Saturday, October 27, 2012

ကျန်းမာရေးအမေးအဖြေ (၈၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)


ကျွန်တော် အခု အသက် ၂၆ နှစ်ပါ။ ယောက်ကျားလေး သဘာဝအရ တစ်ခါတစ်လေ ချစ်သူသမီးရည်းစားနှင့် ဆက်ဆံရာတွင် ကျွန်တော်၏ ချစ်သူကို ခံစားမှု အပြည့်အဝ မပေးနိုင်ခဲ့ပါ။ ထို့ကဲ့သို့သော အခြေအနေမျိုးကို လက်မခံချင်ပါ။ ထို့ကြောင့် မည်သို့သော ဆေးဝါးသုံးစွဲလျှင် ကောင်းပါမည်နည်းနှင့် လိုအပ်ပါက လေ့ကျင့်ခန်း လုပ်ပေးလျှင်လည်း ရနိုင်ပါသလားဆိုတာ သိချင်ပါသည်။ တစ်စိတ်လောက် ရှင်းပြပေးခြင်းနှင့် ကျွန်ုပ်၏ ရောဂါကို ကုသပေးစေချင်ပါသည်။
သုက်လွှတ်မြန်တာလား၊ သန်မာမှုနည်းတာလား၊ တခြားဘာလဲ။
နှစ်ခုစလုံး ဖြစ်တာပါ ဆရာ။

စာတွေပို့ပါတယ်။ အားလုံးက ကိုယ်နဲ့ဆိုင်တယ်မထင်ပါနဲ့။ ဆေးတခုတည်းလဲ အားမကိုးဘဲ ပြုပြင်စရာတွေလဲ လိုက်နာပါ။ အဆင်ပြေလာပါလိမ့်မယ်။ စိတ်သာချနေပါ။
Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
Erectile Dysfunction 10 Things ယောက်ျားတွေကို ဒုက္ခပေးနိုင်တဲ့ အချက် (၁ဝ) ချက် http://dts-medicaleducation-adult.blogspot.in/2012/03/10-things-that-can-deflate-your.html
Erectile Dysfunction ပန်းသေ-ပန်းညှိုး http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-ed.html
Erectile Dysfunction Medicines (1) ကျား-လိင်အင်္ဂါ မသန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/ed-medicines.html
Erectile Dysfunction Medicines (2) ကျား-လိင်အင်္ဂါ သန်မာစေတဲ့ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/08/erectile-dysfunction-ed.html
Erectile Dysfunction Risk ပန်းသေ-ပန်းညှိုး သာက်ဆေး သတိပေးချက် http://dts-medicaleducation-adult.blogspot.in/2012/03/erectile-dysfunction-risk.html
Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) http://dts-medicaleducation-adult.blogspot.in/2012/03/viagra-in-heart-disease.html
Viagra သန်မာစေတဲ့ဆေး http://dts-medicaleducation-adult.blogspot.in/2012/04/viagra.html
Vimax ကျားလိင်အင်္ဂါ ဆေးများ http://dts-medicaleducation-adult.blogspot.in/2012/03/vimax-2.html


Mon, Oct 15, 2012 at 6:01 PM
ယောက်ျားလေးရအောင် ဘယ်လိုနည်းလမ်းများရှိလည်းဆရာ။

Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား http://dts-medicaleducation-adult.blogspot.in/2012/03/baby-boy.html

Mon, Oct 15, 2012 at 6:12 PM
ကျွန်တော့်ရဲ့ သူချင်းတစ်ယောက် အခက်တွေ့နေလို့ပါ။ အသက် ၂၂ ပါ။ ဖြစ်တာ ၅ လလောက်ရှိပါပြီလို့ ပြောတယ်။ ၁ ပါတ်ကို ညညဆို ၂ ၇က် လောက် အလိုလို သုတ်ထွက်နေတယ်လို့ ပြောပါတယ်။ နောက်ရက်ဆို အားယုတ်ပြီး အလုပ်မဆင်းနိုင်ရင် စူပါဘိုက်ဇာနဲ့ ပြဿနာသတ်နေရလို့ပါ။ ဆေးခန်းကိုတော့ ၁ ခါပြဘူးတယ်လို့ ပြောပါတယ်။ ခုတော့မထူးလို့ မပြတာကြာပြီလို့ပြောပါတယ်။ ဘာဆေးတွေပေးလဲမေးကြည့်တော့လဲ သူမသိတော့ဘူးဆိုလို့။

Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ http://dts-medicaleducation-adult.blogspot.in/2012/03/wet-dream.html

Mon, Oct 15, 2012 at 7:54 PM
ဆရာရှင့် နားနဲ့မနာဖဝါးနဲ့နာ တိုင်ပင်စရာလေးရှိလို့ပါ။ ကျမနဲ့စေ့စပ်ထားတဲ့ချစ်သူနဲ့ တူတူနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် သမီးရည်းစားဘဝတုန်းကလည်း Living together နေပါတယ်။ အဲ့တုန်းက သူကွန်ဒုံးသုံးတယ်။ သူကသင်္ဘောလိုက်တော့ ခဏခဏမတွေ့ရတော့ ရက်ရှောင်ပြီးနေဖို့ သိပ်မဆင်ပြေပါဘူး။ ဒီတခေါက်ပြန်လာတော့ ကျမ Morning after pill သုံးလိုက်တယ်။ ဖြစ်ချင်တော့ နေမိသွားတယ်။ ရှုပ်သွားလားမသိဘူး။ ကျမ ဒီလရာသီလာတာ ၆ ရက်နေ့ကပါ။ ပုံမှန်တော့ ၂ ရက်ပဲလာတယ် ပြီးရင် နောက် ၃၊ ၄ ရက်က နေ့လည်ဖြစ်ဖြစ် ညနေဘက်ဖြစ်ဖြစ် အနည်းအကျဉ်း ဆင်းတတ်တာ အမြဲတမ်းပါပဲ။ ဒီတော့ ရက်လည်းသိပ်မတွက်ဘူး။ ဒါနဲ့ ၁၂ ရက်နေ့က တူတူအိပ်လိုက်တယ်။ calender နဲ့ တွက်ကြည့်တော့ safe day ဆိုတော့ အစက ဆေးမသောက်ဘူး။ ကာကွယ်တဲ့အနေနဲ့ မနေ့ကပဲသောက်လိုက်တာ၊ ဒီနေ့ညလည်းကျရော ခရီးထွက်ရမှာဘာညာနဲ့ဆိုတော့ နေလိုက်မိပြန်တယ်။ သူလည်း ပြီးတဲ့အချိန်မှာ အပြင်တော့ ထုတ်လိုက်ပေမယ့် ကျမစိတ်ထဲ နဲနဲများဝင်သွားမလားဆိုပြီး ဆေးကို မြန်မြန်သောက်လိုက်တာ မနေ့က သောက်ထားတာ မေ့ပြီး အန္တရာယ်ရှိနိုင်ပါသလား။ နောင်ကျမတို့နှစ်ယောက် လက်ထပ်ပြီး ပြည့်ပြည့်စုံစုံဖြစ်လို့ ကလေးယူမယ်ဆိုရင်ကော ဒီ side effectကြောင့်များ တခုခုဖြစ်မလားစိုးရိမ်မိလို့ပါ။


ဟုတ်တယ် နဲနဲတော့ ရှုတ်သွားတယ်။ အတိအကျသိချင်တာတာ အခုနောက်ဆုံးနေကြတာမှာ အရင်ဆုံးအကြိမ်နဲ့ အရေးပေါ်တားဆေးသောက်ချိန် ဘယ်လောက်ကွာသလဲ။ အရေးပေါ်တားဆေးသောက်လို့ တချိန်မှာ ကိုယ်ဝန်ယူချင်ရင် စိုးရိမ်စရာမရှိပါ။ ခဏခဏတော့ မသောက်သင့်ပါ။ ၁၂ ရက်နေ့ကနေပြီး ၁၄ ရက်နေ့သောက်တာပေါ့။ ဆေးသောက်ပြီး တခါနေထပ်တယ်ပေါ့။ ဟုတ်တယ်ဆိုရင် ကိုယ်ဝန်မရလောက်ပါ။ % အပြည့် မဟုတ်နိုင်လို့ ရာသီလာမဲ့ရက်ထက် ၁-၂ ပတ်နောက်ကျရင် ဆီးစစ်ပါ။

Tue, Oct 16, 2012 at 11:35 AM
ကျမမေးတာ မဖြေသေးထပ်ပို့ပေးလိုက်တာပါ။ ဆရာကိုမေးပြီးကတည်းက ကျမမျိုးဥကြွေဆေးသောက်တာ ၃ လလောက်တော့ရှိပါပြီဆရာ။ ဘာမှတော့မထူးခြားသေးပါဘူး။ လွန်ခဲ့တဲ့တပတ်လောက်က ကျမအစာအိမ်အောင့်လိုဆိုပြီးဆေးခန်းပြတော့ အဲဒီဒေါက်တာကို ကျမတို့ ကလေးမရသေးတဲ့အကြောင်းပြောပြတော့ ကျမကလည်း အခုလက်ရှိမျိုးဥကြွေဆေးသောက်နေတယ်ဆိုတာပါ ထည့်ပြောပြလိုက်ပါတယ်။ သူက ယောက်ကျားရော ဘာဗီတာမင်သောက် လည်းမေးပါတယ်။ မသောက်ဘူးလို့ပြောတော့ ကျမယောက်ကျားကို Zinc ဆိုတဲ့အားဆေးတမျိုး ရေးပေးပါတယ်ဆရာ။ အဲဒီဆေးဗူးမှာ ဗီတာမင်တော့ အစုံပါ ပါတယ်။ ကျမကိုလည်း ဖောလစ်အက်ဆစ်သောက်ခိုင်းပါတယ်။ ကျမက ဖောလစ်အက်ဆစ်သောက်နေတာတော့ အပျိုတည်းကပါ။ အားဆေးသောက်ပြီး ၆ လလောက်စောင့်ကြည့်လို့ ပြောပါတယ်။ မရရင်တော့ သုတ်ပိုးစစ်ပေးမယ်ပြောပါတယ်။ ကျမ သိချင်တာက သုတ်ပိုးကို သွေးကနေရော အလွယ်တကူစစ်လို့ မရဘူးလားဆရာ။ မိန်းကလေးဆိုရင်ရော ဘယ်လိုစစ်ရသလဲဆရာ။ ပြီးတော့ ဒီအားဆေးသောက်ရုံနဲ့ ယောက်ကျားလေးတယောက်အတွက် လုံလောက်ပါသလား။

Sorry ဖြေဘို့ကျန်တောဟုတ်တယ်။ ဆရာလဲ မဖြေရသေးတာကို ပြန်ပြန်တော့စစ်တာဘဲ။ အခုတလော အလုပ်နဲနဲများနေလို့။ မနေ့က ၂၄ နာရီအတွင်း ကလေး ၃ ယောက်မွေးပေးရတယ်။ အခုမေးတဲ့သူအတွက် တိုက်ဆိုင်ပြီး ကံကောင်းနိုင်တာပေါ့။
ကလေးမရသေးသူတွေအတွက်စာတွေကို ဖတ်ပါသလား။ လိုက်နာပါသလား။ မေးထားတာအားလုံး စာတွေထဲမှာပါတယ်။ အခုပို့လိုက်ပါတယ်။ ဖတ်ပြီး လိုသေးရင်မေးပါ။

Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html


Sat, Oct 20, 2012 at 8:21 AM
ကျွန်တော့မှာ ကောင်းမလေရှိတယ်။ သူ ၂ လလောက် အတူနေဘူးတယ်။ ရာသီပှံမှန်လာတယ်။ ကျွန်နော်က အလုပ်နဲ့ နယ်မှာသွားတယ်။ ၃ လောက်ကြာ ရာသီပှံမှန်လာတယ်။ ကလေးရနိင်လား။

မေးခွန်းက မရှင်းပါ။ ပုံမှန်ရာသီလာတဲ့ မိန်းကလေးက ကိုယ်ဝန်ရနိုင်တယ်။ ဒါပေမဲ့ တခြားအကြောင်းအချက်တွေကိုလဲ ထည့်တွက်ရသေးတယ်။ မျိုးဥထွက်-မထွက်၊ သားအိမ်ပြွန် ပိတ်-မပိတ်။ ယောက်ျားလေးဘက်ကလဲ သုက်ပိုးသန်စွမ်းမှုနဲ့ အရည်အတွက်၊ နောက်ပြီး အတူနေတဲ့ရက်ကလဲ မျိုးဥနဲ့ သုက်ပိုးတွေနိုင်တဲ့ရက်ဖြစ်ရမယ်

Fri, Oct 19, 2012 at 11:05 AM
သမီးက ၅ လပိုင်းမှာ Abortion ဖြစ်ထားတာပါဆရာ။ အဲဒါ 7,8 နှစ်လမှာ ရာသီကပုံမှန်လာပါတယ်။ 9 လမှာ မပေါ်ဘူး။ အခုထိမလာဘူးဆိုတော့ ၂ လရှိသွားပြီဆရာ။ ဆီးစစ်ကြည့်တော့လဲ ကိုယ်ဝန်မရှိဘူး။ မြန်မာဆေးသောက်လို့ရလား။ ဒါမှမဟုတ် OG ဆီပဲသွားရမလား။ D&C လုပ်ထားတာပါ။ အိမ်ထောင်သက်က နှစ်နှစ်ခွဲပါ။ အသက်က ၃၂ ပါ။ သားသမီး မရသေးလို့ အရမ်းလိုချင်နေတာပါ။ အမေကတော့ မြန်မာဆေးသောက်ခိုင်းနေလို့ပါ။


အသက် ၃၂ ဆိုရင် အရွယ်ကောင်းသေးတ်ာမို့ ကလေးရမှာပါ။ ကိုယ်ဝန်တခါတည်ဘူးသူဆိုရင် နောက်ထပ်ရဘို့လမ်း ပိုများတယ်။ အမျိုးသမီးရော အမျိုးသားပါ ကြီးမားတဲ့ အာနည်းချက်မရှိတာကို ပြနေတယ်။ ဝမ်းမြောက်ပါလေ။ ဘာလို့ပျက်သွာသလဲဆိုတာ မသိပါ။ အနားကနေ ဆေးကုပေးတဲ့ ဆရာဝန်တောင်မှ သိဘို့လဲ ခက်တယ်။ 

အခုသွေးမဆင်းသေးတာအတွက် စောင့်နိုင်ပါတယ်။ မြန်မာဆေးကို ဆရာတို့ သိပ်နားမလည်ပါ။ မညွှန်းပါ။
ဆေးစစ်ရင်တော့ အကောင်းဆုံးဖြစ်တယ်။ OG ကိုသာပြပါ။ လိုအပ်ရင် အာလ်ထွာဆောင်းရိုက်မယ်။ ထူးတာရှိလို့ သိချင်ရင် မေးပါ။ အားမနာပါနဲ့။ ကလေးရနည်းစာတွေကိုလဲ အားတဲ့အချိန်မှာဖတ်ပါ။ လိုက်နာလို့သင့်တာကို လိုက်နာပါ။ ဆိုးတဲ့အခြေအနေတွေ ဖတ်ရလို့ ငါ့မှာလဲ ဖြစ်နေမလားလို့တော့ မတွေးစေချင်ပါ။

ယမုန်နာဆေးခန်းအမေးအဖြေ (၈၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

No comments: