Friday, February 11, 2022

Korean အစားအစာအချို့

 ကိုးရီးယား ရိုးရာဟင်းရည် တွေထဲ မှာ ကိုးရီးယားတို့ဟူး ကင်ချီ ဟင်းရည် ဟာ ကိုးရီးယားလူ မျိုးတွေတင် မကပါ ကမ္ဘာတဝန်းက တောင်းတကြိုက်နှစ်သက် ကြတယ့်ဟင်းရည်ပါ။


 ချဉ်စပ်လေးကို ကြိုက်ရတဲ့ ပရိသတ်ကြီးလည်း ကိုးရီးယားကို အလည်တစ်ခေါက် ရောက်သွားသလို ခံစားသွားရလိမ့်မယ် လုပ်စားကြည့်လိုက်နော်။🥰


ကိုးရီးယား တို့ဟူး နှင့် ကင်ချီ ဟင်းရည် (Korean Tofu & Kimchee Chigae) 




🌶ပါ၀င်ပစ္စည်းများ

တို့ဟူး ၂ တုံး (ခတ်ကြီးကြီးလေးတုံးပါ)

ကြက်သား ၃၀ သား ( အတုံးသေးလေးတုံးပါ)

ကြက် (သို့) ၀က်အူချောင်း ၈ ချောင်း (တစောင်းလေး လက်တဆစ်စာတုံးပါ) 

ကိုးရီးယား ပဲပိစပ် ၈ ဇွန်း စားပွဲဇွန်း 

ကိုးရီးယား ငရုတ်သီးနှစ် ၃ ဇွန်း စားပွဲဇွန်း

ဆား တစ်၀က် ဇွန်း လက်ဖက်ဇွန်း 

ကိုးရီးယားအသားမှုန့် ၁ ဇွန်း ခွဲ (ကြက်သားမှုန့် လဲသုံးလို့ရပါတယ်)

Bok Choy ၄ စီး (ခေါင်းဖြတ် ပြီး အပင်လိုက်ထားပါ)

ကိုးရီးယားငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း 

Chrysanthemum ၁ စီး ( ကိုးရီးယား နံနံပင်) 

Zucchini အစိမ်း ၁ လုံး (market place မှာ၀ယ်ယူလို့ရပါတယ်) 

ကြက်သွန်မြိတ် ၃ ချောင်း (အပင်ကို သုံးပိုင်းပဲ ပိုင်းပါ)

အပ်မှို ၁ ထုပ် (Enokitake mushroom) အမြစ်လှီးထုပ်ပြီး အချောင်းလိုက်ထည့်ပါ

ကင်ချီထုပ် ၁ ထုပ် ( ရှည်ရှည်လေးလှီးပါ)

ကြက်ပြုတ်ရည် ၃ လီတာ ခွဲလောက် (ကြက်ရိုး ပြုတ်ထားသောအရည်)




🍲ပြုလုပ်နည်း

၁။ အိုးကြီး ထဲသို့ ကြက်ပြုတ်ရည်နှင့်အတူ ကြက်သား၊ ကြက်အူချောင်း ထဲ့ပြီး ဆူအောင် တည်ပါ။  


၂။ ကြက်သား နူးလာလျှင် ကိုးရီးယား ပဲပိစပ်၊ ကိုးရီးယား ငရုတ်သီးနှစ်၊ ကိုးရီးယားအသားမှုန့်၊ ကိုးရီးယားငံပြာရည် နှင့် ဆား တို့ ကို ထဲ့မွှေပါ ဆူတဲ့ အထိပါ။ 


၃။ ကြက်သား ကြက်ကာနီး မှ Bok Choy၊ အပ်မှို၊ zucchini နှင့် Chrysanthemum၊ အသီးအရွက် တွေထည့်ပြီး ဆူအောင်တည်ပါ။ 


၄။ အသီးအရွက်တွေနွမ်းသွားလျှင် ဆားမြည်းကြည့်ပါ။ ပေါ့လျှင် ကိုးရီးယား ပဲပိစပ် နှင့် ကိုးရီးယားငံပြာရည် သာ အဓိက ထားပြီး ထပ်ထည့်ပါ။


၅။ နောက်ဆုံးကျမှ တို့ဟူး နဲ့ ကြက်သွန်မြိတ် ကို ထည့် ပေး ပါ။ အရည် ပျစ်တာ မကြိုက် လျှင် ကြက်ပြုတ်ရည် ထပ်ထည့်လို့ရပါတယ်။ ဆူလျှင် စားလို့ရပါပြီး။ ကိုးရီးယား ဟင်းရည် ပူပူ လေး နဲ့ ကင်ချီ ၊ ကိုးရီးယား ထမင်းနဲ့ဆို သိပ်ကိုလိုက် ဖက်ပါတယ်။ ကိုးရီးယား ပုကန်လုံး၊ တူ ဇွန်း များ နဲ့သာ စားသုံးမယ် ဆိုရင် ကိုးရီးယား ရောက်နေ သလို ခံစားရမှ အသေအချာပါ။


#koreakimchi #kimchisoup #tofusoup

-------------////-------------

တော့ပို့ကီ က ကိုရီးယားမှာ များသောအားဖြင့် လမ်းမပေါ်တွေမှာ တွန်းလှည်းလေးတွေနဲ့ရောင်းတယ့် နာမည်ကြီး လူကြိုက်များသော street food အစာအစာတစ်ခုဖြစ်ပါတယ်။ ကိုရီးယားသွားမှ မဟုတ်ပဲ ကိုယ့်ဖာသာ ကိုရီးယားနိုင်ငံမှာ စားရတယ့်အရသာရမှာအတိုင်းလုပ်စားလို့ရတယ်နော်။ ဆန်ချောင်းသားအိအိလေးလုပ်နည်းလဲ တစ်နေ့ကတင်ထားပေးပါတယ်။ ဒီနေ့တော့ အဲဆန်ချောင်းအိအိလေး နဲ့ အတူ အရသာထိထိမိမိ ချိုစပ်စပ် တော့ပိုကီ အနှစ်လုပ်နည်း ၂ မျိုးကို ရှယ်ပေးမယ်ချစ်တို့ရေ... တော့ပိုကီ ရဲ့ အဓိပ်ပါယျလေးကို လဲသိစေချင်ပါတယ်။ Tteokbokki ဆိုတာ ဆန်ချောင်းကြော် လို့အဓိပ်ပါယျရပါတယျ။ အင်မတန်အေးလှတယ့် ကိုရီးယားနိုင်ငံမှာတော့ အခုလို့ ချိုစပ်စပ် ဆန်ချောင်းအိအိလေးအရသာနဲ့ တော့ပိုကီက ရာသီဉတုအအေးဒါဏ်ကို နှစ်သိမ့်ပေးစေပါတယ်၊ ဒါကြောင့် ဆောင်းတွင်ရာသီဆို လမ်းမပေါ်မှာရောင်းတယ့် တွန်းလှည်းသယ်တွေ ဆောင်းတွင်းဆို နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ တော့ပိုကီလုပ်နည်းကတော့ ကိုရီးယာမှာလဲ အာဂျီမကြီးတွေ တစ်ယောက်နဲ့ တစ်ယောက်တော့ အနည်းငယ်ကွဲပြားကြပါတယ်။ တစ်ချို့ က ငရုတ်သီးအနှစ်ကို ကိုယ့်ဖာသာ အစအဆုံးလုပ်တယ်၊ တော့ပိုကီထဲထည့်တယ့် အရည်တောင် ငါးနီတူခြောက်ပြုတ်ရည် (သို့) ဂဏန်းပြုတ်ရည် (သို့) အသားမှူန့် ထည့်တာနဲ့ အရသာအနည်းငယ် ကွဲပြားမှူလေးတွေတော့ရှိပါတယ်။ ကြက်ဉပြုတ် နဲ့ (fish cake) ကိုရီးယားငါးအသားပြား ထည့်ကြတာတော့တူတယ် တစ်ချို့ကတော့ ခေါက်ဆွဲပါထည့်ပေးတယ်။ အဲလိုနည်းမတူတာတွေ ရှိတယ့်အထဲကနေ စည် ကိုရီးယားမှာနေတုန်းက အိမ်နားက အာဂျီးမကြီး သင်ပေးတယ့် အလွယ်နည်း ၁ မျိုး နှင့် မြန်မာနိုင်ငံမှာ အလွယ်လုပ်လို့ ရမယ့် နောက်တစ်မျိုးကို စည်က ပြန်လည်ကိုးကားတီထွင်ထားတာလေး နှစ်မျိုးလုံးဖော်မျှဝေပေးထားတယ်နော်... အဆင်ပြေတာလေးနှင့် လုပ်စားပါ သိပ်မကွာခြားပါဘူးရှင့်




ကိုရီးယား တော့ပိုကီ (Korea Tteokbokki (Korean Spicy Rice Cakes)

ပါဝင်ပစ္စည်းများ 

၃ ခွက် ငါးနီတူခြောက်ပြုတ်ရည် (သို့) ဟင်းခတ်မှူန့်နှင့် ပြုတ်ထားသောအရည် 

၂၅ ကျပ်သား / ၄၀၀ ဂရမ် ဆန်ချောင်း 

၂ ပြား ကိုရီးယား ငါးအသားပြား (fish cake) ၊ တစ်ကိုက်စာလေးတွေလှီးထားပါ

၂ ပင် ကြက်သွန်မြိတ်၊ လက် ၂ ဆစ်အရွယ်ပိုင်းထားပါ

၂ လုံး ကြက်ဉပြုတ်၊ အခွံခွာထားပါ 



တော့ပိုကီ ဆော့လုပ်ရန် ပါဝင်ပစ္စည်း (Tteokbokki Sauce Ingredients) နည်းလမ်း ၁

၂ ဇွန်း ထမင်းစားဇွန်း ကိုရီးယား ငရုတ်သီးမှူန့် (အစပ်ကြိုက်လျှင် ၂ ဇွန်း ခွဲထည့်ပါ)

၂ ဇွန်း ထမင်းစားဇွန်း သကြား

၃ မွှာ ကြက်သွန်ဖြူ၊ နုတ်နုတ်စင်းထားပါ

၂ ဇွန်း ခွဲ ထမင်းစားဇွန်း ကိုရီးယားပဲငံပြာရည် (ကိုရီးယားဆိုင်တွင်ရောင်းသည်)

၂ ဇွန်း ထမင်းစားဇွန်း ဆန်သကာရည် (သို့) ပြောင်းသကာရည် (ကိုရီးယားဆိုင်တွင်ရောင်းသည်)

၃ ဇွန်း ထမင်းစားဇွန်း ကိုရီးယား ငရုတ်သီးအနှစ်


တော့ပိုကီ ဆော့လုပ်ရန် ပါဝင်ပစ္စည်း (Tteokbokki Sauce Ingredients) နည်းလမ်း ၂

၂ ဇွန်း ထမင်းစားဇွန်း ငရုတ်သီးမှူန့် ငရုတ်စေ့မပါ ကြိတ်ထားသောအမှူန့် (အစပ်ကြိုက်လျှင် ၂ ဇွန်း ခွဲထည့်ပါ)

၂ ဇွန်း ထမင်းစားဇွန်း သကြား

၃ မွှာ ကြက်သွန်ဖြူ၊ နုတ်နုတ်စင်းထားပါ

၂ ဇွန်း ခွဲ ထမင်းစားဇွန်း ပုဇွန်ငံပြာရည် (အရသာ ကွက်တိဖြစ်အောင် ပုဇွန်ငံပြာရည်ပဲသုံးပါ)

၃ ဇွန်း ထမင်းစားဇွန်း ပျားရည် 

၃ ဇွန်း ထမင်းစားဇွန်း အရောင်တင်မှူန့် 


ပြုလုပ်နည်း ( ၁ နဲ့ ၂ အတူတူပါ)

၁။ ဖန်ဇလုံ အကြီးထဲ ဆော့လုပ်ရန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး သေချာ ရောသမအောင် မွှေပေးပါ။ ပြီးလျှင် ခဏထားပါ။

၂။ အိုးထဲ မီးအနေတော်ဖြင့် ငါးနီတူပြုတ်ရည် ထည့်ပြီးဆူပွတ်အောင်တည်ပါ။ ပြီးလျှင် ဆန်ချောင်း နှင့် ဆော့ ထည့်ပါ။ သေချာ အိုးနှူတ်ခမ်းမကပ်အောင်မွှေပါ၊ ၈ - ၁၀ မိနစ်လောက် အနှစ်ပြစ်လာသည်အထိတည်ပါ။

၃။ ပြီးလျှင် ငါးအသားပြား၊ ကြက်ဉ နှင့် ကြက်သွန်မြိတ် တို့ ထည့်ပြီး မွှေပါ၊ ၂ - ၃ မိနစ်လောက်တည်ပေးပါ။ မီးပိတ်ကာ အိုးကိုမီးဖိုပေါ်ကချပြီး ချက်ချင်းပူပူလေး သုံးဆောင်လျှင် ပိုလို့ထိမိအရသာရှိ အာဂို အာဂို ဆာဒန်ဟဲ တော့ပိုကီလေးပေါ့.... 

*မှတ်ချက် - ကိုရီးယားမှာ နေတုန်းက စည်ကတော့ ဘယ်ရာသီပဲဖြစ်စေ တော့ပိုကီကို အပြင်လျှောက်လည်တိုင်း ဝယ်စားဖြစ်ပါတယ်။ ပုံလေးတွေပါရှယ်ပေးလိုက်တယ်။ 😁


စိတ်ကူးလေးထဲမှာ ကိုရီးယား ရိုးယာဓလေ့ အစားအစာဆိုလျှင် ကိုရီးယားဇာတ်လမ်းတွဲထဲ က မင်းသမီးမင်းသားလေးတွေစားတယ့် တော့ပိုကီ Tteokbokki ကိုပဲအရင်ပြေးမြင် ကြတယ်မှတ်လားချစ်တို့? ကိုရီးယား နိုင်ငံမှာတောင် တစ်ချို့ တော့ပိုကီလုပ်တယ် ဒုလုံးရှည်ဆန်ချောင်းကို ဘာလို့ Garaetteok လို့‌ခေါ်ဝေါကြလဲဆိုတာတောင် မသိကြဘူး... 


နောက်တစ်ပိုင်းမှာ ပြောပြမယ်နော် 🥰

စည် လဲ ကိုရီးယားမှာ နေတုန်းက စည့် လုပ်နေတယ့် ရုံးက သန့်ရှင်းရေး ကိုရီးယား အန်တီကြီး က တစ်နေ့ သူ ယောက်ခမရွာကို အလည်ခေါ်လို့ လိုက်သွားတော့မှ သူတို့ရဲ့ ရိုးယာ အစားအစာတွေရဲ့ လုပ်နည်း နှင့်တကွ သမိုင်းကြောင်းလေးတွေလေ့လာဖြစ်တော့တယ်။ 

----–----------–---------

ဒီနေ့တော့ စည် ချစ်ရတယ့် ချစ်တို့အတွက် ဒုလုံးရှည်ဆန်ချောင်း (Garaetteok) လုပ်နည်းမျှဝေပေးချင်ပါတယ်။ စည်ကတော့ မြန်မာနိုင်ငံမှာ အလွယ်တစ်ကူလုပ်လို့ရမယ့် နည်းလမ်းဖြင့် ပြန်လည်စမ်းသပ်ပြီး မျှဝေပေးထားပါတယ်။ ကိုရီးယား ရိုးယာအတိုင်းလုပ်တယ့် နည်းလမ်းလဲ တင်ပြပေးပါ့မယ်နော်။ 


ကိုရီးယား ဒုလုံးရှည် ဆန်ချောင်း ( Cylinder-Shaped Rice Cake, Garaetteok)




🍜ပါဝင်ပစ္စည်းများ 

၂ ခွက် ဆန်မှုန့် ( ၂၅၀ ဂရမ်)

၁ ဇွန်း စားပွဲဇွန်း ‌ပြောင်းဖူးကော်မှူန့်

၁ ဇွန်း လက်ဖက်ဇွန်း ဆား 

၂/၃ ခွက် ‌ပွတ်ပွတ်ဆူရေ 

၁ ဇွန်း လက်ဖက်ဇွန်း နှမ်းဆီ

ဆန်မှူန့်အပို ဆန်ချောင်းလုပ်ရာတွင်သုံးရန် 


🥣ပြုလုပ်နည်း 

၁။ ဖန်ဇလုံ အကြီးထဲ ဆန်မှူန့်၊ ပြောင်းဖူးကော်မှူန့်၊ ဆား နှင့် ပွတ်ပွတ်ဆူနေသော ရေနွေးများထည့်ပြီး သေချာဇွန်းဖြင့်ရောသမမွှေပါ။ အနည်းငယ်အေးလို့ လက်ဖြင့်နယ်လို့ရလျှင် နယ်ပါ၊ စေးကပ်လာရာကနေ လက်မှာဆန်နှစ်များမကပ်တော့ပဲ ပျော့ပျောင်းသော dough သားတုံးကိုရရှိလာပါလိမ့်မယ်။ ဆန်မှုန့်နှစ်တုံး (dough) ဆန်မှူန့်ဒိုးကို အတုံးသေး ၅ တုံးလောက်ခွဲပါ။ 


၂။ သေချာသန့်စင်ထားသော မီးဖိုချောင်ကောင်တာ (သို့) စားပွဲ (သို့) စီနိတုံး ပေါ် ဆန်မှူန့် အငယ်နည်းဖြူးပါ ပြီးလျှင် ဆန်မှုန့်ဒိုးအတုံး (dough) ကိုတင်ပါ ပြီးလျှင်သေချာ တစ်တုံးစီကို လက်ဖြင့်သေချာ လှိမ့်ပြီး ဆလင်ဒါလိုခတ်ရှည်ရှည်ညီညီလေးလှိမ့်ပေးရပါမည်။ ပြီးလျှင် ၆ စင်တီ/ ၄ ၄ လက်မ အရွယ်လောက်တွေ အညီအညာပိုင်းလဲရသလို စည် ပိုင်းပြထားသလို တစ်စောင်းလေးတွေပိုင်းလဲရပါတယ်။


၃။ စောက်နက် အိုးထဲ အိုးတစ်ဝက်လောက် ရေထည့်ပြီးဆူအောင်တည်ပါ။ ဆူလာလျှင် ဆား လက်ဖက်ဇွန်း ၁ ဇွန်းလောက် ထည့်ပါ။ ပြီးလျှင် ပိုင်းထားသော ဆန်ချောင်းများကို အိုးထဲထည့်ပြီး ပြုတ်ပါ။ အိုးကြပ်နေအောင် တော့မထည့်နဲ့နော်။ အိုးကြပ်လျှင် ဆန်ချောင်းများ အကျက်နှေးပြီး အကျက်မညီဖြစ်တတ်ပါတယ်။ 


ရေခဲရေထည့်ထားသော ဇလုံလဲအသင်ပြင်ထားအုန်းနော်! ရေပေါ်ပေါ်လာသော ဆန်ချောင်းများကို ရေခဲရေထဲထည့်ပြီး အနည်းငယ်ထားပေးပါ။ ပြီးလျှင် ဇကာခွက်ထဲ ရေစစ်ထားပါ။ စွတ်ပြုတ်လုပ်ဖို့ ဆန်ပြားလေးတွေလိုချင်တယ် ဆို တစ်စောင်းအပြားလေးတွေလှီးပြီးမှ ပြုတ်ပါ။ ရေစစ်လို့ရလာသော ဆန်ချောင်းလေးများကို နှမ်းဆီ (သို့) မြေပဲဆီဖြင့် အနှံ့သုပ်ပေးထားပါ။ တစ်ချောင်းနှင့် တစ်ချောင်းမကပ်အောင်ရယ်၊ ပြီးတော့ အနံလေးလဲမွှေးနေတာပေါ့။ 


လောလောဆယ်လုပ်စားဖို့လောက်ပဲ အပြင်မှာထားပြီး ဆန်ချောင်းများ လုံးဝအေးသွားလျှင် လေလုံစွာထည့်ပြီး ကိုယ်လုပ်စားချင်တယ့် အချိန် လုပ်စားလို့ ရအောင် ရေခဲသေတ္တာအအေးခံမှာခဲထားလိုက်ပါ။ 


ချက်စားကာနီးမှ လိုသလောက် ထုတ်ပြီးအခန်းအပူချိန်ဖြင့်ထားပေးပါ။ ၁-၂ ပတ်အတွင်း ကုန်အောင်စားမယ့်သူတွေအတွက်တော့ ရေခဲသေတ္တာ အအေးခံထဲမှာပဲထားလဲရပါတယ်ရှင့်။  


ကဲမလွယ်ဘူးလားလုပ်ရတာ ကိုယ့်ဖာသာ အချိန်မရွေး ကိုရီးယားဇာတ်လမ်းထဲကလို စိတ်မကူးလက်တွေ့ တော့ပိုကီလုပ်စားမလား ကိုရီးယားစွတ်ပြုတ်လုပ်စားမလား အဆင်ကိုပြေနေရော..  


#koreanfood #garaetteok #snacks #tteokbokki


Recipe ရေးသားဝေငှ  - Syi Lwin(Food Garden) 

No comments: