Wednesday, June 14, 2023

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ တကယ်ရှိလား

 လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား




(Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။ 

Ye Myo Myat မှ ရေးသားသည်။)


လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား


လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား ….. ဒီမေးခွန်းကို လူအများစုက မဖြစ်နိုင်ဘူးလို့ပဲ ဖြေကြမှာပါပဲ။ ပုံမှန် လူသား အများစုဟာ အအိပ်၊ အစား၊ ကာမ ဒီတာဝန် ၃ခုနဲ့ နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတတ် ကြပေမယ့် လိင်မှုကိစ္စ အပေါ် စိတ်ခံစားချက်၊ သာယာမှု မရှိတာ၊ လိင်မှုကိစ္စ အပေါ် စိတ်မဝင်စားတဲ့သူတွေ အမှန်တကယ် ရှိနေပါတယ်။



လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား

လိင်မှုကိစ္စအပေါ် စိတ်မဝင်စားတဲ့သူတွေ လောကမှာ တကယ်ရှိနေလား ဆိုတာကို ဆက်ကြည့်လိုက် ရအောင်နော်။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အတူ နေနေ ရတဲ့ အချိန်မှာ၊ သို့မဟုတ် ကိုယ်ချစ်ရတဲ့သူ အကြောင်း တွေးမိတဲ့အခါ လိင်ဆက်ဆံလိုစိတ် မဖြစ်ပေါ် လာတာ၊ လိင်ဆက်ဆံမှု ပြုဖို့ လိုအပ်တယ်လို့ မခံစားရတာ အစရှိတဲ့ ခံစားချက်မျိုးကို လိင်မှု ကိစ္စအပေါ် စိတ်မဝင်စားခြင်း (Asexuality) လို့ ခေါ်ပါတယ်။




လိင်မှု ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ခြေ ရှိပြီး လက်ရှိ အချိန် Asexual လူဦးရေဟာ တစ်ကမ္ဘာလုံးမှာ ၁ ရာခိုင်နှုန်း လောက်သာ ရှိနေပါတယ်။ ဒါဟာလည်း ကိုယ်ပိုင် ရွေးချယ်မှု တစ်ခု မဟုတ်ဘဲ မွေးကတည်းက ဖြစ်တည်လာတဲ့ လိင်စိတ် တိမ်းညွှတ်မှု၊ ခံစားချက်နဲ့ စိတ်ခံယူမှုနဲ့သာ သက်ဆိုင်မှု ရှိပါတယ်။


Asexual တွေဟာ အမြဲတမ်း တစ်ယောက်တည်း နေတတ်ကြတာလား။

လိင်မှု ကိစ္စအပေါ် စိတ်ဝင်စားမှု မရှိတဲ့ သူတွေမှာ လူတစ်ဦး တစ်ယောက်ပေါ် မူတည်ပြီး ချစ်သူ၊ အိမ်ထောင် ရှာတတ်တဲ့ သူတွေလည်း ရှိသလို တစ်ယောက်တည်းပဲ တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားတတ်တဲ့ သူတွေလည်း ရှိပါတယ်။


ချစ်သူ၊ အိမ်ထောင်ပြုတဲ့ တိုင်အောင် လိင်မှုကိစ္စ အပေါ် သာယာမှု မရှိဘဲ စိတ်ခံစားချက်ပိုင်း ဆိုင်ရာနဲ့ နွေးထွေးမှု သံယောဇဉ်ကိုသာ တည်ဆောက်တတ် ကြပါတယ်။ အလွယ် ပြောရမယ် ဆိုရင်တော့ ချစ်နေရရုံနဲ့ ပြီးပြည့်စုံပြီ၊ ကျန်တာ ဘာမှ မလိုအပ်ဘူး ဆိုတဲ့ ပုံစံမျိုးပေါ့။


Asexual ဘယ်နှမျိုး ရှိသလဲ။

၁။ ဆန့်ကျင်ဘက်လိင်ကို ချစ်ခင်နှစ်သက်သူ (Heteroromantic)


၂။ လိင်တူကို ချစ်ခင်နှစ်သက်သူ (Homoromantic)


၃။ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ချစ်ခင်နှစ်သက်သူ (Biromantic)


၄။ လိင်သတ်မှတ်မှုမရှိပဲ လိင်အားလုံးကို ချစ်ခင်နှစ်သက်သူ (Panromantic)



၅။ ဘယ်သူ့အပေါ်မှာမှ ချစ်ခင်နှစ်သက်တဲ့ စိတ်မဖြစ်သူ (Aromantic) ဆိုပြီး ၅မျိုး ရှိပါတယ်။




Asexual တွေအပေါ် ချစ်မိသွားတဲ့အခါ ကိုယ့်ဘက်က နားလည်လက်ခံပေးရမှာ ညှိနှိုင်းပေးဖို့ လိုအပ်တာတွေ အများကြီးရှိလာနိုင်ပါတယ်။ အထူးသဖြင့် လိင်မှုကိစ္စ ဆက်ဆံဖို့ အခြေအနေမှာ တစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ မိမိနဲ့ လိင်ဆက်ဆံဖို့ အမြဲတိုက်တွန်းတာ၊ ဖိအားပေးနေတာထက် Asexual တွေဟာ အတူချစ်ခင်ကြည်နူးရတဲ့ နွေးထွေးမှုအရသာကို ပိုပြီး လိုလားတဲ့သူတွေ ဖြစ်တာကြောင့် ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ရင်းမြစ်များ

Definition Of Asexual –https://www.dailydot.com/irl/asexual-definition/ (March 1, 2019)


Things You Should Know About Being Asexual –https://www.cosmopolitan.com/sex-love/q-and-a/a30581/sex-talk-realness-asexuality/ (March 1, 2019)

No comments: