သုညကို ပါဝါတင်ခြင်း
လူမရှိဘဲ
အာကာသယာဉ်
လွှတ်တင်နိုင်တဲ့ ခေတ်မှာ
ကာရံ မရှိလည်း
ကဗျာ ဖြစ်နိုင်တယ်
ဇာတ်ကွက် မရှိလည်း
ဝတ္ထု ဖြစ်နိုင်တယ်
နှလုံးသား မရှိလည်း
အချစ် ဖြစ်နိုင်တယ်။
ဒီတော့
"ငါ မရှိရင်" ဆိုတဲ့
ထင်တစ်လုံးတော့
ပြန်လည် ဆန်းစစ်ဖို့ လိုနေပြီ။
ငါ ဆိုတဲ့
စကြာဝဠာရဲ့
မြူမှုန် တစ်ခုက
သွေး နားထင်ရောက်ပြီး
ဘယ်လောက် ဖန်တီးနိုင်ခဲ့လို့
ငါ့တေး
ငါ့ကဗျာ
ငါ့အနုပညာတွေ
ဂန္တ၀င် စကား ဆိုကြငြားလည်း
စကြာဝဠာကြီးခမျာမတော့
စိုးစဉ်းတောင် သိနိုင်ပါ့မလား။
ရင်နွယ်ကို (လင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment