Friday, January 12, 2018

အင်ဂျင်နီယာတွေ laptop တစ်လုံးဘယ်လိုရွေးဝယ်မလဲ

အင်ဂျင်နီယာနဲ့ laptop ပြသနာ (သို့) အင်ဂျင်နီယာတွေ laptop တစ်လုံးဘယ်လိုရွေးဝယ်မလဲ 


**************************

ခက်တော့လဲခက်သားဗျ ကိုယ့်ရှေ့မှာစီနီယာတွေကလဲရေးခဲ့ပီးပီ။ အချက်အလက်စုံစုံလင်လင်နဲ့လဲ ပြောပြသွားပီးပီ။ ဒါပေမယ့်လဲ ကိုယ်နဲ့ကအမြင်မတူ အတွေးမတူတာကနဲနဲများသလို တချို့တွေရေးတဲ့ ကိစ္စတွေကိုလဲ ခါးခါးသီးသီးလက်မခံနိုင်လို့ ရှေ့မှာပို့စ်တစ်ခုရေးခဲ့ပီးပါပီ။
ဒီခါတော့ ကိုယ့် version နဲ့ကိုယ်လေး ရေးခွင့်ပြုပါ။
ပထမဆုံး ဘာကြောင့် laptop ဝယ်ရတာတုန်းမေးစရာရှိပါတယ်။

Learing နဲ့ creation အတွက်ပါ။

နောက်ပိုင်းမှာ computer-aided design (CAD) တွေဆော့ဝဲလ်တွေ ဖောဖောသီသီထွက်လာပီးတဲ့နောက် ကျွန်တော်တို့ စာရွက်ပေါ်မှာ drawing ဆွဲ structure design တွက်ကြပီး အချိန်တွေ ဘုန်းဘောလအောသုံး ခဲ့တာကနေ အခုချိန်မှာ နာရီပိုင်းလောက်နဲ့ ကိစ္စပြတ်နေပီ။

ဒီနေရာမှာ ကွန်ပြူတာတွေကလည်း လူတိုင်းသုံးနိုင်တဲ့ ဝန်းကျင်အထိဆင်းလာကြပီဆိုတော့ အင်ဂျင်နီယာပေါက်စလေးတွေကလဲ ကွန်ပြူတာနဲ့ ကိုယ်မသိသေးတဲ့ ဆော့ဝဲလ်တွေ လေ့လာကြပီး စီနီယာအင်ဂျင်နီယာတွေကလဲ ကွန်ပြူတာတွေသုံးပီး ပရောဂျက်တွေလုပ်နေကြပါပီ။

ဒါဆို ဘာလို့ desktop မဝယ်တာလဲ?
အများစုကျောင်းသားတွေအင်ဂျင်နီယာတွေဆိုတာက တနေရာထဲ ငုတ်တုတ်ထိုင်အလုပ်လုပ်နေကြတာမဟုတ်ဘဲ ကျောင်းမှာအဆောင်နေလို့ အိမ်ကခွဲနေတဲ့ကျောင်းသားနဲ့ ဆိုဒ်တကာပတ်သွားနေတဲ့ အင်ဂျင်နီယာတွေဖြစ်ကြတာမို့ desktop ပုံးကြီးတကားကားနဲ့ နေရာတကာသွားနေလို့မရတာကြောင့် laptop ဝယ်ကြတာပါပဲ။ တကယ်တော့ desktop ဟာ laptop ထက် performance ပိုင်းဆိုင်ရာမှာသိသိသာသာ လုပ်ဆောင်နိုင်စွမ်းကွာပါတယ်။

အိုခေ လေနဲနဲရှည်သွားပီ။
ပြောချင်တာကအခုမှစမှာ Laptop ဝယ်ကြမယ်ဆိုပါတော့ ဘာကိုကြည့်ပီးဝယ်ကြမှာလဲ?
သူများတွေပြောကြသလိုပဲ cpu ram graphic ပါပဲ။ ဒီနေရာမှာနဲနဲတော့ဖြည့်ပြောပါရစေ။
တစ်ခုချင်းစီရဲ့လုပ်ဆောင်ချက်လေးတွေအရင်ပြောရင်း တွေ့ဖူးတဲ့ laptop တွေရဲ့ အားနည်းချက်အားသာချက် လေးတွေကိုပါ အောက်မှာပြောပြပေးသွားပါ့မယ်။

----------xxx-------------xxxx-----------------

1. CPU
CPU နဲ့ အင်ဂျင်နိယာသုံးဆော့ဝဲလ်တွေဖြစ်တဲ့ Autocad, Sketchup, Rivit,Etabs,excel blah blah တွေရဲ့ ဆက်စပ်မှု။
ဒီဆော့ဝဲလ်တွေမှာ တွက်ချက်မှုတွေလုပ်ဆောင်ဖို့ cpu က တာဝန်ယူပါတယ် ဥပမာ autocad မှာ Line တစ်ကြောင်းဆွဲမယ်ဆိုပီး L (enter ) နှိပ်လိုက်တဲ့အချိန် CPU က စပီးအလုပ်လုပ်ပါတယ် သူ့ရဲ့ crosshair ဘယ်ကိုသွားနေလဲ ဘယ်လောက် ပေရှည်ထွက်လာမလဲ ဘယ်လောက် angle နဲ့လာမလဲဆိုတာတွေတွက်ပါတယ် ဒီနေရာမှာ polar ကို ဖွင့်ထားရင် cpu က 1.5ဆ လောက် လုပ်ဆောင်ချက်ပိုလုပ်ရပါတယ်။ ကျန်တဲ့ဆော့ဝဲလ်တွေမှာလဲဒီလိုပဲပေါ့။ ဒီတော့ cpu လုပ်ဆောင်ချက်မကောင်းရင် 2D Drawing တွေမှာသိပ်မသိသာပေမယ့် 3D drawing တွေကို orbit လှည့်တာကစ move , copy လုပ်တဲ့နေရာမှာ FPS နဲပီး ထစ်နေတဲ့ခံစားချက်တွေ တခါတလေ အပြာရောင်အလုံးလေးလည်လာပီး not responding ဆိုပီးဖြစ်သွားတတ်ပါတယ်။
ဆွဲလို့မရဘူးလား မဟုတ်ဘူး ရတယ် စိတ်သွားတိုင်းကိုယ်မပါဘူး။

ဒီနေရာမှာ Laptop တွေမှာသုံးတဲ့ CPU တွေထဲက အတွေ့အများဆုံး CPU နှစ်မျိုးနဲ့ပြောပြချင်ပါတယ်။
ဆယ်သိန်းအောက်ဈေးကွက်မှာတွေ့နေရတဲ့
ပထမဆုံးက U series CPU ပါ။
စက်ကိုဖွင့် MY PC ( My computer) ပေါ် right click ထောက်ပီး properties ကိုကြည့်လိုက်ရင်တွေ့ရမယ့်
ထဲမှာ  processor ကိုကြည့်လိုက်ပါ။
Intel ® Core ™ i7 7700 U တို့ Intel ® Core ™ i7 7920HQ တို့မြင်ရပါလိမ့်မယ်။

ဒီနေရာမှာ Intel® Core™ ဆိုတာက Brand ပါ
I7 ဆိုတာက Brand Modifier ပါ
7 ဆိုတာက generation ကိုပြတာပါ
700 တို့ 920 တို့ဆိုတာက SKU Numeric Digits ပါ
U တို့ H ဆိုတာက letter suffix  ပါ
Q ဆိုတာက product line suffix ပါ

ပြန်ရှင်းရရင် အဓိကကြည့်ရမှာက core i3 i5 i7 ဆိုတာရယ်
နောက်ကကပ်ရက်ပါလာမယ့် generation နံပါတ်ရယ်
Letter suffix ဖြစ်တဲ့ U တို့ HQ တို့ကိုကြည့်ရမှာပါ။။
ဒီနေရာမှာ laptop တွေမှာပါတာက
H – High performance Graphic
HK – High performance graphic unlocked
HQ – High performance graphic , Quad core
U – Ultra low power
ဒါတွေဖြစ်ပါတယ်။

အလွယ်ထပ်ပြောရရင် u series တွေက dual core (core 2ခု thread 4ခု) cpu တွေဖြစ်ပီး HQ series တွေက Quad core (core 4ခု thread 8ခု) တွေပါ။ performance ပိုင်းမှာ နှစ်ဆမက ကွာပါတယ်။
(edit 9.11.2017   ဒါပေမယ့် Minotebook pro မှာပါလာတဲ့ U မှာ 8th gen
U ပေမယ့် 4core 8thread နဲ့ quad core cpu ပဲ
HQ တွေနဲ့ သူတင်ကိုယ်တင် run နိုင်တယ် mi notebook pro graphic လဲကောင်းတယ် အဲ ဈေးလဲကောင်းတယ် core i5 ကို ဆယ့်နှစ်သိန်းကျော် i7 ကို ဆယ့်လေးသိန်းကျော် graphic ကိုတော့ သူ့ရဲ့ nvidia mx150ထက် nvidia gtx1050 ကိုပိုကြိုက်တယ် 1050 ပါတဲ့စက်က msi ရှိမယ် dell ရှိမယ် ဆယ့်သုံးသိန်းခွဲလောက်ဈေးရှိမယ်)

နမူနာအားဖြင့်
Core i7- 7600U ဆိုတဲ့ 7th generation i7 နောက်ဆုံးပေါ်ဆိုတဲ့ u series cpu ဟာ
Core i5-64400HQ  ဆိုတဲ့ 6th generation i5 HQ cpu ထက် performance graph မှာ score 1600 ကျော်နိမ့်နေတာကိုတွေ့ရမှာပါ။
ဒါဆိုရင် core i7 ဆိုတိုင်း corei5 ထက်ကောင်းနေတာမဟုတ်ပါဘူး။ ကိုယ်ဝယ်မယ့် cpu က ဘာ series လဲသိထားဖို့တော့လိုပါတယ်။

နောက်တစ်ခုက U series အချင်းချင်းထဲမှာရော core i3 u series ထက် core i7 u series က အရမ်းကြီးသိသိသာသာကောင်းနေလားဆိုရင် dual core အချင်းချင်းနဲနဲပိုမြန်သွားတာကလွဲပီး ယှဉ်ရွေးတဲ့အချိန်မှာ i3 က ဈေးသိသိသာသာသက်သာနေတာမို့ ..
ဝယ်မယ့်သူစိတ်ကြိုက်ပါ။

ဒီတော့
သင့်ရဲ့ ကွန်ပြူတာဟာ core i7 ဖြစ်နေသည့်တိုင်အောင် U ဆိုတဲ့ letter နဲ့ series ဆိုရင် performance ပိုင်းမှာ i3 တို့ i5 တို့ထက် နှစ်ဆသုံးဆကွာသွားမယ်လို့ မထင်ပါနဲ့။ no ပါ။
U series တွေက သယ်ရလွယ်အောင် ဘက်ထရီခံအောင်  performance ပိုင်း ကို လျှော့ပီး တည်ဆောက်ပေးထားတဲ့ CPU တွေပါ။

များသောအားဖြင့် ဆယ်သိန်းအောက် laptop တွေမှာတော့ U series တွေ အများစု လာပါတယ် core i7 7th generation u series cpu နဲ့ စက်တစ်လုံး ကိုးသိန်းခွဲဝန်းကျင်မှာရှိပါတယ်။ ဒါဆို လုံးဝကို မကောင်းတာလား အဲလိုလဲမဟုတ်ဘူးလေ :P စဉ်းစားပေါ့။

ဒါပေမယ့် ငွေလေးသိန်းလောက် ခွာသုံးပီး performance ပိုင်း သိပ်မကွာတာရမယ့်တူတူ ကျွန်တော်ကတော့ core i3 ကိုညွှန်းချင်ပါတယ်။ ဒါဆို core i5 ကရော ?

မကွာပါဘူး ဒီလိုသဘောပါပဲ။  ဒီနေရာမှာကွာသွားမှာက graphic တွေ build quality တွေ ဘလာဘလာပေါ့။

တကယ့် performance ပိုင်းမှာတော့ အဲလောက်မကွာပါဘူး။
HQ series တွေကတော့ graphic performance မြင့်မြင့် လုပ်ဆောင်နိုင်စွမ်းကြမ်းကြမ်းတမ်းတမ်းနဲ့ လာပါတယ်။ များသောအားဖြင့် gaming ကိုရည်ရွယ်ပီးထုတ်လုပ်ထားတာဆိုတော့ graphic ကိုအဓိကထားပီး design ဆွဲမယ့် 3d rendering သမားတွေ archi သမားတွေ အတွက်တော့ အတော်ပါပဲ။
ဒိကောင်တွေကတော့ ဆယ်သိန်းအထက်မှာရှိပါတယ်။

********ဆိုတော့ကာ နှစ်မျိုးပြောချင်ပါတယ်။

ပိုက်ဆံမသုံးနိုင် မသုံးချင် ဆယ်သိန်းအောက်ပဲသုံးမယ်ဆိုတဲ့သူက core i3 7th gen , Ram 8GB , Graphic (mid range) လောက်ရအောင်ဝယ်ပီး ပိုတဲ့ပိုက်ဆံကို အကျိုးရှိသလိုသုံးလိုက်ပါ။ ဥပမာ external HDD တစ်လုံး data သိမ်းဖို့ဝယ်သလိုမျိုးပေါ့။

ပိုက်ဆံသုံးနိုင် သုံးဖို့လွယ်တဲ့သူတွေက ဆယ်သိန်းအောက်က core i7 လောက်ကိုမဝယ်တော့ပဲ နဲနဲပိုသုံးပီး 11သိန်းခွဲလောက်ကနေစတဲ့ HQ series cpu တွေကိုဝယ်ပါ။ နောင်တမရစေရပါဘူး။ တကယ်သူတင်ကိုယ်တင် run ရင်တကယ်ကိုကွာပါတယ်။

2. RAM
RAM နဲ့ အင်ဂျင်နိယာသုံးဆော့ဝဲလ်တွေဖြစ်တဲ့ Autocad, Sketchup, Rivit,Etabs,excel blah blah တွေရဲ့ ဆက်စပ်မှု။
ကျွန်တော်တို့ သုံးနေတဲ့ engineering ဆော့ဝဲလ် တွေမှာ RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းကဘာလဲ
ကျွန်တော်တို့ excel တွေ autocad တွေမှာ data တွေရိုက်သွင်းပီးတဲ့ဟာတွေ မျဉ်းတွေဆွဲထားတဲ့ဟာတွေကို ram က သူ့ပေါ်မှာ ခဏဆွဲမှတ်ထားပေးပါတယ်။ save လုပ်လိုက်တဲ့အချိန် ရောက်မှ HDD ပေါ်ကို လှမ်းပို့ပေးပီး data အနေနဲ့ မှတ်ထားပေးတာပါ။ ဆိုလိုတာက အလုပ်လုပ်နေတုန်းမှာ လုပ်နေသမျှကိစ္စရဲ့ data တွေကို RAM ပေါ်မှာတင်ထားတာပါ။

ဥပမာ line တစ်ကြောင်းဆွဲရင် ဘယ်လောက်ပေဘာညာ တွက်ချက်နေတုန်း cpu အလုပ်လုပ်တယ် ဆွဲပီးရင် ပေါ်နေတဲ့ line ကို ram ပေါ်မှာတင်ထားတယ် နောက်တကြောင်းဆွဲရင် cpu ကနောက်တစ်ခါတွက်တယ် ဆွဲပိးတဲ့ဟာကို ram ပေါ်တင်တယ်။
နောက်ဆုံးလိုချင်တဲ့ပုံကိုရမှ HDD ပေါ်ကို save လိုက်မှ ram ကဝန်ပေါ့သွားတာပါ။

ဒီတော့ ram ကလဲ နဲ လုပ်ထားတဲ့အလုပ်ကလဲ များလာရင် ဝန်နဲ့အား မမျှသလိုဖြစ်ပီး စက်ကြီးက ဟန်းသွားပါရော။

ကျွန်တော်ကတော့ စက်တစ်လုံး cpu i3 ဖြစ်နေသည့်တိုင်အောင် ပုံတော့ဆွဲလို့ရတယ်အလုပ်လုပ်လို့ရတယ်လို့ လက်ခံထားပေမယ့် ram နည်းရင်တော့ သေချာပေါက် ဟန်းနေမှာပါပဲ။

Ram ကတော့ DDR3 DDR4 စတဲ့ series တွေကို လက်ရှိဈေးကွက်မှာတွေ့ရမှာဖြစ်ပီး DDR3 8GB နဲ့ DDR4 8GB ဟာ performance ပိုင်းမှာ အရမ်းကြီးတော့မကွာပါဘူး။ ဒါပေမယ့် 4GB နဲ့ 8GB ကတော့ကွာတယ်နော်။

ဒီနေရာမှာဆက်ပြောရရင် 8GB ဆိုတိုင်းအပြည့်ရပီလားဆိုရင် 32bit window 64bit ဘလာဘလာ ဆက်ပြောရတော့မှာပါ။ ဒါမဲ့နောက်ပိုင်း စက်တွေက 64bit chip 64bit window တွေနဲ့ လာတာများသွားပီမို့ ထွေထွေထူးထူးမပြောတော့ပါဘူး။

****Ram 4GB စက်ကိုင်ထားရင် ပိုက်ဆံလဲရှိရင် 8GB သာပြေးတိုးလိုက်ပါ။ :D

3.Graphic
Graphic နဲ့ အင်ဂျင်နိယာသုံးဆော့ဝဲလ်တွေဖြစ်တဲ့ Autocad, Sketchup, Rivit,Etabs,excel blah blah တွေရဲ့ ဆက်စပ်မှု။
ဒီနေရာမှာ သင်ဟာ etab run မယ် QS တွက်မယ် power point တို့ စာစီစာရိုက်တို့ သုံးမယ်ဆိုရင် ဒီ graphic ကိုလုံးဝမေ့ထားလိုက်လို့ရပါတယ်။
Autocad 3D, rivit , 3ds max , sketchup , lumion တို့လိုဆော့ဝဲလ်တွေကိုသုံးမယ်ဆိုရင်တော့ seriously လိုပါတယ်။

Grphic က သင်ဆွဲလိုက်သမျှပုံတွေရဲ့ရုပ်ထွက်ကိုပုံဖော်ပေးယုံတင်မကပါဘူး ရုပ်ထွက်ရတဲ့အချိန်လိုအပ်တဲ့ တွက်ချက်မှု တွေကိုပါလုပ်ပေးတာမို့ပါ။ ဥပမာ
Extude လုပ်ထားတဲ့ 3d object ကိုကြည့်တဲ့အချိန် graphic နိမ့်တဲ့စက်မှာကြည့်တာနဲ့ မြင့်တဲ့စက်မှာကြည့်တာက လှည့်ကြည့်တဲ့အချိန်ကစကွာပါတယ်။

ဆယ်သိန်းအောက် laptop တွေမှာ nvidia ရဲ့ gt940mx, amd r7 တို့ ကလောလောဆယ်အကောင်းဆုံးဖြစ်နေပီး ကျွန်တော်သုံးဖူးသမျှ engineering software (အထူးသဖြင့် lumion မှာ) nvidia ကသိသိသာသာကောင်းပါတယ်။ gaming ကိုမပြောဖူးနော်။
Core i5 မှာပါတဲ့ nvidia820M တို့ ဘာတို့ကပါ amd r7 စက်တွေထက်ပိုကောင်းနေတာကိုတွေ့ရပါတယ်။

အဓိကက core i7, i5, i3 တွေမှာ cpu performance မကွာပေမယ့် စက်ဝယ်တဲ့အချိန်ကွာသွားတာက graphic ကလဲ အဓိကလိုဖြစ်သွားပါတယ်။

ကွန်ပြူတာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက I7မှာထည့်ပေးတဲ့ graphic ကို I3 laptop မှာထည့်မပေးတာက ကျွန်တော်တို့အတွက်ရွေးချယ်စရာဖြစ်သွားတာပါပဲ။

ဆယ်သိန်းအောက် ပိုက်ဆံသုံးမယ့်သူက i3 i5 i7 cpu performance ကိုမကြည့်ဖူးဆိုရင်တောင် graphic သုံးမယ့်သူတွေက ပိုကောင်းတဲ့စက်ကိုရွေးမယ်ဆို i7 ကို စိတ်နာနာနဲ့ရွေးရတာပါပဲ။

ဒီနေရာမှာ ဆယ်သိန်းကျော် HQ series cpu တွေမှာပါလာတဲ့ graphic တွေကတော့ GTX တို့လို graphic တွေနဲ့ ပျော်စရာကောင်းလောက်အောင် performance အလန်းတွေနဲ့ ထွက်လာပါတယ်။
စောစောကပြောသလိုပါပဲ အဓိကကတော့ ပိုက်ဆံသုံးတဲ့အချိန်တားထားတဲ့စည်းပါ။

ကျွန်တော်သင်တန်းကစက်တချို့ကို survey လုပ်ထားတာလေး ဖြည့်ပြောချင်ပါတယ်။

1. Core i3 6th generation u series cpu,4GB ram, amd r5 graphic 2GB  (DELL)
Autocad 2D (smooth) , Autocad 3D (2storey smooth, 4unit 2storey lag, 3d realistics အလုံးလည် တချက်တချက်ဟန်း) , sketchup (smooth sometimes lag) , lumion (bad )

2. Core i5 6th generation u series cpu, 8GB Ram,amd r5 graphic 2GB (DELL)
Autocad 2D (smooth) , Autocad 3D (2storey smooth, 4unit 2storey lag, 3d realistics အလုံးလည် တချက်တချက်ဟန်း) , sketchup (smooth sometimes lag) , lumion (bad )

3. core i5 6th gen u series cpu, 8gb ram, nvidia gt940mx 2GB (Acer)
Autocad 2D (smooth) , Autocad 3D (2storey smooth, 4unit 2storey မှာ 3d realistics အလုံးလည် တချက်တချက်ဟန်း မှတ်မှတ်ရရ တံခါးပေါက်တွေတပ်တုန်းက ရပ်ပါသွားတယ်။) , sketchup (smooth sometimes lag) , lumion (အနဲငယ်အဆင်ပြေ)

4. Core i7 7th generation U series cpu, 8GB Ram, Nvidia gt 940 graphic 2GB (Dell)
Autocad 2D (smooth) , Autocad 3D (2storey smooth, 4unit 2storey မှာ 3d realistics အလုံးလည် တချက်တချက်ဟန်း) , sketchup (smooth sometimes lag) , lumion (အနဲငယ်အဆင်ပြေ)

5. core i7 7th generation u series cpu, 8GB ram, AMD r7 graphic 2GB  (DELL)
Autocad 2D (smooth) , Autocad 3D (2storey smooth, 4unit 2storey lag, 3d realistics အလုံးလည် တချက်တချက်ဟန်း) , sketchup (smooth sometimes lag) , lumion (bad )

6. Core i7 6th generation HQ series cpu, 8GB ram, nvidia gtx950 graphic 2GB (MSI)
Autocad 2D (smooth) , Autocad 3D (orbit လှည့်တဲ့အချိန် တချက်တချက် FPS လျော့ lag) , sketchup (smooth) , lumion (over 800 system rating very smooth တစ်ပုံတော့ ဟန်းဖူးတယ် )

7. core i7 7th generation HQ series cpu, 8GB ram, nvidia gtx960 graphic 2GB (MSI)
Autocad 2D (smooth) , Autocad 3D (smooth) , sketchup (smooth) , lumion (over 900 system rating very smooth)
*lag ဆိုတာက တချက်တချက်ရပ်ရပ်သွားတာပါ
*ဟန်းဆိုတာက အလုံးလည်ပီး စက်ကြီးရပ်သွားတာပါ။ software မှာ not responding လို့ပြပါတယ်။
ဒီနေရာမှာ msi brand မို့ကောင်းတာမဟုတ်ပါဘူး spec ကြောင့်ပါ။
autocad 2D လိုဟာမျိုးကတော့ အခုနောက်ပိုင်း ဘယ်စက်နဲ့ဖြစ်ဖြစ်အဆင်ပြေပါတယ်။

xxx------------xxx-----------------xxxxxxx------------------------xxxx

ဒီတော့
အဓိကကတော့ ဈေးနှုန်းပါ
အမေပေးတဲ့ပိုက်ဆံက အဓိကကျတယ်လေ :P (JK)
Laptop တွေကို ဈေးနှုန်းအတန်းအစားနဲ့ခွဲကြည့်လိုက်ရင် လေးမျိုးလောက်သွားတွေ့ပါတယ်။

(a) US$ 150 ကနေ $250 အတွင်း laptop တွေ
Laptop ဝယ်ပီး စာဖတ် ဗီဒီယိုကြည့် စာလေးဘာလေးရေး စာစီစာရိုက်ပဲလုပ်ဆိုတဲ့သူတွေအတွက်ပါ။
များသောအားဖြင့် ဈေးသက်သာသလို performance ကလဲ အောက်ဆုံးမှာရှိပါတယ်။ အလုပ်နှစ်ခု ပြိုင် run လိုက်ယုံနဲ့ ဟန်းသွားမယ်ဆိုတာမျိးပေါ့။ HP stream11 တို့ lenovo ideapad 100S လောက်လေးတွေတော့ရှိပါတယ်တဲ့။
တကယ်ကတော့
စာပဲဖတ်ချင်ရင်တော့ ဒီခေတ်မှာ အမေဇုန်ကထုတ်တဲ့ kindle paperwhite လေးကိုပဲညွှန်းချင်ပါတယ်။

(b) US$ 350 ကနေ 600 အတွင်း laptop တွေ
အလုပ်လဲအသင့်အတင့်လုပ်မယ် ပိုက်ဆံလဲသိပ်မသုံးချင်ဘူးဆိုတဲ့သူတွေအတွက်ပါ။ ကျွန်တော်ညွှန်းမယ့် အုပ်စုပါပဲ။
ဒီအုပ်စုတွေထဲမှာ core i3 to core i5 u series  cpu တပ်ဆင်ထားမယ်
Ram 4GB or 8GB တပ်ဆင်ထားမယ်။
သာမာန် autocad ပုံတွေဆွဲမယ် etab run မယ်ဆိုရင်တော့ ဒီလောက်ပါပဲ။

( c) US$ 600 ကနေ 900 အတွင်း laptop တွေ
ဟိုမရောက်ဒီမရောက် laptop တွေကိုအများဆုံးတွေ့ရမှာပါ။ core i7 တော့ပါမယ် ဒါမယ့် U series CPU တွေ
ဆိုတော့ performance ကတော့ဘာမှမထူးလာ။ ဒါပေမယ့် screen resolution လေးတော့ကောင်းမယ် graphic ကောင်းကောင်းလေး (အလယ်အလတ်တန်းစား) လေးပါမယ်။ ကိုယ်ထည်လေးတွေကို premiun ဆန်ဆန်လေးလုပ်ပေးထားမယ်။ ဘက်ထရီနဲနဲပိုခံမယ်ဆိုပါစို့။

တစ်ခုတော့ရှိတယ် core i5 HQ series CPU တပ်ပေးထားတဲ့ laptop တွေကိုလဲ ဒီ အုပ်စုထဲမှာတွေ့ရမှာပါ။ ပိုက်ဆံလဲမသုံးချင် performance လဲလိုချင်တယ်ဆိုတဲ့သူတွေအတွက်ပေါ့။
ကျွန်တော်ကတော့ core i7 7th generation U series cpu တွေထက်စာရင် core i5 6th generation HQ series CPU တွေကိုပိုကြိုက်တယ်။

(d) ဒေါ်လာ 900 ကျော် laptop တွေ
ဒိထဲမှာတော့ တကယ့် build quality ကောင်းကောင်း performance လန်းလန်း graphic ကောင်းကောင်းလေးတွေနဲ့ စက်တွေကို တွေ့ရမှာဖြစ်ပါတယ်။
ဘယ်လိုမျိုးလဲဆိုတာအောက်မှာဖတ်ကြည့်ကြပါဦး။
ဒီနေရာမှာ Apple ရဲ့ Macbook pro တို့ MacBook air တို့ကိုလဲ ကိုးလို့ကန့်လန့်နဲ့တွေ့နေရဦးမှာပါ။
လုံးဝမစဉ်းစားလိုက်ပါနဲ့ ဒါတွေကို အင်ဂျင်နီယာနယ်ပယ်ထဲက ဝေးဝေးခဏဖယ်ထားလိုက်ပါ။ သင် MD ဖြစ်လို့ ရုံးခန်းထိုင်မှ ခန့်ခန့်ကြီးထည့်ထားဖို့အကြံပေးပါရစေ။
 Mac book နဲ့ window စက်အမြင့် တွေရဲ့ ကွာခြားချက်ကို ဒီပို့စ်မှာကြည့်လို့ရပါတယ်။
https://mobile.facebook.com/setpaingphyo/posts/1605014779518142?_rdc=1&_rdr

ဒါဆို ဒီ ပို့စ်နဲ့ပတ်သပ်ပြီးပြောချင်တာက နှစ်မျိုးပဲရှိပါတယ်။ (အင်ဂျင်နီယာတွေအတွက်ပါ အင်ဂျင်နီယာတွေဟာ Ram နဲ့ graphic ကိုပိုလိုတာပါ)
သင်က ဆယ်သိန်းအထက် ပိုက်ဆံ သိပ်မသုံးချင်ဘူး (သို့) အမေက ပိုက်ဆံနဲနဲပဲပေးတယ်ဆိုရင်
လေးသိန်းခွဲငါးသိန်းလောက်ကနေ ခြောက်သိန်းလောက်အတွင်းသုံးရမယ့်
core i3 7th generation
4GB Ram ( တခါထဲဝယ်ရင်းနောက်ထပ် 4GB ထပ်စိုက်ခဲ့)
HDD 1000GB (1T)
14’’ screen
Nvidia graphic (mid range series) ပါတဲ့ laptop လေးတွေရှိပါတယ်။
ပိုက်ဆံနဲနဲပိုရှိရင် မုန့်ဝယ်စားလိုက်ပါ (လဂါးစတာ data တွေသိမ်းဖို့ external HDD တစ်လုံးလောက်ထပ်ဝယ်လိုက်ပါ) core i5  u series, core i7 u series တွေနဲ့ ရှစ်သိန်းတို့ ကိုးသိန်းခွဲတို့ စက်တွေက သင့်ပိုက်ဆံတွေကို ပိုယူသွားမှာအပြင် သိသာတဲ့ performance အလန်းကြီးတွေကို မပေးနိုင်ပါဘူး။ graphic လိုတဲ့သူတွေကတော့ ကြိတ်နော်။

ဒီနေရာမှာ dell ကထုတ်ထားတဲ့
core i5 6300HQ
8GB Ram
Nvidia gtx 960m Graphic
HDD 1T ပါတဲ့ laptop တစ်လုံးကတော့ ဒေါ်လာ 800 လောက်နဲ့ရနိုင်တာရှိပါတယ်။

သင်က ဆယ်သိန်းအထက် ပိုက်ဆံ သုံးမယ် အိမ်ကလဲပေးမယ်ကိုယ်ကလဲဝယ်နိုင်မယ်ဆိုရင်တော့
ကိုးသိန်းခွဲတန်လောက် i7 u series တွေနဲ့ ရပ်တန့်မနေပါနဲ့ ဒေါ်လာ 899 လောက်သုံးရင်
Core i7 7700HQ cpu
DDR4 8GB (up to 32GB) RAM
Nvidia GTX 1050 Graphic တွေနဲ့ စက်ကိုရနိုင်ပါတယ်။
စိတ်ပါရင် SSD 256 လောက်ကို တစ်သိန်းခွဲလောက်သုံးပီးထပ်ထည့်လို့ရပါတယ်။
 အဲထက်ပိုသုံးနိုင်ရင်လဲ 1300 လောက်ဆို graphic ပိုမြင့်တဲ့ 1050Ti လိုစက်တွေ SSD တွေပါလာမယ့်စက်တွေကိုရနိုင်ပါသေးတယ်။
performance က u series စက်တွေထက်တော့ သိသိသာသာကွာပါတယ်။

နောက်တစ်ခုအကြံပေးချင်တာက 
အိမ်မှာထိုင်ပီးအလုပ်လုပ်တဲ့သူတွေ သို့ အထိုင်တစ်ခုမှာထိုင်လုပ်တဲ့သူတွေကတော့ ပိုက်ဆံအများကြီးသုံးပီး လုံးဝလုံးဝ laptop မဝယ်ပါနဲ့ ဟိုသွားဒီသွား ကိုယ်လုပ်ထားတဲ့အလုပ်တွေကိုပြဖို့ laptop တစ်လုံးဈေးနဲနဲနဲ့ဝယ် desktop ကောင်းကောင်းတစ်လုံးကို ရုံးမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ထိုင်ထားပါလို့ အကြံပေးတာတစ်ခု ကြည့်ဖူးပါတယ်။ ကျောင်းသားတွေကတော့ laptop မှသာအဆင်ပြေတာမျိုးပါ။

တွေ့ဖူးတဲ့  ဥပမာလေးတစ်ခုက
Laptop cpu ဖြစ်တဲ့ Core i7 4510U ဆိုတဲ့ processor က  desktop cpu ဖြစ်တဲ့ pentium G3258 လောက်တောင် မကောင်းပါဘူး။ pentium နော် core I  series တောင်မဟုတ်ပါဘူး။ (TBH lab က ဘရိုလေသံဖြင့် :P )

အဆုံးထိဖတ်ပေးတာကျေးဇူးပါ။ လူသိများတဲ့ ရှေ့ကလူတွေရေးသလောက် ဖတ်မယ့်သူမများမှာသေချာပေမယ့် သူတို့ရေးတဲ့ထဲကလိုနေတာလေးတွေကို ကျွန်တော့်စာဖတ်မိတဲ့သူတွေ (အထူးသဖြင့် ကျွန်တော့်သင်တန်းကလူတွေ ကျောင်းကလူတွေ အကောင့်ထဲကလူတွေ) နဲနဲပါးပါးက သေချာသိသွားရင်ကို ရေးရကျိုးနပ်ပါတယ်။

ရေးသားသူ ~ ဆက်ပိုင်ဖြိုး

No comments: