Wednesday, October 17, 2012

အင်ဒိုနီးရှားစတိုင် ကြက်သားကြော်


ယောက်ျားလေးဖြစ်ပြီး အချက်အပြုတ်ဘာကြောင့်စိတ်ဝင်စားနေတာလဲလို့ သူငယ်ချင်းတွေကပြောတယ်။ ကျွန်တော်ပြန်ဖြေဖြစ်တာက ကောင်းကောင်းစားချင်လို့ဆိုတာပါပဲ။ ဟုတ်တယ် ကျွန်တော်ကိုယ်တိုင်တချို့ဟင်းတွေကိုမချက်တတ်ပေမဲ့ သူများချက်တာတွေကိုတော့ ၀င်လျှာရှည်လေ့ရှိပါတယ်။ ကိုယ်က ကောင်းကောင်းစားချင်တာကိုးနော် ။

အခုလည်း ညီမလေးဝတ်ရည်ရဲ့ဆိုက်ကနေ အင်ဒိုနီးရှားကြက်ကြော်နည်းလေးကို ပြန်ကူးယူဖော်ပြလိုက်ပါတယ်။ မူရင်းဟင်းချက်နည်းမှာ ပဒဲကောထည့်လို့ပြောထားပေမယ့် ပဒဲကောရဖို့မလွယ်ရင် စပါးလင်ထည့်လို့ရပါသည်တဲ့။ မထည့်ချင်လည်းရတာပါပဲ။ အရာသာရှိ မယ့်ပုံပါ။ ထမင်းဖြူဖြူလေးနဲ့ ကြက်ကြော်ကိုက်ရတာ အတော်ကောင်းတယ်ဗျ။
ကဲ ကြက်ကြော်နော် ကြက်ကြော် အင်ဒိုနီးရှားကြက်ကြော်။

 အင်ဒိုနီးရှားစတိုင် ကြက်သားကြော်
အင်ဒိုနီးရှား စတိုင် ကြက်သား ကြော်လေးပါ။ ရိုးရိုး ကြော်နေကျ ကြက်ကြော်တွေလို တခါတည်းနဲ့ ဆီများများ ကြော်ရတာမျိုးမဟုတ်ပဲ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကြက်သားထဲကို အရသာစိမ့်ဝင်အောင် လုပ်ပြီ ပြန်ကြော်ထားခြင်း ဖြစ်သည်။ ကြက်သားက အရမ်းနူးညံ့ပြီ အပြင်သားက ကြွပ်ရွနေပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်၊ ကြက်ရင်ဗုံ – ၄ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ပဒယ်ဂေါ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • စပါးလင် – ၂ခု (နှုတ်နှုတ်စဉ်းပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် (အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဆီ
ချက်ပြုတ်နည်းများ
၁။ အရင်ဆုံး (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒယ်ဂေါ၊ စပါးလင်၊ ဆနွင်းမှုန့်) တို့ကို ကြိတ်စက် (blender) ဖြင့် ကြေညက်အောင် ကြိတ်ပေးပါ။


၂။ ပြီနောက် ကြက်သားတုံးများဖြင့် ဟင်းခတ်နှစ်များကို သမအောင် ရောနုယ်လိုက်ပါ။


၃။ ဒယ်ထဲ ရေ(၂၅၀ မီလီလီတာ)၊ ပဲငံပြာရည်(၂ဇွန်း) တို့ကို ထည့်ပြီ ကြက်သားတုံးများကို မီးအသင့်တင့်နှင့် ရေခန်းအောင်အထိ အဖုံးအုပ်ပြီ မိနစ် ၂၀ခန့် တည်ထားပေးပါ။


၎။ ရေခန်းသွားလျှင် ကြက်သားတုံးများကို ရေအနည်းငယ် စစ်ပြီမှ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် သမအောင် နုယ်လိုက်ပါ။
၅။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ကြွပ်ရွသည်အထိ ကြော်ပေးပါ။

 
၆။ ပြီလျှင် နံနံပင်လေးများဖြင့် ကြက်သားကြော်များကို ပုံဖော်ပြီ ထမင်းပူပူလေးနှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…





No comments: