Tuesday, October 9, 2012

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် စတင်မည့် MSF


HIV လူငယ်ခေါင်းဆောင်မှု ရက်တိုသင်တန်း ယူနက်စကို ပြင်ဆင်

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ဦးစီးတဲ့ မြန်မာနိုင်ငံက အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ လူငယ်တွေ တက်ရောက်မယ့် ခေါင်းဆောင်မှု သင်တန်းတခုကို ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ၅ ရက်ကြာ သင်တန်းဟာ လူငယ်တွေအကြား အိပ်ခ်ျအိုင်ဗွီ တားဆီးရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ယူနက်စကိုက ဆိုပါတယ်။ ဒီသင်တန်းဟာ အိပ်ခ်ျအိုင်ဗွီကို  နိုင်ငံအဆင့် တုံ့ပြန်မှုအတွက် ပြင်ဆင်တဲ့အနေနဲ့ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ဖြစ်ပါတယ်။

ဒီသင်တန်း ရည်ရွယ်ချက်ကို မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ် အမျိုးသားပရိုဂရမ် အရာရှိ ဒေါက်တာ ယုယုအောင်က အခုလိုပြောပါတယ်။ “အိပ်ခ်ျအိုင်ဗွီ အဓိက ကူးစက်ခံနေရတဲ့ လူငယ်အုပ်စုတွေက အိပ်ခ်ျအိုင်ဗွီကို ကာကွယ်တားဆီးတဲ့နေရာမှာ ပိုမို ပါဝင်လာစေချင်လို့ပါ။”

ဒီသင်တန်းမှာ အမျိုးသားအချင်းချင်း လိင်ဆက်ဆံရာက၊ မူးယစ်ဆေးဝါးထိုးသွင်းရာက၊ အိပ်ခ်ျအိုင်ဗွီရှိသူနဲ့ လိင်ဆက်ဆံရာက၊ လိင်ပြောင်းလဲရာကနေ ကူးစက်ခံကြတဲ့လူငယ်တွေနဲ့ အဲဒီလို လူငယ်တွေအတွက် အလုပ်လုပ်နေကြသူတွေ ပါဝင်တက်ရောက်ကြဖို့ လျှောက်ထားနိုင်ပြီး  အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း ကန့်သတ်ထားပါတယ်။
ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပမယ့် ဒီသင်တန်းမှာ အများဆုံး သင်တန်းသား ၃၀ ဦးကို အခမဲ့ ပို့ချမှာဖြစ်သလို နေ့လယ်စာ တာဝန်ယူပြီး နယ်ကနေ လာရောက်သူတွေအတွက် သွားလာနေထိုင် စားသောက်စရိတ် တာဝန်ယူမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေက သင်တန်း မစတင်ခင် ၃ ပတ် ကြိုတင် လျှောက်ထားကြရမယ်လို့ ဆိုပါတယ်။
သင်တန်းအတွက် ရန်ပုံငွေကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေဖြစ်တဲ့ UNAIDS, UNICEF, UNFPA နဲ့ UNESCO ဒေသရုံးခွဲက ထောက်ပံ့ပါတယ်။
DVBHIV လူငယ်ခေါင်းဆောင်မှု ရက်တိုသင်တန်း ယူနက်စကို ပြင်ဆင် 

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် စတင်မည့် MSF

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အနေဖြင့် ပြည်သူများ၏ သဘောဆန္ဒအရ စစ်တွေမြို့ မိဇံရပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး ကုသမှုလုပ်ငန်းများ ပြည်လည် စတင်တော့မည် ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း မငြိမ်သက်မှုများဖြစ်ခဲ့သည့် ကာလအတွင်း ရပ်ဆိုင်းခဲ့ရသည့် နယ်စည်းမထား ဆရာဝန်များ အသင်း MSF မှာ လက်ရှိအချိန်တွင် စစ်တွေ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် ပြည်လည် စတင်ခြင်း ဖြစ်သည်။

“MSF အနေနဲ့ ယာယီရပ်ဆိုင်းခဲ့ရတဲ့ ဆေးပေးခန်းနဲ့ ဆေးဝါး ကုသမှုလုပ်ငန်းတွေကို စစ်တွေ မိဇံရပ်မှာ ပြန်လည် ဖွင့်လှစ်သွားမှာပါ” ဟု MSF နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ဆေးဝါး ကုသမှုနှင့်ဆေးခန်း ဖွင့်လှစ်မှုအတွက် ပြည်သူ့များထံမှ ဆန္ဒသဘောထားများ ကောက်ခံထားကြောင်းကိုလည်း ၄င်းကဆိုသည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF အနေဖြင့် ယခင်  စစ်တွေမြို့ ဓညဝတီ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်းအား အသုံးမပြုတော့ပဲ မိဇံရပ်ကွက်တွင် ပြောင်းလဲ ဖွင့်လှစ်ခြင်းဖြစ်သည်။
MSF သည် ရခိုင်ပြည်နယ်တွင် မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး၊ AIDS၊ တီဘီရောဂါစသည့် ရောဂါများ အားကာကွယ်ကုသပေးရန်အတွက် နှစ်ပေါင်း (၂၀) ၀န်းကျင် ဆေးဝါး ကုသမှုပေးနေသည့် အဖွဲ့ဖြစ်သည်။

ဇွန်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် MSFလုပ်ငန်းများ ယာယီအားဖြင့် ရပ်ဆိုင်းခဲ့သည့်အပြင်  HIV/AIDS  လူနာများအတွက် ဆေးဝါးကုသမှုအနေအထားမှာ လုံလောက်သော အခြေအနေ၌ မရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် နယ်စည်းမထား ဆရာဝန်များအသင်း MSF မှ ART ဆေးဝါး ကုသမှုဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် ဝေဒနာရှင်ပေါင်း (၆၀၀) ကျော်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် နယ်စည်း မခြားဆရာဝန်များအသင်းမှ ART ဆေးဝါး သုံးစွဲနေရသူစုစုပေါင်း (၃၃၃) ဦး၊ ဆေးပုံ မှန်မရသူ (၂၈၀) ဦးရှိကြောင်း MSF မှ ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။
မြစ်မခကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် စတင်မည့် MSF 

No comments: