Friday, November 16, 2007

Layer Jelly..so delicious...

စပျစ်ကျောက်ကျော (Grape Layer Jelly)
 
- ခြောက်သွေ့သော ဗန်းတစ်ခုထဲတွင် သကြား ၂၅ကျပ်သားနှင့် လူရိုင်းခေါင်းကျောက်ကျောမှုန့် တစ်ထုပ်ကို အခြောက်ရော၍ သမအောင်မွှေပြီး တစ်ဝက်စီခွဲထားပါ။ ပြီးလျှင် စပျစ်သီး (၁၀)ကျပ်သားခန့်ကို ပါးပါးလှီးထားပါ။
- ပထမအလွှာအတွက် ရေနှင့် စပျစ်ရည်ပေါင်းပြီး (ရေသန့် ၁လီတာဘူးတစ်ဘူး၏ လေးပုံသုံးပုံ)ကိုရော၍ ပွက်သည်အထိ ကျိုထားပါ။ ပွက်လာလျှင် ကျောက်ကျောမှုန့်နှင့် သကြားရောထားသော အမှုန့်တစ်ဝက်ကို ဖြည်းညှင်းစွာ လောင်းထည့်၍ မွှေပါ။ပွက်လာလျှင် ဗန်းထဲသို့လောင်းထည့်၍ (၅)မိနစ်ခန့် အအေးခံထားပါ။
- ဒုတိယအလွှာအတွက် နောက်ထပ်ရေနှင့် စပျစ်ရည်ပေါင်းပြီး(ရေသန့် ၁လီတာဘူးတစ်ဘူး၏ လေးပုံသုံးပုံ)ကိုရော၍ ပွက်သည်အထိ ကျိုထားပါ။ ထိုရေပွက်လာလျှင် ကျန်သောအမှုန့်တစ်ဝက်ကို နို့မှုန့် (ထမင်းစားစတီးဇွန်း ၁ဇွန်းခန့်)နှင့် ထပ်ရောပြီး လောင်းမွှေပါ။ ပွက်လာလျှင် ပါးပါးလှီးထားသော စပျစ်သီးများကိုထည့်၍မွှေပြီး ပထမအအေးခံထားသော အလွှာပေါ်သို့ ဖြည်းညှင်းစွာလောင်းထည့်၍ (၁၀)မိနစ်ခန့် အအေးခံပါ။
သင်းထုံသော မွှေးရနံ့ နှင့် ထူးကဲသော အရသာရှိတဲ့ စပျစ်လွှာကျောက်ကျောကို လျှင်မြန်လွယ်ကူစွာ စားသုံးနိုင်ပါသည်။

 

 

ကော်ဖီနို့ကျောက်ကျော (Coffee milk layer jelly)
- ခြောက်သွေ့သော ဗန်းတစ်ခုထဲတွင် သကြား ၂၅ကျပ်သားနှင့် လူရိုင်းခေါင်းကျောက်ကျောမှုန့် တစ်ထုပ်ကို အခြောက်ရော၍ သမအောင်မွှေပြီး တစ်ဝက်စီခွဲထားပါ။ Pure ကော်ဖီမှုန့်(ထမင်းစားစတီးဇွန်း ၁ဇွန်းခန့်)ကိုနှပ်၍ စစ်ထားပါ။
- ပထမအလွှာအတွက် ရေနှင့် အရည်စစ်ထားသော ကော်ဖီရည်ပေါင်းပြီး(ရေသန့် ၁လီတာဘူးတစ်ဘူး၏ လေးပုံသုံးပုံ)ကို ရော၍ ပွက်သည်အထိ ကျိုထားပါ။ ထိုရေပွက်လာလျှင်ကျောက်ကျောမှုန့်နှင့် သကြားရောထားသော အမှုန့်တစ်ဝက်ကို ဖြည်းညှင်းစွာထည့်၍ မွှေပါ။ပွက်လာလျှင် ဗန်းထဲသို့ လောင်းထည့်၍ (၅)မိနစ်ခန့် အအေးခံထားပါ။
- ဒုတိယ အလွှာအတွက် နောက်ထပ်ရေနှင့် နို့စိမ်းပေါင်းပြီး (ရေသန့် ၁လီတာဘူးတစ်ဘူး၏ လေးပုံသုံးပုံ)ကို ရော၍ ပွက်သည်အထိကျိုထားပါ။ ထိုရေပွက်လာလျှင် ကျန်သောအမှုန့်တစ်ဝက်ကို လောင်းထည့်၍မွှေပါ။ ပွက်လာလျှင် ပထမ အအေးခံထားသော ကော်ဖီအလွှာပေါ်သို့ညင်သာစွာ လောင်းချ၍ ၁၀မိနစ်ခန့် အအေးခံထားပါ။
ကောင်းမွန်သော အနံ့အရသာရှိသည့် ကော်ဖီနို့ကျောက်ကျောကို ရရှိမည်ဖြစ်ပါသည်။
*လူရိုင်းခေါင်းကျောက်ကျောမှုန့် (AGAR AGAR POWDER)

No comments: