Friday, December 21, 2007

ICE Ginger

အခုလို အေးတဲ့ရာသီကို ကူးပြောင်းကာစကာလမှာ ချမ်းသလိုလိုပူသလိုလိုနဲ့ နေရတာတစ်မျိုးပဲနော်။ မနက်စောစော သူငယ်ချင်းတွေနဲ့ ချင်းလက်ဖက်ရည်သောက်မယ်လို့စိတ်ကူးမိတယ်။ နွေးနွေးထွေးထွေး လေးဖြစ်သွားအောင်ပေါ့။
ချင်းလက်ဖက်ရည် မွှေးမွှေးသောက်ကြစို့(ငါးယောက်စာ ငါးခွက်)


ပြင်ဆင်ချိန် - ၁၀မိနစ်မှ ၁၅မိနစ်


ချင်းနှပ်ရန်
- ချင်းတက်ကြီးကြီး ၁၀ကျပ်သားလျော့လျော့
- ရေသန့် ဖန်ခွက် ၁ခွက်
လက်ဖက်ခြောက်နှပ်ရန်
- ရေနွေးဆူဆူ ဖန်ခွက် ၄ခွက်စာ
- Tea bag ၄ထုပ် သို့မဟုတ် အချိုခြောက်လက်ဖက်ရည် ၄ဇွန်းစာ
- နို့ဆီ (မလိုင်အပြည့်)


ပြုလုပ်ပုံအဆင့်အဆင့်
၁။ ချင်းတက်ကို အခွံခွာပါ။ပြီးရင် ပါးပါးလှီးပြီးထားပါ။
၂။ ချင်းပါးပါးလှီးပြီးသားကို ဒယ်တစ်ခုမှာ ထည့်၊ ရေထည့်ပြီး မီးဖိုပေါ်တင်ကာ ဆူလာအောင် အပူပေးပါ။ ဆူလာရင် မီးဖိုပေါ်ကနေချပြီး ၁၀မိနစ်လောက် ဒယ်ထဲဆက်ထားပြီးမှ အရည်စစ်ယူပါ။
၃။ လက်ဖက်ခြောက် (အချိုခြောက်)နဲ့ ရေနွေးကို ကရားအိုးတစ်လုံးမှာထည့်ပြီး မီးဖိုမှာတည်ပါ။ မီးပြင်းပြင်းနဲပ လက်ဖက်ခြောက်ကျအောင်နှပ်ပါ။ ကျပြီဆိုရင် မတ်ခွတ်ကြီးတစ်လုံးမှာ အရည်စစ်ယူပါ။၎င်းထဲကို နို့ဆီထည့်ပြီးအရသာ မြည်းပါ။ အကြိုက်ဖြစ်ရင် နှပ်ထားတဲ့ ချင်းရည်ထည့်ပါ။ မတ်ခွတ်ကြီးထဲက လက်ဖက်ရည်ကို အပေါ်မြင့်မြင့်မြှောက်ပြီး နောက်မတ်ခွက်တစ်ခွက်မှာ ဆွဲထည့်ရင် အမြှုပ်ထပြီး အရသာပိုထူးပါတယ်။အအေးခံပြီး သုံးဆောင်ရုံပါပဲ။

No comments: