Wednesday, February 26, 2020

ပဋိညာဥ္ ဆိုတာ ဘာလဲ?


(Zawgyi)

#ပဋိညာဥ္ ဆိုတာ ဘာလဲ?

#ပဋိညာဥ္ ဆိုတာ ဘာလဲ၊ ဘယ္လို ပဋိညာဥ္ဟာ တရားဝင္သလဲ၊ ဘယ္လို ပဋိညာဥ္မ်ိဳးဟာ အလိုအေလ်ာက္ ပ်က္ျပယ္ တတ္သလဲ ဆိုတာေတြကို သိထားသင့္ပါတယ္။
...
ပထမဆုံး အေနနဲ႔ ပဋိညာဥ္ တစ္ခု ျဖစ္ဖို႔ ကမ္းလွမ္းခ်က္ (Proposal) နဲ႔ လက္ခံခ်က္ (Acceptance)  ၂ ခု လိုပါတယ္။ ေကာင္မေလး တစ္ေယာက္ကို ရည္းစားစကား သြားေျပာ ပရိုပို႔စ္ လုပ္ရင္ သူက ျပန္ၿပီး လက္ခံမွ ရည္းစား ျဖစ္တာပါ။ သူက လက္မခံဘဲနဲ႔ ငါကနင့္ရဲ့ ဘြိဳင္းဖရင္း နံပါတ္တူး ေအာ္ေနလို႔ေတာ့ ရည္းစား မျဖစ္ပါဘူး။ ဒါေပမယ့္ ပဋိညာဥ္ တစ္ခု ျဖစ္ဖို႔ကေတာ့ အဲဒီထက္ပိုၿပီး ရွုပ္ေထြးပါတယ္။
...
ပဋိညာဥ္ ျဖစ္ဖို႔ ကမ္းလွမ္းခ်က္ တစ္ခု ကို လုပ္လိုက္တယ္ ဆိုရင္ တျခား တစ္ဘက္က လက္ခံတယ္ ဆိုရင္ ပထမ အဆင့္အေနနဲ႔ ကတိ တစ္ခု ျဖစ္လာပါတယ္။ ဥပမာ အားျဖင့္ ကၽြန္ေတာ္က ကန္ထရိုက္တာ တစ္ေယာက္ကို ငါ့အိမ္ကို မင္းေဆာက္ေပးလို႔ ကမ္းလွမ္းတာဟာ ကမ္းလွမ္းခ်က္ ျဖစ္ပါတယ္။ အဲဒီ အခါမွာ ကန္ထရိုက္တာက ေဆာက္ေပးမယ္လို႔ သေဘာတူရင္ ကတိ ျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ဆက္ၿပီး ေအး မင္းသေဘာတူတယ္ဆိုရင္ ပိုက္ဆံ တျပားမွ မေပးေတာ့ဘူး။ အလကားေဆာက္ေပးေတာ့။ မင္းကတိေပးၿပီးၿပီ လို႔ ေျပာလို႔ မရပါဘူး။ ဥပေဒ ေၾကာင္းအရ ကတိကေန ေနာက္တစ္ဆင့္ သေဘာတူညီခ်က္ (Agreement) ျဖစ္ဖို႔ အတြက္ အဖိုးစားနား (Consideration) လိုလာပါတယ္။ အဖိုးစားနား လို႔ ျမန္မာလို ျပန္ေပမယ့္ အဖိုးစားနား ဆိုတာ ေငြေၾကး တန္ဖိုး တစ္ခုတည္းကို ဆိုလိုတာ မဟုတ္ပါဘူး။ ဥပမာ အားျဖင့္ ကန္ထရိုက္ကို မင္း ငါ့အိမ္ကို ေဆာက္ေပး။ မင္းကို ငါ့ရဲ့ တျခား ေျမကြက္မွာ ၁၀ ႏွစ္ အလကားေပးေနမယ္ လို႔ ကမ္းလွမ္းရင္လည္း ဒါဟာ အဖိုးစားနား ျဖစ္ပါတယ္။ ဘာမွ မေပးဘဲနဲ႔ အလကားပဲတင္း ကုန္းဆင္း ဖလာႀကိတ္လို႔ေတာ့ ဥပေဒ အရ မရပါဘူး။ ကတိတစ္ခုမွာ အဖိုးစားနား ပါလာခဲ့ရင္ အဲဒီ ကတိဟာ သေဘာတူညီခ်က္ ျဖစ္လာပါတယ္။ ဒါေပမယ့္ သေဘာတူညီခ်က္တိုင္းဟာလည္း ပဋိညာဥ္ မဟုတ္ပါဘူး။ ပဋိညာဏ္ ျဖစ္ဖို႔ အတြက္ ေနာက္တစ္ဆင့္ ထပ္လိုပါေသးတယ္။
...
သေဘာတူညီခ်က္ဟာ ဥပေဒ အေၾကာင္းရ ေဖာ္ေဆာင္နိုင္တယ္ ဆိုမွသာ အဲဒါဟာ ပဋိညာဥ္ ျဖစ္လာပါတယ္။ ဥပမာ အေလာင္းအစား အေနနဲ႔ သေဘာတူထားတဲ့ သေဘာတူညီခ်က္ဟာ ဥပေဒ အရ တရားမဝင္ ဥပေဒေၾကာင္း အရ မေဖာ္ေဆာင္နိုင္တဲ့ အတြက္ ပဋိညာဥ္ တစ္ခု ျဖစ္မလာနိုင္ပါဘူး။
ကမ္းလွမ္းခ်က္ ဆိုတာကို ထပ္ၿပီးရွင္းရရင္ ကမ္းလွမ္းခ်က္ဆိုတာ တစ္စုံတစ္ဦးကို ဦးတည္ၿပီး ကမ္းလွမ္းတာ ျဖစ္နိုင္သလို တစ္စုံတစ္ဦးကို ဦးတည္တာ မဟုတ္ဘဲ ကမ္းလွမ္းတာလည္း ျဖစ္နိုင္ပါတယ္။ ဥပမာ အားျဖင့္ ကုမၸဏီ တစ္ခုက လုပ္ငန္း တစ္ခု အတြက္ တင္ဒါေခၚတယ္ ဆိုရင္ အဲဒီလို တင္ဒါေခၚတာဟာ အမ်ားကို ကမ္းလွမ္းတာပါ။ ဒါေပမယ့္ ဒီတင္ဒါကို ဝင္ၿပိဳင္တာနဲ႔ ဒီကမ္းလွမ္းခ်က္ကို လက္ခံတယ္လို႔ ေခၚလို႔ မရေသးပါဘူး။ ဘာျဖစ္လို႔လည္း ဆိုေတာ့ တင္ဒါစေခၚကတည္းက ကမ္းလွမ္းတယ္လို႔ ဆိုေပမယ့္ တင္ဒါဝင္ၿပိဳင္တဲ့ ကုမၸဏီေတြဘက္က ပစၥည္းနဲ႔ ေဈးႏွုန္းကို တင္ဒါေခၚတဲ့ ကုမၸဏီ ဘက္က ျပန္စစ္ၿပီးမွ လက္ခံမယ္ ဆိုတဲ့ အဆင့္တစ္ဆင့္ က်န္ေနေသးလို႔ပါ။ အဲဒီေတာ့ တင္ဒါဝင္ၿပိဳင္တဲ့ ကုမၸဏီေတြဘက္က ေဈးႏွုန္းတင္ျပတာဟာ လက္ခံခ်က္ မဟုတ္ပဲ တန္ျပန္ ကမ္းလွမ္းခ်က္ (Counter Proposal ) အေနနဲ႔သာ ရွိပါတယ္။ အဲဒီ တန္ျပန္ ကမ္းလွမ္းခ်က္ကို တင္ဒါ ေခၚတဲ့ ကုမၸဏီဘက္က လက္ခံမွသာ ကတိ နဲ႔ ေနာက္တဆင့္ သေဘာတူညီခ်က္နဲ႔ ေနာက္ဆုံး ပဋိညာဥ္ ျဖစ္လာပါတယ္။
...
သတိထားရမယ့္ အခ်က္တစ္ခုက ကုမၸဏီေတြ အေနနဲ႔ ကိုယ့္ကုမၸဏီရဲ့ ကုန္ပစၥည္း ဝန္ေဆာင္မွုကို ေၾကာ္ျငာတဲ့ အခါ ေၾကာ္ျငာစာသားမွာပါတဲ့ စာသားေတြကို တာဝန္ယူဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ဥပေဒ ေၾကာင္းအရ အဲဒီစာသားေတြဟာ ကမ္းလွမ္းခ်က္ ျဖစ္ေနလို႔ပါ။ ကိုယ့္ဆီက ဝယ္ယူသူေတြအေနနဲ႔ ေၾကာ္ျငာ စာသား အတိုင္း မမွန္ခဲ့ရင္ ပဋိညာဥ္ ဥပေဒနဲ႔ တရားစြဲခြင့္ ရွိေနပါတယ္။
...
ပဋိညာဥ္ ျပဳတဲ့ အခါ တစ္ခ်ိဳ႕ေသာ အေျခအေနေတြဟာ တရားမဝင္ တာရွိပါတယ္။ ဥပမာ အသက္ မျပည့္ေသးတဲ့ ကေလးနဲ႔ ခ်ဳပ္တဲ့ စာခ်ဳပ္ဟာ တရားမဝင္ပါဘူး။ ႐ူးေနတဲ့သူနဲ႔  ခ်ဳပ္တဲ့ စာခ်ဳပ္ဟာ တရား မဝင္ပါဘူး။ မူး႐ူးျပဲကြဲၿပီး လူမွန္း သူမွန္း မသိေအာင္ မူးေနတဲ့သူနဲ႔ ခ်ဳပ္တဲ့စာခ်ဳပ္ဟာလည္း တရားမဝင္ပါဘူး။ ေနာက္တစ္ခ်က္ ပဋိညာဥ္ ျပဳလို႔ မရတဲ့သူနဲ႔ ပဋိညာဥ္ ျပဳရင္ တရားမဝင္ပါဘူး။ ျမန္မာနိုင္ငံ ကုမၸဏီ အက္ဥပေဒ အရ သင္းဖြဲ႕စည္းမ်ဥ္းမွာ လုပ္ေဆာင္ခြင့္ရွိတဲ့ လုပ္ငန္းေတြကို ျပထားပါတယ္။ အဲဒီ အထဲမွာ ေဖာ္ျပမထားတဲ့ လုပ္ငန္းကို အဲဒီကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ရင္ အဲဒီ စာခ်ဳပ္ဟာ တရားမဝင္ပါဘူး။
...
ေနာက္တစ္ခုက ပဋိညာဥ္ ျပဳတဲ့သူဘက္က လြတ္လပ္ေသာ သေဘာဆႏၵ (Free Consent) နဲ႔ ျပဳဖို႔ လိုအပ္ပါတယ္။ လြတ္လပ္တဲ့ သေဘာဆႏၵဆိုတဲ့ ေနရာမွာ အဲဒီလူကို အတင္းအၾကပ္ ပဋိညာဥ္ ျပဳခိုင္းတာမ်ိဳး ဟာ တရားမဝင္ပါဘူး။ ေကာင္မေလးကို အေျဖမေပးရင္ ဖက္နမ္းမယ္လို႔ ေျပာတာ (မေတာ္ရင္ ေဂ်းပါ ေအာင္းရနိုင္တယ္) အခ်စ္ေရးမွာ ရေပမယ့္ ပဋိညာဥ္ ျပဳတဲ့ေနရာ ေကာင္မေလးကို စာခ်ဳပ္ လက္မွတ္ မထိုးရင္ ဖက္နမ္းမယ္လို႔ ၿခိမ္းေျခာက္ၿပီး ထိုးခိုင္းတာမ်ိဳးဟာ တရား မဝင္ပါဘူး။ ေနာက္တစ္ခုက ၿခိမ္းေျခာက္တာ မဟုတ္ေပမယ့္ တစ္စုံတစ္ေယာက္ကို ဩဇာအာဏာနဲ႔ လႊမ္းမိုးၿပီး လုပ္ခိုင္းတဲ့ ပဋိညာဥ္ဟာ တရားမဝင္ပါဘူး။ ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္ တစ္ခုရွိပါတယ္။ အဲဒါကေတာ့ မလိမ့္တပတ္ ဘတ္ကီးရိုက္ၿပီး လုပ္တဲ့ ပဋိညာဥ္ မ်ိဳးပါ။ သူတစ္ပါး သတိမထားမိတဲ့ ကိစၥ တစ္ခုကို သိသိႀကီးနဲ႔ ဖုံးကြယ္ထားၿပီး ဂ်င္းထည့္တာ၊ မဟုတ္တဲ့ အရာတစ္ခုကို အဟုတ္လို လုပ္တာ ဟာပဋိညာဥ္ မေျမာက္ပါဘူး။ ဥပမာ အေနနဲ႔ အာမခံ ကုမၸဏီက သူ႔ဆီမွာ အာမခံ ထားတဲ့သူကို အာမခံထားတဲ့ေနရာမွာ လိုအပ္တဲ့ စည္းမ်ဥ္းစည္းကမ္းကို လ်ိဳ႕ဝွက္ထားၿပီး ေနာက္မွ ဒါေတြ သိလို႔ လက္မွတ္ ထိုးထားတာပဲ မဟုတ္လားလို႔ လုပ္လို႔ မရပါဘူး။ ကိုယ္နဲ႔ ပဋိညာဥ္ လုပ္တဲ့သူကို မကြယ္မဝွက္ အရင္း အတိုင္း ခ်ျပဖို႔ လိုပါတယ္။ အာမခံ ကုမၸဏီ တစ္ခုနဲ႔ လူတစ္ေယာက္ အမွု ျဖစ္တဲ့ အခါ အာမခံ ကုမၸဏီက စည္းမ်ဥ္း စည္းကမ္းေတြကို ဖတ္မရေအာင္ စာလုံး အေသးနဲ႔ ေရးထားၿပီး အေပၚမွာလည္း ပိုၿပီး ခက္ခဲေအာင္ တံဆိပ္တုံး ထပ္ႏွိပ္ထားတဲ့ အတြက္ လုံေလာက္တဲ့ ပြင့္လင္းျမင္သာမွု မရွိဘူးလို႔ ယူဆၿပီး တရားသူႀကီးက အာမခံ ကုမၸဏီကို တရားစြဲတဲ့သူကို အနိုင္ေပးလိုက္ပါတယ္။  အေၾကာင္းအရာ တစ္ခုကို သိလၽွက္နဲ႔ တမင္မေျပာတာ၊ အမွန္အတိုင္း မေျပာတာဟာ ဖုံးကြယ္တာပါပဲ။။ အဲဒီလို ဖုံးကြယ္တာမ်ိဳးကို လိမ္လည္တယ္လို႔ ေခၚပါတယ္။ တခါတေလ ဖုံးကြယ္တာမဟုတ္ဘဲ ရိုးရိုးသားသား မသိလို႔ ေျပာမိတာလည္း ရွိပါတယ္။ ဒါကိုေတာ့ အလြဲေျပာဆိုတယ္လို႔ ေခၚပါတယ္။ လိမ္တာပဲ ျဖစ္ျဖစ္ အလြဲေျပာတာပဲျဖစ္ျဖစ္ ဘယ္လိုပဲ ျဖစ္ျဖစ္ မွားယြင္းေျပာဆိုတာဟာ ပဋိညာဥ္ကို ပ်က္ျပယ္ေစနိုင္ပါတယ္။ ကၽြန္ေတာ္ အဓိက ေရးခ်င္တဲ့ အေၾကာင္းက အဲဒါပါ။ တစ္ခါတစ္ေလမွာ ကိုယ္နဲ႔စာခ်ဳပ္ခ်ဳပ္တဲ့သူဘက္က တစ္ခ်ိဳ႕စာပိုဒ္ေတြကို ဝိုးတိုးဝါးတားေရး မလိမ့္တပတ္လုပ္ၿပီး ကိုယ့္ကို ဂ်င္းထည့္တာမ်ိဳး ရွိတတ္ပါတယ္။ အဲဒီလို လုပ္တာဟာ တရားမဝင္ဘူး စာခ်ဳပ္မွာ ကိုယ္လက္မွတ္ထိုးထားသည့္တိုင္ေအာင္ သူတို႔ ဘက္က လုပ္ပိုင္ခြင့္ မရွိဘူး ဆိုတာကို ရွင္းရွင္းလင္းလင္းႀကီးကို သိဖို႔လိုပါတယ္။ မပ်င္းေသးရင္ေတာ့ ေနာက္တစ္ပိုင္း ဆက္ေရးပါဦးမယ္။ အခုေတာ့ ဒီေနရာတြင္ ရပ္ပါ့မယ္။
...
အမ္ဘီေအ သင္တန္းမွာတုန္းက ပဋိညာဥ္ ဥပေဒ အေၾကာင္း အေသးစိတ္ သင္ျပေပးတဲ့ ဆရာဦးေမာင္ေမာင္ (ေမာ္ကၽြန္း)ကို အထူးေက်းဇူးတင္တဲ့ အေၾကာင္း ဒီေနရာကေန ေျပာပါရေစ။

မူရင္း - ကိုေဇာ္သက္ေအာင္
​ေဒၚလွလွ​ေမာ္

(Unicode )

#ပဋိညာဉ် ဆိုတာ ဘာလဲ?

#ပဋိညာဉ် ဆိုတာ ဘာလဲ၊ ဘယ်လို ပဋိညာဉ်ဟာ တရားဝင်သလဲ၊ ဘယ်လို ပဋိညာဉ်မျိုးဟာ အလိုအလျောက် ပျက်ပြယ် တတ်သလဲ ဆိုတာတွေကို သိထားသင့်ပါတယ်။
...
ပထမဆုံး အနေနဲ့ ပဋိညာဉ် တစ်ခု ဖြစ်ဖို့ ကမ်းလှမ်းချက် (Proposal) နဲ့ လက်ခံချက် (Acceptance)  ၂ ခု လိုပါတယ်။ ကောင်မလေး တစ်ယောက်ကို ရည်းစားစကား သွားပြော ပရိုပို့စ် လုပ်ရင် သူက ပြန်ပြီး လက်ခံမှ ရည်းစား ဖြစ်တာပါ။ သူက လက်မခံဘဲနဲ့ ငါကနင့်ရဲ့ ဘွိုင်းဖရင်း နံပါတ်တူး အော်နေလို့တော့ ရည်းစား မဖြစ်ပါဘူး။ ဒါပေမယ့် ပဋိညာဉ် တစ်ခု ဖြစ်ဖို့ကတော့ အဲဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။
...
ပဋိညာဉ် ဖြစ်ဖို့ ကမ်းလှမ်းချက် တစ်ခု ကို လုပ်လိုက်တယ် ဆိုရင် တခြား တစ်ဘက်က လက်ခံတယ် ဆိုရင် ပထမ အဆင့်အနေနဲ့ ကတိ တစ်ခု ဖြစ်လာပါတယ်။ ဥပမာ အားဖြင့် ကျွန်တော်က ကန်ထရိုက်တာ တစ်ယောက်ကို ငါ့အိမ်ကို မင်းဆောက်ပေးလို့ ကမ်းလှမ်းတာဟာ ကမ်းလှမ်းချက် ဖြစ်ပါတယ်။ အဲဒီ အခါမှာ ကန်ထရိုက်တာက ဆောက်ပေးမယ်လို့ သဘောတူရင် ကတိ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆက်ပြီး အေး မင်းသဘောတူတယ်ဆိုရင် ပိုက်ဆံ တပြားမှ မပေးတော့ဘူး။ အလကားဆောက်ပေးတော့။ မင်းကတိပေးပြီးပြီ လို့ ပြောလို့ မရပါဘူး။ ဥပဒေ ကြောင်းအရ ကတိကနေ နောက်တစ်ဆင့် သဘောတူညီချက် (Agreement) ဖြစ်ဖို့ အတွက် အဖိုးစားနား (Consideration) လိုလာပါတယ်။ အဖိုးစားနား လို့ မြန်မာလို ပြန်ပေမယ့် အဖိုးစားနား ဆိုတာ ငွေကြေး တန်ဖိုး တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ အားဖြင့် ကန်ထရိုက်ကို မင်း ငါ့အိမ်ကို ဆောက်ပေး။ မင်းကို ငါ့ရဲ့ တခြား မြေကွက်မှာ ၁၀ နှစ် အလကားပေးနေမယ် လို့ ကမ်းလှမ်းရင်လည်း ဒါဟာ အဖိုးစားနား ဖြစ်ပါတယ်။ ဘာမှ မပေးဘဲနဲ့ အလကားပဲတင်း ကုန်းဆင်း ဖလာကြိတ်လို့တော့ ဥပဒေ အရ မရပါဘူး။ ကတိတစ်ခုမှာ အဖိုးစားနား ပါလာခဲ့ရင် အဲဒီ ကတိဟာ သဘောတူညီချက် ဖြစ်လာပါတယ်။ ဒါပေမယ့် သဘောတူညီချက်တိုင်းဟာလည်း ပဋိညာဉ် မဟုတ်ပါဘူး။ ပဋိညာဏ် ဖြစ်ဖို့ အတွက် နောက်တစ်ဆင့် ထပ်လိုပါသေးတယ်။
...
သဘောတူညီချက်ဟာ ဥပဒေ အကြောင်းရ ဖော်ဆောင်နိုင်တယ် ဆိုမှသာ အဲဒါဟာ ပဋိညာဉ် ဖြစ်လာပါတယ်။ ဥပမာ အလောင်းအစား အနေနဲ့ သဘောတူထားတဲ့ သဘောတူညီချက်ဟာ ဥပဒေ အရ တရားမဝင် ဥပဒေကြောင်း အရ မဖော်ဆောင်နိုင်တဲ့ အတွက် ပဋိညာဉ် တစ်ခု ဖြစ်မလာနိုင်ပါဘူး။
ကမ်းလှမ်းချက် ဆိုတာကို ထပ်ပြီးရှင်းရရင် ကမ်းလှမ်းချက်ဆိုတာ တစ်စုံတစ်ဦးကို ဦးတည်ပြီး ကမ်းလှမ်းတာ ဖြစ်နိုင်သလို တစ်စုံတစ်ဦးကို ဦးတည်တာ မဟုတ်ဘဲ ကမ်းလှမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အားဖြင့် ကုမ္ပဏီ တစ်ခုက လုပ်ငန်း တစ်ခု အတွက် တင်ဒါခေါ်တယ် ဆိုရင် အဲဒီလို တင်ဒါခေါ်တာဟာ အများကို ကမ်းလှမ်းတာပါ။ ဒါပေမယ့် ဒီတင်ဒါကို ဝင်ပြိုင်တာနဲ့ ဒီကမ်းလှမ်းချက်ကို လက်ခံတယ်လို့ ခေါ်လို့ မရသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ တင်ဒါစခေါ်ကတည်းက ကမ်းလှမ်းတယ်လို့ ဆိုပေမယ့် တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေဘက်က ပစ္စည်းနဲ့ ဈေးနှုန်းကို တင်ဒါခေါ်တဲ့ ကုမ္ပဏီ ဘက်က ပြန်စစ်ပြီးမှ လက်ခံမယ် ဆိုတဲ့ အဆင့်တစ်ဆင့် ကျန်နေသေးလို့ပါ။ အဲဒီတော့ တင်ဒါဝင်ပြိုင်တဲ့ ကုမ္ပဏီတွေဘက်က ဈေးနှုန်းတင်ပြတာဟာ လက်ခံချက် မဟုတ်ပဲ တန်ပြန် ကမ်းလှမ်းချက် (Counter Proposal ) အနေနဲ့သာ ရှိပါတယ်။ အဲဒီ တန်ပြန် ကမ်းလှမ်းချက်ကို တင်ဒါ ခေါ်တဲ့ ကုမ္ပဏီဘက်က လက်ခံမှသာ ကတိ နဲ့ နောက်တဆင့် သဘောတူညီချက်နဲ့ နောက်ဆုံး ပဋိညာဉ် ဖြစ်လာပါတယ်။
...
သတိထားရမယ့် အချက်တစ်ခုက ကုမ္ပဏီတွေ အနေနဲ့ ကိုယ့်ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှုကို ကြော်ငြာတဲ့ အခါ ကြော်ငြာစာသားမှာပါတဲ့ စာသားတွေကို တာဝန်ယူဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဥပဒေ ကြောင်းအရ အဲဒီစာသားတွေဟာ ကမ်းလှမ်းချက် ဖြစ်နေလို့ပါ။ ကိုယ့်ဆီက ဝယ်ယူသူတွေအနေနဲ့ ကြော်ငြာ စာသား အတိုင်း မမှန်ခဲ့ရင် ပဋိညာဉ် ဥပဒေနဲ့ တရားစွဲခွင့် ရှိနေပါတယ်။
...
ပဋိညာဉ် ပြုတဲ့ အခါ တစ်ချို့သော အခြေအနေတွေဟာ တရားမဝင် တာရှိပါတယ်။ ဥပမာ အသက် မပြည့်သေးတဲ့ ကလေးနဲ့ ချုပ်တဲ့ စာချုပ်ဟာ တရားမဝင်ပါဘူး။ ရူးနေတဲ့သူနဲ့  ချုပ်တဲ့ စာချုပ်ဟာ တရား မဝင်ပါဘူး။ မူးရူးပြဲကွဲပြီး လူမှန်း သူမှန်း မသိအောင် မူးနေတဲ့သူနဲ့ ချုပ်တဲ့စာချုပ်ဟာလည်း တရားမဝင်ပါဘူး။ နောက်တစ်ချက် ပဋိညာဉ် ပြုလို့ မရတဲ့သူနဲ့ ပဋိညာဉ် ပြုရင် တရားမဝင်ပါဘူး။ မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေ အရ သင်းဖွဲ့စည်းမျဉ်းမှာ လုပ်ဆောင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကို ပြထားပါတယ်။ အဲဒီ အထဲမှာ ဖော်ပြမထားတဲ့ လုပ်ငန်းကို အဲဒီကုမ္ပဏီနဲ့ စာချုပ်ချုပ်ရင် အဲဒီ စာချုပ်ဟာ တရားမဝင်ပါဘူး။
...
နောက်တစ်ခုက ပဋိညာဉ် ပြုတဲ့သူဘက်က လွတ်လပ်သော သဘောဆန္ဒ (Free Consent) နဲ့ ပြုဖို့ လိုအပ်ပါတယ်။ လွတ်လပ်တဲ့ သဘောဆန္ဒဆိုတဲ့ နေရာမှာ အဲဒီလူကို အတင်းအကြပ် ပဋိညာဉ် ပြုခိုင်းတာမျိုး ဟာ တရားမဝင်ပါဘူး။ ကောင်မလေးကို အဖြေမပေးရင် ဖက်နမ်းမယ်လို့ ပြောတာ (မတော်ရင် ဂျေးပါ အောင်းရနိုင်တယ်) အချစ်ရေးမှာ ရပေမယ့် ပဋိညာဉ် ပြုတဲ့နေရာ ကောင်မလေးကို စာချုပ် လက်မှတ် မထိုးရင် ဖက်နမ်းမယ်လို့ ခြိမ်းခြောက်ပြီး ထိုးခိုင်းတာမျိုးဟာ တရား မဝင်ပါဘူး။ နောက်တစ်ခုက ခြိမ်းခြောက်တာ မဟုတ်ပေမယ့် တစ်စုံတစ်ယောက်ကို ဩဇာအာဏာနဲ့ လွှမ်းမိုးပြီး လုပ်ခိုင်းတဲ့ ပဋိညာဉ်ဟာ တရားမဝင်ပါဘူး။ နောက်ထပ် အရေးကြီးတဲ့ အချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ မလိမ့်တပတ် ဘတ်ကီးရိုက်ပြီး လုပ်တဲ့ ပဋိညာဉ် မျိုးပါ။ သူတစ်ပါး သတိမထားမိတဲ့ ကိစ္စ တစ်ခုကို သိသိကြီးနဲ့ ဖုံးကွယ်ထားပြီး ဂျင်းထည့်တာ၊ မဟုတ်တဲ့ အရာတစ်ခုကို အဟုတ်လို လုပ်တာ ဟာပဋိညာဉ် မမြောက်ပါဘူး။ ဥပမာ အနေနဲ့ အာမခံ ကုမ္ပဏီက သူ့ဆီမှာ အာမခံ ထားတဲ့သူကို အာမခံထားတဲ့နေရာမှာ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းကို လျို့ဝှက်ထားပြီး နောက်မှ ဒါတွေ သိလို့ လက်မှတ် ထိုးထားတာပဲ မဟုတ်လားလို့ လုပ်လို့ မရပါဘူး။ ကိုယ်နဲ့ ပဋိညာဉ် လုပ်တဲ့သူကို မကွယ်မဝှက် အရင်း အတိုင်း ချပြဖို့ လိုပါတယ်။ အာမခံ ကုမ္ပဏီ တစ်ခုနဲ့ လူတစ်ယောက် အမှု ဖြစ်တဲ့ အခါ အာမခံ ကုမ္ပဏီက စည်းမျဉ်း စည်းကမ်းတွေကို ဖတ်မရအောင် စာလုံး အသေးနဲ့ ရေးထားပြီး အပေါ်မှာလည်း ပိုပြီး ခက်ခဲအောင် တံဆိပ်တုံး ထပ်နှိပ်ထားတဲ့ အတွက် လုံလောက်တဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ယူဆပြီး တရားသူကြီးက အာမခံ ကုမ္ပဏီကို တရားစွဲတဲ့သူကို အနိုင်ပေးလိုက်ပါတယ်။  အကြောင်းအရာ တစ်ခုကို သိလျှက်နဲ့ တမင်မပြောတာ၊ အမှန်အတိုင်း မပြောတာဟာ ဖုံးကွယ်တာပါပဲ။။ အဲဒီလို ဖုံးကွယ်တာမျိုးကို လိမ်လည်တယ်လို့ ခေါ်ပါတယ်။ တခါတလေ ဖုံးကွယ်တာမဟုတ်ဘဲ ရိုးရိုးသားသား မသိလို့ ပြောမိတာလည်း ရှိပါတယ်။ ဒါကိုတော့ အလွဲပြောဆိုတယ်လို့ ခေါ်ပါတယ်။ လိမ်တာပဲ ဖြစ်ဖြစ် အလွဲပြောတာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် မှားယွင်းပြောဆိုတာဟာ ပဋိညာဉ်ကို ပျက်ပြယ်စေနိုင်ပါတယ်။ ကျွန်တော် အဓိက ရေးချင်တဲ့ အကြောင်းက အဲဒါပါ။ တစ်ခါတစ်လေမှာ ကိုယ်နဲ့စာချုပ်ချုပ်တဲ့သူဘက်က တစ်ချို့စာပိုဒ်တွေကို ဝိုးတိုးဝါးတားရေး မလိမ့်တပတ်လုပ်ပြီး ကိုယ့်ကို ဂျင်းထည့်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို လုပ်တာဟာ တရားမဝင်ဘူး စာချုပ်မှာ ကိုယ်လက်မှတ်ထိုးထားသည့်တိုင်အောင် သူတို့ ဘက်က လုပ်ပိုင်ခွင့် မရှိဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းကြီးကို သိဖို့လိုပါတယ်။ မပျင်းသေးရင်တော့ နောက်တစ်ပိုင်း ဆက်ရေးပါဦးမယ်။ အခုတော့ ဒီနေရာတွင် ရပ်ပါ့မယ်။
...
အမ်ဘီအေ သင်တန်းမှာတုန်းက ပဋိညာဉ် ဥပဒေ အကြောင်း အသေးစိတ် သင်ပြပေးတဲ့ ဆရာဦးမောင်မောင် (မော်ကျွန်း)ကို အထူးကျေးဇူးတင်တဲ့ အကြောင်း ဒီနေရာကနေ ပြောပါရစေ။

မူရင်း - ကိုဇော်သက်အောင်
​ဒေါ်လှလှ​မော်

No comments: