Wednesday, July 23, 2008

I don't throw it away !

လွှင့်မပစ်ဘူး
နီနီ(မြန်မာစာ)
ဘ၀မှာ အများကြီး မလိုချင်ပါဘူး
ဒါပေမဲ့ ကောင်းကောင်းပေးပါ
အဲဒီ အကောင်းဆုံးတွေကိုသာ
သိမ်းဆည်းသွားပါ့မယ်
ဘယ်တော့မှ
လွှင့်မပစ်ချင်ဘူး......။
တိုက်ပွဲပဲဖြစ်ဖြစ် အောင်ပွဲပဲဖြစ်ဖြစ်ပါ
အနိုင်ပဲဖြစ်ဖြစ် အရှုံးပဲဖြစ်ဖြစ်ပါ
သိမ်းဆည်းလောက်အောင်
ထိုက်တန်တဲ့အရာပဲဖြစ်ပါစေ
ဘယ်တော့မှ
လွှင့်မပစ်ဘူး......။

No comments: