Tuesday, June 5, 2007

Dangerous things for kids

စူပါဟီးရိုးဝတ်စုံများသည် ကလေးများကို အန္တရာယ်ရှိစေသည်ဟု ဆရာဝန်များပြောကြား

လူကြိုက်များသော ပုံဝတ္ထုများ၊ ရုပ်ရှင်များမှ စူပါဟီးရိုးအ၀တ်အစား အတိုင်း တုပ၀တ်ဆင်ခြင်းသည် ငယ်ရွယ်သူများကို အန္တရာယ်ဖြစ် စေသည်ဟု ဆရာဝန်များက ပြော ကြားခဲ့သည်။ ကလေးများသည် စူပါဟီးရိုးအ၀တ်များ ၀တ်ဆင်လိုက် ပါက သူတို့ကိုယ်သူတို့ ထူးခြား သော စွမ်းအင်များရရှိခဲ့သည်ဟု ယုံကြည်တတ်ကြသည်။

လေ့လာမှုတစ်ခုတွင် စူပါမင်း (သို့) ပင့်ကူလူသားအင်္ကျီဝတ်ဆင် ခဲ့သော ကလေးငါးယောက် ထိခိုက် ဒဏ်ရာရခဲ့သသည်ကို ဖော်ပြထား သည်။ ကလေးငယ်များအဖို့ အန္တ ရာယ်ကို စူးစမ်းသည်မှာ ပုံမှန်ဖြစ် သော်လည်း ဆရာဝန်များက စူပါ ဟီးရိုးများကို စံပြုပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး မျှော်လင့်ချက်အမှား များ ရှင်သန်သွားမည်ကို စိုးရိမ်နေ ကြခြင်းဖြစ်သည်။ ယခု လေ့လာမှု ကို ဘုရင်မဆေးရုံမှ ဒေါက်တာ မက်ထရစ်ဒေးဗစ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဒေးဗစ် က ““စိတ်ကူးစံပြုပုဂ္ဂိုလ်ဆို တဲ့အရာဟာ ကြီးထွားတဲ့အ တွက် တကယ်ကိုအရေးပါစေပါ တယ်။ ဒါပေမယ့် မိဘတွေ သိထား သင့်တာက ကလေးတွေဟာ စူပါ ဟီးရိုးတွေဝတ်တဲ့ အ၀တ်အစား တွေကိုဝတ်လိုက်ရင် စွမ်းအား သစ်တွေရရှိတတ်တယ်လို့ ထင်တတ်တာကိုပဲ ဖြစ်ပါ တယ်””ဟု ပြောကြားခဲ့ သည်။

No comments: