Sunday, June 24, 2007

My Cinema - P7131 SE

PC ပေါ်တွင် တီဗီအစီအစဉ်များကို ကြည့်ရှုနိုင်မည် ASUS ၏ My Cinema- P7131 SE
ASUS မှထုတ်လုပ်သော ပီစီပေါ် တွင် တီဗွီအစီအစဉ်များကိုကြည့်ရှုနိုင်မည့် My Cinema-P7131SE ကတ်များကို Golden Power Technology မှဈေး ကွက်အတွင်းတင်သွင်းလိုက်ကြောင်းသိ ရသည်။ ၎င်းကတ်များတွင်နောက်ဆုံး ပေါ် decoder နှင့် TV tuner များပါဝင် ပြီးနှစ်သက်ရာအစီအစဉ်များကိုလည်း ပီစီ ထဲတွင် record လုပ်ထားနိုင်ကြောင်းသိ ရသည်။
ASUS ၏ Splendid Video Intelligence Technology အပြင်လုံခြုံ ရေးအတွက် Video Security Online Technology ပါရှိခြင်းကြောင့် ၎င်းကတ် ကထုတ်လွှင့်ပေးသော real-time video ကို Web browser ဖြင့်ကြည့်ရှုစစ်ဆေးနိုင် ကြောင်းသိရသည်။
၎င်းင်း My Cinema ၏ TV system သည် Analog TV System ဖြစ်ပြီး PCI bus ကိုအသုံးပြုထားသည်။ TV input အနေဖြင့် NTSC နှင့် PAL နှစ်မျိုးစလုံးရ ပြီး Bundle application များအနေဖြင့် တီဗီအစီအစဉ်များကြည့်ရှုရန် ASUS E2-VCR ကိုထည့်သွင်းထားကြောင်းသိရ သည်။

No comments: