ကြင်နာစွာအိပ်ဆေးလေးများပေးပါ
အိပ်ပျော်အောင်အိပ်ဆေးသောက်သင့်တဲ့ အချက်များမှာ-
(၁) ရံဖန်ရံခါ၊တစ်ညတလေအိပ်မပျော်ဖြစ်တဲ့အခါ
(၂) အိပ်ပျော်အောင်လုပ်တဲ့နည်းတွေဖြစ်တဲ့ လူနေမှုပုံစံစရိုက်နှင့် အမူအကျင့်များပြောင်းလဲခြင်း(ဥပမာ-ကော်ဖီ၊လက်ဖက်ရည်မသောက်တော့ခြင်း၊ ညအိပ်ရာဝင်ခါနီးအချိန် ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း)နှင့် အိပ်ရာ အိပ်ခန်းကို တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းဖြစ်အောင် စနစ်တကျစီစဥင်္သော်လည်း အိပ်ပျော်ရန် ခက်ခဲနေသေးခြင်း၊ ဒါမှမဟုတ် အိပ်မပျော်မှုကို ဖြစ်စေတဲ့ရောဂါများကို သေချာကျနစွာ ကုသသော် လည်း အိပ်ပျော်ရန်ဆက်လက်ခက်ခဲနေတဲ့ အခါ
(၃) အိပ်မပျော်မှုဝေဒနာဟာ မတော်တဆထိခိုက်ဒဏ်ရာရမှု အန္တရာယ်ကို ပိုမိုများပြားစေနိုင်တဲ့အခါ
အဲဒီအချက်(၃)ချက်ရှိရင်တော့ ဘာမှစဉ်းစားမနေနဲ့တော့ ကြင်နာစွာ အိပ်ဆေးလေးများပေးပါလို့သာဆိုပြီး အိပ်ပျော်အောင် အိပ်ဆေးသောက်အိပ်ပါတော့။
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ
ဇီဝနာရီ (Biological Clock) တစ်နည်းအားဖြင့် ၂၄နာရီစက်ဝန်းဆိုသည်မှာ ခန္ဓာကိုယ်အနေနဲ့ ဘယ်အချိန်မှာ အိပ်မယ်၊ ဘယ်အချိန်ဟာ နိုးထမယ်ဆိုပြီး သိနားလည်တာကို ဆိုလိုပါတယ်။ ကိုယ်တွင်း ဇီဝနာရီကို အလင်းရယ်၊အမှောင်ရယ်က ဖန်တီးသတ်မှတ်ပေးနေပါတယ်။ အလင်းရောင်ရှိနေချိန်မှာ ဇီဝနာရီဟာနိုးထနေပြီး ညမှောင်လာရင် အိပ်ရမယ်ဆိုတဲ့အသိကို ဇီဝနာရီက လုပ်ပေးပါတယ်။ ဇီဝနာရီရဲ့ လုပ်ငန်းဆောင်တာတွေကတော့
(၁) အိပ်စက်ခြင်းနှင့် နိုးထခြင်း
(၂) ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း
(၃) ခန္ဓာကိုယ်အတွင်းရေဓာတ် ထိန်းညှိပေးခြင်း
(၄) တခြားခန္ဓာကိုယ်လုပ်ငန်း တာဝန်များထမ်းဆောင်ပေးခြင်း (ဥပမာ- ဗိုက်ဆာလောင်ခြင်း) တို့ပဲဖြစ်ပါတယ်။
အက်စ်ပါတိမ်း (Aspartame) အချိုဆိုတာ
ကယ်လိုရီ သုညနီးပါးရှိတယ်လို့ရေးထားလေ့ရှိတဲ့ အချိုအတု အက်စ်ပါတိမ်းဆိုတဲ့ ဓာတုပစ္စည်းကို အမိုင်နိုအက်စစ်၂မျိုးပေါင်းပြီးပြုလုပ်ရပါတယ်။ အက်စ်ပါတိမ်းဟာ သကြားထက် အဆပေါင်း၁၈၀ဆ ပိုပြီးချိုမြပါတယ်။ ယခုအခါ အက်စ်ပါတိမ်းကို Diet Sodas အပါအ၀င် စားကုန်သောက်ကုန်အမျိုးပေါင်း ၆၀၀၀ကျော်မှာ ထည့်သွင်းပြုလုပ်လာခဲ့ကြပါပြီ။ ဥပမာ- ဒိန်ချဉ်၊နွားနို့၊မုန့်အမျိုးမျိုးနဲ့ သကြားအစားထိုး Nutra Sweet တို့၊ Equal တို့မှာ ထည့်သွင်းထုတ်လုပ်ရောင်းချ နေပါတယ်။ အက်စ်ပါတိမ်းကို စားလာတာအခုဆိုရင် နှစ်ပေါင်း၃၀ကျော်လာပါပြီ။
အဲဒီအက်စ်ပါတိမ်းဆိုတဲ့ အချိုတုကို စားကြခြင်းဖြင့် တစ်ကမ္ဘာလုံးမှာ ပြောကြဆိုကြ သံတွေကို သိရန်လိုပါတယ်။ အမေရိကန်နိုင်ငံ အစားအစာနှင့် ဆေးဝါးအသင်းကြီးမှ လက်ခံရရှိတဲ့ တိုင်ကြားစာ ထောင်ပေါင်းများစွာက တော့ အက်စ်ပါတိမ်းပါတဲ့ အစားအစာများ စားသုံးရတဲ့အတွက် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊မအီမသာ ကယောင်ချောက်ချားဖြစ်ခြင်းနဲ့ စိတ်တွေ ပြောင်းလဲမှု ရှိတယ်လို့ဆိုကြပါတယ်။ လူတွေ မှာ အက်စ်ပါတိမ်းကို ဓာတ်ခွဲစစ်ဆေးကြည့်တော့ ဘာမှအန္တရာယ် မတွေ့ရပေမယ့် ကြွက်တွေမှာ ဓာတ်ခွဲစမ်း သပ်ကြည့်တဲ့အခါ ကင်ဆာဖြစ်စေနိုင်တာကို တွေ့ရတယ်လို့သိရပါတယ်။
တစ်ရေးနိုးပြန်အိပ်ပျော်အောင်
သင်သည်ညကြီးသန်းခေါင်နိုးပြီးနောက် အရင်ကအတိုင်းပြန်အိပ်နိုင်ပါသလား အကယ်၍ ပြန်မအိပ်နိုင်ခဲ့ပါက ဆေးတက္ကသိုလ်မှ အောက်ပါတို့ကို အကြံပေးလိုက်ပါသည်။
အိပ်ရာထဲတွင် ၁၅မိနစ် သို့မဟုတ် မိနစ်၃၀တက်လှဲနေပါ။အဲဒါတောင်မှပြန်အိပ်မပျော်ရင် အိပ်ရာပေါ် ကထလိုက်ပါ။
စာအုပ်တစ်အုပ် သို့မဟုတ် မဂ္ဂဇင်းစာအုပ်ဖတ်ခြင်း၊ရေနွေးစိမ်ချိုးခြင်း သို့မဟုတ် ပြေလျော့စေသည့် အရာတစ် ခုခုကို လုပ်လိုက်ပါ။ ထိုအချိန်တွင် သင့်ကိုပိုမိုနိုးကြွစေသည့် အလုပ်များ (ဥပမာ-ရုံးအလုပ်လုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ တီဗီကြည့်ခြင်း) စသည်တို့ကိုမလုပ်သင့်ပါ။
ပြေလျော့စေမည့် အလေ့အကျင့်များကို မိနစ်၂၀ခန့်လုပ်ပြီးသောအခါ ပြန်အိပ်ပါဟု ထိုတက္ကသိုလ်မှ ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါသည်။ ထိုအခါတွင် သင်အိပ်ရန်ပို၍ လွယ်ကူသွားမည် ဖြစ်ကြောင်းပြောကြားသွားပါသည်။
Ref: Internet
Tuesday, May 19, 2009
Tuesday, May 5, 2009
Everytime We Touch
I still hear your voice, when you sleep next to me.
I still feel your touch in my dreams.(my dreams)
Forgive me my weakness, but I don't know why
Without you it's hard to survive.
'Cause everytime we touch, I get this feeling.
And everytime we kiss I swear I could fly.
Can't you feel my heart beat fast, I want this to last.
Need you by my side.
'Cause everytime we touch, I feel this static.
And everytime we kiss, I reach for the sky.
Can't you hear my heart beat slow...
I can't let you go.
Want you in my life.
Your arms are my castle, your heart is my sky.
They wipe away tears that I cry. (I cry)
The good and the bad times, we've been through them all.
You make me rise when I fall.

Thursday, April 30, 2009
ဆယ်ကျော်သက် အရွယ်များတွင်ပေါ်ပေါက်တတ်သော ဂရုပြုရမည့် လက္ခဏာများ
အရွယ်မရောက်သေးသူ လူငယ်များသည် ဟန်ချက်ညီရမည့်မဏ္ဍိုင်သုံးခုမှာ အိမ်၊ကျောင်းနှင့် သူ၏ပတ်ဝန်းကျင် တို့ဖြစ် ကြောင်း ကလေးများ စိတ်ကျရောဂါဖြစ်ပွားခြင်းနှင့် မိမိကိုယ်မိမိ သတ်သေခြင်းဆိုင်ရာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ ကျွမ်းကျင်သူတို့က ဆိုကြပါသည်။ ယင်းမဏ္ဍိုင်သုံးခုသည် တစ်ခုခုချွတ်ယွင်းပြီး ဟန်ချက်ပျက် ယွင်းပါက ကာယကံရှင် ကလေးငယ်၏ စိတ်ဓာတ်ရေးရာကို ထိခိုက်မှုအနည်းနှင့် အများရှိနိုင်သည်ဟုလည်း ဆိုကြသည်။ ဤအချက်ကို ကလေး ငယ်စဉ်အချိန်ကတည်းက သတိပြုထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လို၏။
များသောအားဖြင့် စိတ်ဓာတ်ထိလွယ်၊ ရှလွယ်သည့်အရွယ်မှာ ကလေးအရွယ်လည်းမက၊ လူပျိုအပျိုရွယ်လည်း မကျသေး သည့် အသက်အရွယ်များပင်ဖြစ်ပြီး ယင်းအရွယ်မျိုးတွင် မိမိကိုယ်မိမိ အလေးထားမှုများ ကျဆင်း တတ်သလို စိတ်ဓာတ် ကျခြင်းလည်း ၀င်ရောက်လာတတ်လေ၏။
ဤအချက်ကို အုပ်ထိန်းသူများ သတိပြုမိရန် အထူးလိုအပ်ပါသည်။ အုပ်ထိန်းသူဆိုသည်မှာ မိဘများကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ ကလေးနှင့်ပတ်သက်သည် ဦးဆောင်ဦးရွက်၊ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များ အားလုံးကို ဆိုလိုပါသည်။ အကယ်၍ ကလေး၏ မူပျက်မှုများကို သတိပြုမိပါက မိဘများကို ချက်ချင်းအကြောင်းကြား ရန်လိုအပ်ပါသည်။
အမေရိကန်ပြည်ထောင်စုအမျိုးသားစိတ်ကျန်းမာရေးအဖွဲ့ (NATIONAL INSTITUTE OF MENTAL HEALTH/ NIMG) ၏အဆိုအရ ယင်းစပ်ကူးမပ်ကူးအရွယ်မျိုး လူငယ်ကလေးများအနက် ၈ဒဿမ၃ရာခိုင်နှုန်း မျှသည် စိတ်ကျရောဂါဖြစ်ပွား နေတတ်ပြီး ထို့ထက်ငယ်သောအရွယ် ကလေးများတွင်မူ ၂ဒဿမ၅ရာခိုင်နှုန်းသည်သာ စိတ်ကျရောဂါဝင်တတ်ကြောင်း သိရပါသည်။
လက်ရှိဆယ်စုနှစ်များတွင် စိတ်ကျရောဂါပေါ်ပေါက်မှုနှုန်းမှာပိုမိုဖြစ်ပေါ်လာပြီး၊ အရွယ်ရောက်ချိန်အထိ ဆက်လက် ပေါ်ပေါက်နေတတ်ကြောင်း သိရသည်။
အရွယ်မရောက်သေးသည့် ကလေးလူငယ်များအတွက် စိတ်ကျစေတတ်သည့်အကြောင်းရင်းမြစ်မှာ ကလေး အား စိတ်ဖိစီးမှု ဖြစ်ပေါ်သည်အထိ သင်ကြား လေ့လာမှုများ ပြုလုပ်စေခြင်း သို့မဟုတ် မိဘများ သေဆုံးခြင်း ကဲ့သို့သောဆုံးရှုံးမှု အတွေ့ အကြုံတို့ပင်ဖြစ်ကြပါသည်။ အခြားအချက်တို့မှာမူ ကလေး အားလျစ်လျူရှုထားခြင်း နှင့် ကလေးအား မေတ္တာငတ်မွတ် စေခြင်းတို့ဖြစ်ကြသည်။
ကလေးများနှင့် စပ်ကူးမပ်ကူးအရွယ်လူငယ်များတို့၏ စိတ်ကျခြင်းသည် မိမိကိုယ်မိမိသတ်သေခြင်းဆီသို့ ဦးတည်လာနိုင်၏။ ယင်းမှာ ယောက်ျားလေး၊ မိန်းကလေး ကွဲပြားမှုနှင့်မဆိုင်ပေ။ သို့ရာတွင် လေ့လာသုတေ သနပြုမှုများအရ စပ်ကူး မပ်ကူး အရွယ်တွင် မိန်းကလေးများက ယောက်ျားလေးများထက် စိတ်ကျရောဂါဖြစ်ပွား နိုင်ခြေ၂ဆမျှရှိကြောင်း သိရပါသည်။
သို့ရာတွင် ပြီးခဲ့သောဆယ်စုနှစ်ကာလအတွင်း ကမ္ဘာ့လူနေမှုစနစ်ကျယ်ပြန့်စွာ တိုးတက်ပြောင်းလဲလာသည်နှင့် အမျှ ဆယ်ကျော်သက်အရွယ်များ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမှာလည်း မြင့်တက်လာခဲ့ပါသည်။
အမေရိကန်စိတ်ကျန်းမာရေးအဖွဲ့ကြီးမှ လေ့လာတွေ့ရှိချက်များအရ ပုံမှန်မဟုတ်သော ရှက်ရွှံ့ခြင်း၊ မျှတမှုမရှိ ဟု ခံစားနေခြင်း၊ အစဉ်ဝမ်းနည်း ကြေကွဲနေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း၊ ယခင်အားတက်သရော လုပ်တတ်ခဲ့သည် တို့ကို ယခုအခါ စိတ်ဝင်စားမှုမရှိတော့ခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်လွန်ခြင်း၊ စိုးရိမ်ပူပန်မှုများနေခြင်း၊ အလုပ်လုပ် ရာ၌နှေးကွေး နောက်ကျနေခြင်း၊ ခံတွင်းပျက်ခြင်း သို့မဟုတ် ကိုယ်အလေး ချိန်ကျခြင်း၊ တစ်ခုခုအပေါ် အာရုံစိုက်ရန် ခဲယဉ်း ခြင်းနှင့် သေဆုံးခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေ ခြင်းတို့ကို စဉ်းစားမိနေခြင်း အစရှိသည်တို့သည် စိတ်ကျရောဂါ ဖြစ်ပွားနေသူတစ်ဦးတွင် ရှိနေတတ်သော လက္ခဏာများဖြစ်ကြောင်း သိရပါသည်။
မိမိကိုယ်မိမိ သတ်သေသူများတွင် တွေ့ရှိရတတ်သောလက္ခဏာအချို့မှာမူ ဒေါသကြီးကာ ရန်လိုနေတတ်ခြင်း၊ ကျောင်းပျက် ခြင်း၊ စာသင်ခန်းထဲဝယ် ဆောင်ရွက်မှုများ ညံ့ဖျင်းလာခြင်း၊ပေါင်းသင်းဆက်ဆံရခက်ခဲလာခြင်း၊ မူးယစ်ဆေးဝါးစသည်တို့ကို သုံးစွဲလာခြင်း၊ အမှုမဲ့အမှတ်မဲ့အနေများလာခြင်း စသည်တို့ဖြစ်ကြပါသည်။
မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးများအပေါ် သတိပြုစောင့်ကြည့်နေရန်လိုအပ်ပြီး စေတနာမှ ဝေဒနာ မဖြစ်ရစေရန်ကို လည်း ဂရုပြုကြဖို့လို၏။ မိမိတို့၏ဖြစ်ချင်ဇောများ မလွန်ကဲကြဖို့ သတိပြုသင့်သလို မိမိ ရင်သွေးများတွင် ပေါ်ပေါက်နေသော သတိပြုရမည့် လက္ခဏာများကို အစဉ်စောင့် ကြည့်သတိပြုကာ ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် မဏ္ဍိုင်သုံးခုဟန်ချက် ညီနေစေရေးအတွက် ဖေးမကူညီကြရန် လိုအပ်ပါသည်။
Ref: WARNING SIGNS OF DEPRESSION AND SUICIDE by MATILDA R.CUOMO and MARGARET L.CUOMO MAIER, M.D.

Monday, March 16, 2009
They Won't Let Me Sleep
မီးပျက်နေတဲ့ညမှောင်မှောင်မှာ လေပြည်ကလေးကခပ်နှော့နှော့ သစ်ရွက်ကြွေတွေဝေ့၀ဲကျနေတဲ့ ခြံအတွင်းမှာ ဟိုသစ်ပင်နားက တစ်ယောက်ပေါ်လာလိုက် ဒီသစ်ပင်နားက တစ်ယောက်ပျောက်သွားလိုက်နဲ့ လူတစ်ချို့။ သူတို့ဒီလိုလှုပ်ရှားနေကြတာ ပျော်စရာများကောင်းနေသလားမသိ ရယ်သံများပင်ထွက်လို့။ ပြေးလွှားနေကြရ လို့များလား သူတို့ကိုယ်မှာ ချွေးတွေလည်း သီးလို့လေ။ ရုတ်တရက် မီးပြန်အလာမှာ သူတို့တစ်စုလုံး.... .ရေ... ..သောက်ရေအိုးနားမှာ တစ်စုတည်း။
အသက်၂၁နှစ်ပြည့်တဲ့ဒီနေ့မှာ ကြုံတွေ့ရတဲ့အဖြစ်တွေကိုပြောပြချင်နေမိတယ်။ လက်တွေ့ကျကျရှင်းပြလို့မရ တစ်နည်းဆိုရရင် သိပ္ပံနည်းကျရှင်းပြလို့ မရတဲ့ အဖြစ်အပျက်မျိုးကို အခုအချိန်မှာမှမဟုတ် ဆယ်ကျော်သက် အရွယ် ၁၂ ၊ ၁၃နှစ်လောက်ကတည်းကတွေ့ကြုံဖူးခဲ့ပါတယ်။ ဆယ်ကျော်သက်ရွယ် သူငယ်ချင်းတွေနဲ့ လူငယ် ဘာဝကစားနည်းအမျိုးမျိုးကို ကစားဖြစ်ခဲ့သလို အချင်းချင်းခြောက်လှန့်ရင်း ကြောက်ရွံ့မှုရသကို သဘောတကျ ခံစားဖြစ်ခဲ့ ကြပါတယ်။
ဒီလိုကစားကြတဲ့အခါ ကျွန်တော့်စိတ်အထင်လား အမှန်တကယ်ဖြစ်ပျက်ခဲ့သလားဆိုတာ မရေရာခဲ့တဲ့ အဖြစ် အပျက်တွေကြုံတွေ့ခဲ့ရတာချည်းပါပဲ။ ခြံဝင်းကျယ်ထဲ ဟိုဒီပြေးလွှား ပုန်းတမ်းကစားကြတဲ့အခါ လူဦးရေ ၅ယောက်လောက်သာရှိပေမဲ့ ၇ယောက်၈ယောက်လောက်ရှိနေတဲ့ ပုံစံမျိုး ကျွန်တော်တို့ တွေတစ်ပြိုင်နက် ခံစားရမိတတ်ကြတယ်။ ဒီအခါပြေးလွှားခြင်းကိုချက်ခြင်းရပ် အချင်းချင်း မျက်စိမျက်နှာပျက်ကြည့်မိကြရင်း ကစားပွဲကိုရပ်တန့်သွား တတ်တာပေါ့။
x x x
အသက်၁၆နှစ်အရွယ်မှာ ဦးလေးတိုးတို့နေထိုင်ဖူးခဲ့တဲ့ တိုက်အိုက်ကြီးကို မိသားစုလိုက်ပြောင်းရွှေ့ နေထိုင် ဖြစ်ခဲ့တယ်။ ပြောင်းရွှေ့ပြီး ၃ရက်၎ရက်လောက် အတွင်းဖြစ်ပျက်ခဲ့တာ ကြုံတွေ့ရတာလေးတွေကို အခုထိမှတ် မိတုန်းပါ။ အိမ်ကြီးမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါမျိုးမှာ ကားဂိုထောင်ဘက်က အိမ်ခေါင်မိုးအစွန်းက ဖျက်ကနဲ အလင်းရောင်လိုလို မြူခိုးလိုလိုတစ်ချို့မြင်ရတတ်တယ်။ ဒါဝိညာဉ်တစ်ခုပဲ ဆိုတာ သိလိုက်ရပေမဲ့ ကြောက်လန့်မှု ကိုတော့ မခံစားမိသေးပါ။
ဒါပေမဲ့အချိန်ကာလကြာလာတာနဲ့အမျှ သတိပြုမိလာတာကတော့ ဒီအိမ်ကြီးမှာ ၀ိညာဉ်တွေ အများအပြားရှိ နေတယ်ဆိုတာ။ တစ်မိနစ်အတွင်းမှာကိုပဲ သူရှိနေတာ ဘာမှအနှောက့်အယှက်မဖြစ်ပေမဲ့ နောက်တစ်မိနစ် လည်းကြာရော တင်းတင်းကျပ်ကျပ် ဖီလင်မျိုးကို ကျွန်တော့်ဝန်းကျင်မှာ ခံစားရတတ်တာ။ အဆုံးသတ်မတော့ ဒီအိမ်မှာ ၀ိညာဉ်တစ်ဦးမကဘူးဆိုတာ အဖြေထွက်လာတော့တာပေါ့ဗျာ။
သူငယ်ချင်းတွေအများကြီး အိမ်ကိုလိုက်လည်ကြတယ်။ ပြီးတော့ သူတို့ကို တစ်စုံတစ်ယောက်က စောင့်ကြည့် နေသလို ခံစားရသတဲ့။ တစ်ခါတော့ သူတို့ကိုစောင့်ကြည့်နေတာ အဖိုးအိုတစ်ယောက်ဖြစ်မယ်တဲ့။ ဟုတ်တယ် ရယ်တော့ရယ်စရာပဲ ကျွန်တော်လည်း အဖိုးကြီးတစ်ယောက်ဖြစ်မယ်လို့ စိတ်ကထင်နေမိတာ။
နောက်နည်းနည်းကြာတော့ အိမ်မကြီးမှာ မနေတော့ဘဲ အနောက်ဖက်ခြံဝင်းထဲက ဘန်ဂလိုအိမ်မှာပဲ နေဖြစ် တော့တယ်။ ဒီနေရာလေးက သစ်ပင် အုံ့ဆိုင်းဆိုင်းနဲ့ဆိုတော့ အေးအေးသက်သာနေရမလားလို့လေ။ နှစ်နှစ် (သို့မဟုတ်) သုံးနှစ်လောက်ကြာတော့ ကျွန်တော်စပြီး သတိထားစပြုလာတာက ကျွန်တော်အခန်းထဲမှာ နေနေ တာပဲဖြစ်ဖြစ် ဘာပဲလုပ်နေနေ နံရံအပေါက်တစ်ခုကနေ ချောင်းကြည့်ခံရတဲ့ဖီလင်မျိုး၊ ပြီးတော့ မှန်ကွဲသလို အသံမျိုးတွေ လည်းကြားကြားနေရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီနေရာကနေထွက်ခွာသွားဖို့ စိတ်မကူးမိသလို စိတ်နှလုံးညှိုးနွမ်းတဲ့ ခံစားမှုမျိုးလည်း မဖြစ်ပါ။ သူတို့ကြောင့် မထွက်ခွာတာအသေအချာပေါ့။
၈လလောက်ကြာတော့ ကို့ရို့ကားယားနိုင်တဲ့အတွေ့အကြုံကို အိပ်မက်မက်တယ်လို့ ထင်မိရင်းရရှိခဲ့တာ။ မိန်းမကြီး...ဒေါသအလွန်ထွက်နေတဲ့ မျက်နှာနဲ့ ကျွန်တော့်ဆီလှမ်းလာပြီး ပါးတွေနားတွေရိုက်တာလေဗျ။ ကိုယ့်မျက်နှာကို ကိုယ့်ဘာသာကိုင်ပြီး နိုးထလာရတာ မကြာခဏ အိပ်ပျော်လု ပျော်ခင်မှာ ကြုံရတာ....တကယ်ဖြစ်တဲ့အတိုင်းပါ။
တစ်ချို့သော ပစ္စည်းလေးတွေ ပျောက်ပျောက်နေတာ နေရာရွေ့နေတာလည်းမကြာခဏကြုံရပြန်တယ်။ တီဗီ ရီမုဒ်ပျောက်ပျောက်နေတာမျိုး အပေါ်ထပ်ကြမ်းပြင်ကနေ ရေစက်တစ်ချို့ကျလာတာမျိုးတွေပေါ့။ အပေါ်ထပ် ကြည့်တော့ အစွန်းအကွက်မရှိ နတ္ထိလေ။
နှစ်အနည်းငယ်ကြာတော့ ကျွန်တော့်မှာ တကယ့်ပြဿနာကြုံရပြီပေါ့။ အိပ်ပျော်ရင်းလမ်းထလျှောက်တတ်တဲ့ ပြဿနာလေ။ အိုး.... အရင်ကုန်ခဲ့တဲ့နှစ် တွေဟာ ရူးသွပ်သွားစေမလားဘဲ။ဒီဝိညာဉ်တွေက ကျွန်တော့်ကို အိပ်မပျော်စေချင်ဘူးထင်ပါရဲ့။အိပ်ယ်ာပေါ်မှာ အိပ်ပျော်လုပျော်ခင် ရောက်ရင်ခုတင်နားမှာ ကပ်ပြီး မိုးကြိုးပစ်ချ လိုက်သလို အသံမျိုး၊ ပြူတင်းတံခါးမှန်ချက်တွေ ကွဲကျသံနောက်ပြီး အပေါ်ကနေ ကျွန်တော့်အပေါ်တက်ဖိ ထားသလို ခံစားရတာ။ အသက်ရှုမ၀ ရုတ်တရက်ချွေးစေးပြန်ပြီး ထရပ်မိလိုက်တော့ ဒူးများဟာ ယိုင်နဲ့နဲ့။
အသက်ရှုမှားလောက်တဲ့ ခြောက်လှန့်မှုမျိုးကို လွန်ခဲ့တဲ့နှစ်ပတ်က ကြုံရပြန်တယ်။ ဒီဝိညာဉ်က ကျွန်တော့်ကို ဒေါသအရမ်းထွက်နေပုံပဲ။ ဘာကြောင့်ဒေါသထွက်မှန်း ကျွန်တော်တကယ်မသိဘူး။ တညသား ကျွန်တော့် ခုတင်နားရွေ့လျားလာတဲ့ ခြေသံကို တလှမ်းချင်းကြားရတယ်....ပြီးတော့ ကျွန်တော့်ဂီတာကို ဆော့ခတ်ကစား တယ်....ပြူတင်းတံခါးတွေ အလိုအလျောက်ပွင့်လာပြီး အိမ်နံရံကို မိုးကြိုးပစ်ချလိုက်သလို တသိမ့်သိမ့် လှုပ်ရမ်း သွားတာ......."အမလေးဗျ။"
x x x
အမေတို့ကလည်း ခရီးထွက်သွားတာ ကြာလိုက်တာ။ အိမ်မကြီးဆီကို သန့်ရှင်းရေးသမားနဲ့ တစ်ခါတစ်ခါသွား ရှင်းတာကလွဲလို့ မရောက်ဖြစ်ဘူးဆိုပါတော့။ အဖေနဲ့ အမေက နှစ်ဦးလုံးခရီးသွားကုမ္ပဏီထောင်ထားကြတော့ မကြာခဏ အိမ်မှာမရှိကြဘူး။ ကျွန်တော်က ကျောင်းသွားတက်၊ပြီးရင် သူငယ်ချင်းတွေဆီဝင်လည် အိမ်ကိုလိုက်လည်ဖို့ခေါ်တာ တစ်ယောက်မှ မလိုက်ချင်တော့ဘူး.....ဟူး။
ခါတိုင်းကြည့်နေကြ ကြိုက်တဲ့သရဲကားတွေတောင်မကြည့်ဖြစ်ဘူး ကျွန်တော့်မှာ။ ရုပ်သံလိုင်းက ဇာတ်လမ်း တွဲတွေပဲ ကြည့်ကြည့်နေရတာ။ အမေတို့ ဒီတစ်ခါပြန်လာရင် တစ်ခုခုတော့လုပ်ဦးမှပါလေ။
အိပ်ယာပေါ်မှာအိပ်တာပဲဖြစ်ဖြစ် ဆိုဖာပေါ်မှာခဏလှဲတာပဲဖြစ်ဖြစ် စောင်ပါးတစ်ထည် ရင်ဘတ်ပေါ်တင် လက်တစ်ဘက်ကို အပေါ်မှာတင်ပြီး အိပ်တတ်တာ ကျွန်တော့်အကျင့်လေ။ စောင်လျှောလျှောကျလို့ ဆွဲတင်မိ တာ တစ်ခါတစ်လေ လက်အစိုကြီးတစ်ဖက်ကို စမ်းစမ်းမိပြန်ရော။ အဲဒီအခါ မသိချင်ယောင်ဆောင်ပြီး လက်ကို အတွင်းထည့်ပြီးအိပ်ပျော်သွားပြန်တော့ အနှောက်အယှက်မရှိတော့ဘူး။ ဒါပေမဲ့ နောက်ညလည်းရောက်ရော ဇာတ်လမ်းကစပြန်ပြီ။
အိပ်ယာပေါ်က ခုန်ထပြီး အော်ပစ်လိုက်တယ်..။ "Do you want to start do ya?" ပထမအကြိမ် အော်တယ်၊ဒုတိယအကြိမ်အော်လိုက်ပြန်တော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာတစ်ခုက ကွာကျပြီး အိပ်ယာအောက်လျှောဝင်သွားရော။ အဲဒီညလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရပြန်တယ်။
နှစ်ညလွန်ပြီးနောက် သူတို့ကိုရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခန်းထဲက စာအုပ်ဗီရိုတွေကို တစ်ခြားအခန်း ရွှေ့ပစ်လိုက်တယ်။ နံရံကပ်ဘီရိုလေးတွေ နောက် ဒီနာရီကြီးရဲ့ ထောင့်ကနေ ရပ်ကြည့်နေတယ်လို့ ခံစားရ တာ....ဒီရှေးဟောင်းနာရီကြီးကိုလည်း ရွှေ့ပစ်ရမည်။ ဟူး.....မောမောနဲ့ အနားယူရင်း နက်ဖြန်ခရီးတစ်ခု ထွက်ဖို့ ငွေပြေစာ ဘယ်နားထားမိပါလိမ့်။ တွေ့ပြီ...။ ည၈နာခွဲပဲရှိသေးတယ် အိပ်ချင်စိတ်ပေါ်လာတာနဲ့ အိပ်ယာပေါ်ထိုးအိပ်ပစ်လိုက် တယ်။ ပြတင်းတံခါးကို တောက်တောက် တောက်တောက်နဲ့ခေါက်သံ၊ တစ်စုံ တစ်ယောက်ပြေးနေတဲ့အသံ ၊နံရံပေါ်မှာ ရှပ်တိုက်သွားတဲ့ခြေသံတွေ ကြားရပြန်တယ်။ ဒါပေမဲ့ .....အိပ်မောကျ သွားရပြန်တယ်။
ဒီအိမ်ကြီးကို ပြောင်းလာတာကို လိုက်လာမိတာ ကျွန်တော့်အမှား ၀ိညာဉ်တွေရဲ့ ခြောက်လှန့်မှုကြောင့် အိပ်မပျော်ညတွေကများ။ ဘယ်လိုလူတွေ နေထိုင်သွားပြီး ဘာတွေဖြစ်ကြပါလိမ့်။ဦးလေးတိုးကဘာကြောင့် ကျွန်တော်တို့ကိုဒီအကြောင်းအရိပ်အမြွက်တောင်ပြောမသွားရတာပါလိမ့်။ နှစ်နှစ် သုံးနှစ်နေလာရတာ အဖေတို့ကို ဖွင့်မပြောမိပြန်တော့ ဘာမှမလုပ်ဖြစ်ဖူး ဒီကောင်တွေရန်ကလွတ်အောင်.....အိုး.....စိတ်ညစ်တယ်။
အိမ်ကနေထွက်သွားမှာကို သူတို့ရိပ်မိသလားမသိ ဒီရက်ပိုင်းအတွင်း အနှောက်အယှက်ကင်းကင်းအိပ်ရတယ်။ အသံကျယ်တွေမကြားရတော့သလို ခြေသံပြင်းပြင်းတွေလည်းမရှိ။ သွား.......မင်းတို့ဖာသာဘယ်နေရာက စောင့်ကြည့်ကြည့် ငါလုံးဝဂရုမစိုက်တော့ဘူး။
x x x
အမေ့ကုမ္ပဏီက ၀န်ထမ်းတွေက ဖော်ဖော်ရွေရွေနဲ့ ဂရုတစိုက်စောင့်ရှောက်ပြီး ခရီးစဉ်အနှံ့လိုက်ပို့တယ်။ ပြီးတော့ကျွန်တော့်လက်စွဲ တိုးဂိုက်တစ်ယောက် ဖြစ်တဲ့ ကိုစိုးက မင်းဒီတစ်ခါသရဲရှိတယ်ဆိုတဲ့ နေရာတွေအဆောက်အဦတွေ မကြည့်တော့မလေ့လာတော့တာ ထူးဆန်းတယ်၊ ဘာကြောင့်လည်းတဲ့။ ဟွန်း......အိမ်မှာ ညတိုင်းနီးပါးခြောက်လှန့်ခံရလို့ ရိုးနေပြီလို့စိတ်ထဲကပြောမိပါတယ်။ အပြင်မှာတော့ ရိုးသွားလို့ တစ်ခြားဟာတွေဘက်ဓာတ်ကျနေလို့ ဖြေလိုက်တော့တာပေါ့။
အမေနဲ့လည်ရတာရိုးသွားတော့ အဖေ့သင်္ဘောခရီးစဉ်တွေနောက်လိုက်မိပြန်တယ်။ ငါ့သားဒီတစ်ခါတော့ မိသားစုအလုပ်ကို စိတ်ပါဝင်စားလေ့လာနေ ပါလားတဲ့။ "ဒယ်ဒီကလည်းဗျာ.."ပေါ့ ဟား ဟား။
လေညှင်းတသုန်သုန်လှိုင်းတငြိမ့်ငြိမ့် စားသောက်ခန်းမထဲသွားလိုက် သင်္ဘောဦးပိုင်းက ဂီတပွဲကိုကြည့်လိုက် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက် အဆင်ကိုပြေလို့။ တော်ပြီ အိမ်မှာတစ်ယောက်တည်းအချိန်ကုန်ခဲ့တာမှားတယ်။ ဒီဝိညာဉ်ကောင်တွေ နယ်ခြားသွားတော့ လိုက်မလာနိုင်ဘူးပေါ့။
ကျွန်တော်ဘာလုပ်ရမလည်း...သူတို့ထွက်ခွာသွားဖို့...ဘာလုပ်ရမလည်း။ အခန်းထဲက သူတို့ခိုအောင်းနိုင်တဲ့ ပစ္စည်းတွေကိုလည်းရှင်းပြီးသား။ ပြတင်းတွေမှာလည်း ဆားနဲ့ဖြန်းပက်ပြီးသား.....ဘာ ...ဘာလုပ်ရဦးမှာလည်း။ ကူကယ်ရာမဲ့လိုမျိုးခံစားရတာ.....ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။
အိမ်အသစ်ပြောင်းရင်ရော သူတို့လိုက်လာနိုင်ဦးမှာလား...။ ကျွန်တော့်ကိုပဲရွေးခြောက်နေသလား....။ အိမ်အသစ်မှာလည်း ကျွန်တော်ပဲတစ်ယောက်တည်း ကျန်နေရစ်ခဲ့ရဦးမှာ....။ အား......................

ကမ်းခြေက အိမ်ဆီမပြောင်းခင် ဦးလေးတိုး အိမ်ကို ပြန်လာရတာခန့်လန့်လန့်။ဒါပေမဲ့ အေးဆေးပဲ ဘာမှမဖြစ်သေးဘူး ပြန်လာပြီး တစ်ရက်နှစ်ရက်။
ဒီကောင်တွေ စွန့်ခွာသွားပြီလား။ "ငါ့ကို ဒုက္ခမပေးနိုင်တော့ပါဘူး။" ကျွန်တော့်အထင်ပေါ့လေ။ မကြာပါဘူး...
မနေ့ည ဟုတ်တယ်....ပြန်ရောက်ပြီးအနားယူ အိမ်မကြီးက အမေ့အိပ်ယာပေါ်မှာ အိပ်ပျော်သွားတာ တစ်စုံတစ် ယောက်က ကျွန်တော့်နှာခေါင်းကို တစ်ခုခုနဲ့ ဖုံးမယ်ဖီလင်မျိုး ပြီးတော့နှစ်ကြိမ်လောက် လှုပ်နှိုးခံရချိန်မတော့ ဘယ်လိုမှမအိပ်နိုင်တော့ဘူး။ဒီအတွေ့အကြုံမျိုး ကျွန်တော့်အခန်းထဲမှာတုန်းက ခံစားခဲ့ရဖူးတယ်။
မနေ့ည ဟုတ်တယ်....ပြန်ရောက်ပြီးအနားယူ အိမ်မကြီးက အမေ့အိပ်ယာပေါ်မှာ အိပ်ပျော်သွားတာ တစ်စုံတစ် ယောက်က ကျွန်တော့်နှာခေါင်းကို တစ်ခုခုနဲ့ ဖုံးမယ်ဖီလင်မျိုး ပြီးတော့နှစ်ကြိမ်လောက် လှုပ်နှိုးခံရချိန်မတော့ ဘယ်လိုမှမအိပ်နိုင်တော့ဘူး။ဒီအတွေ့အကြုံမျိုး ကျွန်တော့်အခန်းထဲမှာတုန်းက ခံစားခဲ့ရဖူးတယ်။
ကျွန်တော်ဘာလုပ်ရမလည်း...သူတို့ထွက်ခွာသွားဖို့...ဘာလုပ်ရမလည်း။ အခန်းထဲက သူတို့ခိုအောင်းနိုင်တဲ့ ပစ္စည်းတွေကိုလည်းရှင်းပြီးသား။ ပြတင်းတွေမှာလည်း ဆားနဲ့ဖြန်းပက်ပြီးသား.....ဘာ ...ဘာလုပ်ရဦးမှာလည်း။ ကူကယ်ရာမဲ့လိုမျိုးခံစားရတာ.....ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။
အိမ်အသစ်ပြောင်းရင်ရော သူတို့လိုက်လာနိုင်ဦးမှာလား...။ ကျွန်တော့်ကိုပဲရွေးခြောက်နေသလား....။ အိမ်အသစ်မှာလည်း ကျွန်တော်ပဲတစ်ယောက်တည်း ကျန်နေရစ်ခဲ့ရဦးမှာ....။ အား......................
Please help guys!
Thursday, March 5, 2009
Qui Tao (Thai Noddles)
ကျွန်တော် ရန်ကုန်ရောက်ခါစက ဒီအစားအစာကို ဘာမှန်းမသိပါဘူး။ နာမည်ကလည်း ကွေ့သယိုတဲ့။ နောက်သူငယ်ချင်းလိုက်ကျွေးတော့မှ မြည်းစမ်းဖူးတာ။ မဆိုးပါဘူးတစ်မျိုးလေးပဲ။ ငရုတ်သီးကြိုက်သူ
တွေကတော့ ရှုးရှုးရှဲရှဲစားပေါ့။ ကျွန်တော်ကတော့ အစပ်လျော့ ပြီးစားဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း အိမ်မှာ သူငယ်ချင်းတွေစုပြီး အလွယ်တကူလုပ်စားလို့ရအောင် ဝေမျှလိုက်ပါတယ်။ ကွေ့သယိုက ထိုင်းရိုးရာအစားအစာပါ။ ထိုင်းနိုင်ငံရဲ့ လမ်းဆုံလမ်းခွမှာလေ မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးဆိုင် တွေရှိ သလိုမျိုးကွေ့သယိုရောင်းတဲ့ဆိုင်တွေရှိကြပါတယ်။
ကွေ့သယို (ထိုင်း အစားအစာ)
ပါဝင်သောပစ္စည်းများ
(၁) ကြက်ရိုး (သို့မဟုတ်) ၀က်ရိုး - ၂၅ကျပ်သား
(၂) ကြက်သား အသားနွှင်ပြီး - ၃၀ ကျပ်သား
(၃) ငါးဖယ်ခြစ် - ၁၅ကျပ်သား
(၄) ရယ်ဒီမိတ် ကြက်ကြော်လုံး - ၂၀လုံး
(၅) ၀က်သားလုံး - ၂၀လုံး
(၆) ဆန်ခေါက်ဆွဲခြောက် - တစ်ထုပ် (ရှမ်းခေါက်ဆွဲအဖတ်ဖြင့်လည်း ပြုလုပ်နိုင်သည်။)
(၇) ပဲပင်ပေါက်နှင့် ကန်စွန်းရွက် - ၁၅ကျပ်သားနှင့် ကန်စွန်းရွက် တစ်စည်း။
(၈) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၉) ငရုတ်သီး အကျက်မှုန့် - ငါးကျပ်သား
(၁၀) သကြား - ၁၀သား
(၁၁) တရုတ်နံနံ နှင့်ကြက်သွန်မြိတ် - ငါးကျပ်သားစီ
(၁၂) ခရုဆီ - အနည်းငယ်
(၁၃) ကြက်သွန်ဖြူ ဆီချက် - အနည်းငယ် ကြိုတင်ချက်ထားပါ။
ပြုလုပ်ပြင်ဆင်ပုံ
ကြက်ရိုးကို ဦးစွာခုတ်ထစ်ဆေးကြောပြီး ဆားအနည်းငယ်ထည့်ကာ ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်၍ ပွက်ပွက်ဆူအောင် တည်ထားပါ။ ဆန်ခေါက်ဆွဲပြားအခြောက်ကို တစ်နာရီခန့် ရေစိမ်ထားပြီး ပွက်ပွက် ဆူသော ရေနွေးအတွင်းသို့ ခေတ္တစိမ်ထားပါ။ နောက်ရေစစ်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျော ထားပါ။ ငရုတ်သီးအကျက်မှုန့်ကို ဆီအနည်းငယ်နဲ့ ကြော်ထားပြီး ကန်စွန်းရွက်အညွန့်ကလေးများကို နွှင်ထားပါ။
တရုတ်နံနံနှင့် ကြက်သွန်မြိတ် အားလုံးဆေးကြောသန့်စင်ထားပါ။ ကြက်ရိုးပြုတ် ပွက်ပွက် ဆူပါက အပေါ့အငန်အရသာမြည်းကြည့်ပြီး ခရုဆီနဲ့ လိုအပ်သည်များကို ထည့်ပေးပါ။
အရသာအနေတော်ဖြစ်ပြီ ဆိုပါက ခေတ္တပြန်တည်ထားပါ။ ငါးဖယ်ခြစ်ကို ဆား၊ အရသာမှုန့် အနည်း ငယ်ထည့်၍ နယ်ပြီး အလုံးကလေးများပြုလုပ်ကာ ပြုတ်ထားပါ။ကြက်သားကိုလည်း ခပ်ပြားပြား ကလေးများလှီးပြီးပြုတ်ထားပါ။ ထို့နောက် ပွဲပြင်မည်ဆိုပါက ဟင်းရည် ပန်းကန်လုံးအတွင်း ဆန်ပြား ခေါက်ဆွဲတစ်ပွဲစာထည့်ပြီး အသားလုံး၊ ငါးဖယ်လုံး၊ ကြက်သားပြား၊ ပဲပင်ပေါက် ကန်းစွန်းရွက်၊ ငရုတ်ဆီချက်၊ ကြက်သွန်ဖြူဆီချက်နဲ့ သကြားတစ်ဇွန်းတို့ကို ထည့်ပြီး အပေါ်မှ ပြုတ်ရည်ကိုလောင်း ထည့်ပါ။ အသင့်လှီးထားသော တရုတ်နံနံနှင့် ကြက်သွန်မြိတ်ကို ထည့်ပြီး ငရုတ်ကောင်းမှုန့် အနည်း ငယ်ဖြူးပေးပါ။
ပူပူလောင်လောင်စားသုံးရန်ဖြစ်ပါသည်။ ကွေ့သယိုနဲ့ တွဲဖက်စားသုံးရန် ငရုတ်သီး ဆော့စ်ကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါသည်။ ကွေ့သယိုကို အသုပ်အနေဖြင့်လည်း ပြုလုပ်စားသုံးနိုင်ပါသေးသည်။
တွေကတော့ ရှုးရှုးရှဲရှဲစားပေါ့။ ကျွန်တော်ကတော့ အစပ်လျော့ ပြီးစားဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း အိမ်မှာ သူငယ်ချင်းတွေစုပြီး အလွယ်တကူလုပ်စားလို့ရအောင် ဝေမျှလိုက်ပါတယ်။ ကွေ့သယိုက ထိုင်းရိုးရာအစားအစာပါ။ ထိုင်းနိုင်ငံရဲ့ လမ်းဆုံလမ်းခွမှာလေ မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးဆိုင် တွေရှိ သလိုမျိုးကွေ့သယိုရောင်းတဲ့ဆိုင်တွေရှိကြပါတယ်။ ကွေ့သယို (ထိုင်း အစားအစာ)
ပါဝင်သောပစ္စည်းများ
(၁) ကြက်ရိုး (သို့မဟုတ်) ၀က်ရိုး - ၂၅ကျပ်သား
(၂) ကြက်သား အသားနွှင်ပြီး - ၃၀ ကျပ်သား
(၃) ငါးဖယ်ခြစ် - ၁၅ကျပ်သား
(၄) ရယ်ဒီမိတ် ကြက်ကြော်လုံး - ၂၀လုံး
(၅) ၀က်သားလုံး - ၂၀လုံး
(၆) ဆန်ခေါက်ဆွဲခြောက် - တစ်ထုပ် (ရှမ်းခေါက်ဆွဲအဖတ်ဖြင့်လည်း ပြုလုပ်နိုင်သည်။)
(၇) ပဲပင်ပေါက်နှင့် ကန်စွန်းရွက် - ၁၅ကျပ်သားနှင့် ကန်စွန်းရွက် တစ်စည်း။
(၈) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၉) ငရုတ်သီး အကျက်မှုန့် - ငါးကျပ်သား
(၁၀) သကြား - ၁၀သား
(၁၁) တရုတ်နံနံ နှင့်ကြက်သွန်မြိတ် - ငါးကျပ်သားစီ
(၁၂) ခရုဆီ - အနည်းငယ်
(၁၃) ကြက်သွန်ဖြူ ဆီချက် - အနည်းငယ် ကြိုတင်ချက်ထားပါ။
ပြုလုပ်ပြင်ဆင်ပုံ
ကြက်ရိုးကို ဦးစွာခုတ်ထစ်ဆေးကြောပြီး ဆားအနည်းငယ်ထည့်ကာ ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်၍ ပွက်ပွက်ဆူအောင် တည်ထားပါ။ ဆန်ခေါက်ဆွဲပြားအခြောက်ကို တစ်နာရီခန့် ရေစိမ်ထားပြီး ပွက်ပွက် ဆူသော ရေနွေးအတွင်းသို့ ခေတ္တစိမ်ထားပါ။ နောက်ရေစစ်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျော ထားပါ။ ငရုတ်သီးအကျက်မှုန့်ကို ဆီအနည်းငယ်နဲ့ ကြော်ထားပြီး ကန်စွန်းရွက်အညွန့်ကလေးများကို နွှင်ထားပါ။
တရုတ်နံနံနှင့် ကြက်သွန်မြိတ် အားလုံးဆေးကြောသန့်စင်ထားပါ။ ကြက်ရိုးပြုတ် ပွက်ပွက် ဆူပါက အပေါ့အငန်အရသာမြည်းကြည့်ပြီး ခရုဆီနဲ့ လိုအပ်သည်များကို ထည့်ပေးပါ။ အရသာအနေတော်ဖြစ်ပြီ ဆိုပါက ခေတ္တပြန်တည်ထားပါ။ ငါးဖယ်ခြစ်ကို ဆား၊ အရသာမှုန့် အနည်း ငယ်ထည့်၍ နယ်ပြီး အလုံးကလေးများပြုလုပ်ကာ ပြုတ်ထားပါ။ကြက်သားကိုလည်း ခပ်ပြားပြား ကလေးများလှီးပြီးပြုတ်ထားပါ။ ထို့နောက် ပွဲပြင်မည်ဆိုပါက ဟင်းရည် ပန်းကန်လုံးအတွင်း ဆန်ပြား ခေါက်ဆွဲတစ်ပွဲစာထည့်ပြီး အသားလုံး၊ ငါးဖယ်လုံး၊ ကြက်သားပြား၊ ပဲပင်ပေါက် ကန်းစွန်းရွက်၊ ငရုတ်ဆီချက်၊ ကြက်သွန်ဖြူဆီချက်နဲ့ သကြားတစ်ဇွန်းတို့ကို ထည့်ပြီး အပေါ်မှ ပြုတ်ရည်ကိုလောင်း ထည့်ပါ။ အသင့်လှီးထားသော တရုတ်နံနံနှင့် ကြက်သွန်မြိတ်ကို ထည့်ပြီး ငရုတ်ကောင်းမှုန့် အနည်း ငယ်ဖြူးပေးပါ။
ပူပူလောင်လောင်စားသုံးရန်ဖြစ်ပါသည်။ ကွေ့သယိုနဲ့ တွဲဖက်စားသုံးရန် ငရုတ်သီး ဆော့စ်ကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါသည်။ ကွေ့သယိုကို အသုပ်အနေဖြင့်လည်း ပြုလုပ်စားသုံးနိုင်ပါသေးသည်။
Subscribe to:
Posts (Atom)