Monday, November 26, 2007

Take care to your heart!

နှလုံးရောဂါ ကာကွယ်နည်းငါးသွယ်
၁။ နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
သင်ဟာ နေ့စဉ်လန်းဆန်းတက်ကြွတဲ့ ပုံမှန်လေ့ကျင့်ခန်းမျိုးပြုလုပ်ခြင်းမရှိပါက နှလုံးရောဂါပိုမိုဖြစ်ပွားနိုင်ပါတယ်။ နေ့စဉ် ပုံမှန်မိနစ်၂၀ခန့် လမ်းလျှောက်ပေးခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း Philipine Heart Association ကရှင်းလင်းပြောကြားခဲ့ပါတယ်။
၂။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
"သင်သည် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရမည့် အစားဆက်လက်သောက်သုံးနေပါက ပျက်စီးခြင်းဟူသော လျော်ကြေးတစ်ခုကို ပေးဆပ်ရမည်။" ဟု ဟောင်ကောင် တက္ကသိုလ်မှ သုတေသနပညာရှင်များက ပြောကြားခဲ့ပါတယ်။ ဆေးလိပ်သောက်သုံးသူဟာ ဆေးလိပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေ ခန္ဓာကိုယ်တွင်းကို လျှင်မြန်စွာ ၀င်ရောက်တဲ့အခါ သင့်ရဲ့ နှလုံးဟာ ကောင်းကောင်းမညှစ်နိုင်တော့ဘဲ သွေးကြော(Blood Vessels)တွေ တင်းကျပ်နိုင်ပါတယ်။ နှလုံးဟာ အနားမယူနိုင်ဘဲ သွေးကြောများတင်းကျပ်လာတဲ့အတွက် သွေးခဲခြင်း( Blood Clotting)ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဆေးလိပ်သောက်သူဟာ နှလုံးရောဂါကို နှစ်ဆပို၍ ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်သောက်လို့ နှလုံးရောဂါဖြစ် နေသူဟာ ဆေးလိပ်သောက်သုံးခြင်းကို သုံးလေးနှစ်ခန့် ရှောင်ကြဉ်ပြီးချိန်မှာ မူလပုံမှန်နီးပါးပြန်ကောင်းနိုင်ကြောင်း တွေ့ရပါတယ်။
၃။ ၀ိုင်နှင့် အရက်သေစာ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
"တန်ဆေး လွန်ဘေး" ဆိုတဲ့ဆိုရိုးစကားအတိုင်း အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်နိုင်မှသာ နှလုံးရောဂါ ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၎။ စိတ်ဖိစီးမှုများကို မတွေးတောခြင်း
စိတ်ဖိစီးမှုများကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေ၊ ကံမကောင်း အကြောင်းမလှလို့ ဖြစ်ပေါ်လာတဲ့ ဘ၀ပေးပြဿနာမှ ရရှိလာတဲ့ စိတ်ဖိစီးမှုတွေကြောင့် နှလုံးရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်တိုလွယ်တဲ့သူ၊ ရန်လိုတတ်တဲ့သူ တွေဟာ နှလုံးရောဂါ ရနိုင်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို တွေးတောခြင်း မပြုဘဲ စိတ်ကိုငြိမ်းချမ်းစွာထားခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၅။ ဆီးချိုရောဂါ မဖြစ်ပေါ်အောင်နေထိုင်ပြုမူခြင်း
ဆီးချိုရောဂါဝေဒနာရှင်ဟာ ဆီးချိုဝေဒနာမရှိသူထက် နှလုံးသွေးကြောပိတ်ရောဂါ (Coronary Heart Disease)ကိုလေးဆ ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်များနေတဲ့ ဆီးချိုဝေဒနာရှင်တွေဟာ နှလုံးသွေးကြော ရောဂါကို ကာကွယ်ကုသနိုင်ဖို့ ခက်ခဲလှပါတယ်။ ဆီးချိုဝေဒနာမရှိဘဲ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေမှာသာ ကုသနိုင် ကြောင်း သိရှိရပါတယ်။

No comments: