Tuesday, February 15, 2022

" မြန်မာ့ မုန့်ဟင်းခါး "

 " မြန်မာ့ မုန့်ဟင်းခါး "




#မုန့်ဟင်းခါးအကြောင်း

#ရိုးရာအစားအစာ

#ဗဟုသုတ


(အမှန်က မြန်မာနိုင်ငံ မြန်မာလူမျိုးပါ။ ပုဂံခေတ်ကျောက်စာတွေမှာရော သီပေါမင်းလက်မှတ်တော်မှာပါ မြမ္မာဘုရင်လို့ရေးတာ တွေ့ရပါတယ်။မြန်မာတွေကို ဘာလူမျိုးလဲမေးရင် အာလုပ်သံနဲ့ဗမာလို့ဖြေလေ့ရှိလို့ အင်္ဂလိပ်က Burmese, Burmaလုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်မှာလည်း ဒို့ဗမာအစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ စသဖြင့်အင်္ဂလိပ်နားလည်အောင် သုံးခဲ့တာဖြစ်မယ်။ လွတ်လပ်ရေးရတော့ တက္ကသိုလ်မှာမြန်မာစာဌာနပဲရှိပြီး မြန်မာစာဘွဲ့ပဲပေးတာပါ။ ယနေ့အထိပါ။

နအဖခေတ်မှာ မြန်မာနိုင်ငံ၊ဗမာလူမျိုးလုပ်လိုက်တာပါ။ ထားဝယ်၊ ဆလုံ၊ ကဒူးကနန်းတွေပါတဲ့ ဗမာကိုးမျိုးတောင်ခွဲပြလိုက်သေးတယ်။ ဒါပေမဲ့မြန်မာစာ၊မြန်မာစကား၊မြန်မာ့ရိုးရာဓလေ့၊မြန်မာ့ယဉ်ကျေးမှုစတဲ့အသုံးအနှုံးတွေကိုမပြင်နိုင်ခဲ့ပါဘူး။)


မြန်မာ့ရိုးရာ အစားအစာ ဖြစ်သည်။


မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများနှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့် သွားရေစာ တစ်မျိုးဖြစ်သည်။ 


မုန့်ဟင်းခါးအား မြန်မာပြည်၏ နိုင်ငံ့စားဖွယ်အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချ ကြပြီး နံနက်စာ 

 မှ နေ့လယ် နေ့ခင်း အစာပြေအပြင် ညလယ်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည်။ 


ထို့အပြင်မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆား

များပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာသောကြောင့် မြန်မာတိုင်းလိုလို၏ နှစ်သက်သော အစား အစာ လည်းဖြစ်သည်။


မုန့်ဟင်းခါးအခြားအမည်များမုန့်၊ မုန့်ဟင်းအဓိကသုံးဆောင်မှုနံနက်စာ၊ အစာပြေမူရင်းနိုင်ငံမြန်မာဖန်တီးသူမသိသုံးဆောင် အပူချိန်အပူအဓိက ပါဝင်ပစ္စည်းမုန့်ဖတ်၊ ညှပ်ခေါက်ဆွဲ၊ ငါးမျိုးကွဲများဒေသအလိုက်ကိုကြည့်ပါ။ 


Cookbook: မုန့်ဟင်းခါး   


Media: မုန့်ဟင်းခါး




#သမိုင်းကြောင်း


ရှေးမြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သက်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့်မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် မ်ားစြာ ခက်ခဲလှသည်။ 


မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့သည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ဘကြီးတော်ဘုရား လက်ထက်နှင့် ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင် ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည့် ဖိုးသူတော်ဦးမင်းက ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါး အကြောင်း အပြိုင်စပ်ဆိုရာတွင် "မုန့်တီ" ဟုသုံးနှုန်းခဲ့သည်။


