Saturday, April 7, 2007

My Love Stories (1)

မည်းမှောင်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ထိုင်ပြီး ပြတင်းပေါက်ကတစ်ဆင့် ငေးနေမိတာ အချိန် တော်တော်ကြာပါပြီ။ဘာတွေတွေးနေမိသလဲ ကိုယ့်ကိုယ်ကို ပြန်စိစစ်ကြည့်ရင် အရေးမပါတာလို့ ပြောမလား၊ တွေးကိုမတွေးသင့်တာလို့ ပြောရမလားကွာ။
အင်တာနက်ပေါ်လာတာ ကြာပြီဖြစ်ပေမဲ့ကိုယ်သိပ်မသုံးဖြစ်ပါ။ မေးလ်စစ်တာလောက်။ သတင်းကြည့်တာလောက်သာသုံးဖြစ်ခဲ့တာတောင်မကြာသေးပါဘူး။သူများတွေ ချက်ကြတာမြင်တော့ ကိုယ်လည်းသူတို့လို သူငယ်ချင်းတွေရပြီး စကားပြောချင်ခဲ့သူလေ။ အထီးကျန်တစ်ယောက်ထဲ နေထိုင် တတ်သူအတွက် စကားပြောဖော်တော့လိုတယ်မဟုတ်လား။
မိတ်ဆွေဖွဲ့တဲ့ Websiteတစ်ခုမှာ ကိုယ်မင်ဘာဝင်ခဲ့တယ်။ မကြာခင်မှာပဲ သူငယ်ချင်းတွေအများကြီး ရခဲ့တယ်။ အဲဒီထဲကမှ ထူးထူးခြားခြား သူငယ်ချင်းတစ်ယောက်ရခဲ့တယ်။သူကဖုန်းနံပါတ် တစ်ခုပေးတယ်။ဖုန်းဆက်ပါသူ့ဆီကို ဆိုတဲ့အမှာစကားကြောင့်လည်းပါတာပေါ့လေ။

ဖုန်းဆက်တော့ နွေးထွေးတဲ့စကားပြောဆိုမှုနဲ့ အတူ မင်းနဲ့ကိုယ်သူငယ်ချင်းဖြစ်ပြီနော် အိုကေတဲ့။ကိုယ်ကလည်း ၀မ်းသာစွာနဲ့ပဲ ကျေးဇူးပါလို့။ အခုချိန်ထိ နွေးထွေးတဲ့ဆက်ဆံမှုကို ရမှ မရခဲ့ဘူးတာဘဲ။ အဲဒီအတွက်ကျေးဇူးပါ သူငယ်ချင်းရယ်။
ကိုယ်တို့အပြန်အလှန်ညစဉ်ဖုန်းဆက်ကြတယ်။စကားပြောကြတယ်။ကြာလာတော့ တစ်ယောက်အကြောင်းသိလာကြတယ်။လိပ်စာအပြန်အလှန်ပေးပြီး စာရေးဆက်သွယ်ကြတယ်။ တစ်ပတ်ကိုနှစ်စောင်လောက်တော့ အနည်းပဲ။စာထဲမှာ သူ့ရဲ့အတွင်းရေးကအစ ထည့်ရေးလာတယ်။ အခက်အခဲတွေကိုတိုင်ပင်တယ်။သူ့ကောင်မလေးနဲ့ဘယ်လိုနေတာက အစ။ အဆင်မပြေလို့ ဘယ်လိုလုပ်ရမလဲစတာတွေကိုရောပေါ့။
သူကိုယ့်ကိုယုံကြည်လို့တိုင်ပင်တယ်၊ကိုယ်ကလည်းကြည်ကြည်နူးနူးနဲ့ ပြန်လည်ဖြေရှင်းပေးနိုင်သမျှ အကြံပေးဖြစ်တယ်။ကြာလာတော့ သူ့အတွင်းရေးကိစ္စတွေပါကိုယ့်ကိုဖွင့်ပြော ခံစားချက်တွေကို ဝေမျှနဲ့ ကြာလာတော့ ကိုယ့်ရင်ထဲမှာခံစားချက်တစ်ခုဖြစ်လာတယ်။ ဒါဟာဖြစ်သင့်သလား။ ကိုယ်မသိဘူး။
အံ့သြစရာပဲ သူပြောပြသလိုဆိုရင် မြန်မာပြည်ရဲ့နောက်ပိုင်းလူငယ်တွေမှာ ဒီလိုအတူနေကိစ္စတွေ ကပွင့်လင်းလာပြီလား။သူ့မှာ ကောင်မလေးတွေတင်မကဘူး မျိုးတူချင်းတောင် အတွေ့အကြုံရှိတယ် တဲ့။သူဘယ်သူနဲ့ ဘယ်လိုပတ်သက်ခဲ့တာ။သူဘယ့်သူ့ကိုနှစ်ခြိုက်ခဲ့တာ စတာတွေကိုပြောပြတဲ့အခါ ကိုယ့်ကို ညာနေတာလား၊ဘယ်လိုအဓိပ္ပာယ်နဲ့ပြောပြနေတာလည်း သံသယတွေ မ၀င်ခဲ့တာအခု ပြန်စဉ်းစားကြည့်တော့ ဘာလို့လဲ......သူ့ကိုဘာကြောင့်ယုံကြည်နေခဲ့တာလည်း.....။

No comments: