Tuesday, April 3, 2007

Dangerous For Youth!

ဒီနေ့ တနင်္ဂနွေနေ့ ရွာပြန်ဖြစ်တယ်။လူငယ်တွေမူးယစ်ဆေးစွဲတာနဲ့ပတ်သက်ပြီး စကားဝိုင်းဖွဲ့ဖြစ်တယ်။ လူကြီးတွေလည်းပါတယ်။ လူငယ်တွေလည်းပါတယ်။အားလုံးဝိုင်းဖွဲ့ဆွေးနွေးဖြစ်တယ်။မသိတာကိုမေးကြ ၀ိုင်းဆွေးနွေးကြနဲ့ပေါ့။ဘယ်လိုစပြီးသုံးစွဲကြ သလည်း၊ ဘယ်လိုဆက်လက်သုံးစွဲကြသလည်း၊ဘယ်လိုဖြတ်ကြသလည်း စသဖြင့်ပေါ့လေ။ ကဲသူငယ်ချင်းတို့သိရအောင် ပြန်လည် ဝေမျှလိုက်ပါတယ်နော်။
(၁) ဆေးလိုင်းတွေမှာ - စိတ်ငြိမ်ဆေး။ စိတ်ကြွဆေး၊ ဒိုင်ယာစီပင် စတဲ့ သောက်ဆေးလိုင်းရှိတယ်။ ကော်မီသာဇင်လို အက်ဖ်တမင်းပါ ချောင်းဆိုးပျေက်ဆေးတွေသောက်ရင်းဆွဲတာမျိုး။အလုပ်လုပ်ရတာပိုကောင်းအောင်ပိုလုပ်နိုင်အောင် စိတ်ကြွဆေး သောက်ရင်းစွဲသွားတာမျိုး၊အလုပ်ပင်ပန်းလို့ အိပ်လို့ကောင်းအောင် ဒိုင်ယာစီပင်သောက်ရင်းစွဲလမ်းသွားတာမျိုးတွေပေါ့။
-ဆေးခြောက် ။ ကြက်သားဟင်းထဲ ဆေးခြောက်ထည့်ချက်ပြီးစားတာမျိုးတွေပေါ့။နောက် ဆေးပေါ့လိပ်ထဲ ဆေးခြောက်တစ်ဝက် ဆေးရိုးတစ်ဝက်ထည့်ပြီးသောက်တာမျိုးပေါ့။
- ကိုကင်း- နှုတ်ခမ်း၊တံတောင်ဆစ်ခွက်တွေမှာ ဆေးကိုပုံပြီး ရှူတာမျိုး၊အအေးပိုက်နဲ့ ရှူတာမျိုးတွေလုပ်ပြီးဖီးလ်ခံစားတာပေါ့။
-နံပါတ် ဖိုး - မူးယစ်ဆေးစွဲသူများရဲ့ အမြင့်ဆုံး ခံစားမှုပါ။ ရှူတဲ့လိုင်းရှိတယ်- စီးကရက်ထဲထည့်သောက်တာ၊ ခပ်ပုံပြီး ရှူတာ။ အလေအလွင့်တော့များတာပေါ့လေ။ ထိုးတဲ့လိုင်း - ရေဖျော်ထိုးတာပါ။များသောအားဖြင့် သွေးပြန်ကြောမှာထိုးပါတယ်။ တံထောင် ဆစ်မှာ ဇကာပေါက်လို အပ်ပေါက်ရာတွေတွေ့နိုင်ပါတယ်။ လှီးတဲ့လိုင်း - ဘိန်းဖြူဝယ်ဖို့ အခွင့်မရတဲ့အခါ သုံးတဲ့နည်းပါ။ ဆေးနည်းနည်းပဲရှိတဲ့အခါမျိုးတွေမှာ သုံးပါတယ်။လက်ကောက်ဝတ်ကို ဘလိတ်ဓားနဲ့နည်းနည်းလှီး သွေးစို့လာရင် အဲဒီမှာ ဆေးနည်းနည်းပုံပြီး ဖီလင်ခံစားသုံးစွဲကြတာပါ။
(၂) ဆေးစွဲတဲ့လူတွေမှာ သောက်ဆေးလိုင်းနဲ့ ရှူတဲ့လိုင်းစသဖြင့် ကွဲပြားစွာ သုံးစွဲကြတာလည်းရှိတယ်။ သောက်ဆေးကိုပဲတစ်စိုက် မတ်မတ်သုံးစွဲသွားတဲ့သူလည်းရှိကြတယ်။အဲဒီကတစ်ဆင့် နံပါတ်ဖိုးဆီကူးပြောင်းသုံးစွဲကြတာလည်းရှိတယ်။
(၃) ဆေသုံးခါစမှာ အော့အံတယ်၊အံပြီးတော့ခဏခေါင်းထဲမှာ တရိပ်ရိပ်နဲပ ဖီလင်တက်လာပြီး သာယာမှုခံစားရသလိုဖြစ်လာတယ်။ ဆေးသုံးနေချိန်မှာ သူတို့ရဲ့သူငယ်အိမ်က သာမန်လူတွေရဲ့သူငယ်အိမ်နဲ့မတူဘူး။ကျဉ်းမြောင်းနေလေ့ရှိပါတယ်။ ဖီလင်ရသွား ပြည့်သွားချိန်မှာ အားအင်ပြည့်သလိုခံစားရပြီး အလုပ်ပိုလုပ်နိုင်သလိုဖြစ်ပေါ်ခံစားကြပါတယ်။
(၄) ဆေးစသုံးချိန်ကာလတွေမှာတော့ အချိန်မှန်သုံးစွဲကြတယ်။ နောက်ပိုင်းအချိန်ပြည့်သုံးစွဲချင်လာတယ် သုံးစွဲဖို့ ကြိုးစားလာကြ တယ်။ သူတို့ကြည့်လိုက်ရင် ဆေးလိုနေတဲ့အချိန်မှာ တသမ်းသမ်းတဝေေ၀နဲ့။ အာရည် နှာရည်တွေကနေတတ်၊ မျက်ရည်တွေဝဲ နေတတ်ပါတယ်။ ဇက်ချိုး လက်ချိုးတာမျိုး၊ အကြောအချဉ်ခဏခဏဆန့်လေ့ရှိတယ်။ ကဏာမငြိမ်ဖြစ်ပြီး ထိုင်ထခဏခဏလုပ် တာမျိုးတွေ လုပ်ကြတယ်။ တခုခုကို အာရုံစူးစိုက်နေသလိုမျိုးစူးစိုက်ကြည့်နေလေ့ရှိပြီး အဲဒီအချိန်မှာ ရန်လိုစိတ်တွေ ဆေးကိုလိုချင် နေတဲ့စိတ်တွေဖြစ်နေတတ်ပါတယ်။ မကောင်းမှုလုပ်ဖို့အလွယ်ဆုံးအချိန်ပေါ့။
စဉ်ဆက်မပြတ်သုံးတဲ့ သူတွေမှာ အိပ်ယာထဲမှာပဲကျောလှဲနေချင်ကြတယ်။ လူခြေတိတ်ချိန်မှာ အသုံးပြုကြတာဖြတ်တဲ့အတွက် ညမှာ သူတို့အိပ်ချိန်နောက်ကျတတ်တယ်။နေ့ခင်းမှာတော့ ညအိပ်ရေးပျက်ခဲ့တဲ့အတွက် အနားယူနေတတ်တယ်။ဘာမှမလုပ်ချင် သလိုဖြစ်ကြတယ်။
(၅) သူတို့အသွင်အပြင်ကိုကြည့်လိုက်ရင် လူက အသားအရေမဲညစ်ပိန်ခြောက်လာတတ်ကြတယ်။ ဘာကြောင့်လည်းဆိုရင် ဆေးဒဏ်အပါအ၀င် ရေသောက်တာနည်းတာကြောင့်ကော ၊အစားအစာစားသောက်တာနည်းတာကြောင့်လည်းဖြစ်ပါတယ်။ သူတို့က ကော်ဖီလိုမျိုးကို သောက်လေ့မရှိပါဘူး။ဆေးဖီလင်လျော့သွားသလိုခံစားရလို့ပါပဲ။ လက်ဖက်ရည်သောက်ရင်တော့ ချိုပြင်း ဖန်ပြင်းကို တစ်ငုံခြင်းအရသာခံသောက်လေ့ရှိပါတယ်။
(၆) သူတို့ဘယ်လိုအဆုံးသတ်ကြလည်းဆိုတော့ Over Doseဖြစ်လို့၊ အဟာရပြတ်တာကြောင့်၊ ဆေးသုံးနေသူဟာ ကိုယ်ခံအားကျ နေတတ်တာကြောင့် ရောဂါစုံဝင်ပြီးသေနိုင်ပါတယ်။
(၇) ဆေးဖြတ်တဲ့နေရာမှာ စိတ်ကျန်းမာရေးဆေးရုံမှာသူတို့ကို သီးသန့်ထားပြီးကုရပါတယ်။ အဟာရကုထုံး၊ဆေးကုထုံး စသဖြင့်ပေါ့။ ဆေးပြတ်သွားရင်တော့ ရေရှည်ကုသရင် ကျန်းမာရေးပြန်လည်ကောင်းမွန်နိုင်ပါတယ်။ ဆေးစွဲသက်ရင့်နေတဲ့ လူတွေ ကတော့ မော်ဖင်းလို အရသာပေးနိုင်တဲ့ဟာတစ်ခုခုတွေ့တာနဲ့ အရင်အရသာကိုတမ်းတပြီး ဆေးပြန်စွဲသွားလေ့ရှိပါတယ်။ ဆေးစမ်းသုံးကြည့်တဲ့ မတော်တဆစွဲတဲ့ သက်တမ်းနုတွေကတော့ အချိန်မှီတားမြစ်နိုင်ရင် ပတ်ဝန်းကျင်ပြောင်းပေးနိုင်ရင် ကောင်းပါတယ်။ သူတို့ကို ဆေးလိပ်တောင်မသောက်တဲ့ အပေါင်းအသင်းပတ်ဝန်းကျင်မှာ နေနိုင်အောင်၊ သူစိတ်ဝင်စားတဲ့လုပ်ငန်း တစ်ခုကို တစ်စိုက်မတ်မတ်လုပ်နိုင်အောင်ဖန်တီးပေါ်နိုင်ရင်၊ အပေါင်းအသင်းဟောင်းတွေနဲ့ ပြန်မတွေ့အောင်၊ နောက်ပြီး မူးယစ်မှု ပေးတဲ့ အရသာတစ်ခုခုပြန်သုံးမိရင် ပြန်စွဲသွားနိုင်တယ်။အဓိကကတော့ စိတ်ပါပဲ။
နံပါတ်ဖိုးစစ်မစစ် သိချင်လို့စမ်းသပ်တဲ့နည်းကလည်းကြောက်စရာပဲ။ အနေတော်အသားတုံးကို စတီးဗန်းပေါ်တင်ထား ဘိန်းဖြူ အနည်းငယ်ကို ၅မိနစ်လောက်တင်ထားကြည့်လိုက် အဲဒီအသားပေါ်ကို ပြီးရင် လက်ညှိုးနဲ့ သို့မဟုတ်ဒုတ်ချွန်နဲ့ထိုးကြည့်လိုက် ရင် တိုးရိုးပေါက်ပေါက်သွားမယ်တဲ့လေ။ကျွန်တော်မေးပျြီး နားထောင်ခဲ့တာကတော့ အများကြီးပါပဲ။ သူငယ်ချင်းတို့သိတာလေးတွေ ကိုလည်းဆွေးနွေးနိုင်ပါတယ်နော်။

No comments: