Saturday, March 29, 2008

When I am a Old Man

ငါအိုသွားသောအခါ
- ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
- ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်ဖိတ်စင်သွားတဲ့အခါ အကျီ၊ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲံတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
-အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးနိုင်အောင်ပြောရင်း ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
- မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
-ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
- စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
- တစ်နေ့ထက်တစ်နေ့ အိုစာသွားတ့ငါ့ကို ကြည့် ပြီးဝမ်းမနည်းပါနှင့် နားလည်ပေးပါ။အားပေးပါ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွန်ပေးခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတÅာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတÅာတွေ တွေ့ရမှာပါ။
.....သားတို့သမီးတို့ရေ ....ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်......

No comments: