Wednesday, July 23, 2014

HIV ပိုးကို သေစေနိုင်တဲ့ ကွန်ဒုံး စတင် ရောင်းချ သင့်မသင့် သုံးသပ်နေကြ



သြစတေးလျနိုင်ငံမှ မာစတာဘွဲ့ကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး စုပုံချစ် ပြန်လည်ရောက်ရှိ

သြစတေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပညာတော်သင် သွားရောက်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ (Master of Policy Stuties - MPS) မာစတာဘွဲ့ ကို ထူးချွန်အောင်မြင် ရရှိခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။ သူဟာ ဆစ်ဒနေမြို့က The University of New South Wales (UNSW) တက္ကသိုလ်မှာ တစ်နှစ် ခွဲကျော်အကြာ ပညာသင် ယူခဲ့ပြီး မေဂျာဘာသာ ရပ်နှစ်ခု ဂုဏ်ထူး ရအောင် ကြိုးစားနိုင်ခဲ့ တာဖြစ်ပါတယ်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိ လာတဲ့ မစုပုံချစ်ကို မိဘနှစ်ပါး အပါအ၀င် မိသားစုဝင်တွေနဲ့ သူရဲ့သူငယ်ချင်း မိတ်ဆွေတွေက လာရောက်ကြိုဆို ခဲ့ကြပါတယ်။ မစုပုံချစ်ဟာ အကောင်းအတိုင်းရှိတဲ့ ဘယ်ဖက်ခြေထောက်ကိုအသုံးပြုပြီး စာရေးနိုင်တာဖြစ် ပါတယ်။ သူဟာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ ဘာသာရပ် အထူးပြုနဲ့ နည်းပညာ တက္ကသိုလ်ကို တက်ရောက် ခဲ့ပါတယ်။

မဟာဘွဲ့အတွက် နည်းပညာ တက္ကသိုလ်ကို တက်ရောက်နေ ဆဲမှာ ၂၀၁၃ ခုနှစ်အတွင်း သြစတေးလျနိုင်ငံ မှာ ကျောင်းတက်ဖို့ ပညာတော်သင်ဆုကို ရရှိခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက မသန်စွမ်းသူ တစ်ဦး အနေနဲ့ ပြည်ပ ပညာတော် သင်ဆုကို ပထမဆုံး အကြိမ် ရရှိခဲ့ တာဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ တာလည်းဖြစ် ပါတယ်။ 

By 7Day News

အင်တာနက် ဆက်ကြောင်းတစ်နေရာ မြေတူးစက်ဖြင့် ထိုးမိသဖြင့် ပြတ်တောက်

မြန်မာနိုင်ငံ၏ အဓိက အင်တာနက် ဆက်ကြောင်း တစ်ခု ဖြစ်ပြီး ထိုင်းနိုင်ငံ မြ၀တီနယ်စပ်မှ သွယ်တန်း ထားသည့် ဘန်ဝှစ် ဆက်ကြောင်း တစ်နေရာတွင် မြေ တူးစက်ဖြင့် တူးမိသဖြင့် လိုင်းပြတ်တောက် မှုဖြစ်ပွား ခဲ့ကြောင်း မြန် မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ရရှိသည်။ ပဲခူး ဘုရားကြီးနှင့် ဝေါမြို့ ကြားရှိ ဆက်ကြောင်း တစ်နေရာ ကို မြေတူး စက်ဖြင့် တူးမိသဖြင့် လိုင်းပြတ် သွားခြင်းဖြစ်ပြီး ပြန် လည်ပြင်ဆင်ရန် လုပ်ဆောင် နေကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း Internet Service Provider ဌာနမှ အင်ဂျင်နီယာ ချုပ်ဦးမျိုးဆွေက ပြောသည်။

အ ဆိုပါ ဆက်ကြောင်းမှာ တစ်နိုင် ငံလုံး အသုံးပြုလျက်ရှိသော ဘန်ဝှစ်ပမာဏ၏ သုံးပုံနှစ်ပုံခန့်ကို ချိတ်ဆက် အသုံးပြုနေသော ကြောင့် ယခုရက်ပိုင်းအတွင်း အင် တာနက်လိုင်းများ ကောင်းစွာအသုံးပြုနိုင်ဦးမည်မဟုတ်ကြောင်း ဦးမျိုးဆွေက ဆက်လက်ပြော ကြားသည်။ ‘‘ဖြစ်သွားတဲ့နေရာက ကုန်း တွင်းပိုင်းဖြစ်တဲ့အတွက် ပြန်ပြင်ရ တာတော့လွယ်ပါတယ်။ မနက် ဖြန်လောက်မှာ ပြန်ပြီးသုံးနိုင်ဖို့ တော့လုပ်နေပါတယ်’’ဟု ဦးမျိုး ဆွေက ပြောသည်။

နိုင်ငံတစ်ဝန်း ဖိုက်ဘာဆက် ကြောင်းများဖြင့် ချိတ်ဆက်ထားသည့် ဘန်ဝှစ်မာဏမှာ 27GB ရှိပြီး ယခုပြတ်သွားသည့်ဆက် ကြောင်းသည် 18GB ခန့်ကို ချိတ် ဆက်ထားသည့်အတွက် လက်ရှိ တွင် လိုင်းပြန်မကောင်းချိန်ထိ ကျန်သော 9GB ကိုသာမျှ၍ အ သုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း သိရ သည်။ 

By 7Day News

HIV ပိုးကို သေစေနိုင်တဲ့ ကွန်ဒုံး စတင် ရောင်းချ သင့်မသင့် သုံးသပ်နေကြ
သြစတြေးလျနိုင်ငံက ​တီထွင်ထားတဲ့ ​ကွန်ဒုံး ​ဟာ ​HIV ​ဗိုင်းရပ်စ်ပိုးကို ​သတ်နိုင်စွမ်းရှိတဲ့အတွက် ​လူအများအသုံးပြုနိုင်အောင် ရောင်းချဖို့သင့်မသင့် ​သုံးသပ်နေကြပါတယ်။
အဲဒီ ​ကွန်ဒုံးဟာ ​HIV ​ဗိုင်းရပ်စ် ​ပိုးအပြင်၊ ​လိင်အင်္ဂါ ​တဝိုက်မှာ ​ဖြစ်တတ်တဲ့ ​ရေရုံတွေနဲ့ ​လိင်ဆက်ဆံမှုကနေ ​ဖြစ်ပေါ်တတ်တဲ့ ​တခြား ​ရောဂါပိုး ​တွေကိုလည်း ​၉၉.၉ ​% ​အထိ ​သတ်ပစ်နိုင် ​စွမ်းရှိ ​တယ်လို့ ​ဆို ​ပါတယ်။
ပိုးသတ်ဆေးတွေ ​ပါဝင်တဲ့ ​ကွန်ဒုံးတွေကို ​သြစတြေးလျ ​နိုင်ငံက ​Startpharma ​ကုမ္ပဏီက ​တီထွင် ​တာဖြစ်ပြီး ​အဲဒီ ​ကွန်ဒုံးတွေကို ​VivaGel ​လို့ ​ခေါ်ပါတယ်။
အဲဒီ ​ကွန်ဒုံးတွေကို ​အများပြည်သူတွေဆီ ​ရောင်းချဖို့ ​သင့်မသင့် ​သက်ဆိုင်ရာက ​သုံးသပ်မှုတွေ လုပ်နေပြီး ​အကယ်လို့ ​ခွင့်ပြုချက်ပေးမယ်ဆိုရင် ​သီတင်းပတ် ​အနည်းငယ်အတွင်း ​ရောင်းချနိုင်မယ်လို့လည်း ​သိရပါတယ်။
ကမ္ဘာပေါ်က ​လူသန်းပေါင်း ​၃၅ ​သန်းလောက်ဟာ ​AIDS ​ရောဂါဖြစ်လာစေတဲ့ ​HIV ​ဗိုင်းရပ်စ်ပိုး ​ကူးစက်ခံရသူတွေ ​ဖြစ်ကြပြီး ​AIDS ​ရောဂါ တိုက်ဖျက်ရေးအတွက် ​မဲလ်ဘုန်းမြို့မှာ ​ကမ္ဘာ့ညီလာခံ ​ကျင်းပနေကြပါတယ်။
AIDS ​ညီလာခံနဲ့ ​ပတ်သက်တဲ့ ​ဆောင်းပါးတွေနဲ့ ​ဓာတ်ပုံတွေကိုလည်း ​ဒီရက်ပိုင်းမှာ ​ကြည့်ရှုလို့ရအောင် ​လုပ်ဆောင်ပေးမှာ ​ဖြစ်ပါတယ်။


No comments: