Saturday, November 10, 2007

Milk & Egg Pudding

နို့ကြက်ဥ ပူတင်း
လိုအပ်သောပစ္စည်းများ
ကြက်ဥ - ၃လုံး
သကြား - ထမင်းစားဇွန်း တစ်ဇွန်း (အချိုကြိုက်ပါက ပို၍ထည့်နိုင်သည်)
နွားနို့ - ၂၅ ကျပ်သား
ရနံ့ နှစ်သက်ပါက တစ်စက်ခန့်ထည့်နိုင်ပါသည်။ ဗနီလာ အနံ့သည် အကောင်းဆုံးဖြစ်ပါသည်။
ပြင်ဆင်ချက်ပြုတ်ပုံ
ကြက်ဥကို နာနာခေါက်၍ ပွလာပါက သကြား၊နွားနို့နှင့် ရနံ့တစ်စက်တို့ကိုထည့်ပြီး ဆက်လက်၍ခေါက်ပါ။ ထို့နောက် အဖုံးပါသော ချိုင့်တစ်လုံးတွင် ဖျော်စပ်ထားသောအရည်တို့ကို ထည့်ပါ။ဒန်အိုးတစ်လုံးတွင် ရေတစ်ဝက်ခန့်ထည့်ပြီး ချိုင့်ကို ဒန်အိုးတွင်ထည့်ကာ ဆူဝေအောင်တည်ပါ။ ချိုင့်မရှိပါက ခွက်ကိုအပေါ်မှာ အဖုံးဖုံးပေးပြီး အလေးတစ်ခုခုဖြင့် ဖိထားကာ အိုးတွင်ထည့်၍ တည်နိုင်ပါသည်။ နှစ်ထပ်ပေါင်းအိုးဖြင့်လည်း ပြုလုပ်နိုင်ပါသည်။

No comments: