Saturday, May 16, 2020

*** အဲကိုး (Echo) ဆိုတာ ဘာလဲ။ ***

***  အဲကိုး (Echo) ဆိုတာ ဘာလဲ။ ***


အဲကိုး (Echo) ဆိုတာ Echocardiogram ကို အတိုေခၚတာ ျဖစ္ပါတယ္။ အဓိပၸါယ္မွာ ႏွလုံးကပဲ့တင္သံကို ပုံေဖၚျပတာ ျဖစ္ပါတယ္။ ႏွလုံးမွာ ရိုက္တဲ့ အယ္ထရာေစာင္း (Ultrasound) ပဲ ျဖစ္ပါတယ္။ ႀကိမ္ႏွုန္းျမင့္အသံ ကို Transducer လို့ေခၚတဲ့ ကိရိယာ တစ္ခုကေနတစ္ဆင့္ ႏွလုံးဆီ ျဖတ္ခိုင္းၿပီး ပဲ့တင္ ျပန္လာတဲ့ အသံကို ျပန္ဖမ္းယူပါတယ္။  ၿပီးေတာ့ ခ်ိတ္ဆက္ထားတဲ့ ကြန္ပ်ဴတာတီဗြီမ်က္ႏွာျပင္ ေပၚမွာ ဗြီဒီယိုပုံ ေဖၚေပးပါတယ္။

အဲကိုး (Echo) အမ်ိဳးအစားေတြက -
Transthoracic Echocardiogram - ႏွလုံး ကို ရင္ဘတ္နဲ႔ ဗိုက္ေပၚကေန ရိုက္တဲ့ အဲကိုး (Echo) ျဖစ္ပါတယ္။

Stress Echocardiogram - ႏွလုံးကို ပင္ပန္းေအာင္ မလုပ္ခင္ ႏွင့္ လုပ္ၿပီး ရိုက္ေသာ အဲကိုး (Echo) ျဖစ္ပါတယ္။ ႏွလုံးပင္ပန္းေအာင္ ေလ့က်င့္ခန္း လုပ္ခိုင္းတာ ဒါမွမဟုတ္ ႏွလုံးကို ျမန္ျမန္ခုန္ေစတဲ့ ေဆး ထိုးတာ လုပ္ရပါတယ္။

Doppler Echocardiogram - ႏွလုံးအခန္းေတြထဲမွာ၊ ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမွုကို အျဖဴအမည္း (သို့) အေရာင္ နဲ႔ ျပေပးတဲ့ အဲကိုး (Echo) ျဖစ္ပါတယ္။

Transesophageal Echocardiogram - Transducer ကို ပါးစပ္ကတဆင့္ အစာေရၿမိဳ (Esophagus) ထဲ ထည့္ၿပီး  ရိုက္တဲ့ အဲကိုး (Echo) ျဖစ္ပါတယ္။

အဲကိုး (Echo) ကို ဘာအတြက္ ရိုက္တာလဲ။

   Transthoracic Echocardiogram ကို
အေၾကာင္းအရင္းမသိရတဲ့ ရင္ဘတ္ေအာင့္တာ၊ အသက္ရွုၾကပ္တာ၊ ႏွလုံးႀကီးေနတာ၊ ႏွလုံးခုန္မမွန္တာ၊ ႏွလုံးမွာ ပုံမွန္မဟုတ္တဲ့အသံေတြ (murmurs) ၾကားရတဲ့အခါ အေၾကာင္းအရင္းသိရေအာင္ႏွလုံးနံရံေတြ ရဲ့အထူနဲ႔ လွုပ္ရွားမွုေတြကို သိရေအာင္
ႏွလုံးအဆို့ရွင္မ်ား ကို ၾကည့္ရေအာင္၊ သူတို့ရဲ့ အလုပ္လုပ္ပုံကို စစ္ေဆးရေအာင္ႏွလုံးအဆို့ရွင္အတု တပ္ထားပါက အလုပ္ေကာင္းေကာင္းလုပ္မလုပ္ စစ္ေဆးရေအာင္ ႏွလုံးအခန္းေတြရဲ့ပုံသ႑ာန္နဲ႔ အရြယ္အစား ကိုတိုင္းတာရေအာင္၊ ႏွလုံးအခန္းေတြကေန ေသြးညႇစ္ထုတ္နိုင္မွု (cardiac performance)၊ ကိုစစ္ေဆးရေအာင္။ ( ႏွလုံးတစ္ခ်က္ ခုန္(ညႇစ္)လိုက္တိုင္းမွာ ေသြးဘယ္ေလာက္မ်ားမ်ား ညႇစ္ထုတ္လိုက္နိုင္သလဲ (Ejection Fraction) ဆိုတာ ကို တြက္ခ်က္နိုင္ပါတယ္) ႏွလုံးနံရံႂကြက္သား နဲ႔ ႏွလုံးညႇစ္အားကို ထိခိုက္တဲ့ေရာဂါေတြကို ရွာေဖြသိရေအာင္ (ဥပမာ- Cardiomyopathy (ႏွလုံးႂကြက္သားအားနည္းျခင္း))ႏွလုံးအတြင္း ေသြးခဲမ်ား နဲ႔ အလုံးအႀကိတ္မ်ား ကို ၾကည့္ရေအာင္ ရိုက္ပါတယ္။

   Stress Echocardiogram ကို
ႏွလုံးႂကြက္သားေတြဆီကို ေသြးပို့နိုင္မွု မရွိျခင္း (ischemia) ကို သိရွိေအာင္၊ ေစာင့္ၾကည့္ရေအာင္ (ischemia သည္ ေလ့က်င့္ခန္းလုပ္လိုက္ျခင္း သို့မဟုတ္ ေဆးေသာက္ျခင္း ျဖင့္ ပို ဆိုးပါသည္။) ရိုက္ပါတယ္။

   Doppler Echocardiogram ကို
Transthoracic Echocardiogram, Stress Echocardiogram, Transesophageal Echocardiogram ရိုက္ေနစဥ္အတြင္း ျပဳလုပ္ပါတယ္။ Doppler Echocardiogram ကို ႏွလုံးတြင္း ေသြးစီးဆင္းမွု အျမန္ႏွုန္း ကို တိုင္းတာရေအာင္၊ ႏွလုံး အဆို့ရွင္ (valves) မ်ားကို ေသြးျဖတ္သန္းမွု အျမန္ႏွုန္း ႏွင့္ ေသြးဖိအားကို တိုင္းတာရေအာင္၊ ရိုက္ပါတယ္။

   Transesophageal Echocardiogram ကို
ခြဲစိတ္မွု ျပဳလုပ္ေနစဥ္အတြင္း ႏွလုံးလုပ္ေဆာင္ခ်က္ကို သိရေအာင္ထည့္ထားေသာ ႏွလုံးအဆို့ရွင္အတု အလုပ္လုပ္ေဆာင္မွု ကို သိရေအာင္၊
ဘယ္ဘက္ေသြးလႊတ္ခန္း (left atrium) တြင္းတြင္ အလုံးအႀကိတ္မ်ား၊ ေသြးခဲမ်ား ရွိမရွိ ၾကည့္ရေအာင္၊
ႏွလုံးထဲသို့ ပိုက္မ်ားထည့္ျခင္း (cardiac catheterization) တြင္ Guide လုပ္ရေအာင္၊
ေသြးလႊတ္ေၾကာမႀကီးစုတ္ျပဲျခင္း (Aortic dissection) ကို သိရေအာင္ ရိုက္ပါတယ္။

အဲကိုး (Echo) ရိုက္ဖို့ ဘာေတြ ျပင္ဆင္လုပ္ေဆာင္ဖို့ လိုသလဲ။

   Transthoracic echocardiogram (TTE) ရိုက္ဖို့အတြက္ ႀကိဳတင္ျပင္ဆင္စရာ မရွိပါဘူး။ Stress echocardiogram ရိုက္ဖို့အတြက္ မရိုက္ခင္ နာရီပိုင္းအတြင္း မွာ အစာမစားသင့္ပါဘူး။ ဗိုက္ျပည့္ေနရင္ ေလ့က်င့္ခန္းလုပ္တဲ့အခါ အဆင္မေျပျဖစ္တတ္ၿပီး၊ dobutamine ေဆးထိုးတဲ့အခါ ပ်ိဳ့အန္ တတ္၍ ျဖစ္ပါတယ္။ ပုံမွန္ေသာက္ေနတဲ့ေဆးရွိရင္ မရိုက္ခင္ေသာက္ရန္ သင့္မသင့္ ဆရာဝန္ကို ေမးသင့္ပါတယ္။ ႏွလုံးေရာဂါအတြက္ ေသာက္ေနရတဲ့ေဆးေတြ ျဖစ္တဲ့ Beta blockers, Isosorbide Dinitrate, Isosorbide Mononitrate ေဆးေတြကို Stress echocardiogram မလုပ္ခင္ ၂၄ နာရီအတြင္း မေသာက္ရပါဘူး။ Insulin ေဆး သုံးေနတယ္ဆိုရင္ ဆရာဝန္ကို ေျပာျပရပါမယ္။ ရင္ၾကပ္ေရာဂါရွိလို့ ရွုေဆး(Inhalor) သုံးရတယ္ဆိုရင္ ရွုေဆးေဆာင္သြားဖို့ မေမ့ရပါဘူး။ Transesophageal echocardiogram (TEE) ရိုက္ဖို့အတြက္ မရိုက္ခင္ အနည္းဆုံး ေျခာက္နာရီ အတြင္း အစာမစား၊ ေရမေသာက္ရပါဘူး။ သြားအတု ရွိတယ္ဆိုရင္ ခၽြတ္ထားရပါမယ္။ လည္ေခ်ာင္း၊ အစာေရၿမိဳ၊ နဲ႔ အစာအိမ္တို့နဲ႔ ပတ္သတ္တဲ့ ေရာဂါ တစ္ခုခု ရွိရင္ ဆရာဝန္ကို ႀကိဳေျပာထားရပါမယ္။ မရိုက္ခင္မွာ ဒီစမ္းသပ္ခ်က္ ျပဳလုပ္လၽွင္ရရွိမည့္ ေကာင္းက်ိဳး၊ ဆိုးက်ိဳးမ်ား ကို သိရွိၿပီး၊ စမ္းသပ္ခ်က္ျပဳလုပ္ခံရန္ သေဘာတူေၾကာင္း လက္မွတ္ ေရးထိုး ခိုင္းပါလိမ့္မယ္။ အကယ္၍ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ မသိေသးရင္ ဆရာဝန္ ကို ေမးျမန္း သင့္ပါတယ္။

​အဲကိုး (Echo) ကို ဘယ္လိုရိုက္တာလဲ၊ ရိုက္ေနစဥ္ ဘယ္လိုေနရမလဲ။ 

   အဲကိုး (Echo) ကို အထူးျပဳေလ့လာထားေသာ ဓါတ္မွန္ပါရဂူ (Radiologist)၊ သို့မဟုတ္ ႏွလုံးေရာဂါအထူးကုဆရာဝန္ (Cardiologist) ကရိုက္ပါတယ္။ အဲကိုး (echo) ခန္းထဲတြင္ ရိုက္ပါတယ္။ လူနာကုတင္ ေဘးတြင္လည္း ရိုက္နိုင္ပါတယ္။

ရင္ဘတ္ေပၚကရိုက္ေသာ အဲကိုး ရိုက္ေနပုံ
​   ရင္ဘတ္ေပၚက ရိုက္မည့္ Transthroracic Echo ရိုက္မယ္ဆိုရင္ အဲကိုး (Echo) ရိုက္မည့္ေနရာ ခါး အေပၚပိုင္း အဝတ္အစားမ်ား ေဖၚေပးရမွာ ျဖစ္ပါတယ္။ ကုတင္တစ္ခု ေပၚမွာ လွဲေနရမွာပါ။ ရိုက္မယ့္ေနရာမွာ အရင္ဆုံး Gel လိုမ်ိဳး အရည္တစ္ခု သုတ္ေပးပါလိမ့္မယ္။ ၿပီးရင္ Transducer လို့ ေခၚတဲ့ Probe လို့လဲ ေခၚတဲ့ လက္ကိုင္ကိရိယာ တစ္ခုနဲ႔ ရိုက္မယ့္ ေနရာေပၚမွာ အနည္းငယ္ ဖိၿပီး ဟိုဟို ဒီဒီ ေလၽွာက္ေရႊ႕ၾကည့္ ေနမွာ ျဖစ္ပါတယ္။ တီဗြီစခရင္ ေပၚမွာ ႏွလုံး ရဲ့ ပုံရိပ္ ေဖၚျပေပးမွာ ျဖစ္ပါတယ္။ ဒီလို ရိုက္ေနတုန္းမွာ မလွုပ္ရွားပဲ ၿငိမ္ၿငိမ္ေလး ေနေနရပါမယ္။ ခႏၶာကိုယ္ အေနအထား ေျပာင္းခိုင္းတာ၊ အသက္ရွု ခဏ ေအာင့္ခိုင္းတာ လုပ္ခိုင္းတတ္ပါတယ္။

ေလ့က်င့္ခန္းျဖင့္ပင္ပန္းေစၿပီးမွ ရိုက္ေသာ အဲကိုးတြင္ ေလ့က်င့္ခန္းလုပ္ေစပုံ

   S​tress Echo ကို ရိုက္ေတာ့မယ္ဆိုရင္ ပထမဦးစြာ ECG ရိုက္ဖို့တပ္ဆင္ျပင္ဆင္ပါမယ္။ ECG ဘယ္လိုရိုက္မလဲဆိုတာ ECG စာမ်က္ႏွာမွာ ေလ့လာနိုင္ပါတယ္။ ဘာမွ မလုပ္ေသးခင္ ႏွလုံးခုန္ႏွုန္း၊ ေသြးေပါင္ခ်ိန္တို့ကို တိုင္းတာ မွတ္သားပါလိမ့္မယ္။ အဲကိုး (Echo) ရိုက္တဲ့ဆရာဝန္က Transthoracic Echo ျဖင့္ အေပၚမွာ ေဖၚျပခဲ့တဲ့အတိုင္းႏွလုံးပုံရိပ္ကို ဖမ္းၿပီး ၾကည့္ပါလိမ့္မယ္။  ၿပီးမွ ေလ့က်င့္ခန္းျဖင့္ ပင္ပန္းေစၿပီးမွ ရိုက္ေသာ အဲကိုး Exercise Stress Echo ဆိုရင္ လမ္းေလၽွာက္စက္ေပၚမွာ လမ္းေလၽွာက္ခိုင္းတာ၊ သို့မဟုတ္ စက္ဘီးနင္းစက္ ေပၚမွ စက္ဘီးနင္းခိုင္းတာ မ်ိဳးလို ေလ့က်င့္ခန္း တစ္ခုခုလုပ္ခိုင္းပါလိမ့္မယ္။ ေလ့က်င့္ခန္းလုပ္ေနစဥ္မွာ ECG စက္နဲ႔ ေစာင့္ၾကည့္ေနပါလိမ့္မယ္။ ေလ့က်င့္လုပ္ၿပီးလၽွင္ ခုတင္ေပၚမွာ ျပန္လွဲခိုင္းၿပီး Transthoracic Echo ျပန္ရိုက္ၿပီး ၾကည့္ပါမယ္။

Dobutamine ေဆးျဖင့္ ပင္ပန္းေစၿပီးမွ ရိုက္ေသာ အဲကိုး Dobutamine Stress Echo ဆိုရင္ ဆရာဝန္၊သူနာျပဳတစ္ေယာက္ေယာက္က လက္တစ္ဖက္ဖက္ရဲ့ ေသြးေၾကာမွာ ေဆးထိုးလို့ရေအာင္ Cannula (ေဆးသြင္းဖို့အပ္) ထိုးေပးပါလိမ့္မယ္။ Dobutamine ေဆးကို Cannula ကတဆင့္ ျဖည္းျဖည္းခ်င္းသြင္းေပးေနပါလိမ့္မယ္။ ဒီအခ်ိန္မွာ အဲကိုး (Echo) ရိုက္တဲ့ဆရာဝန္က Transthoracic Echo ျဖင့္ အေပၚမွာ ေဖၚျပခဲ့တဲ့အတိုင္း ႏွလုံးပုံရိပ္ကို ဖမ္းၿပီး ၾကည့္ေနပါလိမ့္မယ္။ ေဆးသြင္းလိုက္တဲ့အခါ ႏွလုံးခုန္းႏွုန္းေတြ တျဖည္းျဖည္းျမန္လာပါမယ္၊ ရင္တုန္တာေတြ ခံစားရပါမယ္။ ေဆးသြင္းေနတဲ့သူဟာ လူနာကို ဘာေတြခံစားရၿပီလဲ ခနခန ေမးေနပါလိမ့္မယ္။ ရင္ဘတ္ေအာင့္တာ၊ ေမာတာ၊ အသက္ရွုၾကပ္တာ၊ ေမးရိုးေတြကိုက္တာ၊ ေခါင္းမူးတာ၊ ေခါင္းကိုက္တာ စတာေတြနဲ႔ အျခားခံစားလာရသမၽွကို ေျပာျပရပါမယ္။ ေဆးသြင္းေနသူဟာ ECG ကိုလည္း ေတာက္ေလၽွာက္ၾကည့္ၿပီး ေဆးရပ္သင့္မရပ္သင့္ ဆုံးျဖတ္ေနပါလိမ့္မယ္။ ပုံမွန္အားျဖင့္ ေဆးသြင္းတာ ၁၅ မိနစ္ခန႔္ၾကာတတ္ပါတယ္။ အားလုံး ၿပီးသြားရင္ ေဆးသြင္းစဥ္က ခံစားရတဲ့ လကၡဏာေတြ ေျပေပ်ာက္သက္သာတဲ့ အထိ ခန ၿငိမ္ၿပီး ေစာင့္ရပါမယ္။



အစာေရၿမိဳထဲထည့္ ရိုက္ေသာ အဲကိုး ရိုက္ေနပုံ

​   အစာေရၿမိဳထဲထည့္ ရိုက္ေသာ အဲကိုး Transesophageal Echo ရိုက္ေတာ့မယ္ဆိုရင္ ပထမဦးစြာ လုပ္တာက Stress Echo ရိုက္မယ့္အတိုင္းပါပဲ။ အီးစီဂ်ီ (ECG) ရိုက္ဖို့ျပင္မယ္။ Cannula (ေဆးသြင္းဖို့အပ္) ထိုးမယ္၊ ႏွလုံးခုန္ႏွုန္း၊ ေသြးေပါင္ခ်ိန္ တို့ကို တိုင္းတာ မွတ္သားပါမယ္။ ၿပီးရင္ မွိန္းေစတဲ့ေဆး (Sedative) တစ္မ်ိဳးမ်ိဳးကို ေသြးေၾကာထဲ ထိုးေပးပါလိမ့္မယ္။ စမ္းသပ္မွု ျပဳလုပ္ေနစဥ္မွာ သက္ေတာင့္သက္သာ ျဖစ္ေနေအာင္ပါ။ ေဆးထိုးေပးၿပီးမွ Probe လို့ေခၚတဲ့ ကိရိယာတစ္ခုကို ပါးစပ္ထဲထည့္ၿပီး အစာေရၿမိဳထဲ ေရာက္ေအာင္ ထိုးထည့္ေပးပါလိမ့္မယ္။ ထိုးထည့္ရတာ လြယ္ကူေအာင္ ဘယ္ဘက္ေစာင္းခိုင္းၿပီး ေခါင္းအနည္းငယ္ ေမာ့ထားခိုင္းပါလိမ့္မယ္။ သြားနဲ႔မကိုက္မိေအာင္ Mouth Guard လို့ေခၚတဲ့ ပါးစပ္ဟလ်က္အေနအထားနဲ႔ ကိုက္ထားလို့ရတဲ့အရာတစ္ခုကို Probe မထည့္ခင္ ပါးစပ္ထဲထည့္ေပးထားတတ္ပါတယ္။ ပါးစပ္ထဲကို ထုံေဆး(anesthetic spray) ျဖန္းေပးတတ္ပါတယ္။

ပါးစပ္ထဲ ထိုးထည့္မည့္ Probe
   ​Probe ထိုးထည့္ေနစဥ္မွာ လူနာကို ၿမိဳခ်ခိုင္းပါလိမ့္မယ္။ အလိုက္သင့္ ၿမိဳခ်ေပးမွ ခံရခက္သက္သာပါလိမ့္မယ္။ ဒီမွာ သုံးတဲ့ Probe ဟာ ရင္ဘတ္ေပၚမွာ ရိုက္တဲ့ အဲကိုး Transthoracic Echo မွာသုံးတဲ့ Probe လို မဟုတ္ဘဲ ၿမိဳလို့ရမယ့္ အရြယ္ ေသးေသးရွည္ရွည္ေလး ျဖစ္ပါတယ္။ Probe ကို ၿမိဳခ်ၿပီးတဲ့ ေနာက္မွာ Probe ေခါင္းကို လိုသလို ေရႊ႕ေျပာင္းခ်ိန္ညႇိဖို့ ထိန္းခ်ဳပ္ခလုတ္ကို လွည့္ကစားရင္း ႏွလုံးပုံရိပ္ေတြ ဖမ္းယူေနပါလိမ့္မယ္။ ပုံရိပ္ေတြဟာ ခ်ိတ္ဆက္ထားတဲ့ ကြန္ပ်ဴတာ မ်က္ႏွာျပင္မွာ ျမင္ေနရပါလိမ့္မယ္။ အဲကိုးရိုက္သူ ဆရာဝန္မွ ပုံရိပ္မ်ား ဖမ္းယူၾကည့္ရွုၿပီးလို့ Probe ျပန္ထုတ္ၿပီးပါက လူနာအေျခအေနကို မိနစ္သုံးဆယ္ေလာက္ထိ ေစာင့္ၾကည့္ ပါဦးမယ္။ ေသြးခုန္ႏွုန္း၊ ေသြးေပါင္ခ်ိန္ တိုင္းတာေနပါလိမ့္မယ္။

အဲကိုး (Echo) ရိုက္ရင္ ဘာေတြ ခံစားရမလဲ။

   ရင္ဘတ္ေပၚကရိုက္တဲ့ အဲကိုး (Transthoracic Echo) မွာ Gel သုတ္တဲ့အခါ အနည္းငယ္ ေအးသလိုခံစား ရတတ္ပါတယ္။ ရင္ဘတ္ေပၚ Transducer တင္တဲ့အခါ အနည္းငယ္ ဖိအားကို ခံစားရပါမယ္။ မသက္မသာ ျဖစ္ေလာက္ေအာင္ ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ႏွလုံးေရာဂါရွိတဲ့လူနာေတြဟာ ပလက္အေနအထားေနရင္ ေမာတာ အေပၚက အနည္းငယ္ဖိရင္ အသက္ရွုၾကပ္တာ ရင္ဘတ္ေအာင့္တာ ျဖစ္တတ္ပါတယ္။ ဒီလိုေတြ ျဖစ္လာလၽွင္ ရိုက္ေနတဲ့ ဆရာဝန္ကို ေျပာၿပီး ခဏ နားရပါမယ္။

   ပင္ပန္းေစၿပီး မွ ရိုက္တဲ့ အဲကိုး (Stress Echo) ကေတာ့ ေလ့က်င့္ခန္းလုပ္တဲ့အခါ ေမာတာ ရင္တုန္တာ စတာေတြ ျဖစ္ပါလိမ့္မယ္။ Dobutamine ထိုးတဲ့အခါမွာလည္း အပ္ထိုးတဲ့အခါ စူးခနဲ တစ္ခ်က္နာပါမယ္။ ေဆးေၾကာင့္ ရင္တုန္တာ၊ ေခါင္းမူးတာ၊ ေခါင္းကိုက္တာ၊ ပ်ိဳအန္ခ်င္တာ ေတြ ျဖစ္နိုင္ပါတယ္။ မိနစ္အနည္းငယ္ၾကာပဲ ခံစားရမွာပါ။

   အစာေရၿမိဳထဲထည့္ ရိုက္တဲ့ အဲကိုး (Transesophageal Echo) မွာ မွိန္းေစတဲ့ေဆး (Sedative) ထိုးဖို့ အပ္ထိုးရင္ စူးခနဲနာပါမယ္။ ပါးစပ္ထဲ ထုံေဆးျဖန္းရင္ အနည္းငယ္ ခါးသက္သက္ ျဖစ္ေနပါမယ္။ လၽွာေတြ သြားဖုံးေတြ ထူၿပီး ထုံေနပါလိမ့္မယ္။ ထုံေဆးအရွိန္ေၾကာင့္ အသက္ရွုရခက္တယ္လို့ ခံစားရတတ္ပါတယ္။ တကယ္က အသက္ရွုရမခက္ပါဘူး။ ျဖည္းျဖည္းနဲ႔ မွန္မွန္ ရွုေပးေနရပါမယ္။ Probe ထိုးထည့္တဲ့အခါ ပ်ိဳ့ပါမယ္၊ အန္ခ်င္ပါမယ္၊ ခံရခက္ပါမယ္။ စကၠန႔္ပိုင္းေလးပဲ ၾကာတာပါ။ အလိုက္သင့္ လိုက္ၿမိဳေပးလိုက္ရင္ အဆင္ေျပပါတယ္။ လည္ေခ်ာင္းထဲ Probe ရွိေနစဥ္ အသက္ရွုလို့မရဘူး အသက္ရွုလို့ခက္တယ္လို့ ခံစားရတတ္ပါတယ္။ တကယ္က ထုံေဆးအရွိန္ေၾကာင့္ပါ။ အသက္ရွုလမ္းေၾကာင္းကို ပိတ္မေနပဲ ေလဝင္ေလထြက္လို့ ေကာင္းေကာင္းရေနပါတယ္။ မွိန္းေစတဲ့ ေဆးအရွိန္ေၾကာင့္ မွိန္းေနပါမယ္၊ အိပ္ခ်င္ပါမယ္။ တစ္ခါတစ္ရံမွာ အာေခါင္ေျခာက္တာ မ်က္စိဝါးတာ အာေလးလၽွာေလးျဖစ္တာေတြ ျဖစ္တတ္ပါတယ္။ ဘာေတြလုပ္ေနလဲဆိုတာ သိတစ္ခ်က္ မသိတစ္ခ်က္နဲ႔ ျဖစ္ေနတတ္ပါတယ္။ ၿပီးသြားရင္ ဘာေတြလုပ္ခဲ့လဲ ျပန္စဥ္းစားမရ ျဖစ္တတ္ပါတယ္။ မွိန္းၿပီး အိပ္ခ်င္ေနတာဟာ နာရီမ်ားစြာ ၾကာျမင့္တတ္ပါတယ္။ ၂၄ နာရီအတြင္း အရက္မေသာက္ရပါဘူး။ ကားေမာင္းတာ လိုမ်ိဳး အိပ္ငိုက္ရင္ အန    ၱရာယ္ရွိတဲ့ အလုပ္မ်ိဳး မလုပ္ရပါဘူး။ အသံလွိုင္းနဲ႔ ပတ္သတ္ၿပီးေတာ့ ဘာမွ ၾကားရမွာ၊ သိရွိခံစားရမွာ မဟုတ္ပါဘူး။

အဲကိုး (Echo) ရိုက္ရင္ ဘာအႏၲရာယ္ ရွိနိုင္သလဲ။

   ရင္ဘတ္ေပၚက ရိုက္တဲ့ အဲကိုး (Transthoracic Echo) က ဘာမွ အႏၲရာယ္မရွိပါဘူး။ ပင္ပန္းေစတဲ့ အဲကိုး (Stress Echo) ကေတာ့ ႐ုတ္တရက္ ႏွလုံးေရာဂါ ေဖါက္ နိုင္ပါတယ္။ အဲလို မျဖစ္ေအာင္ ေတာက္ေလၽွာက္ ECG စက္တပ္ထားၿပီး ေစာင့္ၾကည့္ပါတယ္။ အစာေရၿမိဳထဲထည့္ ရိုက္တဲ့ အဲကိုး (Transesophageal Echo) မွာ Probe ထိုးထည့္ျခင္းေၾကာင့္ ပါးစပ္နဲ႔လည္ေခ်ာင္း ခံရခက္တာမ်ိဳးျဖစ္နိုင္ပါတယ္။ ေသြးအနည္းငယ္ ထြက္နိုင္ပါတယ္။ အစာေရၿမိဳထိခိုက္ပြန္းပဲ့တာ ေပါက္ထြက္တာ (Esophageal tear or puncture) ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ဒီလို ျဖစ္တာ ရွားပါတယ္။ မွိန္းေစတဲ့ ေဆး (Sedative) ေၾကာင့္ အႏၲရာယ္ရွိတဲ့အလုပ္လုပ္ရင္ အိပ္ငိုက္လို့ အႏၲရယ္ျဖစ္နိုင္ပါတယ္။ ႏွလုံးခုန္ ေႏွးလြန္းၿပီး ပုံမမွန္တာ ျဖစ္နိုင္ပါတယ္။
အဲကိုး (Echo) ကေန ဘာေတြ သိနိုင္သလဲ။

   ပဲ့တင္ျပန္လာတဲ့ အသံေတြကို ပုံေဖၚထားတဲ့ ပုံရိပ္ေတြကို ဓါတ္မွန္ပါရဂူ (Radiologist) သို့မဟုတ္ ႏွလုံေရာဂါ အထူးကု ဆရာဝန္ (Cardiologist) က ၾကည့္ၿပီး ႏွလုံးအခန္းေတြ၊ နံရံေတြ ရဲ့ အရြယ္အစားအထူနဲ႔ လွုပ္ရွားမွုေတြ၊ ႏွလုံးအဆို့ရွင္ေတြ အေျခအေနေတြ ေသြးလႊတ္ခန္းရဲ့ ေသြးထုတ္လႊတ္မွု ပမာဏေတြ ႏွလုံးမွာ အလုံးအႀကိတ္ရွိမရွိေတြ ႏွလုံးကို ကာအုပ္ထားတဲ့ အလႊာ (Pericardium) ထဲမွာေရရွိမရွိ စတာေတြ ေျပာျပပါလိမ့္မယ္။ စာရြက္ေပၚမွာ ေရးေပးပါလိမ့္မယ္။

အဲကိုး (Echo) ရိုက္လို့မရတဲ့ အေျခအေန သို့မဟုတ္ အဲကိုး အေျဖကို မွားယြင္းေစနိုင္တဲ့ အေျခအေနေတြ က ဘာလဲ။

   ရင္ဘတ္ သားျမတ္(နို့အုံ) အရမ္းႀကီးေနတဲ့လူေတြ၊ အဆုတ္ေရာဂါ အခ်ိဳ့ ဥပမာ နာတာရွည္အသက္ရွုလမ္းေၾကာင္းပိတ္တဲ့ အဆုတ္ေရာဂါ (Chronic Obstructive Pulmonary Disease) ရွိတဲ့သူေတြ၊ ပက္လက္ေနရင္ အေမာေဖါက္တဲ့လူေတြ ဆိုရင္ အဲကိုး ရိုက္လို့မရပါဘူး။ အစာေရၿမိဳမွာ အနာေရာဂါတစ္ခုခုျဖစ္ေနတဲ့ လူ၊ ၿမိဳခ်ရခက္တဲ့ လူေတြ မွာ အစာေရၿမိဳထဲထည့္ရိုက္တဲ့ အဲကိုး ရိုက္လို့မရပါဘူး။                                                                                                                                                                        
​crd > ေဒါက္တာ ယံလင္း

(Unicode)

***  အဲကိုး (Echo) ဆိုတာ ဘာလဲ။ ***



အဲကိုး (Echo) ဆိုတာ Echocardiogram ကို အတိုခေါ်တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်မှာ နှလုံးကပဲ့တင်သံကို ပုံဖေါ်ပြတာ ဖြစ်ပါတယ်။ နှလုံးမှာ ရိုက်တဲ့ အယ်ထရာစောင်း (Ultrasound) ပဲ ဖြစ်ပါတယ်။ ကြိမ်နှုန်းမြင့်အသံ ကို Transducer လို့ခေါ်တဲ့ ကိရိယာ တစ်ခုကနေတစ်ဆင့် နှလုံးဆီ ဖြတ်ခိုင်းပြီး ပဲ့တင် ပြန်လာတဲ့ အသံကို ပြန်ဖမ်းယူပါတယ်။  ပြီးတော့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတီဗွီမျက်နှာပြင် ပေါ်မှာ ဗွီဒီယိုပုံ ဖေါ်ပေးပါတယ်။

အဲကိုး (Echo) အမျိုးအစားတွေက -
Transthoracic Echocardiogram - နှလုံး ကို ရင်ဘတ်နဲ့ ဗိုက်ပေါ်ကနေ ရိုက်တဲ့ အဲကိုး (Echo) ဖြစ်ပါတယ်။

Stress Echocardiogram - နှလုံးကို ပင်ပန်းအောင် မလုပ်ခင် နှင့် လုပ်ပြီး ရိုက်သော အဲကိုး (Echo) ဖြစ်ပါတယ်။ နှလုံးပင်ပန်းအောင် လေ့ကျင့်ခန်း လုပ်ခိုင်းတာ ဒါမှမဟုတ် နှလုံးကို မြန်မြန်ခုန်စေတဲ့ ဆေး ထိုးတာ လုပ်ရပါတယ်။

Doppler Echocardiogram - နှလုံးအခန်းတွေထဲမှာ၊ သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကို အဖြူအမည်း (သို့) အရောင် နဲ့ ပြပေးတဲ့ အဲကိုး (Echo) ဖြစ်ပါတယ်။

Transesophageal Echocardiogram - Transducer ကို ပါးစပ်ကတဆင့် အစာရေမြို (Esophagus) ထဲ ထည့်ပြီး  ရိုက်တဲ့ အဲကိုး (Echo) ဖြစ်ပါတယ်။

အဲကိုး (Echo) ကို ဘာအတွက် ရိုက်တာလဲ။

   Transthoracic Echocardiogram ကို
အကြောင်းအရင်းမသိရတဲ့ ရင်ဘတ်အောင့်တာ၊ အသက်ရှုကြပ်တာ၊ နှလုံးကြီးနေတာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးမှာ ပုံမှန်မဟုတ်တဲ့အသံတွေ (murmurs) ကြားရတဲ့အခါ အကြောင်းအရင်းသိရအောင်နှလုံးနံရံတွေ ရဲ့အထူနဲ့ လှုပ်ရှားမှုတွေကို သိရအောင်
နှလုံးအဆို့ရှင်များ ကို ကြည့်ရအောင်၊ သူတို့ရဲ့ အလုပ်လုပ်ပုံကို စစ်ဆေးရအောင်နှလုံးအဆို့ရှင်အတု တပ်ထားပါက အလုပ်ကောင်းကောင်းလုပ်မလုပ် စစ်ဆေးရအောင် နှလုံးအခန်းတွေရဲ့ပုံသဏ္ဍာန်နဲ့ အရွယ်အစား ကိုတိုင်းတာရအောင်၊ နှလုံးအခန်းတွေကနေ သွေးညှစ်ထုတ်နိုင်မှု (cardiac performance)၊ ကိုစစ်ဆေးရအောင်။ ( နှလုံးတစ်ချက် ခုန်(ညှစ်)လိုက်တိုင်းမှာ သွေးဘယ်လောက်များများ ညှစ်ထုတ်လိုက်နိုင်သလဲ (Ejection Fraction) ဆိုတာ ကို တွက်ချက်နိုင်ပါတယ်) နှလုံးနံရံကြွက်သား နဲ့ နှလုံးညှစ်အားကို ထိခိုက်တဲ့ရောဂါတွေကို ရှာဖွေသိရအောင် (ဥပမာ- Cardiomyopathy (နှလုံးကြွက်သားအားနည်းခြင်း))နှလုံးအတွင်း သွေးခဲများ နဲ့ အလုံးအကြိတ်များ ကို ကြည့်ရအောင် ရိုက်ပါတယ်။

   Stress Echocardiogram ကို
နှလုံးကြွက်သားတွေဆီကို သွေးပို့နိုင်မှု မရှိခြင်း (ischemia) ကို သိရှိအောင်၊ စောင့်ကြည့်ရအောင် (ischemia သည် လေ့ကျင့်ခန်းလုပ်လိုက်ခြင်း သို့မဟုတ် ဆေးသောက်ခြင်း ဖြင့် ပို ဆိုးပါသည်။) ရိုက်ပါတယ်။

   Doppler Echocardiogram ကို
Transthoracic Echocardiogram, Stress Echocardiogram, Transesophageal Echocardiogram ရိုက်နေစဉ်အတွင်း ပြုလုပ်ပါတယ်။ Doppler Echocardiogram ကို နှလုံးတွင်း သွေးစီးဆင်းမှု အမြန်နှုန်း ကို တိုင်းတာရအောင်၊ နှလုံး အဆို့ရှင် (valves) များကို သွေးဖြတ်သန်းမှု အမြန်နှုန်း နှင့် သွေးဖိအားကို တိုင်းတာရအောင်၊ ရိုက်ပါတယ်။

   Transesophageal Echocardiogram ကို
ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း နှလုံးလုပ်ဆောင်ချက်ကို သိရအောင်ထည့်ထားသော နှလုံးအဆို့ရှင်အတု အလုပ်လုပ်ဆောင်မှု ကို သိရအောင်၊
ဘယ်ဘက်သွေးလွှတ်ခန်း (left atrium) တွင်းတွင် အလုံးအကြိတ်များ၊ သွေးခဲများ ရှိမရှိ ကြည့်ရအောင်၊
နှလုံးထဲသို့ ပိုက်များထည့်ခြင်း (cardiac catheterization) တွင် Guide လုပ်ရအောင်၊
သွေးလွှတ်ကြောမကြီးစုတ်ပြဲခြင်း (Aortic dissection) ကို သိရအောင် ရိုက်ပါတယ်။

အဲကိုး (Echo) ရိုက်ဖို့ ဘာတွေ ပြင်ဆင်လုပ်ဆောင်ဖို့ လိုသလဲ။

   Transthoracic echocardiogram (TTE) ရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်စရာ မရှိပါဘူး။ Stress echocardiogram ရိုက်ဖို့အတွက် မရိုက်ခင် နာရီပိုင်းအတွင်း မှာ အစာမစားသင့်ပါဘူး။ ဗိုက်ပြည့်နေရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်မပြေဖြစ်တတ်ပြီး၊ dobutamine ဆေးထိုးတဲ့အခါ ပျို့အန် တတ်၍ ဖြစ်ပါတယ်။ ပုံမှန်သောက်နေတဲ့ဆေးရှိရင် မရိုက်ခင်သောက်ရန် သင့်မသင့် ဆရာဝန်ကို မေးသင့်ပါတယ်။ နှလုံးရောဂါအတွက် သောက်နေရတဲ့ဆေးတွေ ဖြစ်တဲ့ Beta blockers, Isosorbide Dinitrate, Isosorbide Mononitrate ဆေးတွေကို Stress echocardiogram မလုပ်ခင် ၂၄ နာရီအတွင်း မသောက်ရပါဘူး။ Insulin ဆေး သုံးနေတယ်ဆိုရင် ဆရာဝန်ကို ပြောပြရပါမယ်။ ရင်ကြပ်ရောဂါရှိလို့ ရှုဆေး(Inhalor) သုံးရတယ်ဆိုရင် ရှုဆေးဆောင်သွားဖို့ မမေ့ရပါဘူး။ Transesophageal echocardiogram (TEE) ရိုက်ဖို့အတွက် မရိုက်ခင် အနည်းဆုံး ခြောက်နာရီ အတွင်း အစာမစား၊ ရေမသောက်ရပါဘူး။ သွားအတု ရှိတယ်ဆိုရင် ချွတ်ထားရပါမယ်။ လည်ချောင်း၊ အစာရေမြို၊ နဲ့ အစာအိမ်တို့နဲ့ ပတ်သတ်တဲ့ ရောဂါ တစ်ခုခု ရှိရင် ဆရာဝန်ကို ကြိုပြောထားရပါမယ်။ မရိုက်ခင်မှာ ဒီစမ်းသပ်ချက် ပြုလုပ်လျှင်ရရှိမည့် ကောင်းကျိုး၊ ဆိုးကျိုးများ ကို သိရှိပြီး၊ စမ်းသပ်ချက်ပြုလုပ်ခံရန် သဘောတူကြောင်း လက်မှတ် ရေးထိုး ခိုင်းပါလိမ့်မယ်။ အကယ်၍ ကောင်းကျိုး၊ ဆိုးကျိုးတွေ မသိသေးရင် ဆရာဝန် ကို မေးမြန်း သင့်ပါတယ်။

​အဲကိုး (Echo) ကို ဘယ်လိုရိုက်တာလဲ၊ ရိုက်နေစဉ် ဘယ်လိုနေရမလဲ။

   အဲကိုး (Echo) ကို အထူးပြုလေ့လာထားသော ဓါတ်မှန်ပါရဂူ (Radiologist)၊ သို့မဟုတ် နှလုံးရောဂါအထူးကုဆရာဝန် (Cardiologist) ကရိုက်ပါတယ်။ အဲကိုး (echo) ခန်းထဲတွင် ရိုက်ပါတယ်။ လူနာကုတင် ဘေးတွင်လည်း ရိုက်နိုင်ပါတယ်။

Picture
ရင်ဘတ်ပေါ်ကရိုက်သော အဲကိုး ရိုက်နေပုံ
​   ရင်ဘတ်ပေါ်က ရိုက်မည့် Transthroracic Echo ရိုက်မယ်ဆိုရင် အဲကိုး (Echo) ရိုက်မည့်နေရာ ခါး အပေါ်ပိုင်း အဝတ်အစားများ ဖေါ်ပေးရမှာ ဖြစ်ပါတယ်။ ကုတင်တစ်ခု ပေါ်မှာ လှဲနေရမှာပါ။ ရိုက်မယ့်နေရာမှာ အရင်ဆုံး Gel လိုမျိုး အရည်တစ်ခု သုတ်ပေးပါလိမ့်မယ်။ ပြီးရင် Transducer လို့ ခေါ်တဲ့ Probe လို့လဲ ခေါ်တဲ့ လက်ကိုင်ကိရိယာ တစ်ခုနဲ့ ရိုက်မယ့် နေရာပေါ်မှာ အနည်းငယ် ဖိပြီး ဟိုဟို ဒီဒီ လျှောက်ရွှေ့ကြည့် နေမှာ ဖြစ်ပါတယ်။ တီဗွီစခရင် ပေါ်မှာ နှလုံး ရဲ့ ပုံရိပ် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလို ရိုက်နေတုန်းမှာ မလှုပ်ရှားပဲ ငြိမ်ငြိမ်လေး နေနေရပါမယ်။ ခန္ဓာကိုယ် အနေအထား ပြောင်းခိုင်းတာ၊ အသက်ရှု ခဏ အောင့်ခိုင်းတာ လုပ်ခိုင်းတတ်ပါတယ်။

Picture
လေ့ကျင့်ခန်းဖြင့်ပင်ပန်းစေပြီးမှ ရိုက်သော အဲကိုးတွင် လေ့ကျင့်ခန်းလုပ်စေပုံ

   S​tress Echo ကို ရိုက်တော့မယ်ဆိုရင် ပထမဦးစွာ ECG ရိုက်ဖို့တပ်ဆင်ပြင်ဆင်ပါမယ်။ ECG ဘယ်လိုရိုက်မလဲဆိုတာ ECG စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ ဘာမှ မလုပ်သေးခင် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့ကို တိုင်းတာ မှတ်သားပါလိမ့်မယ်။ အဲကိုး (Echo) ရိုက်တဲ့ဆရာဝန်က Transthoracic Echo ဖြင့် အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းနှလုံးပုံရိပ်ကို ဖမ်းပြီး ကြည့်ပါလိမ့်မယ်။  ပြီးမှ လေ့ကျင့်ခန်းဖြင့် ပင်ပန်းစေပြီးမှ ရိုက်သော အဲကိုး Exercise Stress Echo ဆိုရင် လမ်းလျှောက်စက်ပေါ်မှာ လမ်းလျှောက်ခိုင်းတာ၊ သို့မဟုတ် စက်ဘီးနင်းစက် ပေါ်မှ စက်ဘီးနင်းခိုင်းတာ မျိုးလို လေ့ကျင့်ခန်း တစ်ခုခုလုပ်ခိုင်းပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ECG စက်နဲ့ စောင့်ကြည့်နေပါလိမ့်မယ်။ လေ့ကျင့်လုပ်ပြီးလျှင် ခုတင်ပေါ်မှာ ပြန်လှဲခိုင်းပြီး Transthoracic Echo ပြန်ရိုက်ပြီး ကြည့်ပါမယ်။

Dobutamine ဆေးဖြင့် ပင်ပန်းစေပြီးမှ ရိုက်သော အဲကိုး Dobutamine Stress Echo ဆိုရင် ဆရာဝန်၊သူနာပြုတစ်ယောက်ယောက်က လက်တစ်ဖက်ဖက်ရဲ့ သွေးကြောမှာ ဆေးထိုးလို့ရအောင် Cannula (ဆေးသွင်းဖို့အပ်) ထိုးပေးပါလိမ့်မယ်။ Dobutamine ဆေးကို Cannula ကတဆင့် ဖြည်းဖြည်းချင်းသွင်းပေးနေပါလိမ့်မယ်။ ဒီအချိန်မှာ အဲကိုး (Echo) ရိုက်တဲ့ဆရာဝန်က Transthoracic Echo ဖြင့် အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း နှလုံးပုံရိပ်ကို ဖမ်းပြီး ကြည့်နေပါလိမ့်မယ်။ ဆေးသွင်းလိုက်တဲ့အခါ နှလုံးခုန်းနှုန်းတွေ တဖြည်းဖြည်းမြန်လာပါမယ်၊ ရင်တုန်တာတွေ ခံစားရပါမယ်။ ဆေးသွင်းနေတဲ့သူဟာ လူနာကို ဘာတွေခံစားရပြီလဲ ခနခန မေးနေပါလိမ့်မယ်။ ရင်ဘတ်အောင့်တာ၊ မောတာ၊ အသက်ရှုကြပ်တာ၊ မေးရိုးတွေကိုက်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ စတာတွေနဲ့ အခြားခံစားလာရသမျှကို ပြောပြရပါမယ်။ ဆေးသွင်းနေသူဟာ ECG ကိုလည်း တောက်လျှောက်ကြည့်ပြီး ဆေးရပ်သင့်မရပ်သင့် ဆုံးဖြတ်နေပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဆေးသွင်းတာ ၁၅ မိနစ်ခန့်ကြာတတ်ပါတယ်။ အားလုံး ပြီးသွားရင် ဆေးသွင်းစဉ်က ခံစားရတဲ့ လက္ခဏာတွေ ပြေပျောက်သက်သာတဲ့ အထိ ခန ငြိမ်ပြီး စောင့်ရပါမယ်။


အစာရေမြိုထဲထည့် ရိုက်သော အဲကိုး ရိုက်နေပုံ

​   အစာရေမြိုထဲထည့် ရိုက်သော အဲကိုး Transesophageal Echo ရိုက်တော့မယ်ဆိုရင် ပထမဦးစွာ လုပ်တာက Stress Echo ရိုက်မယ့်အတိုင်းပါပဲ။ အီးစီဂျီ (ECG) ရိုက်ဖို့ပြင်မယ်။ Cannula (ဆေးသွင်းဖို့အပ်) ထိုးမယ်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် တို့ကို တိုင်းတာ မှတ်သားပါမယ်။ ပြီးရင် မှိန်းစေတဲ့ဆေး (Sedative) တစ်မျိုးမျိုးကို သွေးကြောထဲ ထိုးပေးပါလိမ့်မယ်။ စမ်းသပ်မှု ပြုလုပ်နေစဉ်မှာ သက်တောင့်သက်သာ ဖြစ်နေအောင်ပါ။ ဆေးထိုးပေးပြီးမှ Probe လို့ခေါ်တဲ့ ကိရိယာတစ်ခုကို ပါးစပ်ထဲထည့်ပြီး အစာရေမြိုထဲ ရောက်အောင် ထိုးထည့်ပေးပါလိမ့်မယ်။ ထိုးထည့်ရတာ လွယ်ကူအောင် ဘယ်ဘက်စောင်းခိုင်းပြီး ခေါင်းအနည်းငယ် မော့ထားခိုင်းပါလိမ့်မယ်။ သွားနဲ့မကိုက်မိအောင် Mouth Guard လို့ခေါ်တဲ့ ပါးစပ်ဟလျက်အနေအထားနဲ့ ကိုက်ထားလို့ရတဲ့အရာတစ်ခုကို Probe မထည့်ခင် ပါးစပ်ထဲထည့်ပေးထားတတ်ပါတယ်။ ပါးစပ်ထဲကို ထုံဆေး(anesthetic spray) ဖြန်းပေးတတ်ပါတယ်။

ပါးစပ်ထဲ ထိုးထည့်မည့် Probe
   ​Probe ထိုးထည့်နေစဉ်မှာ လူနာကို မြိုချခိုင်းပါလိမ့်မယ်။ အလိုက်သင့် မြိုချပေးမှ ခံရခက်သက်သာပါလိမ့်မယ်။ ဒီမှာ သုံးတဲ့ Probe ဟာ ရင်ဘတ်ပေါ်မှာ ရိုက်တဲ့ အဲကိုး Transthoracic Echo မှာသုံးတဲ့ Probe လို မဟုတ်ဘဲ မြိုလို့ရမယ့် အရွယ် သေးသေးရှည်ရှည်လေး ဖြစ်ပါတယ်။ Probe ကို မြိုချပြီးတဲ့ နောက်မှာ Probe ခေါင်းကို လိုသလို ရွှေ့ပြောင်းချိန်ညှိဖို့ ထိန်းချုပ်ခလုတ်ကို လှည့်ကစားရင်း နှလုံးပုံရိပ်တွေ ဖမ်းယူနေပါလိမ့်မယ်။ ပုံရိပ်တွေဟာ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ မျက်နှာပြင်မှာ မြင်နေရပါလိမ့်မယ်။ အဲကိုးရိုက်သူ ဆရာဝန်မှ ပုံရိပ်များ ဖမ်းယူကြည့်ရှုပြီးလို့ Probe ပြန်ထုတ်ပြီးပါက လူနာအခြေအနေကို မိနစ်သုံးဆယ်လောက်ထိ စောင့်ကြည့် ပါဦးမယ်။ သွေးခုန်နှုန်း၊ သွေးပေါင်ချိန် တိုင်းတာနေပါလိမ့်မယ်။

အဲကိုး (Echo) ရိုက်ရင် ဘာတွေ ခံစားရမလဲ။

   ရင်ဘတ်ပေါ်ကရိုက်တဲ့ အဲကိုး (Transthoracic Echo) မှာ Gel သုတ်တဲ့အခါ အနည်းငယ် အေးသလိုခံစား ရတတ်ပါတယ်။ ရင်ဘတ်ပေါ် Transducer တင်တဲ့အခါ အနည်းငယ် ဖိအားကို ခံစားရပါမယ်။ မသက်မသာ ဖြစ်လောက်အောင် တော့မဟုတ်ပါဘူး။ ဒါပေမယ့် နှလုံးရောဂါရှိတဲ့လူနာတွေဟာ ပလက်အနေအထားနေရင် မောတာ အပေါ်က အနည်းငယ်ဖိရင် အသက်ရှုကြပ်တာ ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာလျှင် ရိုက်နေတဲ့ ဆရာဝန်ကို ပြောပြီး ခဏ နားရပါမယ်။

   ပင်ပန်းစေပြီး မှ ရိုက်တဲ့ အဲကိုး (Stress Echo) ကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ မောတာ ရင်တုန်တာ စတာတွေ ဖြစ်ပါလိမ့်မယ်။ Dobutamine ထိုးတဲ့အခါမှာလည်း အပ်ထိုးတဲ့အခါ စူးခနဲ တစ်ချက်နာပါမယ်။ ဆေးကြောင့် ရင်တုန်တာ၊ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပျိုအန်ချင်တာ တွေ ဖြစ်နိုင်ပါတယ်။ မိနစ်အနည်းငယ်ကြာပဲ ခံစားရမှာပါ။

   အစာရေမြိုထဲထည့် ရိုက်တဲ့ အဲကိုး (Transesophageal Echo) မှာ မှိန်းစေတဲ့ဆေး (Sedative) ထိုးဖို့ အပ်ထိုးရင် စူးခနဲနာပါမယ်။ ပါးစပ်ထဲ ထုံဆေးဖြန်းရင် အနည်းငယ် ခါးသက်သက် ဖြစ်နေပါမယ်။ လျှာတွေ သွားဖုံးတွေ ထူပြီး ထုံနေပါလိမ့်မယ်။ ထုံဆေးအရှိန်ကြောင့် အသက်ရှုရခက်တယ်လို့ ခံစားရတတ်ပါတယ်။ တကယ်က အသက်ရှုရမခက်ပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန် ရှုပေးနေရပါမယ်။ Probe ထိုးထည့်တဲ့အခါ ပျို့ပါမယ်၊ အန်ချင်ပါမယ်၊ ခံရခက်ပါမယ်။ စက္ကန့်ပိုင်းလေးပဲ ကြာတာပါ။ အလိုက်သင့် လိုက်မြိုပေးလိုက်ရင် အဆင်ပြေပါတယ်။ လည်ချောင်းထဲ Probe ရှိနေစဉ် အသက်ရှုလို့မရဘူး အသက်ရှုလို့ခက်တယ်လို့ ခံစားရတတ်ပါတယ်။ တကယ်က ထုံဆေးအရှိန်ကြောင့်ပါ။ အသက်ရှုလမ်းကြောင်းကို ပိတ်မနေပဲ လေဝင်လေထွက်လို့ ကောင်းကောင်းရနေပါတယ်။ မှိန်းစေတဲ့ ဆေးအရှိန်ကြောင့် မှိန်းနေပါမယ်၊ အိပ်ချင်ပါမယ်။ တစ်ခါတစ်ရံမှာ အာခေါင်ခြောက်တာ မျက်စိဝါးတာ အာလေးလျှာလေးဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဘာတွေလုပ်နေလဲဆိုတာ သိတစ်ချက် မသိတစ်ချက်နဲ့ ဖြစ်နေတတ်ပါတယ်။ ပြီးသွားရင် ဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစားမရ ဖြစ်တတ်ပါတယ်။ မှိန်းပြီး အိပ်ချင်နေတာဟာ နာရီများစွာ ကြာမြင့်တတ်ပါတယ်။ ၂၄ နာရီအတွင်း အရက်မသောက်ရပါဘူး။ ကားမောင်းတာ လိုမျိုး အိပ်ငိုက်ရင် အန    ္တရာယ်ရှိတဲ့ အလုပ်မျိုး မလုပ်ရပါဘူး။ အသံလှိုင်းနဲ့ ပတ်သတ်ပြီးတော့ ဘာမှ ကြားရမှာ၊ သိရှိခံစားရမှာ မဟုတ်ပါဘူး။

အဲကိုး (Echo) ရိုက်ရင် ဘာအန္တရာယ် ရှိနိုင်သလဲ။

   ရင်ဘတ်ပေါ်က ရိုက်တဲ့ အဲကိုး (Transthoracic Echo) က ဘာမှ အန္တရာယ်မရှိပါဘူး။ ပင်ပန်းစေတဲ့ အဲကိုး (Stress Echo) ကတော့ ရုတ်တရက် နှလုံးရောဂါ ဖေါက် နိုင်ပါတယ်။ အဲလို မဖြစ်အောင် တောက်လျှောက် ECG စက်တပ်ထားပြီး စောင့်ကြည့်ပါတယ်။ အစာရေမြိုထဲထည့် ရိုက်တဲ့ အဲကိုး (Transesophageal Echo) မှာ Probe ထိုးထည့်ခြင်းကြောင့် ပါးစပ်နဲ့လည်ချောင်း ခံရခက်တာမျိုးဖြစ်နိုင်ပါတယ်။ သွေးအနည်းငယ် ထွက်နိုင်ပါတယ်။ အစာရေမြိုထိခိုက်ပွန်းပဲ့တာ ပေါက်ထွက်တာ (Esophageal tear or puncture) ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်တာ ရှားပါတယ်။ မှိန်းစေတဲ့ ဆေး (Sedative) ကြောင့် အန္တရာယ်ရှိတဲ့အလုပ်လုပ်ရင် အိပ်ငိုက်လို့ အန္တရယ်ဖြစ်နိုင်ပါတယ်။ နှလုံးခုန် နှေးလွန်းပြီး ပုံမမှန်တာ ဖြစ်နိုင်ပါတယ်။
အဲကိုး (Echo) ကနေ ဘာတွေ သိနိုင်သလဲ။

   ပဲ့တင်ပြန်လာတဲ့ အသံတွေကို ပုံဖေါ်ထားတဲ့ ပုံရိပ်တွေကို ဓါတ်မှန်ပါရဂူ (Radiologist) သို့မဟုတ် နှလုံရောဂါ အထူးကု ဆရာဝန် (Cardiologist) က ကြည့်ပြီး နှလုံးအခန်းတွေ၊ နံရံတွေ ရဲ့ အရွယ်အစားအထူနဲ့ လှုပ်ရှားမှုတွေ၊ နှလုံးအဆို့ရှင်တွေ အခြေအနေတွေ သွေးလွှတ်ခန်းရဲ့ သွေးထုတ်လွှတ်မှု ပမာဏတွေ နှလုံးမှာ အလုံးအကြိတ်ရှိမရှိတွေ နှလုံးကို ကာအုပ်ထားတဲ့ အလွှာ (Pericardium) ထဲမှာရေရှိမရှိ စတာတွေ ပြောပြပါလိမ့်မယ်။ စာရွက်ပေါ်မှာ ရေးပေးပါလိမ့်မယ်။

အဲကိုး (Echo) ရိုက်လို့မရတဲ့ အခြေအနေ သို့မဟုတ် အဲကိုး အဖြေကို မှားယွင်းစေနိုင်တဲ့ အခြေအနေတွေ က ဘာလဲ။

   ရင်ဘတ် သားမြတ်(နို့အုံ) အရမ်းကြီးနေတဲ့လူတွေ၊ အဆုတ်ရောဂါ အချို့ ဥပမာ နာတာရှည်အသက်ရှုလမ်းကြောင်းပိတ်တဲ့ အဆုတ်ရောဂါ (Chronic Obstructive Pulmonary Disease) ရှိတဲ့သူတွေ၊ ပက်လက်နေရင် အမောဖေါက်တဲ့လူတွေ ဆိုရင် အဲကိုး ရိုက်လို့မရပါဘူး။ အစာရေမြိုမှာ အနာရောဂါတစ်ခုခုဖြစ်နေတဲ့ လူ၊ မြိုချရခက်တဲ့ လူတွေ မှာ အစာရေမြိုထဲထည့်ရိုက်တဲ့ အဲကိုး ရိုက်လို့မရပါဘူး။                                                                                                                                                                        
​crd > ဒေါက်တာ ယံလင်း

Friday, May 15, 2020

ဆိတ္ပဲမၽွစ္ဟင္းခ်ိဳ - မန္က်ည္းသီးေတာင့္ေၾကာ္ - ဆီခ်က္သေဘၤာသီးသုပ္ -ေျပာင္းဖူးေၾကာ္

ဆိတ်ပဲမျှစ်ဟင်းချို
-------------------------


ဆိတ်ပဲမျှစ်ဟင်းချိုကို မျှစ်ချဉ်နဲ့လည်း ချက်လို့ရသလို ဆိတ်သားအသား၊ အမဲသားနဲ့လည်း ချက်နိုင်ပါသေးတယ်။ လူသိနည်းတဲ့ ဟင်းတစ်ခွက်ဖြစ်ပေမယ့် အခုနောက်ပိုင်း မှာတော့ ဆိုင်တော်တော်များမှာ ဒီဟင်းကို တွေ့နေရပါပြီ။

ပါဝင်ပစ္စည်းများ
ဆိတ်သား  –  ၄ဝဝ ဂရမ်
ဆိတ်ရိုး  –  ၃၂၀ ဂရမ်
ကုလားပဲ  –  ၁၅၀ ဂရမ်
ကုလားပဲပြုတ်ရန် ရေ  –  ၁ လီတာ
မျှစ်  –  ၂၅၀ ဂရမ် ( ပြုတ်ပြီးသား)
ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ  –  ၁၅၀ ဂရမ်
ကြက်သွန်ဖြူ  –  ၅၀ ဂရမ်
ချင်း  –  ၃၅ ဂရမ်
ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း
ဆီ  –  စားပွဲဇွန်း ၄ ဇွန်း
ရေ  –  ၁.၂ လီတာ
နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း
၁။       ကုလားပဲကို ရေဆေးပြီး ရေ ၁ လီတာနဲ့ ပြုတ်ပါ။
၂။       ကြက်သွန်နီကို ပါးပါးလှီးပြီး ချင်းနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၃။       ထို့နောက် အိုးကြီးတစ်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်နီနှင့် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသတ်ပါ။
၄။       အနံ့မွှေးလာလျှင် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်ထည့်ပြီး မွှေပါ။ ပြီးလျှင် ဆိတ်သားနှင့် ဆိတ်ရိုးထည့်ပြီး မွှေပါ။
၅။       ပြီးလျှင် ပြုတ်ထားတဲ့ ကုလားပဲနဲ့ ကုလားပဲပြုတ်ရည်ထည့်ပါ။ နောက်ထပ်ရေ ၁.၂ လီတာ ထပ်ဖြည့်ပြီး ဆူအောင် တည်ထားပါ။
၆။       ရေဆူလျှင် ဆားနှင့် အသားမှုန့်ထည့်ပါ။ မီးအရှိန်လျှော့၍ ဆက်ပြီး တည်ထားပါ။
၇။       ဆိတ်သားနူးခါနီးမှာ ပြုတ်ထားတဲ့ မျှစ်ထည့်ပြီး ဆိတ်သားနူးသည်အထိ ချက်ပါ။
----------------------------------
Myint Oo Tha

မန်ကျည်းသီးတောင့်ကြော်
-------------------------------


ပါဝင်ပစ္စည်းများ
• မန်ကျည်းသီးတောင့်  -  ၁ဝဝ ဂရမ်
• ငရုတ်သီးစိမ်း အနီ  -  ၁၀ တောင့်
• ငရုတ်သီးစိမ်း  -  ၁၅ တောင့်
• ပုစွန်ခြောက်မှုန့်  -  ၅၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၂၀ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• စိမ်းစားငါးပိရည်  -  စားပွဲဇွန်း ၃ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၅ ဇွန်း
• သကြား  -  လက်ဖက်စားဇွန်း ၁ ဇွန်း
• ကြက်သွန်နီ  -  ၇၀ ဂရမ်
• ငရုတ်သီးအကြမ်းဖတ်  -  ၁၀ ဂရမ်

ပြုလုပ်နည်း
၁။ မန်ကျည်းသီးတောင့်များကို ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပါ။
၂။ ဒယ်အိုးထဲ ဆီထည့်၍ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။ အနည်းငယ် နွမ်းလာပြီဆိုလျှင် ငရုတ်သီးအကြမ်းဖတ်နှင့် ပုစွန်ခြောက်မှုန့်ကို ထည့်ပြီး မွှေပါ။ ပြီးလျှင် ငံပြာရည်၊ စိမ်းစားငါးပိရည်နှင့် သကြားတို့ကို ထည့်ပါ။
၃။ ပြီးလျှင် ထောင်းထားတဲ့ မန်ကျည်းသီးတောင့်နှင့် ငရုတ်သီးစိမ်း/အနီတို့ကို ထည့်ပြီး ၂-၃ မိနစ်ခန့် ကြော်လိုက်လျှင် အရသာရှိတဲ့ မန်ကျည်းသီးတောင့်ကြော်လေးကို ရရှိပါပြီ။
--------------------------------
Htain Lin Maung

ဆီချက်သင်္ဘောသီးသုပ်
------------------------------


ပါဝင်ပစ္စည်းများ
• သင်္ဘောသီး  -  ၂ဝဝ ဂရမ်
• ကြက်သွန်နီ  -  ၃၅ ဂရမ်
• မြေပဲ  -  ၃၀ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
• ပုစွန်ခြောက်မှုန့်  -  ၁၀ ဂရမ်
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• သံပရာသီး  -  ၁ ခြမ်း
• မုန်လာဥနီ  -  ၄၀ ဂရမ်
• ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးစိမ်း  -  ၅ တောင့်
• ပုစွန်ခြောက်  -  ၂၀ ဂရမ်

ပြုလုပ်နည်း
၁။ သင်္ဘောသီးကို အခွံနွှာ၍ ရေဆေးပြီး ခြစ်ဖြင့် ခြစ်ထားပါ။
၂။ ကြက်သွန်နီကို အခွံနွှာ၍ ရေဆေးပြီး ပါးပါးလှီးထားပါ။ အိုးထဲ ဆီထည့်ပြီး ပါးပါးလှီး ထားသော ကြက်သွန်နီများကို ထည့်ကြော်ပါ။ ကြက်သွန်များ ရွှေညိုရောင်သန်းလာ လျှင် သီးသန့်ဆယ်ယူပြီး  မီးပိတ်၍ အပူငွေ့ကျန်နေသော ဆီထဲ ငရုတ်သီးအစိမ်းမှုန့် များ ထည့်ပြီး ဆီချက်အနီချက်ပါ။
၃။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ မုန်လာဥနီကို အခွံနွှာပြီး ခြစ်ဖြင့် ခြစ်ထားပါ။
၄။ ဇလုံတစ်လုံးထဲ ခြစ်ထားသော သင်္ဘောသီးများ ထည့်ပြီး ချက်ထားသော ဆီချက်အနီ များ ထည့်ပါ။ ပါးပါးလှီးထားသော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ကြော်များ ထည့်ပြီး ခြစ်ထားသော မုန်လာဥနီနှင့် ထောင်းထားသော မြေပဲများ ထည့်ပါ။ အရသာအတွက် ပုစွန်ခြောက်မှုန့်၊ ငံပြာရည်နှင့် သံပရာရည်တို့ကို ထည့်ပါ။ ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီးလျှင် သမအောင် နယ်ပါ။
၅။ အရသာမြည်းပြီး ပုစွန်ခြောက်များဖြူးကာ သုံးဆောင်နိုင်ပါပြီ။
---------------------------------
Htain Lin Maung

ပြောင်းဖူးကြော်
------------------


ပါဝင်ပစ္စည်းများ
• ပြောင်းဖူး  -  ၁ ဖူး (ပြုတ်ပြီးသားကို ဓားနှင့်ခြစ်ပါ)
• ယိုးဒယားအကြော်မှုန့်  -  ထမင်းစားဇွန်း ၃ ဇွန်း
• ကြက်ဥ  -  ၁ လုံး
• ဆား  -  အနည်းငယ်
• ကြော်ရန် ဆီ

ပြုလုပ်နည်း
၁။ အကြော်မှုန့်ကို ဆား၊ ကြက်ဥတို့နှင့် နှံ့အောင် ပျစ်ပျစ်ဖျော်ထားပါ။
၂။ ခြစ်ထားသော ပြောင်းဖူးကို ထည့်မွှေပါ။
၃။ ဆီကို အကြော်မြုပ်အောင် ထည့်၍ အပူပေးပြီး ထမင်းစားဇွန်းဖြင့် အနေတော် ခပ်ထည့်ပါ။
၄။ ရွှေရောင်သန်းလာလျှင် ဆီစစ်ပြီး စားရန် အသင့်ဖြစ်ပါပြီ။
---------------------------

May's Healthy Food

(Zawgyi) 

ဆိတ္ပဲမၽွစ္ဟင္းခ်ိဳ
-------------------------
ဆိတ္ပဲမၽွစ္ဟင္းခ်ိဳကို မၽွစ္ခ်ဥ္နဲ႔လည္း ခ်က္လို့ရသလို ဆိတ္သားအသား၊ အမဲသားနဲ႔လည္း ခ်က္နိုင္ပါေသးတယ္။ လူသိနည္းတဲ့ ဟင္းတစ္ခြက္ျဖစ္ေပမယ့္ အခုေနာက္ပိုင္း မွာေတာ့ ဆိုင္ေတာ္ေတာ္မ်ားမွာ ဒီဟင္းကို ေတြ႕ေနရပါၿပီ။

ပါဝင္ပစၥည္းမ်ား
ဆိတ္သား  –  ၄၀ဝ ဂရမ္
ဆိတ္ရိုး  –  ၃၂၀ ဂရမ္
ကုလားပဲ  –  ၁၅၀ ဂရမ္
ကုလားပဲျပဳတ္ရန္ ေရ  –  ၁ လီတာ
မၽွစ္  –  ၂၅၀ ဂရမ္ ( ျပဳတ္ၿပီးသား)
ဆား  –  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
အသားမွုန႔္  –  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ၾကက္သြန္နီ  –  ၁၅၀ ဂရမ္
ၾကက္သြန္ျဖဴ  –  ၅၀ ဂရမ္
ခ်င္း  –  ၃၅ ဂရမ္
င႐ုတ္သီးအေရာင္တင္မွုန႔္  –  စားပြဲဇြန္း ၁ ဇြန္း
ဆီ  –  စားပြဲဇြန္း ၄ ဇြန္း
ေရ  –  ၁.၂ လီတာ
နႏြင္းမွုန႔္  –  အနည္းငယ္

ျပဳလုပ္နည္း
၁။       ကုလားပဲကို ေရေဆးၿပီး ေရ ၁ လီတာနဲ႔ ျပဳတ္ပါ။
၂။       ၾကက္သြန္နီကို ပါးပါးလွီးၿပီး ခ်င္းႏွင့္ ၾကက္သြန္ျဖဴကို ေထာင္းထားပါ။
၃။       ထို့ေနာက္ အိုးႀကီးတစ္အိုးထဲ ဆီထည့္ပါ။ ဆီပူလၽွင္ ၾကက္သြန္နီႏွင့္ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴကို ဆီသတ္ပါ။
၄။       အနံ့ေမႊးလာလၽွင္ နႏြင္းမွုန႔္ႏွင့္ င႐ုတ္သီးမွုန႔္ထည့္ၿပီး ေမႊပါ။ ၿပီးလၽွင္ ဆိတ္သားႏွင့္ ဆိတ္ရိုးထည့္ၿပီး ေမႊပါ။
၅။       ၿပီးလၽွင္ ျပဳတ္ထားတဲ့ ကုလားပဲနဲ႔ ကုလားပဲျပဳတ္ရည္ထည့္ပါ။ ေနာက္ထပ္ေရ ၁.၂ လီတာ ထပ္ျဖည့္ၿပီး ဆူေအာင္ တည္ထားပါ။
၆။       ေရဆူလၽွင္ ဆားႏွင့္ အသားမွုန႔္ထည့္ပါ။ မီးအရွိန္ေလၽွာ့၍ ဆက္ၿပီး တည္ထားပါ။
၇။       ဆိတ္သားႏူးခါနီးမွာ ျပဳတ္ထားတဲ့ မၽွစ္ထည့္ၿပီး ဆိတ္သားႏူးသည္အထိ ခ်က္ပါ။
----------------------------------
Myint Oo Tha

မန္က်ည္းသီးေတာင့္ေၾကာ္
-------------------------------
ပါဝင္ပစၥည္းမ်ား
• မန္က်ည္းသီးေတာင့္  -  ၁ဝဝ ဂရမ္
• င႐ုတ္သီးစိမ္း အနီ  -  ၁၀ ေတာင့္
• င႐ုတ္သီးစိမ္း  -  ၁၅ ေတာင့္
• ပုစြန္ေျခာက္မွုန႔္  -  ၅၀ ဂရမ္
• ၾကက္သြန္ျဖဴ  -  ၂၀ ဂရမ္
• ငံျပာရည္  -  စားပြဲဇြန္း ၃ ဇြန္း
• စိမ္းစားငါးပိရည္  -  စားပြဲဇြန္း ၃ ဇြန္း
• ဆီ  -  စားပြဲဇြန္း ၅ ဇြန္း
• သၾကား  -  လက္ဖက္စားဇြန္း ၁ ဇြန္း
• ၾကက္သြန္နီ  -  ၇၀ ဂရမ္
• င႐ုတ္သီးအၾကမ္းဖတ္  -  ၁၀ ဂရမ္

ျပဳလုပ္နည္း
၁။ မန္က်ည္းသီးေတာင့္မ်ားကို င႐ုတ္ဆုံထဲထည့္ၿပီး ညက္ေနေအာင္ ေထာင္းပါ။
၂။ ဒယ္အိုးထဲ ဆီထည့္၍ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီကိုထည့္ၿပီး ဆီသတ္ပါ။ အနည္းငယ္ ႏြမ္းလာၿပီဆိုလၽွင္ င႐ုတ္သီးအၾကမ္းဖတ္ႏွင့္ ပုစြန္ေျခာက္မွုန႔္ကို ထည့္ၿပီး ေမႊပါ။ ၿပီးလၽွင္ ငံျပာရည္၊ စိမ္းစားငါးပိရည္ႏွင့္ သၾကားတို့ကို ထည့္ပါ။
၃။ ၿပီးလၽွင္ ေထာင္းထားတဲ့ မန္က်ည္းသီးေတာင့္ႏွင့္ င႐ုတ္သီးစိမ္း/အနီတို့ကို ထည့္ၿပီး ၂-၃ မိနစ္ခန႔္ ေၾကာ္လိုက္လၽွင္ အရသာရွိတဲ့ မန္က်ည္းသီးေတာင့္ေၾကာ္ေလးကို ရရွိပါၿပီ။
--------------------------------
Htain Lin Maung

ဆီခ်က္သေဘၤာသီးသုပ္
------------------------------

ပါဝင္ပစၥည္းမ်ား
• သေဘၤာသီး  -  ၂ဝဝ ဂရမ္
• ၾကက္သြန္နီ  -  ၃၅ ဂရမ္
• ေျမပဲ  -  ၃၀ ဂရမ္
• ငံျပာရည္  -  စားပြဲဇြန္း ၁  ၁/၂ ဇြန္း
• ပုစြန္ေျခာက္မွုန႔္  -  ၁၀ ဂရမ္
• ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
• သံပရာသီး  -  ၁ ျခမ္း
• မုန္လာဥနီ  -  ၄၀ ဂရမ္
• င႐ုတ္သီးအစိမ္းမွုန႔္  -  စားပြဲဇြန္း ၁ ဇြန္း
• င႐ုတ္သီးစိမ္း  -  ၅ ေတာင့္
• ပုစြန္ေျခာက္  -  ၂၀ ဂရမ္

ျပဳလုပ္နည္း
၁။ သေဘၤာသီးကို အခြံႏႊာ၍ ေရေဆးၿပီး ျခစ္ျဖင့္ ျခစ္ထားပါ။
၂။ ၾကက္သြန္နီကို အခြံႏႊာ၍ ေရေဆးၿပီး ပါးပါးလွီးထားပါ။ အိုးထဲ ဆီထည့္ၿပီး ပါးပါးလွီး ထားေသာ ၾကက္သြန္နီမ်ားကို ထည့္ေၾကာ္ပါ။ ၾကက္သြန္မ်ား ေရႊညိဳေရာင္သန္းလာ လၽွင္ သီးသန႔္ဆယ္ယူၿပီး  မီးပိတ္၍ အပူေငြ႕က်န္ေနေသာ ဆီထဲ င႐ုတ္သီးအစိမ္းမွုန႔္ မ်ား ထည့္ၿပီး ဆီခ်က္အနီခ်က္ပါ။
၃။ င႐ုတ္သီးစိမ္းကို ပါးပါးလွီးပါ။ မုန္လာဥနီကို အခြံႏႊာၿပီး ျခစ္ျဖင့္ ျခစ္ထားပါ။
၄။ ဇလုံတစ္လုံးထဲ ျခစ္ထားေသာ သေဘၤာသီးမ်ား ထည့္ၿပီး ခ်က္ထားေသာ ဆီခ်က္အနီ မ်ား ထည့္ပါ။ ပါးပါးလွီးထားေသာ င႐ုတ္သီးစိမ္းႏွင့္ ၾကက္သြန္ေၾကာ္မ်ား ထည့္ၿပီး ျခစ္ထားေသာ မုန္လာဥနီႏွင့္ ေထာင္းထားေသာ ေျမပဲမ်ား ထည့္ပါ။ အရသာအတြက္ ပုစြန္ေျခာက္မွုန႔္၊ ငံျပာရည္ႏွင့္ သံပရာရည္တို့ကို ထည့္ပါ။ ပါဝင္ပစၥည္းမ်ားအားလုံး ထည့္ၿပီးလၽွင္ သမေအာင္ နယ္ပါ။
၅။ အရသာျမည္းၿပီး ပုစြန္ေျခာက္မ်ားျဖဴးကာ သုံးေဆာင္နိုင္ပါၿပီ။
---------------------------------
Htain Lin Maung

ေျပာင္းဖူးေၾကာ္
------------------
ပါဝင္ပစၥည္းမ်ား
• ေျပာင္းဖူး  -  ၁ ဖူး (ျပဳတ္ၿပီးသားကို ဓားႏွင့္ျခစ္ပါ)
• ယိုးဒယားအေၾကာ္မွုန႔္  -  ထမင္းစားဇြန္း ၃ ဇြန္း
• ၾကက္ဥ  -  ၁ လုံး
• ဆား  -  အနည္းငယ္
• ေၾကာ္ရန္ ဆီ

ျပဳလုပ္နည္း
၁။ အေၾကာ္မွုန႔္ကို ဆား၊ ၾကက္ဥတို့ႏွင့္ ႏွံ့ေအာင္ ပ်စ္ပ်စ္ေဖ်ာ္ထားပါ။
၂။ ျခစ္ထားေသာ ေျပာင္းဖူးကို ထည့္ေမႊပါ။
၃။ ဆီကို အေၾကာ္ျမဳပ္ေအာင္ ထည့္၍ အပူေပးၿပီး ထမင္းစားဇြန္းျဖင့္ အေနေတာ္ ခပ္ထည့္ပါ။
၄။ ေရႊေရာင္သန္းလာလၽွင္ ဆီစစ္ၿပီး စားရန္ အသင့္ျဖစ္ပါၿပီ။
---------------------------
May's Healthy Food

Thursday, May 14, 2020

ပဋိစ္စသမုပ္ပါဒ်၏ အဓိပ္ပါယ် ရှင်းလင်းချက်

ပဋိစ္စသမုပ္ပါဒ် ရှင်းလင်းချက်များအား
ပ၊ ဒု၊ တ၊ နိဂုံး တစ်စုတစ်စည်းတည်း ဖော်ပြခြင်း
➖➖➖➖➖➖➖➖➖➖➖➖➖


ပဋိစ္စသမုပ္ပါဒ်၏
အဓိပ္ပါယ် ရှင်းလင်းချက်
❆★ ★ ★ ★★ ★ ★ ★❆

အကြောင်းကိုစွဲ၍ အကျိုးဖြစ်ခြင်းကို ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ပါသည်။ ဦးစွာပထမ သိထားရမည်မှာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအတွင်းမှ အင်္ဂါ(၁၂)ပါး စကားလုံးများ၏ အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်ထားရပါမည်။

၁။ အဝိဇ္ဇာ..... = သစ္စာလေးပါးကို မသိခြင်းဖြစ်သည်။

၂။ သင်္ခါရ...... = ပြုပြင်စေ့ဆော်ခြင်း ဖြစ်သည်။ သင်္ခါရ ၃-မျိုးရှိသည်။ ၄င်းတို့မှာ-

(၁) ပုညာဘိ သင်္ခါရ၊ (၂) အပုညာဘိ သင်္ခါရ၊ (၃) အာနဥ္ဇာဘိ သင်္ခါရတို့ ဖြစ်သည်။

(၁) ပုညာဘိ သင်္ခါရ ..... = ပုည(ကုသိုလ်)၊ အဘိ(လွန်ကဲစွာ)၊ သင်္ခါရ(ပြုလုပ်ခြင်း)၊
(ကုသိုလ်ကောင်းမှုကို လွန်ကဲစွာ ပြုလုပ်ခြင်း)

(၂) အပုညာဘိ သင်္ခါရ.. = အပုည(အကုသိုလ်)၊ အဘိ(လွန်ကဲစွာ)၊ သင်္ခါရ(ပြုလုပ်ခြင်း)၊
(အကုသိုလ်ကို လွန်ကဲစွာ ပြုလုပ်ခြင်း)

(၃) အာနဥ္ဇာဘိ သင်္ခါရ.. = အာနဥ္ဇ(ဈာန်သမာဓိအလုပ်)၊ အဘိ(လွန်ကဲစွာ)၊ သင်္ခါရ(ပြုလုပ်ခြင်း)၊
(သမထဘဝနာ ပွားများခြင်း)

၃။ ဝိဉာဏ်...... = ပဋိသန္ဓေစိတ်။(ပဋိ- တစ်ဖန်၊ သန္ဓိ- စပ်၍ဖြစ်ခြင်း) ပဋိသန္ဓေ- တစ်ဖန်စပ်၍ ဖြစ်ခြင်း။

၄။ နာမ်ရုပ်..... = နာမ်ဟူသည် အာရုံကို ကိုင်းညွတ်ခြင်း။ ရုပ်ဟူသည် ပြောင်းလဲဖောက်ပြန်ခြင်း။

၅။ သဠာယတန = မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်။

၆။ ဖဿ........... = တွေ့ထိခြင်း။

၇။ ဝေဒနာ........ = ကောင်း/မကောင်း ခံစားခြင်း။

၈။ တဏှာ........ = လိုချင်တပ်မက်ခြင်း။

၉။ ဥပါဒါန်........ = စွဲလန်းငြိတွယ်ခြင်း။

၁၀။ ကမ္မဘဝ... = ကိုယ်ဖြင့်ပြုလုပ်ခြင်း ကာယကံ၊ နှုတ်ဖြင့်ပြောဆိုခြင်း ဝစီကံ၊ စိတ်ဖြင့်ကြံစည်ခြင်း မနောကံ။ ကာယ, ဝစီ, စိတ္တ = သင်္ခါရ ။

၁၁။ ဇာတိ......... = ပဋိသန္ဓေ နေခြင်း။

၁၂။ ဇရာ၊ မရဏ = အိုခြင်း၊ သေခြင်း။
******************************************
"မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် လင်္ကာ"

မူလနှစ်ဖြာ ..................... (၂)
သစ္စာနှစ်ခု ...................... (၂)
လေးခုအလွှာ ................. (၄)
အင်္ဂါတစ်ဆယ့်နှစ်ပါး တရားကိုယ်များနှင့် (၁၂)
သုံးပါးအစပ် နှစ်ရပ်မူလ... (၃)
ဝဋ်သုံးဝနှင့် .................... (၃)
ကာလသုံးဖြာ ................ (၃)
ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွတ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း (၂၀)။

ရှင်းလင်းချက်။.......။
••••••••••••••••••••\•\
ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကို ကြည့်ပါမိတ်ဆွေ။
၁။ မူလနှစ်ဖြာ ဆိုသည်မှာ = အဝိဇ္ဇာနှင့် တဏှာ။

၂။ သစ္စာနှစ်ခု ဆိုသည်မှာ = သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ ဆိုသည်မှာ = (၁) အကွက် - အတိတ်အကြောင်းတစ်လွှာ
(၂) အကွက် - ပစ္စုန်ပ္ပန်အကျိုးတစ်လွှာ
(၃) အကွက် - ပစ္စုန်ပ္ပန်အကြောင်းတစ်လွှာ
(၄) အကွက် - အနာဂတ်အကျိုးတစ်လွှာ

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ဆိုသည်မှာ = အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ၊ မရဏတို့ဖြစ်သည်။

တရားကိုယ်များနှင့် ဆိုသည်မှာ = အထက်ပါ တရားများဖြစ်သော အဝိဇ္ဇာ အစ၊ ဇရာ,မရဏ အဆုံးဖြစ်ပါသည်။

၅။ သုံးပါးအစပ် ဆိုသည်မှာ
 (၁)အကွက်နှင့် (၂)အကွက်ကြား သင်္ခါရနှင့် ဝိဉာဏ်အစပ်၊
 (၂)အကွက်နှင့် (၃)အကွက်ကြား ဝေဒနာနှင့် တဏှာအစပ်၊
 (၃)အကွက်နှင့် (၄)အကွက်ကြား ကမ္မဘဝနှင့် ဇာတိအစပ်တို့ ဖြစ်ပါသည်။
နှစ်ရပ်မူလ ဆိုသည်မှာ = အဝိဇ္ဇာနှင့် တဏှာ။

၆။ ဝဋ်သုံးဝနှင့် ဆိုသည်မှာ
 ကိလေသဝဋ် (၃)ပါး၊ ကမ္မဝဋ် (၂)ပါး၊
 ဝိပါကဝဋ် (၈)ပါး။

(၁) ကိလေသဝဋ်သုံးပါး ဆိုသည်မှာ =
 အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။
(၂) ကမ္မဝဋ်နှစ်ပါး ဆိုသည်မှာ = သင်္ခါရနှင့် ကမ္မဘဝ။
(၃) ဝိပါကဝဋ်ရှစ်ပါး ဆိုသည်မှာ = ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ     ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏ၊ ဥပပတ္တိဘဝတို့ ဖြစ်ပါသည်။

၇။ ကာလသုံးဖြာ ဆိုသည်မှာ =
လွန်လေပြီးသော အတိတ်ကာလ။
ယခုဖြစ်ဆဲ ပစ္စုန်ပ္ပန်ကာလ။
 နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ် ဆိုသည်မှာ =
 နံပါတ်(၁)အကွက် .. အတိတ်အကြောင်း အခြင်းအရာ(၅)ပါးသည် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ ဖြစ်သည်။
နံပါတ်(၂)အကွက် .. ပစ္စုန်ပ္ပန် အကျိုးအခြင်းအရာ(၅)ပါးသည် ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊     ဝေဒနာ။
နံပါတ်(၃)အကွက် .. ပစ္စုန်ပ္ပန် အကြောင်းအခြင်းအရာ(၅)ပါးသည် တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရ။
နံပါတ်(၄)အကွက် .. အနာဂတ် အကျိုးအခြင်းအရာ(၅)ပါးသည် ဝိဉာဏ်၊ နာမ်ရုပ်၊
သဠာယတန၊ ဖဿ၊     ဝေဒနာတို့ဖြစ်၍ တစ်ကွက်လျှင် ငါးပါး၊ (၄)ကွက်ဆိုတော့ ၅ × ၄ = ၂၀ ဖြစ်ပါသည်။

.➳  ဤရှစ်သွယ်ကို အလွတ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်မြောက်တည်း။

ဒီလောက်ဆိုရင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရဲ့ အခြေခံသဘောတရားတွေကို နားလည်သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ဒီထက်ရှင်းအောင် ထပ်မံရေးပေးပါ့မယ်။
..............................

ပဋိစ္စသမုပ္ပါဒ်ကို ဒုတိယအကြိမ် ထပ်ရှင်းခြင်း
❆  ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ❆
တို့တတွေဟာ ကိုယ့်အကြောင်းကို ကိုယ်မသိခဲ့ကြလို့ ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့ကြတဲ့ အချိန်တွေကိုလည်း နှမြောရကောင်းမှန်း မသိခဲ့ကြဘူး။
 ကြောက်ရကောင်းမှန်းလည်း မသိခဲ့ကြပါဘူး။

 ဟော..... အခုဆိုရင် ပဋိစ္စသမုပ္ပါဒ်ခန္ဓာရကြောင်းတရားကို သိခွင့်ရလိုက်ပါပြီ။ ဒုတိယပိုင်းကို ဆက်ပြီးလေ့လာကြည့်ရအောင်။

ပဋိစ္စသမုပ္ပါဒ်ကို လေ့လာနေခြင်းဟာ မိမိအကြောင်းကို လေ့လာနေခြင်းပဲဆိုတာ သဘောပေါက်ရပါမယ်။
 ပဋိစ္စသမုပ္ပါဒ်မှာ (၄)ကွက်ရှိပါတယ်။
 လေးကွက်ထဲက ပထမအကွက်ဖြစ်တဲ့ အတိတ်အကွက်ကိုကြည့်လိုက်ပါ။
စာမှာတော့ အဝိဇ္ဇာနှင့် သင်္ခါရရယ်လို့ စာလုံးနှစ်လုံးတွေ့ရမှာဖြစ်တယ်။
 ဒီစာလုံးနှစ်လုံးကို ခန္ဓာနှင့့်ဆက်စပ်ပြီး နားလည်လို့ရတာက အရင်ဘဝတုန်းက တို့တတွေဟာ မသိခြင်းဆိုတဲ့အဝိဇ္ဇာ လွှမ်းမိုးမှုကိုခံလိုက်ရတဲ့အတွက် သင်္ခါရဆိုတဲ့ ထင်ရာမြင်ရာတွေကို လုပ်ခဲ့ကြတယ်။

 ဒီလိုလုပ်ခဲ့မိလို့ပဲ အခုလက်ရှိခန္ဓာကို ရရှိလာကြတယ်။ အခုလက်ရှိခန္ဓာက ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ပစ္စုန်ပ္ပန်အကျိုး(၅)ပါးကို ရလာခြင်းပဲဖြစ်တယ်။ ဒီတရား(၅)ပါးဟာ အတိတ်က အဝိဇ္ဇာ၊ သင်္ခါရကြောင့်ပဲဆိုတာ သိရမယ်။

အတိတ်က မသိခြင်းအဝိဇ္ဇာနှင့် သင်္ခါရဆိုတာ ဒီဘဝအထိ လိုက်ပါလာတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့အကြောင်းခံပြီး ဒီဘဝဖြစ်လာကြတယ်ဆိုတာ ထင်ရှားပါတယ်။
 ဖြစ်လာတာက ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ အပျို၊ လူပျိုဆိုတာမျိုးတွေ မဟုတ်ပါဘူး။
ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ   ၊ ဝေဒနာဆိုတာမျိုးတွေ ဖြစ်လာကြခြင်းသာ ဖြစ်ပါတယ်။

 ဓမ္မဖြစ်စဉ်တန်းကြီး ဖြစ်လာတယ်ဆိုရင် ပိုပြီးရှင်းပါတယ်။ ဒီလိုသိလိုက်ရင် အရှိဘဝနှင့် အခုဘဝဆိုတာ ငါတွေ၊ သူတစ်ပါးတွေမဟုတ်ဘဲ ဓမ္မသဘောဆောင်လို့ ဓမ္မသဘော ဖြစ်ပေါ်လာကြတယ်ဆိုတာ သံသယဝင်စရာမလိုဘဲ ဝိစိကိစ္ဆာ ကင်းစင်သွားနိုင်ပါတယ်။

ဆက်ပြီး ဓမ္မဆိုတဲ့သဘောကို ကြည့်လိုက်ပါဦး။ ဝိဉာဏ်ဆိုတဲ့ ဓမ္မဟာလည်း ဖြစ်ပြီးပျက်၊ နာမ်ရုပ်ဆိုတဲ့ ဓမ္မဟာလည်း ဖြစ်ပြီးပျက်၊ သဠာယတနဆိုတဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာတို့ဟာလည်း ဖြစ်ပြီးပျက်ပဲ။
 ဒီဖြစ်ပျက်နေကြတဲ့ ဓမ္မအစုဟာ ဒုက္ခသစ္စာသက်သက်ပဲ။ ဒုက္ခသစ္စာကို ဒုက္ခရယ်လို့ သိလိုက်တယ်ဆိုရင် ဒီဓမ္မဖြစ်စဉ်ဟာ ဒီနေရာမှာပဲ ရပ်စဲသွားပါတယ်။
ဒုက္ခသစ္စာကို ဒုက္ခသစ္စာပဲလို့ မသိလိုက်ရင်တော့

 တတိယအကွက်မှာရှိတဲ့ တဏှာ၊ ဥပါဒါန်၊ ကံဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာပြီဆိုရင်တော့ သားရဲ့အပေါ်မှာနှစ်သက်၊ သမီးရဲ့အပေါ်မှာနှစ်သက်၊ လင်ရဲ့အပေါ်မှာနှစ်သက်၊ မယားရဲ့အပေါ်မှာခင်တွယ်၊ ဥစ္စာပစ္စည်းရဲ့အပေါ်မှာ တပ်မက်ဆိုတဲ့ ဓမ္မသဘောတွေ ဖြစ်လာပါတော့တယ်။

ဒီလိုဖြစ်လာရင် စွဲလန်းခြင်းဆိုတဲ့ ဥပါဒါန်ဟာ ဖြစ်လာပါတယ်။ဒီခင်တွယ်စွဲလန်းခြင်း ဥပါဒါန်ဆိုတာ ဖြစ်လာလေတော့ ကံကနေ ငါ့သားစားဖို့ ငါ့သမီးစားဖို့ ငါ့လင်စားဖို့ ငါးမယားစားဖို့ စီးပွားရှာဖို့ဆိုတာတွေ ဖြစ်လာတယ်။ ဒါဟာ ကံပြုတာပဲ။

ဟုတ်မဟုတ်သိရအောင် နေ့စဉ်ဘဝကို ကြည့်လိုက်ပါ။ ဒီလိုလုပ်နေကြတဲ့အရာအားလုံးဟာ တဏှာ၊ ဥပါဒါန်၊ ကံတွေများအောင် လုပ်နေခြင်းပဲဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဒီလိုလုပ်တာတွေ ဘယ်အထိအောင် လုပ်ကြမလဲဆိုရင် သေတဲ့အထိ ဒီလိုလုပ်သွားကြတာပဲ။
ဟုတ်မဟုတ်သိရအောင် သေသွားသူတွေကို အကဲဖြတ်ကြည့်ပါ။

 ဒီကံတွေလုပ်ရင်း သေခဲ့ကြတော့ နောက်ဘဝမှာလည်း ဇာတိ၊ ဇရာ၊ မရဏ၊ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုပြီး ဒီဘက်ဘဝလို အကုန်ပြန်ရတာပဲ။ ရတော့ဘာဖြစ်သလဲဆိုရင် ဝိပါကဝဋ်(၈)ပါး အကုန်ဖြစ်ပါတယ်။ ဝိပါကဝဋ်(၈)ပါးဆိုတာ ပထမပိုင်းမှာပြောခဲ့ပြီးတဲ့ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ၊ မရဏ၊ ဥပပတ္တိ ဒီ(၈)ပါးပါပဲ။ ဥပပတ္တိဆိုတာ ဇာတိပါပဲ။ ဒီသဘောဟာ မနေနိုင်လို့ လုပ်ခဲ့သမျှအကြောင်းရဲ့ ဒုက္ခပဲ ဖြစ်ရပါတယ်။
ပစ္စုန်ပ္ပန်အကြောင်းကြောင့် အနာဂတ်ဆိုတဲ့အကျိုး  ဖြစ်လာရပါတယ်။
.............................

တတိယအကြိမ် ပဋိစ္စသမုပ္ပါဒ်ရှင်းတမ်း
❆ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ❆
ပဋိစ္စသမုပ္ပါဒ်မှ နားမလည်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်ဖို့ဝေးစွ အတ္တဒိဋ္ဌိခေါ်တဲ့ သက္ကာယဒိဋ္ဌိ ဘယ်တော့မှ မပြုတ်ဘူးမှတ်ပါ။ ပြုတ်မယ်ထင်တယ်လို့ သံသယမရှိနဲ့.. ဖြုတ်လို့ကို မရတာ။
ဒီဒိဋ္ဌိကြီး ကပ်နေလျက်နဲ့ အားထုတ်နေရင် ကုသိုလ်တော့ရမယ်၊ နိဗ္ဗာန်တော့ မရနိုင်ဘူးဆိုတာ
တထစ်ချဆုံးဖြတ်ချက်ချပါ။

ခန္ဓာဖြစ်စဉ်ဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တရယ်လို့ လုပ်ပါ။
ဒါမှ မြန်မြန်ခရီးရောက်မယ်။
ဒီလိုမှ နားလည်ထားခြင်းမရှိဘဲ ရမ်းကျင့်၊ မှန်းကျင့်၊
 အကန်းကျင့် ကျင့်နေလို့ကတော့ "ပိုးသာကုန် မောင်ပုံ စောင်းမတတ်"ဆိုသလို အားထုတ်ပေမယ့် ထိထိမိမိ ပညာသိနှင့် မသိနိုင်ပါဘူး။
ဒီအခါမှာ ကိုယ်လိုချင်တာက နိဗ္ဗာန်၊ ရလာတာက ကုသိုလ်ဆိုတော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မရောက်နိုင်ပါဘူး။

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကိုကြည့်ပါ ဓမ္မမိတ်ဆွေ။
စာလုံးအကြီးနဲ့ရေးထားတဲ့ အဝိဇ္ဇာဆိုတာ တွေ့ရမယ်။ အဝိဇ္ဇာဆိုတာ သတ္တဝါတွေရဲ့ ဖြစ်ကြောင်းအစပဲ။

သတ္တဝါဘယ်ကစသလဲမေးရင် အဝိဇ္ဇာဆိုတဲ့ သစ္စာလေးပါးကို မသိခြင်းကစတယ်လို့ ရဲရဲသာဖြေလိုက်။
 သစ္စာလေးပါးကိုမသိလေတော့ လှူဒါန်းပေးကမ်းပြီး ကောင်းမှုပြုပေမယ့် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတွေကို ဆုတောင်းကြတော့ ဒီချမ်းသာအားလုံးဟာ ပဋိစ္စသမုပ္ပါဒ်နဲ့ကြည့်လိုက်တဲ့အခါ ဒုက္ခသစ္စာပဲ ဖြစ်ပါတယ်။
 အဝိဇ္ဇာပစ္စယာ သင်္ခါရာဆိုတော့ သင်္ခါရဆိုတာ ကုသိုလ်၊ အကုသိုလ်တွေပဲ။ ဒီကုသိုလ်၊ အကုသိုလ်မှန်သမျှဟာ သမုဒယသစ္စာတွေပဲ။ ဒီသမုဒယလုပ်နေရင် ဒုက္ခသစ္စာပဲ အမှန်ရမယ်မှတ်ပါ။

ဟိုးအတိတ်က အဝိဇ္ဇာသင်္ခါရကြောင့် အခုဘဝ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ပစ္စုန်ပ္ပန်ဒုက္ခသစ္စာကို ရလာတာပဲ။ ဒီအင်္ဂါငါးပါးဟာ ခန္ဓာငါးပါးပဲ။ ခန္ဓာငါးပါးစလုံး ဒုက္ခသစ္စာချည်းပဲမှတ်ပါ။

 လိုချင်တာက နိဗ္ဗာန်၊ လုပ်နေတာက သမုဒယ၊ ရလာတာက ဒုက္ခ။
 လိုချင်တာက ချမ်းသာ၊ ရလာတာက ဆင်းရဲ၊
 ဒီပုတ်ထဲက ဒီပဲဘဝနဲ့ပဲ အဆုံးသတ်လိုက် အစပြုလိုက်နဲ့ သံသရာရဟတ် တဖန်လည်ကြရဦးမယ်။
 အဲ့ဒါ သစ္စာမသိခြင်းပဲ။

ချမ်းသာ ရနေသလား၊ ဆင်းရဲ ရနေသလား ဟုတ်,မဟုတ် သိချင်ရင် ခန္ဓာကို စစ်ကြည့်လိုက်ပါ။
ထိုင်ကြည့်လိုက်ပါ။ ထိုင်ကြည့်လိုက်ရင် ခန္ဓာက
 ညောင်းလာမယ်။ ကိုက်ခဲလာမယ်။ အောင့်လာမယ်။ ပူလာမယ်။ ယားလာမယ်။ တောင့်တင်းလာမယ်။
ဒီသဘောအားလုံးဟာ ဘာများချမ်းသာသလဲ၊
ဆင်းရဲသက်သက်ပဲဆိုတာ စိစစ်ကြည့်လိုက်ရင် ထင်ရှားသိသာနိုင်ပါတယ်။

ဒီဒုက္ခကို ငါတပ်လိုက်တော့ ပိုးဆိုးသွားရော... ငါ့ခြေထောက်နာတယ်၊ ငါ့ခါးနာတယ်၊ ငါ့ရင်ပူတယ်၊ ငါ့ကျောအောင့်တယ်ဆိုတဲ့ ငါတစ်လုံးဝင်ရှုပ်လိုက်တော့ ငါနောက်ကနေ ဒေါမနဿဝင်လိုက်တော့ ပိုပြီး ရှုပ်ထွေးသွားတော့တယ်။

ဒီနေရာမှာ ဘယ်အနားက နာနာ၊ အောင့်အောင့်၊ ကိုက်ကိုက် ငါမဟုတ်ဘူးလို့သာ သိနေလိုက်ပါ။ ဓမ္မသဘာဝအတိုင်း ရိုးရိုးလေးဖြစ်တဲ့ အရှိသဘောကို ဉာဏ်အသိနှင့် ကြည့်နေနိုင်မယ်ဆိုရင် ခန္ဓာရဲ့ ဒုက္ခသစ္စာကို ရှင်းရှင်းလင်းလင်း သိမြင်လာနိုင်ပါတယ်။

 ခန္ဓာရဲ့သဘောသဘာဝဟာ ဖြစ်နေပျက်နေပါလားလို့ အမှန်အတိုင်း သိမြင်လာပါလိမ့်မယ်။ ဒီသဘောမှာလည်း ကြောင်းကျိုးမကင်းဘဲ ဖြစ်နေတာတွေ့ရမယ်။ အကြောင်းဖြစ်တဲ့ သင်္ခါရတရားတို့က ဖြစ်ပျက်နေကြလို့ အကျိုးဖြစ်တဲ့ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ဟာလည်း ဖြစ်ပျက်နေကြတယ်လို့ သိလာရင် အနတ္တဉာဏ်အမြင် ဖြစ်လာနိုင်ပါတယ်။

 ဒီလိုအနတ္တဉာဏ်အမြင်ဖြစ်လာရင် အကြောင်းအနတ္တမို့ အကျိုးလည်း အနတ္တဖြစ်တယ်။ မရချင်၊ မလိုချင်တဲ့ဒုက္ခကြီးကို ရနေတယ်ဆိုတာဟာလည်း အနတ္တဖြစ်ပါတယ်။ ဒီလိုသာ ရှင်းရှင်းလင်းလင်း တစ်ချက်မြင်သွားတာနဲ့ မမြဲခြင်းတရားတွေကို သိပ်ပြီး မတုန်မလှုပ်တော့သလို ထိတ်ထိတ်ပျာပျာလည်း မဖြစ်တော့ပါဘူး။

 ကြောင်းကျိုးဖြစ်စဉ်ကို နားလည်လိုက်ရင် အရာရာဟာ ဓမ္မသဘာဝအတိုင်းပါပဲ။
.................................

နောက်ဆုံးအကြိမ် ရှင်းတမ်း
❆ ★ ★ ★ ★ ★ ★ ★ ❆
ကြောင်းကျိုးနှင့်ပတ်သက်လို့ အဝိဇ္ဇာမှ မချုပ်သေးရင် သင်္ခါရသဘောဟာ ဖြစ်နေမှာပဲ။ သင်္ခါရကြောင့် ဝိဉာဏ်ဆိုတာ မဖြစ်ဘဲကိုမနေပါဘူး။ ဖြစ်ကိုဖြစ်ပါတယ်။
 ဒီလိုသိရမယ်။ ဒီလိုသိလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။ ဥစ္ဆေဒဒိဋ္ဌိဆိုတာ မဖြစ်တော့ဘူးလို့ စွဲယူထားတဲ့ ဒိဋ္ဌိကိုး။

သင်္ခါရကြောင့် ဝိဉာဏ်ဖြစ်တယ်။ ဒါပေမယ့် ဝိဉာဏ်ဖြစ်လာတဲ့အခါမှာ သင်္ခါရမဖြစ်တော့ဘူး။
သင်္ခါရဟာ ဝိဉာဏ်အတွက် အထောက်အပံ့ပေးပြီးတော့ ပျက်သွားပါပြီ။
 အခုဖြစ်နေတာ ဝိဉာဏ်ပဲ၊ သင်္ခါရပညတ် မဟုတ်တော့ဘူး။ ဒီလိုအကြောင်းကြောင့် ဒီလိုအကျိုးတွေဖြစ်နေတယ်လို့ ဉာဏ်ထဲမှာရှင်းအောင် သိလိုက်ပြီဆိုတာနဲ့ သဿတဒိဋ္ဌိလည်းစင်တယ်၊
ဥစ္ဆေဒဒိဋ္ဌိလည်း စင်သွားပါတယ်။

ဒီဒိဋ္ဌိနှစ်ပါးစင်ရင် မဇ္ဈိမပဋိပဒါဖြစ်တဲ့ အလယ်လမ်းပေါ် ရောက်ပါပြီ။

ဒီလို အကြောင်းနဲ့အကျိုး ရှင်းအောင်နားလည်ပါမှ ရဲရင့်တဲ့စိတ်တွေ ပေါ်လာနိုင်တယ်။
မဂ္ဂင်ရဲ့အင်အားလည်း ပိုကောင်းလာနိုင်တယ်။
ဒီနေရာမှာ အကြောင်းဆိုတဲ့သဘောဟာ အထည်ကိုယ်ဒြပ်နဲ့ လိုက်တာမျိုး မဟုတ်ပါဘူး။
 သတ္တိပဲ လိုက်တာဖြစ်ပါတယ်။

ဟုတ်,မဟုတ်ဆိုတာ ခန္ဓာဘက်ကို ဉာဏ်နဲ့လှည့်ကြည့်လိုက်ပါ။ ပူတယ်အေးတယ်, တောင့်တင်းတယ်, ကိုက်ခဲတယ်ဆိုတဲ့ ဒုက္ခဝေဒနာပေါ်လာတာကို စိစစ်ကြည့်လိုက်ရင် ခန္ဓာအပေါ်ပိုင်းက အောက်ပိုင်းကြမ်းပြင် အမာကြီးပေါ်ကို ဖိထိုင်လိုက်တော့ အတွေ့အထိဆိုတဲ့ ဖဿသဘောကြောင့် ဝေဒနာဖြစ်တယ်ဆိုတဲ့ သဘောကိုကြည့်ရင် သိသာပါတယ်။

စိတ်နှင့်စိုက်ပြီးကြည့်လိုက်ပါ ဓမ္မမိတ်ဆွေ။

 ဝေဒနာဟာ ပျောက်သွားမယ်၊ ပျောက်သွားခြင်းဟာ ပျက်သွားခြင်းပဲ။

 ဖြစ်မှုသဘောကိုသိလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်။

ပျက်မှုသဘောလေးကိုသိလိုက်ရင် ခိုင်တယ်မြဲတယ်လို့ ယူဆထားတဲ့ သဿတဒိဋ္ဌိ စင်ပါတယ်။

 ဖြစ်မှုသဘောထဲမှာလည်း ငါမပါ၊ ပျက်မှုသဘောထဲမှာလည်း ငါမပါတာသိရင် ငါစွဲသူစွဲ, ပုဂ္ဂိုလ်စွဲတွေ စွဲနေတဲ့ သက္ကာယဒိဋ္ဌိ စင်ပါပြီ။ ဒီဒိဋ္ဌိကြီး(၃)ခု စင်မှသာ မဂ္ဂင်လမ်းပေါ် ထိထိမိမိ ရောက်ပြီသာမှတ်ပါ။

ဒီဒိဋ္ဌိကြီးသုံးခုဆိုတာ အလိုလိုကွာသွားမယ့်အရာတော့ မဟုတ်ပါဘူး။
 ခန္ဓာ့ဖြစ်စဉ် ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှပဲ ကွာနိုင်ပါတယ်။
ဒိဋ္ဌိခွာတဲ့နေရာမှာ
သိမှုနှင့်အရင်ခွာရမယ်၊
ပွားမှုနှင့်ခွာရမယ်၊
ပယ်မှုနှင့်ခွာရမယ်ဆိုပြီး သုံးမျိုးရှိပါတယ်။

 သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိဟာ ဘယ်ကလာသလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်မသိရာကနေ လာပါတယ်။ မသိဘူးဆိုတာ အဝိဇ္ဇာပဲ။

အဝိဇ္ဇာဆိုတာ ခန္ဓာ့ဒုက္ခကို မသိတာ(တနည်း)သစ္စာလေးပါးကို မသိတာ။ ဒီလိုမသိတော့ သုခထင်ပြီး သင်္ခါရတွေ ပြုလုပ်တယ်။ ဒီသင်္ခါရပြုခြင်းကြောင့် ဝိဉာဏ်ဆိုတာ ဖြစ်လာတယ်။ ဒါဟာ အခုလက်ရှိ ပစ္စုန်ပ္ပန်ခန္ဓာကို ပြောနေတာနော်။ အမေမွေးတဲ့ခန္ဓာတို့ မနေ့ကခန္ဓာတို့ဆိုတာ ပျက်စီးသွားပြီ။

 ဝိဉာဏ်ဖြစ်တာနဲ့ သင်္ခါရချုပ်တယ်။ ဝိဉာဏ်ဖြစ်တာနဲ့ ခန္ဓာငါးပါးပေါ်ပြီပဲ။ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ ဒီငါးပါးရဲ့နောက်က တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ အနာဂတ်ဘဝဖြစ်ကြောင်း သုံးပါးဆိုတာ ဖြစ်လာတော့တာပဲ။

 အခုလက်ရှိခန္ဓာမှာ ဖြစ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်(၈)မျိုးထဲမှာ အဆုံးဖြစ်တာ ဝိဉာဏ်ပဲ (ဝိဉာဏ်ဆိုတာ ပဋိသန္ဓေဝိဉာဏ်ကိုပြောခြင်းသာ) အခုလက်ရှိဖြစ်ပေါ်နေတဲ့ဝိဉာဏ်က ပဝတ္တိဝိဉာဏ်လို့ခေါ်တယ်။ ဝိဉာဏ်ဆိုတာ စိတ်ပဲ၊ စိတ်နဲ့ သဟဇာတဖြစ်နေတာက ရုပ်ပဲ၊ ဒီလိုသိလိုက်ရင် ပုဂ္ဂိုလ်သတ္တဝါဆိုတာ မပါတော့ဘူး။ ဒါဆို သဿတဒိဋ္ဌိစင်တယ်။ ဒိဋ္ဌိဆိုတာ အကြောင်းအကျိုးကိုနားလည်မှ ပြုတ်တဲ့အမျိုးပါ။

ပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့ သိလိုက်ပြီဆိုရင်တော့ ဒီသဘောဟာ ခန္ဓာကို နားလည်လိုက်ခြင်းပဲ။ ခန္ဓာလို့ပြောလိုက်ရင် နာမ်ရုပ်ဆိုတာ ဖြစ်ပြီးသားပဲ။

 ဒီနာမ်ရုပ် ဘာကြောင့်ဖြစ်သလဲဆိုတာ အကြောင်းရှာကြည့်ရင် သင်္ခါရကြောင့်ဆိုတာ ရှင်းတယ်။

 သင်္ခါရကြောင့် ဝိဉာဏ်ပေါ်တယ်၊ ဝိဉာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်။ ဝိဉာဏ်ဖြစ်ပြီး ချုပ်တာနဲ့ ဒီနာမ်ရုပ်ပေါ်လာခြင်းဟာ ဝိဉာဏ်က ကျေးဇူးပြုလိုက်လို့ပဲ။

ပဝတ္တိဝိဉာဏ်နဲ့ ပဋိသန္ဓေဝိဉာဏ်နှစ်ခုစလုံးဟာ ဖြစ်လည်းဖြစ်တယ်၊ ချုပ်လည်းချုပ်တယ်လို့ ဉာဏ်နဲ့သိလိုက်တာနဲ့ ဥစ္ဆေဒဒိဋ္ဌိ အလိုလိုကွာသွားပါတယ်။
 တိုတိုလေး မှတ်ထားလိုက်ပါ...

အဖြစ်မြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်၊
အပျက်မြင်ရင် သဿတဒိဋ္ဌိစင်တယ်။

ဥပမာ... ဟင်းကောင်းကောင်းလေးနဲ့ ထမင်းစားတယ်ဆိုပါစို ့ ဟင်းကောင်းလေးနဲ့ လျှာအကြည်ဓာတ်
 ပေါင်းလိုက်ချိန်မှာ ဖဿဆိုတာ ချက်ချင်းဖြစ်ပါတယ်။
ဒီဖဿကြောင့် စားကောင်းတယ်ဆိုတဲ့ ခံစားမှုဟာ ဝေဒနာပါပဲ။
စားလို့ကောင်းတာ ဝေဒနာ၊ နောက်ဆက်ပြီး စားချင်တာက တဏှာ၊ ဒါဟာ "ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ"ဆိုပြီး ဆက်တိုက်ကြောင်းကျိုးဆက်ပြီး ဖြစ်ပေါ်လာပါတယ်။
စားကောင်းလို့ သုခဝေဒနာပေါ်ရင် သောမနဿ၊ စားမကောင်းလို့ ဒုက္ခဝေဒနာပေါ်ရင် ဒေါမနဿဆိုပြီး ဆက်သွားပါသေးတယ်။

ဒီခန္ဓာဖြစ်စဉ်တွေကို သတိနဲ့မကြည့်တတ်ရင် သူပြုသမျှ နုရမယ့်ဘဝပါ။
 သတိနဲ့ကြည့်မှ သူပြုသမျှ မခံရမှာ။
ဒီလိုနှိပ်စက်ဒဏ် မခံချင်ကြဘူးဆိုရင် ဖြစ်ပေါ်ပျက်စီးနေတဲ့ ဓမ္မသဘောကိုကြည့်ပြီး ငါမဟုတ်ဘူး၊
မမြဲဘူး၊ ဖြစ်လိုက်ပျက်လိုက် သဘာဝဓမ္မသဘောပဲလို့ သိလိုက်ရင် ဒါဟာ ဖဿ၊ ဖဿကြောင့် ဝေဒနာပေါ်တယ်၊

 ဝေဒနာကြောင့် သုခ(သို့)ဒေါသပေါ်တယ်ဆိုတဲ့ သဘောကို ရှင်းအောင်သိလိုက်ရင် ဘဝဖြစ်စဉ်ကို သေသေချာချာသိသွားသည့်အတွက် ဒိဋ္ဌိဖြစ်ခွင့်မရှိတော့ပါဘူး။

 ဒိဋ္ဌိဖြစ်ခွင့်မရှိရင် တဏှာ၊ ဥပါဒါန်၊ ကံတွေကိုလည်း အလိုလိုပယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီလိုရှင်းလင်းစွာသိမှသာ တစ်သံသရာလုံးမှ ကပ်ငြိတွယ်တာလာခဲ့သောဒိဋ္ဌိ ကင်းစင်စေမည့်အကြောင်း ကြိုးစားရေးသားရင်း နိဂုံးကမ္မအဆုံးသတ်လိုက်လေတော့သည်

thanks< original uploader
🙏🙏🙏⛲📖📖📖⛲🙏🙏🙏

Wednesday, May 13, 2020

"ကျတ်တွင်း"


❤❤❤❤
  #ဟမ်စိုင်း (ဆေး/မန်း)
❤❤❤❤

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့မျက်လုံးကို ပြူးကျယ်သွားစေတယ်။ ဒီလူ့ရဲ့ အပြော တွေအောက်မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ်။ အသက်ရှူတွေ မြန်လာပြီး ကျွန်မ ရဲ့လက်တွေက တဆတ်ဆတ် တုန်လာတယ်။ ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ဒီလူ့ကို ကျွန်မ ဘာပြန်ပြောရပါလိမ့်။
*****************************

“ချစ်... ပိုးတန်းထဲက အိမ်လေး မဆိုးဘူးနော်။ အဲဒီမှာပဲ နေကြစို့လား”

မုန့်ဟင်းခါးသောက်ရင်း ပြောနေတဲ့ မောင့်ရဲ့ အပြောကို ကျွန်မ ခေါင်းမခါမိသလို ခေါင်းလည်း မညိတ်မိသေးဘူး။ ပိတ် ရက်လေးရတုန်း စစ်ကိုင်းမြို့ထဲမှာ အိမ်ငှားဖို့ အိမ်လိုက်ရှာနေရတာ တစ်နေကုန်တော့မယ်။ စိတ်တိုင်းကျတဲ့အိမ် တွေ့တော့ လည်း ခေါ်တဲ့စျေးတစ်လစာက ကျွန်မတစ်လစာ မကဘူး။ စျေးနည်းတဲ့ အိမ်ကျတော့လည်း ရေ၊ မီး၊ အိမ်သာ အဆင်မပြေ တာမို့ ကျွန်မနဲ့မောင်က မကြိုက်ကြပြန်ဘူး။ အိမ်ငှားဖို့ လိုက်ရှာရင်း အမောဆို့၊ ဗိုက်ဆာတာနဲ့ သုဓမ္မာလမ်းက မုန့်ဟင်းခါး ဆိုင်မှာ မုန့်ဟင်းခါးစားရင်း မောင်နဲ့ ကျွန်မ တိုင်ပင်နေကြတာ။

“ကြိုက်တော့ ကြိုက်ပါတယ် မောင်ရယ်။ ဒါပေမဲ့ ဘေးပတ်လည်က အိမ်ငှားတွေနဲ့ အဆင်ပြေပါ့မလား။ နောက် စျေးကလည်း...”

သံပရာရည်ကို မုန့်ဟင်းခါးထဲ ညှစ်ရင်း ကျွန်မရဲ့ ဝန်ထမ်းဘဝကို ခပ်ချဉ်ချဉ်တွေးနေမိတယ်။ ကျွန်မက နယ်ဆေးရုံ ကနေ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးကို သိပ်မကြာခင်ကမှ ပြောင်းခဲ့ရတဲ့ သူနာပြုဆရာမတစ်ယောက်ပါ။ ဆေးရုံမှာ ဝန် ထမ်းအိမ်ရာ သွားလျှောက်တော့ အိမ်ထောင်သည်လိုင်းခန်း အလွတ် မရှိသေးတာမို့ မပေးနိုင်သေးဘူး ပြောတယ်။ အခန်း တစ်ခန်းထဲမှာ အိမ်ထောင်သည် နှစ်စု အတူနေဖို့ ပြောလို့ အခန်းကို သွားကြည့်မိပါတယ်။ အမလေးလေး ဆယ်နှစ်ပေပတ် လည် အခန်းကျဉ်းလေးထဲမှာ အိမ်ထောင်သည် နှစ်စု နေရမယ်ဆိုတာသိတော့ ပထမနေနေတဲ့ အစ်မကိုလည်း အားနာရ၊ သူ့ပစ္စည်းတွေနဲ့ ကလေးနှစ်ယောက်နဲ့တင် အခန်းက ပြည့်ရုံမက လျှံထွက်နေတာ။ ကျွန်မတို့ လင်မယားက ဘယ်လိုလုပ် ဝင်နေလို့ အဆင်ပြေပါ့မလဲ။ ဒါနဲ့ပဲ မရှိမဲ့ ရှိမဲ့ ပိုက်ဆံနဲ့ မြို့ထဲမှာ အိမ်ငှားနေဖို့ စီစဉ်လိုက်ရတာ။

“ပြေမှာပါ ချစ်ရဲ့။ မောင် အလုပ်သွားရတဲ့ ညတွေမှာ ဘေးအိမ်က လူတွေရှိတော့ မောင် နောက်ဆံမတင်းရတော့ဘူးပေါ့ ကွာ”

မောင်က ကားသမားဆိုတော့ အော်ဒါရရင် မကြာခဏ ခရီးထွက်နေရတတ်တယ်။ ဝန်းအကျယ်ကြီးထဲမှာ ဝါးထရံ၊ သွပ်မိုးထားတဲ့ သုံးပင် အငှားအိမ်လေးတွေကို မောင်က သဘောကျနေပုံပဲ။ အိမ်သာ၊ ရေချိုးခန်း သီးသန့်ဆောက်ပေးထား တာမို့ ကျွန်မလည်း သဘောကျပါတယ်။ ဝန်းအကျယ်ကြီးထဲမှာ အိမ်ငှား ငါးအိမ်ကို ဆောက်ထားပြီး အိမ်ရှင်တွေက ဘေး ကပ်လျက်ခြံမှာ သီးသန့်နေကြတာမို့ အိမ်ရှင်နဲ့အတူ တွဲမနေရတာကိုလည်း ကျွန်မ သဘောကျပါတယ်။ သဘောမကျတာ က တစ်လတစ်လ ကျွန်မလစာနီးပါးပေးရမယ့် အိမ်ငှားခကိုပါ။

“စျေးကတော့ မကြည့်တော့နဲ့ ချစ်ရေ။ ဒီတမြို့လုံး ပတ်ရှာပြီးပြီလေ”

“အင်းပါ မောင်ရဲ့။ ဒါပေမဲ့ ဘေးအိမ်က အိမ်ငှားတွေမှာ အမူးသမားပါမှာ ချစ် ကြောက်တယ်။ အမူးသမားဆို ကြည့်လို့ကို မရဘူး”

“ချစ်ကလည်း၊ သူများ မကောင်းလည်း ကိုယ်ကောင်းဖို့ပဲ လိုတာပါ။ အဲဒီမှာပဲ ငှားလိုက်ရအောင်နော်။ ကဲ ပိုက်ဆံ စရံသွား ချေထားရအောင်"

မောင်က ပိုက်ဆံရှင်းဖို့ စားပွဲထိုးကို ခေါ်တယ်။
“အင်းပါ။ ဆေးရုံက လိုင်းခန်းလွတ်ရင် ဆေးရုံကို ပြောင်းရအောင်နော်”

“ကမ္ဘာလဆန်းတစ်ရက်နေ့လား... ဟားဟား”

         ရယ်နေတဲ့ မောင့်ကို မျက်စောင်းထိုးမိတယ်။ လိုင်းခန်း မရနိုင်သေးတာ သိလျက်နဲ့ ဆေးရုံက ပေးမယ့် အဆောင်ကို မျှော်ရင်း တစ်ဆက်တည်းမှာပဲ ဘေးအိမ်က အိမ်ငှားတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရမယ်လို့ ကျွန်မ တွေးမိတယ်။ မောင်မရှိတဲ့အချိန် အရေးရယ် အကြောင်းရယ်ဆိုရင် ဘေးအိမ်ကလူတွေကိုပဲ အားကိုးရမှာ။
******************************

ကျွန်မတို့ငှားနေတဲ့ ဝန်းထဲမှာ အိမ်ငှား ငါးလုံးရှိပေမဲ့ လက်ရှိနေတာဆိုလို့ ကျွန်မတို့ အိမ်ရယ်၊ ဘေးအိမ်က အိမ်ရယ်မှာသာ လူငှားတွေ တွေ့ရတယ်။ ခြေရင်းအိမ်က အိမ်ငှားတွေက တစ်ခါတလေသာ လာနေတယ်လို့ အိမ်ပိုင်ရှင်က ပြောတယ်။

“သူများ မယားတွေများ ကြင်နာလိုက်တာဗျာ”

ဆေးရုံ ဂျူတီသွားဖို့ အပြေးအလွှားလုပ်နေတဲ့ ကျွန်မအတွက် မောင်က ကော်ဖီဖျော်ပေးရင်း ဘေးအိမ်ကို မျက်စ ပစ်ပြတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ရိုမန်တစ် ဆန်ဆန်ပဲ။ မိန်းမဖြစ်သူက သူ့အမျိုးသားကို ထမင်းခွံကျွေးနေ တာ။ ဆံပင်နီနီနဲ့ ခေတ်ဆန်ဆန် ဝတ်ထားတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အမျိုးသားက ကလေးလေးလို ထိုင်ပြီး ထမင်းစား နေတယ်။

“တော့်ကို အစကတည်းက ပြောပြီးသားနော်။ အနွံတာခံနိုင်မှ လက်ထပ်ပါလို့”

စကားပြောရင်း သနပ်ခါးသွေးကာ သနပ်ခါးလိမ်းရတယ်။ သနပ်ခါးလိမ်းပြီးတာနဲ့ ရင်လျားထားတဲ့ ထဘီကိုချွတ် အဝတ်အစားလဲရတယ်။

“ဟုတ်ပါပြီ မိန်းမရာ။ ချစ်ကြိုက်တဲ့ ကော်ဖီလေး ဖျော်ထားပါတယ်ခင်ဗျ”

မောင်နဲ့ ကျွန်မ တိုင်ပင်မထားပါဘဲ ဘေးအိမ်ကို ကြည့်မိကြပြန်တယ်။ မိန်းမလုပ်သူက သူ့ယောက်ျားရဲ့ နှုတ်ခမ်း ကို တစ်ရှူးစလေးနဲ့ သုတ်ပေးနေတယ်။ ယောက်ျားလုပ်သူက သူ့မိန်းမ လည်ပင်းကို နမ်းလိုက်တယ်။ လက်ကနာရီကို ကြည့်မိတော့ ခုနှစ်နာရီအတိ။

“အမလေး၊ ခုနှစ်နာရီတောင်ထိုးနေပြီ။ နောက်ကျလို့ မာမီသောင်းက ဆူတော့မှာပဲ”

စားပွဲပေါ် မောင်ဖျော်ပြီး ချထားတဲ့ ကော်ဖီကို အနံ့တောင် မခံနိုင်တော့ဘဲ အမြန်မော့ရင်း ပဲကိတ်နှစ်လုံး အမြန် စားရတယ်။ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး အိမ်ရှေ့ထွက်လာတဲ့အချိန် မောင်က ဆိုင်ကိုယ်ပေါ်ခွလို့ အသင့်အနေအထားနဲ့ စောင့်နေတယ်။ ဟိုဘက်အိမ်က စုံတွဲလည်း ဆိုင်ကယ်တစ်စီး အတူစီးပြီး ထွက်လာတာကို တွေ့ရတယ်။ မိန်းမဖြစ်သူက သူ့အမျိုးသားရဲ့ ခါးကို လက်တစ်ဖက်က ဖက်ပြီး ကျန်လက်တစ်ဖက်မှာ ခြင်းတောင်းလေးကို ကိုင်ထားတယ်။

“အသစ်ပြောင်းလာတဲ့ အိမ်ငှားတွေလား။ တွေ့ရတာ ဝမ်းသာပါတယ်ရှင့်”

အနားရောက်ရောက်လာချင်း နှုတ်ဆက်လိုက်တဲ့ စကားသံကြောင့် မောင်နဲ့ ကျွန်မ မျက်လုံးအဝိုင်းသား ကြည့်မိ ကြတယ်။ လင်နဲ့မယားလို့ ထင်ထားတဲ့ အတွဲက လင်နဲ့လင် ဖြစ်နေတယ်။ ဆိုင်ကယ်အရှေ့က ကောင်လေးက အသား ဖွေးဖွေး၊ မျက်ခုံး ကောင်းကောင်း၊ နှာတံ ပေါ်ပေါ်နဲ့ တကယ့်ကို သန့်သန့်ပြန့်ပြန့်။ ကျွန်မတို့ကို နှုတ်ဆက်စကားဆိုသူက ဆိုင်ကယ်အနောက်ကနေ လိုက်လာတဲ့လူ။ နှုတ်ခမ်းနီတွေကို ရဲနေအောင် ဆိုးထားပြီး ကြိုးတစ်ချောင်းအင်္ကျီ၊ ဘောင်းဘီဖင် ကျပ် ဝတ်ထားတဲ့လူ။ မျက်နှာက ဝက်ခြံတွေကို မိတ်ကပ်ဖို့ထားပေးမယ့် သူ့ရဲ့ ရုပ်ရည်က ကြည့်ပျော် ရှုပျော်ကို ရှိမနေခဲ့ဘူး။

“ဟုတ်ကဲ့ဗျ။ အိမ်ငှား အသစ်တွေပါ။ တွေ့ရတာ ဝမ်းသာပါတယ်''

မောင်က ဆိုင်ကယ်အရှိန်ကို လျော့ပြီး ရပ်ကာ နှုတ်ဆက်တယ်။ ကျွန်မကလည်း ခေါင်းငြိမ့် ပြုံးပြရင်း အသိအမှတ် ပြုလိုက်တယ်။

“ကျွန်မက ရွှေရွှေပါ။ သူက ကျွန်မ အမျိုးသား ကိုအောင်။ အသစ်ပြောင်းလာတဲ့ သူနာပြုလင်မယား ထင်တယ်”

“ဟုတ်တယ်ဗျ”

သူတို့နှစ်ယောက်စလုံးမှာ နှစ်လိုဖွယ်အပြုံးနဲ့ ဖော်ရွေမှုကို တွေ့ရတယ်။
“အခု အလှူတစ်ခုကို မိတ်ကပ်သွားလိမ်းပေးရမှာမို့ နောက်ကျနေလို့ပါ။ ညနေမှ အေးဆေး လာလည်မယ်နော့”

“ခွင့်ပြုပါဦးဗျ”

“ဟုတ်ကဲ့ဗျ”

“ဟုတ်ကဲ့ရှင့်”

“အဲကွာ။ ငါက တကယ့် မိန်းမနဲ့ယောက်ျား အတွဲထင်နေတာ”

ရွှေရွှေတို့အတွဲ မြင်ကွင်းထဲက ထွက်သွားတော့ မောင်က အံ့သြစွာ ပြောတယ်။ မောင်နဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြတယ်။
*************************

မနက်အစောကြီး ရှိသေးတယ်။ စစ်ကိုင်းဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနမှာ လူနာတွေက စုပြုံနေတယ်။ လက်ထဲက ခြင်းတောင်းကို အခန်းထဲထားပြီး တာဝန်ကျရာ နေရာမှာ ဝင်ထိုင်ပြီး Duty Over ယူရတယ်။

“မောနီးဆရာ”

“မောနီး အစ်မ”

“မောနီး ညီမ”
       ထုံးစံအတိုင်း တာဝန်ကျဆရာနဲ့ ဆရာမကို နှုတ်ဆက်စကားဆိုရတယ်။

“ဘာအိုဗာ ပေးစရာရှိလဲ အစ်မ”

“မနက်ကတည်းက မီးပျက်နေတာ ညီမရေ။ မီးလာချိန် စာအုပ်ထဲ ရေးဦးနော်။ မရေးရင် ဒဏ်ငွေပေးရမယ်။ နောက် Rabies vaccines (ခွေးရူးပြန်ကာကွယ်ဆေး) ပြတ်နေတယ်။ မာမီလာရင် ထုတ်ခိုင်းဦး။ နောက် ထိုးဆေးစာရင်း၊ သောက်ဆေးစာ ရင်း တွေလုပ်ရဦးမယ်”

ကျွန်မတို့ သူနာပြုဆရာမတွေလည်း စာရင်းကိုင် သင်တန်း မတက်ခဲ့ရဘဲ ဆေးစာရင်း၊ မီးစာရင်း၊ ဘာစာရင်း၊ ညာစားရင်းတွေ မှတ်ရလွန်းလို့ စာရင်းကိုင် ကျွမ်းကျင်သူတွေကို ဖြစ်လို့။ ဆေးထိုးပေးရမှာလား စာရင်းပဲ တွက်ပေးရမှာလား တောင် ဝေခွဲရခက်နေပြီ။

“ဆရာ လူနာ ထပ်ခေါ်ပေးရမလား”

ကုတင်ပေါ်က ခေါင်းကွဲလူနာကို ချုပ်ပေးပြီး ဆေးမှတ်တမ်းရေးနေတဲ့ ဆရာ့ကို မေးတော့ ဆရာက ခေါင်းငြိမ့်ပြတယ်။

“ဒေါ်ပုမ”

လူနာစာအုပ်ပုံ တစ်ထပ်ကြီးထဲက အပေါ်ဆုံးစာအုပ်က နာမည်ကို ခေါ်တော့ အသက်သုံးဆယ် အရွယ် အမျိုးသမီး က မျက်ကွင်းတစ်ဖက်ကို အုပ်ပြီး တဟီးဟီးနဲ့ ငိုယိုပြီး ဝင်လာတယ်။ တာဝန်ကျဆရာဝန်က မေးမြန်းတော့ သူ့ရဲ့ ယောက်ျား က မူးပြီး ထိုးတယ်လို့ သိရတယ်။ ရဲစခန်းသွားတိုင်တော့ ဆေးစာယူဖို့ ဆေးရုံကို လွှတ်လိုက်တာလို့ သိရတယ်။ အဲဒီလို မူးရူးပြီး ရမ်းကားတဲ့ အရက်သမားတွေကို ကျွန်မ မုန်းလိုက်တာ၊ သူများသားသမီးကို ယူတုန်းက ယူထားပြီး တိရစ္ဆာန် မသောက်တဲ့ အရည်တွေသောက်ပြီး ရမ်းကားနေကြတာ။

“ဆရာမရေ ရဲစခန်း ဖုန်းဆက်ခေါ်ပေးဦး။ ရဲစခန်းက လွှတ်တယ်ပြောပြီး ရဲလည်း ပါမလာဘူး”

“ဟုတ်ကဲ့ဆရာ”

ငိုနေတဲ့ ဒေါ်ပုမ မျက်ကွင်းတစ်ဖက်က ပန်ဒါဝက်ဝံမျက်လုံးလို ညိုမည်းလို့။ ကျွန်မလည်း ဝမ်းသာအားရနဲ့ ရဲစခန်း ကို ဖုန်းဆက်ပေးလိုက်တယ်။

“ဟယ်လို၊ မြို့မရဲစခန်းကပါလား။ စစ်ကိုင်းဆေးရုံကြီးက ဆက်တာပါ။ PC(မှုခင်း)လူနာ ရောက်နေလို့”

မှုခင်းလူနာတွေလာရင် ရဲစခန်းကို ဖုန်းဆက်ပေးရတယ်။ တာဝန်ကျ ရဲအရာရှိက ဆေးစာစာရွက်ကို တာဝန်ကျ ဆရာဝန်ဆီ လာပေးကာ ဆေးစာရေးခိုင်းရတယ်။ နောက်တော့ တရားရုံးမှာ ဆရာဝန်က ဒဏ်ရာ အတိမ် အနက်၊ သာမန် ဒဏ်ရာ၊ ပြင်းထန်ဒဏ်ရာကို ထွက်ဆိုပေးရတယ်။ ဒီခေတ်ကြီးထဲ ယောက်ျားတွေ နှိပ်စက်သမျှ မိန်းမတွေ ငြိမ်ခံရမယ့် ခေတ် မဟုတ်တော့ဘူးလို့ ကျွန်မတွေးမိတယ်။ တုန့်ပြန်သင့်တာ တုန့်ပြန်မှ အရက်သမားတွေ မှတ်ကြမှာ။ မောင့်ကိုလည်း အရက် မသောက်ဖို့၊ အရက်မပြောနဲ့ ဘီယာနဲ့ဝိုင်တောင် မသောက်ဖို့ ကျွန်မ မှာထားတယ်။ အရက်မသောက်မှ လက်ထပ်မယ်လို့ ပြောပြီး မောင်နဲ့ လက်ထပ်ခဲ့ကြတာ။
**************************

စစ်ကိုင်းကို ရောက်ပြီး တစ်လအကြာမှာ ကျွန်မတို့ စုံတွဲနဲ့ ဘေးအိမ်က ရွှေရွှေတို့ စုံတွဲဟာ တကယ့် ငယ်ပေါင်း ကြီးဖော်တွေလို ဖြစ်သွားကြတယ်။ သူတို့စုံတွဲရဲ့ ဖော်ရွေမှုကြောင့်လည်း ပါတာပေါ့။ အာပူလျှာပူနဲ့ အကြော် သိပ်ကြိုက်တဲ့ ကျွန်မနဲ့ ရွှေရွှေက ညနေခင်း အားလပ်ချိန်တိုင်း စစ်ကိုင်းကမ်းနားလမ်းမှာ လမ်းလျှောက်ရင်း သွားစားကြသလို လက်ဖက် ရည်ကြိုက်ပြီး ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်တဲ့ မောင်နဲ့ ရွှေရွှေရဲ့ အမျိုးသားကလည်း ညီအစ်ကိုလို ဖြစ်နေကြပြီ။
ရွှေရွှေနဲ့ ကျွန်မ ပေါင်းလာတာကြာတော့ ရွှေရွှေက သူ့ယောက်ျားကို အလွန်ချစ်ပြီး သဝန်တိုတာကို သိလာရသလို၊ စရိုက်လည်း ကြမ်းတာ သိခဲ့ရတယ်။ ကျွန်မနဲ့ ရွှေရွှေ ကမ်းနားလမ်းမှာ အာပူလျှာပူသောက်ကြရင်း ရွှေရွှေက ရင်ဖွင့်စကား ဆိုတယ်။

“စနိုက်ကြော်မ အကြောင်းတွေ ပြော မပြောချင်ဘူး အစ်မရေ။ ဟိုဘက် တစ်အိမ်ကြော်က အစစ်မလေ။ ရွှေရွှေ ယောက်ျား ကို နှိုက်မြည်းချင်နေတာ”

“ဟုတ်ရဲ့လား ရွှေရွှေရယ်”

“ဟုတ် ဟုတ် နဲ့တောင် မြည်နေသေး အစ်မရယ်။ နောက်ပြီး ခြေရင်း နှစ်အိမ်ကျော်က ကျူရှင်ဆရာ အပုန်းမကလည်း ရွှေရွှေ့ယောက်ျားကို ကြိတ်ကြံနေတာ”

စကားပြောကြမ်းပေမဲ့ ရွှေရွှေဘဝက သနားစရာကောင်းပါတယ်။ မိန်းမစိတ်ပေါက်နေတာမို့ မိဘတွေက ပစ်ထား ကြတယ်။ အတန်းပညာသိပ်မတတ်ပေမယ့် မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ သူ့ခြေထောက်ပေါ်ကို သူ ရပ်တည်ခဲ့တယ်။ ဒီကြားထဲ ယောက်ျားယူလိုက်တာမို့ သူ့မိဘတွေက အဆက်အသွယ်လုံးဝ ဖြတ်ထားတာလို့ သိရတယ်။ ရွှေရွှေရဲ့ အမျိုးသား ကတော့ ဘာအလုပ်မှ မလုပ်ဘဲ ရွှေရွှေရဲ့ လုပ်စာကို ထိုင်စားနေတာကို သိရတယ်။

“ဒီလောက် သူ့အပေါ်ကောင်းရက်နဲ့ ရွှေရွှေအပေါ် ဖောက်ပြန်ရင်တော့ သူနဲ့ ရွှေရွှေ အပြတ်ပဲ”

ရွှေရွှေရဲ့ မျက်ဝန်းတွေကို ဖျတ်ခနဲကြည့်မိတော့ ဒေါသအရိပ်အရောင်တွေ သန်းလို့။
***************************

“ရှင် ကျွန်မအနား မကပ်နဲ့။ ဒီအရည်တွေ မသောက်ဘူးလို့ ကတိပေးထားပြီး အီး ဟီး ဟီး"

ဘုန်း… ဘုန်း…
မောင့်ရဲ့ ရင်ဝကို ထုလိုက် ဆွဲကုပ်လိုက် လုပ်ရင်း ကျွန်မ ငိုမိတယ်။ ညနေကတည်းက ဘောလုံးပွဲ သွားကြည့်မယ် ပြောပြီး ရွှေရွှေရဲ့ အမျိုးသားနဲ့ အတူထွက်သွားကြတာ။ မောင်ပြန်လာတော့ ပီကေတွေဝါး၊ သွားတွေ တိုက်နေတာ မသင်ကာ လို့ အနားကပ်မိတော့ ချဉ်စူးစူးအနံ့က နှာခေါင်းထဲ ဝင်လာရော။

“ချစ်ကလည်းကွာ မောင်က ဝိုင်၊ စပိုင်ဝိုင် လေ။ အဲဒါပဲ သောက်ခဲ့တာပါ။ ဟိုကောင် အတင်းတိုက်လို့ပါ။ အရက်တောင် မောင် မသောက်ခဲ့ဘူး”

“သွား လာမဖက်နဲ့။ ဝိုင်လည်း အရက်ပဲ၊ ဘီယာလည်း အရက်ပဲ၊ သူတိုက်တိုင်းသောက်ရအောင် သူ့က မောင့်အဖေမို့လို့ လား”

ဝိုင်နံ့ချဉ်စူးစူးက ကျွန်မကို ပိုဒေါသထွက်စေတယ်။ ဟိုကောင်ကလည်း အခြောက်ထဘီနားခိုစားနေတာ အားမရ ဘဲ မောင့်ကိုလာ ဖျက်ဆီးနေတယ်။

“ချစ်ကလည်းကွာ၊ မနက်ဖြန် မောင်က ခရီးထွက်ရမှာကို။ စိတ်မဆိုးတော့နဲ့ကွာ။ ချစ်မကြိုက်ရင် မောင် နောက် မသောက် တော့ဘူး။ မောင် ကတိပေးတယ်ကွာ။ နော်၊ နော်လို့... ဟော ပြုံးတော့မယ်၊ ပြုံးတော့မယ်”

“ဘာမှ မပြုံးဘူး။ အနား မကပ်နဲ့လို့ ပြောနေတယ်လေ။ နောက်တစ်ခါ သောက်ရင် ဝိုင်သောက်သောက် ဘီယာသောက် သောက် ရှင်နဲ့ ကျွန်မ အပြတ်ပဲ”

“အေးပါ အေးပါ ချစ်ရာ”

မောင့်လက်တွေက ကျွန်မကိုယ်လုံးလေးကို တင်းကျပ်စွာ ဖက်တွယ်ထားတယ်။

“မောင့်ကို မချစ်ဘဲ မနေပါနဲ့နော်”

“သွား လူဆိုးကြီး၊ လာ မဖက်နဲ့လို့ ပြောနေတာကိုး”
**************************

“ငါ နင့် Facebook ကို ကြည့်ပြီးပြီ။ အဲ့ကောင်မနဲ့နင် ပလူးနေကြတာ ရွံ့စရာတောင်ကောင်းတယ်။ ဝေါ့…”

“ငါ မဟုတ်ဘူးလို့ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ”

ဖုန်း… ဒိုင်း…
ရွှေရွှေတို့ အိမ်ဘက်က ဆူသံ၊ ပစ္စည်းရိုက်ခွဲသံတွေကြောင့် ညဂျူတီသွားဖို့ ပြင်နေတဲ့ ကျွန်မ လုပ်လက်စအလုပ် တွေ ရပ်ပြီး နားစွင့်နေမိတယ်။

“နင် ဖြေစမ်းပါ။ ချက်(chat) ထားတဲ့စာတွေ အကုန်ငါသိမ်းထားတယ်။ မယားရှိတာ သိရက်နဲ့ ကြောင်တောင် နှိုက်ချင်တဲ့ ကောင်မတွေ ငါ့ဟာသာ လာနှိုက်ဟေ့”

ရွှေရွှေရဲ့ အသံဟာ တကယ့်ကို ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြားပါ။

“ကဲ နင်ဖြေလေ။ နင် ယောက်ျားပဲ နင်ဖြေလေ”

“နင်က မိန်းမအစစ် မဟုတ်လို့ဟာ။ ရှင်းပြီလား”

“အောင်မယ်။ ငါ့ထဘီနားခိုစားနေတဲ့ ကောင်ကများ”

ဆဲဆိုတဲ့ အသံတွေက ပိုဆူညံလာတယ်။ သူတို့ဆီ သွားဖျန်ဖြေရမလား ချီတုံချတုံဖြစ်နေတုန်း ရွှေရွှေရဲ့ အော်သံ ကို ကြားလိုက်ရတယ်။

“အား… အမလေး… သေပါပြီတော့”

ရွှေရွှေရဲ့ ငယ်သံပါအောင် အော်သံကြောင့် ကျွန်မ ဘာမှမစဉ်းစားတော့ဘဲ အမြန်သွားရတယ်။ သူတို့အိမ်ထဲ ရောက်သွားတော့ ရွှေရွှေက ခွေခွေလေး လဲနေတယ်။ ရွှေရွှေက ကျွန်မကို မြင်တော့ ငိုပြီး ကျွန်မ ဆီပြေးလာတယ်။ ရွှေရွှေ ရဲ့ နဖူးကနေ သွေးတွေစီးကျနေတာ မြင်မကောင်းဘူး။

“ရွှေရွှေကို ကယ်ပါဦးအစ်မ။ ရွှေရွှေ သူနဲ့ မပေါင်းနိုင်တော့ဘူး။ သူ့ကို ထောင်ချရမှ ရွှေရွှေ ကျေနပ်မယ်”

ရွှေရွှေရဲ့ အမျိုးသားက မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အရက်နံ့က ထောင်းခနဲ့ ရတယ်။

“နင်လို အခြောက်မကို ငါကလည်း မပေါင်းနိုင်ဘူး။ ကြိုက်တဲ့ဆီ သွားတိုင်။ ခွီးထဲမှပဲ”

ရွှေရွှေလုပ်စာထိုင်စားနေတဲ့ ကောင်ကများ ရွှေရွှေကို ကြိမ်းမောင်းနေသေးတယ်။

“လာ ရွှေရွှေ”

ကျွန်မရဲ့ ဆိုင်ကယ်ပေါ်မှာ ရွှေရွှေကိုတင်ပြီး စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနကို မောင်းလာမိတယ်။

“အီးဟီးဟီး  ဒီမသာနဲ့ အပြတ်ပဲ အစ်မ။ ဘေးအိမ်က ကောင်မနဲ့ ခိုးစားနေတာသိလို့ ရွှေရွှေကို ရန်ရှာပြီးရိုက်တာ။ သင်းကို အချုပ်ချရမှ ရွှေရွှေ ကျေနပ်မယ်။ ရွှေရွှေရဲ့ အရေပြားက အနာထက် စိတ်ထဲက ဒဏ်ရာက ပိုဆိုးတယ်အစ်မ”

ဆေးရုံ အရေးပေါ်လူနာဌာနမှာ ရွှေရွှေနဖူးက ဒဏ်ရာကို သုံးချက် ချုပ်လိုက်ရတယ်။ ရဲစခန်းကိုလည်း ကျွန်မကိုယ် တိုင် ဖုန်းဆက်ပြီး ဆေးစာလာပို့ခိုင်းလိုက်တယ်။ ရဲအရာရှိက မနက်ဖြန် မနက်မှာ အမှုလာဖွင့်ဖို့ ပြောတယ်။ မာမမီသောင်း ဆီ ခွင့်ခဏတိုင်ပြီး ရွှေရွှေကို အိမ်ပြန်ပို့ရတယ်။ ကျွန်မရဲ့ အိမ်မှာပဲ ရွှေရွှေကို ထားခဲ့ရမယ်။ သူ့အိမ် ပြန်ပို့ရင် ဟိုကောင်က မူးရူးပြီး နှိပ်စက်နေလ်ိမ့်မယ်။

“ရွှေရွှေ အားနာလိုက်တာ အစ်မရယ်”

ကျွန်မရဲ့ အဝတ်အစား တစ်စုံ ထုတ်ပေးတော့ ရွှေရွှေက မဝံ့မရဲ ယူဝတ်တယ်။ မပေးလို့ မဖြစ်ဘူး။ ရွှေရွှေ ဝတ်ထား တဲ့ အဝတ်အစားတွေက သွေးတွေ ပေပွနေပြီ။

“ရပါတယ် ရွှေရွှေရဲ့။ ဘာမှ အားမနာနဲ့။ အစ်မက မနက်ဖြန် ခုနှစ်နာရီမှ ဂျုတီထွက်ရမှာ။ ထမင်းအိုးထဲ ထမင်းနည်းနည်း ကျန်သေးတယ်။ ရေခဲသေတ္တာထဲ ဟင်းတွေရှိတယ်။ ယူစားနော်”

“အစ်မ မနက် ပြန်လာရင် ရွှေရွှေကို ရဲစခန်း လိုက်ပို့ပေးပါနော်။ သင်းကို ထောင်မကျကျအောင် လုပ်ရမှ ရွှေရွှေ နေသာမယ်”

မနက်ဖြန် မနက်ကျရင် ရွှေရွှေကို ရဲစခန်းလိုက်ပို့ပေးရမယ်။ အရက်သမားကောင် အချုပ်ထဲရောက်မှ နားအေးမယ် လို့ ကျွန်မ တွေးမိတယ်။ တစ်ဆက်တည်း မောင်လို လူလိမ္မာလေးကို ရထားတဲ့ ကျွန်မကိုယ်ကျွန်မ ကံကောင်းလိုက်တာလို့ တွေးမိတယ်။
*****************************

မြင်လိုက်ရတဲ့ မြင်ကွင်းက အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်မရဲ့ မျက်လုံးကို ပြူးကျယ်သွားစေတယ်။ ဒီလူ့ရဲ့ အပြော တွေအောက်မှာ ခံစားရခက်တဲ့ တစ်ဆို့ဆို့ အလုံးကြီးက ကျွန်မရင်ဝကို တိုးဝင်လာတယ်။ အသက်ရှူတွေ မြန်လာပြီး ကျွန်မ လက်တွေက တဆတ်ဆတ် တုန်လာတယ်။ ရွှေရွှေလေ။ ဘောင်းဘီဖင်ကျပ်ဝတ်ပြီး သူ့အမျိုးသားရဲ့ ဆိုင်ကယ်နောက်မှ ခွထိုင်လို့။ လက်တွေက သူ့အမျိုးသားခါးကို ပြုတ်ထွက်မတတ် ဖက်ထားတယ်။ ကျွန်မကို မြင်တော့ သူတို့နှစ်ယောက်စလုံး မခို့တရို့ ပြုံးပြကြတယ်။

“မနေ့ညက ကျွန်တော် မူးပြီး ပြောမှားဆိုမှား ရှိခဲ့ရင် တောင်းပန်ပါတယ်အစ်မ။ သူ့ကို ချော့တဲ့ အနေနဲ့ မေမြို့ပန်းပွဲတော်ကို လိုက်ပို့မလို့”

“အစ်မ၊ သူက တောင်းပန်တာနဲ့ ရွှေရွှေလည်း ကျေနပ်လိုက်တယ်”

နဖူးမှာ ပတ်တီးစီးထားတဲ့ ရွှေရွှေရဲ့ မျက်နှာက မှိုရတဲ့ မျက်နှာ။ မဟုတ်သေးဘူး။ သိန်းတစ်သောင်းထီ ပေါက်တဲ့ မျက်နှာနဲ့။

“မမ မေမြို့က ဘာမှာဦးမလဲဟင်”

‘အစ်မ မနက် ပြန်လာရင် ရွှေရွှေကို ရဲစခန်း လိုက်ပို့ပေးပါနော်။ သင်းကို ထောင်မကျကျအောင် လုပ်ရမှ ရွှေရွှေ နေ သာမယ်’ လို့ နာနာကျည်းကျည်း ပြောခဲ့တဲ့ ဒေါသမျက်ဝန်းတွေနဲ့ ရွှေရွှေက အခုတော့ အချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးတွေနဲ့။

“မမ မေမြို့က ဘာမှာ ဦးမလဲလို့”

“ဟုတ်ပါတယ် အစ်မရဲ့ အားနာမနေပါနဲ့။ မှာသာမှာ”

ကျွန်မ တစ်ခုခုတော့ ပြန်ပြောရလိမ့်မယ်။ စဉ်းစားစမ်း၊ စဉ်းစားစမ်း။ ကျွန်မ ဘာပြန်ပြောရပါလိမ့်။ သူတို့ကို ဒေါသ တကြီး ရန်တွေ့လိုက်ရ ကောင်းမလားလို့ ဝေခွဲမရခင် ကျွန်မရဲ့ ပါးစပ်က စကားတွေထွက်ကျလာတယ်။

“ဝိုင်တစ်ပုလင်း၊ မောင့်အတွက် မေမြို့ဝိုင်တစ်ပုလင်းလောက် ဝယ်ခဲ့ပေးပါ”
******************************

                   
ဇန်နဝါရီလ၊၂၀၁၉
ရွှေအမြုတေမဂ္ဂဇင်း

Tuesday, May 12, 2020

သင္အလုပ္မွာ မွားခဲ့ဖူးလား ?

သင္အလုပ္မွာ မွားခဲ့ဖူးလား ?

▪️▪️▪️▪️▪️▪️▪️▪️▪️▪️


Htain Lin Kyaw (HR)

စာဖတ္သူတို့ အမွားဆိုတဲ့ အရာနဲ႔ ကင္းကြာၾကမွာ မဟုတ္ၾကပါဘူး ။ လူဆိုတာ အမွားနဲ႔မကင္းၾကတာေၾကာင့္ ငယ္ငယ္ကတည္းက သုံးခဲ့တဲ့ ခဲတံမွာေတာင္ ေနာက္ပိတ္ကေလးက ခဲဖ်က္ကေလး ပါလာေသးတာေပါ့ ။

ဒီေတာ့ လူတိုင္းမွားဖူးမယ္၊ အမွားအယြင္းေတြက တဆင့္ ျပသာနာေတြကို ၾကဳံေတြ႕ရသလို ၊ သင္ခန္းစာရ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့သူေတြ အမ်ားႀကီးပါ။ ဆိုခ်င္တာက မွားတာက ျပသာနာမဟုတ္ မျပင္တာက ျပသာနာပါ။ အက္ဒီဆင္ က တီထြင္ဆန္းသစ္မွုေတြက မေအာင္ျမင္တဲ့ မွားယြင္မွုေတြဆီကေန  လာတာလို့ဆိုပါတယ္။

မိတ္ေဆြ သင္ေကာ ဘယ္ႏွစ္ခါ မွားဖူးၿပီလဲ ?

အိုင္းစတိုင္းက ေျပာဖူးပါတယ္ 👇🏻👇🏻

အမွားမလုပ္ဘူးတဲ့သူဆိုတာ ၊ ဘာမွ မလုပ္တဲ့သူပါတဲ့ ။

ဒီေတာ့ မွားတာ ေကာင္းလားဆိုေတာ့ လြယ္လြယ္ေျပာရင္ ေကာင္းပါတယ္လို့ ဆိုရမွာပါ။ အလုပ္ထဲမွာ ၊အိမ္မွာ ၊ ဆက္ဆံေရး ပတ္၀န္းက်င္ မွာ အမွားလုပ္မိၾကမွာပါပဲ။

သူတို့ေတြကို မွားခြင့္ျပဳလိုက္ပါ။ အမွား ႏွစ္မ်ိဳးရွိပါတယ္ ဘာလဲဆိုေတာ့ 🤔🤔🤔

🔹ကုစားလို့မရတဲ့ အမွားနဲ႔
🔹ကုစားလို့ရတဲ့ အမွားလို့ ဆိုပါတယ္။

ဒါက ဥပေဒ သေဘာ သဘာ၀ ပိုဆန္ပါတယ္။ ဆိုလိုတာက ဒီႏွစ္ပိုင္းကို သိေအာင္ ေဆာင္ရြက္ထားနိုင္ရင္ မွားခြင့္ျပဳလိုက္ပါ။

လုပ္ငန္းခြင္ထဲမွာ အမွားေတြကို ကၽြန္ေတာ္တို့ ဘာေၾကာင့္လက္ခံသင့္တာလဲ ဆိုေတာ့ ဒီအေပၚကေန ရနိုင္တာေတြရွိလို့ပါ။ ဘာေတြလဲဆိုေတာ့

ေကာင္းမြန္တဲ့ အေတြ႕အၾကဳံ ✔️

ဘာမွ မလုပ္ဖူးရင္ ေတာ့ ဘာအေတြ႕အၾကဳံမွ မရနိုင္ပါဘူး၊ အလုပ္ဆိုတာလည္း လုပ္ရင္မွားမွာပါပဲ ။ ဒီႏွစ္ခုၾကားမွာ ရလာနိုင္တဲ့ အေတြ႕အၾကဳံ ကို ၀ယ္ယူလို့မရနိုင္ပါဘူး ။ ဘာမွ မလုပ္နိုင္ပဲ ႏွစ္ေတြသာ ၾကာသြားတယ္ ၊ အရည္အခ်င္းတက္မလာဘူးဆိုရင္  မိတ္ေဆြ သင္မွား မွာေၾကာက္လာလို့ ပဲ ျဖစ္မွာပါလို့ ဆိုပါရေစ။

မိမိကိုယ္ ကိုယ္ယုံၾကည္ခ်က္ ✔️

ယုံၾကည္မွုရွိျခင္းကလည္း အလုပ္အတြက္ အေရးပါတဲ့ အရာတစ္ခုပါ၊ ကိုယ္လုပ္ေနရတဲ့ အလုပ္အေပၚမွာ ယုံၾကည္စြဲျမဲစြာ လုပ္ကိုင္နိုင္ဖို့လိုပါတယ္။  မွားခဲ့ဖူးတဲ့ အလုပ္ေတြမွာ ဒါလုပ္ရင္ မွားနိုင္တဲ့ဆိုတဲ့ ေပ်ာ့ကြက္ဟာကြက္ ေတြကို သင္ႀကိဳတင္ သိရွိနိုင္တာျဖစ္တဲ့ အတြက္ ဒီအပိုင္းကို ေရွာင္ဖယ္ ေဆာင္ရြက္နိုင္မွာပါ။ ကိုယ့္ ယုံၾကည္မွုဟာ လုပ္ငန္းအတြက္ အားေဆးျဖစ္ပါတယ္။

တာ၀န္ခံလိုတဲ့စိတ္ ✔️

ဒီအခ်က္ကို မရွိေသးရင္ ရွိေအာင္ လုပ္ရမွာျဖစ္ပါတယ္။ မွားတယ္ ၊မွားပါေစ .. ကုစားလို့မရတဲ့အမွား မျဖစ္ေအာင္သာ ေဆာင္ရြက္ထိန္းေက်ာင္းေပးနိုင္ဖို့လိုပါတယ္။ ဒါေပမဲ့ တာ၀န္ခံလိုတဲ့စိတ္ကေလး ထည့္ေပးနိုင္ေအာင္ ေဆာင္ရြက္ဖို့လိုပါတယ္။ ဒါက တည္ေဆာက္ေမြးျမဳရမယ့္ အခ်က္ပါ။

 ဒီအခ်က္ေတြက အမွားအယြင္းေတြဆီကေန ရလာနိုင္တဲ့ အေျခအေနေတြပါပဲ။  ဒါေပမဲ့ အမွားအယြင္းဆိုတာ အျမဲရွိေနလို့ေကာင္းတဲ့ အရာမဟုတ္လို့ ခဏတာ အမွား မခံနိုင္တဲ့ အေျခအေနေတြရွိေနတယ္ဆိုတာလည္း သတိျပဳမိေစခ်င္ပါတယ္။ ကၽြမ္းက်င္မွုမရွိေသးခင္ မွားတဲ့ အမွားက အေလ့အက်င့္မရွိေသးတဲ့ ျဖစ္တဲ့ အမွားပါ။

ကၽြမ္းက်င္သူ အေနအထားမွာ မမွားသင့္တဲ့ အမွားမ်ိဳးကေတာ့ ေပါ့ဆမွုလို့ ဆိုလိုရပါတယ္။ လူေတြက ဒီအမွားအယြင္းကို လက္မခံၾကပါဘူး ။ လုပ္ငန္းခြင္ထဲက မွားယြင္းမွုေတြက ရွိေနဦးမွာပါ၊ ျပင္ဆင္ေပးနိုင္ေအာင္ စီမံခန္႔ခြဲသူေတြ အေနနဲ႔ မွားခြင့္ေပးသင့္ပါတယ္။

 လတ္တေလာ ေတြ႕ၾကဳံေနရတာက မွားမွာေၾကာက္လို့ မလုပ္ရဲ ၊မခိုင္းရဲ ျဖစ္ေနတာေတြေၾကာင့္ အလုပ္ၾကန္႔ၾကာေနရတာေတြက မ်ားပါတယ္။ ဒီေတာ့ မလုပ္လို့မတက္ ၊မတက္ေတာ့ မလုပ္နဲ႔ ေယာင္လည္လည္ျဖစ္ေနရင္း အဖြဲ႕အစည္းရဲ့ အားနည္းခ်က္ႀကီးအျဖစ္ေျပာင္းလဲသြားနိုင္ပါတယ္။

ဆက္ၿပီးေတာ့ မမွားေအာင္ ဘယ္လို လုပ္သင့္သလဲဆိုတာကိုလည္း ေခါင္းစဥ္နဲ႔ တစ္ဆက္တည္းမို့ တင္ျပပါရေစဦး ။ မွားခြင့္ျပဳတာေတာ့ ဟုတ္ပါၿပီ  ၊ ခဏခဏမွားေနရင္ မျဖစ္ေခ်ေသးဘူးဆိုေတာ့ ကိုယ့္၀န္ထမ္းေတြအေပၚ စီမံအုပ္ခ်ဳပ္သူ တစ္ေယာက္အေနနဲ႔ ဘယ္လိုစီမံခန္႔ခြဲသင့္တဲ့ဆိုတဲ့ အပိုင္းပါ။

🔹Pre guide line  

ဒါကအေရးႀကီးပါတယ္ ၊ ဘာလုပ္ရမလဲဆိုတာကို ေသခ်ာစြာမသိပဲလုပ္လို့ျဖစ္လာတဲ့အမွားေတြက မ်ားပါတယ္။ ဒီေတာ့ ကိုယ္တာ၀န္ေပးေတာ့မယ္ အလုပ္တစ္ခုအတြက္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကို သူေသခ်ာသိရဲ့လား၊ ေသခ်ာေကာ နားလည္ရဲ့လား ဆိုတာေသခ်ာသိေစဖို့လိုပါတယ္။ လုပ္ငန္းအဖြဲ႕အစည္းေတြမွာျဖစ္ေနတာက ေသခ်ာစြာနားလည္းမွန္း မသိ၊ ရွင္းျပေတာ့လည္း ၿပီးၿပီေရာ၊ ၀န္ထမ္းကလည္း ျပန္မေမးရဲ ၊ ဒီေတာ့ တာ၀န္တစ္ခုကို နားလည္သလိုလုပ္မိတယ္။ ျပသာနာျဖစ္ေတာ့ ေနာက္ဆုံး ဆုံးရွံးတာက အဖြဲ႕အစည္းပါပဲ ။ လုပ္ေဆာင္ခ်က္ေတြအတြက္ ေသခ်ာစြာ နားလည္ေအာင္ ရွင္းျပဖို့လိုပါတယ္။

🔹Re -Watch

 ကိုယ္က အဖြဲ႕အစည္းအတြက္ တာ၀န္တစ္ခုခုေပးၿပီးၿပီဆိုရင္ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ သူတတကယ္ေကာ လုပ္ေဆာင္ခ်က္ေတြက မွန္ေနရဲ့လား ဆိုတာပါ၊ ဒီေနရာမွာ နည္းနည္း ေရာေထြး တက္တာက ေစာင့္ၾကည့္ထိန္းေက်ာင္းတာနဲ႔ ၀င္ေရာက္ျခယ္လွယ္တာမ်ိဳးကို ကြဲျပားေစဖို့လိုပါတယ္။ သူကို ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္ေတြနဲ႔ လုပ္ေဆာင္ပါေစ၊ ႀကီးမားတဲ့ အမွားအယြင္းမ်ိဳး မျဖစ္ေစဘူးဆိုရင္ အတတ္နိုင္ဆုံး   ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြနဲ႔ ေဆာင္ရြက္ေစနိုင္ဖို့လိုပါတယ္။ဒါက ေစာင့္ၾကည့္ထိန္းေက်ာင္း ရတဲ့ အပိုင္းပါ။

🔹Recognition & Job Enlargement

အတိုခ်ဳပ္ေျပာရရင္ ဒါက စိတ္တြန္းအား တစ္ရပ္လို့ဆိုလို့ရပါတယ္၊ ျဖစ္ေနတာက ဒီအပိုင္းမွာ ျပသာနာေတြ တက္ေနတာပါ။ တကယ္တမ္း ကိုယ္က ေစာင့္ၾကည့္ ထိန္းေက်ာင္းခဲ့တာ မွန္ေပမဲ့ သူ႔အတြက္ စိတ္တြန္းအားတစ္ရပ္ကို ျဖစ္ေစဖို့ပါ။ ထက္ၿပီးေတာ့ ဒိထက္ပိုၿပီးႀကီးမားတဲ့ လုပ္ငန္းတာ၀န္ေတြ ေပးနိုင္ရင္ေတာ့ ေပးလိုက္ဖို့လည္းလိုအပ္ပါတယ္။ ကိုယ္က ဒါေတြပဲ ထပ္ခါထပ္ခါခိုင္းေနရယုံနဲ႔ သူ႔ဆီက ပိုမိုတိုးတတ္ေကာင္းမြန္တဲ့ အရည္အခ်င္းေတြ ေမၽွာ္လင့္လို့မရပါဘူး ။

ေနာက္ဆုံးအေနနဲ႔ တင္ျပခ်င္တာက ၀န္ထမ္းေတြကို အမွားအယြင္းေတြျဖစ္မွာေၾကာက္ေနတဲ့ လုပ္ငန္းအမ်ားစုက  ေအာင္ျမင္ဖို့အလားအလာ နည္းပါတယ္။ မွားတယ္ဆိုတာက အမွန္ကိုမေရာက္ေသးခင္ အခ်ိန္ကာလပါ ၊ ဒါကိုျဖတ္ေက်ာ္ၿပီးမွသာ မွန္ကန္တဲ့ အေၾကာင္းအရာေတြကို ေရာက္ရွိမွာျဖစ္တာေၾကာင့္ ၀န္ထမ္းေတြကို မွားခြင့္ျပဳလိုက္ဖို့လိုပါတယ္။

ထိန္လင္းေက်ာ္(HR)

(Unicode)

သင်အလုပ်မှာ မှားခဲ့ဖူးလား ?

▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Htain Lin Kyaw (HR)

စာဖတ်သူတို့ အမှားဆိုတဲ့ အရာနဲ့ ကင်းကွာကြမှာ မဟုတ်ကြပါဘူး ။ လူဆိုတာ အမှားနဲ့မကင်းကြတာကြောင့် ငယ်ငယ်ကတည်းက သုံးခဲ့တဲ့ ခဲတံမှာတောင် နောက်ပိတ်ကလေးက ခဲဖျက်ကလေး ပါလာသေးတာပေါ့ ။

ဒီတော့ လူတိုင်းမှားဖူးမယ်၊ အမှားအယွင်းတွေက တဆင့် ပြသာနာတွေကို ကြုံတွေ့ရသလို ၊ သင်ခန်းစာရ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေ အများကြီးပါ။ ဆိုချင်တာက မှားတာက ပြသာနာမဟုတ် မပြင်တာက ပြသာနာပါ။ အက်ဒီဆင် က တီထွင်ဆန်းသစ်မှုတွေက မအောင်မြင်တဲ့ မှားယွင်မှုတွေဆီကနေ  လာတာလို့ဆိုပါတယ်။

မိတ်ဆွေ သင်ကော ဘယ်နှစ်ခါ မှားဖူးပြီလဲ ?

အိုင်းစတိုင်းက ပြောဖူးပါတယ် 👇🏻👇🏻

အမှားမလုပ်ဘူးတဲ့သူဆိုတာ ၊ ဘာမှ မလုပ်တဲ့သူပါတဲ့ ။

ဒီတော့ မှားတာ ကောင်းလားဆိုတော့ လွယ်လွယ်ပြောရင် ကောင်းပါတယ်လို့ ဆိုရမှာပါ။ အလုပ်ထဲမှာ ၊အိမ်မှာ ၊ ဆက်ဆံရေး ပတ်ဝန်းကျင် မှာ အမှားလုပ်မိကြမှာပါပဲ။

သူတို့တွေကို မှားခွင့်ပြုလိုက်ပါ။ အမှား နှစ်မျိုးရှိပါတယ် ဘာလဲဆိုတော့ 🤔🤔🤔

🔹ကုစားလို့မရတဲ့ အမှားနဲ့
🔹ကုစားလို့ရတဲ့ အမှားလို့ ဆိုပါတယ်။

ဒါက ဥပဒေ သဘော သဘာဝ ပိုဆန်ပါတယ်။ ဆိုလိုတာက ဒီနှစ်ပိုင်းကို သိအောင် ဆောင်ရွက်ထားနိုင်ရင် မှားခွင့်ပြုလိုက်ပါ။

လုပ်ငန်းခွင်ထဲမှာ အမှားတွေကို ကျွန်တော်တို့ ဘာကြောင့်လက်ခံသင့်တာလဲ ဆိုတော့ ဒီအပေါ်ကနေ ရနိုင်တာတွေရှိလို့ပါ။ ဘာတွေလဲဆိုတော့

ကောင်းမွန်တဲ့ အတွေ့အကြုံ ✔️

ဘာမှ မလုပ်ဖူးရင် တော့ ဘာအတွေ့အကြုံမှ မရနိုင်ပါဘူး၊ အလုပ်ဆိုတာလည်း လုပ်ရင်မှားမှာပါပဲ ။ ဒီနှစ်ခုကြားမှာ ရလာနိုင်တဲ့ အတွေ့အကြုံ ကို ဝယ်ယူလို့မရနိုင်ပါဘူး ။ ဘာမှ မလုပ်နိုင်ပဲ နှစ်တွေသာ ကြာသွားတယ် ၊ အရည်အချင်းတက်မလာဘူးဆိုရင်  မိတ်ဆွေ သင်မှား မှာကြောက်လာလို့ ပဲ ဖြစ်မှာပါလို့ ဆိုပါရစေ။

မိမိကိုယ် ကိုယ်ယုံကြည်ချက် ✔️

ယုံကြည်မှုရှိခြင်းကလည်း အလုပ်အတွက် အရေးပါတဲ့ အရာတစ်ခုပါ၊ ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ်မှာ ယုံကြည်စွဲမြဲစွာ လုပ်ကိုင်နိုင်ဖို့လိုပါတယ်။  မှားခဲ့ဖူးတဲ့ အလုပ်တွေမှာ ဒါလုပ်ရင် မှားနိုင်တဲ့ဆိုတဲ့ ပျော့ကွက်ဟာကွက် တွေကို သင်ကြိုတင် သိရှိနိုင်တာဖြစ်တဲ့ အတွက် ဒီအပိုင်းကို ရှောင်ဖယ် ဆောင်ရွက်နိုင်မှာပါ။ ကိုယ့် ယုံကြည်မှုဟာ လုပ်ငန်းအတွက် အားဆေးဖြစ်ပါတယ်။

တာဝန်ခံလိုတဲ့စိတ် ✔️

ဒီအချက်ကို မရှိသေးရင် ရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ မှားတယ် ၊မှားပါစေ .. ကုစားလို့မရတဲ့အမှား မဖြစ်အောင်သာ ဆောင်ရွက်ထိန်းကျောင်းပေးနိုင်ဖို့လိုပါတယ်။ ဒါပေမဲ့ တာဝန်ခံလိုတဲ့စိတ်ကလေး ထည့်ပေးနိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါက တည်ဆောက်မွေးမြုရမယ့် အချက်ပါ။

 ဒီအချက်တွေက အမှားအယွင်းတွေဆီကနေ ရလာနိုင်တဲ့ အခြေအနေတွေပါပဲ။  ဒါပေမဲ့ အမှားအယွင်းဆိုတာ အမြဲရှိနေလို့ကောင်းတဲ့ အရာမဟုတ်လို့ ခဏတာ အမှား မခံနိုင်တဲ့ အခြေအနေတွေရှိနေတယ်ဆိုတာလည်း သတိပြုမိစေချင်ပါတယ်။ ကျွမ်းကျင်မှုမရှိသေးခင် မှားတဲ့ အမှားက အလေ့အကျင့်မရှိသေးတဲ့ ဖြစ်တဲ့ အမှားပါ။

ကျွမ်းကျင်သူ အနေအထားမှာ မမှားသင့်တဲ့ အမှားမျိုးကတော့ ပေါ့ဆမှုလို့ ဆိုလိုရပါတယ်။ လူတွေက ဒီအမှားအယွင်းကို လက်မခံကြပါဘူး ။ လုပ်ငန်းခွင်ထဲက မှားယွင်းမှုတွေက ရှိနေဦးမှာပါ၊ ပြင်ဆင်ပေးနိုင်အောင် စီမံခန့်ခွဲသူတွေ အနေနဲ့ မှားခွင့်ပေးသင့်ပါတယ်။

 လတ်တလော တွေ့ကြုံနေရတာက မှားမှာကြောက်လို့ မလုပ်ရဲ ၊မခိုင်းရဲ ဖြစ်နေတာတွေကြောင့် အလုပ်ကြန့်ကြာနေရတာတွေက များပါတယ်။ ဒီတော့ မလုပ်လို့မတက် ၊မတက်တော့ မလုပ်နဲ့ ယောင်လည်လည်ဖြစ်နေရင်း အဖွဲ့အစည်းရဲ့ အားနည်းချက်ကြီးအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။

ဆက်ပြီးတော့ မမှားအောင် ဘယ်လို လုပ်သင့်သလဲဆိုတာကိုလည်း ခေါင်းစဉ်နဲ့ တစ်ဆက်တည်းမို့ တင်ပြပါရစေဦး ။ မှားခွင့်ပြုတာတော့ ဟုတ်ပါပြီ  ၊ ခဏခဏမှားနေရင် မဖြစ်ချေသေးဘူးဆိုတော့ ကိုယ့်ဝန်ထမ်းတွေအပေါ် စီမံအုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ဘယ်လိုစီမံခန့်ခွဲသင့်တဲ့ဆိုတဲ့ အပိုင်းပါ။

🔹Pre guide line  

ဒါကအရေးကြီးပါတယ် ၊ ဘာလုပ်ရမလဲဆိုတာကို သေချာစွာမသိပဲလုပ်လို့ဖြစ်လာတဲ့အမှားတွေက များပါတယ်။ ဒီတော့ ကိုယ်တာဝန်ပေးတော့မယ် အလုပ်တစ်ခုအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သူသေချာသိရဲ့လား၊ သေချာကော နားလည်ရဲ့လား ဆိုတာသေချာသိစေဖို့လိုပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတွေမှာဖြစ်နေတာက သေချာစွာနားလည်းမှန်း မသိ၊ ရှင်းပြတော့လည်း ပြီးပြီရော၊ ဝန်ထမ်းကလည်း ပြန်မမေးရဲ ၊ ဒီတော့ တာဝန်တစ်ခုကို နားလည်သလိုလုပ်မိတယ်။ ပြသာနာဖြစ်တော့ နောက်ဆုံး ဆုံးရှံးတာက အဖွဲ့အစည်းပါပဲ ။ လုပ်ဆောင်ချက်တွေအတွက် သေချာစွာ နားလည်အောင် ရှင်းပြဖို့လိုပါတယ်။

🔹Re -Watch

 ကိုယ်က အဖွဲ့အစည်းအတွက် တာဝန်တစ်ခုခုပေးပြီးပြီဆိုရင် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သူတတကယ်ကော လုပ်ဆောင်ချက်တွေက မှန်နေရဲ့လား ဆိုတာပါ၊ ဒီနေရာမှာ နည်းနည်း ရောထွေး တက်တာက စောင့်ကြည့်ထိန်းကျောင်းတာနဲ့ ဝင်ရောက်ခြယ်လှယ်တာမျိုးကို ကွဲပြားစေဖို့လိုပါတယ်။ သူကို ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ပါစေ၊ ကြီးမားတဲ့ အမှားအယွင်းမျိုး မဖြစ်စေဘူးဆိုရင် အတတ်နိုင်ဆုံး   ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်စေနိုင်ဖို့လိုပါတယ်။ဒါက စောင့်ကြည့်ထိန်းကျောင်း ရတဲ့ အပိုင်းပါ။

🔹Recognition & Job Enlargement

အတိုချုပ်ပြောရရင် ဒါက စိတ်တွန်းအား တစ်ရပ်လို့ဆိုလို့ရပါတယ်၊ ဖြစ်နေတာက ဒီအပိုင်းမှာ ပြသာနာတွေ တက်နေတာပါ။ တကယ်တမ်း ကိုယ်က စောင့်ကြည့် ထိန်းကျောင်းခဲ့တာ မှန်ပေမဲ့ သူ့အတွက် စိတ်တွန်းအားတစ်ရပ်ကို ဖြစ်စေဖို့ပါ။ ထက်ပြီးတော့ ဒိထက်ပိုပြီးကြီးမားတဲ့ လုပ်ငန်းတာဝန်တွေ ပေးနိုင်ရင်တော့ ပေးလိုက်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ်က ဒါတွေပဲ ထပ်ခါထပ်ခါခိုင်းနေရယုံနဲ့ သူ့ဆီက ပိုမိုတိုးတတ်ကောင်းမွန်တဲ့ အရည်အချင်းတွေ မျှော်လင့်လို့မရပါဘူး ။

နောက်ဆုံးအနေနဲ့ တင်ပြချင်တာက ဝန်ထမ်းတွေကို အမှားအယွင်းတွေဖြစ်မှာကြောက်နေတဲ့ လုပ်ငန်းအများစုက  အောင်မြင်ဖို့အလားအလာ နည်းပါတယ်။ မှားတယ်ဆိုတာက အမှန်ကိုမရောက်သေးခင် အချိန်ကာလပါ ၊ ဒါကိုဖြတ်ကျော်ပြီးမှသာ မှန်ကန်တဲ့ အကြောင်းအရာတွေကို ရောက်ရှိမှာဖြစ်တာကြောင့် ဝန်ထမ်းတွေကို မှားခွင့်ပြုလိုက်ဖို့လိုပါတယ်။

ထိန်လင်းကျော်(HR)