ဝိုင်အရက် အ၀ယ်မှန်စေရန်
“၀ိုင်”ကိုဝယ်တော့မည်ဆိုလျှင် သင်ရွေးချယ်ထားသည့်အထဲမှ အကြိုက်နှစ်သက်ဆုံး အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့သင့်ပါတယ်။ ဖြစ်နိုင်လျှင်’၀ိုင်’ကိုမ၀ယ်ယူခင် မြည်းစမ်းကြည့်ပါ။သို့မှသာ သင့်အကြိုက်ဆုံး စတိုင်လ်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ သင်ဈေးကြီးပေးဝယ်ထားရမည့် ၀ိုင်အကြောင်းမွေးခွန်းတွေမေးဖို့ပါပဲ။ ၀ိုင်တစ်ပုလင်း ရွေးချယ်ဝယ်သည့်အခါ သိသင့်သိထိုက်သည့်အချက်များ၊ မေးသင့်သည့် မေးခွန်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
- ၀ိုင်ရဲ့အရသာဟာ ဘာနဲ့တူပါသလဲ။
- မည်သည့် စပျစ်အမျိုးအစားနှင့်ပြုလုပ်ထားပါသလဲ။ (အကယ်၍ လေဘယ်မှာ မဖော်ပြထားလျှင်။)
- ၀ိုင်ဟာ နှစ်ဘယ်လောက်ကြာကြာထား ပြီးရင်သောက်သုံး ဖို့အသင့်တော်ဆုံးဖြစ်ပြီလဲ။
- ၀ိုင်ကို ဘယ်လောက်ကြာအောင်သိမ်းထားနိုင်ပါသလဲ။
- မည်သည့်နေရာ၊မည်သို့ သိမ်းဆည်းရမည်လဲ။
- ရေခဲမှတ်အမြင့်ဆုံးနှင့် အေးခဲထားသင့်သလား။
- အခြားပုလင်းတစ်လုံး(သို့မဟုတ်) သိမ်းဆည်းစရာပုံး၊ခွက် စသည်ထဲ သို့ ပြောင်း၍ထည့်သင့်သလား။
- ၀ိုင်အရက် သောက်သုံးရန်ထည့်သည့် ဖန်ခွက်၏ပုံသဏ္ဍာန်သည် အရသာကို အကျိုးသက်ရောက်မှုရှိစေနိုင်သလား။
- မည်သည့် အမြည်းစားစရာနှင့် လိုက်ဖက်ညီပါသလဲ။ မည်သည့် အမြည်းအမျိုးအစားက ၀ိုင်အရသာကိုပျက်စီးစေသလဲ(သို့မဟုတ်) ၀ိုင်ကို သူ့ချည်းသက်သက်ပဲသောက်သင့်သလား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment