Friday, June 22, 2007

Take care !

ထွားထွားလှလှအသီးအနှံများစားရင်သတိထား
အသီးအနှံဈေးကွက်တွင် အသီးများ အမြန် မှည့်စေရန်နှင့် အရောင်လှပြီး စွဲမက်ဖွယ်ဖြစ် စေရန် တိုက်ရိုက်ဆေးစိမ်၊ ဆေးတို့ခြင်းများ က စားသုံးသူတို့အတွက် အလွန်အန္တရာယ် ရှိပါကြောင်း Fameမှ မန်နေးဂျင်းဒါရိုက် တာ ဒေါက်တာခင်မောင်လွင်ကပြော သည်။
ယခုလ ၅ ရက်က ဆီဒိုးနားဟိုတယ် တွင်ဇီဝကမဂ္ဂဇင်းက ကျင်းပပြုလုပ်သော မျိုးရိုးဗီဇပြုပြင်ထားသော အစားအစာများ အကြောင်း ကျန်းမာသုတဆွေးနွေးပွဲတွင် တက်ရောက်လာသူများ၏ မေးမြန်မှုကို ဒေါက်တာခင်မောင်လွင်က အထက်ပါ အတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
““မုန်လာဥအနီတွေဆို နောက်နေ့ ရောင်းတော့မယ်ဆို ဓာတ်မြေသြဇာလိုမျိုး နဲ့ ရေစိမ်လိုက်တာ၊ လူတွေကလည်း မုန် လာဥတွေထွားထွားကြီးနဲ့ ရဲတွတ်ဖောင်း ကားနေတော့ ကြိုက်ကြတာပေါ့လေ။ တကယ်တော့ မုန်လာဥ သေးသေးညှက် ညှက်လေးတွေက အမြင်မလှပေမယ့် ကျန်း မာရေးနဲ့ ညီညွတ်အောင် စိုက်ပျိုးထားတာ ဆိုတာကို သိဖို့လိုပါတယ်”” ဟု ဒေါက်တာ ခင်မောင်လွင်ကပြောသည်။
““ကျွန်တော်တို့ဆီမှာ ငှက်ပျောသီး တွေကို မနက်ရောင်းဖို့ ဆေးထဲနှစ်လိုက် တာတို့ သရက်သီးကို ဆေးနဲ့တို့တာတို့ ဓာတုဆေးတွေနဲ့လုပ်တာတွေကို သက်ဆိုင် ရာက စစ်ဆေးအရေးယူသင့်တယ်လို့ ထင်ပါတယ်”” ဟု ညောင်လေးပင်မှ ဆရာ ၀င်တစ်ဦးကပြောသည်။
ယင်းကဲ့သို့ ဓာတုဆေးများ တိုက်ရိုက် ထိတွေ့ထားသော အစားအစာများ စား သောက်ခြင်းဖြင့် ကင်ဆာကဲ့သို့သော ရော ဂါများ ရရှိခံစားနိုင်သည်။

No comments: