Thursday, July 12, 2007

Take Care your GSM!

ဂျီအက်စ်အမ်ဖုန်းများအခိုးခံရခြင်းများ ပေါ်ပေါက်လျက်ရှိရာယခုအခါဖုန်း ပျောက်ရှခြင်းမရှိအောင်လုပ်ဆောင်နိုင်ပြီဖြစ် ကြောင်းသိရသည်။

ဖုန်းအတွင်းသို့ BB5 unlock အမည် ရှိဆော့ဖ်ဝဲထည့်သွင်း၍ကာကွယ်နိုင်ခြင်း ဖြစ်သည်။ ““တကယ်လို့ဖုန်းအခိုးခံရပြီဆို ပါတော့။ အဲဒီ့ အခိုးခံရတဲ့ဖုန်းက SIM ကတ်ကိုထုတ်ပြီး တခြားကတ်ကိုထည့်လိုက် ရင် ဖုန်းမှာထည့်ထားတဲ့ဆော့ဖ်ဝဲက စ အ လုပ်လုပ်ပြီးအသိပေးတာပါ။ ဥပမာ ကိုယ် က အိမ်ဖုန်းနံပါတ်ကိုဆော့ဖ်ဝဲမှာထည့် သွင်းထားတယ်ဆိုရင် ကတ်လဲထည့်လိုက် တာနဲ့ အိမ်ဖုန်းမှာဖုန်းလာမြည်တော့တာ ပဲ။ ထည့်လိုက်တဲ့ဖုန်းနံပါတ်ပေါ်လာမှာ ဖြစ်ပါတယ်။ အိမ်ဖုန်းမှာဖုန်းနံပါတ်ပေါ်တဲ့ အိုင်ဒီတပ်ထားဖို့တော့လိုပါတယ်။ ဒီလို သိပြီဆိုရင် ကိုယ်က အဲဒီ့ဖုန်းနံပါတ်ကို လှမ်းဆက်သွယ်လိုက်ရုံပဲ၊အဲဒါဆိုရင်တစ် ဖက်ကလူကလည်း ဒီဟန်းဆက်ဟာ အခိုး ခံထားရတဲ့ ဟန်းဆက်မှန်းသိသွားမယ်””ဟု Mobile Fun Group မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

““Nokia“ ဖုန်းတွေမှာအများဆုံးထည့်လို့ ရပါတယ်။ဟန်းဖုန်းသူခိုးတွေရဲ့ရန်ကနေ ကာကွယ်ပြီး ဖုန်းလုံခြုံရေးအတွက် အ ကောင်းဆုံးတာဝန်ယူပေးနိုင်မှာပါ””ဟု ဆက်လက်ပြောပြသည်။

No comments: