Monday, July 7, 2008

I have a dream!

အိပ်မက်မက်ခဲ့တယ်
နီနီ(မြန်မာစာ)

- အိပ်မက်ကို ရဲရဲမက်လိုက်ပါ
လူဆိုတာ အိပ်မက်မက်နိုင်ရမယ်
ဒီတော့မှ ဘ၀ဟာ ချိုမြိန်စေမှာပေါ့
ချိုမြိန်တဲ့အိပ်မက်တော့ဖြစ်ရမယ်နော်
အိပ်မက်ကောင်းတစ်ပုဒ်တော့ ဖြစ်ရမယ်နော်.....။

- ကြမ်းရှတဲ့ ဘ၀ခရီးမျိုး လျှောက်ရတဲ့အခါ
သည်အိပ်မက်ကို သတိရလိုက်ပါ
အဲဒီအခါ အတိတ်ကောင်းကင်ကကြယ်စင်တွေကို
ပြန်ပြီးမြင်ယောင်လာလိမ့်မယ်........။

- ကြယ်စင်တွေကို ပြန်ရေတွက်ရင်း ခရီးသွားတဲ့အခါ
ဘ၀က ပိုပြီးလင်းလက်လာမှာပေါ့
အဲဒီအခါ ဘ၀ရဲ့ကြမ်းရှမှုတွေကို မေ့လျော့နေနိုင်တယ်
စိတ်သက်သာရာရနည်း တစ်မျိုးပါပဲ....။

- နူးညံ့တဲ့ဘ၀ခရီးမျိုး လျှောက်ရတော့လည်း
အိမ်မက်ဟာ အိပ်မက်ပဲလို့ မေ့ထားလိုက်မယ်လေ
တစ်ခါတစ်လေ သတိရတော့လည်း
ပြုံးရယ်လိုက်မှာပေါ့ မဟုတ်ဘူးလာ......။

- ကိုယ်စိတ်ကိုယ် တိုးတိုးလေး မေးကြည့်ရအောင်
"အိပ်မက် မက်ဖူးသလား။"

No comments: