Wednesday, September 17, 2008

Foods for health

(၁) သင်၏ဦးနှောက် ဘာကြောင့် အဆီကိုလိုအပ်ရသလဲ
ဦးနှောက်ကောင်းမွန်စွာ အလုပ်လုပ်ရန် မရှိမဖြစ်လိုအပ်သော အဆီအက်စစ်များ လိုအပ်ပါသည်။ ခန္ဓ္ဓာကိုယ်မှ ၄င်းတို့ကိုထုတ်မပေးနိုင်သောကြောင့် ထိုအက်စစ်များပါဝင်သော အစားအစာများကို စားပေးရန်လိုအပ်ပါသည်။ လေ့လာသူများက ယူဆထားရသည်မှာ ယင်းအဆီများသည် ဦးနှောက်ဆီသို့ အောက်ဆီဂျင် ထောက်ပံ့ပေးရုံ သာမက ဦးနှောက်ကလာပ်စည်းများ၏ အမြှေးပါးများကို ကာကွယ်ပေးသည့်အပြင် ခေါ်အသက်ကြီး၍ သတိလစ်တတ်သောရောဂါ၊အယ်လ်ဇိုင်းမားခေါ် သူငယ်ပြန်ရောဂါနှင့်အခြား နာမကျန်းရောဂါများကို ကာကွယ်ပေးသည်။
သင်ဘာစားသင့်သလဲ
သင်၏ဦးနှောက်လုပ်ငန်းစဉ်များ အကောင်းဆုံးလုပ်ဆောင်နိုင်ရန် ဟုခေါ်သော ပါဝင်သော အစားအစာများကို တိုးမြှင့်စားသုံးရန်လိုအပ်သည်။ ယင်းကို ငါးကြီးဆီ၊ မြေပဲနှင့် အခြားအစေ့များတွင်လည်းတွေ့ရသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင်အသက်အရှည်ဆုံးလူများဖြစ်ရခြင်းအကြောင်းရင်းမှာ ၄င်းတို့၏ရိုးရာအစားအစာ တွင် ငါးပါဝင်မှုများသောကြောင့်ဖြစ်သည်။ သင်သည်ယင်းအဆီကို ဆော်လမွန်ငါးများ၊ အခွံမာသီးများ၊သစ်ကြားသီးများ၊ ပိုက်ဆံလျှော်ပင်၏ အစေ့တို့မှ ရရှိနိုင်ပါသည်။
မိဆု
Ref: About.com


(၂) နှာစေး၊ချောင်းဆိုးအတွက် ကောင်းတဲ့ကြက်စွပ်ပြုတ်ရည်
ကြက်စွပ်ပြုတ်ရည်က ၀မ်းကိုပူနွေးစေပြီးအာဟာရဖြစ်စေတယ်။ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ သိပ္ပံပညာကဆိုထားတာရှိပါတယ်။ နီဘရာစကာတက္ကသိုလ်ဆေးဘက်ဆိုင်ရာ ဗဟိုဌာနရဲ့လေ့လာမှုတစ်ခုက ကြက်စွပ်ပြုတ်ရည်က ချောင်းဆိုး၊နှာစေးနှင့်လည်ချောင်းရောင်ခြင်းများ အတွက်ကောင်းတဲ့ အကျိုးဆက်ရှိ ကြောင်းဖော်ညွှန်းနေပါသည်။ သင်အအေးပတ်တဲ့အခါနြကအမသစ့ငူ ခေါ်သွေးဖြူဥများက လေရှူလမ်းကြောင်း သို့ရောက်ရှိသွားပြီး ကူးစက်မှုကိုတိုက်ထုတ်ပါတယ်။ ဒီလိုနည်းနှင့်သင့်အတွက်အခံရခက်တဲ့ လည်ပင်းရောင် ရမ်းခြင်းကိုစနက်ပျိုးပေးပါတော့တယ်။အိမ်သုံးဆေးနည်းကိုဓာတ်ခွဲခန်းမှာအသုံးပြုစေခြင်းဖြင့်အဆုတ်အထူးကု
စတီဖင်ရင်န်နက်ကကြက်စွပ်ပြုတ်ရည်က နြကအမသစ့ငူ ရောက်ရှိလာမှုကိုဟန့်တားပေးတားကြောင်း၊ ရောဂါ လက္ခဏာများကိုလျော့ပါးစေခြင်းနှင့်အတူ အအေးမိရောဂါကို ဆက်လက်တိုက်ထုတ်ကြောင်းတွေ့ရှိခဲ့ပါတယ်။
ဦးလှမြင့်(ဂန္ဓမာ)

(၃) ပန်းသီးစိမ်းစိမ်း ရနံ့မွှေးမွှေး
ခေါင်းကိုက်တတ်ပါသလားတဲ့။ ခေါင်းကိုက်တော့မယ်ဆိုရင် ပန်းသီးစိမ်းစိမ်းလေးတစ်လုံးကောက်ယူပြီး အနံ့မွှေးမွှေးလေးကို တအားရှိုက်ပြီး ရှူကြည့်လိုက်ပါတဲ့။ သစ်သီးလေးတွေရဲ့ မွှေးရနံ့ဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ လူတွေရဲ့စိတ်ကိုပျော်ရွှင်လာစေကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေ သုတေသန ပြုချက်အရ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါဘာကြောင့်လဲဆိုရင် သစ်သီးလေးတွေရဲ့မွှေးရနံ့ဟာ ကိုက်ခဲနာကျင်စေတဲ့ ဦးနှောက်ပတ်ဝန်းကျင်ရှိ ကြွက်သားတွေ ကျုံ့ဝင်ခြင်းကို နည်းပါးလျှော့ကျသွားစေတဲ့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။ မိုက်ဂရိန်းလို ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ သစ်သီးရနံ့လေးတွေ ရှူလိုက်ပါတဲ့။
မေ
Ref: GHK. Nov 2007.


(၄) ခါးတုတ်လို့ စိတ်ဓာတ်မကျပါနဲ့
ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာပါတဲ့ အဆီထုတ်ထားသော ဒိန်ချဉ်နဲ့ နို့ဟာ ခန္ဓာကိုယ်တွင်း အဆီဓာတ်ကို လောင်ကျွမ်းပစ်နိုင်ပါတယ်။ နောက်ဆုံးသုတေသနပြုချက်အရ အဆီစုနေတဲ့ ခါးတုတ်ကြီးကိုတောင် အဆီလျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ဒိန်းမတ်သုတေသီများဟာ လူအုပ်စု ၄အုပ်စုခွဲပြီးကယ်လ်စီယမ်ဓာတ် အလယ်အလတ်မှ အမြင့်ဆုံးကြွယ်ဝစွာပါဝင်တဲ့ အစားအစာများအား ကျွေး၍လေ့လာစမ်းသပ်ကြည့်ရာ ကယ်လ်စီယမ်ဓာတ်နည်းနည်းသာ စားသုံးသောသူများ သို့မဟုတ် ကယ်လ်စီယမ်အားဆေးပြားတွေ သောက်တဲ့ သူတွေထက် သွေးထဲမှာ အဆီဓာတ်လျော့နည်းသွားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ တန်နက်ဆီ ယူနီဗာစီတီမှ လေ့လာချက်အရလည်း တစ်နေ့လျှင် ကယ်လ်စီယမ် ၁၂၀၀မှ ၁၃၀၀မီလီဂရမ်အထိ မြင့်မားစွာ စားခဲ့တဲ့ လူဝကြီးများဟာ ကိုယ်အလေးချိန် ၆၀ရာခိုင်နှုန်းကျဆင်းလာပါတယ်။ ကယ်လီရီတူပြီး ကယ်လ်စီယမ် ဓာတ်နည်းတဲ့ အစားအစာများကို စားတဲ့သူတွေထက်တောင် လူဝကြီးတွေက အဆီဓာတ်ပမာဏသုံးဆလောက် လျော့သွားတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိန်ချင်ရင် အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ်ကိုသောက်ပေးနိုင်ပါတယ်။
မေ
Ref: GHK, July 2008.


(၅) ကင်ဆာကာကွယ်လိုလျှင်
ဘရိုကိုလီခေါ် ပန်းမုန်လာ အစိမ်းရင့်၊ ဂေါ်ဖီထုပ်နဲ့ ပန်းမုန်လာပွင့်တို့ကို တစ်လလျှင် အနည်းဆုံး ၃ကြိမ်စား သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီးအိမ်ကင်ဆာကို ၃၇ရာခိုင်နှုန်းမဖြစ်ပွားအောင် ကာကွယ်နိုင်တယ်လို့ ရို့စ်ဝဲပါ့ ကင်ဆာတက္ကသိုလ်မှ သုတေသီများရဲ့ တွေ့ရှိချက်အရပြောပြကြပါတယ်။ ဒါပေမယ့် ၄င်းတို့မှာပါတဲ့ ပါဝါမြင့် အင်တီအောက်ဆီးဒင့်ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ကြာကြာချက်ပြုတ်လိုက်တဲ့အခါ ပျက်စီးစေတဲ့အတွက် ဖြစ်နိုင်ရင်အစိမ်းစားပါက ပိုကောင်းတယ်။ ဒါမှမဟုတ် ပေါင်းပြီးစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ၄င်းတို့ထဲမှာရှိတဲ့ ဗီတာမင်ဓာတ်တွေဟာ ရေမှာပျော်ဝင်နိုင်တာမို့ ရေနဲ့အကြာကြီး မချက်ပါနဲ့။
မေ
Ref: GHK, July 08.

No comments: