Tuesday, January 16, 2018

အားနည်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဘယ်လိုပြုပြင်မလဲ


Gymကစားပြီးမှန်မကြည့်တဲ့လူမရှိလောက်ဘူးထင်ပါရဲ့။ ကျန်တော်တို့တွေအားလုံး မှန်ကြည့်ပြီဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးအချိုးအစားကျကျ ကြီးထွားဖွံဖြိုးတာကို မြင်ချင်တဲ့သူတွေကြီးပါပဲ။ သို့သော် ကျန်တော်တို့လို အပျော်တမ်းကစားတဲ့သူတွေသာမက professionalကာယဗလမောင်တွေမှာပင် အခြားအစိတ်အပိုင်းတွေလိုမဖွံဖြိုးပဲ သေးနေတဲ့အစိတ်အပိုင်းတွေရှိတတ်ပါတယ်။ လက်မောင်းပဲသေးနေတာလား၊ အပေါ်ပိုင်းပဲစွတ်ကြီးနေတာလား၊ အောက်ပိုင်းပဲသေးနေတာလား၊ ခြေသလုံးပဲကွက်သေးနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ်ကျန်တော်တို့အားလုံးနီးပါးမှာ အခြားအစိတ်အပိုင်းထက်သေးနေပြီး တကယ်ကိုကြီးထွားစေချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတော့ရှိနေပါတယ်။ ထို့ကြောင့် ကျန်တော်တို့ တစ်ကိုယ်လုံးအချိုးအစားညီညီကြီးထွားတဲ့ကြွက်သားတွေပိုင်ဆိုင်ဖို့ ထိုအခက်အခဲတွေကိုကျော်လွှားခဲ့တဲ့ professionalကာယဗလကစားသမားတွေဆီက အကြံတွေကိုနားထောင်ကြည့်ရအောင်။

၁။ မကြာခဏကစားပေးခြင်း

Personal trainer Lindsay Cappotelli ၏ပြောဆိုချက်အရ ပုံမှန်ကစားနေကျ အလေးများများအကြော့နည်းနည်းကစားသည့်ပုံစံမှ အလေးပေါ့ပေါ့ အကြိမ်ရေများများ တစ်ပတ်၂ကြိမ်၃ကြိမ် ကစားသည့်ပုံစံကိုပြောင်းလဲကစားစေလိုသည်။ ထိုကဲသို့ တစ်ပတ်အတွင်းကစားသည့် အကြိမ်ရေ အကျော့ရေပမာဏ (Volume) ကိုမြှင့်တင်လိုက်ခြင်းက ထိုအားနည်းသည့်ကြွက်သားကိုလှုံဆော်မှုပိုမိုဖြစ်စေပြီး ကြွက်သားကြီးထွားမှုကိုပိုမိုဖြစ်စေသည်။ ထို့ကြောင့်မိမိရဲ့အားနည်းတဲ့ကြွက်သားအတွက် ကစားနည်းပိုတိုး၍သော်လည်းကောင်း ၊ ကစားချိန်ပိုတိုး၍သော်လည်းကောင်း ပြောင်းလဲကစားကြည့်ပါ။ သတိပြုရမည့်အချက်မှာ တစ်ပတ်ကို၂ကြိမ်၃ကြိမ်ကစားမည်ဆိုသော်လည်း တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ထိုကြွက်သားအတွက်နားချိန်၄၈နာရီအပြည့်အဝရပါစေ။

Professional ကာယဗသမားတစ်ယောက်ဖြစ်တဲ့ Eiren Gauley ကလည်း အားနည်းတဲ့ကြွက်သားအတွက် အပေါ်တွင်ဖော်ပြတဲ့နည်းစနစ်နဲ့ကစားလေ့ရှိပါတယ်။ သူကစားလေ့ရှိသည့်ပုံစံမှာ မိမိရဲ့အားနည်းတဲ့ကြွက်သားအုပ်စုကို အလေးများများအပြင်းအထန်ကစားပြီး နောက်လေးရက်မြောက်မှာ ထိုကြွက်သားကိုပဲ အလေးပေါ့ပေါ့နဲ့ အကြိမ်ရေ ၁၂-၂၀ ကြိမ်ရေအတွင်း ထပ်မံကစားလေ့ရှိပါတယ်။ ထိုသို့ကစားခြင်းက ကြွက်သားကြီးထွားမှုကိုပိုမိုလှုံဆော်ပေးပါတယ်။ သတိပြုရမည်မှာ အကြိမ်ရေများသော်လည်း အရှိန်မြန်မြန်နဲ့ပြီးပြီးရောမကစားသင့်ပါ သေသေချာချာကြွက်သားကိုညှစ်ပြီး အကြိမ်ရေတိုင်းကို ဖြည်းဖြည်းချင်းကြွက်သားကိုအာရုံစိုက်ပြီးကစားရပါမည်။

၂။ ပထမဆုံးကစားသည့်လေ့ကျင့်ခန်းကိုပြောင်းလဲခြင်း

NPC Bikini ကာယအလှမယ် Katie Miller ၏ပြောကြားချက်အရ "ပထမဆုံးဒီကစားနည်းနဲ့ကစားပြီး အဆုံးသတ်ဘယ်ကစားနည်းနဲ့ကစားမယ်" လို့ ရက်လများစွာ တစ်သမတ်ထဲကစားနည်းကိုမပြောင်းလဲပဲကစားရင် ကြွက်သားလှူံဆော်မှုနှေးကွေးသွားပြီး ကြီးထွားမှုရပ်တန့်သွားမှာပါ။ ကစားနည်းအစအဆုံးကိုပြောင်းရလောက်တဲ့အထိတော့မလိုပါဘူး။ မိမိအားနည်းတဲ့ကြွက်သားအတွက်ကစားတဲ့ရက်တိုင်း ပထမဆုံးစကစားတဲ့လေ့ကျင့်ခန်းကို တသတ်မတ်ထဲမထားပဲ သင့်တော်သလိုပြောင်းလဲကစားကြည့်ပါ။ ဥပမာ။ ။ သင်က မို့မောက်လုံးထွက်နေတဲ့ စုံကြွက်သားကိုပိုင်ဆိုင်ချင်တယ်ဆိုပြီး စုံကြွက်သားကစားသည့်နေ့တိုင်း dumbbell Press နဲ့ပဲမကစားပါနဲ့။ စုံကြွက်သားကစားသည့် နောက်ရက်တွေမှာ Arnold press ၊ Standing Barbell Press သို့မဟုတ် အခြားသင့်တော်သည့် compound ကစားနည်းတစ်ခုနဲ့ စတင်ကစားကြည့်ပါ။

၃။ Mind Muscle Connection 

Mind Muscle Connection ဆိုတဲ့စကားဟာ Gymကစားသူတော်တော်များများကြားဖူးလောက်သည့် နာမည်ကြီးစကားစုပါ။ အလွယ်ဆုံးပြောရရင် မိမိကြွက်သားအလုပ်လုပ်နေတာ ကြွက်သားညှစ်နေသည်ကို မိမိစိတ်ကသိနေခြင်းဖြစ်သည်။ Fitness Model တစ်ယောက်ဖြစ်တဲ့ Shawn Russell ကတော့ တစ်ခါတစ်လေမှာ ကစားသည့်နည်းစနစ်ထက် ကစားသည့်အကြိမ်ရေတိုင်း အကျော့ရေတိုင်းမှာ မိမိကစားသည့်ကြွက်သားကိုအစွမ်းကုန်သေချာမကစားလို့ပါဟုပြောပါတယ်။ အများစုဟာ အလေးများရင် ကြွက်သားလှုံဆော်မှုပိုဖြစ်မယ်ဆိုတဲ့အယူအဆနဲ့ အလေးတိုးဖို့ကိုပဲအာရုံစိုက်ပြီး ကြွက်သားကိုသေချာညှစ်မကစားပဲ အကြိမ်ရေအကျော့ရေပြည့်အောင်သာ ပြီးပြီးရော အရိုးအဆစ်တွေအနာခံပြီးကစားနေကျပါတယ်။ ကြွက်သားတစ်ခုဟာသေချာညှစ်မှ သေချာကြီးထွားမှာပါ။ ထို့ကြောင့် မိမိသေချာအာရုံစိုက်ပြီး သေချာညှစ်ကစားနိုင်မယ့် အလေးကိုပြောင်းပြီး အလေးကိုဖြည်းဖြည်းချင်းမပြီး အကြိမ်ရေတိုင်း မိမိကစားသည့်ကြွက်သားကို သေချာညှစ်ပြီးကစားပါ။

၎။ အကြိမ်ရေအပြောင်းအလဲလုပ်ခြင်း

အပေါ်ကအချက်တွေမှာလည်း ကစားသည့်အကြိမ်ရေအကြောင်းအနည်းငယ်ပါဝင်ခဲ့ပြီးပါပြီ။ ကျန်တော်တို့ အားနည်းပြီးကျန်နေခဲ့တဲ့ကြွက်သားအုပ်စုကိုပြုပြင်ဖို့အတွက် အကြိမ်ရေကိုတိုးမြှင့်ကစားသင့်ပါတယ်။ တစ်ကျော့မှာ ကစားသည့်အကြိမ်ရေကိုတိုးမြှင့်ခြင်းက ထိုကြွက်သားပိုမိုကြီးထွားရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ပုံမှန်မပြောင်းလဲပဲကစားနေတဲ့ တစ်ကျော့ကို ၆-၈ ကြိမ်ကစားနေသည့်ပုံစံကို ၈-၁၂ကြိမ်သို့ပြောင်းလဲကစားကြည့်ပါ။ ဥပမာ။ ။ သင်ဟာchestတွန်းခြင်းကို ပေါင်၂၀၀နှင့် ၆ ကြိမ်မှ ၈ ကြိမ်အတွင်းသေချာကစားနိုင်နေပြီဆိုလျှင် ထိုအလေးကိုမပြောင်းပဲအကြိမ်ရေ၈-၁၂ကြိမ်အတွင်း တိုးပြီးကစားကြည့်ပါ။ အကယ်၍အကြိမ်ရေတိုးလို့ ထိုအလေးကိုမနိုင်ဘူးဆိုပါက အလေးကိုတစ်ဝက်လောက်ပဲမပြီးပြန်ချသည့် partialကစားနည်းသော်လည်းကောင်း ၊ အလျော့အနည်းငယ်လျော့၍သော်လည်းကောင်း အကြိမ်ရေတိုးကစားကြည့်ပါ။

၅။ Single Limb ကစားနည်း

Single Limbဆိုတာဘာလဲဆိုရင် အလွယ်ဆုံးပြောပါက အလေးကိုဘယ်ညာနှစ်ဖက်စလုံးတခါတည်း မကစားပဲ တစ်ဖက်ချင်းစီကစားတာပါ။ အထူးသဖြင့် ဘယ်ညာအရွယ်အစားမညီတဲ့သူတွေအတွက် ကစားကိုကစားသင့်တဲ့နည်းစနစ်ပါ။ အကောင်းဆုံးကတော့ ဘယ်ညာတစ်လှည့်စီ isolation ကစားနည်းဖြင့်ကစားခြင်းပါ။ (နောက်ဆုံး၃ပုံတွင်ဖော်ပြထားပါသည်) ဥပမာ။ ။ သင်ရဲ့ပေါင်ကြွက်သားက ဘယ်ညာအရွယ်အစားမညီဘူးဆိုပါက ပုံမှန်ကစားနေကျကစားနည်းထဲသို့ single leg squat ၊ single leg press ၊ single leg extension ကဲသို့တစ်ဖက်ချင်းစီကစားရသည့်နည်းစနစ်များကိုထည့်သွင်းကစားသင့်သည်။ ဘယ်ညာနှစ်ဖက်စလုံးနှင့်တစ်ပြိုင်နက်ကစားရသည့် စက်များ၊ barbellတန်းရှည်ကစားနည်းများသာကစားပါက ဘယ်ညာကြွက်သားမညီသောသူများတွင် မိမိ၏ပိုမိုအားသန်သည့်ဘက်က လွှမ်းမိုးနေမှာပါ။ ထို့ကြောင့်မိမိရဲ့အားနည်းတဲ့ကြွက်သားက ကစားသလောက်မကြီးလာပဲ ပိုပိုဆိုးလာမှာပါ။

၆။ ကစားနည်းprogramကိုပြန်လည်စမ်းစစ်ခြင်း

အချိုးအစားပြေပြစ်ပြီး ညီညီညာညာကြီးထွားသော ကြွက်သားများနှင့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ဖို့ရာ ကစားနည်းprogramက အရေးကြီးဆုံးပါ။ လူတိုင်းနီးပါးမှာ အခြားကြွက်သားလောက်မဖွံ့ဖြိုးပဲကျန်ရစ်နေခဲ့တဲ့ ကြွက်သားအုပ်စုတော့ရှိနေတတ်ပါတယ်။ သို့ပေမဲ့ မိမိအားနည်းတဲ့ကြွက်သားအုပ်စုကိုအရင်အာရုံမစိုက်သေးပဲ မိမိယခုကစားနေတဲ့programကနည်းစနစ်ကျရဲ့လားသေချာသုံးသပ်ပါ။

သင့်ရဲ့ကစားနည်းplanဟာ မိမိကစားမယ့်ကြွက်သားမပြင် အခြားကြွက်သားများ၏အကူအညီ အတည်းငယ်ပါသည့် compoundကစားနည်းများ ( Bench Press , Squat , Deadlift , overhead press ) များကိုအခြေခံထားရပါမယ်။ Compoundကစားနည်းများကစားပြီးရင် မိမိကစားမည့်ကြွက်သားတစ်ခုထဲကိုအာရုံစိုက်ရသည့် isolationကစားနည်းများကို ဆက်လက်ကစားရပါမည်။

နောက်တစ်ခုက ကြွက်သားအုပ်စုများအားလုံးပါဝင်အောင်သော programတစ်ခုဖြစ်ရမည်။ gymကစားသည့်လူအချို့ကိုကြည့်ရင် တစ်နေ့လာလဲဒီကြွက်သား နောက်နေ့လာလဲဒီကြွက်သား ထပ်ခါထပ်ခါကစားနေတာတွေ့ရပါတယ်။ mirror muscles လို့ခေါ်တဲ့ လက်မောင်းကြွက်သား ရင်အုပ်ကြွက်သား ဗိုက်ကြွက်သား အစရှိသည့် မှန်မှာမြင်ရတဲ့ကြွက်သားများကိုပဲ ကစားပြီး အောက်ပိုင်းလည်းမထိုင် Backကြွက်သားလည်းမကစားတဲ့ လူတော်တော်များပါတယ်။ ကျန်တော်ဒီကိစ္စကိုပြောချင်တာကြာပါပြီ လူအများအထင်ကြီးရင်ပြီးရော လူမြင်တဲ့ကြွက်သားတွေပဲရွေးကစားတာဟာ ကြာလာရင် Muscle and Strength Imbalances ကိုဖြစ်စေပြီး ကြာလာရင် injuryတွေရနိုင်ပါတယ်။

ထို့ကြောင့် မိမိကစားမည့်ကစားနည်းprogramကို မဆွဲတတ်ဘူးဆိုပါက ကျွမ်းကျင်သည့် certified trainers များထံတွင်အကူအညီတောင်းပါ။

စေတနာရှေ့ထားလျက်
ရဲမင်းဦး (ဆေး ၁)
Team Dymatize Myanmar 🇲🇲

#BurmaBeast #YMO #DymatizeMyanmar

No comments: