Sunday, March 22, 2020

အာလူးထမင်းထောင်း _ ငါးဖယ်လုံး (ငါးအသားလုံး) _ မြေအိုးကြက်ဆီထမင်း _ငါးကင်နှင့် မန်ကျည်းဆော့စ်

ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်နှင့် ကြက်ကြော်
------------------------------------------------------


ကြက်ကြော်အတွက် လိုအပ်တာတွေကတော့-

• ဗမာကြက်  -  ၁ ကောင် (၄ ပိုင်းပိုင်းထားပါ)
• နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးအရောင်တင်မှုန့်  -  စားပွဲဇွန်း ၁/၂ ဇွန်း
• ကြက်သွန်ဖြူ  -  ၅၀ ဂရမ်
• ချင်း  -  ၃၀ ဂရမ်
• အသားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ကြက်သားပြုတ်ရန် ရေ  -  ၄ဝဝ မီလီလီတာ
• ကြက်ကြော်ရန် ဆီ

ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်အတွက် လိုအပ်တာတွေကတော့-
(၄ ပွဲစာအတွက်)
• ခရမ်းချဉ်သီးအမှည့်  -  ၈ လုံး
• ကြက်သွန်မြိတ်  -  ၄ ပင်
• ဆီ  -  စားပွဲဇွန်း ၈ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း _ ၄ပွဲ
 = လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ထမင်းဖြူ  -  ၁၇၅ ဂရမ် (ပန်းကန်လုံး ၁ လုံး) _
 ပန်းကန်လုံး ၄ လုံး
• မြေပဲဆန်ကြော်

ပြုလုပ်နည်း
၁။ ကြက်သားကို ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆား၊ အသားမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်တို့နှင့် နယ်ပြီး နှပ်ထားပါ။
၂။ ပြီးလျှင် ရေထည့်ပြီး ပြုတ်ပါ။ ကျက်လျှင် ဆယ်ယူထားပါ။
၃။ ပြီးလျှင် နီညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ယူထားပါ။
၎။ ခရမ်းချဉ်သီးအမှည့်ကို မီးဖုတ်ပြီး အခွံနွှာထားပါ။
၅။ ထမင်းသုပ်ဖို့အတွက် ဇလုံထဲ တစ်ယောက်စာ ထမင်းကို ပန်းကန်လုံးတစ်လုံးစာ (၁၇၅ ဂရမ်) ထည့်ပါ။ မီးဖုတ်ထားတဲ့ ခရမ်းချဉ်သီး၂ လုံးကို ခြေပြီးထည့်ပါ။ ဆီ ၁ ဇွန်းထည့်ပါ။ ပြီးလျှင် ဆားထည့်ပြီး နယ်ပါ။
၆။ ပြီးလျှင် အနီရောင်သန်းနေတဲ့ ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ် ရပါပြီ။ အဆင်သင့်ကြော်ထားတဲ့ ကြက်ကြော်၊ မြေပဲဆန်ကြော်၊ ကြက်သွန်မြိတ်တို့နှင့် သုံးဆောင်ပါ။
---------------------------
Myint Oo Tha

အာလူးထမင်းထောင်း
--------------------------


ပါဝင်ပစ္စည်းများ
• ထမင်း  -  ၁ ပွဲ
• အာလူးပြုတ်  -  ၁ လုံး (၆၀ ဂရမ်)
• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
• မြေပဲထောင်း  -  စားပွဲဇွန်း ၁ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်
• ငရုတ်သီးကြော်  -  အနည်းငယ် (တွဲစားရန်)
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၁ ဇွန်း
• နံနံပင်  -  အနည်းငယ်
• ဂျူးမြစ်  -  အနည်းငယ် (အနေတော်လှီးပါ)
• ခရမ်းချဉ်သီး  -  ၁ လုံး (အနေတော်လှီးပါ)

ပြုလုပ်နည်း
၁။ ပြုတ်ထားသောအာလူးကို အနေတော်လှီးပြီး ညက်အောင် ထောင်းပါ။
၂။ ထမင်း အနည်းငယ်ထည့်ပြီး ထောင်းပါ။
၃။ ပန်းကန်ထဲ ထောင်းထားတဲ့ အာလူးနှင့် ထမင်း၊ ဆား၊ သကြားအနည်းငယ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက်နှင့် မြေပဲထောင်း
တို့ကို ထည့်နယ်ပါ။
--------------------------------
Eant Wint Htut

ငါးဖယ်လုံး (ငါးအသားလုံး)
---------------------------------


 ငါးဖယ်ကို ဟော့ပေါ့ထဲမှာ ထည့်စားဖို့အတွက်ပဲဖြစ်ဖြစ်၊ ကလေးတွေအတွက် ခေါက်ဆွဲပြုတ်ထဲပဲ ထည့်ထည့် အဆင်ပြေစေဖို့ ရယ်ဒီမိတ်ထက် အိမ်လုပ် အသားလုံး၊ ငါးလုံး တွေက သန့်ရှင်းလတ်ဆတ်တာမို့ ကလေးအတွက် အသင့်တော်ဆုံးပါပဲ။ လုပ်ရတာလည်း လွယ်ကူပြီး လေလုံအိတ်နဲ့ ခဲထားရင် တစ်လလောက်အထိ အထားခံပါတယ်။

လုပ်ကြည့်ရအောင်နော်...။
လိုအပ်တာတွေက-
 ငါးဖယ် ၁၀ ကျပ်သားကို အလုံး ၃၀ ရပါတယ်။

ပါဝင်ပစ္စည်းများ
• ငါးဖယ်  -  ၁၀ ကျပ်သား
• ဆား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်အဖြူ  -  အနည်းငယ်
• ပြောင်းကော်မှုန့်  -  ထမင်းစားဇွန်း ၂ ဇွန်း (မောက်မောက်)
• ကွကျဥ  -  ၁ လုံး

ပြုလုပ်နည်း
၁။ အသားကြိတ်စက်ဖြင့် ပါဝင်ပစ္စည်းများကို ချောမွတ်နေအောင် ကြိတ်ပါ။
၂။ ကြိတ်ပြီးသားကို ရေခဲသေတ္တာထဲ တစ်ညထားပါ။
၃။ ရေနွေးကို ဆူပွက်နေအောင်တည်ပြီး ဆူပွက်လာလျှင် မီးအနည်းဆုံးလျှော့ချ ကာ ဇွန်း ၂ ချောင်းကို သုံး၍ လုံးပြီး ၁၀ မိနစ်ခန့် ပြုတ်ပါ။
 အချိန်စေ့လျှင် ရေခဲရေထဲ မိနစ် ၃၀ ခန့် စိမ်၍ ရေစစ်ပြီး ဇစ်အိတ်ဖြင့် လေလုံ အောင် ပိတ်ကာ အခဲခန်းအတွင်းမှာ သိမ်းပြီး လိုအပ်သလို အသုံးပြုပါ။
-----------------------------
May's Healthy Food

မြေအိုးကြက်ဆီထမင်း
--------------------------


 ဒါကတော့ မြေအိုးကြက်ဆီထမင်းချက်နည်းလေးပါ။ အိမ်မှာ လူနည်းတာပဲဖြစ်ဖြစ်၊ အိမ်သားတွေ  အစားမညီတာပဲဖြစ်ဖြစ် မိမိစားချင်တာကို ချက်မစားရဘူးဆိုတာ မဖြစ်ရလေ အောင် ရည်ရွယ်ပါတယ်။ တစ်ယောက်စာ တစ်အိုးလေးကို ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြာ အချိန်လေးပေးရုံနဲ့ ချက်စားလို့ရပါတယ်။

ကြက်ဆီထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
• ရှမ်းဆန်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ပေါင်  -  ၁ ချောင်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ပြုတ်ရည်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ဆီဖတ်  -  ၁ ဖတ်
• ကြက်သွန်ဖြူ  -  ၁ လုံး
• ချင်း  -  ၅ ပြား (ပါးပါးလွှာထားပါ)
• ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• နံနံပင်အမြစ်  -  ၂ ပင်
• ကွကျဥ  -  ၁ လုံး

ပြုလုပ်နည်း
 ဦးစွာ ကြက်ဆီဖတ်ကို ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် မီးအေးအေးနဲ့ ကြော်ပါ။ လွှာထားသော ချင်းကို ထည့်ပါ။ ကြက်ဆီဖတ်များြွကပ်ရွလာလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပြီးြွကပ်ရွလာလျှင် ရပါပြီ။ ကြက်ပေါင်လုံးကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ပြုတ်ပါ။ ပြုတ်သည့်အခါ အဖုံးဖွင့်ပြီး ပြုတ်လျှင် ကြည်လင်သော ကြက်ပြုတ်ရည်ကို ရပါမယ်။ ကြက်သားနူးပြီဆိုလျှင် ကြက်ဆီထမင်း ချက်လို့ရပါပြီ။ ဆန်ကို ရေဆေးပြီး ရေကုန်အောင် စစ်ထားပါ။ ချက်မည့်မြေအိုးထဲ နံနံပင်အမြစ်
၂ ပင်ထည့်ပါ။ ဆန်ထည့်ထားပါ။ ကြက်ပြုတ်ရည်ထဲ ဆားနှင့် သကြား ပျော်ဝင်အောင်မွှေပြီး ဆန်ထည့်ထားသော မြေအိုးထဲ လောင်းထည့်ပါ။ ကြက်ဆီကို စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး အဖုံးအုပ် တည်ပါ။ မီးအလယ်အလတ်နဲ့တည်ပြီး ဆူလာလျှင်လုံးဝ မီးလျှော့ချတည်ပါ။ ရေခန်းစပြုလာလျှင် ကြက်ပေါင်နှင့် ပြုတ်ထားသောကြက်ဥကို ခြမ်းထည့်ပြီး အဖုံးအုပ်ထားပါ။ ရေခန်းပြီး အငွေ့လှိုင် လာလျှင် မီးပိတ်၍ မီးဖိုပေါ်မှာ ၁ မိနစ်ခန့်ထားပြီး သုံးဆောင်လို့ရပါပြီ။
-----------------------------
ပန်းခရေ

ငါးကင်နှင့် မန်ကျည်းဆော့စ်
--------------------------------


ပါဝင်ပစ္စည်းများ
• ကကတစ်ငါး  -  ၁ ကောင် (၅ဝဝ ဂရမ်)
• ငရုတ်ကောင်း  -  ၂ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၅ ဂရမ်
• ငရုတ်သီးစိမ်း  -  ၅ တောင့်
• ရှမ်းနံနံ  -  ၁၀ ဂရမ်
• ခရမ်းချဉ်သီးဆော့စ်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• လီမွန်သီး  -  ၁ ခြမ်း
• ရုံပတီသီး  -  ၇ တောင့်
• ဆလတ်ရွက်  -  ၁ စည်း
မန်ကျည်းဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• မန်ကျည်းအနှစ်  -  ၈ဝဝ မီလီလီတာ
• ထန်းလျက်  -  ၁ဝဝ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• သီဟိုဠ်စေ့  -  ၁ဝဝ ဂရမ်
• နံနံမြစ်  -  ၅ ပင်
• ကြက်သွန်ဖြူ  -  ၄၅  ဂရမ်
• ငရုတ်သီးစိမ်းအနီ  -  ၇ တောင့်
• ငရုတ်သီးစိမ်းအသေး  -  ၁၅ တောင့်
• နံနံပင်  -  ၁၀ ဂရမ်

ပြုလုပ်နည်း
၁။ ငါးကို သေချာစွာ ဆေးကြောသန့်စင်၍ အလယ်ရိုးထုတ်ပြီး ဓားဖြင့် မွှန်းပါ။
၂။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ရှမ်းနံနံတို့ကို ကျေညက်အောင် ထောင်း ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်၊ ဆီ၊ ဆားနှင့် ငရုတ်သီးအစိမ်း မှုန့်တို့ကို ထပ်မံထည့်ပါ။ လီမွန်သီးကို ပါးပါးလှီး၍ အရည်ညှစ်ထည့်ပြီး အားလုံးကို သမအောင် နယ်ပါ။
၃။ ပန်းကန်ထဲမှာ နယ်ထားသော အရသာဆော့စ်ကို ကင်မည့် ငါးမှာ သေချာစွာ သုတ်နယ် ပေးပါ။
၎။ ခဲပတ်ကို ငါးတစ်ကောင်ကင်မည့်အနေအထား ဖြတ်ယူထားပါ။ ပထမဦးစွာ ခဲပတ်ကို ခင်းပါ။ ခဲပတ်အပေါ်မှာ ငှက်ပျောရွက်ခင်းပြီး အရသာနယ်ထားသော ငါးကို တင်ပါ။ ငါးအပေါ်မှာ ငှက်ပျောရွက်ထပ်တင်ပြီး ခဲပတ်ကို သေချာလုံခြုံစွာ ထုပ်ပိုးပါ။ ခဲပတ်ဖြင့် ထုပ်ပိုးပြီးသော ငါးကို မီးဖြင့် ကျက်အောင် သေချာစွာကင်ပါ။
၅။ မန်ကျည်းဆော့စ်အတွက် သီဟိုဠ်စေ့ကို ကျေညက်အောင်ထောင်းပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပါ။ နံနံမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီနှင့် ငရုတ်သီးစိမ်းအသေးတို့ကို လည်း ကျေညက်အောင် ထောင်းပါ။ အနှစ်တိုက်ထားသော မန်ကျည်းအနှစ်၊ ငံပြာရည် နှင့် ထန်းလျက်တို့ကို အိုးတစ်လုံးထဲ ထည့်၍ မီးအေးအေးဖြင့် ဆူအောင် တည်ပြီး အအေးခံ ထားပါ။
၆။ ပန်းကန်ထဲ အအေးခံထားသော မန်ကျည်းနှစ်အရည်၊ ထောင်းထားသော သီဟိုဠ်စေ့၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး သေချာစွာမွှေပါ။
၇။ ငါးကင်နှင့်တွဲစားမည့် ရုံးပတီသီးကို မီးအေးအေးဖြင့် ကင်ပါ။
၈။ ကင်ထားသော ငါးကင်၊ မန်ကျည်းဆော့စ်နှင့် ရုံးပတီသီးကင်၊ ဆလတ်ရွက်တို့ကို တွဲဖက် စားသုံးနိုင်ပါပြီ။
-----------------------------------
 Htain Lin Maung 

No comments: