Friday, November 16, 2007

Health and Beauty tips

ဆေးဆိုင်က အလွယ်တကူဝယ်လို့ရတဲ့ ဆေးအသုံးပြုမယ်ဆိုရင်
- ဆေးပုလင်းနဲ့ ဆေးဘူးထဲမှာရှိတဲ့ အညွှန်းကို သေသေချာချာဖတ်ပါ။ သတ်မှတ်ထားတဲ့ဆေးပမာဏထက်ပိုမသောက်ပါနဲ့။
- အရင်တုန်းက ဆေးနဲ့ပတ်သက်ပြီး ဓာတ်မတည့်မှုရှိရင် မသောက်ပါနဲ့။
- သင့်ကိုရှောင်ဖို့အရင်က ပြောထားတဲ့ ဆေးရှိရင် ၊အဲဒီဆေးမသုံးခင် ဆရာဝန်နဲ့ပြပါ။
- သင် ကိုယ်ဝန်ဆောင်ထားရရင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဘာဆေးမှ မသုံးပါနဲ့။
- အသက် ၂၀အောက် ငယ်ရွယ်သူ ကလေးငယ်တွေကို ဆရာဝန်မညွှန်ကြားဘဲ အက်စပရင် မတိုက်ပါနဲ့။

မျက်ကွင်းညိုနေသူများ အတွက် Beauty Tips
- အနားယူပါ။အိပ်ရေးဝအောင်အိပ်ပါ။ မျက်ကွင်းညိုနေတဲ့အချိန်မှာ ပုံမှန်ထက်နည်းနည်းပိုစောပြီး အိပ်ရာဝင်ပါ။
- နေ့တိုင်း နေရောင်ကာလိမ်းဆေးလိမ်းပြီးမှ အပြင်ထွက်ပါ။
- ဗီတာမင် ကေ နဲ့ Aloe Vera ပါဝင်တဲ့ Eye Creamမျိုးလိမ်းပေးပါ။
- ရေများများသောက်ပါ။
- လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများစားပါ။
- ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးပါ။
- ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တဲ့ သူတွေအနားမှာလည်း မနေပါနဲ့။
- သံဓာတ်ချို့တဲ့ရင်လည်း မျက်ကွင်းညိုတတ်တဲ့အတွက် အသား၊ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ စပျစ်သီးခြောက်တွေကို စားပေးပါ။ မျက်စိကို မပွတ်ပါနဲ့။

No comments: