Thursday, March 13, 2008

My Tomorrow For u

ကျွန်မရဲ့ မနက်ဖြန်
မနက်ဖြန်ပေါင်းများစွာကို ဘယ်သူပိုင်ဆိုင်ပါသလဲ။
2007ရဲ့ မနက်ဖြန်တွေကို ရေမျော သဂြိုလ်လိုက်တဲ့အခါ ယနေ့ပိုင်ဆိုင်မှုကို ၀ိုးတ၀ါးလက်ခံရရှိလိုက်ပါတယ်။
ချစ်သူသည် ကျွန်မ၏မနက်ဖြန်ဖြစ်နိုင်ပါတယ်။
ခပ်တည်းတည်းလေး ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးထဲမှာ ကျွန်မရဲ့ မနက်ဖြန်ပေါင်းများစွာရှိပါလိမ့်မယ်။
ငိုကြွေးခြင်းကို လမ်းခွဲဖို့ မနက်ဖြန်ကို ကျွန်မ မျှော်လင့်ပါရစေ။
ကြင်နာစွာ ငုံ့ကြည့်မယ့် မနက်ဖြန်ထဲမှာ ချစ်သူရှိနေပါ။
လွမ်းဆွတ်ခြင်းworldများစွာကို ချိုးဖဲ့ပြီးစွန့်လွှတ်လိုက်ပါမယ်။
ခဏလေးပဲဖြစ်ဖြစ် ကျွန်မရဲ့ မနက်ဖြန်ကို ရှင်သန်ခွင့်ပေးပါ။
သောက၀တ်ရုံအောက်မှ နွေးထွေးသော ယုယမှုတို့ဖြင့် မျက်ရည်များကို ဖယ်ရှားပေးပါ။
မနေ့ကပေါင်းများစွာကို 2007မှာ မေ့လျော့စွာထားခဲ့ပါပြီ။
အရိုးစွဲအောင် နာကျင်တတ်တဲ့ နှလုံးသားမှာ ကြင်နာမှုတစ်မှုန်တစ်စတို့လို တွယ်ကပ်ငြိစွန်းလို့ရှိနေစေချင်ပါတယ်။
မနက်ဖြန်ရဲ့ one second အပိုင်းအစများစွာကို သတိရလွမ်းဆွတ်ခြင်းတို့နဲ့ ဖုံးအုပ်ထားလိုက်ပါ။
ကျွန်မရဲ့ ငိုကြွေးခြင်းကို မနက်ဖြန်မှာ ရပ်တန့်လိုက်ပါမယ်။
ကျွန်မရဲ့ ရှိုက်သံတွေကို တမ်းချင်းတစ်ပုဒ်လို ထုတ်လွှတ်ဖို့ငယ်စာရင်းမှာ ဖျက်လိုက်ပါ။
ချစ်သူနဲ့ အတူ မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်ပါရစေ။
ရိုက်ချက်ပြင်းတဲ့ ပတ်ဝန်းကျင်းရဲ့ လေစိမ်းတွေကို ကျွန်မရဲ့ ယုံကြည်မှုနဲ့ ကာကွယ်ပါရစေ။
ကျဆင်းသွားတဲ့ ချစ်သူရဲ့ ဂုဏ်သိ©ာအလေအလွင့်တွေကို ချစ်သူအတွက် ကျွန်မရဲ့ တွယ်တာခြင်းနဲ့ ဖုံးအုပ်ထားပါမယ်။
မနက်ဖြန်မှာ လန်းဆန်းမှုနေခြည်အောက်ကို ကျွန်မတို့ အဆင်သင့် ရောက်ရှိနေပါပြီ။
ကြိုဆိုခြင်းကို မနက်ဖြန်မှာ ဆုံပါရစေ။
ကြိုဆိုခွင့်ကို မနက်ဖြန်အတွက် ရက်ချိန်းသတ်မှတ်လိုက်ပါ။နှလုံးသားရဲ့ စွမ်းဆောင်မှုအချစ်တို့နဲ့ ဘ၀ခရီးအတွက် အင်အားဖြည့်ဆည်းပါရစေ။
နက်ဖြန်ပေါင်းများစွာကို မျှော်လင့်သော ကျွန်မအတွက် ယောင်ကိုင်းနေတဲ့ ပုပ်သိုးသိုးအတိတ်ကို ပစöုပÜန်မှာ ပစ်ချနင်းချေရင်း ချစ်သူကို ကျွန်မတမ်းတနေမိပါသည်။
ကြမ်းတမ်းတဲ့ စကားပွင့်များအောက်မှာ ဖြူစင်ခြင်းကိုတွဲပိုးခေါ်ဖို့ ချစ်သူရဲ့ ဖေးမခြင်းကို ကျွန်မမျှော်လင့်ပါရစေ။
ရက်ပေါင်း (၃၆၅)ရက်မှသည် သံသရာခရီးရှည်တစ်လျှောက် များစွာသော မနက်ဖြန်တို့ကို ကျွန်မစောင့်ကြိုပါရစေ။
ချစ်သူရဲ့ အချစ်တို့ကို မျှော်လင့်ခြင်းဖြင့် မနက်ဖြန်ပေါင်းများစွာ......
မနက်ဖြန်ပေါင်းများစွာ.....
မနက်ဖြန်ပေါင်းများစွာ......

No comments: