်တတ်ပါသည်။ ရုပ်နာမ် ပရမတ်ဖြစ်စဉ်ကိုသာ စဉ်းစား ပါက အဖြေရပါ၏။
သို့သော် အများစုကတော့ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ အသိစိတ်ဖြင့် တွေးတတ်ကြသည်။ ရေးခဲ့ဖူးသော ဥပမာလေး ပြန်သုံးပါမည်။
လိုဏ်ဂူတစ်ခုထဲဝင်၍ အော်လိုက်လျှင် ပဲ့တင်သံ ဖြစ်လာပါသည်။ ပဲ့တင်သံသည် မူလအသံ မဟုတ် တော့ပါ။ နောက် အသစ်ဖြစ်လာသော ဒုတိယအသံ ဖြစ်သည်။ ထို အသစ်ဖြစ်လာသော ပဲ့တင်သံသည် ပထမအော်လိုက်သော အသံကို အကြောင်းပြု၍ဖြစ် လာရခြင်း ဖြစ်သည်။ ပထမအော်လိုက်သော အသံ သည် အော်, အော်ပြီးချင်း ပျောက်သွားပါသည်။ နောက်ပဲ့တင်သံကသာ ဆက်လက်ဖြစ်ပေါ်နေရသည်။ သို့ဆိုလျှင် ပထမအသံနှင့် ဒုတိယအသံ လုံးဝမတူ တော့ပါ။
ထိုသဘောတရားအတိုင်း ဖြစ်ပါသည်။ ခန္ဓာငါးပါး အစုဖြစ်သော လူသေသောအခါ ဒီဘက်က စုတိ သေစိတ်ဖြစ်သည်နှင့် အကြားမရှိဘဲ ပြုလုပ်ခဲ့သော ကံကြောင့် ဟိုဘက်ဘဝတွင် ပဋိသန္ဓစေိတ်အသစ် သွားဖြစ်ပါသည်။ ဤမှာဘက်မှ ရုပ်ရော နာမ်ရော တစ်ခုမျှ ကူးမသွားပါ။ ဟိုမှာဘက်ဘဝ၌ ရုပ်၊ နာမ် အသစ်ဖြစ်ခြင်းသာ ဖြစ်သည်။
စုတိ ဆိုသော သေသည်နှင့်တစ်ပြိုင်နက် နောင် ဘဝအသစ် ဖြစ်ရပါသည်။ ဘဝအသစ်မဖြစ်မီ ကြား ဘဝတစ်ခု၌ ကျင်လည်စရာလည်း မလိုတော့ပါ။ အချို့ ဗုဒ္ဓဘာသာဝင်များ ယူဆသလို အိမ်နား၌ ဝိညာဉ်ဘဝ နှင့် ခုနစ်ရက်နေစရာလည်း မလိုတော့ပါ။ အစွဲအလမ်း ကြောင့် အိမ်အနား၌ ပြိတ္တာဖြစ်နေလျှင်လည်း ဤ သည်မှာ ဘဝအသစ်ရနေခြင်းသာ ဖြစ်ပါသည်။ ထို ဘဝအသစ်၌ ရုပ်ရော နာမ်ပါ အပြည့်အစုံရှိပါသည်။ ဝိညာဉ်လေးဆိုသည်မှာ အယူလွဲမှုသာ ဖြစ်ပါသည်။
အချို့ လူဝင်စား ဆိုသူများသည် ဟိုဘက်ဘဝမှ ဒီဘက်ဘဝသို့ ရောက်လာပုံကို ပြောတတ်ကြပါသည်။ သား အမေ့ဗိုက်ထဲကို ရေခွက်က တစ်ဆင့် ဝင်လာတာ၊ သား နေစရာမရှိလို့ လျှောက်သွားနေတုန်း အမေ့ကို လမ်းမှာတွေ့တယ်။ ဒါနဲ့ အမေ့နောက်ကို အသာလေး လိုက်ခဲ့ပြီး အမေ ရေသောက်တော့ အသာလေး ခွက်ထဲ ဝင်နေလိုက်တာ၊ ဒီလိုနဲ့ အမေ့သား ဖြစ်လာတာ
ဒီလိုအဖြစ်အပျက်မျိုး၊ ဇာတ်လမ်းမျိုး မကြာခဏ ကြားဖူးကြပေမည်။ ဤနေရာ၌ မယူဆတတ်၍ လွဲ ပါတော့သည်။ အခုပြောခဲ့သောဇာတ်လမ်းကို ကြည့်ပါ။ အတ္တ၊ လိပ်ပြာ၊ ဝိညာဉ်ဝါဒနှင့် တူနေပါသည်။ ပြောသည့်သူကလည်း မလိမ်ပါ။ သူ မှတ်မိတာကို ပြန်ပြောနေခြင်းသာ ဖြစ်ပါသည်။ သို့ဆိုလျှင် လူသေ သောအခါ နောင်ဘဝအသစ် မရမီ လျှောက်သွားနေ သော လိပ်ပြာ၊ ဝိညာဉ်သည် အမှန်တကယ်ရှိနေပါ သလား။
မရှိပါ။ လုံးဝ မရှိပါ။ မြတ်စွာဘုရားသည် အတ္တ၊ လိပ်ပြာ၊ ဝိညာဉ် မရှိဟု အတိအလင်းဟောထားပြီး ဖြစ်၏။ သို့ဆိုလျှင် အထက်ပါဇာတ်လမ်းကို မည်သို့ ယူဆရပေမည်နည်း။
သတ္တဝါများတွင် မသေခင် သေခါနီး မရဏာ သန္နဇော အချိန်၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဖြစ်ပေါ်ရ ပါသည်။ကံနိမိတ်ဆိုသည်မှာ မိမိ ကုသိုလ် အကုသိုလ် ပြုခဲ့စဉ် စိတ်ခံစားချက်မျိုး ဖြစ်သည်။ ကံနိမိတ်ကို ယူသူသည် ထိုခံစားချက်မျိုး သေခါနီး၌ ပြန်ခံစားရပါ သည်။ ကမ္မနိမိတ်ဆိုသည်မှာ ကုသိုလ် အကုသိုလ် ပြုခဲ့စဉ်က အခြံရံပစ္စည်း၊ ပုဂ္ဂိုလ်များ ဖြစ်သည်။ အလှူ ပြုခဲ့လျှင် အလှူပစ္စည်း၊ အလှူခံပုဂ္ဂိုလ် စသည်တို့ကို မြင်ပြီး ဝက်သတ်ခဲ့ပါက သတ်ခဲ့သော ဝက်၊ အသုံးပြုခဲ့ သော တုတ်၊ ဓား လက်နက်များကို ပြန်မြင်ပါသည်။ ဂတိ နိမိတ် ဆိုသည်ကား မိမိ ရောက်ရမည့် ဘုံဌာန ဖြစ်သည်။ နတ်ဘုံရောက်မည့်သူက နတ်ဘုံနတ်နန်း များ၊ ငရဲ ရောက်မည့်သူက မီးလျှံများ၊ ခွေးနက်ကြီးများ၊ ပြိတ္တာဖြစ်မည့်သူက တောနက်ကြီး၊ မဲမှောင်နေသော လိုဏ်ခေါင်းများ စသည် မြင်တတ်ပြီး လူ့ဘဝ၌ ပြန် ဖြစ်မည့်သူက နီရဲနေသော မိခင်၏ဗိုက်ဝမ်းရေ၊ မိမိ အမေတော်ရမည့် မိခင် စသည်များကို မြင်တတ်ကြ ပါသည်။
အထက်ပါ လူဝင်စားဇာတ်လမ်းသည်ကား ဂတိ နိမိတ်ကိုယူနေခြင်းသာ ဖြစ်ကြောင်း မဟာစည်ဆရာ တော်ဘုရားက ဖြေရှင်းထားပါသည်။ အမေကို တွေ့ တယ်၊ ရေခွက်ထဲဝင်လိုက်တယ်၊ ဗိုက်ထဲရောက်သွား တယ်စသည်များသည် မသေခင်ကတည်းက ဂတိ နိမိတ်ယူနေခြင်းဖြစ်သည်။ ဤသည်ကို သည်ဘဝ၌ ပြန်မှတ်မိ၍ ပြောနေနိုင်ခြင်းဖြစ်သည်။ ဇာတိဿရဉာဏ် ရသည်ဟု ပြောရပါမည်။ လူတိုင်းတော့ ဤာဏ် မရကြ ပါ။ အချို့ဆိုလျှင် ရှေ့ပိုင်းဘဝ အဖြစ်အပျက်များကိုပင် ပြန်ပြောနိုင်ပေသည်။
ဤသည်ကို သဘောမပေါက်လျှင် လိပ်ပြာ၊ ဝိညာဉ်လေး ဝင်လာသလို ထင်တတ်ပါသည်။
ရှိပါသေးသည်။ အချို့လူဝင်စားများမှာ ဟိုဘက် ဘဝမှ ဒဏ်ရာအမှတ်အသားများ ဤမှာဘက်ဘဝသို့ ပါလာတတ်ကြပါသေးသည်။ ဤသည်ကို ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ရှင်းပြထားပါသည်။
စိတ်အစွဲကြောင့် ဖြစ်ပါသည်။ ဟိုဘက်ဘဝမှ ဓား ခုတ်ဒဏ်ရာများ ပါလာခြင်း၊ ကြိုးတုပ် ရေနှစ်သတ် ခံရ၍ ကြိုးရာများ ပါလာခြင်းသည် သူတို့ စိတ်ထဲ၌ မသေခင် အပြင်းအထန် ကြောက်လန့်၍ စိတ်စွဲပြီး သေခဲ့ကြ၍ ဖြစ်ပါသည်။ အချို့ မြင်ဖူး ကြားဖူးကြပေ မည်။ ရေနစ်သေလာသူသည် ဤဘဝ၌ ရေမြင်လျှင် ကြောက်နေခြင်း၊ မိမိရန်သူကို ဤဘဝ၌ ပြန်မြင်လျှင် အလိုလိုကြောက်နေခြင်းများသည် စိတ်စွဲလမ်းမှုများ ကြောင့် ဖြစ်ပါသည်။ ထိုစွဲလမ်းသည့်စိတ်က စိတ္တဇ ရုပ်ကို ပြန်ထုတ်လိုက်၍ ဤဘဝ၌ အမှတ်အသားများ ဖြစ်လာရခြင်း ဖြစ်ပါသည်။
စိတ်အစွဲအလမ်းသည် အလွန်ထူးဆန်းပေသည်။ ဖတ်ခဲ့ဖူးပါသည်။ လူတစ်ယောက်ကို အိပ်မွေ့ချ၍ အမိန့်ပေး၏။ မင်းကို သံပူနဲ့ ထိုးတော့မယ်နော် ဟု ပြောပြီး လက်ကို အရာဝတ္ထုတစ်ခုနှင့် ဆတ်ခနဲ တို့ လိုက်၏။ ထိုအခါ အိပ်မွေ့ချခံရသူသည် အားခနဲ ထ အော်လေ၏။ ထူးဆန်းစွာပဲ လက်ကို ထိလိုက်သော နေရာ၌ မီးလောင်အရည်ကြည်ဖု ထလာလေတော့၏။
ဤသည်မှာ စိတ်အစွဲကြောင့် ဖြစ်လာသော အရည်ကြည်ဖု ဖြစ်သည်။ သူ၏စိတ်ထဲ၌ ]ငါ့ကို မီး လောင်သွားပြီ}ဟု အပြင်းအထန် ယုံကြည်ကြောက် လန့်သွား၏။ ထိုကြောက်စိတ်က အရည်ကြည်ဖုကို ဖြစ်ပေါ်စေခဲ့လေသည်။ စိတ္တဇရုပ်ဖြစ်ပေသည်။ ဗုဒ္ဓ ဝါဒနှင့် ကိုက်ညီပါသည်။
ဤမျှလောက်ဆိုလျှင် ဗုဒ္ဓဝါဒအရ ဘဝကူးပုံနှင့် ကံ၊ စိတ်တို့၏လုပ်ဆောင်ချက်များကို နားလည်မည် ဟု ထင်မြင်မိပါသည်။ ထိုသို့ နားလည်မှ ဗုဒ္ဓဘာသာ ဖြစ်ရကျိုးနပ်ပြီး အနတ္တတရားကို ခိုင်မြဲစွာ ယုံကြည် ရပါတော့သည်။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
{အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း}
(Zawgyi)
ဗုဒၶဝါဒ ဘဝကူးပုံ
ေလာက၌ အခက္ႀကီး ေလးပါး ရွိပါသည္။
(၁) သစၥာေလးပါးကို နားလည္ေအာင္ရွင္းျပရန္ ခက္ပါသည္။
(၂) သခၤါရတရားမ်ားကို သတၱဝါဟု ထင္ေနသည့္အတြက္ေၾကာင့္ သခၤါရတရားတို႔၏ သတၱသုညျဖစ္ပုံကို သခၤါရတရားတို႔ကို သတၱဝါႏွင့္စပ္၍ နားလည္ေအာင္ ရွင္းျပဖို႔ ခက္ပါသည္။
(၃) တစ္ဘဝ စုေတ၍ ေနာင္ဘဝသို႔ ေရာက္ရွိျခင္း ဆိုေသာ ဘဝႏွစ္ခု ဆက္စပ္မႈ ပဋိသႏၶေကို နားလည္ေအာင္ ရွင္းျပရန္ ခက္ပါသည္။
(၄) ပဋိစၥသမုပၸာဒ္ကိုလည္း နားလည္ေအာင္ ရွင္းျပဖို႔ ခက္ပါသည္။ (ဝိသုဒၶိမဂ္)
ဗုဒၶဘာသာဝင္တို႔သည္ ကမၼသတၱိသေဘာကို ယုံၾကည္ၾကပါသည္။ထို႔ေၾကာင့္ ကမၼသတၱိေၾကာင့္ ေနာင္ ဘဝသို႔ေရာက္ရွိျခင္း သံသရာလည္ရျခင္းကို လက္ခံ ၾကပါသည္။ သို႔ေသာ္ အျမင္မရွင္းၾကပါ။
သာသနာပ ျဗာဟၼဏဝါဒတြင္လည္း ကမၼဝါဒကို ယုံၾကည္မႈမ်ား ရွိၾကပါသည္။ ေနာင္ဘဝသံသရာကို ယုံၾကည္ၾကပါသည္။ သူတို႔ ယုံၾကည္မႈသည္ကား ]အတၱ}ကို အေျခခံေသာယုံၾကည္မႈျဖစ္သည္။ ကံျပဳသူ မွာ အတၱသာျဖစ္၍ ထိုကံ၏အက်ိဳးကို ခံစားသူမွာ လည္း အတၱသာ ျဖစ္သည္။ သို႔ျဖစ္၍ အတၱေလး သည္ အစြမ္းအစရွိေသာ နိစၥတရား ျဖစ္ေလသည္။ ပုဂၢိုလ္၊ သတၱဝါဆိုေသာ ဤကိုယ္ေကာင္သည္ ေသ တတ္သည္။ မၿမဲ။ ထိုပုဂၢိုလ္သတၱဝါအတြင္း အျမဳေတ အျဖစ္ကိန္းေနေသာ အတၱသည္ကား မေသ။ ၿမဲ၏။ ထို႔ေၾကာင့္ ဘဝသံသရာကို ကမၼသတၱိအေလ်ာက္ အတၱေလးက တစ္ဘဝၿပီးတစ္ဘဝ ေျပာင္း၍ က်င္လည္ေနေလ၏။
ထို အတၱေလးသည္ ႏွစ္မ်ိဳးရွိ၏။ ပရမအတၱ ႏွင့္ဇီဝအတၱဟူ၍ ျဖစ္၏။ ထို ပရမအတၱကို မဟာ ျဗဟၼာ၊ ပဇာပတိ၊ ဣသရ၊ ပရမအတၱ၊ မဟာတ္မ၊ မဟာအတၱစသည္ျဖင့္ ေခၚၾက၏။
ထိုမဟာျဗဟၼာႀကီးသည္ သတၱဝါမ်ားကို ဖန္ဆင္း ၿပီး သတၱဝါမ်ား၏ခႏၶာအတြင္း၌ အတၱကေလးအသီး သီး ထည့္ေပးလိုက္၏၊ (ခ်မ္းေျမ့ဆရာေတာ္၊ ဆင္းရဲ ၿငိမ္းေအးခ်မ္းသာေရးတရား)
ဤကား အၾကမ္းဖ်င္း နားလည္လြယ္ေအာင္ ေျပာျခင္းသာ ျဖစ္၏။ အခ်ိဳ႕ဟိႏၵဴက်မ္းမ်ားတြင္ အတၱ အယူအဆမွာ ပို၍သိမ္ေမြ႕ပါသည္။
သတၱဝါတို႔၏ခႏၶာကိုယ္ထဲတြင္ အတၱကေလး ရွိေနမွ သြားလာလႈပ္ရွား အသက္ရွင္နိုင္ပါသည္။ သို႔ျဖစ္၍ သတၱဝါမ်ား သြားလာလႈပ္ရွားနိုင္ေအာင္ အသက္ရွင္ နိုင္ေအာင္ မဟာျဗဟၼာက ထည့္ေပးလိုက္ေသာ အတၱကို ဇီဝအတၱဟု ေခၚေလသည္။ ထို႔ေၾကာင့္ ဇီဝအတၱသည္ မဟာျဗဟၼာ၏အစိတ္အပိုင္းေလး ျဖစ္သည္။
ဇီဝအတၱကို အသက္၊ လိပ္ျပာ၊ ဝိညာဥ္ဟု ေခၚၾက၏။ ထိုဇီဝအတၱ လိပ္ျပာ ဝိညာဥ္ေလး ခႏၶာ ကိုယ္မွ ထြက္သြားျခင္းကို သတၱဝါေသသည္ဟု ေခၚ ၏။ သတၱဝါ ေသေသာ္လည္း ထိုဝိညာဥ္ေလးက ေနာက္ခႏၶာတစ္ခုထဲသို႔ ဝင္ေရာက္သြား၏။ ဤသည္ ကို ပဋိသႏၶေေနသည္ဟု ေခၚ၏။
ဝင္ကစြပ္ေကာင္မ်ားကဲ့သို႔ ခႏၶာအိမ္တစ္ခုကို ထား ခဲ့ၿပီး အျခားခႏၶာအိမ္တစ္ခုထဲသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ ၏။ အတၱလိပ္ျပာဝိညာဥ္ကေလးသည္ ခႏၶာေဟာင္း ကိုစြန့္၍ ခႏၶာအိမ္အသစ္ကို မေတြ႕ေသးလွ်င္ ဝိညာဥ္ ေလးသည္ ၾကားကာလတစ္ခု၌ က်င္လည္ေနေသး၏။ တိဗက္တို႔က ၾကားကာလ (၄၉)ရက္ခန့္ က်င္လည္ ေနေသးသည္ဟု ယူဆ၏။
ဤကား သာသနာပ အတၱအယူအဆ ဘဝကူး ပုံျဖစ္သည္။
ဗုဒၶဝါဒတြင္ အတၱအယူအဆ မရွိပါ။ ဗုဒၶက အတၱမရွိ၊ အနတၱဟုသာ ေဟာပါသည္။ သို႔ေသာ္ ဗုဒၶဘာသာဝင္အခ်ိဳ႕က ပါးစပ္က အနတၱေျပာေသာ္ လည္း အတၱအယူအဆ မကင္းၾကေသးပါ။ လူေသ ေသာအခါ လိပ္ျပာျဖတ္ျခင္း၊ ဘဝကူးေကာင္းေအာင္ ကုတို႔ခထည့္ေပးျခင္း၊ ဝိညာဥ္ေလးသည္ အိမ္နားတြင္ ခုနစ္ရက္ခန့္ ေနျခင္း စသည့္အယူအဆမ်ားကို လက္ ခံေနၾကျပန္ေသးသည္။ မဟာယာန ဗုဒၶဘာသာ ဆို လွ်င္ အတၱအယူဝါဒ လႊမ္းမိုးထားၾကေလၿပီ ျဖစ္ သည္။
ေထရဝါဒဗုဒၥဘာသာတြင္ အတၱအယူအဆလုံးဝ မရွိ။ သတၱဝါ ဆိုသည္မွာ ခႏၶာငါးပါးအစုအေဝးသာ ျဖစ္သည္။ ထိုခႏၶာငါးပါးသည္ အေၾကာင္းအေထာက္ အပံ့ေၾကာင့္သာ အခိုက္အတန့္ျဖစ္ေပၚလာၿပီး ပ်က္ သြားရေသာ သခၤတတရားမ်ားသာ ျဖစ္သည္။
ဤသို႔ အေၾကာင္းအေထာက္အပံ့မ်ားေၾကာင့္သာ ျဖစ္လာရေသာ ခႏၶာငါးပါးသည္ မည္သို႔ေသာအစြမ္း အစမ်ိဳး ရွိပါေတာ့မည္နည္း။ မည္သို႔ အၿမဲတည္ေန နိုင္ပါေတာ့မည္နည္း။ သူတို႔ကိုယ္တိုင္က အျခားတစ္ခု ကို မွီခိုေနရေပသည္။ အေၾကာင္းတရားမ်ားသည္လည္း အျခားအေၾကာင္းတစ္ခုကို မွီခိုရျပန္သည္။
ဤသို႔ ပတ္ခ်ာလည္မွီခိုေနရေသာ အေၾကာင္း အက်ိဳးသဘာဝသာ ရွိ၍ မူလအစဆိုေသာ အေၾကာင္း အက်ိဳး မရွိေပ။ ဤကား ပဋိစၥသမုပၸာဒ္ျဖစ္သည္။
သို႔ဆိုလွ်င္ အတၱမည္သို႔ရွိနိုင္ပါေတာ့မည္နည္း။ ခႏၶာငါးပါးသည္ အေၾကာင္းတရားမ်ားေပၚ မွီတည္ ေနရေသာ အက်ိဳးတရားျဖစ္ပ်က္၊ ဒုကၡသစၥာသာ ျဖစ္ သည္။ ျဖစ္ပ်က္ သႏၱတိ အစဥ္တန္းအေနျဖင့္သာ ရွိ ေနေပသည္။ ထိုျဖစ္ခ်ဳပ္အစဥ္တန္း၏လ်င္ျမန္မႈေၾကာင့္ သာမန္မ်က္စိျဖင့္ မျမင္ရေတာ့ေခ်။ ထို႔ေၾကာင့္ သတၱဝါ ဟာ အၿမဲရွိေနသည္ဟု ထင္ေနၾကကုန္သည္။ ဤကား မွားယြင္းခြၽတ္ေခ်ာ္စြာ ျမင္ေနေသာ ဝိပၸလႅာသ တရား သာ ျဖစ္သည္။
အကယ္၍ ႐ုပ္တရားသည္ အတၱကဲ့သို႔ အၿမဲရွိ ေသာ နိစၥတရားသာဆိုလွ်င္ ေမြးကင္းစ႐ုပ္သည္ ႀကီး လာစရာအေၾကာင္း မရွိေပ။ ေမြးကင္းစ႐ုပ္မ်ား လုံးဝ ပ်က္စီးေပ်ာက္ကြယ္မွသာ ေနာက္ထပ္ ႐ုပ္သစ္မ်ား အစားထိုးၿပီး လူေကာင္ႀကီးလာရျခင္းျဖစ္သည္။
အမွန္တကယ္တြင္ မေန႕က ႐ုပ္သည္ ဤေန႕ မရွိေတာ့ပါ။ ေစာေစာက ႐ုပ္သည္ အခုမရွိေတာ့ပါ။ စာတစ္လုံးကို စ,ေရးေနေသာ ပညာသီရိသည္ ဒုတိယ တစ္လုံးတြင္ မရွိေတာ့ပါ။ ဒုတိယတစ္လုံးကို ဆက္ ေရးေနေသာ ပညာသီရိသည္ အသစ္ျဖစ္ေသာ ပညာသီရိသာ ျဖစ္သည္။
ပထမပညာသီရိ၏ အေၾကာင္း အေထာက္အပံ့ ေၾကာင့္သာ ဒုတိယပညာသီရိ ျဖစ္လာရေပသည္။ အေၾကာင္းအက်ိဳးသေဘာသာ ျဖစ္သည္။ ဤသည္ကို တစ္ဘဝအတြင္းမွာေတာ့ တစ္ေယာက္တည္းဟု ေခၚေနရျခင္းျဖစ္သည္။
ဤသေဘာတရားကို နားလည္လွ်င္ ဘဝကူး သည္ဆိုသည္ကို နားလည္နိုင္ေပးသည္။ ဒီတစ္ဘဝ တည္းမွာပင္ လူတစ္ေယာက္ဟာ ပရတ္သေဘာအရ အႀကိမ္ႀကိမ္ ေသလိုက္ ေမြးလိုက္ျဖစ္ေနလွ်င္ ေသၿပီး ေနာင္ဘဝဆိုတာကိုေကာ ဘာမ်ား ကူးေျပာင္းသြား နိုင္ပါမည္နည္း။
လူတစ္ေယာက္ ေသၿပီဆိုလွ်င္ ဤဘဝမွာတင္ ႐ုပ္နာမ္အားလုံး ခ်ဳပ္၍ ေနာင္ဘဝသို႔ ဘာမွမကူးပါ။ ဤေနရာ၌ သံသယျဖစ္စရာေတြႏွင့္ ရႈပ္ေထြးကုန္ၾက ေတာ့သည္။ ဒီဘဝက ဘာမွမကူးလွ်င္ ဟိုဘဝဆိုတာ ဘယ္လိုျဖစ္လာပါသလဲ။
အခ်ိဳ႕အရာေတြက ပုဂၢိုလ္၊ သတၱဝါ ဆိုေသာ အေျခခံအစြဲစိတ္ႏွင့္ စဥ္းစားလွ်င္ အေျဖမရဘဲ ပိုရႈပ္တတ္ပါသည္။ ႐ုပ္နာမ္ ပရမတ္ျဖစ္စဥ္ကိုသာ စဥ္းစား ပါက အေျဖရပါ၏။
သို႔ေသာ္ အမ်ားစုကေတာ့ ပုဂၢိုလ္သတၱဝါဆိုတဲ့ အသိစိတ္ျဖင့္ ေတြးတတ္ၾကသည္။ ေရးခဲ့ဖူးေသာ ဥပမာေလး ျပန္သုံးပါမည္။
လိုဏ္ဂူတစ္ခုထဲဝင္၍ ေအာ္လိုက္လွ်င္ ပဲ့တင္သံ ျဖစ္လာပါသည္။ ပဲ့တင္သံသည္ မူလအသံ မဟုတ္ ေတာ့ပါ။ ေနာက္ အသစ္ျဖစ္လာေသာ ဒုတိယအသံ ျဖစ္သည္။ ထို အသစ္ျဖစ္လာေသာ ပဲ့တင္သံသည္ ပထမေအာ္လိုက္ေသာ အသံကို အေၾကာင္းျပဳ၍ျဖစ္ လာရျခင္း ျဖစ္သည္။ ပထမေအာ္လိုက္ေသာ အသံ သည္ ေအာ္, ေအာ္ၿပီးခ်င္း ေပ်ာက္သြားပါသည္။ ေနာက္ပဲ့တင္သံကသာ ဆက္လက္ျဖစ္ေပၚေနရသည္။ သို႔ဆိုလွ်င္ ပထမအသံႏွင့္ ဒုတိယအသံ လုံးဝမတူ ေတာ့ပါ။
ထိုသေဘာတရားအတိုင္း ျဖစ္ပါသည္။ ခႏၶာငါးပါး အစုျဖစ္ေသာ လူေသေသာအခါ ဒီဘက္က စုတိ ေသစိတ္ျဖစ္သည္ႏွင့္ အၾကားမရွိဘဲ ျပဳလုပ္ခဲ့ေသာ ကံေၾကာင့္ ဟိုဘက္ဘဝတြင္ ပဋိသႏၶေစိတ္အသစ္ သြားျဖစ္ပါသည္။ ဤမွာဘက္မွ ႐ုပ္ေရာ နာမ္ေရာ တစ္ခုမွ် ကူးမသြားပါ။ ဟိုမွာဘက္ဘဝ၌ ႐ုပ္၊ နာမ္ အသစ္ျဖစ္ျခင္းသာ ျဖစ္သည္။
စုတိ ဆိုေသာ ေသသည္ႏွင့္တစ္ၿပိဳင္နက္ ေနာင္ ဘဝအသစ္ ျဖစ္ရပါသည္။ ဘဝအသစ္မျဖစ္မီ ၾကား ဘဝတစ္ခု၌ က်င္လည္စရာလည္း မလိုေတာ့ပါ။ အခ်ိဳ႕ ဗုဒၶဘာသာဝင္မ်ား ယူဆသလို အိမ္နား၌ ဝိညာဥ္ဘဝ ႏွင့္ ခုနစ္ရက္ေနစရာလည္း မလိုေတာ့ပါ။ အစြဲအလမ္း ေၾကာင့္ အိမ္အနား၌ ၿပိတၱာျဖစ္ေနလွ်င္လည္း ဤ သည္မွာ ဘဝအသစ္ရေနျခင္းသာ ျဖစ္ပါသည္။ ထို ဘဝအသစ္၌ ႐ုပ္ေရာ နာမ္ပါ အျပည့္အစုံရွိပါသည္။ ဝိညာဥ္ေလးဆိုသည္မွာ အယူလြဲမႈသာ ျဖစ္ပါသည္။
အခ်ိဳ႕ လူဝင္စား ဆိုသူမ်ားသည္ ဟိုဘက္ဘဝမွ ဒီဘက္ဘဝသို႔ ေရာက္လာပုံကို ေျပာတတ္ၾကပါသည္။ သား အေမ့ဗိုက္ထဲကို ေရခြက္က တစ္ဆင့္ ဝင္လာတာ၊ သား ေနစရာမရွိလို႔ ေလွ်ာက္သြားေနတုန္း အေမ့ကို လမ္းမွာေတြ႕တယ္။ ဒါနဲ႕ အေမ့ေနာက္ကို အသာေလး လိုက္ခဲ့ၿပီး အေမ ေရေသာက္ေတာ့ အသာေလး ခြက္ထဲ ဝင္ေနလိုက္တာ၊ ဒီလိုနဲ႕ အေမ့သား ျဖစ္လာတာ
ဒီလိုအျဖစ္အပ်က္မ်ိဳး၊ ဇာတ္လမ္းမ်ိဳး မၾကာခဏ ၾကားဖူးၾကေပမည္။ ဤေနရာ၌ မယူဆတတ္၍ လြဲ ပါေတာ့သည္။ အခုေျပာခဲ့ေသာဇာတ္လမ္းကို ၾကည့္ပါ။ အတၱ၊ လိပ္ျပာ၊ ဝိညာဥ္ဝါဒႏွင့္ တူေနပါသည္။ ေျပာသည့္သူကလည္း မလိမ္ပါ။ သူ မွတ္မိတာကို ျပန္ေျပာေနျခင္းသာ ျဖစ္ပါသည္။ သို႔ဆိုလွ်င္ လူေသ ေသာအခါ ေနာင္ဘဝအသစ္ မရမီ ေလွ်ာက္သြားေန ေသာ လိပ္ျပာ၊ ဝိညာဥ္သည္ အမွန္တကယ္ရွိေနပါ သလား။
မရွိပါ။ လုံးဝ မရွိပါ။ ျမတ္စြာဘုရားသည္ အတၱ၊ လိပ္ျပာ၊ ဝိညာဥ္ မရွိဟု အတိအလင္းေဟာထားၿပီး ျဖစ္၏။ သို႔ဆိုလွ်င္ အထက္ပါဇာတ္လမ္းကို မည္သို႔ ယူဆရေပမည္နည္း။
သတၱဝါမ်ားတြင္ မေသခင္ ေသခါနီး မရဏာ သႏၷေဇာ အခ်ိန္၌ ကံ၊ ကမၼနိမိတ္၊ ဂတိနိမိတ္ ျဖစ္ေပၚရ ပါသည္။ကံနိမိတ္ဆိုသည္မွာ မိမိ ကုသိုလ္ အကုသိုလ္ ျပဳခဲ့စဥ္ စိတ္ခံစားခ်က္မ်ိဳး ျဖစ္သည္။ ကံနိမိတ္ကို ယူသူသည္ ထိုခံစားခ်က္မ်ိဳး ေသခါနီး၌ ျပန္ခံစားရပါ သည္။ ကမၼနိမိတ္ဆိုသည္မွာ ကုသိုလ္ အကုသိုလ္ ျပဳခဲ့စဥ္က အၿခံရံပစၥည္း၊ ပုဂၢိုလ္မ်ား ျဖစ္သည္။ အလႉ ျပဳခဲ့လွ်င္ အလႉပစၥည္း၊ အလႉခံပုဂၢိုလ္ စသည္တို႔ကို ျမင္ၿပီး ဝက္သတ္ခဲ့ပါက သတ္ခဲ့ေသာ ဝက္၊ အသုံးျပဳခဲ့ ေသာ တုတ္၊ ဓား လက္နက္မ်ားကို ျပန္ျမင္ပါသည္။ ဂတိ နိမိတ္ ဆိုသည္ကား မိမိ ေရာက္ရမည့္ ဘုံဌာန ျဖစ္သည္။ နတ္ဘုံေရာက္မည့္သူက နတ္ဘုံနတ္နန္း မ်ား၊ ငရဲ ေရာက္မည့္သူက မီးလွ်ံမ်ား၊ ေခြးနက္ႀကီးမ်ား၊ ၿပိတၱာျဖစ္မည့္သူက ေတာနက္ႀကီး၊ မဲေမွာင္ေနေသာ လိုဏ္ေခါင္းမ်ား စသည္ ျမင္တတ္ၿပီး လူ႕ဘဝ၌ ျပန္ ျဖစ္မည့္သူက နီရဲေနေသာ မိခင္၏ဗိုက္ဝမ္းေရ၊ မိမိ အေမေတာ္ရမည့္ မိခင္ စသည္မ်ားကို ျမင္တတ္ၾက ပါသည္။
အထက္ပါ လူဝင္စားဇာတ္လမ္းသည္ကား ဂတိ နိမိတ္ကိုယူေနျခင္းသာ ျဖစ္ေၾကာင္း မဟာစည္ဆရာ ေတာ္ဘုရားက ေျဖရွင္းထားပါသည္။ အေမကို ေတြ႕ တယ္၊ ေရခြက္ထဲဝင္လိုက္တယ္၊ ဗိုက္ထဲေရာက္သြား တယ္စသည္မ်ားသည္ မေသခင္ကတည္းက ဂတိ နိမိတ္ယူေနျခင္းျဖစ္သည္။ ဤသည္ကို သည္ဘဝ၌ ျပန္မွတ္မိ၍ ေျပာေနနိုင္ျခင္းျဖစ္သည္။ ဇာတိႆရဥာဏ္ ရသည္ဟု ေျပာရပါမည္။ လူတိုင္းေတာ့ ဤာဏ္ မရၾက ပါ။ အခ်ိဳ႕ဆိုလွ်င္ ေရွ႕ပိုင္းဘဝ အျဖစ္အပ်က္မ်ားကိုပင္ ျပန္ေျပာနိုင္ေပသည္။
ဤသည္ကို သေဘာမေပါက္လွ်င္ လိပ္ျပာ၊ ဝိညာဥ္ေလး ဝင္လာသလို ထင္တတ္ပါသည္။
ရွိပါေသးသည္။ အခ်ိဳ႕လူဝင္စားမ်ားမွာ ဟိုဘက္ ဘဝမွ ဒဏ္ရာအမွတ္အသားမ်ား ဤမွာဘက္ဘဝသို႔ ပါလာတတ္ၾကပါေသးသည္။ ဤသည္ကို ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသက ရွင္းျပထားပါသည္။
စိတ္အစြဲေၾကာင့္ ျဖစ္ပါသည္။ ဟိုဘက္ဘဝမွ ဓား ခုတ္ဒဏ္ရာမ်ား ပါလာျခင္း၊ ႀကိဳးတုပ္ ေရႏွစ္သတ္ ခံရ၍ ႀကိဳးရာမ်ား ပါလာျခင္းသည္ သူတို႔ စိတ္ထဲ၌ မေသခင္ အျပင္းအထန္ ေၾကာက္လန့္၍ စိတ္စြဲၿပီး ေသခဲ့ၾက၍ ျဖစ္ပါသည္။ အခ်ိဳ႕ ျမင္ဖူး ၾကားဖူးၾကေပ မည္။ ေရနစ္ေသလာသူသည္ ဤဘဝ၌ ေရျမင္လွ်င္ ေၾကာက္ေနျခင္း၊ မိမိရန္သူကို ဤဘဝ၌ ျပန္ျမင္လွ်င္ အလိုလိုေၾကာက္ေနျခင္းမ်ားသည္ စိတ္စြဲလမ္းမႈမ်ား ေၾကာင့္ ျဖစ္ပါသည္။ ထိုစြဲလမ္းသည့္စိတ္က စိတၱဇ ႐ုပ္ကို ျပန္ထုတ္လိုက္၍ ဤဘဝ၌ အမွတ္အသားမ်ား ျဖစ္လာရျခင္း ျဖစ္ပါသည္။
စိတ္အစြဲအလမ္းသည္ အလြန္ထူးဆန္းေပသည္။ ဖတ္ခဲ့ဖူးပါသည္။ လူတစ္ေယာက္ကို အိပ္ေမြ႕ခ်၍ အမိန့္ေပး၏။ မင္းကို သံပူနဲ႕ ထိုးေတာ့မယ္ေနာ္ ဟု ေျပာၿပီး လက္ကို အရာဝတၳဳတစ္ခုႏွင့္ ဆတ္ခနဲ တို႔ လိုက္၏။ ထိုအခါ အိပ္ေမြ႕ခ်ခံရသူသည္ အားခနဲ ထ ေအာ္ေလ၏။ ထူးဆန္းစြာပဲ လက္ကို ထိလိုက္ေသာ ေနရာ၌ မီးေလာင္အရည္ၾကည္ဖု ထလာေလေတာ့၏။
ဤသည္မွာ စိတ္အစြဲေၾကာင့္ ျဖစ္လာေသာ အရည္ၾကည္ဖု ျဖစ္သည္။ သူ၏စိတ္ထဲ၌ ]ငါ့ကို မီး ေလာင္သြားၿပီ}ဟု အျပင္းအထန္ ယုံၾကည္ေၾကာက္ လန့္သြား၏။ ထိုေၾကာက္စိတ္က အရည္ၾကည္ဖုကို ျဖစ္ေပၚေစခဲ့ေလသည္။ စိတၱဇ႐ုပ္ျဖစ္ေပသည္။ ဗုဒၶ ဝါဒႏွင့္ ကိုက္ညီပါသည္။
ဤမွ်ေလာက္ဆိုလွ်င္ ဗုဒၶဝါဒအရ ဘဝကူးပုံႏွင့္ ကံ၊ စိတ္တို႔၏လုပ္ေဆာင္ခ်က္မ်ားကို နားလည္မည္ ဟု ထင္ျမင္မိပါသည္။ ထိုသို႔ နားလည္မွ ဗုဒၶဘာသာ ျဖစ္ရက်ိဳးနပ္ၿပီး အနတၱတရားကို ခိုင္ၿမဲစြာ ယုံၾကည္ ရပါေတာ့သည္။
အရွင္ပညာသီရိ(ရမၼာကြၽန္း)
{အပၸမာဒ ဓမၼရသ မဂၢဇင္း}