 ယခုအခါတွင် မုန့်ဟင်းခါးကို "မုန့်တီ" ဟု ပြောဆိုသောသူသည် အနည်းငယ်သာရှိတော့သည်။ ဤသို့ဆိုလျှင် "မုန့်တီ"သည် မုန့်ဟင်းခါးကို ဆိုလိုပြီး ရခိုင်မုန့်တီ သည်ကား ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုပေမည်။ ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" အစရွိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ မိုဟင်းခါးလိုလည်း ခေါ်ဆိုကြ၏။


 တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအမ်ားအျပား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည်။ 


ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသနပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမာန် အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အေရးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။


#ယျေဘူယျအသုံးပြုသောပစ္စည်းများ


#မုန့်ဖတ်

ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရှဉ့်)အပြင် အခြားသောငါးများ လည်းအသုံးပြုလေ့ ရှိသည်။ 

ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။

ငါးရှားပါးသော ဒေသများတွင် ကြက်သား၊ အမဲသားတို့ကို အသုံးပြု လေ့ရှိသည်။

ဆီ

ငံပြာရည်

ဆား

နနွင်းမှုန့်

ငှက်ပျောအူ

ဆန်လှော်မှုန့်

ကြက်သွန်နီ

ကြက်သွန်ဖြူ

ပဲမှုန့်

ချင်း

ငရုတ်ကောင်း

စပါးလင်

အသုံးပြုသော ပစ္စည်းအမျိုးအစားများမှာ ချက်လုပ်နည်း အပေါ်တွင် လည်ကောင်း ဒေသအလိုက် ရရှိနိုင်မှု ပေါ်တွင် လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။


#တွဲဖက်စားသုံးလေ့ရှိသောပစ္စည်းများအပြင်အဆင်


အကြော်မျိုးစုံ(ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်)

နံနံပင်

ရှောက်သီး၊ သံပုရာသီး

ပဲသီး

ခရမ်းချဉ်သီး

ငရုတ်သီးအလှော်မှုန့်

ကြက်သွန်မြိတ်

ကွကျဥ၊ အိုးဘဲဥ

ပဲသွေး

ငါးသလောက်ဥ

အီကြာကွေး


#ဒေသအလိုက် မုန့်ဟင်းခါး


မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့် အရသာ နှင့် အပြင်အဆင် လည်း အမျိုးမျိုး ကွဲပြား ကြသည်။ အကြမ်းဖျင်းအားဖြင့် ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံး ဖြစ်သည်။


ရန်ကုန်မုန့်ဟင်းခါး

မော်လမြိုင်မုန့်ဟင်းခါး ခေါ် (မုန့်ဟင်းခါးအစို)

မြောင်းမြမုန့်ဟင်းခါး

ပုသိမ်မုန့်ဟင်းခါး

ဘိုကလေးမုန့်ဟင်းခါး

ဟင်္သာတမုန့်ဟင်းခါး

ဖျာပုံမုန့်ဟင်းခါး

အင်းလေးမုန့်ဟင်းခါး

တောင်ငူမုန့်ဟင်းခါး

ကရင်မုန့်ဟင်းခါး

ရခိုင်မုန့်ဟင်းခါး ခေါ် (အာပူလျှာပူ)

ထားဝယ်မုန့်ဟင်းခါး

တပင်တိုင်မုန့်ဟင်းခါး


#မုန့်ဟင်းခါးယဉ်ကျေးမှုပြင်ဆင်


မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ ဖြစ်သည့် အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါ မရွေး ရနိုင်သော အစားအစာ ဖြစ်သည်။ 


နာမည်ကျော် ဆိုင်ကြီး၊ ကနားကြီး များတွင် သာမက၊ လမ်ဘေး ပလက်ဖေါင်းပေါ်ရှိ ဆိုင်ငယ် များတွင်လည်းကောင်း၊ ဆိုင်းထမ်း၊ ခေါင်းရွက်ဗျတ်ထိုး၊ လက်တွန်းလှည်း၊ ဆိုက္ကား များဖြင့် လှည့်လည် ရောင်းချသူများ ထံတွင် လည်ကောင်း ဝယ်ယူ ရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ ကားဂိတ်၊ သဘော်ဆိပ်၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များတွင် ၂၄နာရီ ပတ်လုံး

ရောင်းချသည့် ဆိုင်များ ရှိလေ့ ရှိသည်။


ထို့အပြင်မုန့်ဟင်းခါးသည် ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ၊ ဆွမ်းကျွေး ကဲ့သို့ သာရေး များမှ အသုဘ၊ နာရေးအထိ မပါမဖြစ်သော အစားအစာ ဖြစ်သည်။ ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင်၊ အခြေချရာ စင်္ကာပူ၊ ထိုင်း၊မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ဗြိတိန်၊ အမေရိကန် နှင့် အခြားကမ္ဘာ့ နိုင်ငံအများအပြားသို့ မြန်မာများနှင့် အတူ ပျံနှံ့ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ပြည်ပဈေးကွက် အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုပ် များလည်း ပေါ်ပေါက် လာခဲ့သည်။


ကိုးကား

Myanmar Travel Information, Monhinga Article [၁] Archived 5 January 2010 at the Wayback Machine.

History of Monhinga, Dr Khin Maung Nyunt

 [၂]

စားမြိန်ဝိုင်း၊ ဒေါ်အေးကြိုင်နှင့် ဒေါ်အမာနီ


ခရက်ဒစ်...ဝီကီပီးဒီးယား 


ရှေးခေတ်မုန်ဟင်းခါးရောင်းချသည့်ပုံများကိုထည့်သွင်းဖော်ပြပေးထားပါသည်။

#CRDSaiMinThant


(Zawgyi) 

" ျမန္မာ့ မုန့္ဟင္းခါး "




#မုန္႔ဟင္းခါးအေၾကာင္း

#ရိုးရာအစားအစာ

#ဗဟုသုတ


(အမွန္က ျမန္မာနိုင္ငံ ျမန္မာလူမ်ိဳးပါ။ ပုဂံေခတ္ေက်ာက္စာေတြမွာေရာ သီေပါမင္းလက္မွတ္ေတာ္မွာပါ ျမမၼာဘုရင္လို႔ေရးတာ ေတြ႕ရပါတယ္။ျမန္မာေတြကို ဘာလူမ်ိဳးလဲေမးရင္ အာလုပ္သံနဲ႕ဗမာလို႔ေျဖေလ့ရွိလို႔ အဂၤလိပ္က Burmese, Burmaလုပ္ခဲ့ပါတယ္။ လြတ္လပ္ေရးႀကိဳးပမ္းမႈေခတ္မွာလည္း ဒို႔ဗမာအစည္းအ႐ုံး၊ ဗမာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢ စသျဖင့္အဂၤလိပ္နားလည္ေအာင္ သုံးခဲ့တာျဖစ္မယ္။ လြတ္လပ္ေရးရေတာ့ တကၠသိုလ္မွာျမန္မာစာဌာနပဲရွိၿပီး ျမန္မာစာဘြဲ႕ပဲေပးတာပါ။ ယေန႕အထိပါ။

နအဖေခတ္မွာ ျမန္မာနိုင္ငံ၊ဗမာလူမ်ိဳးလုပ္လိုက္တာပါ။ ထားဝယ္၊ ဆလုံ၊ ကဒူးကနန္းေတြပါတဲ့ ဗမာကိုးမ်ိဳးေတာင္ခြဲျပလိုက္ေသးတယ္။ ဒါေပမဲ့ျမန္မာစာ၊ျမန္မာစကား၊ျမန္မာ့ရိုးရာဓေလ့၊ျမန္မာ့ယဥ္ေက်းမႈစတဲ့အသုံးအႏႈံးေတြကိုမျပင္ႏိုင္ခဲ့ပါဘူး။)


ျမန္မာ့ရိုးရာ အစားအစာ ျဖစ္သည္။

ျမန္မာ့ရိုးရာ အစားအစာတစ္မ်ိဳးျဖစ္ေသာ မုန႔္ဟင္းခါးသည္ အခ်ဥ္ေဖါက္ ျပဳလုပ္သည့္ ဆန္ေခါက္ဆြဲဖတ္ (မုန႔္ဖတ္) ေလးမ်ားႏွင့္ ငါးျဖင့္အဓိက ခ်က္လုပ္ေသာ ဟင္းခါးရည္ တို႔ကို အတူတြဲဖက္ စားသုံးရသည့္ သြားေရစာ တစ္မ်ိဳးျဖစ္သည္။ 


မုန႔္ဟင္းခါးအား ျမန္မာျပည္၏ နိုင္ငံ့စားဖြယ္အျဖစ္ အခ်ိဳ႕က ယူဆၾကသည္။ ျမန္မာနိုင္ငံ တစ္ဝန္းရွိ ၿမိဳ႕၊ ႐ြာတိုင္း တြင္ မုန႔္ဟင္းခါး ေရာင္းခ် ၾကၿပီး နံနက္စာ မွ ေန႕လယ္ ေန႕ခင္း အစာေျပ အျပင္ ညလည္စာ အျဖစ္ပါ ႏွစ္ၿခိဳက္စြာ စားသုံး ေလ့ရွိၾကသည္။ 


ထို႔အျပင္မုန႔္ဟင္းခါးသည္ အာဟာရအားျဖင့္ ပရိုတင္း၊ ကာဗိုဟိုက္ဒရိုတ္ ႏွင့္ ဓာတ္ဆားမ်ား ပါဝင္ၿပီး ခ်က္ပုံ ခ်က္နည္း ရိုးရွင္းလြယ္ကူ သည့္အျပင္ စရိတ္ပါ သက္သာ ေသာေၾကာင့္ ျမန္မာတိုင္းလိုလို၏ ႏွစ္သက္ေသာ အစား အစာ လည္းျဖစ္သည္။


မုန႔္ဟင္းခါးအျခားအမည္မ်ားမုန႔္၊ မုန႔္ဟင္းအဓိကသုံးေဆာင္မႈနံနက္စာ၊ အစာေျပမူရင္းနိုင္ငံျမန္မာဖန္တီးသူမသိသုံးေဆာင္ အပူခ်ိန္အပူအဓိက ပါဝင္ပစၥည္းမုန႔္ဖတ္၊ ညွပ္ေခါက္ဆြဲ၊ ငါးမ်ိဳးကြဲမ်ားေဒသအလိုက္ကိုၾကည့္ပါ။ 

Cookbook: မုန႔္ဟင္းခါး   

Media: မုန႔္ဟင္းခါး


#သမိုင္းေၾကာင္း

ေရွးျမန္မာ့သမိုင္း တစ္ေလ်ာက္တြင္ မုန႔္ဟင္းခါးႏွင့္ ပတ္သက္၍ ေက်ာက္စာ၊ ေပစာမ်ားျဖင့္ မွတ္တမ္းတင္ ခဲ့ျခင္း မရွိသျဖင့္မုန႔္ဟင္းခါး ေပၚေပါက္ရာ ဇာတိ ႏွင့္ ေခတ္ကာလအား သိရွိရန္ မ်ားစြာ ခက္ခဲလွသည္။ 


မုန႔္ဟင္းခါးအား အေစာဆုံး အေထာက္အထား ျဖင့္ ေတြ႕ရွိရသည့္ ေနရာမွာ ကုန္းေဘာင္ေခတ္ စာဆို ဦးပုည၏ လကၤာမ်ား အနက္မွ တစ္ခုတြင္ ျဖစ္ၿပီး "မုန႔္ဟင္း"ဟု သုံးႏႈန္းခဲ့သည္။ ကုန္းေဘာင္ေခတ္ ဒုတိယပိုင္း၌ ဘႀကီးေတာ္ဘုရား လက္ထက္ႏွင့္ ကုန္းေဘာင္ေ႐ႊဘိုမင္း လက္ထက္တြင္ ေပၚေပါက္ေသာ ကဗ်ာစာဆိုတစ္ဦးျဖစ္သည့္ ဖိုးသူေတာ္ဦးမင္းက ေခတ္ၿပိဳင္စာဆို လူဦးမင္း(စာဆိုေတာ္ဦးမင္း) ႏွင့္ မုန႔္ဟင္းခါး အေၾကာင္း အၿပိဳင္စပ္ဆိုရာတြင္ "မုန႔္တီ" ဟုသုံးႏႈန္းခဲ့သည္။


 ယခုအခါတြင္ မုန႔္ဟင္းခါးကို "မုန႔္တီ" ဟု ေျပာဆိုေသာသူသည္ အနည္းငယ္သာရွိေတာ့သည္။ ဤသို႔ဆိုလွ်င္ "မုန႔္တီ"သည္ မုန႔္ဟင္းခါးကို ဆိုလိုၿပီး ရခိုင္မုန႔္တီ သည္ကား ရခိုင္လူမ်ိဳးမ်ား၏ ေရွးရိုးရာအစားအစာ အာပူလွ်ာပူႏွင့္ ရိုးရိုးရခိုင္မုန႔္တီ၊ ရခိုင္မုန႔္တီသုပ္ အစရွိသည္တို႔ကိုဆိုလိုေပမည္။ ယေန႕တိုင္ အခ်ိဳ႕ေဒသမ်ားတြင္မုန႔္ဟင္းခါးအား "မုန႔္" "မုန႔္ဟင္း" အစရွိ သျဖင့္ ေခၚေဝၚ လွ်က္ရွိဆဲ ျဖစ္ေသာေၾကာင့္ ကုန္းေဘာင္ေခတ္တြင္ မုန႔္ဟင္းခါးေပၚေပါက္ၿပီး ျဖစ္သည္ဟု ယူဆၾကသည္။ မိုဟင္းခါးလိုလည္း ေခၚဆိုၾက၏။


 တဖန္ ပ်ဴၿမိဳ႕ေဟာင္းမ်ား တူးေဖၚရာတြင္ ဆန္မႈန႔္ႏွင့္ အခ်ဥ္ေဖါက္ျပဳလုပ္ေသာ ကိရိယာအမ်ားအျပား တူးေဖၚ ရရွိခဲ့ေသာေၾကာင့္ ထမင္းအစားထိုး၊ ဆန္ျဖင့္ျပဳလုပ္သည့္ မုန႔္ႏွင့္ မုန႔္ဟင္းခါးေပၚေပါက္ေနခဲ့ နိုင္ေၾကာင္း ေကာက္ခ်က္ ဆြဲၾကသည္။ 


ထို႔အျပင္ မုန႔္ဟင္းခါး သမိုင္းကို စနစ္တက် သုေတသန ျပဳရန္ ႀကိဳးစားခဲ့ေသာ ေဒါက္တာ ခင္ေမာင္ၫြန႔္၏ အဆိုအရ၊ မုန႔္ဟင္းခါးခ်က္နည္းသည္ ေရွးနန္းတြင္း ဟင္းခ်က္နည္းမ်ိဳးစုံ စာရင္းတြင္ ရွာမေတြ႕ ခဲ့ျခင္းေၾကာင့္ သာမာန္ အရပ္သား လူအမ်ားတို႔ ၏အစားအစာသာ ျဖစ္နိုင္ေၾကာင္း။ ထို႔ေၾကာင့္ပင္ မည္သူတစ္ဦး တစ္ေယာက္မွ် အေရးတယူ မွတ္တမ္း မတင္ခဲ့ျခင္း ျဖစ္နိုင္ေၾကာင္း ဆိုသည္။


#ေယ်ဘဴယ်အသုံးျပဳေသာပစၥည္းမ်ား

#မုန႔္ဖတ္

ငါးအျဖစ္ (ငါးခူ၊ ငါးက်ည္း၊ ငါးၾကင္း၊ ငါးသေလာက္၊ ငါးရွဉ့္)အျပင္ အျခားေသာငါးမ်ား လည္းအသုံးျပဳေလ့ ရွိသည္။ 

ငါးႏွစ္မ်ိဳး သို႔မဟုတ္ သုံးမ်ိဳးစပ္ အသုံးျပဳျခင္းသည္ ငါးတစ္မ်ိဳးတည္း အသုံးျပဳျခင္း ထက္ ပိုေကာင္းသည္ ဟုဆိုသည္။

ငါးရွားပါးေသာ ေဒသမ်ားတြင္ ၾကက္သား၊ အမဲသားတို႔ကို အသုံးျပဳ ေလ့ရွိသည္။

ဆီ

ငံျပာရည္

ဆား

နႏြင္းမႈန႔္

ငွက္ေပ်ာအူ

ဆန္ေလွာ္မႈန႔္

ၾကက္သြန္နီ

ၾကက္သြန္ျဖဴ

ပဲမႈန႔္

ခ်င္း

င႐ုတ္ေကာင္း

စပါးလင္

အသုံးျပဳေသာ ပစၥည္းအမ်ိဳးအစားမ်ားမွာ ခ်က္လုပ္နည္း အေပၚတြင္ လည္ေကာင္း ေဒသအလိုက္ ရရွိနိုင္မႈ ေပၚတြင္ လည္ေကာင္း မူတည္၍ ကြဲျပားေလ့ရွိသည္။


#တြဲဖက္စားသုံးေလ့ရွိေသာပစၥည္းမ်ားအျပင္အဆင္

အေၾကာ္မ်ိဳးစုံ(ပဲေၾကာ္၊ ဘူးသီးေၾကာ္၊ ငါးဖယ္ေၾကာ္၊ ၾကက္သြန္ေၾကာ္၊ မႏၱေလးပဲေၾကာ္)

နံနံပင္

ေရွာက္သီး၊ သံပုရာသီး

ပဲသီး

ခရမ္းခ်ဥ္သီး

င႐ုတ္သီးအေလွာ္မႈန႔္

ၾကက္သြန္ၿမိတ္

ၾကက္ဥ၊ အိုးဘဲဥ

ပဲေသြး

ငါးသေလာက္ဥ

အီၾကာေကြး


#ေဒသအလိုက္ မုန႔္ဟင္းခါး

ျမန္မာနိုင္ငံ ေဒသအသီးသီးတြင္ ခ်က္လုပ္နည္းႏွင့္ အသုံးျပဳေသာ ပစၥည္းမ်ား ကြဲျပားမႈေၾကာင့္ အရသာ ႏွင့္ အျပင္အဆင္ လည္း အမ်ိဳးမ်ိဳး ကြဲျပား ၾကသည္။ အၾကမ္းဖ်င္းအားျဖင့္ ရန္ကုန္ႏွင့္ ဧရာဝတီျမစ္ဝကြၽန္းေပၚ ေဒသဟန္ မုန႔္ဟင္းခါးမ်ားမွာ လူႀကိဳက္အမ်ားဆုံး ျဖစ္သည္။

ရန္ကုန္မုန႔္ဟင္းခါး

ေမာ္လၿမိဳင္မုန႔္ဟင္းခါး ေခၚ (မုန႔္ဟင္းခါးအစို)

ေျမာင္းျမမုန႔္ဟင္းခါး

ပုသိမ္မုန႔္ဟင္းခါး

ဘိုကေလးမုန႔္ဟင္းခါး

ဟသၤာတမုန႔္ဟင္းခါး

ဖ်ာပုံမုန႔္ဟင္းခါး

အင္းေလးမုန႔္ဟင္းခါး

ေတာင္ငူမုန႔္ဟင္းခါး

ကရင္မုန႔္ဟင္းခါး

ရခိုင္မုန႔္ဟင္းခါး ေခၚ (အာပူလွ်ာပူ)

ထားဝယ္မုန႔္ဟင္းခါး

တပင္တိုင္မုန႔္ဟင္းခါး


#မုန႔္ဟင္းခါးယဥ္ေက်းမႈျပင္ဆင္

မုန႔္ဟင္းခါးသည္ ျမန္မာ့လူ႕အဖြဲ႕ အစည္းအတြင္းတြင္ နက္ရွိုင္းစြာ အျမစ္တြယ္ေနၿပီး ျဖစ္ေသာ အစားအစာ ျဖစ္သည့္ အားေလ်ာ္စြာ ေနရာ၊ ေဒသ၊ အခ်ိန္အခါ မေ႐ြး ရနိုင္ေသာ အစားအစာ ျဖစ္သည္။ နာမည္ေက်ာ္ ဆိုင္ႀကီး၊ ကနားႀကီး မ်ားတြင္ သာမက၊ လမ္ေဘး ပလက္ေဖါင္းေပၚရွိ ဆိုင္ငယ္ မ်ားတြင္လည္းေကာင္း၊ ဆိုင္းထမ္း၊ ေခါင္း႐ြက္ဗ်တ္ထိုး၊ လက္တြန္းလွည္း၊ ဆိုက္ကား မ်ားျဖင့္ လွည့္လည္ ေရာင္းခ်သဴမ်ား ထံတြင္ လည္ေကာင္း ဝယ္ယူ ရရွိနိုင္သည္။ ၿမိဳ႕ႀကီးအခ်ိဳ႕ရွိ ကားဂိတ္၊ သေဘၤာဆိပ္၊ ဘူတာ႐ုံ အစရွိသည့္ လူစည္ကားရာ အရပ္မ်ားတြင္ ၂၄နာရီ ပတ္လုံး ေရာင္းခ်သည့္ ဆိုင္မ်ား ရွိေလ့ ရွိသည္။


ထို႔အျပင္မုန႔္ဟင္းခါးသည္ ဘာသာမေ႐ြး စားသုံးနိုင္ျခင္းေၾကာင့္ အလႉမဂၤလာ၊ ဆြမ္းေကြၽး ကဲ့သို႔ သာေရး မ်ားမွ အသုဘ၊ နာေရး အထိ မပါမျဖစ္ေသာ အစားအစာ ျဖစ္သည္။ ယခုအခါတြင္ မုန႔္ဟင္းခါးသည္ ျမန္မာလူမ်ိဳးမ်ား သြားေရာက္ အလုပ္လုပ္ကိုင္၊ အေျခခ်ရာ စကၤာပူ၊ ထိုင္း၊မေလးရွား၊ ဂ်ပန္၊ ကိုရီးယား၊ၿဗိတိန္၊ အေမရိကန္ ႏွင့္ အျခားကမၻာ့ နိုင္ငံအမ်ားအျပားသို႔ ျမန္မာမ်ားႏွင့္ အတူ ပ်ံႏွံ႕ ေရာက္ရွိ လာခဲ့သည္။ ထို႔ေၾကာင့္ ျပည္ပေဈးကြက္ အတြက္ အထူးရည္႐ြယ္ ထုတ္လုပ္လာေသာ အသင့္ခ်က္ျပဳတ္နိုင္သည့္ မုန႔္ဟင္းခါးေျခာက္ထုပ္ မ်ားလည္း ေပၚေပါက္ လာခဲ့သည္။




ကိုးကား

Myanmar Travel Information, Monhinga Article [၁] Archived 5 January 2010 at the Wayback Machine.

History of Monhinga, Dr Khin Maung Nyunt [၂]

စားၿမိန္ဝိုင္း၊ ေဒၚေအးႀကိဳင္ႏွင့္ ေဒၚအမာနီ

ခရက္ဒစ္...ဝီကီပီးဒီးယား 

ေရွးေခတ္မုန္ဟင္းခါးေရာင္းခ်သည့္ပုံမ်ားကိုထည့္သြင္းေဖာ္ျပေပးထားပါသည္။

#CRDSaiMinThant


No comments: