Thursday, January 4, 2018

ခရီးသွားလာရေးလုပ်ငန်းတည်ထောင်လိုလျှင်

#ခရီးသွားလာရေးလုပ်ငန်းတည်ထောင်လိုသူများအတွက် သိသင့် သိထိုက်သော အကြောင်းအရာများနှင့် လိုအပ်သောပြင်ဆင်မှုများ


#ခရီးသွားလုပ်ငန်းမတည်ထောင်မှီသိသင့်သောအချက်များ

1. မိမိကိုယ်တိုင် ခရီးသွားလုပ်ငန်းကို နားလည်တတ်ကျွမ်းသော
ကြောင့် တည်ထောင်မှာလား?

2. မိမိတွင် ခရီးသွားလုပ်ငန်းဈေးကွက်အတွက်
ဈေးကွက်ရှိသောကြောင့် တည်ထောင်မှာလား?

3. မိမိနှင့်တွဲဖက်လုပ်ကိုင်မည့်သူများသည် နားလည်တတ်ကျွမ်း
သောသူများဖြစ်သောကြောင့် တည်ထောင်မှာလား?

4. မိမိတွင်ငွေကြေးရင်းနှီးမြှုပ့်နှံမှုများရှိပြီး
မြေစမ်းခရမ်းပျိုးအနေဖြင့် တည်ထောင်မှာလား?

5. ၀ါသနာအလျှောက်တည်ထောင်မှာလား?

မည်သို့သောအကြာင်းကြောင်းကြောင့် တည်ထောင်လိုသ
ူဖြစ်ပါစေ အောင်မြင်ချင်သောသူများဖြစ်ပါလိမ့်မည်။
အောင်မြင်မှုရရန်မှာ ခိုင်မာသော ဈေးကွက်ရရှိရေးပင်ဖြစ်သည်။ ထို့ကြောင့် မည်သို့ဆောင်ရွက်လျှင် ခိုင်မာသောဈေးကွက်ရရှိနိုင်မည်ကိုသိရှိရန် လိုအပ်ပါသည်။

အချို့သောသူများသည် ခရီးသွားလာရေးလုပ်ငန်းတည်ထောင်မှုမှာ ကုန်ကျမှုစာရိတ်သည်နည်းပါးပြီး အဆင့်အတန်းရှိသော
လုပ်ငန်းဖြစ်ခြင်းကြောင့် တည်ထောင်လိုကြခြင်း ဖြစ်သည်။
သို့သော် လွယ်လွယ်ကူကူဖြင့် အောင်မြင်သောလုပ်ငန်း
မဟုတ်ကြောင်းကိုမှု သတိပြုမိသူများ နည်းပါးပါသည်။
ဈေးကွက်မရှိပဲ  တည်ထောင်လိုသူများသည် အောင်မြင်မှုရရန်
မည်မျှအချိန်ပေးရမည် ထိုပေးရမည့် အချိန်အတွက် ရင်းနှီးမြှုပ့်နှံမှုငွေပမာဏ မည်မျှကုန်ကျမည်ကို ကြိုတင်တွက်ချက်မှု ရှိထားရမည်ဖြစ်သည်။ ထိုမှသာလျှင် မိမိတည်ထောင်ထားသည့် ခရီးသွားလုပ်ငန်းသည် အချိန်တိုအတွင်း ရပ်ဆိုင်းလိုက်ရခြင်းမှ ကင်းဝေးမည်ဖြစ်သည်။

#တည်ထောင်ထားသောခရီးသွားလုပ်ငန်းပျက်စီးသွားနိုင်မှု
အကြောင်းအရင်းများ
1. ခိုင်မာသော ရင်းနှီးမြှုပ့်နှံမှုမရှိခြင်း
2. ရင်းနှီးမြှုပ့်နှံမှု ထပ်မံမြှုပ့်နှံနိုင်မှု မရှိတော့ခြင်း
3. ဈေးကွက်မရရှိပဲ ကုန်ကျမှုစာရိတ်များသာရှိခြင်း
4. လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း နှင့် ကျွမ်းကျင်သော
ဝန်ထမ်းများအား ရေရှည်မထိန်းသိမ်းထားနိုင်ခြင်း
5. မိမိနှင့် ပူးပေါင်းရင်းနှီးမြုပ့်နှံသူများနှင့် သဘောထားကွဲလွဲခြင်း
6. မိမိနှင့် ပူးပေါင်းရင်းနှီးမြှုပ့်နှံသူများသည် လုပ်ငန်းသဘောတရားများ နားလည်မှုမရှိခြင်း
7. အောင်မြင်မှုရရှိလာသောအခါ ပူးပေါင်းရင်းနှီးမြှုပ့်နှံသူများသည် သီးခြားခွဲထွက်၍ လုပ်ကိုင်လိုကြခြင်း

#တည်ထောင်ထားသောခရီးသွားလုပ်ငန်းအောင်မြင်မှုရရှိနိုင်မှု
အကြောင်းအရင်းများ 
1. ခိုင်မာသော ရင်းနှီးမြှုပ့်နှံမှု ရှိခြင်း
2. ခရီးသွားလာရေးလုပ်ငန်းဈေးကွက်တွင်းဝင်ရောက်ပြီး
ဈေးကွက်ခွဲဝေမှုရရှိရန် ဆောင်ရွက်နိုင်ခြင်း
3. ရရှိပြီးဈေးကွက်အား ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း  
4. လုပ်ငန်းကျွမ်းကျင်မှုရှိပြီး ကျွမ်းကျင်သော ၀န်ထမ်းများအား
ရေရှည်ထိန်းသိမ်းထားနိုင်ပြီး ၀န်ဆောင်မှုကောင်းများ
ဆောင်ရွက်နိုင်ခြင်း
5. မိမိနှင့် ပူးပေါင်းရင်းနှီး မြုပ့်နှံသူများနှင့် သဘောထားမကွဲလွဲခြင်း
6. မိမိနှင့် ပူးပေါင်းရင်းနှီး မြှုပ့်နှံသူများသည် လုပ်ငန်းသဘောတရားများ နားလည်ပြီး စုပေါင်းလုပ်ကိုင်ခြင်း
7. အောင်မြင်မှုရရှိလာသောအခါ ပူးပေါင်းရင်းနှီးမြှုပ့်နှံသူများသည် ထပ်မံရင်းနှီးမြှုပ့်နှံပြီး လုပ်ငန်းတိုးချဲ့စုပေါင်းလုပ်ကိုင်ခြင်း

ထို့ကြောင့် ခရီးသွားလာရေးလုပ်ငန်းတည်ထောင်ပြီး
အောင်မြင်လိုသောသူသည် ခိုင်မာသောငွေကြေးရင်းနှီးမြှုပ့်နှံမှု
လုံလောက်စွာရှိပြီး အချိန်၊ ငွေကြေး၊ ကြိုတင်ပြင်ဆင်မှု၊
ကျွမ်းကျင်သော ၀န်ထမ်းများ စသည်တို့ကို အသုံးပြုပြီး ခိုင်မာသော ဈေးကွက်ကိုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသွားလာရေးလုပ်ငန်းတည်ထောင်ပြီး အောင်မြင်လိုသူသည် ခန့်မှန်းခြေ (၃ နှစ်) ခန့် ရင်းနှီးမြှုပ့်နှံနိုင်သူ ဖြစ်ရပါလိမ့်မည်။

၃ နှစ်စာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏခန့်မှန်းတွက်ချက်ခြင်း

ကနဦး စတင်ရင်းနှီးငွေ အခြေပြုဇယား
လစဉ်ကုန်ကျငွေ အခြေပြုဇယား

#အကြောင်းအရာကုန်ကျငွေအရေအတွက်စုစုပေါင်း 

ကုပ္မဏီလိုင်စင်အတွက်ကုန်ကျငွေ ၂၅၀၀၀၀၀ ၁ ၂၅၀၀၀၀၀

လစာငွေစုစုပေါင်း ၁၀၀၀၀၀ × ၁၃လ = ၁၃၀၀၀၀၀၀

ရုံးခန်းငှါးခ (၁၃ လစာ) ၃၀၀၀၀၀ × ၁၃ = ၃၉၀၀၀၀၀
အင်တာနက် အသုံးပြုခ ၃၀၀၀၀ × ၁၂ = ၃၆၀၀၀၀
ရုံးခန်းပြင်ဆင်စရိတ် ၁၅၀၀၀၀၀ × ၁ = ၁၅၀၀၀၀၀
မီတာခ ၄၀၀၀၀ × ၁၂ = ၄၈၀၀၀၀
ကွန်ပြူတာစားပွဲ နှင့် ထိုင်ခုံ ၁၀၀၀၀၀× ၃  ၃၀၀၀၀၀
ဖုန်းဘေ ၃၀၀၀၀× ၁၂ = ၃၆၀၀၀၀
ကွန်ပြူတာ ၄၀၀၀၀၀ × ၃ = ၁၂၀၀၀၀၀
ရုံးအတွက်သွားလာရသောကားခများ ၂၀၀၀၀ × ၁၂ = ၂၄၀၀၀၀
ပရင်တာ (3 in One) ၂၅၀၀၀၀ ၁ ၂၅၀၀၀၀
အထွေထွေကုန်ကျစာရိတ် ၂၀၀၀၀ ၁၂ ၂၄၀၀၀၀
ဖက် (စ်) ၂၅၀၀၀၀ ၁ ၂၅၀၀၀၀

#အားလုံးစုစုပေါင်း (၁ နှစ်စာ) ကုန်ကျငွေ ၁၄၆၈၀၀၀၀
အင်တာနက်လိုင်း ၄၀၀၀၀၀ ၁ ၄၀၀၀၀၀
ဝက် (ပ်) ဆိုဒ် ၃ နှစ်စာ ၃၀၀၀၀၀ ၃ ၉၀၀၀၀၀

မှတ်ချက်။ ။ ကြော်ငြာခများ၊ ဈေးကွက်ရှာဖွေးရေးကုန်ကျမှုစာရိတ်များ၊ လေ့လာရေးခရီး စဉ်များထွက်ခများ ထည့်တွက်ထားခြင်း မရှိသေးပါ။ အဘယ်ကြောင့် ဆိုသော် ၄င်းကုန်ကျမှုစာရိတ်များသည် မိမိဝင်ထည့်ဝင်လျှင် ထည့်ဝင် သလောက် ကုန်ကျနိုင်သောကြောင့်  ဖြစ်သည်

ဧည့်ခန်းစားပွဲနှင့်ထိုင်ခုံ ၅၀၀၀၀၀ ၁ ၅၀၀၀၀၀
ရေခဲသေတ္တာ ၁၅၀၀၀၀ ၁ ၁၅၀၀၀၀
အဲယားကွန်း ၄၀၀၀၀၀ ၂ ၈၀၀၀၀၀
ဆိုင်းဘုတ် ၃၀၀၀၀၀ ၁ ၃၀၀၀၀၀
ရုံးဖွင့်ပွဲ အကြွေးအမွေး ၃၀၀၀၀၀ ၁ ၃၀၀၀၀၀
အားလုံးစုစုပေါင်း ကနဦး ကုန်ကျငွေ ၁၃၂၅၀၀၀၀

(၃ နှစ်) စာ ခန့်မှန်းကုန်ကျငွေ အခြေပြုဇယား
အကြောင်းအရာ ကုန်ကျငွေ အရေအတွက် စုစုပေါင်း
ကနဦး မတည်ရင်နှီးငွေ ၁၃၂၅၀၀၀၀ ၁ ၁၃၂၅၀၀၀၀
လစဉ်ကုန်ကျငွေ (၁ နှစ် စာ)  ၁၄၆၈၀၀၀၀ ၃ နှစ် ၄၄၀၄၀၀၀၀
ထပ်မံရုံးခန်းငှားခ (၁ နှစ် စာ) ၃၉၀၀၀၀၀ ၂ နှစ် ၇၈၀၀၀၀၀
ကုပ္မဏီလိုင်စင် သက်တမ်းတိုး ၅၀၀၀၀၀ ၁ ၅၀၀၀၀၀
(၃ နှစ်စာ) စုစုပေါင်း ခန့်မှန်းကုန်ကျ ငွေ ၆၅၅၉၀၀၀၀

မှတ်ချက်။ ။ အထက်ပါ (၃ နှစ် စာ) ခန့်မှန်းကုန်ကျငွေ စုစုပေါင်းတွင် ကြော်ငြာခများ၊ ဈေးကွက်ရှာဖွေးရေး ကုန်ကျမှုစာရိတ်များ၊ လေ့လာရေး ခရီးစဉ်ထွက်ခများ ထည့်တွက် ထားခြင်း မရှိသေးပါ။ အဘယ်ကြောင့်ဆိုသော် ထိုစရိတ်များသည် မိမိသုံးသလောက်ကို ကုန်ကျသောကြောင့်ဖြစ်သည်။

မိမိသည် ၁၀% နှုန်း အမြတ်တင်၍ခရီးစဉ်များကိုရောင်းလျှင်
၃ နှစ်အတွင်း သိန်းပေါင်း ၆ ထောင့် ၅ ရာ ၅ ဆယ့် ၉ သိန်း ဖိုး
ရောင်းနိုင်မှသာ အရင်းကြေမည် ဖြစ်သည်။

US Dollar ဖြင့်ဆိုလျှင် USD ၆၅၅၉၀၀.-- (1 USD = 1000 Kyat ဖြင့်တွက်သည်)  ဖိုးရောင်းနိုင်ရမည်ဖြစ်သည်။
တစ်ဦးလျှင် USD ၁၀၀၀.-- တန် ဖိုးခရီးစဉ် ရောင်းမည် ဆိုပါက
၃ နှစ်အတွင်း လူဦးရေ ၆၅၆ ယောက် ရောင်းရမည်ဖြစ်သည်။

၁ နှစ် လျှင် ၂၁၉ ယောက် ရောင်းနိုင်ရမည် ဖြစ်ပြီး၊ ၁ လ လျှင် ပျှမ်းမျှခြင်း ၁၈ ယောက် ရောင်းနိုင် ရမည်ဖြစ်သည်။ ၃ နှစ် အတွင်း ဖေါ်ပြပါ အတိုင်း ဆောင်ရွက်နိုင်မည် ဆိုပါက သင်၏လုပ်ငန်း အောင်မြင်သည်ဟု ဆိုနိုင်သည်။

ပြည်တွင်း မြန်မာလူမျိုးများအတွက် ခရီးစဉ် (Domestic Tours)၊ ပြင်ပ မြန်မာလူမျိုးများအတွက် ခရီးစဉ် (Outbound Tours) နှင်. နိုင်ငံခြားသားများအတွက် ပြည်တွင်း ခရီးစဉ် (Inbound Tours) များ ကို စုပေါင်းပြီး ဖေါ်ပြပါ အရောင်း ငွေကြေးပမဏအတိုင်း ရောင်းနိုင်မည် ဆိုပါကလည်း သင်၏လုပ်ငန်း အောင်မြင်သည်ဟု ဆိုနိုင်သည်။
     
#မြန်မာလူမျိုးများအတွက်ပြည်တွင်းခရီးစဉ်များ (domestic) ၊ 
ပြည်ပခရီးစဉ်များ (outbound) ရေးဆွဲခြင်း အကြောင်း 
သိကောင်းစရာများ    

များသောအားဖြင့် မြန်မာလူမျိုးများ ရက်ရှည်အားလပ်ရက်များ
ရရှိသည့် အစိုးရ ရုံးပိတ်ရက်များ၊ ကျောင်းများရက်ရှည်ပိတ်သောရက်များရှိသော (ဥပမာ - သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန် စသည်…..) အချိန်တို့တွင် မြန်မာလူမျိုးများအတွက် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီတို့သည် ရက်တို ၊ ရက်ရှည် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို သတ်မှတ်ထားသော ထွက်ခွါရက်တို့ဖြင့် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။

၎င်းကို တစ်ချို့က ပုံမှန်ခရီးစဉ်များ (Regular Tours) ဟုခေါ်သည်။ ခရီးသွားလာရေး ဝေါဟာရတွင် SIC (Seats in Coach) Tours ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် လူဦးရေမည်မျှရှိစေကာမှု တစ်မျိုးတည်းသောရောင်းဈေးဖြင့်ရောင်းပြီး သတ်မှတ်ထွက်ခွါရက်တွင် စီစဉ်ဆောင်ရွက် ပေးရသောကြောင့်ဖြစ်သည်။

၎င်း SIC Tours များကို ဈေးနှုန်းတွက်ချက်ရာတွင်
Break Even Point ခေါ် လူဦးရေမည်မျှရလျှင် ခရီးစဉ်
ထွက်ခွါနိုင်မည်ဟု သတ်မှတ်ချက်အပေါ်မူတည်၍ တွက်ချက်ရသည်။ (ဥပမာအားဖြင့် - ပုဂံ - ညောင်ဦး - ပုပ္ပါး ၄ ည အိပ် / ၅ ရက်ခရီးစဉ်တွင် ၄၅ ယောက်စီးကားဖြင့် ထွက်ခွါမည်ဖြစ်သော်လည်း လူဦးရေ ၂၅ ယောက်သော်၎င်း ၃၀ ယောက်ဖြင့်သော်၎င်း အခြေပြုတွက်ချက်ထားပြီး ရောင်းဈေးသတ်မှတ်ရသည်။

သတ်မှတ်ထားသည့် လူဦးရေပြည့်လျှင် မိမိတို့ ကုမ္ပဏီမှ
စားရိတ်ကြေပြီး လူဦးရေတိုးမှသာလျှင် အမြတ်ငွေထွက်ရှိလာမည်ဖြစ်သည်။ တစ်ခါတရံ မိမိတို့သည် ကုမ္ပဏီစတင် တည်ထောင်သူများဖြစ်သောကြောင့် အမြတ်အစွန်း အနည်းငယ်နှင့်သော်၎င်း၊ အမြတ်အစွန်းမယူ၍သော်၎င်း၊ အရှုံးခံ၍သော်၎င်း မိမိတို့ ကုမ္ပဏီ နာမည်ရရှိရေးအတွက် ခရီးစဉ်များ စီစဉ် ဆောင်ရွက် ရမှုများလည်းရှိပါသည်။

Request Trips ဟု အများစုခေါ်သော (Incentive Trips) များလည်းရှိပါသည်။ အချို့သော လူမှုရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများမှ အကြီးအကဲများသည် မိမိတို့၏ လုပ်ငန်း အကျိုးအမြတ်ရရှိသည့်အပေါ်မှုတည်၍ မိမိတို့၏ ၀န်ထမ်းများ ၊ လုပ်ဖေါ်ကိုင်ဖက်များကို စိတ်ဓါက်ခွန်အားများ ဖြည့်တင်းပေးစေလိုသောကြောင့် (Motivation Factor အနေဖြင့်) ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ပို့ဆောင်ပေးသော အလေ့အထများလည်း ရှိပါသည်။ Request Trips များကို ဈေးနှုန်းတွက်ချက်ရာတွင် SIC Tours များကဲ့သို့မဟုတ်ပဲ တောင်းဆိုသော လူဦးရေ အလိုက်တွက်ချက်ပေးရပါသည်။    

ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များ စီစဉ်ဆောင်ရွက်ရာတွင် ခရီးစဉ်အတွင်း Tour Leader ခေါ် ကုမ္ပဏီမှ ခရီးစဉ်ကို ဦးဆောင်ပြီး လိုက်ပါသူ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါလှသည်။ ၄င်း Tour Leader တို့၏ ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှု၊ သည်းခံနိုင်မှု၊ ရင်းနှီးဖေါ်ရွေမှုတို့သည် ကုမ္ပဏီ၏ အောင်မြင်မှု ၇၀% နှုန်း လောက်ထိပင်ရှိပါသည်။ ထို့ကြောင့်မြန်မာလူမျိုးများအတွက် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များ ဆောင်ရွက်စီစဉ်မည့် ခရီးသွားလာရေးလုပ်ငန်းတွင် Tour Leader ကောင်းများစွာလိုအပ်ပါသည်။

မြန်မာပြည်မှ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို လိုက်ပါသည့် Tour Leaders များသည် နိုင်ငံခြားသား Tour Guide များကဲ့သို့မဟုတ်ပေ။ အများစုမှ ကုပ္မဏီတွင်လည်း အချိန်ပြည့် ၀န်ထမ်းလည်းလုပ် ခရီးစဉ်များရှိလျှင် Tour Leaders များအဖြစ်လိုက်ပါကြရပါသည်။ လိုအပ်လျှင်လည်း ဈေးကွက်ရှာဖွေးမှုအတွက် Marketing များလည်း ဆင်းပေးရပါသည်။

ထို့ကြောင့် မြန်မာပြည်မှ Tour Leaders များသည် ခရီးသည်များနှင့် ကနဦး ရင်းနှီးမှုရရှိပြီးသားဖြစ်နေကြပါသည်။ ရံဖန်ရံခါ ပြည်ပခရီးစဉ်များအတွက် ကုမ္ပဏီပြင်ပမှ အချိန်ပိုင်း Tour leaders (Freelance Tourleaders) များကို လိုအပ်လျှင် လိုအပ်သလို အသုံးပြုရသည်များလည်း ရှိပါသည်။

ကုမ္ပဏီမှ Tour Leaders များသည် ခရီးစဉ်အတွင်း မိမိတို့နှင့်
လုပ်ဖေါ်ကိုင်ဖက်များဖြစ်သော ယာဉ်မောင်းများနှင့် ယာဉ်အကူများ ၊ စားသောက်ဆိုင်မှ ၀န်ထမ်းများ၊ အခြားသော ပါတ်သတ်ရသည့် သူများနှင့်လည်း ခရီးစဉ်တလျှောက် အဆင်ပြေချောမွေ့စေရေးအတွက် လိုက်လျောညီထွေအောင် ပြုမူဆက်ဆံကြရပါသည်။            

ပြည်တွင်းခရီးစဉ်များ ရေးဆွဲခြင်း နှင့် စီစဉ်ဆောင်ရွက်ခြင်း    
မြန်မာလူမျိုးများအတွက် ပြည်တွင်းခရီးစဉ်များ ရေးဆွဲရာတွင်
များသောအားဖြင့် ကားဖြင့်တောက်လျှောက်သွားသော ခရီးစဉ်များကိုသာ ရေးဆွဲစီစဉ်ဆောင်ရွက်ကြပါသည်။

ညအိပ်တည်းခိုရန် အခန်းခများကို တတ်နိုင်သလောက် လျော့ပေါ့စေရန်အတွက် များသောအားဖြင့် ညဦးပိုင်းတွင် ကားများဖြင့်ထွက်ပြီး ကားပေါ်၌ပင် အိပ်စက်အနားယူကြပါသည်။ တနေရာနှင့်တနေရာ မိုင်မည်မျှကွာဝေးသည် ကားမောင်းချိန်မည်မျှကွာဝေးသည်များကိုလည်း သိရှိထားရမည်ဖြစ်ပါသည်။ သို့မှသာလျှင်မည်သည့်နေရာတွင် ခေတ္တရပ်နားမည် မည်သည့်နေရာတွင် စားသောက်မည်များကိုခန့်မှန်းနိုင်မည်ဖြစ်သည်။

ခရီးစဉ်စတင်ရေးဆွဲအတည်းကပင် မည့်သည့်နေရာမှာရပ်နားမည်၊ မည်သည့်ဆိုင်တွင်ကျွေးမွေးမည်၊ မည့်သည့်နေရာများသို့လည်ပါတ်မည်၊ မည့်သည့်ဆိုင်များတွင် ဈေးဝယ်ရပ်ပေးမည်စသည့်တို့ကို ပြင်စဉ်ထားရပါမည်။ ခရီးစဉ်အတွင်း ကားပေါ်၌ ခရီးသွားဧည့်သည်များပြင်းရိမှုမရှိစေရန် မည့်သို့သောကစားနည်းများ၊ မည်သို့သော ၀န်ဆောင်မှုများကို စီစဉ်ရမည်ကိုလည်း ကြိုတင်ပြင်စဉ်ထားရမည်ဖြစ်သည်။

လိုအပ်နိုင်သော ဆေးဝါးများနှင့် မိမိသွားရောက်လည်ပါတ်မည့်
မြို့များ၏ အရေးကြီးလျှင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း ကြိုတင်ပြင်စဉ်ထားရပါမည်။ ခရီးစဉ်အတွင်း လည်ပါတ်မည့် နေရာများဖြစ်သော စေတီ၊ ပုထိုးစသည့် နေရာများ မရောက်မှီ Tour Leaders များက ထိုနေရာများ၏ ရာဇ၀င် သမိုင်းကြာင်းများနှင့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောပြပေးရပြီး ဤနေရာတွင်လှည့်လည်ကြည့်ရှူရန် မည်မျှအချိန်ရသည် မည့်သည့်အချိန်တွင် မိမိတို့၏ကားရှိရာနေရာသို့ ပြည်လည်ရောက်ရှိရမည် ကိုလည်းပြောကြားပေးရပါမည်။

အဓိကအရေးကြီးသည်မှာ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့ပြီး ခရီးစဉ်အတွင်း လိုက်ပါလာသောခရီးသည်များ၊ ၀န်ဆောင်မှုပေးရသော Tour Leaders များ၊ မော်တော်ယာဉ်မှုး နှင့် မော်တော်ယာဉ်အကူများ ၊ အခြားသောကဏ္ဍမှ ၀န်ဆောင်းမှုပေးသူများသည် တစ်ဦးနှင့်တစ်ဦး နွေးထွေးပျူငှာပြီး ပျော်ရွှင်သောခရီးစဉ်အဖြစ် ပြန်လည်ရောက်ရှိလာနိုင်ရေးပင် ဖြစ်သည်။

ဤကဲ့သို့ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ဖြစ်မြောက်ရေးအတွက် အဆင်မပြေမှုများရှိပါက ခရီးစဉ်အတွင်းလိုက်ပါသော Tour Leaders များသည် အတတ်နိုင်ဆုံး ထိန်းသိမ်း၍ ကိုင်တွယ်သွားရန် အထူးလိုအပ်ပါသည်။  

#ပြည်ပခရီးစဉ်များရေးဆွဲခြင်းနှင့် စီစဉ်ဆောင်ရွက်ခြင်း
မြန်မာလူမျိုးများအတွက် ပြည်ပခရီးစဉ်များကို စီစဉ်ဆောက်ရွက်ရာတွင် ပြည်ပနိုင်ငံများ၌ရှိသော ခရီးသွားလာရေးကုမ္ပဏီများဖြင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ရပါသည်။ မိမိတို့၏ဈေးကွက်ခွဲဝေ ရရှိထားမှု၊ ဈေးကွက်အတွင်းသို့ ၀င်ရောက်နိုင်မှု အခြေအနေပေါ်မှုတည်၍ ပြည်ပ၌ရှိသော မည်သည့်ခရီးသွားလာရေးကုမ္ပဏီများဖြင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ရမည်ကို သိရှိနိုင်ရပါမည်။

မည့်သည့် ကုမ္ပဏီများသည် ၀န်ဆောင်မှုကောင်းသည် မည်သည့်ကုမ္ပဏီများသည် မည့်သည့်ဈေးနှုန်းထားများရှိသည်ကို သိရှိရပါမည်။ သို့မှသာလျှင် ပြည်ပခရီးစဉ်များကိုရေးဆွဲပြီး ပြည်တွင်း၌ရှိသော ပြိုင်ဘက်ကုမ္ပဏီများဖြင့် ယှဉ်ပြိုင်ပြီး ဈေးကွက်ရရှိမှုအတွက် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ပြည်ပကုမ္ပဏီများမှ အပြည့်အ၀ခရီးစဉ် (Pacakge Tours)
ဈေးနှုန်းများကိုရယူထားပြီး မိမိစီစဉ်လိုသောနိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ် (International Flight Tickets) ၊
ပြည်ဝင်ခွင့် ကုန်ကြမှုစရိတ် (Visa Fees) နှင့် အခြားသောစာရွက်စာတန်းများ (Others documentation Fees) ကုန်ကျမှုစရိတ်တို့ဖြင့်ပေါင်းကာ အမြတ်နှုန်းထားများတင်၍ ရောင်းချကြရပါသည်။ လိုက်ပါမည့် Tour Leaders များသည် အနည်းဆုံး English ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုတတ်သူဖြစ်ပြီး-
သွားရောက်လည်ပါတ်မည့် နိုင်ငံနှင့်နေရာများအကြောင်းကို ကျွမ်းကျင်စွာသိရှိသူဖြစ်ရပါမည်။

အကယ်၍ ၄င်း Tour Leaders များသည် ထိုနိုင်ငံများသို့ ကိုယ်တိုင်ရောက်ရှိ လည်ပါတ်ခဲ့ဘူးပြီး   မိမိသွားရောက်သောနိုင်ငံ၌ပြောဆိုသော ဘာသာစကားကို ပြောဆိုနိုင်သူဖြစ်ပါက ပို၍ကောင်းမွန်ပါသည်။ မိမိတို့၏ ပြည်ပခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များသည် ထိုနိုင်ငံအတွင်းအကြောင်းအမျိုးမျိုး မကျန်ရှိခဲ့စေရန် ခရီးစဉ်မစမှီက ပင်ကြိုတင်ပြင်စဉ်ထားရပါမည်။

လိုက်ပါလိုသော ခရီးသည်များ ပြည်ဝင်ခွင့်ရရှိရေးအတွက် သက်ဆိုင်ရာသံရုံးများမှ လိုအပ်သောအချက်အလက်၊ စီစဉ်ဆောင်ရွက်ရမည့် ကာလကြာချိန် နှင့် လုပ်ငန်းစဉ်များကိုလည်းသိရှိရန်လိုအပ်ပါသည်။
ပြည်ပနိုင်ငံသို့သွားရောက်လည်ပါတ်မည့် ခရီးစဉ်များအတွက် ပြည်ဝင်ခွင့် (Visa) ရရှိရေးသည် အရေးကြီးဆုံးအချက်ဖြစ်သည်။

အထူးသဖြင့် America, England, Europe, Japan
စသောနိုင်ငံကြီးများ အတွက် Visa တင်လျှောက်ပါက လိုအပ်သောအချက်အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။ လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာသံရုံး၏ websites များမှသော်၎င်း ၊ သံရုံးသို့ ဖုန်းဖြင့်သော်၎င်း ၊ လူကိုယ်တိုင်သွားရောက်၍သော်၎င်း မေးမြန်းစုံစမ်းနိုင်ပါသည်။

#မှတ်ချက်
မြန်မာလူမျိုးများအတွက် ပြည်တွင်း ပြည်ပခရီးစဉ်များဆောင်ရွက်ရာတွင် ရက်ရှည်ရုံးပိတ်ရက် ကျောင်းပိတ်ရက် တို့ဖြင့်ချိန်၍ သတ်မှတ်ထားသောထွက်ခွါရက်အတိုင်း (SIC Tours / Regular Tours) ပြည်တွင်း ပြည်ပ ခရီးသွားလာရေး ကုမ္ပဏီများက
များသောအားဖြင့်စီစဉ်ကြသည်။

ယခုအခါတွင် ပြည်တွင်း ပြည်ပ ခရီးသွားလာရေး လုပ်ငန်းလုပ်သူများ များပြားလာသည်နှင့်အမျှ ပြည်တွင်းခရီးစဉ်များ အတွက် ကားများနှင့် ဟိုလ်တယ်အခန်းများကို ကြိုတင်ရယူမှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လာပါသည်။ ထို့အတူ ပြည်ပခရီးစဉ်များအတွက်လည်း ပြည်ပလေယာဉ်လက်မှတ်များ ကြိုတင် ရယူမှုသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လာပါသည်။

၎င်းတို့အား ကြိုတင်လက်ဦးမှုရယူရန်အတွက် ကြိုတင်စရံငွေများ
ပေးခြေရပါသည်။ အကယ်၍ အနည်းဆုံး သတ်မှတ်လူဦးရေ မပြည့်မှီ၍ ၄င်းခရီးစဉ်များကို မထွက်ခွါနိုင်ပါက စရံငွေများဆုံးရှုံးမည်ဖြစ်ပါသည်။ ကုမ္ပဏီအဖွဲ့စည်းမှသီးသန့်ခရီးစဉ်များ ၊ မိသားစုသီးသန့်ခရီးစဉ်များသည် (Incentive Trips / Request Trips)  မိမိတို့ ခရီးသွားလိုသောရက် လိုက်ပါမည့် လူဦးရေ အရေအတွက် တို့ဖြင့် ကြိုတင်ညှိနှိုင်းပြီးမှ စရံငွေများကိုကြိုတင်ပေးခြေပါသည်။

ထို့ကြောင့် ၄င်းကဲ့သို့သော ခရီးစဉ်များကို ဆောင်ရွက်လျှင် ဆုံးရှုံး
နစ်နာမှုရှိ ခြင်းမှာနည်းပါးပါသည်။ သို့သော် ပုံမှန်ခရီးစဉ်များကို များသောအားဖြင့် စီစဉ်ဆောင်ရွက် ထွက်ခွါနိုင်သော ကုမ္ပဏီများသည် လူအများသိရှိမှုကို ရရှိ၍ ပြည်တွင်းပြည်ပခရီးသွားလာရေးဈေးကွက်ရရှိမှုအတွက် ပိုမိုအခွင့်အရေးများပိုရှိပါသည်။                                      
#မြန်မာလူမျိုးများအတွက်ပြည်တွင်းပြည်ပခရီးသွားလာရေး (Domestic and Outbound) ဈေးကွက်ရှာဖွေပုံနှင့်ဈေးကွက်ထိန်းသိမ်းထားခြင်း

မြန်မာလူမျိုးများအတွက် ပြည်တွင်း နှင့် ပြည်ပခရီးသွားလာရေး
ဈေးကွက်ရှာဖွေပုံနှင့်ဈေးကွက်ထိန်းသိမ်းပုံသည် တူညီပါသည်။
မြန်မာလူမျိုးများအတွက် ပြည်တွင်း နှင့် ပြည်ပခရီးသွားလာရေး
ဈေးကွက်ရှာဖွေရာတွင် မိမိနိုင်ငံအတွင်းရှာဖွေရခြင်းဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားလာရေးဈေးကွက်ရှာဖွေသကဲ့သို့ ပြည်ပနိုင်ငံများမှကျင်းပသော (ATF, ITB, WTM) ကဲ့သို့ Travel Shows များသို့သွားရောက်ရန်မလိုအပ်ပေ။

စတည်ထောင်ရာတွင် မိမိတို့နှင့်နီးဆက်သော ဆွေမျိုးများ၊ မိတ်ဆွေများကို မိမိတို့ကုမ္ပဏီဖြင့်ခရီးသွားရန်နိုးဆော်ရပါမည်။ ခရီးသွားလာလေ့ရှိသော ဘုရင့်နောင်၊ မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေး စသည့်ပါတ်ဝန်းကျင်များမှာ လူများကို ကြော်ငြာလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ် နှင့် ရုပ်မြင်သံကြားများတွင် ကြော်ငြာခြင်း စသည်တို့ဖြင့်ဈေးကွက်ရှာဖွေရပါမည်။ ထို့ပြင် လေ့လာရေးခရီးများထွက်တတ်သော ILBC, ISY ကဲ့သို့သောကျောင်းများ၊ NGO ကဲ့သို့သော အဖွဲ့စည်းများ၊ ၀န်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို အပန်းဖြေခရီးစီစဉ်ပေးလေ့ရှိသော IBTC, မြန့်မာ့သြဘာ စသည့် ကုပ္မဏီများသို့လည်း ဈေးကွက်ရှာဖွေနိုင်ပါသည်။

သို့သော် ပြိုင်ဘက်ကုမ္ပဏီများ များပြားလာသောကြောင့် ဈေးပြိုင်လျော့ပေးရခြင်း၊ ၀န်ဆောင်မှုအရည်အသွေးများ မြှင့်တင်ပေးရခြင်းတို့ဖြင့် ဈေးကွက်ရယူမှုတို့ကို ကြိုးစားကြသော်လည်း မိမိတို့ကုမ္ပဏီအား ခရီးသွားဧည့်သည်တို့၏ယုံကြည်မှုနှင့် ရင်းနှီးမှုတို့သည် အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်။ လူမှုရေးအဖွဲ့စည်းများ၌ ၀င်ရောက်ပါဝင်ခြင်း၊ MBA, EMBA စသည့်သင်တန်းများတတ်ရောက်ခြင်း၊ လုပ်ငန်းနှင့်သက်ဆိုင်သော ပျော်ပွဲရွှင်ပွဲများကျင်းပသောနေရာများ၊ အစည်းအဝေးပွဲများ တက်ရောက်ဆင်နွှဲခြင်းတို့သည် မိမိတို့၏ လုပ်ငန်းဈေးကွက် ရှာဖွေရာတွင် ကွန်ယက်တည်စောက်ခြင်းအတွက် အထောက်အကူဖြစ်စေပါသည်။    

ဈေးကွက်ထိန်းသိမ်းရာတွင် မိမိတို့ကုမ္ပဏီဖြင့်ခရီးသွားလာခဲ့ဘူးသော ခရီးသွားဧည့်သည်များအား မွေးနေ့လက်ဆောင်ပေးပို့ပေးခြင်း၊ မွေးနေ့ဆုမွန်းကောင်းများဖုန်းဖြင့်ဆုတောင်းပေးခြင်း၊ ခရီးစဉ်အသစ်များရှိပါက ပေးပို့အကြောင်းကြားခြင်းစသည်တို့ဖြင့် မိမိတို့၏ဧည့်သည်များဖြင့် မျက်ခြေမပျက်သွားစေရန် ဆောင်ရွက်ကြရပါသည်။ မိမိရရှိထားသောဈေးကွက်ကို ရေရှည် ထိန်းသိမ်းထားနိုင်ခြင်းသည် မိမိ၏လုပ်ငန်း အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။

မိမိတို့၏ ကုမ္ပဏီတွင်ရေရှည်လုပ်ကိုင်နေသော Tour Leader များ Guide များ သည် မိမိတိုကုမ္ပဏီဖြင့် ခရီးသွားလာလျှက်ရှိသော ဧည့်သည်များဖြင့်ရင်းနှီးကျွမ်းဝင်မှုများရှိနေပါသည်။ ၄င်းတို့အားထိန်းသိမ်းထားနိုင်ခြင်းသည်လည်း မိမိတို့၏ ကုမ္ပဏီဈေးကွက်အား ထိန်းသိမ်းထားနိုင်ခြင်းပင်ဖြစ်သည်။

ဖေါ်ပြပါ အကြောင်းအရာတို့သည် ယေဘူယျအားဖြင့် လက်ရှိ ပြည်တွင်းပြည်ပ ခရီးသွားလာရေးလုပ်ငန်းတို့၏ ဈေးကွက်ရှာဖွေ့ပုံနှင့် ဈေးကွက်ထိန်းသိမ်းပုံတို့ဖြစ်သည်။ မိမိတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် မတူညီသောတွေးခေါ်လုပ်ကိုင်ပုံတို့ဖြင့်လည်း ဈေးကွက်ရှာဖွေခြင်း ထိန်းသိမ်းခြင်းများပြုလုပ်နိုင်ပါသည်။

ဈေးကွက်ရှာဖွေ့ရာနှင့်ထိန်းသိမ်းရာတွင် မိမိတို့ လုပ်ငန်း၏ နာမည်ကောင်းကိုတည်ဆောက်မှုသည်အရေးကြီးသည်။ ထို့ကြောင့် မိမိတို့သည် တစ်ခြားသူများနှင့်ယှဉ်လျှင် မည်သည့် အားသာချက်များကိုတည်ဆောက်ရမည်ကိုသိရှိပြီး တည်ဆောက်ရမည်ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်များ ပြည်တွင်းခရီးသွားလာရေးအတွက် (Inbound) ခရီးစဉ်များရေးဆွဲခြင်း အကြောင်းသိကောင်းစရာများ  
ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့လာရောက်လည်ပါတ်ရာတွင် ပြည်တွင်ခရီးသည် (Domestic Tours) များကဲ့သို့မဟုတ်ပဲ ကွဲပြားခြားနားမှုများစွာရှိပါသည်။ အများစုမှာတစ်နေရာနှင့် တစ်နေရာသို့ လေယာဉ်ဖြင့်သာသွားလာကြသည်သာများပါသည်။

ထို့အပြင် ရထားဖြင့်သွားခြင်း၊ သင်္ဘောဖြင့်သွားခြင်း၊ စင်းလုံးငါးကားဖြင့်သွားခြင်း၊ အဝေးပြေးကားများဖြင့်သွားခြင်းစသည်တို့လည်း ရှိပါသည်။ ခရီးစဉ်များ ရေးဆွဲရာတွင် တစ်နေရာနှင့် တစ်နေရာ မည်သို့သွားလာ၍ရသည် (ဥပမာ - ကားဖြင့်သွားလို့ရသည်၊ ရထားဖြင့်သွားလို့ရသည်၊ သင်္ဘောဖြင့်သွားလို့ရသည်၊ လေယာဉ်ဖြင့် သွားလို့ရသည်) တို့ကိုသိရှိရပါသည်။ ထို့သို.သွားလာရာတွင် တစ်နေရာနှင့် တစ်နေရာ မည်မျှမိုင်အကွာအဝေးရှိသည်၊ မည်သည့်ယာဉ်တို့ဖြင့် သွားလျှင် ဘယ်လောက်အချိန်ကြာမြင့်မည်ကို သိရှိထားရပါမည်။ ထို့မှသာ အချိန်ကိုတွက်ချက်ပြီး (Sightseeing) လှည့်လည်ကြည့်ရှု့မည့် အချိန်ကို တွက်ချက်နိုင်မည်ဖြစ်သည်။

ရထား၊ သင်္ဘော၊ လေယာဉ်၊ အဝေးပြေးကားတို့၏ ထွက်ခွါချိန် နှင့် ဆိုက်ရောက်ချိန် (schedule) များကိုလည်း သိရှိထားရပါမည်။ သို့မှသာ ခရီးစဉ်များရေးဆွဲရာတွင် ၄င်းအချိန်များဖြင့် ချိန်ကိုက်ပြီး ခရီးစဉ်များရေးဆွဲနိုင်မည်ဖြစ်သည်။ ခရီးစဉ်များရေးဆွဲရာတွင် မြန်မာ့နိုင်ငံရှိ မည်သည့်မြို့များတွင် မည်သို့သော ခရီးစဉ်များကို စီစဉ်ဆောင်ရွက်နိုင်မည်ကိုလည်း သိရှိထားရပါမည်။ သို့မှသာလျှင် ခရီးသည်များတောင်းဆိုလာသောအချက်များနှင့် မိမိတို့၏ခရီးသွားကျွမ်းကျင်မှု ဗဟုသုတများဖြင့်ပေါင်းစပ်၍ သင့်တင့်ကောင်းမွန်သောခရီးစဉ်များကို ရေးဆွဲနိုင်မည်ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များ ပြည်တွင်း ခရီးသွားလာရေး လုပ်ငန်းတွင် အစဉ်သင့်ရေးဆွဲထားသောခရီးစဉ်များ (Package Tours) များရှိသလို ၊ ခရီးသွားများ၏ လိုအပ်ချက်များပေါ်မှုတည်၍ ရေးဆွဲပေးရသော (Tailor Make Tour Programs) များလည်းရှိပါသည်။

#ခရီးစဉ်များရေးဆွဲတွင်အောက်ပါဖေါ်ပြပါခေါင်းစဉ်များပေါ်မှုတည်၍ ရေးဆွဲနိုင်သည်

* Standard Package Tours (ပုံမှန် သွားလေ့သွားထရှိသောခရီးစဉ်များ)
* Tailor Make Tours (တောင်းဆိုသောအပေါ်တွင် မှုတည်၍ ရေးဆွဲပေးရသော ခရီးစဉ်များ)
* Extension Tours (ပုံမှန်ခရီးစဉ်များ နှင့် ချိန်ဆက်၍ ရေးဆွဲနိုင်သော ခရီးစဉ်များ)
* Optional Tours (ခရီးစဉ်သွားရင်းနှင့် အပိုထပ်၍ သွားနိုင်သော ခရီးတိုလေးများ)
* Bicycle Tours (ခရီးစဉ်တွင်း စက်ဘီးစီး၍ကောင်းသောနေရာများ စက်ဘီးများစီး၍သွားရသော ခရီးစဉ်များ)
* Bird Watching Tours (ခရီးစဉ်အတွင်း ငှက်ကြည့်ရန်ကောင်းသော နေရာဒေသများအား ငှက်များကြည့်ရန်သွားရောက်လေ့လာသောခရီးစဉ်များ)
* Cruise Tours (ခရီးစဉ်တွင်း ဇိမ်ခံသင်္ဘောများစီးနှင်းသွားလာခြင်းများ ပါသောခရီးစဉ်များ)
* Meditation Tours (တရားစခန်းများ၌ တရားထိုင်ခြင်းများပါသော ခရီးစဉ်များ)
* Motor Bike Tours (တစ်နေရာနှင့် တစ်နေရာကို မော်တော်ဆိုင်ကယ်များစီးခြင်းကို ထည့်သွင်းရေးဆွဲထားသောခရီးစဉ်များ)
* Overland Tours (တစ်နေရာနှင့် တစ်နေရာကို ကားဖြင့် တောက်လျှောက်သွားသောခရီးစဉ်များ)
* Photo Tours (ဓါတ်ပုံရိုက်ခြင်းအားအထူးပြုရေးဆွဲထားသော ခရီးစဉ်များ)
* Self Driving Tours (ခရီးစဉ်တွင်း ဧည့်သည်များသည် ကိုယ်တိုင်ကားမောင်း၍ သွားရသောခရီးစဉ်များ)
* Trekking & Adventure Tours (တောထဲမှ ရွာများ ကုန်းမြင့်များကို ဖြစ်လျှောက်သွားရသောခရီးစဉ်များ)

အမှန်တကယ်မှာ မိမိအထူးပြုလိုသော ခေါင်းစဉ်အားတပ်၍ခရီးစဉ် ရေးဆွဲခြင်းပင်ဖြစ်သည်။ အထက်ဖေါ်ပြဂေါင်းစဉ်နှင့် မတူညီပဲ တစ်ခြားသော ခေါင်းစဉ်များဖြင့် မိမိစိတ်ကြိုက် ခရီးစဉ်များလည်း
ရေးဆွဲနိုင်ပါသည်။ ခရီးစဉ်များရေးဆွဲရာတွင် မိမိခေါင်းစဉ်
တပ်ထားသောခရီးစဉ် နှင့် အံဝင်ဂွင်ကျဖြစ်အောင် မည်သည့်နေရာဒေသများကို ခရီးစဉ်တွင် မည့်သို့စီစဉ်ဆောင်ရွက်မည့်ကို သိရှိထားရမည်မှာ အရေးကြီးပါသည်။ မိမိသည့်ထိုနေရာဒေသများသို့ မရောက်ရှိဖူးခြင်း၊ မည်သို့စီစဉ်ဆောင်ရွက်ရမည်ကိုမသိရှိခြင်း တို့ဖြစ်ပါက တစ်ခြားသူများမည်သို့စီစဉ် ဆောက်ရွက်သည်ကို လေ့လာပြီး ရေးဆွဲနိုင်ပါသည်။ မိမိကိုယ်တိုင် ၄င်းဒေသများသို့ရောက်ရှိခဲ့ဘူးပြီး ခရီးစဉ်များရေးဆွဲမည် ဆိုပါက ပိုမိုကောင်းမွန်ပါသည်။

အများစုမှာ အခြားသူများရေးဆွဲထားသော ခရီးစဉ်များပေါ်အခြေပြု ၍ ရေှးဆွဲကြခြင်းသာများသည်၊ မိမိတို့ထံတွင် Day By Day (တစ်ရက်လည်လျှင် ဘယ်သွားမည် ၊ နှစ်ရက်လည်လျှင် ဘယ်သွားမည်) Program များကို နေရာဒေသများအလိုက် ကြိုတင်ပြင်စဉ်ထားလျှင် ခရီးစဉ်များကို အလွယ်တကူ ရေးဆွဲနီုင်ပါသည်။

               (Inbound) ခရီးစဉ်များအားဈေးနှုန်းတွက်ချက်ခြင်းခရီးစ်များအားဈေးနှုန်းတွက်ချက်ရာတွင် မိမိထံ၌ ဟိုတယ်ဈေးနှုန်းများ၊ လေယာဉ်လက်မှတ်ဈေးနှုန်းများ၊ ကားခဈေးနှုန်းများ၊ ၀င်ကြေးဈေးနှုန်းများ၊ သင်္ဘောဈေးနှုန်းများ၊ စားသောက်ဆိုင် ဈေးနှုန်းများ၊ ဧည့်လမ်းညွှန်ငှားရမ်းခဈေးနှုန်းများ စသည့် မိမိရေးဆွဲမည့် ခရီးစဉ်နှင့် သက်ဆိုင်သော ဈေးနှုန်းများ လိုအပ်ပါသည်။ ထို့ပြင် မည့်သည့်နေရာများတွင် ၀င်ကြေးပေးရသည် မည်သည်များကို ဈေးနှုန်းတွက်ချက်ရာတွင် ထည့်တွက်ရမည်တို့ကိုသိရှိရန်လိုအပ်ပါသည်။ ၄င်းတို့အပြင် မိမိသုံးဆွဲမည့် ကား ၊ စက်လှေ၊ သင်္ဘော စသည်တို့သည် တစ်စင်းလျှင် လူဦးမည်မျှဆန့်သည် ၊ လူဦးရေ ဘယ်လောက်တွင် ဘယ်လိုကားမျိုးသုံးရမည်၊ လူဦးရေဘယ်လောက်တွင် စက်လှေဘယ်နှစ်စီးသုံးရမည် စသည်တို့ကိုလည်း သိရှိရပါမည်။

မည်သည့် ၀န်ဆောင်မှုကို မည်သို့ကျခံရမည်ကိုလည်း သိရှိထားရပါမည် (ဥပမာ - ရန်ကုန်တစ်နေကုန် Saloon Car (2 Seater) ၏ ငှားရမ်းခမှာ ကျပ် ၄၀၀၀၀.-- ပေးရမည်ဆိုပါက ကနဦး USD ဖြင့်ဆိုလျှင် ဘယ်လောက် ကျသည်ကိုတွက်ချက်ရပါမည်။ တွက်ချက်ရာတွင် Exchange ဘယ်လောက်ထား၍ တွက်ချက်ရမည်ကိုလည်း သတ်မှတ်ထားရပါမည်။

Exchange Rate 1 USD = ၁၀၀၀.-- Kyat ဆိုလျှင် USD ဖြင့်ဆိုလျှင် USD 40 ကျခံရမည်ဖြစ်သည် ထို့နောက်မိမိတို့သည် တစ်ဦးချင်းလျှင် မည်မျှ ကျသည်ကိုတွက်ချက်ပြီးပေးရသောကြောင့် ၂ နဲ့စားရပါမည်။ ထိုအခါ တစ်ဦးလျှင် USD 20.-- ကျခံရမည်ဖြစ်သည်။ ကားတွင် Saloon, Town-Ace, Hi-Ace, 24 Seaters, 29 Seater, 33 Seaters, 45 Seaters စသည်ဖြင့် အမျိုးမျိုးရှိပါသည်။ မည်သည့်လူဦးရေတွင် မည့်သည့်ကားဖြင့် တွက်ချက်သင့်သည်ကိုလည်း သိရှိထားရပါမည်။ ယေဘူယျအားဖြင့် အောက်ပါအတိုင်း ခွဲခြားထားနိုင်ပါသည်။)

       Guide ကုန်ကျမှုစရိတ်တို့သည်လည်း ခရီးသည်ဦးရေအလိုက် မျှ၍ ကျခံရမည်ဖြစ်သည်။ (ဥပမာ - Guide ၏ ကုန်ကျမှုစရိတ်စုစု ပေါင်းသည် USD 200.-- ကျမည်ဆိုပါလျှင် လာရောက်မည့် ဧည့်သည်မှာ ၂ ဦးဖြစ်သည့်အတွက် ၂ ဖြင့်စားရမည်ဖြစ်သည်။ သို့မှသာ တစ်ဦးလျှင် USD 100.-- ကျခံရမည်ဖြစ်ပြီး တစ်ဦးခြင်းဈေးနှုန်းကိုရရှိမည်ဖြစ်ပါသည်။)

Entrance Fees, Zone Fees တို့သည် တစ်ဦးလျင်းအလိုက် ပေးရမည်ဖြစ်သောကြောင့် လူဦးရေဖြင့် ပြန်စားရန်မလိုပေ။ (ဥပမာ - ရွှေတိဂုံဘုရားကြီး၏ ၀င်ကြေးသည် တစ်ဦးလျှင် USD 08.-- ဖြစ်သောကြောင့် ဧည်သည်တစ်ဦးခြင်းစီတိုင်းသည် တစ်ယောက်လျှင် USD 08.-- ပေးဆောင်ရမည်ဖြစ်သည်။)              
 
Flight Tickets Fees တို့သည် တစ်ဦးလျင်းအလိုက် ပေးရမည်ဖြစ်သောကြောင့် လူဦးရေဖြင့် ပြန်စားရန်မလိုပေ။ (ဥပမာ - ရန်ကုန် - ညောင်ဦး အတွက် လေယာဉ်လက်မှတ်သည် တစ်ဦးလျှင် တစ်ဦးလျှင် USD 120.-- ?

(Credit : Zaw Oo)

No comments: