Wednesday, July 25, 2007

Build with Water!

ရေနဲ့တည်ဆောက်မယ့်အဆောက်အဦး

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) ကသိပ္ပံပညာရှင်တွေက ရေလွှာ နဲ့ပြုလုပ်ထားတဲ့အဆောက်အဦတစ်ခုကို အောင်မြင်စွာတည်ဆောက်လိုက်နိုင်ပြီ ဖြစ်တဲ့အကြောင်းသိရပါတယ်။
Digital Water Pavilion လို့အမည် ပေးထားတဲ့ဒီအဆောက်အဦကို လာမယ့် 2008 ခုနှစ်စပိန်နိုင်ငံမှာပြုလုပ်မယ့် Expo Zaragoza 2008 မှာပွဲထုတ်ပြသမှာ ဖြစ်ပြီး အဆောက်အဦအတွင်းပြခန်း၊ ကော်ဖီဆိုင်နဲ့လာရောက်ကြည့်ရှုသူတွေနား နေနိုင်မယ့်နေရာတို့ပါရှိမယ်လို့ဆိုထားပါ တယ်။ အခုပြသမယ့် digital water ဟာ ကွန်ပျူတာတွေမှာအသုံးပြုတဲ့ inkjet printer လိုမျိုး မိမိအလိုရှိရာပုံရိပ်တွေ၊ စာသားတွေကိုဖော်ပြနိုင်ဖို့အတွက် ရေမှုန် ရေစက်တွေနဲ့အသုံးပြုလုပ်ဆောင်ထားတာ ဖြစ်တဲ့အကြောင်း MIT ရဲ့ SENSEA-BLE City Laboratory ကအကြီးအကဲ Carlo Ratti ကရှင်းပြထားပါတယ်။ ဒီရေ ကန့်လန့်ကာ (water wall) အတွက် လေထဲမှာပိုက်တစ်ချောင်းချိတ်ဆွဲထားပြီး ပိုက်တလျှောက်ဆိုလီနွိုက်အဆို့ရှင် (Solenoid value) တွေတပ်ဆင်ထားကာ ကွန်ပျူတာစနစ်ကိုသုံးပြီး အဆို့ရှင်တွေကို အဖွင့်အပိတ်ပြုလုပ်မယ်လို့ဆိုပါတယ်။ အ ခုလိုမျိုးရေမှုန်ရေစက်တွေကိုအရှိန်ပြင်းပြင်း နဲ့ကျဆင်းစေခြင်းဖြင့် ရေလွှာနဲ့နံရံတစ်ခု ဖြစ်ပေါ်စေပြီး လိုအပ်တဲ့ပုံရိပ်နဲ့စာသား တွေကိုဖော်ပြနိုင်ဖို့အတွက်အဆို့ရှင်တွေ ကိုအဖွင့်အပိတ်ပြုလုပ်ရမယ်လို့ဆိုထားပါ တယ်။
ရာစုနှစ်ပေါင်းများစွာကတည်းက ရေ ကို ဗိသုကာနယ်ပယ်မှာအသုံးချခဲ့ကြပြီး စက်မှုခေတ်အရောက်မှာတော့ရေကိုအလုံး အရင်းနဲ့အသုံးပြုပြီးရေပန်းရေဖွားတွေအ ဖြစ် အသုံးပြုခဲ့ကြကာ အခုနောက်ဆုံး ဒီဂျစ်တယ်အီလက်ထရောနစ်မှာကွန်ပျူ တာဆော့ဖ်ဝဲတွေနဲ့ထိန်းချုပ်ပြီးမိမိတို့အလို ရှိရာပုံသဏ္ဍန်တွေရရှိအောင်ပြုလုပ်လာနိုင် ကြပြီဖြစ်တဲ့အကြောင်းလက်ရှိ MIT Design Laboratory ရဲ့အကြီးအကဲအ ဖြစ်တာဝန်ယူနေသူ ဗိသုကာ ဌာနမှူး ဟောင်း William.J.Mitchell ကပြော ကြားထားပါတယ်။ အခုပြသမယ့် Ware wall အတွင်းအာရုံခံကိရိယာတွေတပ် ဆင်ထားမှာဖြစ်ကာ တစ်စုံတစ်ယောက် ကအနီးအနားကိုချဉ်းကပ်လာတာနဲ့ တပြိုင်နက်အလိုအလျေက်တစ်နေရာစာ ပွင့်ပြီး တံခါးတစ်ချပ်လိုမျိုးလုပ်ဆောင်ပေး မယ်လို့လည်းသိရပါတယ်။ အခု ဒီဂျစ် တယ်ရေကန့်လန့်ကာရဲ့သဘောတရားကို MIT ရှိ Zaragoza Digital Mile သင်တန်းသားတွေက စတင်ဖော်ထုတ်ခဲ့ ကြတာဖြစ်ပြီး လာမယ့်2008့ခုနှစ်မှာ တည်ဆောက်ပြသမယ့် Digital Water Pavilion ကို MIT ကသုတေသနပညာ ရှင်တွေနဲ့အတူ အီတလီ၊ ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတို့ကပညာရှင်တွေလည်းပါဝင်ပူးပေါင်း တည်ဆောက်ကြမှာဖြစ်တဲ့အကြောင်းသိရ ပါတယ်။

No comments: