Tuesday, October 23, 2012

လိင်လုပ်ငန်းမှာ ဥပဒေ ကင်းမဲ့လို့ HIV ပိုပြန့်


 ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသအတွင်း၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်းမှာ လိင်လုပ်ငန်းမှာ တရားဝင် ခွင့်ပြုမထားဘဲ ရာဇဝတ်မှုအဖြစ် သတ်မှတ် နိုင်နင်းကြတဲ့ အတွက် HIV ခုခံ စွမ်းအား ကျဆင်းတဲ့ ရောဂါ ပိုမိုကျယ်ပြန့်လာတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာ အပေါ် မူတည်ပြီး မြန်မာနိုင်ငံတွင်းက လိင်လုပ်သား အမျိုးသမီးလေး တယောက်ကလည်း ပြည်တွင်းမှာက ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ၊ ပပျောက်ရေး ဥပဒေ စတာတွေအရ ပြည့်တန်ဆာ မှုနဲ့ ကျော်စောမှု စတာတွေနဲ့ ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ် အထိ ချမှတ်လေ့ရှိကြောင်း၊ အကာအကွယ်ပေးတဲ့ ဥပဒေရယ်လို့ မရှိတဲ့ အတွက်၊ မလုံခြုံတဲ့ ဘဝမှာ နေရတဲ့အကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

သူတို့ အနေနဲ့ လမ်းထွက် သာမန် ဈေးဝယ်ထွက်ရင်တောင်၊ အဖမ်းခံရတာတွေ၊ သွားနေကျ နေရာကို သွားတဲ့ အခါမှာလည်း ဥပဒေ စိုးမိုးမှု မရှိတဲ့ အတွက် ပြည့်တန်ဆာမှုနဲ့ ကျော်စောမှု စတာတွေနဲ့ ဖမ်းဆီးခြင်း ခံရတဲ့ အကြောင်း ပြောပြပါတယ်။
မြန်မာနိုင်ငံသားတိုင်း ကွန်ဒုံး သယ်ဆောင်မှု ရှိတယ်ဆိုတဲ့ ပြဌာန်းချက်ရှိတဲ့ တိုင်အောင် လိင်လုပ်သားတွေရဲ့ လက်ထဲ ကွန်ဒုံး မိရုံနဲ့ အလုပ် မလုပ်တဲ့ တိုင်အောင်၊ အဖမ်းခံရတဲ့ အကြောင်းလည်း ပြောပါတယ်။ ရှာဖွေတဲ့ အခါမှာလည်း ခွင့်ပြုချက် မတောင်းခံသလို၊ အတင်းအကျပ် အိတ်ဖွင့်ရှာလေ့ ရှိပုံတွေလည်း ရှင်းပြပါတယ်။ လိင်လုပ်သားတွေ အတွက် ကျန်းမာရေးအရ ကုသကာကွယ်ခွင့် ပေးသင့်သလို တိကျတဲ့ ဥပဒေတွေ ပြ ဌာန်းပေးဖို့ လိုတဲ့အကြောင်းတွေ လိင်လုပ်သား အမျိုးသမီးလေး တယောက်က ဘီဘီစီကို ရှင်းပြပါတယ်။

BBCလိင်လုပ်ငန်းမှာ ဥပဒေ ကင်းမဲ့လို့ HIV ပိုပြန့် 

လူငယ် (၄) သိန်းအား HIV/AIDS နှင့် မျိုးဆက်ပွား ပညာပေးမည်

မြန်မာ လူငယ်ပေါင်း လေးသိန်းအား HIV အေအိုင်ဒီအက်စ်ရောဂါ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ထိရောက်စွာ ပညာပေးရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်ဖွံဖြိုးမူအစီအစဉ်မှ သက်ရွယ်ဆင်တူ ပညာပေး ရေးလုပ်ငန်း ၂၀၁၂-၂၀၁၅ တတိယ စီမံချက်ကာလအတွက် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ သက်ရွယ်ဆင်တူ ပညာပေးရေး လုပ်ငန်းများ၌ မြို့နယ်ပေါင်း (၄၂) မြို့နယ်မှလူငယ်များအား ဗဟို ကျန်းမာရေးပညာဌာန၊ Marie Stopes International(MSI) တို့နှင့် ပူးပေါင်းကာ HIV အေအိုင်ဒီအက်စ်၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေး သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ လူငယ်ဖွံဖြိုးမှု အစီအစဉ်မှာ လေ့ကျင့်ထားတဲ့ လူငယ်တွေက၊ သူတို့နေထိုင်တဲ့ နေရာနဲ့ နီးစပ်တဲ့ နေရာတွေမှာ ပညာပေးတယ်၊ ရွာဆိုရင်တော့ ရွာထဲဆင်းတာပေါ့လေ။ မြို့ပေါ်မှာ ဆိုရင်တော့ လက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ အိမ်တွင်း စက်မှုလုပ်ငန်းတွေမှာ ဆင်းကြသလို တချို့ကြတော့ ဘော်ဒါဆောင်တွေမှာ၊ ဘာပဲပြောပြော ယောက်ျားလေး မိန်းကလေး၊ ကျောင်းသား၊ ကျောင်းသူ အရွယ်တွေ ရှိကြတယ်ဆိုတော့ ဘောဒါဆောင်တွေ ဆင်းတယ်၊ ကျုရှင်တွေ ထဲဆင်းတယ်” ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာ နေ၀င်းကပြောသည်။

ထိုကဲ့သို ပညာပေးရာတွင် မျက်နှာချင်းဆိုင် စကားဝိုင်းများပြုလုပ်ပြီး ပညာပေး ဆွေးနွေးခြင်း၊ ကစားနည်းများ ပြုလုပ်ပြီး ပညာပေးခြင်း၊ သင်တန်းများ ပြုလုပ်ပေးခြင်း၊ ဇာတ်လမ်းအခွေများ ဖွင့်လှစ်ပြီး ပညာပေးခြင်း ပြဇာတ်များ ကပြဖျော်ဖြေပြီး ပညာပေးခြင်းတို့ ကိုပြုလုပ်မည်ဖြစ်ပြီး Shwe FM ရေဒီယိုလိုင်းမှ လူငယ်ဥယျာဉ် အစီအစဉ်ဖြင့် အပတ်စဉ် တနလာင်္နှင့်၊ ကြာသာပတေးနေ့များတွင် ပညာပေး သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“ဆရာတို့ အခုစီမံကိန်းကာလမှာ လူငယ်လေးသိန်းကျော်လောက် ပညာပေးဖို့ မှန်းထားတယ်။ ပထမ စီမံကိန်းနဲ့ ဒုတိယစီမံကိန်း ကာလမှာ လူငယ်တွေကို သင်တန်းပေးတာ ရှိသလို သက်ရွယ်ဆင်တူ ပညာပေး တာလည်း ရှိတယ်။ အခုစီမံကိန်း ကာလမှာကြတော့ သင်တန်းတွေနဲ့ သက်ရွယ်ဆင်တူ ပညာပေးလုပ်ငန်းတွေ ဆက်လုပ်မဲ့အပြင် မီဒီယာကိုလည်း အားကိုးတယ်” ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် ဒေါက်တာနေ၀င်းက ပြောသည်။

ထို့ပြင် အဆိုပါ သက်ရွယ်ဆင့်တူ ပညာပေးရေးလုပ်ငန်းအနေဖြင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ပထမနှစ် စီမံကိန်းကာလအတွင်း လူငယ်ပေါင်း (၂ သိန်း) ကျော်၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း (၅ သိန်း) ကျော်အား HIV/AIDS မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်ခဲ့သည်။

မြစ်မခလူငယ် (၄) သိန်းအား HIV/AIDS နှင့် မျိုးဆက်ပွား ပညာပေးမည်

No comments: